နာကြည်းမှုတွေ လွင့်ပျယ်စေ...

Galing kay BlackLily_WhiteLily

101K 10.6K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... Higit pa

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 100

445 52 1
Galing kay BlackLily_WhiteLily

အခန်း ၁၀၀ လူတစ်ဦးအတွက် အသက်အန္တရယ်

  "မူဖုန်း?" စုမူဖုန်း၏နက်ရှိုင်းသော မျက်လုံးများကို ကြည့်နေရင်း ကုယွဲ့ရှင်းက ရေခဲဂူထဲသို့ ရောက်ရှိနေသလို ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားကာ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ခေါင်းကို ငုံ့ချလိုက်ပြီး သူမက သူ့ကို ကြည့်ရန် ငြင်းဆိုလိုက်သည်။

  စုမူဖုန်းက ကုယွဲ့ရှင်းနံဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ကုယွဲ့ရှင်း၏ လှပသောမျက်နှာကို စိုက်ကြည့်နေရင်း "အန်တီရှင်း၊ အန်တီပြောသမျှက အမှန်တွေပဲလား?"

  သူ့အသံက အရမ်းတိုးနေပေမယ့် ကုယွင်ကတော့ သူရဲ့မယုံချင်လောက်အောင်ဖြစ်နေပြီး အံ့သြနေသော မသေချာ မရေရာမှုများပြည့်နေသည့် မျက်နှာအမူအရာကို မြင်တွေ့နေရသည်။ ဒါက ဘာကိုမှ လုံးဝ မသိတဲ့ လူတစ်ယောက်မှာ ရှိသင့်တဲ့ အမူအရာတွေဖြစ်နေပေမယ့် စုမူဖုန်းရဲ့မျက်နှာကို မြင်လိုက်တဲ့အချိန်မှာ ပထမဆုံး တုံ့ပြန်မှုလာတဲ့ ကုယွဲ့ရှင်းရဲ့အမူအရာကတော့ ကြောက်ရွံ့ထိတ်လန့်ပြီး စိတ်ပူနေတဲ့ ပုံစံပါပဲ။ ဘာကြောင့်လဲ? ဘာလို့အဲ့လို ဖြစ်နေတာလဲ?!

  ကုယွင်က စုမူဖုန်းနှင့်ကုယွဲ့ရှင်းတို့ကို အေးစက်သောမျက်လုံးများဖြင့် အနီးကပ် စိုက်ကြည့်နေခဲ့ခြင်းက သူတို့ဆီမှ အလှည့်စားမခံရစေရန်နှင့် သူတို့၏အမူအရာများကို လက်လွတ်မခံချင်သောကြောင့် ဖြစ်သည်။ သို့သော် ကျွော့ချင်းဆီနေကနေ ထင်ယောင်ထင်မှားဖြစ်ခြင်းဟူသော စကားလုံးကို ကြားပြီးနောက်တွင် သူမက စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခု၏အလယ်သို့ ကျရောက်သွားခဲ့သည်။

  "ငါ..." ကုယွဲ့ရှင်းက ခဏမျှတုံ့ဆိုင်းသွားပြီးမှ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်ကာ အေးစက်စွာနဲ့ "ဟုတ်တယ်"

 နောက်ဆုံးတော့ ဘာအမူအရာမှ ပြလေ့မရှိသော စုမူဖုန်း၏ပုံသေ ဘာမှ မထူးခြားပုံရသော မျက်နှာပေါ်တွင် စိတ်ပူပန်မှုများ ထွက်ပေါ်လာသည်။ တစ်ခါမှ သူဘက်ကနေ စပြီး အခြားသူများကို ထိကိုင်ခြင်းမရှိခဲ့သောလူက ကုယွဲ့ရှင်း၏ပုခုံးများကို ဆွဲကိုင်လိုက်ပြီး "ဘာလို့ ဒီလိုလုပ်ရတာလဲ?"

  ကုယွဲ့ရှင်းက သူမ၏မျက်လုံးထဲမှ စီးကျလာနေသော မျက်ရည်များကို အပြင်ထွက်ကျမသွားစေရန် အသက်ကို ပြင်းပြင်းရှူကာ ပြန်ထိန်းလိုက်ပြီး စုမူဖုန်း၏လက်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ ကုယွဲ့ရှင်းက သက်ပြင်းတစ်ချက်ချကာ "မူဖုန်း... ငါက မင်းကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာ၊ မင်း ကုယွဲ့မိသားစုအိမ်တော်ကို ပြန်သွားတော့၊ မြို့တော်မှာ မနေနဲ့တော့"

  ငယ်စဉ်ကလေးဘဝကတည်းက သူ့အမေကို ဆုံးရှုံးခဲ့ရတဲ့ စုမူဖုန်းအတွက်ကတော့ သူ့ဒေါ်လေးက သူ့ရဲ့မိခင်တစ်ယောက်လိုပါပဲ။ ကုယွဲ့ရှင်းက သူ့ကို ကာကွယ်ဖို့ လူတွေကို သတ်ပစ်ခဲ့တယ်ဆိုတာကို သူ လက်မခံနိုင်ပါဘူး။ သူက အဲဒီမိန်းမပျိုတွေရဲ့လုပ်ရပ်ကို ရွံရှာစက်ဆုပ်ပြီး အဲ့တာတွေက သူ့ကို ကြောက်ရွံစေတယ်ဆိုပေမယ့် သူမတို့က သေသင့်တယ်လို့ သူ တစ်ခါမှ မတွေးခဲ့ပါဘူး။

"ဒေါ်လေး ဒီလိုလုပ်မယ်လို့ ကျွန်တော် မယုံဘူး!"

ကုယွဲ့ရှင်းက သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော စုမူဖုန်းကို တွေဝေစွာ ပြန်စိုက်ကြည့်နေသည်။ စူမူဖုန်းကလည်း သူမကို ဘာထပ်ပြောရမှန်း မသိတော့ပေ! သူ ဒီလို ကာကွယ်မှုက မလိုချင်ဘူး!! သူ့အလေးစားရဆုံး အဒေါ်က တစ်ယောက်ယောက်ကို တကယ်သတ်ပစ်နိုင်တယ်ဆိုတာကို သူ ပိုပြီး မယုံချင်ဘူး! သူမက ဒီလိုရက်စက်တဲ့ နည်းလမ်းတွေကို သုံးတယ်ဆိုတာက ပိုပြီး မဖြစ်နိုင်ဘူး!!

 ကုယွဲ့ရှင်းက သူမအနားရှိ သူမချစ်ရသော သူမ၏တူလေး စုမူဖုန်းကို ထပ်မကြည့်တော့ပဲ တွန်းထုတ်လိုက်ရင်း ကျယ်လောင်စွာအော်ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါ လုပ်ခဲ့တာ၊ မင်း သွားတော့၊ အခု ထွက်သွား!"

ကုယွဲ့ရှင်းက ရှန်ယုလန်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်ကာ ခေါင်းကို မော့ပြီး အော်လိုက်သည်။ "လူကြီးမင်း၊ ငါ ဝန်ခံပြီးပြီ၊ ကျေးဇူးပြုပြီး ငါ့ကို အကျဥ်းထောင်ထဲကို ထည့်လိုက်‌တော့၊ ငါ သူ့ကို မတွေ့ချင်တော့ဘူး!!"

  စုမူဖုန်းက လုံးဝကို အပြင်းအထန် ထိတ်လန့်သွားသလိုပုံစံမျိုးနဲ့ သူ့ရှေ့မှ ကုယွဲ့ရှင်းကို ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး သူ့၏ ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားသလို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ကုယွင်က ထိုတုန့်ဆိုင်းနေသော အခြေအနေတွင် သူ့မျက်ဝန်းများတွင် ရုတ်တရက် ပေါ်လာသော ညှို့ဓာတ်များပါဝင်နေသော ရီဝေဝေအေးစက်မှုအရိပ်အယောင်များကို သတိထားမိလိုက်သော်လည်း မကြာမီပင် ထိုအရာများက ပျောက်ကွယ်သွားကာ သူ၏မူလအမူအရာများဆီသို့ အလျင်အမြန် ပြန်ရောက်သွားခဲ့သည်။

  သူတို့ ပြောသင့်တာတွေကို ပြောပြီး မြင်သင့်သမျှကိုလည်း မြင်ပြီးပြီဖြစ်တာကြောင့် ရှန်ယုလန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "အကျဉ်းသားက သူ့အပြစ်ကို ဝန်ခံတဲ့အတွက် အကျဉ်းထောင်ကို ခေါ်သွားလိုက်။ အထက်ရုံးတော်ကို သတင်းပို့ပြီးမှ အပြစ်ဒဏ်ကို စီရင်မယ်!"

  "ဟုတ်ကဲ့" ရုံးတော် အမူထမ်းနှစ်ယောက် ကုယွဲ့ရှင်းဆီကို လျှောက်လာပြီး သူမက သူတို့နှစ်ယောက်ကို ကောင်းမွန်စွာ ပူးပေါင်းပေးကာ တရားခွင်ထဲကနေ အပြင်သို့ လိုက်ပါသွားခဲ့သည်။ ဒါပေမယ့် သူမက သူမအပြင်ကို ထွက်သွားနေချိန်အထိ မလှုပ်မယှက် ရပ်နေသေးသော စုမူဖုန်းကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူမမျက်လုံးများထဲမှ မျက်ရည်များက ထိန်းမရတော့ဘဲ စီးဆင်းလာခဲ့သည်။ သူမက "မူဖုန်း၊ မင်း ငါ့ကို မင်းအဒေါ်လို့ အသိအမှတ်ပြုနေသေးရင် ကုယွဲ့အိမ်တော်ကို ချက်ခြင်း ပြန်သွားတော့၊ မင်း ငါ ပြောတာကို ကြားလား?"

သူမ သူကို အကောင်းဆုံးကာကွယ်ပေးခဲ့ပေမယ့်၊ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က သူ့ကို စုမိသားစုအိမ်တော်ကို ပြန်ခွင့်ပြုခဲ့တဲ့အတွက် သူမ ဘယ်လောက် နောင်တရနေလဲ ဆိုတာကို သူမပဲ သိတယ်!

  သူမရှေ့ကို လာရန် သူ့ကိုယ်သူ တွန်းအားပေးနေသော စုမူဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ကုယွဲ့ရှင်းက နောက်ကို ပြန်လှည့်သွားကာ ထပ်အော်လိုက်ပြန်သည်။ "သွား.... သွားတော့!!"

  နောက်ဆုံးတွင် ကုယွဲ့ရှင်း၏အသံက အကျဉ်းထောင်ဌာန၏ပင်မအခန်းမှ ပျောက်ကွယ်သွားခဲ့ပြီး အခုန ရှုပ်ယှက်ခတ်နေပုံရသော စုမူဖုန်း၏မျက်လုံးများက သူ့၏ပုံမှန်အမူအရာအတိုင်း အေးစက်နေပြီး သူက တရားရုံးရှိ လူတိုင်းကို လျစ်လျူရှုထားပုံရသည်။ သူက သူရောက်လာချိန်ကအတိုင်း တိတ်တဆိတ် ပြန်ထွက်သွားခဲ့သော်လည်း သူ့၏ခြေလှမ်းများက ခါတိုင်းကဲ့သို့ လွပ်လပ်ပေါပါးမနေဘဲ သက်တောင့်သက်သာဖြစ်နေပုံလည်း မရပေ။

  ရှန်ယုလန်က စုမူဖုန်းကို မတားဘဲ တရားခွင်ထဲကနေ ထွက်သွားခိုင်းလိုက်သည်။ သူ ထွက်သွားတာနဲ့ ရှန်ယုလန်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ "မင်းတို့ရော ဒီကိစ္စကို ဘယ်လိုထင်လဲ"

သူမှာ  ဒီအမှုနဲ့ပတ်သက်ပြီး တခြားသံသယအချို့ရှိနေခဲ့ပေမယ့် ကုယွဲ့ရှင်းကို သူမ လူသတ်ရန်ကြံစည်နေတဲ့အချိန်မှာ ဖမ်းမိခဲ့ပြီး သူမ ယူဆောင်လာတဲ့ လူသတ်မှုလက်နက်ကလည်း ယခင်အခင်းဖြစ်ပွားခဲ့တဲ့ သေဆုံးသူတွေရဲ့ ဒဏ်ရာတွေနဲ့ ကိုက်ညီနေခဲ့သည်။ သူမက အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ခဲ့ပြီး သူမဆန္ဒအလျောက် သူမအပြစ်ကို ဝန်ခံခဲ့သည်။ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မယ်ဆိုရင် ဒီအမှုက ပြီးသွားပြီ။ ဧကရာဇ်မင်းပေးခဲ့တဲ့ တစ်လတာကာလက ကိုးရက်ပဲကျန်တော့တယ်။ လူသတ်သမားက ကုယွဲ့ရှင်း မဟုတ်ခဲ့ရင် တကယ့်လူသတ်သမားလို့ ခေါ်နိုင်တဲ့ အစစ်အမှန်လူကို ရှာမတွေ့မှာ သူ စိုးရိမ်နေမိတယ်။ လူသတ်အမား အစစ်ကို ရှာမတွေ့လို့ သူ ပြစ်ဒဏ်ခံရပြီး ထောင်ချခံရမှာကိုလည်း ကြောက်တယ်!

  မှုခင်းဌာနမှ မည်သူမျှ အသံမထွက်လာသလို ကျွော့ချင်းက ဘာကို စဉ်းစားနေမှန်းမသိဘဲ နှုတ်ဆိတ်နေသည်။ လို့ရှီးယန်က အစမှအဆုံး နားထောင်နေပုံရပြီး သူ သဘောတူ၊ မတူ၊ သူ့စိတ်ကူးကို ဘယ်သူမှ မသိနိုင်ဘဲ သူ ဘာတွေတွေးနေတာလဲဆိုတာ ပြောရန်ခက်ခဲလွန်းလှသည်။

  အရပ်ဘက်ဆိုင်ရာအမှုများတွင် ဖြစ်နိုင်ခြေမြင့်မားသော အရာများစွာ ထုတ်ဖော်ပြောဆိုနိုင်သော်လည်း ရာဇ၀တ်မှုအားလုံးက သက်သေအထောက်အထားများကို အပြည့်အဝ အာရုံစိုက်ရမည်ဖြစ်သည်။ သက်သေအထောက်အထားကွင်းဆက်များအားလုံးကို ချန်လှပ်ထားခြင်း မရှိပဲ ပြီးပြည့်စုံစေရမည် ဖြစ်သည်။ ဤအမှုတွင် ကုယွဲ့ရှင်းက သူမကိုယ်သူမ လူသတ်သမားဟုပြောနေခဲ့လျှင်တောင် သံသယများစွာရှိနေသေးသည်။

  မှုခင်းဌာန၏ခန်းမဆောင်က အနည်းငယ် တိတ်ဆိတ်နေပုံပေါ်ပြီး   ရှန်ယုလန်က တောက်ပစွာ ပြုံးလိုက်ကာ "ချင်းသခင်မလေး၊ မင်းပြောချင်တာကို ပြောလို့ ရပါတယ်"

သူ မှန်းဆထားတာက သူမက အလုပ်ကို ပြီးစလွယ်လုပ်တက်တဲ့ သူမျိုး မဟုတ်ပါဘူး၊ အဲ့တာတွေကြောင့်ပဲ သူက ဒီမိန်းကလေးကို သဘောကျခဲ့တာ မဟုတ်ဖူးလား?!

