မိုးကောင်းကင်၏ မဟာအကြံအစည် (M...

By nyachanlinkar

2.5K 242 4

History's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay More

Book 28 Chapter 396
Book 28 Chapter 397
Book 28 Chapter 398
Book 28 Chapter 399
Book 29 Chapter 400
Book 29 Chapter 401
Book 29 Chapter 402
Book 29 Chapter 403
Book 29 Chapter 404
Book 29 Chapter 405
Book 29 Chapter 406
Book 29 Chapter 407
Book 29 Chapter 408
Book 29 Chapter 409
Book 29 Chapter 410
Book 29 Chapter 411
Book 29 Chapter 412
Book 29 Chapter 413
Book 30 Chapter 414
Book 30 Chapter 415
Book 30 Chapter 416
Book 30 Chapter 417
Book 30 Chapter 418
Book 30 Chapter 419
Book 30 Chapter 420
Book 30 Chapter 421
Book 30 Chapter 422
Book 30 Chapter 423
Book 30 Chapter 424
Book 30 Chapter 425
Book 30 Chapter 426
Book 30 Chapter 427
Book 30 Chapter 428
Book 31 Chapter 429
Book 31 Chapter 430
Book 31 Chapter 431
Book 31 Chapter 432
Book 31 Chapter 433
Book 31 Chapter 434
Book 31 Chapter 435
Book 31 Chapter 436
Book 31 Chapter 437
Book 31 Chapter 438
Book 31 Chapter 439
Book 31 Chapter 440
Book 31 Chapter 441
Book 31 Chapter 442
Book 32 Chapter 443
Book 32 Chapter 444
Book 32 Chapter 445
Book 32 Chapter 446
Book 32 Chapter 447
Book 32 Chapter 448
Book 32 Chapter 449
Book 32 Chapter 450
Book 32 Chapter 451
Book 32 Chapter 452
Book 32 Chapter 453
Book 32 Chapter 454
Book 32 Chapter 455
Book 32 Chapter 456
Book 33 Chapter 457
Book 33 Chapter 458
Book 33 Chapter 459

Book 33 Chapter 460

84 9 4
By nyachanlinkar

Uni

အခန်း (၄၆၀) အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်တော့မည်

ရွှီဖေးမျက်နှာထက်မှ တည်ကြည်လေးနက်မှုများပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့တိုင် သူ့မျက်ဝန်းများထဲတွင် တုန်လှုပ်ခြင်းနှင့် ချီတုံချတုံဖြစ်ခြင်းများ မတွေ့မြင်ရဘဲ ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့် ထင်ဟပ်နေ၏။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း သူ့လက်တစ်ဖက်ကိုရုတ်တရက် ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းများက ဓားတစ်လက်ပမာထက်ရှလျှက် ရွှီဖေး၏လက်မောင်းကို ထိုး‌ဖောက်လိုက်သည်။

ရှီကျွင်းလေးက ထိတ်လန့်စွာအော်ဟစ်လိုက်သော်လည်း ရွှီဖေးက နေရာတွင်ပင်တည်ငြိမ်စွာရပ်နေရင်း ရန်ကျောက်ကဲကို အေးဆေးစွာကြည့်နေသည်။ ရန်ကျောက်ကဲက ရွှီဖေး၏သွေးများကိုအသုံးပြုပြီး နက်နဲရှုတ်ထွေးသော အင်းသင်္ကေတစ်ခုကို လေထဲတွင် ဖန်တီးရေးဆွဲလိုက်သည်။

ထို့နောက် သူက ၎င်းအင်းသင်္ကေတကို စန့်ချုန်ကြေးမုံမှန်ထဲတွင် ရောင်ပြန်ဟပ်စေလိုက်၏။ သွေးနီရောင်အင်းသင်္ကေတက ချက်ချင်းပင် ကြေးမုံမှန်ဆီသို့ ရိုက်ခတ်သွားပြီး အထဲသို့ စိမ့်ဝင်သွားသည်။

"ငါ သေချာပေါက် မင်းတို့ကိုပြန်လာခေါ်မယ်"

ရန်ကျောက်ကဲက အလေးအနက်ဆိုသည်။ သူ့မျက်နှာက ခါတိုင်းနှင့်မတူညီစွာ တည်ကြည်လေးနက်လျှက်ပင်။

ရွှီဖေးက ဒဏ်ရာကိုသွေးတိတ်အောင်လုပ်လိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသောဘူးသီးခြောက်ကိုဖြုတ်ကာ သေရည်တစ်ငုံသောက်လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲကို ပြုံးပြရင်း...

"ငါတို့ မင်းကိုစောင့်နေမယ်"

ထို့နောက် အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရဖြင့် ယင်ယွီကျန်းကို မည်သို့ဆေးကုသရမည်ကို ရန်ကျောက်ကဲက ရွှီဖေးကို သင်ကြားပေးလိုက်သည်။ ထို့ပြင် သူသိရှိသည့် အခြားသောဆေးကုသခြင်း နည်းလမ်းပေါင်းစုံကိုလည်း စာရင်းပြုစုပြီး ရွှီဖေးကို ပေးလိုက်၏။

"သမုဒ္ဒရာကမ္ဘာ" သို့ရောက်ရှိပြီး အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရမရရှိလျှင်တောင်မှ အခြားသောရတနာပစ္စည်းများကိုအသုံးပြုကာ ရွှီဖေးနှင့် ရှီကျွင်းတို့အနေဖြင့် ယင်ယွီကျန်းကို ဆေးဝါးကုသပေးနိုင်မည် ဖြစ်သည်။

ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းက နောက်ဆုံးအဆင့် မတည်မငြိမ်ဖြစ်နေပြီး တဖြည်းဖြည်း ပြန်ပိတ်သွားတော့မည့်လက္ခဏာများ ပြသနေသည်။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံကိုကြည့်ရင်း...

"ကျေးဇူးပြုပြီး ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို စောင့်ရှောက်ပေးပါ"

ရွှီဖေးကလည်း...

"မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်"

ရွှီဖေးက အမတဝိညာဉ်သိုင်းဆရာသခင်တစ်ယောက် မဟုတ်သော်လည်း သူ၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအရ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့က အထင်မသေးဝံ့ဘဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။

ပိုင်ကျင်းခန်းက ခံစားချက်အပြည့်ဖြင့်...

"ငါတို့ဇနီးမောင်နှံအသက်ကိုကယ်တင်ခဲ့တဲ့ ကျေးဇူးက ဆပ်မကုန်ပါဘူး ၊ သေချာပေါက် ဒီကိစ္စကို ကူညီပါ့မယ်"

ဝမ်ပင်းက...

"ကျွန်မတို့ရဲ့စွမ်းရည်က အကန့်အသတ်ရှိပေမယ့် ဒီကိစ္စကို ကျွန်မတို့ဂိုဏ်းကိုတင်ပြပေးပါ့မယ် ၊ ကျွန်မတို့ဂိုဏ်းက သမုဒ္ဒရာကမ္ဘာက လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင်ဖြစ်လို့ တချို့ကိစ္စတွေကို ဖြေရှင်းဖို့ မခက်ခဲပါဘူး"

ဗလာနယ်အာကာသအတားအဆီးများကိုဖြတ်ကျော်ပြီး မျောလွင့်ဝိညာဉ်ကမ္ဘာသို့ရောက်ရှိလာချိန် ရန်ကျောက်ကဲတို့အုပ်စုနှင့် တွေ့ဆုံရခြင်းက တိုက်ဆိုင်မှုသက်သက်သာဖြစ်လေရာ သူတို့အနေဖြင့် အန္တရယ်တစ်စုံတစ်ရာရှိမည်ကို စိုးရိမ်ခြင်းမရှိကြပေ။

ရန်ကျောက်ကဲက သူတို့ကိုကူညီခဲ့ပြီး သူတို့နှစ်ယောက်က ရန်ကျောက်ကဲကို ပြန်လည်ကူညီကြညသ်မှာလည်း သဘာဝကျလေသည်။

ထို့ပြင် ရန်ကျောက်ကဲတွေးခဲ့သလိုပင် ဝါဒတောင်ဆိုသောအမည်ကိုကြားရချိန်၌ ရင်းနှီးမှုရှိသည်ဟု ခံစားကြရသည်။ ပြီးတော့ ရန်ကျောက်ကဲကိုယ်တိုင်ကလည်း အသက်ငယ်ငယ်နှင့် တန်ခိုးစွမ်းအားမြင့်မားလွန်းလေရာ ဤသို့သောလူမျိုးနှင့် ကံကြမ္မာအခွင့်ပေး ဆုံတွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်၏။

လူရွယ်စုံတွဲက နှုတ်ဆက်စကားဆိုလိုက်ကြသည်။

"နောက်မှ ပြန်တွေ့ကြမယ်"

ထို့နောက် သူတို့နှစ်ယောက် ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ခုန်ဝင်သွားကြလေသည်။

ရွှီဖေးက သေရည်ထည့်ထားသောဘူးသီးခြောက်ကို သိမ်းဆည်းလိုက်ပြီး အားလုံးကို လက်ဝှေ့ယမ်းနှုတ်ဆက်သည်။

"မင်းတို့အားလုံး ဂရုစိုက်ကြနော်"

ထို့နောက် သူက ရှီကျွင်းလေးကိုခေါ်ဆောင်ကာ လေထဲသို့ခုန်ဝင်လျှက် ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ထွက်ခွာသွားလေတော့သည်။

ရန်ကျောက်ကဲ နေရာတွင်ပင် မတ်တတ်ရပ်ရင်း ကမ္ဘာဖြတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသောပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ ငေးစိုက်ကြည့်နေသည်။

သိပ်မကြာမီ ကမ္ဘာဖြတ်လမ်းကြောင်းက တဖြည်းဖြည်းပုံပျက်လာသည်။ အတန်ကြာပြီးနောက် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး မည်သည့်အရာကိုမျ တွေ့မြင်ရခြင်း မရှိတော့ပေ။

ကောင်းကင်သည် မူလအတိုင်း ပုံမှန်ပြန်ဖြစ်သွားလေသည်။ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဘယ်သောအခါမှ မပွင့်ခဲ့သည့်အလား အရာအားလုံးက တည်ငြိမ်နေသည်။

ရန်ကျောက်ကဲ ၊ အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ကတော့ အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။

အတန်ကြာမှ ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...

"သွားကြစို့... ငါတို့လည်း မျောလွင့်ဝိညာဉ်ကမ္ဘာက ပြန်ဖို့အချိန်တန်ပါပြီ"

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ယင်လုန်ထူတို့ ခေါင်းညိတ်လိုက်ကြသည်။

စောစောက ကောင်းကင်ထက်တွင် ကြယ်စင်များပမာပျံ့ကျဲနေသော အလင်းတန်းများမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ သွားရာလမ်းကြောင်းနောက်သို့ သူတို့အားလုံး လိုက်ပါသွားကြသည်။

မြောက်ဘက် မိုင်ပေါင်း (၂၅၀၀) အဝေးသို့ ရန်ကျောက်ကဲတို့ ရောက်ရှိလာကြသည်။ ထိုနေရာရောက်တော့ ရန်ကျောက်ကဲက ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုနှင့် မိုးမြေအပြောင်းအလဲများကို အာရုံခံလိုက်သည်။

အချိန်အတန်ကြာ ရှာဖွေပြီးသည့်နောက် ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး သူ့လူများကို ရှေ့သို့ခေါ်လိုက်သည်။

မကြာမီ အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီတွင် အနက်ရောင်တိမ်တိုက်များ စုဝေးနေသည်ကို တွေ့မြင်ကြရသည်။ ထိုတိမ်တိုက်များအလယ်ဗဟိုတွင် အဆက်မပြတ်လှုပ်ရှားနေသော လေစီးကြောင်းများနှင့် ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်နေသည်။

