ဒီအပြစ်သားက ရှင်သန်လို...(၂)...

Von Swae_Nyoe

116K 18.2K 476

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ Mehr

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
အခန်း ၂၀၇
အခန်း ၂၀၈
Completed in Telegram

အခန်း ၁၉၂

797 139 2
Von Swae_Nyoe

အပိုင်း (၁၉၂) အသံတိတ်ရန်ပွဲ

"ဒါပေမဲ့ "

ကျန်းလော့သည် သက်ပြင်းချပြီး ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းထဲက လူသတ်တာတွေ ရပ်ခဲ့တာကတော့ အံ့အားသင့်စရာ တော်တော် ကောင်းနေပြီနော်.."

ကံကြမ္မာယုံသူသည် တခြားသူများနှင့် မတူသော နည်းလမ်းဖြင့် ကြောက်စရာကောင်းသူ ဖြစ်သည်။ ၏

ကိုယ့်ကို တစ်စုံတစ်ယောက်၏ မျိုးဆက်က သတ်မည်ဆိုတာကို သိနေသော သာမန်လူတစ်ယောက်ဆိုလျှင် သူဖြစ်ဖြစ် သူ(မ)ဖြစ်ဖြစ် ပြဿနာအရင်းအမြစ်ကို အမြစ်ဖြုတ်သုတ်သင်ပစ်ရန်သာ စဉ်းစားမှာ ဖြစ်သည်။ သို့သော် ကံကြမ္မာယုံသူသည် သူသည် နတ်ဘုရားဖြစ်မည်ဆိုပြီး သူ့ကိုယ်သူ တိတိကျကျ ယုံကြည်ထားကာ တကယ်လဲ နှစ်နှစ်ရာကြာပြီးနောက် အတုအယောင်နတ်ဘုရား တစ်ပါးဖြစ်လာခဲ့သည်။ သူသည် သေးငယ်သော လူသားတစ်ယောက်ဖြစ်စဉ်ကပင် နတ်ဘုရားဖြစ်လာရန် အစပျိုးစီစဉ်ထားခဲ့ပြီး ရအောင် နည်းမျိုးစုံနှင့် ရှေ့ဆက်ခဲ့ကြောင်း မြင်နိုင်ပေသည်။

သူသည် အစကနေ အဆုံးထိ ရှေ့ရေးကို မျှော်တွေးပြီး သေချာပေါက် နတ်ဘုရားတစ်ပါး ဖြစ်လာရမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ခိုင်မာစွာ လျှောက်လှမ်းခဲ့သည်။ သူသည် ချီမိသားစု တိုက်ရိုက်မျိုးဆက်များကို လုပ်ခဲ့သော လုပ်ရပ်အတွက် ဝဋ်လည်မည်ကိုလည်း မကြောက်ပေ။ အဘယ့်ကြောင့်ဆိုသော် ချီမိသားစု တိုက်ရိုက်မျိုးဆက်များက သူ့ကိုကယ်ခဲ့သောကြောင့် ကျေးဇူးတုံ့ပြန်ခဲ့သည့် အနေဖြင့် တစ္ဆေဆေးမှင်ကြောင်ကို ပေးခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် ချီမိသားစု အိမ်တော်ခွဲများ၏ တောင်းပန်ခယမှုကြောင့် ချီမိသားစု တိုက်ရိုက်မျိုးဆက်များနှင့် အိမ်တော်ခွဲများကြားမှ မျှချေကို ဖျက်ဆီးမိသည်ဟု ယူဆမိခဲ့သောကြောင့် တိုက်ရိုက်မျိုးဆက်များကို ကျိန်စာတိုက်ပေးခဲ့ခြင်း ဖြစ်သည်။

သူသည် အရာရာကို တွက်ချက်ပြီး လုပ်ခဲ့ခြင်းဖြစ်ကာ ရေဆိုးရေညစ်များသည် သူ့ကို လုံးဝမထိနိုင်ပေ။ ထို့အပြင် ချီမိသားစု တိုက်ရိုက်မျိုးဆက်များ၏ ပျော်ရွှင်မှုများကို စတေးခဲ့ကြရသည်အတွက်လည်း ဝမ်းနည်းမှု နောင်တရမှုတို့ မရှိကြပေ။

လွန်ခဲ့သော နှစ်နှစ်ရာကျော်လောက်မှစ၍ ယနေ့ထိတိုင်အောင် ရည်မှန်းချက်တစ်ခုထဲကို ဆုပ်ကိုင်ထားသူထက် ကြောက်စရာကောင်းသည့်အရာ ဒီလောကမှာ မရှိနိုင်။

