အပိုင်း (၃၀၂) ချင်မော့က အနမ်းတစ်ခုကို တကယ်ပဲလိုချင်တယ်

743 57 0
                                    

အပိုင်း (၃၀၂)  ချင်မော့က အနမ်းတစ်ခုကို တကယ်ပဲလိုချင်တယ်

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်လွန်း၍ ဖြစ်ပေလိမ့်မည်။

ဖူကျို့သည် ဒါက ရင်းနှီးသည့်အနေအထား မဟုတ်မှန်း ချက်ချင်း ခံစားမိလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်အန္တရာယ်များလှပေသည်။

အထူးသဖြင့် ထိုလူက စကားပြောလိုက်သောအခါ သူရှူထုတ်လိုက်သောလေသည် သူမ၏နှုတ်ခမ်းများကို လာရိုက်နေသည်က ကြီးမြတ်လှသည့်သခင်လေး အတည်ပြောနေသည်ကို သက်သေပြလို့နေပေသည်။

ကံအားလျော်စွာ သူသည် စိတ်မဆိုးနေပေ။

ပြောလိုက်ပြီးသည်နှင့် သူ့လက်ကို သူမ၏ခေါင်းမှ ခွာလိုက်လေသည်။

ချင်မော့၏ ချောမွေ့ပြီးလှပသောမျက်နှာသည် နန်းဆန်ကာ ခံ့ညားနေပြီး သူ့မျက်လုံးများမှာ ထူးဆန်းစွာ စူးရဲနေတော့သည်။

သို့သော် သူတို့နှစ်ယောက်သည် အလွန်နီးကပ်စွာ စကားပြောနေသည့်အပြင် ရှုထောင့်အရ သူတို့၏မျက်နှာကို တစ်စိတ်တစ်ပိုင်း ကွယ်ထားရာ ကြည့်နေသူ၏အမြင်တွင် သူတို့သည် မလုပ်သင့်အရာကို လုပ်လိုက်သည်နှင့်တူနေတော့သည်။

“ကူကြပါအုံး ကယ်ကြပါအုံး ငါ နှာခေါင်းသွေး ယိုတော့မယ်”

ညစ်ညမ်းသော အတွေးများနှင့် မိန်းကလေးများသည် မည်သည့်နေရာမှလာသည်ဖြစ်စေ တစ်ပုံစံထဲ ပြုမူကြလေသည်။

ဖူကျို့သည် ရပ်လိုက်ပြီး အပြုံးဖျော့လေးတစ်ခုနှင့် ဘေးဖက်ကို ကြည့်လိုက်သည်။ သူမသည် လုံးဝနောင်တရနေသည့် လေသံဖြင့် ပြောလိုက်လေသည်။

“ ဘာမှမဖြစ်ခဲ့ဘူး၊ ဒီတော့ နှာခေါင်းသွေး ယိုစရာမလိုဘူးနော်”

မိန်းကလေးတွေက ဒါကို တကယ်ယုံကြရဲ့လား။

သေချာပေါက်မယုံကြလေဘူး။

“သူ ရှက်နေတာ၊ အခု သူ ရှက်နေလောက်ပြီ”

“သူရှက်နေရင် ပိုချောတယ်နော်၊ သူလိမ်တဲ့အခါဆိုရင်လဲ ပန်းဆီရောင်သန်းသွားသေးတယ်၊ သူက အောက်ဖက်ကလူပဲ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now