အနားသို့ရောက်လာသည့်အခါ ရန်ကျောက်ကဲက သူ့လူများကိုဦးဆောင်ပြီး အနက်ရောင်တိမ်တိုက်များစုဝေးရာ ဗဟိုချက်သို့ ဝင်ရောက်လိုက်သည်။ အထဲသို့ရောက်သည်နှင့် ခေါင်းမော့ကြည့်လိုက်ရာ လှည့်ပတ်နေသောလေစီးကြောင်းများအကြား အနက်ရှိုင်းဆုံးနေရာတွင် ကွယ်ဝှက်နေသည့် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ရှိနေသည်ကိုတွေ့ရ၏။

ဤကမ္ဘာဖြတ်လမ်းကြောင်းက သူတို့နေထိုင်ရာ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ချိတ်ဆက်ထားသည်အမှန်ပင်။

ဗလာနယ်ကလှုပ်ရှားနေပြီး လှည့်ပတ်နေသည့်လေထုကြောင့် ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်က ဝေဝါးကာ ပုံပျက်လျှက်ရှိသည်။ လှည့်ပတ်နေသောလေဝဲဂယက်အလယ်ဗဟိုကိုဖြတ်သန်းကာ ကမ္ဘာဖျက်လမ်းကြောင်းဆီသို့ ဝင်ရောက်ရမည်ဖြစ်သည်။

ရန်ကျောက်ကဲက သူ၏လက်ဖဝါးတစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကိုထုတ်ဖော်ကာ ဧရာမလက်ဖဝါးကြီးတစ်ဖက် ဖန်ဆင်းလိုက်သည်။ ထို့နောက် လေဝဲဂယက်ရှိရာသို့ ဧရာမလက်ကြီးဖြင့် ထိတွေ့ပြီး ပတ်ဝန်းကျင်၏တည်ငြိမ်မှုကို အကဲဖြတ်တိုင်းတာသည်။

"အဆင်ပြေတယ် ၊ ဒီကမ္ဘာဖြတ်လမ်းကြောင်းက အချိန်အတိုင်းအတာတစ်ခုအထိ ပြန်ပိတ်မှာမဟုတ်သေးဘူး"

အတန်ကြာမှ သူက ခေါင်းတစ်ချက်ညိတ်ရင်း...

"ဒါပေမဲ့ အချိန်အရမ်းကြာသွားရင်တော့ စိုးရိမ်ရတယ် ၊ ငါတို့ အမြန်ပြန်မှဖြစ်မယ်"

ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်တစ်ဝိုက်မှ လေထုအပြောင်းအလဲများကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလျှက် အခြေအနေကို နားလည်သဘောပေါက်ပြီးနောက် ဤနေရာကို နောက်ထပ်ရှာမတွေ့မည်ကို စိုးရိမ်စရာမရှိတော့ပေ။

ထို့နောက် ရန်ကျောက်ကဲ သူ့လူများကိုခေါ်ဆောင်ကာ အနက်‌ရောင်တိမ်တိုက်များအတွင်းမှ ပြန်ထွက်လာခဲ့ပြီး နှင်းကျောက်စိမ်းတောင်တန်းတည်ရှိရာ အနောက်ဒေသသို့ ပြန်ခဲ့ကြသည်။

ရန်ကျောက်ကဲက စူးယွင်ကိုတွေ့တော့ သက်ပြင်းတစ်ချက်ချရင်း...

"ဒေါ်လေး'ယွင်'... သိပ်မကြာခင် ကျွန်တော်တို့ ပြန်ရတော့မယ်"

ရန်ကျောက်ကဲနှင့် ခွဲခွာရတော့မည်ဆိုတော့ စူးယွင် ဝမ်းမနည်းဘဲ မနေနိုင်ပေ။

"သခင်လေး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့ ၊ သခင်ကြီးနဲ့တွေ့ရင်လည်း ကျွန်မကိုယ်စားနှုတ်ဆက်စကားဆိုပေးပါနော်"

သူမက ဆို့နင့်စွာပင် ဆက်လက်စကားဆိုသည်။

"တကယ်လို့... တကယ်လို့... သခင်မလေးနဲ့ ပြန်ဆုံခဲ့ရင် ကျွန်မ စကားတစ်ခွန်းပါးလိုက်ချင်ပါတယ် ၊ အခွင့်သာမယ်ဆိုရင် ဒီမျောလွင့်ဝိညာဉ်ကမ္ဘာက ကျွန်မဆီကို လာလည်ပါဦးလို့ ၊ ကျွန်မ သူ့ကို အရမ်းသတိရနေတာပါ"

ရန်ကျောက်ကဲက...

"ဒေါ်လေး'ယွင်' စိတ်ချပါ ၊ အရင်တစ်ခေါက် အမေ မျောလွင့်ဝိညာဉ်ကမ္ဘာကိုပြန်လာတော့ ဒေါ်လေး'ယွင်' ကို မဆက်သွယ်ခဲ့တာက ဒေါ်လေး'ယွင်' ကို ပြဿနာမဖြစ်စေချင်လို့ ဖြစ်ပါလိမ့်မယ် ၊ အခြေအနေပေးရင် သူလည်း သေချာပေါက် ဒေါ်လေး'ယွင်' နဲ့ တွေ့ချင်နေမှာပါ"

စူးယွင်က အနည်းငယ် စိုးရိမ်ပူပန်ဟန်ဖြင့်...

"ဒါကြောင့်လည်း ကျွန်မ သူ့အတွက် စိုးရိမ်နေရတာပေါ့ ၊ သခင်မလေး ဘေးအန္တရယ်ကင်းပြီး စိတ်ချမ်းသာနေစေဖို့ မျှော်လင့်ပါတယ်လေ..."

ရန်ကျောက်ကဲက သူမကိုစကားအနည်းငယ်ပြောဆိုနှစ်သိမ့်လိုက်သည်။ ထို့နောက် သူမ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် သမုဒ္ဒရာကမ္ဘာအကြောင်းကိုလည်း အတိုချုံး ရှင်းပြလိုက်၏။

မျောလွင့်ဝိညာဉ်ကမ္ဘာက အလုံပိတ်ကမ္ဘာတစ်ခု ဖြစ်သော်လည်း သမုဒ္ဒရာကမ္ဘာနှင့်ချိတ်ဆက်နိုင်သည့် တည်ငြိမ်သော ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ပွင့်လာပါက ဤနေရာတွင်နေထိုင်သူများအပေါ် များစွာသက်ရောက်မှု ရှိနိုင်သည်။ ဤအချက်က မျောလွင့်ဝိညာဉ်ကမ္ဘာအတွက် ကောင်းသည့်အချက် မဟုတ်နိုင်ပေ။

မကြာမီအချိန်အတွင်း...