ကျန်းလော့သည် နူးညံ့စွာ သက်မချလိုက်သည်။

သူသည် မကောင်းဆိုးဝါး၏ ခါးပတ်ပေါ်တွင် လက်တင်ထားလျက် ရှိနေသည်ကို သတိရသွားပြီး အတွေးထဲမှ ပြန်ထွက်လာသည်။ မကောင်းဆိုးဝါးသည် သူအတွေးများနေသည်ကို အခွင့်ကောင်းယူ၍ သူ့လက်ကို ကိုင်ကာ သတ္ထုခါးပတ်ခေါင်းကို ဖြည်းညင်းစွာ ဖြုတ်နေလေသည်။

ကျန်းလော့သည် ရုတ်တရက် ပြုံးလိုက်ပြီး သူ၏ ရှည်လျား သွယ်လျသော လက်ချောင်းများသည် ဟိုလိုလို သည်လိုလို လှုပ်ရှားလာကာ

"ငါ့ဟာငါ လုပ်နိုင်ပါတယ်"

မကောင်းဆိုးဝါးသည် မျက်လုံးမှေးလိုက်ပြီး ကျန်းလော့လက်ကို ညှစ်လိုက်ကာ လွတ်ပေးလိုက်သည်။

ကျန်းလော့၏ လက်ချောင်းများသည် စန္ဒယားတီးနေသလို စည်းချက်ညီညီလှုပ်ရှားနေပြီး မကောင်းဆိုးဝါး၏ ခါးပတ်ကို သွက်လက်စွာ ချွတ်ပေးလိုက်သည်။ ထို့နောက် သူသည် မကောင်းဆိုးဝါးကို တောက်ပစွာ ပြုံး၍ ကြည့်လိုက်ပြီး ခါးပတ်ကို ပြင်းထန်စွာ ဆွဲချွတ်ပေးလိုက်ကာ မသိလိုက်သလိုနှင့် မကောင်းဆိုးဝါးပေါင်ကို ဖြတ်ရိုက်လိုက်လေသည်။

ခါးပတ်အစွန်းဖြင့် ပေါင်ကို ရိုက်မိသွားချိန်တွင် ကျွတ်ဆတ်ဆတ် အသံတစ်ခုပေါ်လာပြီး ခါးပတ်သည် မကောင်းဆိုးဝါး၏ ခါးမှ လုံးလုံး ကျွတ်သွားပြီဖြစ်သည်။

"ခင်ဗျားမှာ ကြာပွတ်ကောင်းကောင်း ရှိနေတာပဲ မစ်စတာချီ ကြည့်ပါဦး ခင်ဗျားက ဘယ်လောက်တောင် စိတ်မရှည်တတ်တဲ့လူလဲလို့ အိုကေပါလေ ကျွန်တော် ခင်ဗျားကို ကြာပွတ်နဲ့ ဖရီး ရိုက်ပေးပါ့မယ်"

မကောင်းဆိုးဝါးသည် တစ်ခါမှ ခါးပတ်နှင့် အရိုက်မခံခဲ့ရဖူးပေ သူသည် ခါးပတ်အစွန်းကို ဆွဲယူလိုက်ပြီး သူ၏ ဖြူဖျော့သော လက်ဖမိုးပေါ်တွင် အညိုအမဲရာ ဖျော့ဖျော့တို့ကို မြင်တွေ့ရသည်။ သူသည် သက်ပြင်းချလိုက်ပြီး

"မင်း ဒီနေ့ အာရုံအရမ်းများနေပြီ"

ကျန်းလော့သည် သူဒီထက် ပိုလုပ်ရဲသည်ဆိုတာကို ပြသရန် စားဘဲကြီးလို ပြုံး၍ ခါးပတ်ကိုင်မထားသော ကျန်လက်တစ်ဖက်ဖြင့် မကောင်းဆိုးဝါး၏ ဖင်ကို ရိုက်ချလိုက်ကာ လေချွန်လိုက်ကာ။

"မင်းမှာ အိုးကောင်းကောင်း ရှိတာပဲ ငါလုပ်တာ ခံကြည့်မလား "

(T/N: ပြောလို့ပြောတာမဟုတ်ဘူး သူကချည်း သွားသွားစတာ ပြီးရင် ဟိုကလုပ်ရင် သူချည်း ခံရတာ :3)