  ကုယွင်က သူမ မျက်ခုံးကို အနည်းငယ်ပင့်တင်ကာ ရှန်ယုလန်ကို ပြန်ကြည့်လိုက်သည်။ အချိန်က ကိုးရက်ပဲ ကျန်နေတာတောင် သူက အရေးမကြီးသလို ပြောနေနိုင်သေးသည်။ သူမကို ပြောချင်တာ ပြောခွင့်ပေးတယ်ဆိုရင်တောင် လူသတ်သမားကို မဖမ်းမိနိုင်တာမျိုး ဖြစ်နိုင်ပြီး မဖမ်းမိခဲ့ရင် ထောင်ထဲကို ဝင်ရမယ့်သူက ထိုလူဖြစ်လိမ့်မည်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင့်မြတ်မှုရှိတဲ့ လူကို သူမ သဘောကျချီးကျူးချင်နေတာကတော့ အမှန်ပါပဲ၊ သူက လူသတ်သမားကို ဖမ်းနိုင်လိုက်မယ်လို့ သူမ အသေအချာကို ယုံကြည်ပါတယ်။

  ကုယွင်က ခန်းမအလယ်သို့ လျှောက်သွားရင်း သူမ၏သံသယများကို တစ်ခုပြီးတစ်ခု ရှင်းပြခဲ့သည်။ "ပထမအချက်က စုမူဖုန်းကို အနှောင့်အယှက် မပေးနိုင်အောင် လူတွေကို သတ်ရတဲ့အကြောင်းရင်းက နည်းနည်းတော့ မဖြစ်နိုင်လွန်းတယ်၊ ပြီးတော့ ကုယွဲ့ရှင်းရဲ့ကိုယ်ခံပညာက အရမ်းအားမနည်းပေမယ့် အဆင့်လည်း မြင့်မနေဘူး။ ညဘက်ကင်းလှည့်နေကျ စစ်သည်တစ်ဝက်လောက်ကို တမင်တကာ မဖယ်ထားရင် သူ ငါ့အခန်းကို ရှာမတွေ့ခင်ကတည်းက အဖမ်းခံရနိုင်တယ်၊ ဒါပေမယ့် မင်းသားရဲ့အိမ်တော်ကတော့ အစောင့်အကျပ်ပေါများပြီး လုံခြုံရေး တင်းကျပ်တယ်၊ ဒါပေမယ့် လူသတ်သမားက လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ နိုင်ခဲ့တယ်။ အဲ့ဒါက ကုယွဲ့ရှင်း စီမံခန့်ခွဲနိုင်တဲ့အရာ မဟုတ်ဘူး၊ ဒုတိယအနေနဲ့ လူသတ်သမားက ကျွမ်းကျင်တဲ့နည်းစနစ်တွေကိုသုံးပြီး လူသုံးယောက်ကို ဆက်တိုက်သတ်ပစ်ခဲ့ပေမယ့် သူ(မ)က လူသတ်ပုံအသေးစိတ်ကို မရှင်းပြနိုင်တာက လုံးဝယုတ္တိမဲ့လွန်းတယ်၊ တတိယကတော့ သူမရဲ့ အပြစ်ကို ဝန်ခံချင်စိတ် ပြင်းပြနေတာပဲ၊ သူ(မ)က တစ်စုံတစ်ဦးကို အမှန်တကယ် ကာကွယ်ပေးနေတာ၊ အဲ့လူက လူသတ်သမား ဖြစ်နိုင်တယ်!"

  ချန်ဟန့်က သူမကို ငြင်းခုန်ချင်နေပြီး "သခင်လေးစုကို လူသတ်သမားလို့ ထင်နေတာလား?! ကျွန်တော်ကတော့ အဲ့လို မထင်ဘူး!"

စုမိသားစုမှ လူတိုင်းက သခင်လေးစု၏သွေးကြောက်ခြင်းရောဂါ အကြောင်းသိကြပြီး စုမိသားစုကလည်း ဤကိစ္စအတွက် သမားတော်များစွာကို ရှာဖွေငှားရမ်းထားခဲ့သည်။ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါ့မလား???!

  ကုယွင်က ပခုံးတွန့်ပြီး "သူက လူသတ်သမားလို့ ငါ မပြောဘူး"

  ချန်ဟန့်က ပိုလို့တောင် ပဟေဋိဖြစ်သွားပြီး "သူ(မ) ကာကွယ်ပေးချင်တဲ့လူက လူသတ်သမားလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ မဟုတ်ဘူးလား? အဲ့ဒါက သခင်လေးစု မဟုတ်ဘူးလား?"

ဉာဏ်ထက်မြက်တဲ့သူမက ဒီနေ့ သူမကိုယ်သူမ ဆန့်ကျင်တဲ့စကားတွေ ပြောနေတာလား?? ထူးဆန်းလိုက်တာ!

  အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သော ကျွော့ချင်းက နောက်ဆုံးတွင် ခေါင်းကို မော့လာကာ စိုးရိမ်စွာဖြင့် "ကုယွဲ့မိသားစုရဲ့စိတ်ညှို့ပညာက အမှန်တကယ် အားကောင်းနေတာဆိုရင် စုမူဖုန်းက သူ့ကိုယ်သူ စိတ်ပြန်ညှို့မိတာလည်းဖြစ်နိုင်တယ်၊ သူဆန္ဒမပါပဲ တစ်ယောက်ယောက်ကို သတ်ပစ်နိုင်တယ်၊ သူကိုယ်တိုင် တုန်လှုပ်ချောက်ချားမှုအောက်ကို ရောက်နေတာမျိုးဖြစ်နိုင်ပြီး သူနဲ့ထိမိတဲ့ မိန်းခလေးတွေ သတ်ပစ်ဖို့ ဖိအားပေးခံရနိုင်တယ်၊ မိန်းခလေးတွေက သူ့ကို တမင်တကာ လာထိလိုက်တာနဲ့ သူက အဲ့မိန်းခလေးကို အထိန်းအကွပ်မရှိ သတ်ပစ်လိုက်မယ်"

ဒါက စိတ်ညှို့ခြင်းကို သုံးခဲ့တာ အမှန်ဆိုရင် လူသတ်သမားက သူ့ကိုသူ စိတ်ပြန်ညှို့နိုင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်တယ်။

  အထိန်းအကွပ်မရှိ သတ်ဖြတ်ခြင်း? ဒါက အရမ်းကြောက်စရာကောင်းတဲ့ ကိစ္စပါ။ လုကျင်းက ကျွော့ချင်းကို ကြည့်ပြီး စိုးရိမ်တကြီးနဲ့ "ဒါဆို နောက်ဆုံးအကြိမ်က ကုယွဲ့ရှင်းက နှောင့်ယှက်လိုက်တာကြောင့် သူ ဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုလိုတာလား? အဲဒါက အထိန်းအကွပ်မဲ့ သတ်ဖြတ်မှုတစ်ခုဆိုရင် ဒီည သူ အဲ့နေရာမှာ ထပ်ပေါ်လာနိုင်တယ်၊ သူ စစ်သူကြီးအိမ်တော်ကို ရောက်လာနိုင်လား??? အဲ့တာကြောင့် ကုယွဲ့ရှင်းက အရမ်းထိတ်လန့်နေပြီး သူ့ကို မြို့တော်ကနေ ချက်ချင်းထွက်သွားခိုင်းတာလား?"

  သူ့ဆီကနေ ထိုစကားထွက်လာသည်နှင့် တပြိုင်နက် တရားရုံးရှိ လူတိုင်း၏ မျက်နှာများက ပြောင်းလဲသွားသည်။ ကုယွင်က အလွန်စိတ်အေးလက်အေးဖြင့် ပြုံးလိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည် "ဒါက ဖြစ်နိုင်ချေများတယ်! ဒါပေမယ့် ဒါတွေက ငါတို့ရဲ့ ခန့်မှန်းချက်တွေပဲလေ။ အဲ့တာကြောင့် ဒီည ငါတို့ အလုပ်ကောင်းကောင်း လုပ်ပြီး အဆင်သင့်ပြင်ဆင်ထားရမယ်၊ လူသတ်သမား လာ မလာဆိုတာကတော့ ကံကြမ္မာရဲ့အလိုကျပေါ့"

  "ဒီတစ်ခါတော့ ငါးစာအတွက်ကတော့ ကျွန်မပေါ့" ကျွော့ချင်းက ရုတ်တရက် ပြောလိုက်ပြီး နောက်တစ်စက္ကန့်မှာ အစကနေအဆုံးအထိ တောင်တန်းကြီးလို အမြဲတည်ငြိမ်နေတဲ့ လို့လူကြီးမင်းက နောက်ဆုံးမှာတော့ အသံထွက်လာခဲ့သည်။ "မရဘူး!"

ဝင်သက် ထွက်သက်ကို  လေးလေးနက်နက်နဲ့ ခပ်ပြင်းပြင်းရှူလိုက်ပြီးမှ လို့ရှီးယန်၏မျက်နှာက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူက တည်ငြိမ်စွာနဲ့ "ကိုယ် သဘောမတူဘူး၊ အရမ်းအန္တရာယ်များတယ်"

မနေ့က ကုယွဲ့ရှင်းတိုရင်တောင် အော်ထျန်း အချိန်မီ မပေါ်လာရင် ချင်းမော့က ဒဏ်ရာရသွားနိုင်သည်။ ချင်းအာမှာက ကိုယ်ခံပညာ ကျွမ်းကျင်မှု မရှိဘူး။ ဒီကိစ္စက အရမ်းအန္တရာယ်များတယ်။

  လို့ရှီးယန်က သဘောမတူနိုင်ဘူးလို့ ကျွော့ချင်းက တွေးထားခဲ့ပေမယ့် သူ ဒီလောက် စိတ်ပိုင်းဖြတ်ထားလိမ့်မယ်လို့တော့ သူမ မမျှော်လင့်ထားပါဘူး။ ကျွော့ချင်းက သူမခေါင်းကို စောင်းပြီး သူ့နားရွက်နားကို ကပ်ကာ အသံတိုးတိုးနဲ့ "ရှီးယန်၊ ကျွန်မကို တိတ်တဆိတ် အကာအကွယ်ပေးနိုင်မယ့်သူတွေ အများကြီးရှိတယ်၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေရမယ်လို့ ကျွန်မ ကတိပေးပါတယ်!"

  လို့ရှီးယန်၏ကျွော့ချင်းအပေါ် အကာအကွယ်ပေးနေသည့် သဘောထားက အလွန်ထင်ရှားနေပြီး သူမ အမှန်တကယ် တစ်ခုခု ဖြစ်သွားပါက မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပေ။ ရှန်ယုလန်က သဘောတကျ ရယ်လိုက်ပြီး "တကယ်တော့ လူသတ်သမားက စစ်သူကြီးအိမ်တော်ထဲကို ဝင်လာတာနဲ့ လုံးဝ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး၊ မိန်းခလေးနှစ်ယောက်က ကိုယ့်ကိုကိုယ် အန္တရာယ်ဖြစ်စေဖို့ မလိုပါဘူး!"

  ကျွော့ချင်းက သူမခေါင်းကို သူ့ဘက်ပြန် လှည့်လိုက်ပြီး "မဟုတ်ဘူး၊ ဒီတစ်ခါတော့ ဒီလှည့်စားမှုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ကျွန်မတို့ ဖြေရှင်းမှ ဖြစ်မယ်!"

  လို့ရှီးယန်က မျက်မှောင်ကြုတ်လိုက်ပြီး "အခြားသူတွေ မလုပ်နိုင်ဘူးလား"

  ကျွော့ချင်းက သူမ ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်ပြီး ကုယွင်က ပြတ်ပြတ်သားသား ဝင်ပြောလာသည်။ "တကယ်လို့ ဒါက တကယ်ကို စိတ်ညှို့တာ ဆိုရင် ဒီပဟေဠိကို ဖြေရှင်းနိုင်တဲ့သူက သူ(မ)တစ်ယောက်တည်းပဲ!"

 ချင်းက မကြာသေးမီနှစ်များအတွင်း အကောင်းဆုံး မှုခင်းဆေးစစ်သူ ဖြစ်ခဲ့ရုံသာမက သူမတို့၏ရဲဌာနများမှ စိတ်ပိုင်းဆိုင်ရာသင်တန်းများအတွက် ပညာရှင်များကို လေ့ကျင့်ပေးနေသည့် နည်းပြနှင့် အကြံပေးလည်းဖြစ်နေခဲ့သည်။

  ...

  အနက်ရောင်သန့်သန့်ရထားလုံးတစ်စီးက ဝန်ကြီးချုပ်အိမ်တော်ဆီသို့ ခါတိုင်းကဲ့သို့ အလျင်အမြန် ပြေးသွားနေသော်လည်း ရထားအတွင်းပိုင်းမှ လေထုက အနည်းငယ် တင်းမာနေသည်။ ကျွော့ချင်းက ရထားလုံး၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး လို့ရှီးယန်က အခြားထောင့်တွင် ထိုင်နေသည်။ လို့ရှီးယန်က ပြတင်းပေါက်အပြင် ဘက်ကို လှည့်ကြည့်နေပြီး သူမကို လျစ်လျူရှုထားခဲ့သည်။ ကျွော့ချင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သဘောထားကြီးစွာ မတ်တပ်ထရပ်လိုက်ကာ လို့ရှီးယန်၏ နံဘေးသို့ ရွှေ့သွားပြီး သူ့အင်္ကျီလက်ဝကျယ်၏အစကို ညင်သာစွာ ဆွဲယူလိုက်ကာ "ရှီးယန်... ရှင် စိတ်ဆိုးနေတာလား?"

 လို့ရှီးယန်က ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီး အေးအေးဆေးဆေးပုံစံဖြင့် ပြန်မေးလိုက်သည်။ "မင်းရော ဘယ်လိုထင်လဲ?"

  သူ ဒေါသထွက်နေတယ်! သူ အရမ်းကို ဒေါသထွက်နေတယ်!!!

