အပိုင်း (၃၈၁) ဒီငကြွားကိုယ်လူချောကတော့ သေတော့မှာပဲ
“ဟုတ်တယ်၊ အဲလိုလုပ်ရမယ်”
ကျန်ကစားသမားများသည်လည်း အမှန်တကယ် အလေးအနက်ထားဟန် ပေါ်နေ၏။
ကြီးမြတ်လှတဲ့သခင်လေးနဲ့ နည်းဗျူဟာအကြောင်း ပြောနေတယ်ဟုတ်လား။
ငါလေး ဒီစကားကိုကြားပြီး ဘာလို့ အဲလောက်အော်ရယ်ချင်သွားမှန်းမသိဘူး။
သူမသည် ရယ်လိုက်ရာ လေးယောက်လုံးက သူမကို ချက်ချင်း ကြည့်လိုက်ပြီး “ ဒီလောက်အရေးကြီးတဲ့ကိစ္စကို မင်းက ဘာလို့ရယ်နေတာလဲ၊ ငါတို့တွေက ဒီမှာ ငါတို့ရဲ့ ယောကျ်ားသိက္ခာနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာလေ” ဟု ပြောနေသည့်နှယ်။
ထိုမျက်လုံးများနှင့် ကြည့်ခံလိုက်ရသည်တွင် ဖူကျို့သည် ကိုယ့်ဟာကို ထိန်းထားချင်သော်ငြား မတတ်နိုင်ဘဲ ဖြစ်နေတော့သည်။
ဒီကလေးတွေ ဘယ်လောက်ရယ်ရလဲဆိုတာ ဘုရားသခင်ပဲ သိမှာပဲ။
သူမသည် မျက်နှာကို စောင့်ငဲ့လိုက်ပြီး သူမ၏မျက်နှာများ တုန်ခါသွားသည်အထိ အော်ရယ်လိုက်ကာ ကြီးမြတ်လှသည့်သခင်းလေး၏ကျောနောက်တွင် ပုန်းကွယ်နေလေသည်။
ချင်မော့သည် သူ့စကေးများကို ရွေးနေစဥ် သူ့လည်ကုပ်နောက်တွင် ရှူထုတ်လိုက်သောလေက လာရိုက်နေသည်ကို ခံစားလိုက်ရ၏။ သူလက်ချောင်းများသည် ရုတ်ခြည်းဆိုသလို ရပ်တန့်သွားတော့သည်။
“ ကိုလူချော သွားကြစို့”
ကောင်လေး၏ခန္ဓာကိုယ်သည် သူ့ဂိမ်းဇာတ်ကောင်အတိုင်း လိုက်လှုပ်ရှားနေ၏။
သူကိုယ်သူ ကားပြိုင်တဲ့ဂိမ်းကစားတယ်များ ထင်နေတာလား။
“ အိုက်ယိုး -ျီး၊ ငါတို့ ရိုက်မိတော့မလို့”
ဖူကျို့သည် ဘေးမှကြည့်နေရင်း ကောင်လေးသည် ကြီးမြတ်လှသည့်သခင်လေးက ထိုလှုပ်ရှားမှုမျိုးကြောင့် လွယ်လွယ် အရိုက်ခံရတော့မည့်လူလို စဥ်းစားနေပုံကို သဘောကျနေတော့သည်။
သို့သော် ကြီးမြတ်လှသည့်သခင်လေးက မလှုပ်မယှက်ဖြစ်နေသည်ကို သိသွားပြီးနောက် သူမသည် ခေါင်းမော့ကာ သူ့အခြေအနေကို ဆန်းစစ်ချင်မိသွားတော့သည်။
သူမသည် ထို့သို့ မလုပ်လိုက်ခင်မှာပင် ကြီးမြတ်လှသည့်သခင်လေးသည် လက်ကိုဆန့်ကာ သူမ၏ခေါင်းကို တွန်းထုတ်လိုက်ပြီး သူမကို လက်ညှိုးထားပုံမှာ အလွန်ချောမောနေတော့သည်။
“ နောက်ဆုတ်”
ချင်မော့သည် သူ့ညီလေး၏ လွှမ်းမိုးမှုကို အလွန်လျင်မြန်စွာ ခံစားလိုက်သည်ကို သဘောပေါက်သွားတော့၏။
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးက သူမကို အနားမကပ်လာစေချင်သည်ကို သိသွားပြီး သူမ၏ထိုင်ခုံကို ကောင်လေးများရှိရာဘက်သို့ ရွှေ့လိုက်ပြီး စခရင်ကို ကြည့်လိုက်၏။
“ အဲလမ်းမသွားနဲ့ ၊ မင်းရဲ့ ဘယ်ဖက်မှာ ရန်သူတစ်ယောက်ရှိတယ်”
ကောင်လေးသည် သူ့ဂိမ်းထဲတွင် လုံးဝစိတ်နစ်နေပြီး ကစားရင်း အော်ဟစ်နေ၏။ သူသည် သေတော့မည်ဟု ထင်လိုက်သည်နှင့်တစ်ပြိုင်နက် လူငယ်လေးအော်လိုက်သည့်ဖက်သို့ ထွက်ပြေးသွားလိုက်သည်။