မကောင်းဆိုးဝါးသည် ဘာတစ်ခုမှ မပြောဘဲ ကျန်းလော့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ကျန်းလော့သည် ထိုအကြည့်ကြောင့် ဦးရေပြားများ စပ်ဖျင်းဖျင်း ဖြစ်လာပြီး ရန်စခြင်း အောင်မြင်သွားသောကြောင့် ပျော်ရွှင်မှု သေးသေးလေး ခံစားရသည်။ သူသည် တင်ပြင်ခွေထိုင်လိုက်ပြီး လက်ကို ရုတ်လိုက်သည်။ မကောင်းဆိုးဝါးက ရှေ့တိုးလာပြီး သူ့ကို ဆွဲတော့မည်ကို မြင်သည်နှင့် ချက်ချင်းပြောလိုက်သည်။

"ငါ ဘယ်ကလာလဲဆိုတာ မသိချင်တော့ဘူးလား"

မကောင်းဆိုးဝါးသည် လက်နှစ်ဖက်ကို ဖြန့်ကားပြီး အားကြီးနှင့် ဖက်ဖို့လုပ်ထားရာမှ ပြန်ရုတ်လိုက်ကာ လူကြီးဆန်သော အပြုအမူဖြင့် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ကျန်းလော့ကို ကြည့်လိုက်ကာ

"ပြောပါ"

ကျန်းလော့သည် ပျင်းတိပျင်းရွဲဖြင့် ပြောလိုက်သည်။

"ဒီနေရာမှာ မြေအောက်လောကရှိတယ် ပြီးတော့ မြေအောက်လောကမှာ သရဲတွေနေတယ် အသက်ရှင်နေတဲ့ လူတွေက ဝင်လို့မရဘူး၊ ရွှမ်ရွှီလောကလည်း ဒီနေရာမှာ ရှိသေးတယ် ပြီးတော့ ရွှမ်ရွှီလောကကြီးမှာ ငါတို့နေတယ် သာမန်လူတွေက သရဲတစ္ဆေတွေကို မမြင်ရဘူး ပြီးတော့ ရွှမ်ရွှီလောကကြီးနဲ့ ကင်းကွာနေပြီး ပြောရရင် ရှိတောင် ရှိမှန်းမသိကြဘူးလေ ပြီးတော့ကွာ ငါလာတဲ့နေရာက ဒီကမ္ဘာကြီးထဲက တစ်နေရာကပဲ"

သူသည် စက်ဝိုင်းတစ်ခုနှင့် နှိုင်းယှဉ်ပြောပြပြီး သူ့ဖြစ်တည်မှုတစ်ခုလုံးကို ပိုကြီးသော စက်ဝိုင်းကြီးနှင့် ထုပ်ပိုးပြလိုက်သည်၊

"ဘယ်သူမှ မဟုတ်သေးဘူး ငါကိုယ်တိုင်တောင် သတိမထားမိတဲ့ နေရာ"

မကောင်းဆိုးဝါးသည် သေချာတွေးကြည့်နေသည်။

"အဲ့ဒီနေရာ ဘယ်မှာလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး အဲ့ဒါကြောင့် ဒီတိုင်း ငါ့ကို တခြားကမ္ဘာက လာတဲ့သူလို့ပဲ သတ်မှတ်လိုက်"

ကျန်းလော့သည် တမင်တကာ ပြောလိုက်သည်။

"ချီယုံ မင်းက အရမ်းကို အံ့ဩစရာကောင်းပါတယ်ဆိုရင်တောင် ငါ့ကမ္ဘာကို ပြန်သွားတဲ့အခါ မင်းငါ့ကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး"

သူသည် အလွန်ဆိုးဝါးပြီး အကျင့်ပျက်နေပြီ ဖြစ်သည်။ သူသည် မကောင်းဆိုးဝါးနှင့် ပြတ်ချင်နေပြီး တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါး၏ သူ့အပေါ် မည်မျှ ရူးသွပ်ကြောင်း မြင်ချင်နေသည်။

သို့သော် မကောင်းဆိုးဝါးသည် စိတ်ဆိုးမသွားဘဲ တွေးရခက်သော အကြည့်တို့ဖြင့် ကျန်းလော့ကို အေးဆေးစွာ ကြည့်နေလေသည်။ သို့သော် ထိုအကြည့်မျိုးသည် ဒေါသတကြီး ခက်ထန်နေသာ အကြည့်မျိုးထက် ပိုကြောက်စရာကောင်းလေသည်။ ကျန်းလော့သည် သေခြင်းတရားထက် ကြောက်စရာကောင်းသော မမြင်နိုင်သော နေရာတိုင်းမှလာနေသော အကြောက်တရားတစ်ခုကို ခံစားမိသည်။

