အပိုင်း ( ၃၇၈) ကြီးမြတ်လှတဲ့သခင်လေးကို အိမ်ခေါ်ပြီး သိပ်လိုက်တယ်
သူတို့သည် နောက်ဆုံး၌ အပြင်မှာဖြစ်နေရာ ဖူကျို့သည် အချိန်ကြာကြာ မရယ်လိုက်ပေ။ သူမသည် စားသောက်ရန်လိုပေသေးသည်။
ထို့နောက်တွင် ပိုင်ရှင်အမျိုးသမီးသည် အသားကင်များကို အရသာသွင်းနေရင်း ‘ ငါ မင်းကို စောင့်ကြည့်နေတယ်နော်၊ မင်း ညီလေးကို ကောင်းကောင်းဆက်ဆံရင်ပိုကောင်းမယ်’ ဟုပြောနေသယောင် ချင်မော့ကို အချိန်တိုင်း ကြည့်နေလေသည်။ ဖူကျို့သည် ထိုအရာအားလုံးဆီမှာ ကျေနပ်မှုကို ခံစားနေတော့သည်။
ထိုအင်တာနက်ရူးကောင်လေးများသည်လည်း ကြည့်ကာ မူးလာပြီးနောက် ပိုသဘောကျနေတော့သည်။
သောက်ကျိုးနည်း လူချောတွေက ဘာလို့များ ဘာလုပ်လုပ် အဲလောက်ကြည့်ကောင်းနေရတာလဲ။
သူတို့သည် ထိုနှစ်ယောက်ကို သူငယ်ချင်းဟုသာ လုံးဝမယုံကြည်ကြပေ။
သို့သော် လက်ရှိအချိန်၌ဒါသည် အဓိကအကြောင်းအရာမဟုတ်ပေ။
သူတို့ထဲမှ တစ်ယောက်၏ဖုန်းသည် “ မင်းတို့မလာရဲဘူးလား” ဟူသည့် စာတစ်စောင် ဝင်လာသည်နှင့်အတူ တုန်ခါသွားလေသည်။
ထိုလူသည် သူ့စာကို သူ့ဘော်ဒါများကို ပြလိုက်၏။
“သောက်ကျိုးနည်း သူတို့ကို ပြောလိုက်စမ်းပါ ငါတို့ သူ့တစ်သင်းလုံးကို အပြတ်ရှင်းပြမယ်လို့၊ သူ သေချင်နေတာလား”
သို့သော် သူတို့သည် 5v5ပြိုင်ပွဲအတွက် လူတစ်ယောက်လိုနေသည်ကို သတိထားမိသွားတော့သည်။
ထိုသူလေးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ပြီး ထိုလူ အခုလေးတင် ပြောခဲ့သည့်စကားကို သတိရသွားတော့သည်။ သူတို့ထဲမှတစ်ယောက်သည် မတ်တတ်ရပ်ကာ ဖူကျို့၏စားပွဲသို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်၏။
“ ဟေ့ ဘရို ၊ နားထောင်၊ မင်း အွန်လိုင်းဂိမ်းကစားတာ တော်တယ်လို့ မင်းပြောခဲ့တယ်နော် ဟုတ်တယ်မလား”
စကားပြောနေသည့်လူသည် ပါးစပ်တွင် စီးကရက်တစ်ခုကို ကိုက်ထားပြီး ထိုပုံစံက သူ့ကိုယ်သူ မိမိုက်နေသည်ဟု တွေးနေ၏။ လူတစ်ယောက်ကို ရုပ်ရည်ကြည့်ပြီး မဆုံးဖြတ်သင့်သည်မှန်သော်လည်း တစ်ခါတစ်ရံတွင် .. သူ့အမူအရာဖြင့် ဆုံးဖြတ်နိုင်ပေသည်။ ချင်မော့သည် မော့ကြည့်လိုက်ချိန်တွင်တော့ သူ့စိတ်နှလုံးသည် အကြောင်းအရင်းမရှိဘဲ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။ သူ့သည် လည်ချောင်းထဲတွင် တစ်ခုခုခံနေသည့်နှယ် ကျယ်လောင်စွာ ချောင်းဆိုးပြလိုက်ပြီး သူ့အမူအရာကလည်း ပျက်သွားတော့သည်။
ဟင့်အင်း၊ ဒါက အရေးမကြီးဘူးလေ ငါ သူ့ကို ဖိတ်ဖို့လာခဲ့တာပဲ။
ချင်မော့သည် စီးကရက်ငွေ့များကို လက်ရမ်းကာ ကြိုးစားဖယ်ထုတ်ရင်း ခံစားချက်မဲ့စွာ ပြောလိုက်လေသည်။
“ငါ့ညီလေးရဲ့မျက်လုံး ပိုးဝင်ထားလို့၊ သူအငွေ့တွေနဲ့ ထိလို့မရဘူး၊ ကျေးဇူးပြုပြီး မင်းရဲ့စီးကရက်မီး ငြှိမ်းပေးပါလား”
ချင်မော့၏တည်ရှိမှုသည် အလွန်ပြင်းထန်ရာ ကောင်လေးသည် သူ့စီးကရက်မီးကို ချက်ချင်းနီးပါး ငြှိမ်းသတ်လိုက်သော်လည်း သူ့မျက်လုံးများကတော့ ပြူးသွားလေသည်။