သူသည် စိတ်အေးသွားပြီး သွေးပြန်တက်လာ၏။ ထိုကာလအတွင်း သူသည် မြေပုံပေါ်ရှိ ချင်မော့သည် မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့သွားတော့သည်။
ကလေး လေးယောက်သည် ကစားနေရင်း ပြောလိုက်၏။
“ လူချောလေးကို ကာကွယ်ထား”
“ ဟုတ်ပြီ”
“ အွန်း”
သူတို့သည် ချင်မော့ကို ကစားသမားအသစ်တစ်ယောက်လို ဆက်ဆံနေသည်မှာ သိသာလှ၏။
“ အလယ်လမ်းကို ယူပြီးရင် တစ်သင်းလုံးကို ဖြုတ်ကြမယ်”
ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်သည် ခြုံထဲမှထွက်လာပြီး မူးအောင်ရိုက်လိုက်ကာ slow spell ကို သုံးလိုက်လေသည်။
သူတို့လေးယောက်သည် ချက်ချင်းလိုပင် သွေးတစ်ဝက်ကျသွားတော့သည်။
“ သောက် - ကျိူးနဲ”
ကောင်လေး၏ခန္ဓာကိုယ်သည် တဖန်လှုပ်ရှားသွား၏။
“ ပြန်ဆုတ်၊ ဒါက ဘာလဲ၊ ဒါက လျိုကျုံးမင်ရဲ့ skill level မှမဟုတ်တာ”
သူမှန်ပေသည်။ ဒါသည် လျိုကျုံးမင် မဟုတ်ပေ။
ဂိမ်းလောကကို ယခုမှ ပြန်ဝင်လာသည့် ဖူရှီမင်းပင်ဖြစ်လေသည်။
“ သူ လိမ်တယ်”
Profileပုံကိုကြည့်လိုက်ပြီး ကောင်လေးသည် နားလည်သွားတော့သည်။
“ သူက လက်ရွေးစင်ကစားသမားတစ်ယောက်နဲ့ အဖွဲ့ဖွဲ့ထားတာပဲ၊ ဒီကောင် -ျီးပဲကွာ”
ဖူကျို့သည် သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး
“ လက်ရွေးစင်ကစားသမား တဲ့လား”
“ ငါ့နောက်ကို လိုက်လာတဲ့လူက - သောက်ကျိုးနဲ - အမှတ်(၁)အလယ်တန်းကျောင်းရဲ့ မင်းသားလေး ဖူရှီမင် ဟ”
တရားမဝင်သားပေါ့။
ဖူကျို့၏မျက်လုံးများ ငြိမ်သက်သွားတော့သည်။
ကောင်လေး၏ခန္ဓာကိုယ်သည် ပို၍ ယိမ်းထိုးလာပြီး သူတို့ထဲမှတစ်ယောက် -သေသွားချိန်တွင်တော့ သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်တော့သည်။
“ ဒါကြီးကို ဘယ်လို ဆက်ကစားရမှာလဲ”
လက်ရွေးစင်ကစားသမားတစ်ယောက်သည် သူတို့အားလုံးကို အပြတ်ဖြုတ်နိုင်ပြီး သူတို့အသင်းဘက်တွင် လူသစ်တစ်ယောက်ပါရာ ဆိုဖွယ်ပင်မရှိတော့ချေ။
ထို့အပြင် သူတို့သည် ကစားသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးဖြစ်လေသည်။
တဖက်တွင် ကစားသမားသုံးယောက်က တာဝါကို ကာကွယ်ထား၏။
သူတို့သည် အပြတ်အသတ်ရှုံးနိမ့်မှုကို မခံစားရစေရန် အားလုံး အတူတူရှိနေဖို့ လိုအပ်လေသည်။
နေပါအုံး၊ လမ်းပေါ်ရောက်နေတာ ဘယ်သူလဲ။
သူမဟုတ်လား။
ကောင်လေးသည် အနီးကပ်ကြည့်လိုက်ရာ ကိုလူချောဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
အဲကောင်လေးက တစ်ဖက်အသင်းရဲ့ ကစားသမား သုံးယောက်ကို ယှဥ်ကစားနေတာပဲ၊ ဒီကိုလူကြွားကတော့ -သေတော့မှာပဲ။
...