ကျွော့ချင်းက သူ့အင်္ကျီလက်စများကို လွှတ်ပေးလိုက်ပြီး သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏တောင်းဆိုချက်ကို သဘောတူခွင့်ပြုရန် တောင်းဆိုနေခဲ့သည်။ သူမက ကလေးဆိုးလေးတစ်ယောက်လို ပြုမူနေပြီး သူမလုပ်ချင်တာကို လိုက်လျောပေးဖို့ သူ့ကို တောင်းဆိုနေပေမယ့် ရှီးယန်က သူမရဲ့အမူအရာတွေမှာ မပျော်ဝင်လာပါဘူး။ အချိန်အတော်ကြာပြီးနောက် သူမက ခေါင်းကို မော့ကာ သူမကို စိုက်ကြည့်နေတဲ့ လို့ရှီးယန်ကို ပြန်ကြည့်လိုက်ပြီး "ဒီလိုလုပ်မိတဲ့အတွက် ရှင့်ကိုစိတ်ပူစေလို့ ကျွန်မ စိတ်မကောင်းပါဘူး။ ဒါပေမယ့် လူသတ်သမားကိုတော့ ဖမ်းရမှာပဲ၊ သူ့ရဲ့လူသတ်နည်းလမ်းတွေကို လုံးဝဖျက်ဆီးပစ်ရမယ်၊ အဲ့လိုမှ မဟုတ်ရင် သေဆုံးသွားသူတွေအတွက် တရားမျှတမှု မရနိုင်တော့သလို လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာလိမ့်မယ်။ ကျွန်မက တရားခံအစစ်ကို ရှာတွေ့ဖို့ မျှော်လင့်ထားပေမယ့် မျက်စိစုံမှိတ် လုပ်မှာတော့ မဟုတ်ပါဘူး။ ဒီနေ့ည ကျွန်မ အတက်နိုင်ဆုံး ဘေးကင်းလုံခြုံဖို့ စီစဉ်ပြီး အားလုံးကို သေသေချာချာ လုပ်ဆောင်ပါ့မယ်"

  ဖီးနစ်မျက်လုံးတစ်စုံနှင့် ဇွဲကောင်းသောမျက်လုံးတစ်စုံက အကြည့်ချင်းပြိုင်နေကြပြီး ကျွော့ချင်းက လို့ရှီးယန်တွေးနေပုံကို မသိနိုင်ခဲ့ပေ။ သူက သူမ၏ဇွဲလုံ့လနှင့် ယုံကြည်မှုကို ခံစားသိရှိနိုင်ပြီး သူမက ဤကိစ္စကို ပြီးမြောက်အောင်မြင်နိုင်ရန် သူက မျှော်လင့်နေခဲ့သည်။

  တစ်ယောက်နဲ့တစ်ယောက် အကြာကြီး ကြည့်နေပြီးနောက် ကျွော့ချင်းက သူ့ကို ရှင်းပြဖို့ နည်းလမ်းမရှိတော့ဘူးလို့ ခံစားလိုက်ရချိန်တွင် လို့ရှီးယန်က ရုတ်တရက် ခေါင်းငုံ့ပြီး ရယ်မောလိုက်သည်။ ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး "ရှင်က ဘာလို့ ရယ်နေတာလဲ"

  စိုးရွံ့မှုကြောင့် ချွေးစေးများထွက်နေသော ကျွော့ချင်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားရင်း လို့ရှီးယန်က ပြုံးလိုက်ကာ "ဒီညအတွက် အစီအစဥ်တွေကို ကိုယ့်ဆီကို အပ်ထားလိုက်ပါ၊ ကိုယ်တို့ရဲ့မင်္ဂလာဆောင်ရက်က ဆယ်ရက်ပဲ လိုတော့မယ်။ သတို့သမီးမပါဘဲ ကိုယ် မင်္ဂလာဆောင်မဆောင်ချင်ဘူး"

  ကျွော့ချင်း၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး သူကို့ မယုံနိုင်စွာ ကြည့်နေကာ အံ့သြတကြီး မေးလာသည်။ "ရှင် သဘောတူတယ်လား!?"

  လို့ရှီးယန်က ကူကယ်ရာမဲ့ နှာမှုတ်လိုက်ပြီး "ကိုယ် သဘောမတူရင်ရော ရမှာမို့လို့လား"

  "အင်း!" သူက တကယ် သဘောတူလိုက်တာကို မြင်ရတာကြောင့် ကျွော့ချင်းက နောက်ဆုံးမှာ သူ့ကို ကျီစယ်ချင်လာပြီး "ဒါပေမယ့် ကျွန်မ ဝမ်းနည်းမှာ... အရမ်းကို အရမ်းကို ဝမ်းနည်းမှာ... ပြီးရင် ကျွန်မရဲ့တန်ဖိုးက လုံးဝပျက်စီးသွားပြီ ဘဝရဲ့ပန်းတိုင် မရှိဘူးတော့ဘူးလို့..."

  "တော်တော့၊ မင်းပဲ အဲ့လိုတွေ ပြောနေတာ၊ ကိုယ်က အဲ့လိုပြောနိုင်ပါ့မလား" သူမ ဆက်ပြောနေရင် မကြာခင်က သူက ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာတော့မယ်!

 သူက သူမပခုံးကို ညင်သာစွာ ဆွဲယူလိုက်ပြီး သူမကို သူ့လက်နှစ်ဖက်ထဲမှာ ပွေ့ဖက်ထားလိုက်သည်။ သူမ ရေထဲကျသွားချိန်မှာ သူမကို နောက်ထပ် အန္တရာယ်တစ်ခုတောင်မှ မကြုံစေရဘူးလို့ သူ တိတ်တိတ်လေး ကျိန်ဆိုခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမရဲ့ ဇွဲလုံ့လကြောင့် သူက အလျော့အတင်း လုပ်ပေးခဲ့ပြီး သူမမျက်လုံးတွေထဲက "ကျွန်မ ရှင့်နဲ့အတူရှိနေချင်တယ်"ဆိုတဲ့ စာကြောင်းရဲ့စစ်မှန်တဲ့ အဓိပ္ပါယ်ကို သူ မြင်သွားလို့ပါပဲ။ သူမမှာ ကိုယ်ပိုင် အကြံဥာဏ်တွေ ရှိပြီး သူ သူမအတွက် လုပ်ပေးနိုင်တာက သူမကို ချုပ်နှောင်ထားတာဖို့ထက် သူမကို လွပ်လပ်ခွင့်ပေးထားပြီး အန္တရယ် မဖြစ်အောင် ကာကွယ်ဖို့ပါပဲ။

  ကျွော့ချင်းက တစ်ခုခုကို တွေးမိသွားပြီး သူမခေါင်းကို အလျင်စလို မော့လိုက်ပြီး သူ့ကို မေးလိုက်သည်။ "ကျွန်မတို့ မင်္ဂလာဆောင်ရက်က ဆယ်ရက်ပဲ ကျန်တော့တယ်လို့ ရှင် ပြောလိုက်တာလား!!"

ဆယ်ရက်ပဲ ကျန်တော့တာလား? အချိန်တွေ ကုန်တာ မြန်လိုက်တာ၊ မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားပြီ။

  လို့ရှီးယန်က သူ၏မျက်ခုံးများကို အနည်းငယ်ပင့်ကာ ညင်သာစွာ ပြုံးပြလာရင်း "ဘာလဲ၊ မင်းက အရမ်းမြန်တယ်လို့ ထင်နေလို့လား?"

  အိုးးးးး... မတွေ့ရတာ ကြာတဲ့ မြေခွေးအပြုံးလေးကို ငါ ပြန်မြင်လိုက်ရတယ်။

ကျွော့ချင်းက မြန်​မြန် ​​ခေါင်းခါလိုက်ပြီး "မဟုတ်​ပါဘူး​... အရမ်း​နှေးတယ်လို့ ထင်နေတာ​!!"

  လို့ရှီးယန်က ရယ်နေခဲ့သည်။

ဒီမိန်းကလေးရဲ့စကားလုံးတွေက သူ့ရဲ့စိတ်ခံစားမှုတွေကို ပိုကောင်းလာစေတယ်!

  ကျွော့ချင်းက သူ့လက်နှစ်ဖက်ထဲတွင် ငြိမ်သက်စွာမှီနေရင်း သူ့နှလုံးခုန်သံကို နားထောင်နေခဲ့သည်။ သူမက နှုတ်ခမ်းထောင့်များကို သက်တောင့်သက်သာ ပင့်တင်ထားတာ တစုံတခုကို ကျိတ်တွေးနေခဲ့သည်။

ဒီလိုလူကို စောစောစီးစီး မဖမ်းထားရင် သူမက မိုက်မဲတဲ့သူ ဖြစ်သွားပေလိမ့်မယ်။

သူမတို့ မင်္ဂလာဆောင်ရမယ့် ဆယ်ရက်မြောက်နေ့ကို သူမ အရမ်း မျှော်လင့်နေမိတယ်။

  ...

  ယင်ရှီအချိန်(မနက် ၃-၅နာရီ)...

စစ်သူကြီးအိမ်တော်...

  မိုးလင်းခါနီးပြီ ဖြစ်သော်လည်း အခန်းအတွင်း သို့မဟုတ် အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ စစ်သူကြီးအိမ်တော်တစ်ခုလုံးက ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေပုံရသည်။ ယနေ့ညတွင် လရောင်က ထူးထူးခြားခြား တောက်ပနေပြီး ထိုလရောင်က ဖွင့်ထားသည့်ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ တိုးဝင်နေကာ အခန်းကို လင်းလက်နေစေသည်။ ကျွော့ချင်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်လုံးများကို အနည်းငယ် မှေးထားပေမယ့် အခန်းတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။

  အဝေးမှရေက အနီးနားရှိမီးကို မကယ်တင်နိုင်မည်ကို(အဝေးကနေ ဘာမှ မလုပ်ပေးနိုင်မှာကို) စိုးရိမ်နေသဖြင့် လို့ရှီးယန်က အနက်ရောင်ဝတ်ဆင်ထားသော မော့ဘိုင်ကို အိမ်၏ထုပ်တန်းပေါ်တွင် အိပ်နေရန် စီစဉ်ပေးထားခဲ့သည်။ အော်ထျန်းက ကုတင်ကန့်လန့်ကာနှင့် ခုတင်ကြားရှိဗီရိုနောက်တွင် ပုန်းနေခဲ့သည်။ အိမ်အပြင်မှာ ယဲ့မိန်၊ ချမ်ကျင်းနှင့် တရားရေးရာဌာနမှ လူများရှိနေပြီး အခန်းအပြင်ဘက်ကနေ ချောင်းမြောင်း စောင့်ဆိုင်းနေကြသည်။ ကုယွင်က သူ့ကို တခြားအခန်းမှာ နေဖို့ တိုက်တွန်းခဲ့ပေမယ့် လို့ရှီးယန်က ကျွော့ချင်းရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတာကြောင့် သူတို့နှစ်ယောက်က အတွင်းခန်းနဲ့ အဝေးဆုံးထောင့်တစ်နေရာမှာ ပုန်းခိုနေခဲ့ကြသည်။ ဒီကနေဆိုရင် သူတို့က ဖြစ်ပျက်နေတာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အတွင်းခန်းက သူတို့ ဒီနေရာမှာ တိုးတိုးလေးပြောနေရင် အတွင်းခန်းက မကြားနိုင်လောက်ဘူးဟု ယူဆနိုင်သည်။

  မိုးလင်းခါနီးပြီ! သူတို့ မှန်းဆတာ မှားသွားတာလား?? ဒါမှမဟုတ် လူသတ်သမားက စုမူဖုန်း မဟုတ်တာလား??

  ကျွော့ချင်းနှင့် ကုယွင်တို့တွေးတောနေချိန်တွင် ပြတင်းပေါက်နားကနေ အရိပ်တစ်ခု ဖြတ်သွားပြီး လူရိပ်တစ်ခုပေါ်လာကာ ထိုလူ၏ ငွေမှင်ရောင်မျက်နှာဖုံးပါသော မီးခိုးရောင်ဝတ်စုံပါးပါးက လရောင်ကြောင့် ပိုပြီးရှည်လျားသယောင် ထင်နေရသည်။ သူက အသက်ရှူသံကိုတောင် မကြားရလောက်အောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလျင်အမြန် ပေါ်လာတာကြောင့် မော့ဘိုင်နှင့် အော်ထျန်းတို့က ဝင်သက်ထွက်သက်ကို အပြင်းအထန် အောင့်ထားကြပြီး သူတို့၏အရှိန်အဝါကို လျင်မြန်စွာ ထိန်းချုပ်လိုက်ကြသည်။ ဤလူက ဆရာအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်မည်မှာ သေချာနေပြီး အကယ်၍ ထိုလူက သူ့တို့ရှိနေတာကို ရိပ်မိသွားပါက ယနေ့ညအတွက် ဖမ်းဆီးမှုက ကျဆုံးသွားမည်ဖြစ်သည်။

  မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ကုတင်ပေါ်တွင်ရှိမနေသင့်သော အမျိုးသမီးကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက မှေးကျဥ်းသွားကာ ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ နောက်သို့ပြန်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

  မဟုတ်ဘူး၊ ဒီလို ဖြစ်လို့ မရဘူး၊ ငါတို့ သူ့ကို လွှတ်ပေးလို့ မရဘူး။ မဟုတ်ရင် သူ့ကို ဖမ်းမိရင်တောင် စိတ်ညှို့မှုရဲ့ လျှို့ဝှက်ချက်ကို မဖြေရှင်းနိုင်လောက်ဘူး။

  ကျွော့ချင်းက ရုတ်​တရက်​ သူမခန္ဓာကိုယ်ကို တည့်မတ်လိုက်​ကာ ​နွေး​ထွေးသော ​လေသံဖြင့်​ "မူဖုန်း၊ ရှင်လား"

  မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား၏နောက်ကျောက တောင့်တင်းသွားပေမယ့် ဘာမှပြန်မဖြေဘဲ ထွက်သွားရန် ပြင်နေသည်။

  သေချာတာကတော့ သူပါပဲ။ ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး သူ့နောက်ကျောဘက်ကို ဖြည်းညှင်းစွာ လျှောက်သွားပေမယ့် သူနားကိုတော့ သိပ်မကပ်ဘဲ သူမက တတ်နိုင်သမျှ လေသံတိုးတိုးလေးနဲ့ "တကယ်တော့ ရှင့်ကို ပထမဆုံးအကြိမ် စတွေ့ကတည်းက ကျွန်မ ရှင့်ကို ချစ်မိသွားခဲ့တယ်၊ ဒီည ရှင့်ကို စောင့်နိုင်ဖို့ ချင်းမော့ကို အဝေးပို့ဖို့ ကျွန်မ အများကြီးကြိုးစားခဲ့ရတယ်"

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီး သူက လရောင်ဘက်ကို ကျောပေးထားကာ ငွေမှင်ရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားတာကြောင့် ကျွော့ချင်းက သူ့၏မျက်နှာ သို့မဟုတ် မျက်လုံးများကို မမြင်နိုင်ပေ။ တိုးလျသော်လည်း ဆွဲဆောင်မှုရှိသော ယောက်ျားလေးတစ်ယောက်၏ ရယ်သံကိုသာ သူမ ကြားလိုက်ရသည်။ "ငါ လာမယ်ဆိုတာကို မင်းက သိနေတာလား?"

