အပိုင်း (၃၁၀) ချင်မော့ကို တစ်ညတာ ဝယ်ယူခြင်း

597 44 1
                                    

အပိုင်း (၃၁၀) ချင်မော့ကို တစ်ညတာ ဝယ်ယူခြင်း

မကြာခဏဆိုသလို သူမသည် သီးသန့်ကစားပွဲတွင်ထိုင်ပြီး သူမကို ဖမ်းချင်သူများ သူမဘေး ဖြတ်သွားသည်ကိုကြည့်ရင်း ဝံပုလွေဂိမ်းကစားတတ်သည်။

ထိုခံစားချက်သည် စိတ်လှုပ်ရှားစရာကောင်းကာ ပျော်စရာကောင်းလေသည်။

သူမသည် ပြီးပြည့်စုံသောရုပ်ဖျက်ခြင်းရရှိရန် ပတ်ဝန်းကျင်နှင့် ရောနှောနေရန်လိုအပ်သည်။ ထိုအရာသည် ဟက်ကာတစ်ယောက်အတွက် သူမ၏အခြေခံစည်းမျဥ်းများထဲမှ တစ်ခုဖြစ်သည်။

အမှန်တွင် ဖူကျို့သည် ဒီတစ်သက်သာတွင် နိုက်ကလပ်ကို သဘောကျသောစိတ်ကဲ့သို့ သူမနှင့် ထပ်တူကျသည့်အရာများကို မျှဝေရာတွင် အလွန်နည်းပါးလေသည်။

သို့သော် သခင်ကျို့လွဲနေသည်မှာ အရင်ဖူကျို့သည် နိုက်ကလပ်သွားပြီး ကောင်ချောလေးများကို သွားကြည့်ခြင်းဖြစ်လေသည်။

စင်စစ်တွင် လူအများစုသည် နိုက်ကလပ်သို့သွားပြီး ချောမောသော ကောင်လေး၊ ကောင်မလေးများကို ရွေးချယ်ကာ အတူတူ ကကြသည်။

သူမတစ်ယောက်သာလျှင် ဝံပုလွေဂိမ်းကဲ့သို့ ဉာဏ်သုံးရသည့်ကတ်ဂိမ်းကို ကစားရန် နိုက်ကလပ်သို့သွားလေသည်။

သို့သော် ထိုအရာအားလုံးသည် ဖူကျို့ နိုက်ကလပ်ကို တဖန်သွားလိုက်ခြင်းမှ ရလာသည့် စိတ်ကျေနပ်မှုကို မထိခိုက်ချေ။

သူမသည် ကြီးမြတ်လှသည့်သခင်လေးနှင့် တစ်ခန်းထဲတွင် ဆက်နေနေလျှင် သူမ၏သရုပ်မှန် အလွယ်တကူ ပေါ်သွားလောက်သည်။

ထို့အပြင် ဝံပုလွေဂိမ်းကစားရသည်က ပျော်စရာကောင်းသည်။

ဖူကျို့သည် အမှောင်ထဲတွင် နေရာယူလိုက်သည်။

သူမသည် သည်လိုပတ်ဝန်းကျင်ကို ဝင်လာသည်နှင့် သူမ၏မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး သူမပြုံးလိုက်သောအခါ ရှိသမျှအလင်းရောင်များသည် သူမ၏မျက်လုံးများသို့ လာစုနေသည်ဟု ထင်ရလေသည်။

သူမ၏ဘယ်ဖက်နားမှ အနက်ရောင်နားကပ်သည် သူမ၏လယ်သာဂျာကင်နှင့် တစ်ရောင်ထဲဖြစ်နေပြီး သူမ၏အဝတ်အစားမှာ အလွန်ခေတ်မှီဆန်းပြားသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Hikayelerin yaşadığı yer. Şimdi keşfedin