နေပါအုံး၊ ငါဘာလို့ သူ့စကားကို နားထောင်နေတာလဲ။
ဖူကျို့သည် ထိုပြူးကျယ်နေသည့် မျက်လုံးများကိုမြင်လိုက်ပြီး သူ့အမူအရာမှတဆင့် သူ့အတွေးများကို အလွယ်တကူ ခန့်မှန်းမိသွားတော့သည်။
သည်တော့မှ... ကြီးမြတ်လှသည့်သခင်လေးက သူမ၏မျက်လုံးကြောင့် ရက်တော်တော်ကြာအောင် ဆေးလိပ်မသောက်တော့သည်ကို ရုတ်တရက် သတိပြုမိသွားတော့သည်။
ဖူကျို့သည် ချင်မော့ကို ကြည့်လိုက်၏။ ကြီးမြတ်လှသည့်သခင်လေးသည် အလွန်စဥ်းစားပေးတတ်ကာ အမှန်ပင် ဆွဲဆောင်မှုရှိနေသယောင်။ သူတို့အချင်းချင်းသာ သေချာမသိထားခဲ့လျှင် သူသည် အလွန်ချမ်းသာကြွယ်ဝကာ အာဏာမရှိမခဲ့လျှင် သူမသည် သူ့ကို အမှန်ပင် အိမ်ခေါ်သွားချင်လိုက်တော့သည်။
ဖူကျို့သည် သူမ၏ခေါင်းထဲ၌သာ တွေးတောကာ ကောက်ချက်ချနေလိုက်လေသည်။ ကြီးမြတ်လှသည့်သခင်လေးက အရူးလုပ်ခံရမည်အရေးမှာတော့ဖြင့် သူသည် အလွန်ဉာဏ်ကောင်း လှပေသည်။
“ ငါ မီးငြိမ်းလိုက်ပြီး၊ ကစားချင်လား၊ မကစားဘူးလား”
ထိုလူသည် သူ့နောက်ကျောကို ညွှန်ပြလိုက်၏။
“ ငါတို့ 5v5 ဂိမ်းကစားဖို့ တစ်ယောက်လိုနေလို့”
ဖူကျို့သည် ‘ကစားမယ်’ ဟူသည့် စကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် လက်ယားလာလေတော့သည်။
ဟင့်အင်း ။ ဒါက မတိကျသေဘူး။
“ကစားမယ်’ဆိုတဲ့စကားလုံးက ငါလေးရဲ့ လက်ကိုယားစေယုံမကဘူး ဘယ်လျှပ်စစ်ပစ္စည်းကိုမဆို ငါလေး ဒီလိုပဲ ခံစားမိမှာပဲ။
ငါလေးက ဟက်ကာတစ်ယောက်လေဟယ်၊ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ မကိုင်ရတာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။
ဒီစိတ်ပျက်စရာမျက်လုံးက ဘယ်တော့မှ ပြန်ကောင်းလာတော့မှာဟဲ့။
ဖူကျို့သည် သူမ၏ သည်းခံနိုင်မှုအဆင့်အသစ်တစ်ခုကို ရောက်သွားတော့သည်။
ချင်မော့သည် ကောင်လေးကို ကြည့်လိုက်ပြီး အားနေသည့်လက်တစ်ဖက်ဖြင့် ဖူကျို့ခေါင်းကို ဖိထားကာ “ ဂိမ်းမကစားရဘူး”ဟူသည့် အဓိပ္ပာယ်ဆောင်နေတော့သည်။ သူ့မျက်လုံးများသည် ထိုလူကို ကြည့်လိုက်ပြီး ခန့်ခံ့ညားညားပြောလိုက်၏။
“ မိုလ်ဘိုင်းဗားရှင်း မကစားဘူး”
ငြင်းလိုက်တာလား။
ဘာလဲဟ။
ငါ စီးကရက်မီးငြိမ်းလိုက်တာတောင် ထပ်ငြင်းခံလိုက်ရသေးတာလား။
သူက အရမ်းချောနေလို့ပေါ့လေ။
“ အားလုံးမှတ်မိတယ်လို့ မင်းကိုယ်မင်း လေကြီးမိုးကြီးပြောခဲ့ပြီးတော့ အခုကျတော့ မကစားရဲဘူးလား”
ဖူကျို့သည် မူလက ဘေးမှနေ၍ ရုန်းကန်လှုပ်ရှားနေရလေသည်။
သို့သော် ထိုစကားကိုကြားလိုက်ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားတော့သည်။
ပိုင်ရှင်အမျိုးသမီးက ပေါ်လာပြီး သူမကို ကယ်တင်လိုက်တော့သည်။
ယခုမူ သည်လူကိုတော့ မည်သူမှ ကယ်တင်ပေးမည်မဟုတ်ပေ။
ချင်မော့သည် သူ့မျက်လုံးများကို ပင့်ကာ တည်ငြိမ်သော်လည်း အလွန်ဖိအားများသည့် အသံဖြင့် ပြောလိုက်လေ၏။
“ ထပ်ပြောပါအုံး”
....