  ဒီအသံ... အသံက စုမူဖုန်းရဲ့အသံနဲ့ အရမ်းဆင်တူပေမယ့် လေသံနဲ့ လေယူလေသိမ်းကတော့ လုံးဝ ကွဲပြားနေတယ်။

  ကျွော့ချင်းက သူမ၏စိတ်ကို ငြိမ်သက်စေရန် ကြိုးစားလိုက်ပြီး သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြနေရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းနေကာ "ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင်ရောက်လာဖို့ ကျွန်မ မျှော်လင့်ခဲ့မိတယ်၊ မိုးနတ်မင်းက ကျွန်မရဲ့စကားတွေကို ကြားသွားတယ်ထင်တယ်၊ နောက်ဆုံးတော့ ရှင်ရောက်လာခဲ့တယ်"

  ကုယွင်က သူမ မျက်လုံးများကို ပြင်းပြင်းထန်ထန် မှိတ်ချလိုက်သည်၊ ဒီအမျိုးသမီးလေး ဒရာမာထဲမှာ အရမ်းနစ်မဝင်နေဖို့ သူမ မျော်လင့်ပါတယ်။ သူမဘေးနားက နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ ဒဏ္ဍာရီထဲက အမျိုးသားက သူ့လက်သီးတွေကို ခပ်တင်းတင်းဆုပ်လိုက် ပြန်ဖြေလျော့လိုက်လုပ်နေတာ အကြိမ်ပေါင်းများစွာ ရှိနေပြီလေ!

  မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက သူမကို တွန်းထုတ်လိမ့်မည်ဟု ကျွော့ချင်းက တွေးထားခဲ့သည်။ ထိုအရာက စုမူဖုန်း၏ ပုံမှန်တုံ့ပြန်မှု ဖြစ်သည်။ မမျှော်လင့်ဘဲ ထိုလူက သူမကို တွန်းထုတ်မည့်အစား နောက်ပြန်လှည့်လာကာ သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာက ပိုပူလာပုံရပြီး သူက သူမပါးပြင်နားကို ဖိကပ်လာကာ အပြန်ပြန်အလှန်လှန် ပွတ်သပ်ပေးနေရင်း ချိုမြိန်သော ဝင်သက်ထွက်သက်များပါသော ငြိမ်းညောင်းသော သြရှရှအသံက သူမနားထဲသို့ တိုးဝင်လာသည်။ "မင်းက ငါ့ကို ကြိုက်တယ်လို့ ပြောလိုက်တာလား?"

  အေးစက်သောမျက်နှာဖုံးက သူမပါးပြင်ကို မြွေတစ်ကောင်၏အကြေးခွံကဲ့သို့ ပွတ်တိုက်နေတာကြောင့် ကျွော့ချင်းအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး ထိုအရာက သူမကို ညှဉ်းပန်းနှိပ်စက်နေသည်။ ကျွော့ချင်းက ညင်သာစွာ ခေါင်းမညိတ်ပြနိုင်ခင် အသက်ကို အကြိမ်ပေါင်းများစွာ ခပ်ပြင်းပြင်းရှူနေရပြီး "အင်း"

  သူမအာရုံတွေ အပြည့်အဝပြန်မကောင်းလာသေးခင်မှာ ထိုယောက်ျားက သူမကို ခါးကနေ ဆွဲပွေ့သွားပြီး ကျယ်ဝန်းတဲ့ကုတင်ဆီ လျှောက်သွားကာ ကုတင်ပေါ် ညင်သာစွာ လှဲချပေးလိုက်ပြီး ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ခန္ဓာကိုယ်က ကျွော့ချင်းကို နောက်တစ်ကြိမ် ပြန်ဖိကာ ကျွော့ချင်းကို သူ့လက်နှစ်ဖက်ကြားတွင် ချုပ်နှောင်ထားခဲ့သည်။ ဒီကြားထဲမှာ သူ့လက်ချောင်းတွေက သူမရဲ့ နားရွက်တွေကို စက်ဝိုင်းပုံစံ လှည့်ပတ်ကစားနေခဲ့သည်။

ဒီလူက တကယ်ကို ပရောပရည် လုပ်နိုင်လွန်းတယ်၊ သူ တကယ်ပဲ စုမူဖုန်းဟုတ်ရဲ့လား?!

 ကျွော့ချင်းက သူမလက်ကို  ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်ပြီး မျက်နှာဖုံးစွပ်ထားသည့်လူ၏မျက်နှာကို ပွတ်သပ်နေရင်း အသံတိုးတိုးဖြင့် "မူဖုန်း၊ ကျွန်မ ရှင့်ကို ကြည့်ချင်တယ်!"

  ကုယွင်က ငြိမ်သက်နေဆဲဖြစ်သော လို့ရှီးယန်ကို ဂရုတစိုက်ကြည့်နေပြီး သူ၏ဖီးနစ်မျက်လုံးများက အနည်းငယ် အေးစက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ ညဘက်တွင်ပင် ကုယွင်က သူ့မျက်လုံးများထဲမှ လူသတ်ချင်စိတ်ကို ခံစားရနိုင်သည်။ သူမက ဤလူ၏ ကျိုးကြောင်းဆင်ခြင်တက်သော အသိဥာဏ်နှင့် သူ၏လေးနက်သော နားလည်ပေးနိုင်မှု့ကို တကယ်ပဲ သဘောကျနေမိသည်။ ဒီယောက်ျားက ချင်းကို တကယ်ချစ်တယ်။

  မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက ကျွော့ချင်းရဲ့လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်တာကြောင့် ထုပ်တန်းပေါ်မှာ ပုန်းခိုနေတဲ့ မော့ဘိုင်က ချက်ချင်း သတိအနေအထား ပြင်ဆင်ထားလိုက်သည်။ ကျွော့ချင်းကလည်း သူ ဒေါသထွက်သွားလောက်ပြီဟု တွေး‌ကာ လန့်သွားချိန်တွင် ထိုလူက သူကိုယ်တိုင် သူ့မျက်နှာဖုံးကို အေးအေးဆေးဆေး ဖြုတ်ကာ အိပ်ယာဘေးသို့ ညင်သာစွာ ပစ်ချလိုက်သည်။

  နောက်ဆုံးတွင် ကျွော့ချင်းက ထိုလူ၏မျက်လုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

  သူမရှေ့မှ မျက်နှာက ကြည်လင်ပြတ်သားလွန်းနေပြီး ပုံမှန် မဟုတ်သော ချောမောမှုများအပြည့်ရှိနေသည့် စုမူဖုန်း၏မျက်နှာ ဖြစ်နေခဲ့သည်။ ဒါပေမယ့် ကျွော့ချင်းက ဒီလူက တကယ်ကို စုမူဖုန်းလားဆိုတာ မသေချာပါဘူး။ နေ့ခင်းဘက်တွင် သူ့မျက်လုံးများတွင် ငွေမှင်ရောင်နှင့် အနက်ရောင်များကိုသာ မြင်ခဲ့ရသော်လည်း ညဘက်တွင် ငွေမှင်ရောင်ကဲ့သို့ ခပ်ဖျော့ဖျော့ရောင်များ ရောနှောနေပြီး သူက ပြုံးနေသော်လည်း ပြုံးသလို မပြုံးသလို ဖြစ်နေကာ သူ၏ပါးလွှာသော နူတ်ခမ်းများက ရဲရဲနီနေပြီး အရာရာကို သွေးဆောင် ဖျားယောင်းတော့မည့်ပုံပေါ်နေသည်။ နေ့ခင်းဘက်မှ အေးစက်ပြီး ကြော့ရှင်းတဲ့ အသွင်အပြင်နဲ့မတူဘဲ အခုအချိန်မှာ သူက ပျင်းရိပြီး ဆိုးသွမ်းတက်တဲ့ အသွင်အပြင်ကို ပေါ်လွင်နေစေသည်။ ကျွော့ချင်းက ယခုအချိန်တွင် သူမ၏အတွေးများကို သံသယဝင်နေပြီး သူမ၏ယခင်ကောက်ချက်များကို သူမဘာသာသူမ စတင်မေးခွန်းထုတ်နေပြီ ဖြစ်သည်။ စိတ်ညှို့ခြင်းက လူတစ်ဦးကို ဤမျှအတိုင်းအတာအထိ မပြောင်းလဲနိုင်ပေ၊ သူက စုမူဖုန်းဟုတ်ရဲ့လား၊ ဒါမှမဟုတ်...

ကျွော့ချင်းက သူမ၏ကိုယ်ပိုင်အတွေးထဲသို့ ရောက်သွားခဲ့သော်လည်း သူက သူမကို တွေးတောနေဖို့ ခွင့်မပြုခဲ့ပေ။ သူက သူမမေးစေ့ကို သူ့လက်နဲ့ ညင်သာစွာ ညစ်လိုက်ပြီး အသံတိုးတိုးနဲ့ "မင်း ငါ့အတွက် တစ်ခုခု ပေးချင်တာရှိလား"

  ကျွော့ချင်းက အံ့အားသင့်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက် "အင်း"

  ထိုလူက ကျွော့ချင်း၏ နှာသီးဖျားကို လေဖြင့် ညင်သာစွာ မှုတ်လိုက်ပြီး သူက အကျင့်ပါနေပုံနဲ့ သူမ၏ပါးပြင်ကို လှမ်းကိုင်လိုက်ကာ "ကောင်းပြီ သခင်မလေး၊ မင်းရဲ့ နှလုံးသားကို ငါ့ကို ပေးချင်လား?"

  နက်ရှိုင်းသောအသံက နူးညံ့ပြီး ချစ်စရာကောင်းနေသည်။ ကျွော့ချင်းက မျက်ခုံးပင့်ကာ "ရှင်က ကျွန်မနှလုံးသားကို လိုချင်တာလား"

  ကျွော့ချင်းရဲ့အဖြေက သူ့မျက်လုံးတွေကို အနည်းငယ် မှေားကျဥ်းသွားစေခဲ့ပေမယ့် မကြာခင်မှာ သူက နတ်ဆိုးဆန်ဆန် ပြုံးလာပြန်ပြီး "မင်းက မပေးချင်ဘူးလား?"

  သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ကျွော့ချင်းက ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းလှသော သူ့မျက်လုံးထဲတွင် ငွေရောင်အလင်းတန်းများ စီးဆင်းနေသည်ကို မြင်လိုက်ရပြီး သူမကို တစ်ဆင့်ချင်း စုပ်ယူနေသလို ခံစားလိုက်ရသည်။ ဒါက အရမ်းထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ကျွော့ချင်းက မှင်သက်သွားပြီး သူမစိတ်တွေ ဝေဝါးလာကာ ခဏတာအတွင်း မူးဝေသွားသလို ခံစားလိုက်ရသည်။ ခဏအကြာတွင် ကျွော့ချင်းက ခေါင်းငြိမ့်ပြလာပြီး "ကောင်းပြီ" ဟု ပြောလာခဲ့သည်။

  စိတ်လှုပ်ရှားနေပုံရ‌သော ထိုယောက်ျား၏မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာပြီး သူက တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်ကာ မလှုပ်မယှက်ဖြစ်နေသော အမျိုးသမီးကို ကျေနပ်စွာ စိုက်ကြည့်နေသည်။ သူ့လက်က သူမခါးစည်းကြိုးကို ရင်းနှီးနေသည့်ပုံစံဖြင့် လှမ်းဆွဲလိုက်ပြီး မကြာမီ သူမအဝတ်အစားများအားလုံးကို ဖြည်လိုက်ကာ သူမကို တစ်ချက်ကြည့်လိုက်ပြန်သည်။ သူက သူ့ကို စိုက်ကြည့်နေတဲ့ အမျိုးသမီးကို ပြန်စိုက်ကြည့်နေရင်း ညင်ညင်သာသာ ပြုံးပြနေကာ "မကြောက်ပါနဲ့၊ မင်း မကြာခင် လွတ်လပ်သွားတော့မှာပါ"

  ပါးလွှာသောဓါးက ချောမွေ့သော အသားအရည်ကို ထိမိသွားကာ ချွန်ထက်အေးစက်သော ဓါးဦးက ရင်ဘတ်နေရာကို ဖြတ်သန်းသွားပြီး အနီရဲရဲသွေးများက ဓါးရာတစ်လျှောက်စီးဆင်းလာပြီး ပိုးသားအိပ်ယာခင်းဆီသို့ ကျဆင်းလာခဲ့သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၁၀၀ လူတစ္ဦးအတြက္ အသက္အႏၲရယ္

  "မူဖုန္း?" စုမူဖုန္း၏နက္ရႈိင္းေသာ မ်က္လုံးမ်ားကို ၾကည့္ေနရင္း ကုယြဲ႕ရွင္းက ေရခဲဂူထဲသို႔ ေရာက္ရွိေနသလို ခံစားလိုက္ရၿပီး အနည္းငယ္ တုန္လႈပ္သြားကာ သူမကိုယ္သူမ မထိန္းႏိုင္ေတာ့ဘဲ ေခါင္းကို ငုံ႔ခ်လိုက္ၿပီး သူမက သူ႔ကို ၾကည့္ရန္ ျငင္းဆိုလိုက္သည္။

  စုမူဖုန္းက ကုယြဲ႕ရွင္းနံေဘးမွာ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး ကုယြဲ႕ရွင္း၏ လွပေသာမ်က္ႏွာကို စိုက္ၾကည့္ေနရင္း "အန္တီရွင္း၊ အန္တီေျပာသမွ်က အမွန္ေတြပဲလား?"

  သူ႔အသံက အရမ္းတိုးေနေပမယ့္ ကုယြင္ကေတာ့ သူရဲ႕မယုံခ်င္ေလာက္ေအာင္ျဖစ္ေနၿပီး အံ့ၾသေနေသာ မေသခ်ာ မေရရာမႈမ်ားျပည့္ေနသည့္ မ်က္ႏွာအမူအရာကို ျမင္ေတြ႕ေနရသည္။ ဒါက ဘာကိုမွ လုံးဝ မသိတဲ့ လူတစ္ေယာက္မွာ ရွိသင့္တဲ့ အမူအရာေတြျဖစ္ေနေပမယ့္ စုမူဖုန္းရဲ႕မ်က္ႏွာကို ျမင္လိုက္တဲ့အခ်ိန္မွာ ပထမဆုံး တုံ႔ျပန္မႈလာတဲ့ ကုယြဲ႕ရွင္းရဲ႕အမူအရာကေတာ့ ေၾကာက္႐ြံ႕ထိတ္လန႔္ၿပီး စိတ္ပူေနတဲ့ ပုံစံပါပဲ။ ဘာေၾကာင့္လဲ? ဘာလို႔အဲ့လို ျဖစ္ေနတာလဲ?!

  ကုယြင္က စုမူဖုန္းႏွင့္ကုယြဲ႕ရွင္းတို႔ကို ေအးစက္ေသာမ်က္လုံးမ်ားျဖင့္ အနီးကပ္ စိုက္ၾကည့္ေနခဲ့ျခင္းက သူတို႔ဆီမွ အလွည့္စားမခံရေစရန္ႏွင့္ သူတို႔၏အမူအရာမ်ားကို လက္လြတ္မခံခ်င္ေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ေကြၽာ့ခ်င္းဆီေနကေန ထင္ေယာင္ထင္မွားျဖစ္ျခင္းဟူေသာ စကားလုံးကို ၾကားၿပီးေနာက္တြင္ သူမက စိတ္ကူးယဥ္ဆန္ေသာ အေတြးတစ္ခု၏အလယ္သို႔ က်ေရာက္သြားခဲ့သည္။

  "ငါ..." ကုယြဲ႕ရွင္းက ခဏမွ်တုံ႔ဆိုင္းသြားၿပီးမွ ျပင္းျပင္းထန္ထန္ ေခါင္းညိတ္ျပလိုက္ကာ ေအးစက္စြာနဲ႔ "ဟုတ္တယ္"

 ေနာက္ဆုံးေတာ့ ဘာအမူအရာမွ ျပေလ့မရွိေသာ စုမူဖုန္း၏ပုံေသ ဘာမွ မထူးျခားပုံရေသာ မ်က္ႏွာေပၚတြင္ စိတ္ပူပန္မႈမ်ား ထြက္ေပၚလာသည္။ တစ္ခါမွ သူဘက္ကေန စၿပီး အျခားသူမ်ားကို ထိကိုင္ျခင္းမရွိခဲ့ေသာလူက ကုယြဲ႕ရွင္း၏ပုခုံးမ်ားကို ဆြဲကိုင္လိုက္ၿပီး "ဘာလို႔ ဒီလိုလုပ္ရတာလဲ?"