Zawgyi
အပိုင္း (၃၈၁) ဒီငႂကြားကိုယ္လူေခ်ာကေတာ့ ေသေတာ့မွာပဲ
“ဟုတ္တယ္၊ အဲလိုလုပ္ရမယ္”
က်န္ကစားသမားမ်ားသည္လည္း အမွန္တကယ္ အေလးအနက္ထားဟန္ ေပၚေန၏။
ႀကီးျမတ္လွတဲ့သခင္ေလးနဲ႕ နည္းဗ်ဴဟာအေၾကာင္း ေျပာေနတယ္ဟုတ္လား။
ငါေလး ဒီစကားကိုၾကားၿပီး ဘာလို႔ အဲေလာက္ေအာ္ရယ္ခ်င္သြားမွန္းမသိဘူး။
သူမသည္ ရယ္လိုက္ရာ ေလးေယာက္လုံးက သူမကို ခ်က္ခ်င္း ၾကည့္လိုက္ၿပီး “ ဒီေလာက္အေရးႀကီးတဲ့ကိစၥကို မင္းက ဘာလို႔ရယ္ေနတာလဲ၊ ငါတို႔ေတြက ဒီမွာ ငါတို႔ရဲ႕ ေယာက်္ားသိကၡာနဲ႕ ဂုဏ္သိကၡာအတြက္ တိုက္ခိုက္ေနတာေလ” ဟု ေျပာေနသည့္ႏွယ္။
ထိုမ်က္လုံးမ်ားႏွင့္ ၾကည့္ခံလိုက္ရသည္တြင္ ဖူက်ိဳ႕သည္ ကိုယ့္ဟာကို ထိန္းထားခ်င္ေသာ္ျငား မတတ္နိုင္ဘဲ ျဖစ္ေနေတာ့သည္။
ဒီကေလးေတြ ဘယ္ေလာက္ရယ္ရလဲဆိုတာ ဘုရားသခင္ပဲ သိမွာပဲ။
သူမသည္ မ်က္ႏွာကို ေစာင့္ငဲ့လိုက္ၿပီး သူမ၏မ်က္ႏွာမ်ား တုန္ခါသြားသည္အထိ ေအာ္ရယ္လိုက္ကာ ႀကီးျမတ္လွသည့္သခင္းေလး၏ေက်ာေနာက္တြင္ ပုန္းကြယ္ေနေလသည္။
ခ်င္ေမာ့သည္ သူ႕စေကးမ်ားကို ေ႐ြးေနစဥ္ သူ႕လည္ကုပ္ေနာက္တြင္ ရႉထုတ္လိုက္ေသာေလက လာရိုက္ေနသည္ကို ခံစားလိုက္ရ၏။ သူလက္ေခ်ာင္းမ်ားသည္ ႐ုတ္ျခည္းဆိုသလို ရပ္တန့္သြားေတာ့သည္။
“ ကိုလူေခ်ာ သြားၾကစို႔”
ေကာင္ေလး၏ခႏၶာကိုယ္သည္ သူ႕ဂိမ္းဇာတ္ေကာင္အတိုင္း လိုက္လႈပ္ရွားေန၏။
သူကိုယ္သူ ကားၿပိဳင္တဲ့ဂိမ္းကစားတယ္မ်ား ထင္ေနတာလား။
“ အိုက္ယိုး -်ီး၊ ငါတို႔ ရိုက္မိေတာ့မလို႔”
ဖူက်ိဳ႕သည္ ေဘးမွၾကည့္ေနရင္း ေကာင္ေလးသည္ ႀကီးျမတ္လွသည့္သခင္ေလးက ထိုလႈပ္ရွားမႈမ်ိဳးေၾကာင့္ လြယ္လြယ္ အရိုက္ခံရေတာ့မည့္လူလို စဥ္းစားေနပုံကို သေဘာက်ေနေတာ့သည္။