Zawgyi
အပိုင္း ( ၃၇၈) ႀကီးျမတ္လွတဲ့သခင္ေလးကို အိမ္ေခၚၿပီး သိပ္လိုက္တယ္
သူတို႔သည္ ေနာက္ဆုံး၌ အျပင္မွာျဖစ္ေနရာ ဖူက်ိဳ႕သည္ အခ်ိန္ၾကာၾကာ မရယ္လိုက္ေပ။ သူမသည္ စားေသာက္ရန္လိုေပေသးသည္။
ထို႔ေနာက္တြင္ ပိုင္ရွင္အမ်ိဳးသမီးသည္ အသားကင္မ်ားကို အရသာသြင္းေနရင္း ‘ ငါ မင္းကို ေစာင့္ၾကည့္ေနတယ္ေနာ္၊ မင္း ညီေလးကို ေကာင္းေကာင္းဆက္ဆံရင္ပိုေကာင္းမယ္’ ဟုေျပာေနသေယာင္ ခ်င္ေမာ့ကို အခ်ိန္တိုင္း ၾကည့္ေနေလသည္။ ဖူက်ိဳ႕သည္ ထိုအရာအားလုံးဆီမွာ ေက်နပ္မႈကို ခံစားေနေတာ့သည္။
ထိုအင္တာနက္႐ူးေကာင္ေလးမ်ားသည္လည္း ၾကည့္ကာ မူးလာၿပီးေနာက္ ပိုသေဘာက်ေနေတာ့သည္။
ေသာက္က်ိဳးနည္း လူေခ်ာေတြက ဘာလို႔မ်ား ဘာလုပ္လုပ္ အဲေလာက္ၾကည့္ေကာင္းေနရတာလဲ။
သူတို႔သည္ ထိုႏွစ္ေယာက္ကို သူငယ္ခ်င္းဟုသာ လုံးဝမယုံၾကည္ၾကေပ။
သို႔ေသာ္ လက္ရွိအခ်ိန္၌ဒါသည္ အဓိကအေၾကာင္းအရာမဟုတ္ေပ။
သူတို႔ထဲမွ တစ္ေယာက္၏ဖုန္းသည္ “ မင္းတို႔မလာရဲဘူးလား” ဟူသည့္ စာတစ္ေစာင္ ဝင္လာသည္ႏွင့္အတူ တုန္ခါသြားေလသည္။
ထိုလူသည္ သူ႕စာကို သူ႕ေဘာ္ဒါမ်ားကို ျပလိုက္၏။
“ေသာက္က်ိဳးနည္း သူတို႔ကို ေျပာလိုက္စမ္းပါ ငါတို႔ သူ႕တစ္သင္းလုံးကို အျပတ္ရွင္းျပမယ္လို႔၊ သူ ေသခ်င္ေနတာလား”
သို႔ေသာ္ သူတို႔သည္ 5v5ၿပိဳင္ပြဲအတြက္ လူတစ္ေယာက္လိုေနသည္ကို သတိထားမိသြားေတာ့သည္။
ထိုသူေလးေယာက္သည္ အၾကည့္ခ်င္းဖလွယ္လိုက္ၿပီး ထိုလူ အခုေလးတင္ ေျပာခဲ့သည့္စကားကို သတိရသြားေတာ့သည္။ သူတို႔ထဲမွတစ္ေယာက္သည္ မတ္တတ္ရပ္ကာ ဖူက်ိဳ႕၏စားပြဲသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္လာလိုက္၏။
“ ေဟ့ ဘရို ၊ နားေထာင္၊ မင္း အြန္လိုင္းဂိမ္းကစားတာ ေတာ္တယ္လို႔ မင္းေျပာခဲ့တယ္ေနာ္ ဟုတ္တယ္မလား”