  ကုယြဲ႕ရွင္းက သူမ၏မ်က္လုံးထဲမွ စီးက်လာေနေသာ မ်က္ရည္မ်ားကို အျပင္ထြက္က်မသြားေစရန္ အသက္ကို ျပင္းျပင္းရႉကာ ျပန္ထိန္းလိုက္ၿပီး စုမူဖုန္း၏လက္ကို ညင္သာစြာ တြန္းထုတ္လိုက္သည္။ ကုယြဲ႕ရွင္းက သက္ျပင္းတစ္ခ်က္ခ်ကာ "မူဖုန္း... ငါက မင္းကို ကာကြယ္ေပးဖို႔ လုပ္ခဲ့တာ၊ မင္း ကုယြဲ႕မိသားစုအိမ္ေတာ္ကို ျပန္သြားေတာ့၊ ၿမိဳ႕ေတာ္မွာ မေနနဲ႔ေတာ့"

  ငယ္စဥ္ကေလးဘဝကတည္းက သူ႔အေမကို ဆုံးရႈံးခဲ့ရတဲ့ စုမူဖုန္းအတြက္ကေတာ့ သူ႔ေဒၚေလးက သူ႔ရဲ႕မိခင္တစ္ေယာက္လိုပါပဲ။ ကုယြဲ႕ရွင္းက သူ႔ကို ကာကြယ္ဖို႔ လူေတြကို သတ္ပစ္ခဲ့တယ္ဆိုတာကို သူ လက္မခံႏိုင္ပါဘူး။ သူက အဲဒီမိန္းမပ်ိဳေတြရဲ႕လုပ္ရပ္ကို ႐ြံရွာစက္ဆုပ္ၿပီး အဲ့တာေတြက သူ႔ကို ေၾကာက္႐ြံေစတယ္ဆိုေပမယ့္ သူမတို႔က ေသသင့္တယ္လို႔ သူ တစ္ခါမွ မေတြးခဲ့ပါဘူး။

"ေဒၚေလး ဒီလိုလုပ္မယ္လို႔ ကြၽန္ေတာ္ မယုံဘူး!"

ကုယြဲ႕ရွင္းက သူမကို မယုံၾကည္ႏိုင္စြာ စိုက္ၾကည့္ေနေသာ စုမူဖုန္းကို ေတြေဝစြာ ျပန္စိုက္ၾကည့္ေနသည္။ စူမူဖုန္းကလည္း သူမကို ဘာထပ္ေျပာရမွန္း မသိေတာ့ေပ! သူ ဒီလို ကာကြယ္မႈက မလိုခ်င္ဘူး!! သူ႔အေလးစားရဆုံး အေဒၚက တစ္ေယာက္ေယာက္ကို တကယ္သတ္ပစ္ႏိုင္တယ္ဆိုတာကို သူ ပိုၿပီး မယုံခ်င္ဘူး! သူမက ဒီလိုရက္စက္တဲ့ နည္းလမ္းေတြကို သုံးတယ္ဆိုတာက ပိုၿပီး မျဖစ္ႏိုင္ဘူး!!

 ကုယြဲ႕ရွင္းက သူမအနားရွိ သူမခ်စ္ရေသာ သူမ၏တူေလး စုမူဖုန္းကို ထပ္မၾကည့္ေတာ့ပဲ တြန္းထုတ္လိုက္ရင္း က်ယ္ေလာင္စြာေအာ္ေျပာလိုက္သည္။ "ဟုတ္တယ္၊ ငါ လုပ္ခဲ့တာ၊ မင္း သြားေတာ့၊ အခု ထြက္သြား!"

ကုယြဲ႕ရွင္းက ရွန္ယုလန္ကို ေမာ့ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ထရပ္လိုက္ကာ ေခါင္းကို ေမာ့ၿပီး ေအာ္လိုက္သည္။ "လူႀကီးမင္း၊ ငါ ဝန္ခံၿပီးၿပီ၊ ေက်းဇူးျပဳၿပီး ငါ့ကို အက်ဥ္းေထာင္ထဲကို ထည့္လိုက္‌ေတာ့၊ ငါ သူ႔ကို မေတြ႕ခ်င္ေတာ့ဘူး!!"

  စုမူဖုန္းက လုံးဝကို အျပင္းအထန္ ထိတ္လန႔္သြားသလိုပုံစံမ်ိဳးနဲ႔ သူ႔ေရွ႕မွ ကုယြဲ႕ရွင္းကို ဗလာျဖစ္ေနေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနၿပီး သူ႔၏ ခႏၶာကိုယ္က ႐ုတ္တရက္ ေအးခဲသြားသလို လုံးဝ မလႈပ္ရွားႏိုင္ေတာ့ေပ။ ကုယြင္က ထိုတုန႔္ဆိုင္းေနေသာ အေျခအေနတြင္ သူ႔မ်က္ဝန္းမ်ားတြင္ ႐ုတ္တရက္ ေပၚလာေသာ ညႇိဳ႕ဓာတ္မ်ားပါဝင္ေနေသာ ရီေဝေဝေအးစက္မႈအရိပ္အေယာင္မ်ားကို သတိထားမိလိုက္ေသာ္လည္း မၾကာမီပင္ ထိုအရာမ်ားက ေပ်ာက္ကြယ္သြားကာ သူ၏မူလအမူအရာမ်ားဆီသို႔ အလ်င္အျမန္ ျပန္ေရာက္သြားခဲ့သည္။

  သူတို႔ ေျပာသင့္တာေတြကို ေျပာၿပီး ျမင္သင့္သမွ်ကိုလည္း ျမင္ၿပီးၿပီျဖစ္တာေၾကာင့္ ရွန္ယုလန္က သူ႔လက္ကို ေဝွ႔ယမ္းလိုက္ၿပီး "အက်ဥ္းသားက သူ႔အျပစ္ကို ဝန္ခံတဲ့အတြက္ အက်ဥ္းေထာင္ကို ေခၚသြားလိုက္။ အထက္႐ုံးေတာ္ကို သတင္းပို႔ၿပီးမွ အျပစ္ဒဏ္ကို စီရင္မယ္!"

  "ဟုတ္ကဲ့" ႐ုံးေတာ္ အမူထမ္းႏွစ္ေယာက္ ကုယြဲ႕ရွင္းဆီကို ေလွ်ာက္လာၿပီး သူမက သူတို႔ႏွစ္ေယာက္ကို ေကာင္းမြန္စြာ ပူးေပါင္းေပးကာ တရားခြင္ထဲကေန အျပင္သို႔ လိုက္ပါသြားခဲ့သည္။ ဒါေပမယ့္ သူမက သူမအျပင္ကို ထြက္သြားေနခ်ိန္အထိ မလႈပ္မယွက္ ရပ္ေနေသးေသာ စုမူဖုန္းကို ေနာက္ျပန္လွည့္ၾကည့္လိုက္ၿပီး သူမမ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ားက ထိန္းမရေတာ့ဘဲ စီးဆင္းလာခဲ့သည္။ သူမက "မူဖုန္း၊ မင္း ငါ့ကို မင္းအေဒၚလို႔ အသိအမွတ္ျပဳေနေသးရင္ ကုယြဲ႕အိမ္ေတာ္ကို ခ်က္ျခင္း ျပန္သြားေတာ့၊ မင္း ငါ ေျပာတာကို ၾကားလား?"

သူမ သူကို အေကာင္းဆုံးကာကြယ္ေပးခဲ့ေပမယ့္၊ လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က သူ႔ကို စုမိသားစုအိမ္ေတာ္ကို ျပန္ခြင့္ျပဳခဲ့တဲ့အတြက္ သူမ ဘယ္ေလာက္ ေနာင္တရေနလဲ ဆိုတာကို သူမပဲ သိတယ္!

  သူမေရွ႕ကို လာရန္ သူ႔ကိုယ္သူ တြန္းအားေပးေနေသာ စုမူဖုန္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး ကုယြဲ႕ရွင္းက ေနာက္ကို ျပန္လွည့္သြားကာ ထပ္ေအာ္လိုက္ျပန္သည္။ "သြား.... သြားေတာ့!!"

  ေနာက္ဆုံးတြင္ ကုယြဲ႕ရွင္း၏အသံက အက်ဥ္းေထာင္ဌာန၏ပင္မအခန္းမွ ေပ်ာက္ကြယ္သြားခဲ့ၿပီး အခုန ရႈပ္ယွက္ခတ္ေနပုံရေသာ စုမူဖုန္း၏မ်က္လုံးမ်ားက သူ႔၏ပုံမွန္အမူအရာအတိုင္း ေအးစက္ေနၿပီး သူက တရား႐ုံးရွိ လူတိုင္းကို လ်စ္လ်ဴရႈထားပုံရသည္။ သူက သူေရာက္လာခ်ိန္ကအတိုင္း တိတ္တဆိတ္ ျပန္ထြက္သြားခဲ့ေသာ္လည္း သူ႔၏ေျခလွမ္းမ်ားက ခါတိုင္းကဲ့သို႔ လြပ္လပ္ေပါပါးမေနဘဲ သက္ေတာင့္သက္သာျဖစ္ေနပုံလည္း မရေပ။

  ရွန္ယုလန္က စုမူဖုန္းကို မတားဘဲ တရားခြင္ထဲကေန ထြက္သြားခိုင္းလိုက္သည္။ သူ ထြက္သြားတာနဲ႔ ရွန္ယုလန္က လူတိုင္းကို ေဝ့ၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္ကာ "မင္းတို႔ေရာ ဒီကိစၥကို ဘယ္လိုထင္လဲ"

သူမွာ  ဒီအမႈနဲ႔ပတ္သက္ၿပီး တျခားသံသယအခ်ိဳ႕ရွိေနခဲ့ေပမယ့္ ကုယြဲ႕ရွင္းကို သူမ လူသတ္ရန္ႀကံစည္ေနတဲ့အခ်ိန္မွာ ဖမ္းမိခဲ့ၿပီး သူမ ယူေဆာင္လာတဲ့ လူသတ္မႈလက္နက္ကလည္း ယခင္အခင္းျဖစ္ပြားခဲ့တဲ့ ေသဆုံးသူေတြရဲ႕ ဒဏ္ရာေတြနဲ႔ ကိုက္ညီေနခဲ့သည္။ သူမက အခင္းျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း ရွင္းျပႏိုင္ခဲ့ၿပီး သူမဆႏၵအေလ်ာက္ သူမအျပစ္ကို ဝန္ခံခဲ့သည္။ ဥပေဒအတိုင္းလိုက္နာေဆာင္႐ြက္မယ္ဆိုရင္ ဒီအမႈက ၿပီးသြားၿပီ။ ဧကရာဇ္မင္းေပးခဲ့တဲ့ တစ္လတာကာလက ကိုးရက္ပဲက်န္ေတာ့တယ္။ လူသတ္သမားက ကုယြဲ႕ရွင္း မဟုတ္ခဲ့ရင္ တကယ့္လူသတ္သမားလို႔ ေခၚႏိုင္တဲ့ အစစ္အမွန္လူကို ရွာမေတြ႕မွာ သူ စိုးရိမ္ေနမိတယ္။ လူသတ္အမား အစစ္ကို ရွာမေတြ႕လို႔ သူ ျပစ္ဒဏ္ခံရၿပီး ေထာင္ခ်ခံရမွာကိုလည္း ေၾကာက္တယ္!

  မႈခင္းဌာနမွ မည္သူမွ် အသံမထြက္လာသလို ေကြၽာ့ခ်င္းက ဘာကို စဥ္းစားေနမွန္းမသိဘဲ ႏႈတ္ဆိတ္ေနသည္။ လို႔ရွီးယန္က အစမွအဆုံး နားေထာင္ေနပုံရၿပီး သူ သေဘာတူ၊ မတူ၊ သူ႔စိတ္ကူးကို ဘယ္သူမွ မသိႏိုင္ဘဲ သူ ဘာေတြေတြးေနတာလဲဆိုတာ ေျပာရန္ခက္ခဲလြန္းလွသည္။

  အရပ္ဘက္ဆိုင္ရာအမႈမ်ားတြင္ ျဖစ္ႏိုင္ေျချမင့္မားေသာ အရာမ်ားစြာ ထုတ္ေဖာ္ေျပာဆိုႏိုင္ေသာ္လည္း ရာဇ၀တ္မႈအားလုံးက သက္ေသအေထာက္အထားမ်ားကို အျပည့္အဝ အာ႐ုံစိုက္ရမည္ျဖစ္သည္။ သက္ေသအေထာက္အထားကြင္းဆက္မ်ားအားလုံးကို ခ်န္လွပ္ထားျခင္း မရွိပဲ ၿပီးျပည့္စုံေစရမည္ ျဖစ္သည္။ ဤအမႈတြင္ ကုယြဲ႕ရွင္းက သူမကိုယ္သူမ လူသတ္သမားဟုေျပာေနခဲ့လွ်င္ေတာင္ သံသယမ်ားစြာရွိေနေသးသည္။

  မႈခင္းဌာန၏ခန္းမေဆာင္က အနည္းငယ္ တိတ္ဆိတ္ေနပုံေပၚၿပီး   ရွန္ယုလန္က ေတာက္ပစြာ ၿပဳံးလိုက္ကာ "ခ်င္းသခင္မေလး၊ မင္းေျပာခ်င္တာကို ေျပာလို႔ ရပါတယ္"

သူ မွန္းဆထားတာက သူမက အလုပ္ကို ၿပီးစလြယ္လုပ္တက္တဲ့ သူမ်ိဳး မဟုတ္ပါဘူး၊ အဲ့တာေတြေၾကာင့္ပဲ သူက ဒီမိန္းကေလးကို သေဘာက်ခဲ့တာ မဟုတ္ဖူးလား?!