ချီယုံအကြည့်များကြားတွင် သူ့တစ်ကိုယ်လုံးမှ သွေးများသည် အေးစက်လာပြီး လေထုသည် ပါးလွှာလာကာ အသက်ရှူကျပ်လောက်အောင် ဖိညှစ်ထားသလို ခံစားလာရပြီး အကြောက်တရားသည် တစ်ကိုယ်လုံးကို ပျံ့နှံ့လာသည်။

"မင်းက ဘယ်မှာပုန်းလို့ရမယ် ထင်နေတာလဲ"

နောက်ဆုံးတွင် ချီယုံသည် စကားပြောလာပြီး သူ့အသံသည် အလွန်နူးညံ့နေကာ ကျန်းလော့နားထဲ ရောက်သည်နှင့် ပျောက်ကွယ်သွားတော့မတတ်ပင်။

"မင်းကိုယ်ပေါ်မှာ ကိုယ်ရဲ့ တစ္ဆေဆေးမှင်ကြောင် ချန်ထားခဲ့တဲ့ မှဲ့သုံးလုံး ရှိတယ်လေ မင်းက ဘယ်မှာ သွားပုန်းလို့ ရမယ် ထင်နေတာလဲ"

သူပြောပြီးနောက် အပြုံးတစ်ပွင့်ပေါ်လာကာ

"မင်း ဘယ်မှာပုန်းပုန်း ကိုယ်ရှာနိုင်တယ်"

ကျန်းလော့သည် မထိန်းချုပ်နိုင်စွာ တုန်ယီလာသည်။ ချီယုံ၏ စကားများသည် ကျန်းလော့ကို ခေါင်းတလားထဲ လှဲနေရသလို အေးစက်မှုကို ခံစားရလာစေကာ

"ဒီမှဲ့သုံးလုံးမှာ ဝိညာဉ်ရှိလို့လား"

"နောက်မျိုးဆက် မရှိသရွေ့.."

မကောင်းဆိုးဝါးသည် ကျန်းလော့ကို ဖိချလိုက်ပြီး အေးစက်သော လက်ချောင်းများသည် ကျန်းလော့၏ ခါးပေါ်မှ မှဲ့သုံးလုံးနေရာသို့ အင်္ကျီပေါ်မှ ထိလိုက်ပြီး သူ့အသံသည် ကျေနပ်အားရနေပုံဖြင့်

"မင်းသေသွားရင်တောင် လိုက်နေမှာ"

ကျန်းလော့ "........."

'လခွမ်း ကြောက်စရာကောင်းလိုက်တာ'

သို့သော် ကျန်းလော့သည် သူ့ကမ္ဘာကို ပြန်ရန် တစ်ကြိမ်မှ မတွေးဖူးပေ။ ထို့အပြင် သူပြန်နိုင်သည်ဆိုလျှင်ပင် ပြန်ဖို့ ရည်ရွယ်ချက် မရှိပေ။

သူစိုးရိမ်စရာရှိသော တစ်ခုတည်းသော အရာမှာ သူ့မှဲ့သုံးလုံးကို ခြေရာခံ၍ ပြတ်သွားပြီးလျှင်တောင် ချီယုံက သူ့နောက်လိုက်ပြီး လုပ်ချင်သလို လုပ်နေမှာကို ဖြစ်သည်။

'........ ဒီတော့ ကြည့်ရတာ ကံကြမ္မာယုံသူနဲ့ ချီယုံတစ်ခါထဲ သေသွားလဲ အေးတာပဲ'

သူသည် ထိုသို့ ပြောလိုက်သော်လည်း ကျန်းလော့သည် ကံကြမ္မာယုံသူနှင့် အတူတူသေသည့် ဖြစ်နိုင်ချေကို မသိစိတ်က လျစ်လျူရှုလိုက်ပြီးသားဖြစ်နေပြီး ချီယုံ ကံကြမ္မာယုံသူကို ရှင်းပစ်ပြီးနောက် ရွှမ်ရွှီလောကကို မဖျက်ဆီးအောင် မည်သို့ လုပ်ရမည်ကိုသာ တွေးနေခဲ့သည်။

"အချိန် ဟုတ်လား သုံးနှစ်လား ငါးနှစ်လား ဖြစ်နိုင်တာ မင်းငါ့ကို ရှာနေတဲ့အချိန်အတွင်းမှာ ငါလည်း ချစ်သူ အသစ်တစ်ယောက် ရနေရောပေါ့"

