အပိုင်း (၃၈၅) ဝမ်းတွင်းမည်း ကြီးမြတ်လှတဲ့သခင်လေးချင်
ဒါသည် အသ-တ်ခံရသူသာ ခံစားရသည့် တုန်လှုပ်မှုတစ်ခုပင်။
သို့သော် ဖူရှီမင်ကတော့ ဒါသည် သူတို့ တုံးအလွန်း၍သာဖြစ်သည်ဟု ထင်လိုက်၏။
သူတို့ရန်သူက ဘာတွေတော်နေလို့လဲ။
သူတို့ကဖြင့် တာဝါထဲကနေတောင် ထွက်မလာရဲပဲနဲ့များ။
ငကြောက် နှစ်ကောင်ပဲ။
သို့သော် သူ့အတွေးဆုံးသွားသည်နှင့်တစ်ပြိုင်နက် တာဝါအောက်တွင် ရပ်နေသည့် ပုံရိပ်နှစ်ခုသည် အတူတူထွက်လာကြ၏။ သူတို့သည် ယှဥ်ကာ ထွက်လာကြပြီး သူတို့၏အမြန်နှုန်းမှာ အလွန်မြန်ဆန်ရကား ခုခံချိန်ပင် မရလိုက်ပေ။
အသားကင်ဆိုင်ထဲတွင် ဂိမ်းအသံမှလွဲလျှင် ဘာမှမကြားရချေ။
ကောင်လေး၏မျက်နှာအမူအရာသည် အနီးကပ်ရိုက်ချက်အလား ဖော်ပြရန် ခက်ခဲလွန်းလှပေသည်။
ဘယ်လို... ဘယ်လိုလုပ်ပြီး သူတို့ရဲ့အရှိန်က အဲလောက်မြန်တာလဲ။ ပြီးတော့... ဒီလူနှစ်ယောက် ဘာလို့များ အဲလောက် အချင်းချင်း နားလည်နိုင်စွမ်းရှိနေတာလဲ။ သူတို့အတူတူ ပြေးထွက်သွားတုန်းက စကားတစ်ခွန်းတောင် မပြောလိုက်ဘူးမလား။
ပြောင်မြောက်လှသည့် လူငယ်လေး၏ လှုပ်ရှားမှုက ကောင်လေး၏ပါးစပ်ကို မပိတ်တမ်း ဖြစ်နေစေတော့သည်။
ထိုငွေရောင်ပိုးသားဆံပင် အနက်ရောင်နားကပ် နှင့်ကောင်လေးသည် သူ့ပါးစပ်ထဲတွင်ပဲတောင့်ကို ငုံထားပြီး မည်သို့များ ကောင်းကောင်းကစားနိုင်ရပါသနည်း။
ဂိမ်းကစားရင်း လေသံတိုးတိုးဖြင့် မေးနေသည့် ဆန့်ကျင်ဘက်တွင်ရှိနေသည့် ကိုလူချောကိုတော့ဖြင့် ထည့်ပြောရန်ပင်မလိုချေ။
“ ဘယ်တစ်ယောက်က လျိုကျုံးမင်လဲ”
ကောင်လေးသည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အမြဲလိုလို အမိန့်ပေးခံနေရသည်ကို စိတ်ပျက်လာတော့သည်။
“ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့တစ်ယောက်”
ထူးဆန်းလိုက်တာ။
သူ ဒီလိုပြောပြီးတာနဲ့ ကိုလူချောရဲ့ စူးရှတဲ့မျက်လုံးထဲမှာ အေးစိမ့်စိမ့်ခံစားချက်ကို မြင်နေရတယ်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ လျိုကျုံးမင် သ-တ်ခံလိုက်ရတော့သည်။
သ-တ်လိုက်ပြီ။
“Triple – kill”
ပြောရမည်ဆိုလျှင် ထိုဆူညံသံသည် အလွန်ပင်အထာကျလှ၏။
“ငါ့ကို စောင့်အုံး”
ကောင်လေးသည် ဖူကျို့ဆီမှ သင်ယူထားသည့်အတိုင်း အခုမှပြန်ရှင်လာသည့် သူ့သူငယ်ချင်း၏ဖုန်းကို လုယူလိုက်ပြီး မြန်မြန် ပြေးထွက်သွား၏။
မည်သူသိပါမည်နည်း။ လူငယ်လေးသည် ဓားရိပ်တစ်ခုကို လှည့်ကာထုတ်လိုက်ပြီး လေထဲတွင် ခုန်လိုက်ကာ အနက်ရောင်ဝတ်ရုံပေါ်တွင် ငွေရောင်အလင်းများပင် တောက်ပသွားတော့သည်။ လူငယ်လေးသည် လှမ်းပစ်ကာ crit ရိုက်ချက်တစ်ခုကို ယူလိုက်လေသည်။
K.O.