  ကုယြင္က သူမ မ်က္ခုံးကို အနည္းငယ္ပင့္တင္ကာ ရွန္ယုလန္ကို ျပန္ၾကည့္လိုက္သည္။ အခ်ိန္က ကိုးရက္ပဲ က်န္ေနတာေတာင္ သူက အေရးမႀကီးသလို ေျပာေနႏိုင္ေသးသည္။ သူမကို ေျပာခ်င္တာ ေျပာခြင့္ေပးတယ္ဆိုရင္ေတာင္ လူသတ္သမားကို မဖမ္းမိႏိုင္တာမ်ိဳး ျဖစ္ႏိုင္ၿပီး မဖမ္းမိခဲ့ရင္ ေထာင္ထဲကို ဝင္ရမယ့္သူက ထိုလူျဖစ္လိမ့္မည္။ ဒီလို ႀကီးက်ယ္ခမ္းနားတဲ့ ျမင့္ျမတ္မႈရွိတဲ့ လူကို သူမ သေဘာက်ခ်ီးက်ဴးခ်င္ေနတာကေတာ့ အမွန္ပါပဲ၊ သူက လူသတ္သမားကို ဖမ္းႏိုင္လိုက္မယ္လို႔ သူမ အေသအခ်ာကို ယုံၾကည္ပါတယ္။

  ကုယြင္က ခန္းမအလယ္သို႔ ေလွ်ာက္သြားရင္း သူမ၏သံသယမ်ားကို တစ္ခုၿပီးတစ္ခု ရွင္းျပခဲ့သည္။ "ပထမအခ်က္က စုမူဖုန္းကို အေႏွာင့္အယွက္ မေပးႏိုင္ေအာင္ လူေတြကို သတ္ရတဲ့အေၾကာင္းရင္းက နည္းနည္းေတာ့ မျဖစ္ႏိုင္လြန္းတယ္၊ ၿပီးေတာ့ ကုယြဲ႕ရွင္းရဲ႕ကိုယ္ခံပညာက အရမ္းအားမနည္းေပမယ့္ အဆင့္လည္း ျမင့္မေနဘူး။ ညဘက္ကင္းလွည့္ေနက် စစ္သည္တစ္ဝက္ေလာက္ကို တမင္တကာ မဖယ္ထားရင္ သူ ငါ့အခန္းကို ရွာမေတြ႕ခင္ကတည္းက အဖမ္းခံရႏိုင္တယ္၊ ဒါေပမယ့္ မင္းသားရဲ႕အိမ္ေတာ္ကေတာ့ အေစာင့္အက်ပ္ေပါမ်ားၿပီး လုံၿခဳံေရး တင္းက်ပ္တယ္၊ ဒါေပမယ့္ လူသတ္သမားက လြတ္လြတ္လပ္လပ္ ဝင္ထြက္သြားလာ ႏိုင္ခဲ့တယ္။ အဲ့ဒါက ကုယြဲ႕ရွင္း စီမံခန႔္ခြဲႏိုင္တဲ့အရာ မဟုတ္ဘူး၊ ဒုတိယအေနနဲ႔ လူသတ္သမားက ကြၽမ္းက်င္တဲ့နည္းစနစ္ေတြကိုသုံးၿပီး လူသုံးေယာက္ကို ဆက္တိုက္သတ္ပစ္ခဲ့ေပမယ့္ သူ(မ)က လူသတ္ပုံအေသးစိတ္ကို မရွင္းျပႏိုင္တာက လုံးဝယုတၱိမဲ့လြန္းတယ္၊ တတိယကေတာ့ သူမရဲ႕ အျပစ္ကို ဝန္ခံခ်င္စိတ္ ျပင္းျပေနတာပဲ၊ သူ(မ)က တစ္စုံတစ္ဦးကို အမွန္တကယ္ ကာကြယ္ေပးေနတာ၊ အဲ့လူက လူသတ္သမား ျဖစ္ႏိုင္တယ္!"

  ခ်န္ဟန႔္က သူမကို ျငင္းခုန္ခ်င္ေနၿပီး "သခင္ေလးစုကို လူသတ္သမားလို႔ ထင္ေနတာလား?! ကြၽန္ေတာ္ကေတာ့ အဲ့လို မထင္ဘူး!"

စုမိသားစုမွ လူတိုင္းက သခင္ေလးစု၏ေသြးေၾကာက္ျခင္းေရာဂါ အေၾကာင္းသိၾကၿပီး စုမိသားစုကလည္း ဤကိစၥအတြက္ သမားေတာ္မ်ားစြာကို ရွာေဖြငွားရမ္းထားခဲ့သည္။ ဟန္ေဆာင္ေနတာ ျဖစ္ႏိုင္ပါ့မလား???!

  ကုယြင္က ပခုံးတြန႔္ၿပီး "သူက လူသတ္သမားလို႔ ငါ မေျပာဘူး"

  ခ်န္ဟန႔္က ပိုလို႔ေတာင္ ပေဟဋိျဖစ္သြားၿပီး "သူ(မ) ကာကြယ္ေပးခ်င္တဲ့လူက လူသတ္သမားလို႔ ရွင္းရွင္းလင္းလင္း ေျပာခဲ့တာ မဟုတ္ဘူးလား? အဲ့ဒါက သခင္ေလးစု မဟုတ္ဘူးလား?"

ဉာဏ္ထက္ျမက္တဲ့သူမက ဒီေန႔ သူမကိုယ္သူမ ဆန႔္က်င္တဲ့စကားေတြ ေျပာေနတာလား?? ထူးဆန္းလိုက္တာ!

  အခ်ိန္အေတာ္ၾကာ ႏႈတ္ဆိတ္ေနခဲ့ေသာ ေကြၽာ့ခ်င္းက ေနာက္ဆုံးတြင္ ေခါင္းကို ေမာ့လာကာ စိုးရိမ္စြာျဖင့္ "ကုယြဲ႕မိသားစုရဲ႕စိတ္ညႇိဳ႕ပညာက အမွန္တကယ္ အားေကာင္းေနတာဆိုရင္ စုမူဖုန္းက သူ႔ကိုယ္သူ စိတ္ျပန္ညႇိဳ႕မိတာလည္းျဖစ္ႏိုင္တယ္၊ သူဆႏၵမပါပဲ တစ္ေယာက္ေယာက္ကို သတ္ပစ္ႏိုင္တယ္၊ သူကိုယ္တိုင္ တုန္လႈပ္ေခ်ာက္ခ်ားမႈေအာက္ကို ေရာက္ေနတာမ်ိဳးျဖစ္ႏိုင္ၿပီး သူနဲ႔ထိမိတဲ့ မိန္းခေလးေတြ သတ္ပစ္ဖို႔ ဖိအားေပးခံရႏိုင္တယ္၊ မိန္းခေလးေတြက သူ႔ကို တမင္တကာ လာထိလိုက္တာနဲ႔ သူက အဲ့မိန္းခေလးကို အထိန္းအကြပ္မရွိ သတ္ပစ္လိုက္မယ္"

ဒါက စိတ္ညႇိဳ႕ျခင္းကို သုံးခဲ့တာ အမွန္ဆိုရင္ လူသတ္သမားက သူ႔ကိုသူ စိတ္ျပန္ညႇိဳ႕ႏိုင္တာမ်ိဳးလဲ ျဖစ္ႏိုင္ပါတယ္တယ္။

  အထိန္းအကြပ္မရွိ သတ္ျဖတ္ျခင္း? ဒါက အရမ္းေၾကာက္စရာေကာင္းတဲ့ ကိစၥပါ။ လုက်င္းက ေကြၽာ့ခ်င္းကို ၾကည့္ၿပီး စိုးရိမ္တႀကီးနဲ႔ "ဒါဆို ေနာက္ဆုံးအႀကိမ္က ကုယြဲ႕ရွင္းက ေႏွာင့္ယွက္လိုက္တာေၾကာင့္ သူ ဘာမွ မလုပ္ႏိုင္ခဲ့ဘူးလို႔ ဆိုလိုတာလား? အဲဒါက အထိန္းအကြပ္မဲ့ သတ္ျဖတ္မႈတစ္ခုဆိုရင္ ဒီည သူ အဲ့ေနရာမွာ ထပ္ေပၚလာႏိုင္တယ္၊ သူ စစ္သူႀကီးအိမ္ေတာ္ကို ေရာက္လာႏိုင္လား??? အဲ့တာေၾကာင့္ ကုယြဲ႕ရွင္းက အရမ္းထိတ္လန႔္ေနၿပီး သူ႔ကို ၿမိဳ႕ေတာ္ကေန ခ်က္ခ်င္းထြက္သြားခိုင္းတာလား?"

  သူ႔ဆီကေန ထိုစကားထြက္လာသည္ႏွင့္ တၿပိဳင္နက္ တရား႐ုံးရွိ လူတိုင္း၏ မ်က္ႏွာမ်ားက ေျပာင္းလဲသြားသည္။ ကုယြင္က အလြန္စိတ္ေအးလက္ေအးျဖင့္ ၿပဳံးလိုက္ကာ က်ယ္ေလာင္စြာ ေျပာလိုက္သည္ "ဒါက ျဖစ္ႏိုင္ေခ်မ်ားတယ္! ဒါေပမယ့္ ဒါေတြက ငါတို႔ရဲ႕ ခန႔္မွန္းခ်က္ေတြပဲေလ။ အဲ့တာေၾကာင့္ ဒီည ငါတို႔ အလုပ္ေကာင္းေကာင္း လုပ္ၿပီး အဆင္သင့္ျပင္ဆင္ထားရမယ္၊ လူသတ္သမား လာ မလာဆိုတာကေတာ့ ကံၾကမၼာရဲ႕အလိုက်ေပါ့"

  "ဒီတစ္ခါေတာ့ ငါးစာအတြက္ကေတာ့ ကြၽန္မေပါ့" ေကြၽာ့ခ်င္းက ႐ုတ္တရက္ ေျပာလိုက္ၿပီး ေနာက္တစ္စကၠန႔္မွာ အစကေနအဆုံးအထိ ေတာင္တန္းႀကီးလို အၿမဲတည္ၿငိမ္ေနတဲ့ လို႔လူႀကီးမင္းက ေနာက္ဆုံးမွာေတာ့ အသံထြက္လာခဲ့သည္။ "မရဘူး!"

ဝင္သက္ ထြက္သက္ကို  ေလးေလးနက္နက္နဲ႔ ခပ္ျပင္းျပင္းရႉလိုက္ၿပီးမွ လို႔ရွီးယန္၏မ်က္ႏွာက နဂိုအေျခအေနသို႔ ျပန္လည္ေရာက္ရွိသြားၿပီး သူက တည္ၿငိမ္စြာနဲ႔ "ကိုယ္ သေဘာမတူဘူး၊ အရမ္းအႏၲရာယ္မ်ားတယ္"

မေန႔က ကုယြဲ႕ရွင္းတိုရင္ေတာင္ ေအာ္ထ်န္း အခ်ိန္မီ မေပၚလာရင္ ခ်င္းေမာ့က ဒဏ္ရာရသြားႏိုင္သည္။ ခ်င္းအာမွာက ကိုယ္ခံပညာ ကြၽမ္းက်င္မႈ မရွိဘူး။ ဒီကိစၥက အရမ္းအႏၲရာယ္မ်ားတယ္။

  လို႔ရွီးယန္က သေဘာမတူႏိုင္ဘူးလို႔ ေကြၽာ့ခ်င္းက ေတြးထားခဲ့ေပမယ့္ သူ ဒီေလာက္ စိတ္ပိုင္းျဖတ္ထားလိမ့္မယ္လို႔ေတာ့ သူမ မေမွ်ာ္လင့္ထားပါဘူး။ ေကြၽာ့ခ်င္းက သူမေခါင္းကို ေစာင္းၿပီး သူ႔နား႐ြက္နားကို ကပ္ကာ အသံတိုးတိုးနဲ႔ "ရွီးယန္၊ ကြၽန္မကို တိတ္တဆိတ္ အကာအကြယ္ေပးႏိုင္မယ့္သူေတြ အမ်ားႀကီးရွိတယ္၊ ကြၽန္မ ဘာမွ မျဖစ္ပါဘူး။ ကြၽန္မ အဆင္ေျပရမယ္လို႔ ကြၽန္မ ကတိေပးပါတယ္!"

  လို႔ရွီးယန္၏ေကြၽာ့ခ်င္းအေပၚ အကာအကြယ္ေပးေနသည့္ သေဘာထားက အလြန္ထင္ရွားေနၿပီး သူမ အမွန္တကယ္ တစ္ခုခု ျဖစ္သြားပါက မည္သူမွ် ရွင္းျပႏိုင္မည္ မဟုတ္ေပ။ ရွန္ယုလန္က သေဘာတက် ရယ္လိုက္ၿပီး "တကယ္ေတာ့ လူသတ္သမားက စစ္သူႀကီးအိမ္ေတာ္ထဲကို ဝင္လာတာနဲ႔ လုံးဝ ထြက္ေျပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူး၊ မိန္းခေလးႏွစ္ေယာက္က ကိုယ့္ကိုကိုယ္ အႏၲရာယ္ျဖစ္ေစဖို႔ မလိုပါဘူး!"

  ေကြၽာ့ခ်င္းက သူမေခါင္းကို သူ႔ဘက္ျပန္ လွည့္လိုက္ၿပီး "မဟုတ္ဘူး၊ ဒီတစ္ခါေတာ့ ဒီလွည့္စားမႈရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈကို ကြၽန္မတို႔ ေျဖရွင္းမွ ျဖစ္မယ္!"

  လို႔ရွီးယန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "အျခားသူေတြ မလုပ္ႏိုင္ဘူးလား"

  ေကြၽာ့ခ်င္းက သူမ ေခါင္းကို အနည္းငယ္ ခါယမ္းျပလိုက္ၿပီး ကုယြင္က ျပတ္ျပတ္သားသား ဝင္ေျပာလာသည္။ "တကယ္လို႔ ဒါက တကယ္ကို စိတ္ညႇိဳ႕တာ ဆိုရင္ ဒီပေဟဠိကို ေျဖရွင္းႏိုင္တဲ့သူက သူ(မ)တစ္ေယာက္တည္းပဲ!"

 ခ်င္းက မၾကာေသးမီႏွစ္မ်ားအတြင္း အေကာင္းဆုံး မႈခင္းေဆးစစ္သူ ျဖစ္ခဲ့႐ုံသာမက သူမတို႔၏ရဲဌာနမ်ားမွ စိတ္ပိုင္းဆိုင္ရာသင္တန္းမ်ားအတြက္ ပညာရွင္မ်ားကို ေလ့က်င့္ေပးေနသည့္ နည္းျပႏွင့္ အႀကံေပးလည္းျဖစ္ေနခဲ့သည္။

  ...

  အနက္ေရာင္သန႔္သန႔္ရထားလုံးတစ္စီးက ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ဆီသို႔ ခါတိုင္းကဲ့သို႔ အလ်င္အျမန္ ေျပးသြားေနေသာ္လည္း ရထားအတြင္းပိုင္းမွ ေလထုက အနည္းငယ္ တင္းမာေနသည္။ ေကြၽာ့ခ်င္းက ရထားလုံး၏ ေထာင့္တစ္ေနရာတြင္ ထိုင္ေနၿပီး လို႔ရွီးယန္က အျခားေထာင့္တြင္ ထိုင္ေနသည္။ လို႔ရွီးယန္က ျပတင္းေပါက္အျပင္ ဘက္ကို လွည့္ၾကည့္ေနၿပီး သူမကို လ်စ္လ်ဴရႈထားခဲ့သည္။ ေကြၽာ့ခ်င္းက အသက္ကို ခပ္ျပင္းျပင္းရႉလိုက္ၿပီး သေဘာထားႀကီးစြာ မတ္တပ္ထရပ္လိုက္ကာ လို႔ရွီးယန္၏ နံေဘးသို႔ ေ႐ႊ႕သြားၿပီး သူ႔အက်ႌလက္ဝက်ယ္၏အစကို ညင္သာစြာ ဆြဲယူလိုက္ကာ "ရွီးယန္... ရွင္ စိတ္ဆိုးေနတာလား?"