စကားေျပာေနသည့္လူသည္ ပါးစပ္တြင္ စီးကရက္တစ္ခုကို ကိုက္ထားၿပီး ထိုပုံစံက သူ႕ကိုယ္သူ မိမိုက္ေနသည္ဟု ေတြးေန၏။ လူတစ္ေယာက္ကို ႐ုပ္ရည္ၾကည့္ၿပီး မဆုံးျဖတ္သင့္သည္မွန္ေသာ္လည္း တစ္ခါတစ္ရံတြင္ .. သူ႕အမူအရာျဖင့္ ဆုံးျဖတ္နိုင္ေပသည္။ ခ်င္ေမာ့သည္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ေတာ့ သူ႕စိတ္ႏွလုံးသည္ အေၾကာင္းအရင္းမရွိဘဲ အစိတ္စိတ္အႁမႊာႁမႊာ ကြဲထြက္သြားေတာ့သည္။ သူ႕သည္ လည္ေခ်ာင္းထဲတြင္ တစ္ခုခုခံေနသည့္ႏွယ္ က်ယ္ေလာင္စြာ ေခ်ာင္းဆိုးျပလိုက္ၿပီး သူ႕အမူအရာကလည္း ပ်က္သြားေတာ့သည္။
ဟင့္အင္း၊ ဒါက အေရးမႀကီးဘူးေလ ငါ သူ႕ကို ဖိတ္ဖို႔လာခဲ့တာပဲ။
ခ်င္ေမာ့သည္ စီးကရက္ေငြ႕မ်ားကို လက္ရမ္းကာ ႀကိဳးစားဖယ္ထုတ္ရင္း ခံစားခ်က္မဲ့စြာ ေျပာလိုက္ေလသည္။
“ငါ့ညီေလးရဲ႕မ်က္လုံး ပိုးဝင္ထားလို႔၊ သူအေငြ႕ေတြနဲ႕ ထိလို႔မရဘူး၊ ေက်းဇူးျပဳၿပီး မင္းရဲ႕စီးကရက္မီး ျငႇိမ္းေပးပါလား”
ခ်င္ေမာ့၏တည္ရွိမႈသည္ အလြန္ျပင္းထန္ရာ ေကာင္ေလးသည္ သူ႕စီးကရက္မီးကို ခ်က္ခ်င္းနီးပါး ျငႇိမ္းသတ္လိုက္ေသာ္လည္း သူ႕မ်က္လုံးမ်ားကေတာ့ ျပဴးသြားေလသည္။
ေနပါအုံး၊ ငါဘာလို႔ သူ႕စကားကို နားေထာင္ေနတာလဲ။
ဖူက်ိဳ႕သည္ ထိုျပဴးက်ယ္ေနသည့္ မ်က္လုံးမ်ားကိုျမင္လိုက္ၿပီး သူ႕အမူအရာမွတဆင့္ သူ႕အေတြးမ်ားကို အလြယ္တကူ ခန့္မွန္းမိသြားေတာ့သည္။
သည္ေတာ့မွ... ႀကီးျမတ္လွသည့္သခင္ေလးက သူမ၏မ်က္လုံးေၾကာင့္ ရက္ေတာ္ေတာ္ၾကာေအာင္ ေဆးလိပ္မေသာက္ေတာ့သည္ကို ႐ုတ္တရက္ သတိျပဳမိသြားေတာ့သည္။
ဖူက်ိဳ႕သည္ ခ်င္ေမာ့ကို ၾကည့္လိုက္၏။ ႀကီးျမတ္လွသည့္သခင္ေလးသည္ အလြန္စဥ္းစားေပးတတ္ကာ အမွန္ပင္ ဆြဲေဆာင္မႈရွိေနသေယာင္။ သူတို႔အခ်င္းခ်င္းသာ ေသခ်ာမသိထားခဲ့လွ်င္ သူသည္ အလြန္ခ်မ္းသာႂကြယ္ဝကာ အာဏာမရွိမခဲ့လွ်င္ သူမသည္ သူ႕ကို အမွန္ပင္ အိမ္ေခၚသြားခ်င္လိုက္ေတာ့သည္။
ဖူက်ိဳ႕သည္ သူမ၏ေခါင္းထဲ၌သာ ေတြးေတာကာ ေကာက္ခ်က္ခ်ေနလိုက္ေလသည္။ ႀကီးျမတ္လွသည့္သခင္ေလးက အ႐ူးလုပ္ခံရမည္အေရးမွာေတာ့ျဖင့္ သူသည္ အလြန္ဉာဏ္ေကာင္း လွေပသည္။
