အပိုင်း (၂၈၇) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ကို သူ့တောင်ပံတွေအောက်မှာ ကာကွယ်ထ

734 74 0
                                    

အပိုင်း (၂၈၇) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ကို သူ့တောင်ပံတွေအောက်မှာ ကာကွယ်ထားတယ်

တစ်မိနစ်ပင် မရှိသေးချေ။

ကွေးကွေးအတွက်ကစားပေးမည့် နောက်ပွဲအတွက် အဆင်သင့်ဖြစ်နေသည့် လင်ရှောင်ထုန်သည် တစ်စက္ကန့်အတွင်း ထုတ်ပယ်ခံလိုက်ရလေသည်။

ကာလီမိန်းကလေးများအားလုံးသာမက Supremeအသင်းသားများလည်း ရှော့ခ်ရကုန်ကြသည်။

နောက်ဆုံးတွင် ဤလက်အမြန်နှုန်းများ ကမ္ဘာပေါ်တွင် အထူးခြားဆုံးဖြစ်လေတော့သည်။

လင်းရှောင်ထုန်သည် သူမ၏ရှေ့က မျက်စိကျိန်းလောက်သည့်အလင်းများပြည့်နေသော ဖန်းသာပြင်ကို မျက်နှာမူထားသည်။

နောက်ဆုံး ငွေရောင်အလင်းတန်း မှိန်သွားသည်နှင့် သူမ၏ဇာတ်ကောင်သည် မြေပေါ်သို့ လဲကျသွားပြီး သေဆုံးသွားတော့သည်။

လင်ရှောင်ထုန်သည် သည်ရလဒ်ကို ဘယ်လိုဖြေရှင်းရမည်မသိ ဖြစ်သွားလေသည်။ သူမသည် လက်ထဲက မောက်စ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ညစ်ပစ်ချင်နေတော့သည်။

ကာလီမိန်းကလေးများသည် ဂိမ်းမာများ၏အသဲထဲတွင် နတ်ဘုရားမလေးများဖြစ်၏။

ဒီလို အရှက်ကွဲတာမျိုးကို ဖြေရှင်းဖို့ ဘယ်လိုလုပ် သင်ထားမိမှာလဲ။

ဖူကျို့သည် သူမ၏ရက်ရက်စက်စက်သတ်ဖြတ်မှုအပြီးတွင် အပြုံးလေးတစ်ခုနှင့် စာလုံးအချို့ကို ရိုက်လိုက်လေသည်။

အဲဒီစာသားလေးက....

ကာလီမိန်းကလေးတွေအားလုံးကို ဆွံ့အသွားစေတော့တယ်....

“သင်ကြားပေးလို့ကျေးဇူးပါနော်” တဲ့။

မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာပဲ။

နောက်ဆုံးတော့ သူတို့တွေကပဲ ဖူကျို့ကို အစကနေပြန်သင်ပေးဖို့ တောင်းဆိုရတော့မယ်လေ....

ဒါပေမဲ့....

ဒီလိုအဖြေမျိုးရလာလိမ့်မယ်လို့ ကာလီမိန်းကလေးတွေက ဘယ်မျှော်လင့်ထားပါ့မလဲ။

ဖူကျို့၏ အဖန်တလဲလဲ နှိပ်စက်ခံလိုက်ရသော ကွေးကွေးသည် သူမမျက်လုံးများကိုပင် အာရုံမစိုက်နိုင် ဖြစ်သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Wo Geschichten leben. Entdecke jetzt