လေးယောက်။
ကစားသမားလေးယောက် သေသွားတယ်။
အချိန်ဘယ်လောက်ပဲ ယူလိုက်ရလဲ။
၂၁ စက္ကန့်ပဲ။
ကောင်လေးသည် ထိုအခိုက်တွင် ဖော်ပြလို့မတတ်သည့်ခံစားချက်တစ်ခု ရသွားတော့သည်။
ဂိမ်းကစားခဲ့ကြတဲ့သူတွေရော သူ့ခံစားချက်ကို သိပါ့မလား။
ဒါက သူ့ကိုယ်ပိုင်အကောင့်လေ။
စခရင်ပေါ်မှာ ဒီအံ့ဩစရာကောင်လေး သုံးလိုက်တဲ့အကောင့်က သူပိုင်တာလေ။
ကစားနေတဲ့သူက သူ မဟုတ်ပေမဲ့ အထာကျတယ်လို့ ခံစားနေရတုန်းပဲ။
သူ့အကောင့်က ဘယ်လိုလုပ်ပြီး အဲလောက်ပြောင်မြောက်နေတာလဲ။
ကောင်လေးသည် အမှန်ပင် အားရကျေနပ်သွားတော့သည်။
သို့သော် ဖူရှီမင်က ဆဲရေးချင်နေ၏။
2v5
လူငါးယောက်က လူနှစ်ယောက်ကို မနိုင်ဘူးတဲ့လေ။ အဲဒီအစား သူတို့လေးယောက်က ပြိုင်ဘက်တွေ ဆက်တိုက်သ-တ်တာတောင် ခံလိုက်ရသေးတယ်။
ဆိုးရွားချက်ပဲ။
သည်အခြေအနေအထိပင် သူ့အသုံးမကျသည့်အဖွဲ့သားများ၏ အမှားဟု ယုံကြည်နေဆဲ။
သူက ဘာလို့ ဒီဝါသနာအိုးနှစ်ယောက်ကို ကြောက်နေရမှာလဲ။
သူသည် ထောင်လွှားကာပင် သူ့မြို့တာဝါသို့ ပြန်ပြေးသွားပြီး သူ့အဖွဲ့သားများ သွေးဖြည့်နေသည်ကို မစောင့်ပဲ ထိုနေရာတွင် ရပ်နေလိုက်၏။ သူသည် နှစ်ယောက်ထဲမှတစ်ယောက်ကို အရင်သ-တ်ရန် စဥ်းစားလိုက်၏။
သူသည် လှုပ်ရှားမည့်ဟန်ပြင်လိုက်စဥ်မှာပင် သူ့ပြိုင်ဘက်တစ်ယောက်က နေရာတွင်ပင် သူ့ကို ချုပ်ထားသည်ကို မမျှော်လင့်ဘဲ ခံလိုက်ရတော့သည်။
သို့သော် ဖူရှီမင်သည် မကြောက်ပေ။ သူသည် မည်သို့ဆိုစေ တာဝါအတွင်း ရှိနေရာ ပြိုင်ဘက်က သူ့ဆီ အရှိန်ဖြင့် ပြေးလာရဲမည်မဟုတ်ပေ။
သို့ရာတွင် ဒါသည် သူ့ဆန္ဒအတွေးသက်သက် သာဖြစ်ပေသည်။
ကောင်လေးသည် အရိပ်နှစ်ခုက တာဝါအောက်သို့ ပြေးဆင်းသွားပြီးနောက် ပြန်ဆုတ်လာသည်ကို တွေ့လိုက်၏။ ထိုနှင့်အတူ ဖူရှီမင်သည် တာဝါအောက်မှ ချက်ချင်း ဆွဲထုတ်ခံလိုက်ရတော့သည်။
ဖူရှီမင်သည် defense towerအောက်တွင် မရှိတော့သဖြင့် သူ့အကာအကွယ် ပျောက်သွားတော့သည်။
သူသည် ပြန်ဆုတ်ရန်စဥ်းစားလိုက်သော်လည်း ...