မကောင်းဆိုးဝါး၏ အသက်ရှူသံတို့သည် ရုတ်တရက် အေးစက်သွားတော့သည်။

ကျန်းလော့သည် ဤအခြေအနေကို ထိန်းချုပ်ထားပြီး အေးဆေးစွာ ပြောလိုက်သည်။

"ငါ တကယ်ကြီးကို ငါ့ကမ္ဘာကို ပြန်မသွားချင်ဘူးရယ် ငါဒီမှာ နေရတာ သက်တောင့်သက်သာ ပိုရှိတယ် ဒါပေမဲ့ တချို့ သောက်ရူးတွေက ရွှမ်ရွှီလောကကြီးကို တစ္ဆေလောကကြီး ဖြစ်အောင်လုပ်ပြီး ငါ့ကို စားဖို့သောက်ဖို့ ရေချိုးဖို့ ပစ္စည်းမှာဖို့တောင် အန္တာရာယ်ရှိလာအောင် လုပ်ရင်တော့ ငါ သေချာပေါက် ပြန်သွားမှာ"

မကောင်းဆိုးဝါး၏ ကျန်းလော့ခါးကို ဖိထားသော လက်များသည် တုံ့ခနဲဖြစ်သွားပြီး

"မင်းငါ့ကို ခြိမ်းခြောက်နေတာ"

"အဲလိုပြောလို့လည်း ရပါတယ်"

ကျန်းလော့သည် ပေါ့ပျက်ပျက် ခေါင်းညိတ်ပြပြီး

"ငါမင်းကို စိတ်ပြောင်းသွားတဲ့ထိ ရိုက်မယ် ဒါမှမဟုတ် မင်းလက်လျော့သွားရင် သေချာပေါက် ငါ မင်းသန်မာတာကို သိပါတယ် အရမ်းကို သန်မာလွန်းလို့ ငါဘာမှ လုပ်မရနိုင်ဘူးဆိုတာလည်း သိတယ် ဒါပေမဲ့ ငါမင်းကို တကယ်ကြီး မတားနိုင်ဘဲ မင်းကို ရွှမ်းရွှီလောကကြီးကို ဖျက်ဆီးပစ်တာကို ခွင့်ပြုပြီး သာမန်လူ့အသိုင်းအဝိုင်းကို ရှုပ်ထွေးသွားအောင်လုပ်ပြီး ငါ့ကို သာမန်ပျော်ရွှင်စရာကောင်းတဲ့ ဘဝမပေးနိုင်ဘူးဆိုရင် မစ်စတာချီ ငါတခြားကမ္ဘာမှာပဲ သွားနေလိုက်တော့မယ်"

မကောင်းဆိုးဝါး၏ လက်ချောင်းရိုးများသည် တောင့်တင်းသွားပြီး ကျိုးကျမတတ်ဖြစ်သွားကာ မကောင်းဆိုးဝါးသည် အားပါးတရ ရယ်မောလိုက်ပြီး

"မင်း ထွက်သွားရဲရင် ကိုယ်မင်းကို သတ်ပစ်မယ်"

'မိုးမေလင်း ဒီတော့ မင်းက ရွှမ်ရွှီလောကကို ဖျက်ဆီးမှာကို လက်လျော့ရမှာထက်ကို ငါ့ကို သတ်ဖို့ပဲ ရွေးမယ်ပေါ့လေ သောက်ကျိုးနည်း'

ကျန်းလော့သည် အသက်အောင့်လိုက်ပြီး ခနလောက် ခေါင်းကြီးသွားကာ အေးစက်သော အသံဖြင့်

"မင်းသာ ငါ့ကို ပြခဲ့တဲ့ အိပ်မက်ထဲကအတိုင်း ကမ္ဘာကြီးကို လုပ်ပစ်လို့ကတော့ ငါကတော့ သွားမှာပဲ"

အခန်းထဲမှ လေထုသည် တဖြည်းဖြည်း မွန်းကြပ်ဖွယ်ကောင်းလာပြီး ကျန်းလော့ရော ချီယုံရော မည်သူကမှ နောက်ဆုတ်မသွားကြပေ။ ကျေးဇူးတင်စရာကောင်းစွာပင် လေထုသည် အေးခဲမသွားခင် လက်မလေးတင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

လျောင်စီသည် ချောင်းဆိုးလိုက်ပြီး အားနည်းစွာဖြင့်

"သခင်"

မကောင်းဆိုးဝါး၏ မျက်နှာပေါ်မှ ခြောက်ခြားဖွယ် အပြုံး ပျောက်ကွယ်သွားပြီး အမူအယာကင်းမဲ့စွာဖြင့် နားထောင်နေပြီး တံခါးဘက်သို့ ကြည့်လိုက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး ကျန်းလော့လက်ထဲမှ ခါးပတ်ကို ဆွဲယူ၍ ကျယ်နေသော ဘောင်းဘီကို စုကိုင်လိုက်သည်။

