အပိုင်း (၃၆၅) ဖုန်းထဲမှတစ်ဆင့်ထိန်းချုပ်ခြင်း
ကြီးမြတ်လှတဲ့သခင်လေးဆီက ဖုန်းတဲ့လား။
ဘာလို့ ငါလေးရဲ့ဖုန်းကို မခေါ်တာလဲ။
ဖူကျို့သည် စဥ်းစားလိုက်ပြီးမှ သူမ၏အိတ်ကပ်ကို ထိလိုက်ရာ ဖုန်းက ပိတ်နေသည်ကို သိသွားတော့သည်။
အောက်ထပ်တွင် ဖုန်းကိုင်လိုက်ချိန်တွင် ချန်ရှောင်တုံးနှင့် ဟယ်ဟုန်ဟွာတို့သည် တန်းစီကာ ဘေးချင်းယှဥ်ရပ်နေပြီး ‘ငါတို့တွေ မစပ်စုဘူးနော် ဒီအတိုင်းပဲ ဖြတ်သွားတာ’ ဟူသည့် အရိပ်အရောင်ကို ထုတ်ပြနေလေသည်။ သို့သော် သူတို့သည် စပ်စုနေသည်မှာ သိသာလှ၏။
ဖူကျို့သည် ပြုံးလိုက်ပြီး လက်တစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာ ဖုန်းကို ကောက်ကိုင်လိုက်၏။
“ဟယ်လို အစ်ကိုမော့”
ကြီးမြတ်လှတဲ့သခင်လေးက အပြင်ရောက်နေတာထင်တယ်။ ဖုန်းထဲကနေတောင် နောက်ခံသီချင်းကို တိုးတိုးကြားနေရတယ်။
“ မင်း မျက်စိဆေး မထည့်သေးဘူးလား”
ဖူကျို့သည် ခေတ္တ တုံ့ဆိုင်းသွားတော့သည်။ အကြောင်းမှာ သူမ မေ့သွားသောကြောင့်ပင်။
ချင်မော့သည် သူ့လက်ချောင်းကြားထဲတွင် စီးကရက်ကို ကိုင်ထားဆဲဖြစ်၏။ သူသည် ဖုန်းခေါ်ရန် ဆိုင်အပြင်ဘက်သို့ ထွက်လာပြီး တစ်ဖက်မှ ဘာအသံမှ မကြားရသောကြောင့် မျက်မှောင်ကြုံ့သွားတော့သည်။
တစ်စုံတစ်ယောက်သည် ပြုံးကာ လျှောက်လာ၏။
“ အပြင်မှာ ဖုန်းခေါ်ရလောက်အောင် မင်းနဲ့အရေးတကြီးစကားပြောနေတာ ဘယ်သူလဲ”
သူ့သူငယ်ချင်းအဖွဲ့သည် ဒီနှစ်ပိုင်းတွင် ချင်မော့က တစ်စုံတစ်ယောက်ကို ဖုန်းစခေါ်သည်ကို ဘယ်တုန်းကမှ မမြင်ဖူးကြချေ။ သူတို့အားလုံးသည် အလွန်စိတ်ဝင်တစားဖြစ်ကာ အသေးစိတ်ချင်နေကြတော့သည်။
ချင်မော့သည် သူ့သူငယ်ချင်းကောင်းလေးကို ကြည့်လိုက်ပြီးနောက် သူ မရှိသယောင် သဘောထားကာ ဆက်ပြောလိုက်၏။
ČTEŠ
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်