နဂါးစိမ်းတောင်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်း ၊ သွေးနီတိမ်တိုက်ဂိုဏ်းနှင့် မီးတောက်ဂိုဏ်းမှလူအများက အနောက်ဒေသသို့ တစ်ဖန်ရောက်ရှိလာကြပြန်သည်။ ယခုတစ်ကြိမ် သူတို့ရောက်ရှိလာသည်က ရန်ကျောက်ကဲထံသို့ မဟာဝိညာဉ်ကျောက်တုံးအနှစ်သာရများ ပေးပို့ရန် ဖြစ်၏။

ရန်ကျောက်ကဲ ကြေးမုံမှန်တစ်ခြမ်းကိုရှာဖွေရန် ဟော်ချင်းတောင်တန်းသို့ ခရီးထွက်စဉ်က မိုးကြိုးဂိုဏ်းကို နယ်မြေရှင်းလင်းခိုင်းထားသဖြင့် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို မည်သူမှ သိရှိခဲ့ခြင်း မရှိကြပေ။ သို့သော် ထိုဒေသပတ်ဝန်းကျင် မိုးမြေတစ်ခွင်တွင် တုန်လှုပ်ချောက်ခြားစေသော စွမ်းအားအတက်အကျများဖြစ်ပွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း အနီးအနားမှ ကျင့်ကြံသူများ အာရုံခံနိုင်ခဲ့ကြသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းကျင့်ကြံသူများက ထိုအကြောင်းနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ တစ်စုံတစ်ခု ပြောဆိုလေမည်လားဟု မျှော်လင့်လျှက် မှန်းဆချက်များစွာ ပြုလုပ်ခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲက ဘာမှမဖြစ်သလို မသိချင်ယောင်ဆောင်နေသဖြင့် သူတို့အားလုံး ကူရာကယ်ရာမဲ့လျှက် ဘာမှမတတ်နိုင်ခဲ့ကြ‌ေ၌.

အချို့ကတော့ ရွှီဖေးပျောက်နေသည်ကို ရိပ်မိကြသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရဲခြင်း မရှိကြပေ။

အချို့ကတော့ တိုက်ပွဲကြီးတွင် ရန်ကျောက်ကဲတို့အုပ်စု ဆုတ်ယုတ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခန့်မှန်းကြသည်။ သို့သော် ရန်ကျောက်ကဲပုံစံက တစ်စုံတစ်ရာထူးခြားခြင်းမရှိဘဲ ပုံမှန်အတိုင်းရှိနေလေရာ သူ့ကို အတင့်ရဲစွာ နှောက်ယှက်ရဲခြင်း မရှိကြပေ။

သူတို့ဆက်ပြီးစပ်စုနေကြလျှင် စိတ်ခံစားချက်အတိုင်းလုပ်တတ်သည့် သူတို့ရှေ့မှ မိစ္ဆာဘုရင်ကြီး'ရန်ကျောက်ကဲ' ဒေါသထွက်သွားမည်ကိုလည်း စိုးရွံ့ကြရသည်။

အကယ်၍ ဤမိစ္ဆာဘုရင်ကြီးသာ ဒေါသပေါက်ကွဲပါက မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းဂိုဏ်းများအားလုံး အချိန်မရွေး ကြမ္မာဆိုးနှင့် ရင်ဆိုင်ရနိုင်သည် မဟုတ်ပါလား။