မကောင်းဆိုးဝါးသည် အပြင်ထွက်ရန် လုပ်လိုက်ပြီး ကုတ်အင်္ကျီကို ယူ၍ အပြင်ထွက်သွားတော့သည်။ ကျန်းလော့သည် အိပ်ရာပေါ်မှ ရုတ်တရက် ထလာပြီး မျက်လုံးများသည် မီးဝင်းဝင်းတောက်နေကာ အေးစက်စွာ ပြောသည်။

"ချီယုံ မင်းငါ့ကို အခုထိ ပြန်မဖြေရသေးဘူး ထွက်သွားချင်နေတာလား ရှောင်ထွက်ချင်တာလား"

မကောင်းဆိုးဝါးသည် ခနလေးတောင် ရပ်မသွားဘဲ တံခါးဆွဲဖွင့်ပြီး အပြင်ထွက်သွားတော့သည်။

သူတံခါးပိတ်လိုက်သည်နှင့် အထဲမှ တံခါးကို လာမှန်သော ပန်းအိုးကျကွဲသံကို ကြားလိုက်ရသည်။ နောက်တစ်က္ကန့်လောက်သာ နောက်ကျသွားလျှင် ချီယုံ့ကို ပစ်ပေါက်မိပေလိမ့်မည်။ ပန်းအိုးကွဲသံသည် ချီယုံ့ကို ကျန်းလော့၏ ဒေါသတို့ကို မြင်သာသွားစေခဲ့သည်။

ချီယုံ့မျက်နှာသည် ချဉ်စုတ်နေသော မျက်နှာဖြစ်သွားပြီး သူ့နှုတ်ခမ်းထောင့်များသည် အပြုံးဟု ခေါ်မရသော အပြုံးတစ်ခုဖြင့် ကော့လာလေသည်။ လျောင်စီသည် သခင့်မျက်နှာကို ကြည့်၍ သတိအနေအထားဖြစ်သွားကာ မယုံနိုင်စွာ အော်ပစ်မိတော့မတတ်ပင်။

သို့သော် လျောင်စီသည် အဘယ့်ကြောင့် သခင့်ကို လာတွေ့ရသည်ကို အခုထိ မသိသေးပေ။ သူသည် အစောပိုင်းတုန်းထဲက စိတ်ချင်းဆက်သွယ်ပြီး အရေးကြီးကိစ္စမဟုတ်ကြောင်း သတင်းပို့ခဲ့ပြီး ဖြစ်ကာ ထိုကိစ္စသည် မနက်ဖြန်မှ ကိုင်တွယ်လို့ ရကြောင်းလည်း သေချာတင်ပြခဲ့သည်။

လမ်းတစ်ဝက်တွင် ချီယုံသည် ဦးတည်ရာပြောင်းသွားပြီး တခြားဘက်သို့ လမ်းလျှောက်သွားသည်။ အခန်းထဲမှ ခြေသံများတဖြည်းဖြည်း ဝေးသွားသည်ကို ကြားနေရသည်။ ကျန်းလော့မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့ကိုယ်ထဲတွင် တောက်လောင်နေသော မီးသည် အလွန်အားကောင်းကာ သူ၏ အသိတရားများကို လျင်မြန်စွာ လောင်ကျွမ်းသွားစေသည်။

တံခါးသည် တစ်စုံတစ်ယောက်မှ ကန်ဖွင့်လိုက်သကဲ့သို့ ပြင်းပြန်းထန်ထန် တုန်ခါသွားပြီး ကျန်းလော့ ရင်ဘတ်ထဲမှ မီးတောက်သည် ပို၍ တောက်လောင်လာပြီး တံခါးကို ဆတ်ခနဲ ဆွဲဖွင့်လိုက်ကာ ထွက်သွားသော ချီယုံ့ဘက်သို့ ကြည့်၍ အသံကုန်အော်ပစ်လိုက်သည်။

"မင်း ဒီတံခါးကနေ နောက်ထပ် ဝင်လာဖို့ စိတ်မကူးနဲ့တော့ကွ"