သို႔ေသာ္ ႀကီးျမတ္လွသည့္သခင္ေလးက မလႈပ္မယွက္ျဖစ္ေနသည္ကို သိသြားၿပီးေနာက္ သူမသည္ ေခါင္းေမာ့ကာ သူ႕အေျခအေနကို ဆန္းစစ္ခ်င္မိသြားေတာ့သည္။
သူမသည္ ထို႔သို႔ မလုပ္လိုက္ခင္မွာပင္ ႀကီးျမတ္လွသည့္သခင္ေလးသည္ လက္ကိုဆန့္ကာ သူမ၏ေခါင္းကို တြန္းထုတ္လိုက္ၿပီး သူမကို လက္ညွိုးထားပုံမွာ အလြန္ေခ်ာေမာေနေတာ့သည္။
“ ေနာက္ဆုတ္”
ခ်င္ေမာ့သည္ သူ႕ညီေလး၏ လႊမ္းမိုးမႈကို အလြန္လ်င္ျမန္စြာ ခံစားလိုက္သည္ကို သေဘာေပါက္သြားေတာ့၏။
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလးက သူမကို အနားမကပ္လာေစခ်င္သည္ကို သိသြားၿပီး သူမ၏ထိုင္ခုံကို ေကာင္ေလးမ်ားရွိရာဘက္သို႔ ေ႐ႊ႕လိုက္ၿပီး စခရင္ကို ၾကည့္လိုက္၏။
“ အဲလမ္းမသြားနဲ႕ ၊ မင္းရဲ႕ ဘယ္ဖက္မွာ ရန္သူတစ္ေယာက္ရွိတယ္”
ေကာင္ေလးသည္ သူ႕ဂိမ္းထဲတြင္ လုံးဝစိတ္နစ္ေနၿပီး ကစားရင္း ေအာ္ဟစ္ေန၏။ သူသည္ ေသေတာ့မည္ဟု ထင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ လူငယ္ေလးေအာ္လိုက္သည့္ဖက္သို႔ ထြက္ေျပးသြားလိုက္သည္။
သူသည္ စိတ္ေအးသြားၿပီး ေသြးျပန္တက္လာ၏။ ထိုကာလအတြင္း သူသည္ ေျမပုံေပၚရွိ ခ်င္ေမာ့သည္ မလႈပ္မယွက္ျဖစ္ေနသည္ကို ေတြ႕သြားေတာ့သည္။
ကေလး ေလးေယာက္သည္ ကစားေနရင္း ေျပာလိုက္၏။
“ လူေခ်ာေလးကို ကာကြယ္ထား”
“ ဟုတ္ၿပီ”
“ အြန္း”
သူတို႔သည္ ခ်င္ေမာ့ကို ကစားသမားအသစ္တစ္ေယာက္လို ဆက္ဆံေနသည္မွာ သိသာလွ၏။
“ အလယ္လမ္းကို ယူၿပီးရင္ တစ္သင္းလုံးကို ျဖဳတ္ၾကမယ္”
႐ုတ္တရက္ဆိုသလို တစ္စုံတစ္ေယာက္သည္ ၿခဳံထဲမွထြက္လာၿပီး မူးေအာင္ရိုက္လိုက္ကာ slow spell ကို သုံးလိုက္ေလသည္။
သူတို႔ေလးေယာက္သည္ ခ်က္ခ်င္းလိုပင္ ေသြးတစ္ဝက္က်သြားေတာ့သည္။
“ ေသာက္ - က်ိဴးနဲ”
ေကာင္ေလး၏ခႏၶာကိုယ္သည္ တဖန္လႈပ္ရွားသြား၏။
