အပိုင်း (၂၀၄) ကြည့်ကောင်းတဲ့စုံတွဲ

916 83 1
                                    

အပိုင်း (၂၀၄)  ကြည့်ကောင်းတဲ့စုံတွဲ

ချင်မော့သည် မြင့်မားသည့် ခပ်မတ်မတ် ကျောက်စိမ်းရုပ်တုတစ်ခုပမာ ရပ်လိုက်သည်။ သူသည် ကောင်လေးက သူ့ဘေးလာပြီး နားထဲမှာ အီစီကလီလာလုပ်နေသည်ကို ခွင့်ပြုထားသော်လည်း သူ၏စျေးကြီးလှသော ဝတ်စုံတို့ကြောင့်လဲ ဂုဏ်သိက္ခာအပြည့်နှင့် သူသည် ခန့်ညားနေတော့သည်။

အပြင်ဘက်တွင် ရပ်နေသောကောင်မလေးနှစ်ယောက်မှာ ရှက်သွားလေသည်။ သူတို့သည် ထိုသူနှစ်ယောက် အချင်းချင်း လက်ချင်းချိတ်ထားသည့်ပုံကို ဓာတ်ပုံရိုက်ထားချင်နေလေသည်။

အထူးသဖြင့် ထိုကောင်လေးက ခြေဖျားထောက်ရပ်လိုက်ပြီး “သူ” ထိုလူကြီးရဲ့နားရွက်နားမှာ ပေါ့ပေါ့ပါးပါး ရယ်လိုက်တဲ့ပုံစံကြောင့် နေရာအနှံ့မှာ ပန်းရောင်ပူဖောင်းလေးတွေ ပေါ်လာသလိုနှယ်။ သူက အရမ်းချောမောနေတော့ လူတွေရဲ့နှလုံးခုန်သံကို တောင်မြန်သွားစေတယ်

သူတို့၏ ဖုန်းကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် တဖက်လူသည် ရုတ်တရက် လှုပ်ရှားလိုက်လေသည်။ သူသည် ကောင်လေး၏ခါးကို ချက်ချင်းလိမ်လိုက်ပြီး သူ့ကို အဝတ်ခန်းလဲနံရံဘက်ကို ဖိထားလိုက်တော့သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို ညွှတ်လိုက်ရာ သူ့ခါးလိုင်းသည် လှပသောအခုံးလေးတစ်ခု ဖြစ်သွားလေသည်။ ထိုနောက် အသံနိမ့်ကာ ခပ်ဩဩအသံဖြင့် ပြောလိုက်လေသည်။

“ အထဲဝင် မင်းဘောင်းဘီတွေကိုချွတ်လိုက် ပြီးရင် ဒီအစ်ကိုကြီးက မင်းအတွက်တိုင်းပေးမယ်”

သူမမှာ ဒီအတိုင်း ရှိမှမရှိတာကို ဘယ်လိုတိုင်းလို့ရမှာလဲလို့။

ဖူကျို့က ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်တယ်။ ကြီးမြတ်တဲ့သခင်လေးချင် ဒီနေ့မူးနေတာကို အီစီကလီ မလုပ်သင့်တာ သူမ ဘယ်လိုများမေ့သွားရတာလဲ။

“ အစ်ကိုမော့ ငါလေးမှားတာပါ”

အရင်နောက်ဆုတ်ရမဲ့အချိန်ပဲ။

“ ငါလေး နင့်ရဲ့နားထဲ လေမမှုတ်လိုက်သင့်ဘူး”

ချင်မော့သည် မျက်ခုံးများကိုပင့်ကာ ကောင်လေး၏ ပျာယာခတ်သွားသောမျက်နှာကို ကြည့်လိုက်ပြီး နောက်ဆုံး သူ့လက်ကို ဖြေလျှော့လိုက်လေသည်။ သူ့အသံမှာ ဂရုမစိုက်သောလေသံဖြင့် စိတ်လျှော့ပြီး ပြောလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now