ထိုစကားကို ပြောပြီးနောက် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

ကျန်းလော့သည် အမူအယာမဲ့စွာဖြင့် တံခါးကို လက်ဖြင့် တွန်းပိတ်ထားသည်။

ထိုခနတွင် သူသည် သူလုပ်ခဲ့သမျှ အရာအားလုံးသည် ရယ်စရာကောင်းနေသလို ခံစားမိသွားသည်။

ဝမ်ယမ်လန်နှင့် အစီအစဉ်ချသည်မှ စ၍ ချီယုံ ကျန်းလော့အတွက် ထျန်းရှိဖူကို ရန်စပြီး သူ့အတွက်ပင် ဒေါသကို ထိန်း၍ ထျန်းရှိဖူမှ ပြန်ထွက်လာခဲ့သည်။ သူဒဏ်ရာရသွားမည်ကို ကြောက်ရွံ့သောကြောင့် ကံကြမ္မာယုံသူကို အစီအစဉ်ထက် စောစွာ ရင်ဆိုင်ခဲ့သည်။ ချီယုံသည် သူ့အတွက် လျန်တစ်မိသားစုလုံးကို ဖမ်းချုပ်ထားခဲ့သည်။ သူ့အတွက် သူတို့ကို နှိပ်စက်ခဲ့သည်။ သူ့အတွက်ပင် သူတို့ကို မသတ်ဘဲ ထားပေးခဲ့သည်။

ဖြူဖွေးသော လက်ချောင်းအရိုးများ၊ ထိန်းချုပ်ထားသော ဒေါသတို့ကြောင့် ထွက်လာသော ကြောက်မက်ဖွယ် တစ္ဆေသွေးကြောများ ကျန်းလော့၏ သွေးထွက်မတတ် နီရဲနေသော လက်ကို ပွတ်သပ်ပေးခဲ့သော လက်တစ်စုံ၊ နှင်းကျနေသော ကောင်းကင်အောက်တွင် အချိန်အကြာကြီး အဖော်ပြု လမ်းလျှောက်ပေးခဲ့ခြင်း ...

ချီယုံသည် သူ့မိသားစုမှ သူ့ဝိညာဉ်ကို ယွမ်ထျန်းကျူးအဖြစ် ပြောင်းခဲ့သည်ကို သည်းခံနိုင်ခဲ့သည်။ သို့သော် ကျန်းလော့အတွက်ဆိုလျှင် ချီယုံသည် အဖြစ်အပျက်တိုင်းကို ချက်ချင်း တည့်တိုး ရင်ဆိုင်ခဲ့သည်။

ထိုသို့ ဆိုလျှင်တောင်၊ ထိုသို့ဆိုလျှင်တောင်...

ကျန်းလော့သည် တံခါးကို ထုနေမိသည်။ သူသည် ခေါင်းငုံ့လိုက်ပြီး သူ့အမူအယာသည် မသဲမကွဲဖြစ်နေသည်။

ထိုသို့ဆိုလျှင်တောင် ချီယုံသည် ရွှမ်ရွှီလောကကို ဖျက်ဆီးဖို့ကို လက်လျော့ရမည့်အစား သူ့ကို သတ်ပစ်ပြီး မလွတ်ပေးဘဲ နေဖို့ကို ရွေးချယ်ခဲ့သည်။

(သတ်ပြီး ဝိညာဉ်ကို သူ့နားမှာပဲ ထားမှာလို့ ပြောချင်တာ)

ကျန်းလော့သည် ရွှမ်ရွှီလောကကြီးကို အရေးတကြီး မဖျက်ဆီးလိုပေ။ ဤသည်မှာ မကောင်းသည့် စိတ်ထားများ ပြည့်နှက်နေသည့် မကောင်းဆိုးဝါး ချီယုံ၏ သာမန်ရွေးချယ်မှု ဖြစ်သင့်သည်။

မည်သူ ကြည့်ကြည့် သူတို့သည် ဤရွေးချယ်မှုကို ပုံမန်ဟုသာ ခံစားရပေမည်။ ချီယုံသည် ပုံမန်ဖြစ်ပြီး ချီယုံ၏ ရွေးချယ်မှုသည်လည်း ပုံမှန်ပင် ဖြစ်သည်။

ကျန်းလော့သည်လည်း ဤသည်က ပုံမှန်ဟု တွေးမိသော လူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။

'ဒီရလဒ်က ထူးဆန်းလို့လား'

ကောဝူချန်ကို ကျို့ခန်းဘုရားကျောင်းတွင် တွေ့သောအခါ ကျန်းလော့အတွက် ထိုအတွေးသည် အံ့ဩစရာမကောင်းသင့်ဟုပင် တွေးမိသေးသည်။

သူသည် ချီယုံ့အတွက် သူ့ရည်ရွယ်ချက်သည် မယုံနိုင်စရာကောင်းလောက်အောင် အရေးကြီးမှန်း အမြဲတမ်း ခံစားသိရှိခဲ့ပါသည်။ ချီယုံသည် ကျန်းလော့ကို ချစ်သော်လည်း ကျန်းလော့သည် သူ့ရည်ရွယ်ချက်တို့နှင့် မည်သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း