“ ငါ မီးၿငိမ္းလိုက္ၿပီး၊ ကစားခ်င္လား၊ မကစားဘူးလား”
ထိုလူသည္ သူ႕ေနာက္ေက်ာကို ၫႊန္ျပလိုက္၏။
“ ငါတို႔ 5v5 ဂိမ္းကစားဖို႔ တစ္ေယာက္လိုေနလို႔”
ဖူက်ိဳ႕သည္ ‘ကစားမယ္’ ဟူသည့္ စကားကို ၾကားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ လက္ယားလာေလေတာ့သည္။
ဟင့္အင္း ။ ဒါက မတိက်ေသဘူး။
“ကစားမယ္’ဆိုတဲ့စကားလုံးက ငါေလးရဲ႕ လက္ကိုယားေစယုံမကဘူး ဘယ္လွ်ပ္စစ္ပစၥည္းကိုမဆို ငါေလး ဒီလိုပဲ ခံစားမိမွာပဲ။
ငါေလးက ဟက္ကာတစ္ေယာက္ေလဟယ္၊ ဖုန္း ဒါမွမဟုတ္ ကြန္ပ်ဴတာ မကိုင္ရတာကို ဘယ္လိုလုပ္ၿပီး သည္းခံနိုင္မွာလဲ။
ဒီစိတ္ပ်က္စရာမ်က္လုံးက ဘယ္ေတာ့မွ ျပန္ေကာင္းလာေတာ့မွာဟဲ့။
ဖူက်ိဳ႕သည္ သူမ၏ သည္းခံနိုင္မႈအဆင့္အသစ္တစ္ခုကို ေရာက္သြားေတာ့သည္။
ခ်င္ေမာ့သည္ ေကာင္ေလးကို ၾကည့္လိုက္ၿပီး အားေနသည့္လက္တစ္ဖက္ျဖင့္ ဖူက်ိဳ႕ေခါင္းကို ဖိထားကာ “ ဂိမ္းမကစားရဘူး”ဟူသည့္ အဓိပၸာယ္ေဆာင္ေနေတာ့သည္။ သူ႕မ်က္လုံးမ်ားသည္ ထိုလူကို ၾကည့္လိုက္ၿပီး ခန့္ခံ့ညားညားေျပာလိုက္၏။
“ မိုလ္ဘိုင္းဗားရွင္း မကစားဘူး”
ျငင္းလိုက္တာလား။
ဘာလဲဟ။
ငါ စီးကရက္မီးၿငိမ္းလိုက္တာေတာင္ ထပ္ျငင္းခံလိုက္ရေသးတာလား။
သူက အရမ္းေခ်ာေနလို႔ေပါ့ေလ။
“ အားလုံးမွတ္မိတယ္လို႔ မင္းကိုယ္မင္း ေလႀကီးမိုးႀကီးေျပာခဲ့ၿပီးေတာ့ အခုက်ေတာ့ မကစားရဲဘူးလား”
ဖူက်ိဳ႕သည္ မူလက ေဘးမွေန၍ ႐ုန္းကန္လႈပ္ရွားေနရေလသည္။
သို႔ေသာ္ ထိုစကားကိုၾကားလိုက္ၿပီးေနာက္ သူမ၏ႏႈတ္ခမ္းေထာင့္မွာ ေကြးတက္သြားေတာ့သည္။
ပိုင္ရွင္အမ်ိဳးသမီးက ေပၚလာၿပီး သူမကို ကယ္တင္လိုက္ေတာ့သည္။
ယခုမူ သည္လူကိုေတာ့ မည္သူမွ ကယ္တင္ေပးမည္မဟုတ္ေပ။
ခ်င္ေမာ့သည္ သူ႕မ်က္လုံးမ်ားကို ပင့္ကာ တည္ၿငိမ္ေသာ္လည္း အလြန္ဖိအားမ်ားသည့္ အသံျဖင့္ ေျပာလိုက္ေလ၏။
“ ထပ္ေျပာပါအုံး”
....