သောက်ကျိုးနဲ ထွက်ပြေးလို့မရတော့ဘူးဟ။
ချင်မော့ဖြစ်၏။
သူသည် သုံးလေ့မရှိသည့် သူ့အကောင်းဆုံးအကွက်ကို သုံးကာ ဖူရှီမင်ကို မြေပြင်တွင်ချုပ်ထားလိုက်၏။
ကောင်လေးသည် တက်ကြွသွားတော့သည်။ သူ့လက်သီးကို ဆုပ်ထားပြီး အော်ဟစ်လိုက်၏။
“ သူ့ကို သ-တ်၊ မင်း၊ ကိုလူချော သူ့ကို သ-တ်လိုက်တော့”
သို့သော် ချင်မော့က ခေါင်းမထောင်ဘဲ လူငယ်လေးကို ပြောလိုက်လေသည်။
ငါ သူ့ကို ချုပ်ထားမယ်၊ မင်းက အချိန်ယူပြီး မင်း သ-တ်လို့ သေသွားတဲ့အထိ သူ့ကို ချနေလိုက်”
...
Zawgyi
အပိုင္း (၃၈၅) ဝမ္းတြင္းမည္း ႀကီးျမတ္လွတဲ့သခင္ေလးခ်င္
ဒါသည္ အသ-တ္ခံရသူသာ ခံစားရသည့္ တုန္လႈပ္မႈတစ္ခုပင္။
သို႔ေသာ္ ဖူရွီမင္ကေတာ့ ဒါသည္ သူတို႔ တုံးအလြန္း၍သာျဖစ္သည္ဟု ထင္လိုက္၏။
သူတို႔ရန္သူက ဘာေတြေတာ္ေနလို႔လဲ။
သူတို႔ကျဖင့္ တာဝါထဲကေနေတာင္ ထြက္မလာရဲပဲနဲ႕မ်ား။
ငေၾကာက္ ႏွစ္ေကာင္ပဲ။
သို႔ေသာ္ သူ႕အေတြးဆုံးသြားသည္ႏွင့္တစ္ၿပိဳင္နက္ တာဝါေအာက္တြင္ ရပ္ေနသည့္ ပုံရိပ္ႏွစ္ခုသည္ အတူတူထြက္လာၾက၏။ သူတို႔သည္ ယွဥ္ကာ ထြက္လာၾကၿပီး သူတို႔၏အျမန္ႏႈန္းမွာ အလြန္ျမန္ဆန္ရကား ခုခံခ်ိန္ပင္ မရလိုက္ေပ။
အသားကင္ဆိုင္ထဲတြင္ ဂိမ္းအသံမွလြဲလွ်င္ ဘာမွမၾကားရေခ်။
ေကာင္ေလး၏မ်က္ႏွာအမူအရာသည္ အနီးကပ္ရိုက္ခ်က္အလား ေဖာ္ျပရန္ ခက္ခဲလြန္းလွေပသည္။
ဘယ္လို... ဘယ္လိုလုပ္ၿပီး သူတို႔ရဲ႕အရွိန္က အဲေလာက္ျမန္တာလဲ။ ၿပီးေတာ့... ဒီလူႏွစ္ေယာက္ ဘာလို႔မ်ား အဲေလာက္ အခ်င္းခ်င္း နားလည္နိုင္စြမ္းရွိေနတာလဲ။ သူတို႔အတူတူ ေျပးထြက္သြားတုန္းက စကားတစ္ခြန္းေတာင္ မေျပာလိုက္ဘူးမလား။
ေျပာင္ေျမာက္လွသည့္ လူငယ္ေလး၏ လႈပ္ရွားမႈက ေကာင္ေလး၏ပါးစပ္ကို မပိတ္တမ္း ျဖစ္ေနေစေတာ့သည္။
ထိုေငြေရာင္ပိုးသားဆံပင္ အနက္ေရာင္နားကပ္ ႏွင့္ေကာင္ေလးသည္ သူ႕ပါးစပ္ထဲတြင္ပဲေတာင့္ကို ငုံထားၿပီး မည္သို႔မ်ား ေကာင္းေကာင္းကစားနိုင္ရပါသနည္း။