သို့သော် ယခု တစ်လကြာပြီးနောက် ယခု

ကျန်းလော့သည် မည်သို့ပင် ဖြစ်စေ အလွန်တရာ ဒေါသပုန်ထနေသည်ကိုသာ ခံစားမိပြီး ထိုဒေါသအပြင် နောက်ကျောကို ဓားနှင့်ထိုးပြီး သစ်စိမ်းချိုးချိုး သစ္စာဖောက်ခံလိုက်သလိုပါ ခံစားနေရသည်။

သူ့နှလုံးသားသည် ချဉ်စူးနေပြီး ကျန်းလော့သည် တံခါးဆီသို့ကြည့်လိုက်သည်။ သူသည် တံခါးမှ အက်ကြောင်းကို စိုက်ကြည့်နေပြီး သူ့ဒေါသတို့သည် မယုံနိုင်လောက်အောင် တစ်ကိုယ်လုံး တောက်လောင်လာပြီး

"လခွမ်း...."

ကော်ရစ်တာ အဆုံးမှ ချီယုံသည် ရပ်သွားပြီး ဆက်လျှောက်မသွားခင် မျက်နှာထားသည် မသိမသာ ခနလောက် အမူအယာမဲ့သွားသည်။

လျောင်စီသည် သူ့တည်ရှိမှုလေးကို မသိသာအောင် အကောင်းဆုံး ကြိုးစားနေသည်။

သူ့သခင်၏ စိတ်အခြေအနေသည် ပို၍ ဆိုးလာကြောင်း ခံစားမိနေပြီး လျောင်စီသည် နှလုံးသား အောက်ခြေမှ နေရခက်လာပြီး သူသည် ဘယ်တုန်းကမှ သခင်ဖြစ်သူ၏ ဤကဲ့သို့ ခံစားချက် ပြင်းပြင်းကို မတွေ့ဖူးခဲ့ပေ၊

ကျန်းလော့သည် ညဘက်တွင် သူ့အခန်းတံခါးကို လုံနေအောင်ပိတ်ထားပြီး ချီယုံကလည်း ပြန်မလာခဲ့ပေ။

ထိုနေ့ပြီး နောက်ရက်များတွင် ကျန်းလော့မျက်နှာထားသည် အေးစက်နေပြီး တာအိုဆရာတော်နှင့် စားသောက်နေစဉ် သို့မဟုတ် ပြောဆိုပူးပေါင်း လေ့ကျင့်နေချိန်များတွင်ပင် အမူအယာမပြောင်းလဲခဲ့ပေ၊ ထို့အပြင် ချီယုံ့ကို မြင်သောအခါတိုင်း သိသိသာသာ လျစ်လျူရှုထားလေသည်။

တိတ်ဆိတ်နေမှုကြီးသည် သူတို့နှစ်ယောက်မှ စ၍ အားလုံးဆီသို့ ပျံ့နှံ့သွားလေတော့သည်။

သို့သော် ကျန်းလော့မှ မကောင်းဆိုးဝါးကို အချိန်နှင့်အမျှ လျစ်လျူရှုလာချိန်တွင်တော့ သူတို့၏ မျက်နှာများသည် တဖြည်းဖြည်း ရုပ်ဆိုးလာတော့သည်။

အချိန်များ တရွေ့ရွေ့ကုန်လာပြီး မြေအောက်တိုက်ကြီးသည် တခြားသူများအတွက် အလွန်ခြောက်ခြား ကြောက်မက်ဖွယ်ရာကောင်းသော နေရာတစ်နေရာ ဖြစ်လာတော့သည်။

အသံတိတ်ရန်ပွဲသည် ကောဝူချန်တစ်ယောက် ဖုန်များသဲများဖုန်းလွှမ်းနေသော ခရီးမှ သတင်းကောင်းဖြင့် ပြန်မလာခင် ငါးရက်ကြာသည်အထိ နေ့ရက်တိုင်းသည် တိတ်ဆိတ် ခြောက်ခြားဖွယ်ရာဖြစ်နေခဲ့သည်။

"သခင် ကျွန်တော် အသက်ရှိသေးတဲ့ နဂါးသွေးကြောတစ်ခု ရှာတွေ့ခဲ့ပါပြီ"

#########

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Weiterlesen

Das wird dir gefallen

5.9K 741 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
121K 19.3K 47
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန်ကြီးရဲ့Fan boy တစ်ယောက်ဖြစ်လာပြီ) Author: 不著一字 Eng tran: Zenne ...
8.8K 700 7
Title - 禁止犯规 / Jinzhi Fangui Author (s) - 吕天逸 / Lǚ Tian Yi Status - 45 Chapters + 9 Extras