 လို႔ရွီးယန္က ျဖည္းညႇင္းစြာ လွည့္ၾကည့္လာၿပီး ေအးေအးေဆးေဆးပုံစံျဖင့္ ျပန္ေမးလိုက္သည္။ "မင္းေရာ ဘယ္လိုထင္လဲ?"

  သူ ေဒါသထြက္ေနတယ္! သူ အရမ္းကို ေဒါသထြက္ေနတယ္!!!

ေကြၽာ့ခ်င္းက သူ႔အက်ႌလက္စမ်ားကို လႊတ္ေပးလိုက္ၿပီး သူ၏လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ကာ သူမ၏ေတာင္းဆိုခ်က္ကို သေဘာတူခြင့္ျပဳရန္ ေတာင္းဆိုေနခဲ့သည္။ သူမက ကေလးဆိုးေလးတစ္ေယာက္လို ျပဳမူေနၿပီး သူမလုပ္ခ်င္တာကို လိုက္ေလ်ာေပးဖို႔ သူ႔ကို ေတာင္းဆိုေနေပမယ့္ ရွီးယန္က သူမရဲ႕အမူအရာေတြမွာ မေပ်ာ္ဝင္လာပါဘူး။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူမက ေခါင္းကို ေမာ့ကာ သူမကို စိုက္ၾကည့္ေနတဲ့ လို႔ရွီးယန္ကို ျပန္ၾကည့္လိုက္ၿပီး "ဒီလိုလုပ္မိတဲ့အတြက္ ရွင့္ကိုစိတ္ပူေစလို႔ ကြၽန္မ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ လူသတ္သမားကိုေတာ့ ဖမ္းရမွာပဲ၊ သူ႔ရဲ႕လူသတ္နည္းလမ္းေတြကို လုံးဝဖ်က္ဆီးပစ္ရမယ္၊ အဲ့လိုမွ မဟုတ္ရင္ ေသဆုံးသြားသူေတြအတြက္ တရားမွ်တမႈ မရႏိုင္ေတာ့သလို လူေပါင္းမ်ားစြာရဲ႕ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္လာလိမ့္မယ္။ ကြၽန္မက တရားခံအစစ္ကို ရွာေတြ႕ဖို႔ ေမွ်ာ္လင့္ထားေပမယ့္ မ်က္စိစုံမွိတ္ လုပ္မွာေတာ့ မဟုတ္ပါဘူး။ ဒီေန႔ည ကြၽန္မ အတက္ႏိုင္ဆုံး ေဘးကင္းလုံၿခဳံဖို႔ စီစဥ္ၿပီး အားလုံးကို ေသေသခ်ာခ်ာ လုပ္ေဆာင္ပါ့မယ္"

  ဖီးနစ္မ်က္လုံးတစ္စုံႏွင့္ ဇြဲေကာင္းေသာမ်က္လုံးတစ္စုံက အၾကည့္ခ်င္းၿပိဳင္ေနၾကၿပီး ေကြၽာ့ခ်င္းက လို႔ရွီးယန္ေတြးေနပုံကို မသိႏိုင္ခဲ့ေပ။ သူက သူမ၏ဇြဲလုံ႔လႏွင့္ ယုံၾကည္မႈကို ခံစားသိရွိႏိုင္ၿပီး သူမက ဤကိစၥကို ၿပီးေျမာက္ေအာင္ျမင္ႏိုင္ရန္ သူက ေမွ်ာ္လင့္ေနခဲ့သည္။

  တစ္ေယာက္နဲ႔တစ္ေယာက္ အၾကာႀကီး ၾကည့္ေနၿပီးေနာက္ ေကြၽာ့ခ်င္းက သူ႔ကို ရွင္းျပဖို႔ နည္းလမ္းမရွိေတာ့ဘူးလို႔ ခံစားလိုက္ရခ်ိန္တြင္ လို႔ရွီးယန္က ႐ုတ္တရက္ ေခါင္းငုံ႔ၿပီး ရယ္ေမာလိုက္သည္။ ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "ရွင္က ဘာလို႔ ရယ္ေနတာလဲ"

  စိုး႐ြံ႕မႈေၾကာင့္ ေခြၽးေစးမ်ားထြက္ေနေသာ ေကြၽာ့ခ်င္း၏လက္ကို ညင္သာစြာ ဆုပ္ကိုင္ထားရင္း လို႔ရွီးယန္က ၿပဳံးလိုက္ကာ "ဒီညအတြက္ အစီအစဥ္ေတြကို ကိုယ့္ဆီကို အပ္ထားလိုက္ပါ၊ ကိုယ္တို႔ရဲ႕မဂၤလာေဆာင္ရက္က ဆယ္ရက္ပဲ လိုေတာ့မယ္။ သတို႔သမီးမပါဘဲ ကိုယ္ မဂၤလာေဆာင္မေဆာင္ခ်င္ဘူး"

  ေကြၽာ့ခ်င္း၏မ်က္လုံးမ်ားက ႐ုတ္တရက္ ျပဴးက်ယ္လာၿပီး သူကို႔ မယုံႏိုင္စြာ ၾကည့္ေနကာ အံ့ၾသတႀကီး ေမးလာသည္။ "ရွင္ သေဘာတူတယ္လား!?"

  လို႔ရွီးယန္က ကူကယ္ရာမဲ့ ႏွာမႈတ္လိုက္ၿပီး "ကိုယ္ သေဘာမတူရင္ေရာ ရမွာမို႔လို႔လား"

  "အင္း!" သူက တကယ္ သေဘာတူလိုက္တာကို ျမင္ရတာေၾကာင့္ ေကြၽာ့ခ်င္းက ေနာက္ဆုံးမွာ သူ႔ကို က်ီစယ္ခ်င္လာၿပီး "ဒါေပမယ့္ ကြၽန္မ ဝမ္းနည္းမွာ... အရမ္းကို အရမ္းကို ဝမ္းနည္းမွာ... ၿပီးရင္ ကြၽန္မရဲ႕တန္ဖိုးက လုံးဝပ်က္စီးသြားၿပီ ဘဝရဲ႕ပန္းတိုင္ မရွိဘူးေတာ့ဘူးလို႔..."

  "ေတာ္ေတာ့၊ မင္းပဲ အဲ့လိုေတြ ေျပာေနတာ၊ ကိုယ္က အဲ့လိုေျပာႏိုင္ပါ့မလား" သူမ ဆက္ေျပာေနရင္ မၾကာခင္က သူက ရက္စက္ၾကမ္းၾကဳတ္သူတစ္ေယာက္ ျဖစ္လာေတာ့မယ္!

 သူက သူမပခုံးကို ညင္သာစြာ ဆြဲယူလိုက္ၿပီး သူမကို သူ႔လက္ႏွစ္ဖက္ထဲမွာ ေပြ႕ဖက္ထားလိုက္သည္။ သူမ ေရထဲက်သြားခ်ိန္မွာ သူမကို ေနာက္ထပ္ အႏၲရာယ္တစ္ခုေတာင္မွ မႀကဳံေစရဘူးလို႔ သူ တိတ္တိတ္ေလး က်ိန္ဆိုခဲ့တယ္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ သူမရဲ႕ ဇြဲလုံ႔လေၾကာင့္ သူက အေလ်ာ့အတင္း လုပ္ေပးခဲ့ၿပီး သူမမ်က္လုံးေတြထဲက "ကြၽန္မ ရွင့္နဲ႔အတူရွိေနခ်င္တယ္"ဆိုတဲ့ စာေၾကာင္းရဲ႕စစ္မွန္တဲ့ အဓိပၸါယ္ကို သူ ျမင္သြားလို႔ပါပဲ။ သူမမွာ ကိုယ္ပိုင္ အႀကံဥာဏ္ေတြ ရွိၿပီး သူ သူမအတြက္ လုပ္ေပးႏိုင္တာက သူမကို ခ်ဳပ္ေႏွာင္ထားတာဖို႔ထက္ သူမကို လြပ္လပ္ခြင့္ေပးထားၿပီး အႏၲရယ္ မျဖစ္ေအာင္ ကာကြယ္ဖို႔ပါပဲ။

  ေကြၽာ့ခ်င္းက တစ္ခုခုကို ေတြးမိသြားၿပီး သူမေခါင္းကို အလ်င္စလို ေမာ့လိုက္ၿပီး သူ႔ကို ေမးလိုက္သည္။ "ကြၽန္မတို႔ မဂၤလာေဆာင္ရက္က ဆယ္ရက္ပဲ က်န္ေတာ့တယ္လို႔ ရွင္ ေျပာလိုက္တာလား!!"

ဆယ္ရက္ပဲ က်န္ေတာ့တာလား? အခ်ိန္ေတြ ကုန္တာ ျမန္လိုက္တာ၊ မ်က္စိတစ္မွိတ္အတြင္း တစ္လကုန္သြားၿပီ။

  လို႔ရွီးယန္က သူ၏မ်က္ခုံးမ်ားကို အနည္းငယ္ပင့္ကာ ညင္သာစြာ ၿပဳံးျပလာရင္း "ဘာလဲ၊ မင္းက အရမ္းျမန္တယ္လို႔ ထင္ေနလို႔လား?"

  အိုးးးးး... မေတြ႕ရတာ ၾကာတဲ့ ေျမေခြးအၿပဳံးေလးကို ငါ ျပန္ျမင္လိုက္ရတယ္။

ေကြၽာ့ခ်င္းက ျမန္​ျမန္ ​​ေခါင္းခါလိုက္ၿပီး "မဟုတ္​ပါဘူး​... အရမ္း​ေႏွးတယ္လို႔ ထင္ေနတာ​!!"

  လို႔ရွီးယန္က ရယ္ေနခဲ့သည္။

ဒီမိန္းကေလးရဲ႕စကားလုံးေတြက သူ႔ရဲ႕စိတ္ခံစားမႈေတြကို ပိုေကာင္းလာေစတယ္!

  ေကြၽာ့ခ်င္းက သူ႔လက္ႏွစ္ဖက္ထဲတြင္ ၿငိမ္သက္စြာမွီေနရင္း သူ႔ႏွလုံးခုန္သံကို နားေထာင္ေနခဲ့သည္။ သူမက ႏႈတ္ခမ္းေထာင့္မ်ားကို သက္ေတာင့္သက္သာ ပင့္တင္ထားတာ တစုံတခုကို က်ိတ္ေတြးေနခဲ့သည္။

ဒီလိုလူကို ေစာေစာစီးစီး မဖမ္းထားရင္ သူမက မိုက္မဲတဲ့သူ ျဖစ္သြားေပလိမ့္မယ္။

သူမတို႔ မဂၤလာေဆာင္ရမယ့္ ဆယ္ရက္ေျမာက္ေန႔ကို သူမ အရမ္း ေမွ်ာ္လင့္ေနမိတယ္။

  ...

  ယင္ရွီအခ်ိန္(မနက္ ၃-၅နာရီ)...

စစ္သူႀကီးအိမ္ေတာ္...

  မိုးလင္းခါနီးၿပီ ျဖစ္ေသာ္လည္း အခန္းအတြင္း သို႔မဟုတ္ အျပင္ဘက္တြင္ မည္သည့္လႈပ္ရွားမႈမွ မရွိဘဲ စစ္သူႀကီးအိမ္ေတာ္တစ္ခုလုံးက ပုံမွန္ထက္ပိုၿပီး တိတ္ဆိတ္ေနပုံရသည္။ ယေန႔ညတြင္ လေရာင္က ထူးထူးျခားျခား ေတာက္ပေနၿပီး ထိုလေရာင္က ဖြင့္ထားသည့္ျပတင္းေပါက္မွတဆင့္ အခန္းထဲသို႔ တိုးဝင္ေနကာ အခန္းကို လင္းလက္ေနေစသည္။ ေကြၽာ့ခ်င္းက ကုတင္ေပၚတြင္ လဲေလ်ာင္းေနၿပီး သူမ၏မ်က္လုံးမ်ားကို အနည္းငယ္ ေမွးထားေပမယ့္ အခန္းတြင္းရွိ အေျခအေနကို ရွင္းရွင္းလင္းလင္း ျမင္ေနရဆဲျဖစ္သည္။

  အေဝးမွေရက အနီးနားရွိမီးကို မကယ္တင္ႏိုင္မည္ကို(အေဝးကေန ဘာမွ မလုပ္ေပးႏိုင္မွာကို) စိုးရိမ္ေနသျဖင့္ လို႔ရွီးယန္က အနက္ေရာင္ဝတ္ဆင္ထားေသာ ေမာ့ဘိုင္ကို အိမ္၏ထုပ္တန္းေပၚတြင္ အိပ္ေနရန္ စီစဥ္ေပးထားခဲ့သည္။ ေအာ္ထ်န္းက ကုတင္ကန႔္လန႔္ကာႏွင့္ ခုတင္ၾကားရွိဗီ႐ိုေနာက္တြင္ ပုန္းေနခဲ့သည္။ အိမ္အျပင္မွာ ယဲ့မိန္၊ ခ်မ္က်င္းႏွင့္ တရားေရးရာဌာနမွ လူမ်ားရွိေနၿပီး အခန္းအျပင္ဘက္ကေန ေခ်ာင္းေျမာင္း ေစာင့္ဆိုင္းေနၾကသည္။ ကုယြင္က သူ႔ကို တျခားအခန္းမွာ ေနဖို႔ တိုက္တြန္းခဲ့ေပမယ့္ လို႔ရွီးယန္က ေကြၽာ့ခ်င္းရဲ႕ လုံၿခဳံေရးအတြက္ စိတ္ပူေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္က အတြင္းခန္းနဲ႔ အေဝးဆုံးေထာင့္တစ္ေနရာမွာ ပုန္းခိုေနခဲ့ၾကသည္။ ဒီကေနဆိုရင္ သူတို႔က ျဖစ္ပ်က္ေနတာေတြကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ၿပီး အတြင္းခန္းက သူတို႔ ဒီေနရာမွာ တိုးတိုးေလးေျပာေနရင္ အတြင္းခန္းက မၾကားႏိုင္ေလာက္ဘူးဟု ယူဆႏိုင္သည္။

  မိုးလင္းခါနီးၿပီ! သူတို႔ မွန္းဆတာ မွားသြားတာလား?? ဒါမွမဟုတ္ လူသတ္သမားက စုမူဖုန္း မဟုတ္တာလား??