ဂိမ္းကစားရင္း ေလသံတိုးတိုးျဖင့္ ေမးေနသည့္ ဆန့္က်င္ဘက္တြင္ရွိေနသည့္ ကိုလူေခ်ာကိုေတာ့ျဖင့္ ထည့္ေျပာရန္ပင္မလိုေခ်။
“ ဘယ္တစ္ေယာက္က လ်ိဳက်ဳံးမင္လဲ”
ေကာင္ေလးသည္ ေခါင္းေဆာင္တစ္ေယာက္အေနျဖင့္ အၿမဲလိုလို အမိန့္ေပးခံေနရသည္ကို စိတ္ပ်က္လာေတာ့သည္။
“ ေ႐ႊေရာင္ခ်ပ္ဝတ္တန္ဆာ ဝတ္ထားတဲ့တစ္ေယာက္”
ထူးဆန္းလိုက္တာ။
သူ ဒီလိုေျပာၿပီးတာနဲ႕ ကိုလူေခ်ာရဲ႕ စူးရွတဲ့မ်က္လုံးထဲမွာ ေအးစိမ့္စိမ့္ခံစားခ်က္ကို ျမင္ေနရတယ္။
သို႔ေသာ္ ေနာက္တစ္စကၠန့္တြင္ေတာ့ လ်ိဳက်ဳံးမင္ သ-တ္ခံလိုက္ရေတာ့သည္။
သ-တ္လိုက္ၿပီ။
“Triple – kill”
ေျပာရမည္ဆိုလွ်င္ ထိုဆူညံသံသည္ အလြန္ပင္အထာက်လွ၏။
“ငါ့ကို ေစာင့္အုံး”
ေကာင္ေလးသည္ ဖူက်ိဳ႕ဆီမွ သင္ယူထားသည့္အတိုင္း အခုမွျပန္ရွင္လာသည့္ သူ႕သူငယ္ခ်င္း၏ဖုန္းကို လုယူလိုက္ၿပီး ျမန္ျမန္ ေျပးထြက္သြား၏။
မည္သူသိပါမည္နည္း။ လူငယ္ေလးသည္ ဓားရိပ္တစ္ခုကို လွည့္ကာထုတ္လိုက္ၿပီး ေလထဲတြင္ ခုန္လိုက္ကာ အနက္ေရာင္ဝတ္႐ုံေပၚတြင္ ေငြေရာင္အလင္းမ်ားပင္ ေတာက္ပသြားေတာ့သည္။ လူငယ္ေလးသည္ လွမ္းပစ္ကာ crit ရိုက္ခ်က္တစ္ခုကို ယူလိုက္ေလသည္။
K.O.
ေလးေယာက္။
ကစားသမားေလးေယာက္ ေသသြားတယ္။
အခ်ိန္ဘယ္ေလာက္ပဲ ယူလိုက္ရလဲ။
၂၁ စကၠန့္ပဲ။
ေကာင္ေလးသည္ ထိုအခိုက္တြင္ ေဖာ္ျပလို႔မတတ္သည့္ခံစားခ်က္တစ္ခု ရသြားေတာ့သည္။
ဂိမ္းကစားခဲ့ၾကတဲ့သူေတြေရာ သူ႕ခံစားခ်က္ကို သိပါ့မလား။
ဒါက သူ႕ကိုယ္ပိုင္အေကာင့္ေလ။
စခရင္ေပၚမွာ ဒီအံ့ဩစရာေကာင္ေလး သုံးလိုက္တဲ့အေကာင့္က သူပိုင္တာေလ။
ကစားေနတဲ့သူက သူ မဟုတ္ေပမဲ့ အထာက်တယ္လို႔ ခံစားေနရတုန္းပဲ။
သူ႕အေကာင့္က ဘယ္လိုလုပ္ၿပီး အဲေလာက္ေျပာင္ေျမာက္ေနတာလဲ။
ေကာင္ေလးသည္ အမွန္ပင္ အားရေက်နပ္သြားေတာ့သည္။
သို႔ေသာ္ ဖူရွီမင္က ဆဲေရးခ်င္ေန၏။
2v5
