အပိုင်း ( ၃၇၂) မင်းသားလေးကျို့က ကြီးမြတ်လှတဲ့သခင်လေးကို စကိတ်ဘုတ်တစ်ခုနဲ့ လာကြို

492 59 0
                                    

အပိုင်း ( ၃၇၂) မင်းသားလေးကျို့က ကြီးမြတ်လှတဲ့သခင်လေးကို စကိတ်ဘုတ်တစ်ခုနဲ့ လာကြိုခဲ့တယ်

ကျော့ကျန်းသည် ကိစ္စများကို ရှင်းရှင်းလင်းလင်း သိမြင်လေသည်။ သူသည် ချင်မော့ဆီ လျှောက်သွားလိုက်ကာ ပြောလိုက်၏။

“ စုစုက ရိုးလို့ပါ၊ သူမက တခြားလူပြောတာကို အမြဲယုံတယ်လေ၊ ပြီးတော့... အဲလူတွေကလည်း သူမရဲ့ သူငယ်ချင်းတွေဆိုတော့၊ ဟန်ဖုန်းက နောက်ထပ်မဖြစ်အောင် သူမကို သေချာသတိထားခိုင်းမှာပါ”

“အင်း”

ချင်မော့၏စိတ်သည် ဤနေရာတွင် ရှိမနေတော့ချေ။ သူသည် သိပ်မဝေးလှသည့်နေရာက စကိတ်ဘုတ်ကို ခြေဖြင့် ပင့်တင်နေသည့် ကောင်လေးကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။

ကျော့ကျန်းက ပြုံးလိုက်၏။

“ ကဲ တက္ကစီပဲ ခေါ်လိုက်ရအောင် မင်း...”

ချင်မော့၏အကြည့်နောက် ပါသွားပြီး သူသည် စ,နောက်ကာ ပြောလိုက်လေသည်။

“ ဒီက မင်းသားလေးက ပတ်ဝန်းကျင်အကျိုးပြုတဲ့နည်းလမ်းနဲ့ အိမ်ပြန်လို့ရတာပဲ၊ ပြီးတော့ တစ်ယောက်ယောက်က မင်းကို လာကြိုနေပြီလေ”

“ မင်းလမ်းမင်း သွားစမ်းပါ”

ချင်မော့သည် အနည်းငယ်သဘောကျသွားတော့သည်။ မည်သူမှ လူတစ်ယောက်ကို စကိတ်ဘုတ်ဖြင့် လာကြိုမှာ မဟုတ်တာ အမှန်ပင်ဖြစ်၏။ ဒါသည် ကျော့ကျန်းကို ရယ်မောသွားစေလောက်သည်ကို သူ လက်ခံလိုက်လေသည်။

ပျင်းရိငြီးငွေ့ဖွယ်နေ့တစ်နေ့အပြီးတွင် စိတ်ဝင်စားဖွယ် တစ်စုံတစ်ခု ဖြစ်သွားတော့သည်။ ကျော့ကျန်းသည် နှုတ်ခမ်းများ ကွေးကာ လှည့်လာပြီး ထိုသူနှစ်ယောက်ကို ပြန်ကြည့်လိုက်၏။ တစ်ယောက်မှာ ဘာမှဂရုမစိုက်တတ်ဟန် အေးစက်ပြီး တခြားတစ်ယောက်မှာတော့ အထာကျကာ ချောမောနေတော့သည်။ သူတို့နှစ်ယောက်လုံးသည် အနက်ရောင်သန့်သန့် အနွေးထည်ကို ဝတ်ကာ ရပ်နေကြ၏။ ကောင်လေး၏ ခေါင်းစွပ်အင်္ကျီနှင့် တွဲထားသည့် အဖြူသန့်သန့် အမွှေးပွအဝိုင်းလေးကလွဲလျှင် ချင်မော့သည် ဗြိတိန်စတိုင် လေကာအနွေးထည်ကို ဝတ်ကာ ရပ်နေပုံမှာ နတ်ဆိုးတစ်ကောင်နှင့် တူနေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now