အပိုင်း (၂၀၀) အထက်စီးနဲ့သခင်လေးချင်

2.5K 110 1
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၂၀၀) အထက်စီးနဲ့သခင်လေးချင်

ချင်မော့သည် ပုံမှန်အမူအရာဖြင့် သားရေကုလားထိုင်တွင် ရိုးရှင်းစွာထိုင်နေသော်လည်း သူပြောလိုက်သော စကားတို့မှာ သူတို့၏နှလုံးသားကို တည့်ထိသွားလေသည်။

ကျောင်းအာဏာပိုင်များသည် လက်များ တုန်ရီလျက် ကျန်ခဲ့လေသည်။

ထိုနေ့မှစ၍ လိမ္မာသောကျောင်းသား ဆိုးသောကျောင်းသား ဟူ၍ခွဲခြားမှုမရှိဘဲ ကျောင်းအာဏာပိုင်မျာသည် ကျောင်းသားများကို ညီတူညီမျှ ဆက်ဆံကြပြီး လုပ်သင့်သည်များကို အလေးပေး လုပ်ဆောင်ကြတော့သည်။ ဆရာတစ်ယောက်ယောက်က သူတို့ကိုအထင်သေးစွဦဆက်ဆံခဲ့လျှင် ချက်ချင်း အလုပ်ထုတ်ပစ်တော့သည်။ စာသင်ခန်းအတွင်းတွင်တော့ အသိတရား မရသေးသော ကျောင်းသားအချို့သည် ကျောင်းဆင်းသွားနှင့်ကြသည်။

ရွှယ်ယောင်ယောင် တစ်ယောက်သာ စောင့်လျက်ကျန်ခဲ့သည်။ မင်းသားလေးကျို့၏ ကျောင်းလွယ်အိတ် ကျန်နေသေးရာ သူသည် နောက်ဆုံးတွင် ပြန်လာယူရလိမ့်မည်။

သူမသည် ရူပဗေဒဆရာမက မင်းသားလေးကျို့ကို ခေါ်ထုတ်သွားသည့် အကြောင်းအရင်းကို မသိဖြစ်နေရာ ယခုတွင် စိတ်ပူလာမိတော့သည်။

ဒီတခါ လပတ်စာမေးပွဲမှာ တခုခုမှားနေလို့များလား
သည်လပတ်စာမေးပွဲသည် အလွန်အရေးကြီးကြောင်း e-sport ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်သူတိုင်း သိကြသည်။

ဖူကျို့သာ တခုခုဖြစ်သွားရင် သူတို့အသင်းဘယ်လိုလုပ်မှာလဲ......

မင်းသားလေးကျို့၏ “ ဟယ်မိသားစုကောပ့်”မပါလျှင် ယှဥ်ပြိုင်ရတာ အဓိပ္ပာယ်မရှိတော့ပါ။

ရွှယ်ယောင်ယောင်သည် ထိုအချက်ကို တွေးမိလိုက်သည်နှင့် ဖူကျို့ကိုသွားရှာရန် ထိုင်ခုံမှ ထလိုက်တော့သည်။ သူမသည် ရုံးခန်းကို တစ်ချက် သွားကြည့်ချင်သော်လည်း သူမ တံခါးကို ဖွင့်လိုက်လျှင်ပင် လူငယ်လေး၏ ရှင်းသန့်ချောမောသောမျက်နှာ ကိုတွေ့လိုက်ရသည်။

ရွှယ်ယောင်ယောင်၏ မျက်လုံးများ တောက်ပသွားတော့သည်။

“ မင်းသားလေးကျို့ အဆင်ပြေရဲ့လား၊ ဆရာမ နင့်ကိုခေါ်ထုတ်သွားတာ....”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now