အပိုင်း (၂၄၅) ဖူကျို့နှင့် ချင်မော့ကို ခွဲပစ်ကြခြင်း

962 85 0
                                    

အပိုင်း (၂၄၅) ဖူကျို့နှင့် ချင်မော့ကို ခွဲပစ်ကြခြင်း

ဖုန်းရှန်၏စကားကို ကြားလိုက်ကြပြီးနောက်တွင် အသင်းသားများအားလုံး တုန်လှုပ်သွားကြတော့သည်။

အထူးသဖြင့် လင်းဖုန်းပင်။ သူသည် အလင်းရသွားသော မျက်နှာထားနှင့် ဖုန်းရှန်ကို ကြည့်ပြီးပြောလိုက်လေသည်။

“ မင်း မှန်တယ် ငါ့အစ်ကိုကြီး”

ဖုန်းရီသည် သူ့ညီလေးကို ဆွဲထုတ်သွားတော့သည်။ သူသည် သူ့ညီကို မရိုးမသား သင်ပေးလိုက်လေသည်။

“မင်း ဘယ်လိုအတွေးနဲ့ ပြောလိုက်တာလဲ၊ Spade Zက သခင်လေးချင်ကို လိုက်နေတယ်ဆိုတာ တစ်ချက်ကြည့်လိုက်တာ သိနိုင်တဲ့ဟာကို၊ အဲလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဘယ်တော့မှမပြောနဲ့ ကြာလား၊ အထူးသဖြင့် သောက်ထားပြီရင် သခင်လေးချင်ရှေ့မှာ ဒီအကြောင်းကို ယောင်လို့တောင် မပြောမိစေနဲ့”

သခင်လေးချင်က သဘောထားကြီးတဲ့သူမဟုတ်ဘူး ပြီးတော့ သူ့နည်းလမ်းတွေက ရက်စက်တယ်။

နောက်ကျရင် သူ့ညီလေး ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး။

ဖုန်းရှန်သည် စကားထစ်ထစ်ဖြင့် မျက်နှာထား အတော်တင်းထားကာ ပြောလိုက်လေသည်။

“ဒါ-ဒါ-ဒါဆို ကျွန်တော့် အိုင်ဒေါကို ဆွဲထုတ်သွားတာ ကြီးမြတ်တဲ့သခင်လေးချင် မဟုတ်ဘူးလို့ အစ်ကိုက ပြောချင်တာလား ၊ သူ- သူ-သူ- သူလုပ်ခဲ့တာ သိသိကြီးနဲ့ကို”

“သူအဲလိုဆွဲထုတ်သွားတာက ခေါင်းဆောင် တစ်ယောက်နေနဲ့ သူ့ကို ပညာပေးချင်လို့ ဖြစ်မှာပေါ့”

လင်းဖုန်းသည် သူ့မှန်းဆချက် မှန်ကန်သည်ဟု တစ်ထစ်ချ ယုံကြည်နေတော့သည်။

“နောက်ပိုင်းကျရင် ခေါင်းဆောင်က Spadeလေးကို ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုပြီး စည်းကမ်းတွေ ထပ်တင်းကျပ်တော့မှာပဲ၊ သူက ဒီလောက် ချောမောတဲ့ လူငယ်လေး ဒါနဲ့များ သူက ဘာလို့ ယောကျ်ားလေးတွေကို စိတ်ဝင်စားမှာတဲ့လဲ၊ ပြီးတော့ ခေါင်းဆောင်ကလဲ ရွေးစရာအများကြီးထဲမှာမှ ဘာလို့လဲ၊ ဟင်းးးးး ဒါက သေလမ်းကို ရှာတာနဲ့ တူတူပဲ၊ ခေါင်းဆောင်က ဂေးတွေကို ဘယ်လောက်တောင် မုန်းသလဲဆိုတာ မင်းတို့သိကြရဲ့လား၊ သူက ကျားမ ဦးစားပေး ဆက်ဆံရေးကို လေးစားတယ် ဆိုတောင်မှ သူကိုယ်တိုင်တော့ အဲလို မလုပ်ဘူး၊ သူ့ဆီမှာတော့ ဒီလိုကိစ္စကို သည်းခံမှာ မဟုတ်ဘူး၊ ခေါင်းဆောင်က သိပ်ပြတ်သားတာ.... Spadeလေးကတော့ ဒီတစ်ခါ ကွိုင်တက်ပြီ၊ ရိုးရိုးအနမ်းလေးတစ်ခုကြောင့် သူ ရက်ရက်စက်စက် အရိုက်ခံလိုက်ရနိုင်တယ်၊ ဒါပေမဲ့ ရှန်လေး မစိုးရိမ်နဲ့၊ ငါကလေ Spadeလေးကို တကယ် သဘောကျတာပါ၊ ဒါကြောင့် ခေါင်းဆောင်က သူ့ကို သေတဲ့အထိပညာ ပေးတာကို ငါ ကြည့်နေမှာ မဟုတ်ပါဘူး၊ Spadeလေးက သူ့ဟာသူ နည်းနည်းလေးပဲ ထိန်းချုပ်နိုင်ရင်တောင် ခေါင်းဆောင်က နည်းနည်းလေး ပိုပြီး သည်းခံပေးလိမ့်မယ်၊ နောက်ဆုံးတော့ နိုင်ငံလက်ရွေးစင် အားကစားပြိုင်ပွဲလဲ ရောက်လာတော့မှာဆိုတော့ Supremeအသင်းက သူ့ကို လိုသေးတယ်လေ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now