Zawgyi

အခန္း (၄၆၀) အစြန္းေရာက္ရွစ္ပါးကမာၻသို႔ျပန္ေတာ့မည္႐ႊီေဖးမ်က္ႏွာထက္မွ တည္ၾကည္ေလးနက္မႈမ်ားေပ်ာက္ကြယ္သြားၿပီး ပုံမွန္အတိုင္း ျပန္ျဖစ္သြားသည္။ သို႔တိုင္ သူ႔မ်က္ဝန္းမ်ားထဲတြင္ တုန္လႈပ္ျခင္းႏွင့္ ခ်ီတုံခ်တုံျဖစ္ျခင္းမ်ား မေတြ႕ျမင္ရဘဲ ဆုံးျဖတ္ခ်က္ခိုင္မာမႈအျပည့္ ထင္ဟပ္ေန၏။ရန္ေက်ာက္ကဲ ပင့္သက္တစ္ခ်က္ရႈိက္ရင္း သူ႔လက္တစ္ဖက္ကို႐ုတ္တရက္ ဆန႔္ထုတ္လိုက္သည္။ သူ႔လက္ေခ်ာင္းမ်ားက ဓားတစ္လက္ပမာထက္ရွလွ်က္ ႐ႊီေဖး၏လက္ေမာင္းကို ထိုး‌ေဖာက္လိုက္သည္။ရွီကြၽင္းေလးက ထိတ္လန႔္စြာေအာ္ဟစ္လိုက္ေသာ္လည္း ႐ႊီေဖးက ေနရာတြင္ပင္တည္ၿငိမ္စြာရပ္ေနရင္း ရန္ေက်ာက္ကဲကို ေအးေဆးစြာၾကည့္ေနသည္။ ရန္ေက်ာက္ကဲက ႐ႊီေဖး၏ေသြးမ်ားကိုအသုံးျပဳၿပီး နက္နဲရႈတ္ေထြးေသာ အင္းသေကၤတစ္ခုကို ေလထဲတြင္ ဖန္တီးေရးဆြဲလိုက္သည္။ထို႔ေနာက္ သူက ၎အင္းသေကၤတကို စန႔္ခ်ဳန္ေၾကးမုံမွန္ထဲတြင္ ေရာင္ျပန္ဟပ္ေစလိုက္၏။ ေသြးနီေရာင္အင္းသေကၤတက ခ်က္ခ်င္းပင္ ေၾကးမုံမွန္ဆီသို႔ ႐ိုက္ခတ္သြားၿပီး အထဲသို႔ စိမ့္ဝင္သြားသည္။"ငါ ေသခ်ာေပါက္ မင္းတို႔ကိုျပန္လာေခၚမယ္"ရန္ေက်ာက္ကဲက အေလးအနက္ဆိုသည္။ သူ႔မ်က္ႏွာက ခါတိုင္းႏွင့္မတူညီစြာ တည္ၾကည္ေလးနက္လွ်က္ပင္။႐ႊီေဖးက ဒဏ္ရာကိုေသြးတိတ္ေအာင္လုပ္လိုက္ၿပီး ခါးတြင္ခ်ိတ္ဆြဲထားေသာဘူးသီးေျခာက္ကိုျဖဳတ္ကာ ေသရည္တစ္ငုံေသာက္လိုက္သည္။ထို႔ေနာက္ ရန္ေက်ာက္ကဲကို ၿပဳံးျပရင္း..."ငါတို႔ မင္းကိုေစာင့္ေနမယ္"ထို႔ေနာက္ အ႐ုဏ္ဦးသက္တံ့ေက်ာက္စိမ္းအႏွစ္သာရျဖင့္ ယင္ယြီက်န္းကို မည္သို႔ေဆးကုသရမည္ကို ရန္ေက်ာက္ကဲက ႐ႊီေဖးကို သင္ၾကားေပးလိုက္သည္။ ထို႔ျပင္ သူသိရွိသည့္ အျခားေသာေဆးကုသျခင္း နည္းလမ္းေပါင္းစုံကိုလည္း စာရင္းျပဳစုၿပီး ႐ႊီေဖးကို ေပးလိုက္၏။"သမုဒၵရာကမာၻ" သို႔ေရာက္ရွိၿပီး အ႐ုဏ္ဦးသက္တံ့ေက်ာက္စိမ္းအႏွစ္သာရမရရွိလွ်င္ေတာင္မွ အျခားေသာရတနာပစၥည္းမ်ားကိုအသုံးျပဳကာ ႐ႊီေဖးႏွင့္ ရွီကြၽင္းတို႔အေနျဖင့္ ယင္ယြီက်န္းကို ေဆးဝါးကုသေပးႏိုင္မည္ ျဖစ္သည္။ေကာင္းကင္ထက္မွ ကမာၻျဖတ္လမ္းေၾကာင္းက ေနာက္ဆုံးအဆင့္ မတည္မၿငိမ္ျဖစ္ေနၿပီး တျဖည္းျဖည္း ျပန္ပိတ္သြားေတာ့မည့္လကၡဏာမ်ား ျပသေနသည္။ရန္ေက်ာက္ကဲက ပိုင္က်င္းခန္းတို႔ ဇနီးေမာင္ႏွံကိုၾကည့္ရင္း..."ေက်းဇူးျပဳၿပီး ငါ့ရဲ႕ ဂိုဏ္းတူအစ္ကိုႀကီးကို ေစာင့္ေရွာက္ေပးပါ"႐ႊီေဖးကလည္း..."မင္းတို႔ကိုပဲ ဒုကၡေပးရေတာ့မယ္"႐ႊီေဖးက အမတဝိညာဥ္သိုင္းဆရာသခင္တစ္ေယာက္ မဟုတ္ေသာ္လည္း သူ၏ အသက္အ႐ြယ္ႏွင့္ က်င့္ႀကံျခင္းအရ ပိုင္က်င္းခန္းႏွင့္ ဝမ္ပင္းတို႔က အထင္မေသးဝံ့ဘဲ ခ်က္ခ်င္းပင္ ေခါင္းညိတ္လိုက္ၾကသည္။ပိုင္က်င္းခန္းက ခံစားခ်က္အျပည့္ျဖင့္..."ငါတို႔ဇနီးေမာင္ႏွံအသက္ကိုကယ္တင္ခဲ့တဲ့ ေက်းဇူးက ဆပ္မကုန္ပါဘူး ၊ ေသခ်ာေပါက္ ဒီကိစၥကို ကူညီပါ့မယ္"ဝမ္ပင္းက..."