လူငါးေယာက္က လူႏွစ္ေယာက္ကို မနိုင္ဘူးတဲ့ေလ။ အဲဒီအစား သူတို႔ေလးေယာက္က ၿပိဳင္ဘက္ေတြ ဆက္တိုက္သ-တ္တာေတာင္ ခံလိုက္ရေသးတယ္။
ဆိုး႐ြားခ်က္ပဲ။
သည္အေျခအေနအထိပင္ သူ႕အသုံးမက်သည့္အဖြဲ႕သားမ်ား၏ အမွားဟု ယုံၾကည္ေနဆဲ။
သူက ဘာလို႔ ဒီဝါသနာအိုးႏွစ္ေယာက္ကို ေၾကာက္ေနရမွာလဲ။
သူသည္ ေထာင္လႊားကာပင္ သူ႕ၿမိဳ႕တာဝါသို႔ ျပန္ေျပးသြားၿပီး သူ႕အဖြဲ႕သားမ်ား ေသြးျဖည့္ေနသည္ကို မေစာင့္ပဲ ထိုေနရာတြင္ ရပ္ေနလိုက္၏။ သူသည္ ႏွစ္ေယာက္ထဲမွတစ္ေယာက္ကို အရင္သ-တ္ရန္ စဥ္းစားလိုက္၏။
သူသည္ လႈပ္ရွားမည့္ဟန္ျပင္လိုက္စဥ္မွာပင္ သူ႕ၿပိဳင္ဘက္တစ္ေယာက္က ေနရာတြင္ပင္ သူ႕ကို ခ်ဳပ္ထားသည္ကို မေမွ်ာ္လင့္ဘဲ ခံလိုက္ရေတာ့သည္။
သို႔ေသာ္ ဖူရွီမင္သည္ မေၾကာက္ေပ။ သူသည္ မည္သို႔ဆိုေစ တာဝါအတြင္း ရွိေနရာ ၿပိဳင္ဘက္က သူ႕ဆီ အရွိန္ျဖင့္ ေျပးလာရဲမည္မဟုတ္ေပ။
သို႔ရာတြင္ ဒါသည္ သူ႕ဆႏၵအေတြးသက္သက္ သာျဖစ္ေပသည္။
ေကာင္ေလးသည္ အရိပ္ႏွစ္ခုက တာဝါေအာက္သို႔ ေျပးဆင္းသြားၿပီးေနာက္ ျပန္ဆုတ္လာသည္ကို ေတြ႕လိုက္၏။ ထိုႏွင့္အတူ ဖူရွီမင္သည္ တာဝါေအာက္မွ ခ်က္ခ်င္း ဆြဲထုတ္ခံလိုက္ရေတာ့သည္။
ဖူရွီမင္သည္ defense towerေအာက္တြင္ မရွိေတာ့သျဖင့္ သူ႕အကာအကြယ္ ေပ်ာက္သြားေတာ့သည္။
သူသည္ ျပန္ဆုတ္ရန္စဥ္းစားလိုက္ေသာ္လည္း ...
ေသာက္က်ိဳးနဲ ထြက္ေျပးလို႔မရေတာ့ဘူးဟ။
ခ်င္ေမာ့ျဖစ္၏။
သူသည္ သုံးေလ့မရွိသည့္ သူ႕အေကာင္းဆုံးအကြက္ကို သုံးကာ ဖူရွီမင္ကို ေျမျပင္တြင္ခ်ဳပ္ထားလိုက္၏။
ေကာင္ေလးသည္ တက္ႂကြသြားေတာ့သည္။ သူ႕လက္သီးကို ဆုပ္ထားၿပီး ေအာ္ဟစ္လိုက္၏။
“ သူ႕ကို သ-တ္၊ မင္း၊ ကိုလူေခ်ာ သူ႕ကို သ-တ္လိုက္ေတာ့”
သို႔ေသာ္ ခ်င္ေမာ့က ေခါင္းမေထာင္ဘဲ လူငယ္ေလးကို ေျပာလိုက္ေလသည္။
ငါ သူ႕ကို ခ်ဳပ္ထားမယ္၊ မင္းက အခ်ိန္ယူၿပီး မင္း သ-တ္လို႔ ေသသြားတဲ့အထိ သူ႕ကို ခ်ေနလိုက္”
...