အပိုင်း (၂၁၈) ဖူကျို့ဝင်လာခြင်း

788 88 0
                                    

အပိုင်း (၂၁၈) ဖူကျို့ဝင်လာခြင်း

ချန်ရှောင်တုံးသည်လည် အလွန်အံ့ဩသွားပြီး သူ့မျက်နှာပေါ်တွင် တုန်လှုပ်နေသောအမူအရာမှာ အတိုင်းသား ပေါ်နေလေသည်။

သခင်လေးရှာထားတဲ့သူတွေအားလုံးက..... အားလုံးက ဒီလိုအကောင်းစားတွေချည်းတဲ့လား။

ဖူရှီမင်နှင့် သူ့လူများ အားလုံး မျက်လုံးပြူးသွားကြသည်။

ဒီလောက်ကောင်းတဲ့ပုံရိပ်နဲ့လူက အဲဒီအပျော်တမ်းအသင်းမှာရှိနေလိမ့်မယ်လို့ သူတို့ဘယ်တုန်းမှ မတွေးမိခဲ့တာပဲ။

ဖူရှီမင်၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ဖြည်းညင်းစွာဖြင့် ပြောလိုက်လေသည်။

“ ဒါက ဘာမှမထူးဆန်းပါဘူး။ သူတို့ကြည့်ကောင်းဖို့ ဟယ်ဟုန်ဟွာက ငွေတွေပုံပေးပြီး ငှားထားတာနေမှာ။ ကျန်တဲ့သူတွေကတော့..... ဖူကျို့နဲ့သာ အတူကစားနေရင် သူတို့တွေဘယ်လောက်ကောင်းကစားနိုင်မှာလဲ”

သို့သော်ငြား ဖူရှီမင်စကားအဆုံးတွင် <ဟယ်မိသားစုကော့ပ်>ဘက်တွင် မီးထလင်းလာပြန်သည်။

“မင်းကို စိတ်ချမ်းသာဖွယ်ပါးချခြင်းဆုချမယ်”

သူကတော့ နိုင်ငံအဆင့် ခုနှစ်တွင် ရပ်တည်နေတဲ့ ဂုဏ်သရေ အသင်းခွဲ (ဂ)မှ နာမည်ကြီးကစားသမားတယောက် ဖြစ်ပါတယ်။

တကယ်လို့ မင်းဟာ <သူရဲကောင်း>ဂိမ်းကိုကစားခဲ့ဖူးရင် ဒီIDကို မင်းသိမှာပါ။

ဒီပုဂ္ဂိုလ်ဟာဆိုရင် လက်နက်တန်ဆာအပြည့်တပ်ဆင်ထားရုံသာမက သူက ထိပ်တန်း နတ်ဘုရားအဆင့် ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

ချက်ချင်းလိုပင် စကားသံများသည် ရေတက်လာသလို ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

“မိုက်လှချည်လား၊ ဒီဟယ်မိသားစုကောပ့်က ဘယ်ကလာတာလဲဟ၊ သူတို့အသင်းကစားသမားတွေရဲ့အဆင့်က အံ့ဩစရာပဲ”

“ အံ့ဩစရာတင် ဘယ်ကမလဲ သူတို့တွေ ထိပ်တန်းနတ်ဘုရားအဆင့် ဟီးရိုးတွေကို ရှာထားသလိုပဲ”

“ရိုးရိုးသားသားပြောရရင် ငါ သူတို့ကို ဒီအတိုင်း အပျော်တမ်း အသင်းတစ်ခုလို့ပဲထင်ခဲ့တာ။ သူတို့တွေ အဲလောက် ကောင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now