“ ျပန္ဆုတ္၊ ဒါက ဘာလဲ၊ ဒါက လ်ိဳက်ဳံးမင္ရဲ႕ skill level မွမဟုတ္တာ”
သူမွန္ေပသည္။ ဒါသည္ လ်ိဳက်ဳံးမင္ မဟုတ္ေပ။
ဂိမ္းေလာကကို ယခုမွ ျပန္ဝင္လာသည့္ ဖူရွီမင္းပင္ျဖစ္ေလသည္။
“ သူ လိမ္တယ္”
Profileပုံကိုၾကည့္လိုက္ၿပီး ေကာင္ေလးသည္ နားလည္သြားေတာ့သည္။
“ သူက လက္ေ႐ြးစင္ကစားသမားတစ္ေယာက္နဲ႕ အဖြဲ႕ဖြဲ႕ထားတာပဲ၊ ဒီေကာင္ -်ီးပဲကြာ”
ဖူက်ိဳ႕သည္ သူမ၏မ်က္ခုံးကို ပင့္လိုက္ၿပီး
“ လက္ေ႐ြးစင္ကစားသမား တဲ့လား”
“ ငါ့ေနာက္ကို လိုက္လာတဲ့လူက - ေသာက္က်ိဳးနဲ - အမွတ္(၁)အလယ္တန္းေက်ာင္းရဲ႕ မင္းသားေလး ဖူရွီမင္ ဟ”
တရားမဝင္သားေပါ့။
ဖူက်ိဳ႕၏မ်က္လုံးမ်ား ၿငိမ္သက္သြားေတာ့သည္။
ေကာင္ေလး၏ခႏၶာကိုယ္သည္ ပို၍ ယိမ္းထိုးလာၿပီး သူတို႔ထဲမွတစ္ေယာက္ -ေသသြားခ်ိန္တြင္ေတာ့ သူ႕ႏႈတ္ခမ္းကို ဖိကိုက္လိုက္ေတာ့သည္။
“ ဒါႀကီးကို ဘယ္လို ဆက္ကစားရမွာလဲ”
လက္ေ႐ြးစင္ကစားသမားတစ္ေယာက္သည္ သူတို႔အားလုံးကို အျပတ္ျဖဳတ္နိုင္ၿပီး သူတို႔အသင္းဘက္တြင္ လူသစ္တစ္ေယာက္ပါရာ ဆိုဖြယ္ပင္မရွိေတာ့ေခ်။
ထို႔အျပင္ သူတို႔သည္ ကစားသမားတစ္ေယာက္ကို ဆုံးရႈံးလိုက္ရၿပီးျဖစ္ေလသည္။
တဖက္တြင္ ကစားသမားသုံးေယာက္က တာဝါကို ကာကြယ္ထား၏။
သူတို႔သည္ အျပတ္အသတ္ရႈံးနိမ့္မႈကို မခံစားရေစရန္ အားလုံး အတူတူရွိေနဖို႔ လိုအပ္ေလသည္။
ေနပါအုံး၊ လမ္းေပၚေရာက္ေနတာ ဘယ္သူလဲ။
သူမဟုတ္လား။
ေကာင္ေလးသည္ အနီးကပ္ၾကည့္လိုက္ရာ ကိုလူေခ်ာျဖစ္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။
သူ႕ေခါင္းထဲတြင္ အေတြးတစ္ခုသာ ရွိေတာ့သည္။
အဲေကာင္ေလးက တစ္ဖက္အသင္းရဲ႕ ကစားသမား သုံးေယာက္ကို ယွဥ္ကစားေနတာပဲ၊ ဒီကိုလူႂကြားကေတာ့ -ေသေတာ့မွာပဲ။
...