ကြၽန္မတို႔ရဲ႕စြမ္းရည္က အကန႔္အသတ္ရွိေပမယ့္ ဒီကိစၥကို ကြၽန္မတို႔ဂိုဏ္းကိုတင္ျပေပးပါ့မယ္ ၊ ကြၽန္မတို႔ဂိုဏ္းက သမုဒၵရာကမာၻက လမ္းမွန္ဂိုဏ္း (၇)ဂိုဏ္းမွာ တစ္ဂိုဏ္းအပါအဝင္ျဖစ္လို႔ တခ်ိဳ႕ကိစၥေတြကို ေျဖရွင္းဖို႔ မခက္ခဲပါဘူး"ဗလာနယ္အာကာသအတားအဆီးမ်ားကိုျဖတ္ေက်ာ္ၿပီး ေမ်ာလြင့္ဝိညာဥ္ကမာၻသို႔ေရာက္ရွိလာခ်ိန္ ရန္ေက်ာက္ကဲတို႔အုပ္စုႏွင့္ ေတြ႕ဆုံရျခင္းက တိုက္ဆိုင္မႈသက္သက္သာျဖစ္ေလရာ သူတို႔အေနျဖင့္ အႏၲရယ္တစ္စုံတစ္ရာရွိမည္ကို စိုးရိမ္ျခင္းမရွိၾကေပ။ရန္ေက်ာက္ကဲက သူတို႔ကိုကူညီခဲ့ၿပီး သူတို႔ႏွစ္ေယာက္က ရန္ေက်ာက္ကဲကို ျပန္လည္ကူညီၾကညသ္မွာလည္း သဘာဝက်ေလသည္။ထို႔ျပင္ ရန္ေက်ာက္ကဲေတြးခဲ့သလိုပင္ ဝါဒေတာင္ဆိုေသာအမည္ကိုၾကားရခ်ိန္၌ ရင္းႏွီးမႈရွိသည္ဟု ခံစားၾကရသည္။ ၿပီးေတာ့ ရန္ေက်ာက္ကဲကိုယ္တိုင္ကလည္း အသက္ငယ္ငယ္ႏွင့္ တန္ခိုးစြမ္းအားျမင့္မားလြန္းေလရာ ဤသို႔ေသာလူမ်ိဳးႏွင့္ ကံၾကမၼာအခြင့္ေပး ဆုံေတြ႕ရသည္မွာ ဝမ္းေျမာက္ဖြယ္ရာ ကိစၥတစ္ခုပင္ ျဖစ္၏။လူ႐ြယ္စုံတြဲက ႏႈတ္ဆက္စကားဆိုလိုက္ၾကသည္။"ေနာက္မွ ျပန္ေတြ႕ၾကမယ္"ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ ေကာင္းကင္ထက္မွ ကမာၻျဖတ္လမ္းေၾကာင္းဆီသို႔ ခုန္ဝင္သြားၾကေလသည္။႐ႊီေဖးက ေသရည္ထည့္ထားေသာဘူးသီးေျခာက္ကို သိမ္းဆည္းလိုက္ၿပီး အားလုံးကို လက္ေဝွ႔ယမ္းႏႈတ္ဆက္သည္။"မင္းတို႔အားလုံး ဂ႐ုစိုက္ၾကေနာ္"ထို႔ေနာက္ သူက ရွီကြၽင္းေလးကိုေခၚေဆာင္ကာ ေလထဲသို႔ခုန္ဝင္လွ်က္ ကမာၻျဖတ္လမ္းေၾကာင္းဆီသို႔ ထြက္ခြာသြားေလေတာ့သည္။ရန္ေက်ာက္ကဲ ေနရာတြင္ပင္ မတ္တတ္ရပ္ရင္း ကမာၻျဖတ္လမ္းေၾကာင္းထဲသို႔ ဝင္ေရာက္သြားေသာပုံရိပ္မ်ား ေပ်ာက္ကြယ္သြားသည္အထိ ေငးစိုက္ၾကည့္ေနသည္။သိပ္မၾကာမီ ကမာၻျဖတ္လမ္းေၾကာင္းက တျဖည္းျဖည္းပုံပ်က္လာသည္။ အတန္ၾကာၿပီးေနာက္ ေကာင္းကင္ထက္မွ ေပ်ာက္ကြယ္သြားၿပီး မည္သည့္အရာကိုမ် ေတြ႕ျမင္ရျခင္း မရွိေတာ့ေပ။ေကာင္းကင္သည္ မူလအတိုင္း ပုံမွန္ျပန္ျဖစ္သြားေလသည္။ ကမာၻျဖတ္လမ္းေၾကာင္းတစ္ခု ဘယ္ေသာအခါမွ မပြင့္ခဲ့သည့္အလား အရာအားလုံးက တည္ၿငိမ္ေနသည္။ရန္ေက်ာက္ကဲ ၊ အားဟူ ၊ ဖန္းယြင္ရွန္းႏွင့္ ယင္လုန္ထူတို႔ကေတာ့ အခ်ိန္အတန္ၾကာေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၾကသည္။အတန္ၾကာမွ ရန္ေက်ာက္ကဲက သက္ျပင္းရွည္တစ္ခ်က္ခ်ရင္း..."သြားၾကစို႔... ငါတို႔လည္း ေမ်ာလြင့္ဝိညာဥ္ကမာၻက ျပန္ဖို႔အခ်ိန္တန္ပါၿပီ"ဖန္းယြင္ရွန္း ၊ အားဟူႏွင့္ ယင္လုန္ထူတို႔ ေခါင္းညိတ္လိုက္ၾကသည္။ေစာေစာက ေကာင္းကင္ထက္တြင္ ၾကယ္စင္မ်ားပမာပ်ံ႕က်ဲေနေသာ အလင္းတန္းမ်ားမွတစ္ဆင့္ အစြန္းေရာက္ရွစ္ပါးကမာၻသို႔ သြားရာလမ္းေၾကာင္းေနာက္သို႔ သူတို႔အားလုံး လိုက္ပါသြားၾကသည္။ေျမာက္ဘက္ မိုင္ေပါင္း (၂၅၀၀) အေဝးသို႔ ရန္ေက်ာက္ကဲတို႔ ေရာက္ရွိလာၾကသည္။ ထိုေနရာေရာက္ေတာ့ ရန္ေက်ာက္ကဲက ပတ္ဝန္းက်င္မွ ဝိညာဥ္စြမ္းအားစီးဆင္းမႈႏွင့္ မိုးေျမအေျပာင္းအလဲမ်ားကို အာ႐ုံခံလိုက္သည္။အခ်ိန္အတန္ၾကာ ရွာေဖြၿပီးသည့္ေနာက္ ရန္ေက်ာက္ကဲမ်က္ဝန္းမ်ား လက္ခနဲေတာက္ပသြားၿပီး သူ႔လူမ်ားကို ေရွ႕သို႔ေခၚလိုက္သည္။မၾကာမီ အေဝးတစ္ေနရာရွိ မိုးကုတ္စက္ဝိုင္းဆီတြင္ အနက္ေရာင္တိမ္တိုက္မ်ား စုေဝးေနသည္ကို ေတြ႕ျမင္ၾကရသည္။ ထိုတိမ္တိုက္မ်ားအလယ္ဗဟိုတြင္ အဆက္မျပတ္လႈပ္ရွားေနေသာ ေလစီးေၾကာင္းမ်ားႏွင့္ ဝဲဂယက္ႀကီးတစ္ခု ျဖစ္တည္ေနသည္။အနားသို႔ေရာက္လာသည့္အခါ ရန္ေက်ာက္ကဲက သူ႔လူမ်ားကိုဦးေဆာင္ၿပီး အနက္ေရာင္တိမ္တိုက္မ်ားစုေဝးရာ ဗဟိုခ်က္သို႔ ဝင္ေရာက္လိုက္သည္။ အထဲသို႔ေရာက္သည္ႏွင့္ ေခါင္းေမာ့ၾကည့္လိုက္ရာ လွည့္ပတ္ေနေသာေလစီးေၾကာင္းမ်ားအၾကား အနက္ရႈိင္းဆုံးေနရာတြင္ ကြယ္ဝွက္ေနသည့္ ကမာၻျဖတ္လမ္းေၾကာင္းတစ္ခု ရွိေနသည္ကိုေတြ႕ရ၏။ဤကမာၻျဖတ္လမ္းေၾကာင္းက သူတို႔ေနထိုင္ရာ အစြန္းေရာက္ရွစ္ပါးကမာၻႏွင့္ ခ်ိတ္ဆက္ထားသည္အမွန္ပင္။ဗလာနယ္ကလႈပ္ရွားေနၿပီး လွည့္ပတ္ေနသည့္ေလထုေၾကာင့္ ကမာၻျဖတ္လမ္းေၾကာင္းဝင္ေပါက္က ေဝဝါးကာ ပုံပ်က္လွ်က္ရွိသည္။ လွည့္ပတ္ေနေသာေလဝဲဂယက္အလယ္ဗဟိုကိုျဖတ္သန္းကာ ကမာၻဖ်က္လမ္းေၾကာင္းဆီသို႔ ဝင္ေရာက္ရမည္ျဖစ္သည္။ရန္ေက်ာက္ကဲက သူ၏လက္ဖဝါးတစ္ဖက္ကိုဆန႔္ထုတ္လိုက္ၿပီး ၾကယ္တာရာခ်ီစြမ္းအားအႏွစ္သာရကိုထုတ္ေဖာ္ကာ ဧရာမလက္ဖဝါးႀကီးတစ္ဖက္ ဖန္ဆင္းလိုက္သည္။ ထို႔ေနာက္ ေလဝဲဂယက္ရွိရာသို႔ ဧရာမလက္ႀကီးျဖင့္ ထိေတြ႕ၿပီး ပတ္ဝန္းက်င္၏တည္ၿငိမ္မႈကို အကဲျဖတ္တိုင္းတာသည္။"အဆင္ေျပတယ္ ၊ ဒီကမာၻျဖတ္လမ္းေၾကာင္းက အခ်ိန္အတိုင္းအတာတစ္ခုအထိ ျပန္ပိတ္မွာမဟုတ္ေသးဘူး"အတန္ၾကာမွ သူက ေခါင္းတစ္ခ်က္ညိတ္ရင္း..."ဒါေပမဲ့ အခ်ိန္အရမ္းၾကာသြားရင္ေတာ့ စိုးရိမ္ရတယ္ ၊ ငါတို႔ အျမန္ျပန္မွျဖစ္မယ္"ကမာၻျဖတ္လမ္းေၾကာင္းဝင္ေပါက္တစ္ဝိုက္မွ ေလထုအေျပာင္းအလဲမ်ားကို ဂ႐ုတစိုက္ ခြဲျခမ္းစိတ္ျဖာလွ်က္ အေျခအေနကို နားလည္သေဘာေပါက္ၿပီးေနာက္ ဤေနရာကို ေနာက္ထပ္ရွာမေတြ႕မည္ကို စိုးရိမ္စရာမရွိေတာ့ေပ။ထို႔ေနာက္ ရန္ေက်ာက္ကဲ သူ႔လူမ်ားကိုေခၚေဆာင္ကာ အနက္‌ေရာင္တိမ္တိုက္မ်ားအတြင္းမွ ျပန္ထြက္လာခဲ့ၿပီး ႏွင္းေက်ာက္စိမ္းေတာင္တန္းတည္ရွိရာ အေနာက္ေဒသသို႔ ျပန္ခဲ့ၾကသည္။ရန္ေက်ာက္ကဲက စူးယြင္ကိုေတြ႕ေတာ့ သက္ျပင္းတစ္ခ်က္ခ်ရင္း..."ေဒၚေလး'ယြင္'... သိပ္မၾကာခင္ ကြၽန္ေတာ္တို႔ ျပန္ရေတာ့မယ္"ရန္ေက်ာက္ကဲႏွင့္ ခြဲခြာရေတာ့မည္ဆိုေတာ့ စူးယြင္ ဝမ္းမနည္းဘဲ မေနႏိုင္ေပ။"သခင္ေလး... ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔ မေမ့ပါနဲ႔ ၊ သခင္ႀကီးနဲ႔ေတြ႕ရင္လည္း ကြၽန္မကိုယ္စားႏႈတ္ဆက္စကားဆိုေပးပါေနာ္"သူမက ဆို႔နင့္စြာပင္ ဆက္လက္စကားဆိုသည္။"တကယ္လို႔... တကယ္လို႔... သခင္မေလးနဲ႔ ျပန္ဆုံခဲ့ရင္ ကြၽန္မ စကားတစ္ခြန္းပါးလိုက္ခ်င္ပါတယ္ ၊ အခြင့္သာမယ္ဆိုရင္ ဒီေမ်ာလြင့္ဝိညာဥ္ကမာၻက ကြၽန္မဆီကို လာလည္ပါဦးလို႔ ၊ ကြၽန္မ သူ႔ကို အရမ္းသတိရေနတာပါ"ရန္ေက်ာက္ကဲက..."ေဒၚေလး'ယြင္' စိတ္ခ်ပါ ၊ အရင္တစ္ေခါက္ အေမ ေမ်ာလြင့္ဝိညာဥ္ကမာၻကိုျပန္လာေတာ့ ေဒၚေလး'ယြင္' ကို မဆက္သြယ္ခဲ့တာက ေဒၚေလး'ယြင္' ကို ျပႆနာမျဖစ္ေစခ်င္လို႔ ျဖစ္ပါလိမ့္မယ္ ၊ အေျခအေနေပးရင္ သူလည္း ေသခ်ာေပါက္ ေဒၚေလး'ယြင္' နဲ႔ ေတြ႕ခ်င္ေနမွာပါ"စူးယြင္က အနည္းငယ္ စိုးရိမ္ပူပန္ဟန္ျဖင့္..."ဒါေၾကာင့္လည္း ကြၽန္မ သူ႔အတြက္ စိုးရိမ္ေနရတာေပါ့ ၊ သခင္မေလး ေဘးအႏၲရယ္ကင္းၿပီး စိတ္ခ်မ္းသာေနေစဖို႔ ေမွ်ာ္လင့္ပါတယ္ေလ..."