အပိုင်း (၃၈၆) နှစ်ယောက်သား ချောမောလိုက်တာ

278 41 0
                                    

အပိုင်း (၃၈၆) နှစ်ယောက်သား ချောမောလိုက်တာ

ဘာလို့လဲ။

သူ့ကို ဘာလို့ ချက်ချင်းမသ-တ်တာလဲ။

ကောင်လေး လေးယောက်လုံးသည် လုံးဝစိတ်လွတ်သွားတော့သည်။

သူ ရန်သူကို မသ-တ်ရင် သေသွားတဲ့သူတွေ ပြန်ရှင်လာတော့မယ်လေ။

သောက်ကျိုးနဲ ဒီကိုလူချောက ဘာတွေစဥ်းစားနေတာလဲ။

ကောင်လေးသည် ချင်မော့ကို ကြည့်လိုက်ရာ သူ့စိတ်အခြေအနေ ပြောင်းလဲသွားခြင်း လုံးဝမရှိသည်ကို ခံစားမိသွားတော့သည်။

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေး လုပ်နေသည့်အရာကို ရှင်းရှင်းလင်းလင်း သိထား၏။

သူသည် သူမအတွက် ရပ်တည်ပေးနေခြင်းပင်။

စင်စစ် ရန်သူသည် စန်းညန်၏သားဖြစ်၏။

ထိုအကြောင်းကို တွေးမိသွားပြီး ဖူကျို့သည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆောင်လျက် ဖူရှီမင်ကို တစ်ကြိမ်လျှင် တစ်ချက် တိုက်ခိုက်လိုက်လေသည်။

အစပိုင်းတွင် ဖူရှီမင်သည် ရန်သူက ကောင်းကောင်း မကစားတတ်သဖြင့် သူ့ကို မသတ်နိုင်ဘူးဟု တွေးလိုက်၏။

သို့သော် သူသည် သွေးပြန်ပြည့်လာပြီး ပြေးရန်ကြိုးစားလိုက်သောအခါ ရေခဲ spellနောက်တစ်ခု ထပ်ကျလာပြီး သူ့ကို အေးခဲသွားစေကာ လှုပ်ရှားလို့မရတော့ပေ။

“သေစမ်းကွာ”

ဖူရှီမင်သည် လေသံတိုးကာ ဆဲရေးလိုက်၏။

ဖူကျို့သည် အပေါ်ကိုခုန်တက်ကာ သူ့ကို ခွစီးလိုက်ပြီး ဓားတိုတစ်ချောင်းဖြင့် ဖြည်းဖြည်းချင်းစီ ထိုးနေတော့သည်။

ဖူရှီမင်ဘေးတွင် ထိုင်နေသည့် လူနှစ်ယောက်မှာ မအ,ပေ။

“ ဒီလူက အခု ဒီလို လုပ်နေတာ မဟုတ်ဘူး၊ သူက အားအပြည့်နဲ့ ဟန်ပြနေတာ အသိသာကြီး”

ဖူရှီမင်သည် တတိယအကြိမ် အေးခဲသွားချိန်၌ ဖြူဆွတ်သွားတော့သည်။

အားလုံး နားလည်သွားတော့သည်။

ဒါ.. ဒါ ရန်သူက တမင်ကို လုပ်နေတာလား။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now