ရန္ေက်ာက္ကဲက သူမကိုစကားအနည္းငယ္ေျပာဆိုႏွစ္သိမ့္လိုက္သည္။ ထို႔ေနာက္ သူမ စိတ္ပိုင္းဆိုင္ရာျပင္ဆင္မႈမ်ား ျပဳလုပ္ႏိုင္ရန္ သမုဒၵရာကမာၻအေၾကာင္းကိုလည္း အတိုခ်ဳံး ရွင္းျပလိုက္၏။ေမ်ာလြင့္ဝိညာဥ္ကမာၻက အလုံပိတ္ကမာၻတစ္ခု ျဖစ္ေသာ္လည္း သမုဒၵရာကမာၻႏွင့္ခ်ိတ္ဆက္ႏိုင္သည့္ တည္ၿငိမ္ေသာ ကမာၻျဖတ္လမ္းေၾကာင္းတစ္ခု ပြင့္လာပါက ဤေနရာတြင္ေနထိုင္သူမ်ားအေပၚ မ်ားစြာသက္ေရာက္မႈ ရွိႏိုင္သည္။ ဤအခ်က္က ေမ်ာလြင့္ဝိညာဥ္ကမာၻအတြက္ ေကာင္းသည့္အခ်က္ မဟုတ္ႏိုင္ေပ။မၾကာမီအခ်ိန္အတြင္း...နဂါးစိမ္းေတာင္ဂိုဏ္း ၊ မိုးႀကိဳးဂိုဏ္း ၊ ေသြးနီတိမ္တိုက္ဂိုဏ္းႏွင့္ မီးေတာက္ဂိုဏ္းမွလူအမ်ားက အေနာက္ေဒသသို႔ တစ္ဖန္ေရာက္ရွိလာၾကျပန္သည္။ ယခုတစ္ႀကိမ္ သူတို႔ေရာက္ရွိလာသည္က ရန္ေက်ာက္ကဲထံသို႔ မဟာဝိညာဥ္ေက်ာက္တုံးအႏွစ္သာရမ်ား ေပးပို႔ရန္ ျဖစ္၏။ရန္ေက်ာက္ကဲ ေၾကးမုံမွန္တစ္ျခမ္းကိုရွာေဖြရန္ ေဟာ္ခ်င္းေတာင္တန္းသို႔ ခရီးထြက္စဥ္က မိုးႀကိဳးဂိုဏ္းကို နယ္ေျမရွင္းလင္းခိုင္းထားသျဖင့္ ထိုေနရာတြင္ ျဖစ္ပ်က္ခဲ့ေသာအျဖစ္အပ်က္မ်ားကို မည္သူမွ သိရွိခဲ့ျခင္း မရွိၾကေပ။ သို႔ေသာ္ ထိုေဒသပတ္ဝန္းက်င္ မိုးေျမတစ္ခြင္တြင္ တုန္လႈပ္ေခ်ာက္ျခားေစေသာ စြမ္းအားအတက္အက်မ်ားျဖစ္ပြားခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ တိုက္ပြဲႀကီးတစ္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း အနီးအနားမွ က်င့္ႀကံသူမ်ား အာ႐ုံခံႏိုင္ခဲ့ၾကသည္။ေမ်ာလြင့္ဝိညာဥ္ကမာၻမွ သိုင္းက်င့္ႀကံသူမ်ားက ထိုအေၾကာင္းႏွင့္ပတ္သက္ၿပီး ရန္ေက်ာက္ကဲ တစ္စုံတစ္ခု ေျပာဆိုေလမည္လားဟု ေမွ်ာ္လင့္လွ်က္ မွန္းဆခ်က္မ်ားစြာ ျပဳလုပ္ခဲ့ၾကသည္။သို႔ေသာ္ ရန္ေက်ာက္ကဲက ဘာမွမျဖစ္သလို မသိခ်င္ေယာင္ေဆာင္ေနသျဖင့္ သူတို႔အားလုံး ကူရာကယ္ရာမဲ့လွ်က္ ဘာမွမတတ္ႏိုင္ခဲ့ၾက‌ေ၌.အခ်ိဳ႕ကေတာ့ ႐ႊီေဖးေပ်ာက္ေနသည္ကို ရိပ္မိၾကေသာ္လည္း ထိုကိစၥႏွင့္ပတ္သက္ၿပီး ေမးျမန္းရဲျခင္း မရွိၾကေပ။အခ်ိဳ႕ကေတာ့ တိုက္ပြဲႀကီးတြင္ ရန္ေက်ာက္ကဲတို႔အုပ္စု ဆုတ္ယုတ္မႈတစ္ခုႏွင့္ ႀကဳံေတြ႕ခဲ့ရသည္ဟု ခန႔္မွန္းၾကသည္။ သို႔ေသာ္ ရန္ေက်ာက္ကဲပုံစံက တစ္စုံတစ္ရာထူးျခားျခင္းမရွိဘဲ ပုံမွန္အတိုင္းရွိေနေလရာ သူ႔ကို အတင့္ရဲစြာ ေႏွာက္ယွက္ရဲျခင္း မရွိၾကေပ။သူတို႔ဆက္ၿပီးစပ္စုေနၾကလွ်င္ စိတ္ခံစားခ်က္အတိုင္းလုပ္တတ္သည့္ သူတို႔ေရွ႕မွ မိစာၦဘုရင္ႀကီး'ရန္ေက်ာက္ကဲ' ေဒါသထြက္သြားမည္ကိုလည္း စိုး႐ြံ႕ၾကရသည္။အကယ္၍ ဤမိစာၦဘုရင္ႀကီးသာ ေဒါသေပါက္ကြဲပါက ေမ်ာလြင့္ဝိညာဥ္ကမာၻမွ သိုင္းဂိုဏ္းမ်ားအားလုံး အခ်ိန္မေ႐ြး ၾကမၼာဆိုးႏွင့္ ရင္ဆိုင္ရႏိုင္သည္ မဟုတ္ပါလား။

Continue Reading

You'll Also Like

101K 14K 104
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
32.2K 5.2K 51
ဘာသာပြန်သူ - စွဲညို့အသင်း
1.2M 62.1K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
7.2K 1.3K 41
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...