  ေကြၽာ့ခ်င္းႏွင့္ ကုယြင္တို႔ေတြးေတာေနခ်ိန္တြင္ ျပတင္းေပါက္နားကေန အရိပ္တစ္ခု ျဖတ္သြားၿပီး လူရိပ္တစ္ခုေပၚလာကာ ထိုလူ၏ ေငြမွင္ေရာင္မ်က္ႏွာဖုံးပါေသာ မီးခိုးေရာင္ဝတ္စုံပါးပါးက လေရာင္ေၾကာင့္ ပိုၿပီးရွည္လ်ားသေယာင္ ထင္ေနရသည္။ သူက အသက္ရႉသံကိုေတာင္ မၾကားရေလာက္ေအာင္ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အလ်င္အျမန္ ေပၚလာတာေၾကာင့္ ေမာ့ဘိုင္ႏွင့္ ေအာ္ထ်န္းတို႔က ဝင္သက္ထြက္သက္ကို အျပင္းအထန္ ေအာင့္ထားၾကၿပီး သူတို႔၏အရွိန္အဝါကို လ်င္ျမန္စြာ ထိန္းခ်ဳပ္လိုက္ၾကသည္။ ဤလူက ဆရာအဆင့္ ကြၽမ္းက်င္သူတစ္ဦးျဖစ္မည္မွာ ေသခ်ာေနၿပီး အကယ္၍ ထိုလူက သူ႔တို႔ရွိေနတာကို ရိပ္မိသြားပါက ယေန႔ညအတြက္ ဖမ္းဆီးမႈက က်ဆုံးသြားမည္ျဖစ္သည္။

  မီးခိုးေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသားက ျပတင္းေပါက္ေရွ႕တြင္ ရပ္ကာ ကုတင္ေပၚတြင္ရွိမေနသင့္ေသာ အမ်ိဳးသမီးကို ငုံ႔ၾကည့္လိုက္ၿပီး သူ႔မ်က္လုံးမ်ားက ေမွးက်ဥ္းသြားကာ ခဏတာမွ် တုံ႔ဆိုင္းေနၿပီးမွ ေနာက္သို႔ျပန္လွည့္ကာ ထြက္သြားရန္ ျပင္လိုက္သည္။

  မဟုတ္ဘူး၊ ဒီလို ျဖစ္လို႔ မရဘူး၊ ငါတို႔ သူ႔ကို လႊတ္ေပးလို႔ မရဘူး။ မဟုတ္ရင္ သူ႔ကို ဖမ္းမိရင္ေတာင္ စိတ္ညႇိဳ႕မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို မေျဖရွင္းႏိုင္ေလာက္ဘူး။

  ေကြၽာ့ခ်င္းက ႐ုတ္​တရက္​ သူမခႏၶာကိုယ္ကို တည့္မတ္လိုက္​ကာ ​ေႏြး​ေထြးေသာ ​ေလသံျဖင့္​ "မူဖုန္း၊ ရွင္လား"

  မီးခိုးေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသား၏ေနာက္ေက်ာက ေတာင့္တင္းသြားေပမယ့္ ဘာမွျပန္မေျဖဘဲ ထြက္သြားရန္ ျပင္ေနသည္။

  ေသခ်ာတာကေတာ့ သူပါပဲ။ ေကြၽာ့ခ်င္းက မတ္တပ္ထရပ္လိုက္ၿပီး သူ႔ေနာက္ေက်ာဘက္ကို ျဖည္းညႇင္းစြာ ေလွ်ာက္သြားေပမယ့္ သူနားကိုေတာ့ သိပ္မကပ္ဘဲ သူမက တတ္ႏိုင္သမွ် ေလသံတိုးတိုးေလးနဲ႔ "တကယ္ေတာ့ ရွင့္ကို ပထမဆုံးအႀကိမ္ စေတြ႕ကတည္းက ကြၽန္မ ရွင့္ကို ခ်စ္မိသြားခဲ့တယ္၊ ဒီည ရွင့္ကို ေစာင့္ႏိုင္ဖို႔ ခ်င္းေမာ့ကို အေဝးပို႔ဖို႔ ကြၽန္မ အမ်ားႀကီးႀကိဳးစားခဲ့ရတယ္"

မီးခိုးေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသားက ျဖည္းညႇင္းစြာ လွည့္ၾကည့္လာၿပီး သူက လေရာင္ဘက္ကို ေက်ာေပးထားကာ ေငြမွင္ေရာင္မ်က္ႏွာဖုံးကို ၀တ္ဆင္ထားတာေၾကာင့္ ေကြၽာ့ခ်င္းက သူ႔၏မ်က္ႏွာ သို႔မဟုတ္ မ်က္လုံးမ်ားကို မျမင္ႏိုင္ေပ။ တိုးလ်ေသာ္လည္း ဆြဲေဆာင္မႈရွိေသာ ေယာက္်ားေလးတစ္ေယာက္၏ ရယ္သံကိုသာ သူမ ၾကားလိုက္ရသည္။ "ငါ လာမယ္ဆိုတာကို မင္းက သိေနတာလား?"

  ဒီအသံ... အသံက စုမူဖုန္းရဲ႕အသံနဲ႔ အရမ္းဆင္တူေပမယ့္ ေလသံနဲ႔ ေလယူေလသိမ္းကေတာ့ လုံးဝ ကြဲျပားေနတယ္။

  ေကြၽာ့ခ်င္းက သူမ၏စိတ္ကို ၿငိမ္သက္ေစရန္ ႀကိဳးစားလိုက္ၿပီး သူမ၏ေခါင္းကို ညင္သာစြာ ခါယမ္းျပေနရင္း ေရွ႕သို႔ တစ္လွမ္းတိုးလိုက္ကာ သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႔လက္ကို ေပါ့ေပါ့ပါးပါး ခါယမ္းေနကာ "ကြၽန္မ မသိဘူး၊ ဒါေပမယ့္ ရွင္ေရာက္လာဖို႔ ကြၽန္မ ေမွ်ာ္လင့္ခဲ့မိတယ္၊ မိုးနတ္မင္းက ကြၽန္မရဲ႕စကားေတြကို ၾကားသြားတယ္ထင္တယ္၊ ေနာက္ဆုံးေတာ့ ရွင္ေရာက္လာခဲ့တယ္"

  ကုယြင္က သူမ မ်က္လုံးမ်ားကို ျပင္းျပင္းထန္ထန္ မွိတ္ခ်လိုက္သည္၊ ဒီအမ်ိဳးသမီးေလး ဒရာမာထဲမွာ အရမ္းနစ္မဝင္ေနဖို႔ သူမ ေမ်ာ္လင့္ပါတယ္။ သူမေဘးနားက ႏူးညံ့သိမ္ေမြ႕ပါတယ္ဆိုတဲ့ ဒ႑ာရီထဲက အမ်ိဳးသားက သူ႔လက္သီးေတြကို ခပ္တင္းတင္းဆုပ္လိုက္ ျပန္ေျဖေလ်ာ့လိုက္လုပ္ေနတာ အႀကိမ္ေပါင္းမ်ားစြာ ရွိေနၿပီေလ!

  မီးခိုးေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသားက သူမကို တြန္းထုတ္လိမ့္မည္ဟု ေကြၽာ့ခ်င္းက ေတြးထားခဲ့သည္။ ထိုအရာက စုမူဖုန္း၏ ပုံမွန္တုံ႔ျပန္မႈ ျဖစ္သည္။ မေမွ်ာ္လင့္ဘဲ ထိုလူက သူမကို တြန္းထုတ္မည့္အစား ေနာက္ျပန္လွည့္လာကာ သူမ၏ခါးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။ သူ႔မ်က္ႏွာက ပိုပူလာပုံရၿပီး သူက သူမပါးျပင္နားကို ဖိကပ္လာကာ အျပန္ျပန္အလွန္လွန္ ပြတ္သပ္ေပးေနရင္း ခ်ိဳၿမိန္ေသာ ဝင္သက္ထြက္သက္မ်ားပါေသာ ၿငိမ္းေညာင္းေသာ ၾသရွရွအသံက သူမနားထဲသို႔ တိုးဝင္လာသည္။ "မင္းက ငါ့ကို ႀကိဳက္တယ္လို႔ ေျပာလိုက္တာလား?"

  ေအးစက္ေသာမ်က္ႏွာဖုံးက သူမပါးျပင္ကို ေႁမြတစ္ေကာင္၏အေၾကးခြံကဲ့သို႔ ပြတ္တိုက္ေနတာေၾကာင့္ ေကြၽာ့ခ်င္းအတြက္ အလြန္ေၾကာက္မက္ဖြယ္ေကာင္းေသာ ခံစားခ်က္ကို ျဖစ္ေပၚေစၿပီး ထိုအရာက သူမကို ညႇဥ္းပန္းႏွိပ္စက္ေနသည္။ ေကြၽာ့ခ်င္းက ညင္သာစြာ ေခါင္းမညိတ္ျပႏိုင္ခင္ အသက္ကို အႀကိမ္ေပါင္းမ်ားစြာ ခပ္ျပင္းျပင္းရႉေနရၿပီး "အင္း"

  သူမအာ႐ုံေတြ အျပည့္အဝျပန္မေကာင္းလာေသးခင္မွာ ထိုေယာက္်ားက သူမကို ခါးကေန ဆြဲေပြ႕သြားၿပီး က်ယ္ဝန္းတဲ့ကုတင္ဆီ ေလွ်ာက္သြားကာ ကုတင္ေပၚ ညင္သာစြာ လွဲခ်ေပးလိုက္ၿပီး ခ်က္ခ်င္းဆိုသလိုပဲ သူ႔ရဲ႕ခႏၶာကိုယ္က ေကြၽာ့ခ်င္းကို ေနာက္တစ္ႀကိမ္ ျပန္ဖိကာ ေကြၽာ့ခ်င္းကို သူ႔လက္ႏွစ္ဖက္ၾကားတြင္ ခ်ဳပ္ေႏွာင္ထားခဲ့သည္။ ဒီၾကားထဲမွာ သူ႔လက္ေခ်ာင္းေတြက သူမရဲ႕ နား႐ြက္ေတြကို စက္ဝိုင္းပုံစံ လွည့္ပတ္ကစားေနခဲ့သည္။

ဒီလူက တကယ္ကို ပေရာပရည္ လုပ္ႏိုင္လြန္းတယ္၊ သူ တကယ္ပဲ စုမူဖုန္းဟုတ္ရဲ႕လား?!

 ေကြၽာ့ခ်င္းက သူမလက္ကို  ခက္ခက္ခဲခဲ ဆန႔္ထုတ္လိုက္ၿပီး မ်က္ႏွာဖုံးစြပ္ထားသည့္လူ၏မ်က္ႏွာကို ပြတ္သပ္ေနရင္း အသံတိုးတိုးျဖင့္ "မူဖုန္း၊ ကြၽန္မ ရွင့္ကို ၾကည့္ခ်င္တယ္!"

  ကုယြင္က ၿငိမ္သက္ေနဆဲျဖစ္ေသာ လို႔ရွီးယန္ကို ဂ႐ုတစိုက္ၾကည့္ေနၿပီး သူ၏ဖီးနစ္မ်က္လုံးမ်ားက အနည္းငယ္ ေအးစက္သြားသည္ကို ေတြ႕လိုက္ရသည္။ ထိုကဲ့သို႔ ညဘက္တြင္ပင္ ကုယြင္က သူ႔မ်က္လုံးမ်ားထဲမွ လူသတ္ခ်င္စိတ္ကို ခံစားရႏိုင္သည္။ သူမက ဤလူ၏ က်ိဳးေၾကာင္းဆင္ျခင္တက္ေသာ အသိဥာဏ္ႏွင့္ သူ၏ေလးနက္ေသာ နားလည္ေပးႏိုင္မႈ႕ကို တကယ္ပဲ သေဘာက်ေနမိသည္။ ဒီေယာက္်ားက ခ်င္းကို တကယ္ခ်စ္တယ္။

  မီးခိုးေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသားက ေကြၽာ့ခ်င္းရဲ႕လက္ကို ႐ုတ္တရက္ ဖမ္းဆုပ္လိုက္တာေၾကာင့္ ထုပ္တန္းေပၚမွာ ပုန္းခိုေနတဲ့ ေမာ့ဘိုင္က ခ်က္ခ်င္း သတိအေနအထား ျပင္ဆင္ထားလိုက္သည္။ ေကြၽာ့ခ်င္းကလည္း သူ ေဒါသထြက္သြားေလာက္ၿပီဟု ေတြး‌ကာ လန႔္သြားခ်ိန္တြင္ ထိုလူက သူကိုယ္တိုင္ သူ႔မ်က္ႏွာဖုံးကို ေအးေအးေဆးေဆး ျဖဳတ္ကာ အိပ္ယာေဘးသို႔ ညင္သာစြာ ပစ္ခ်လိုက္သည္။

  ေနာက္ဆုံးတြင္ ေကြၽာ့ခ်င္းက ထိုလူ၏မ်က္လုံးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။

  သူမေရွ႕မွ မ်က္ႏွာက ၾကည္လင္ျပတ္သားလြန္းေနၿပီး ပုံမွန္ မဟုတ္ေသာ ေခ်ာေမာမႈမ်ားအျပည့္ရွိေနသည့္ စုမူဖုန္း၏မ်က္ႏွာ ျဖစ္ေနခဲ့သည္။ ဒါေပမယ့္ ေကြၽာ့ခ်င္းက ဒီလူက တကယ္ကို စုမူဖုန္းလားဆိုတာ မေသခ်ာပါဘူး။ ေန႔ခင္းဘက္တြင္ သူ႔မ်က္လုံးမ်ားတြင္ ေငြမွင္ေရာင္ႏွင့္ အနက္ေရာင္မ်ားကိုသာ ျမင္ခဲ့ရေသာ္လည္း ညဘက္တြင္ ေငြမွင္ေရာင္ကဲ့သို႔ ခပ္ေဖ်ာ့ေဖ်ာ့ေရာင္မ်ား ေရာေႏွာေနၿပီး သူက ၿပဳံးေနေသာ္လည္း ၿပဳံးသလို မၿပဳံးသလို ျဖစ္ေနကာ သူ၏ပါးလႊာေသာ ႏူတ္ခမ္းမ်ားက ရဲရဲနီေနၿပီး အရာရာကို ေသြးေဆာင္ ဖ်ားေယာင္းေတာ့မည့္ပုံေပၚေနသည္။ ေန႔ခင္းဘက္မွ ေအးစက္ၿပီး ေၾကာ့ရွင္းတဲ့ အသြင္အျပင္နဲ႔မတူဘဲ အခုအခ်ိန္မွာ သူက ပ်င္းရိၿပီး ဆိုးသြမ္းတက္တဲ့ အသြင္အျပင္ကို ေပၚလြင္ေနေစသည္။ ေကြၽာ့ခ်င္းက ယခုအခ်ိန္တြင္ သူမ၏အေတြးမ်ားကို သံသယဝင္ေနၿပီး သူမ၏ယခင္ေကာက္ခ်က္မ်ားကို သူမဘာသာသူမ စတင္ေမးခြန္းထုတ္ေနၿပီ ျဖစ္သည္။ စိတ္ညႇိဳ႕ျခင္းက လူတစ္ဦးကို ဤမွ်အတိုင္းအတာအထိ မေျပာင္းလဲႏိုင္ေပ၊ သူက စုမူဖုန္းဟုတ္ရဲ႕လား၊ ဒါမွမဟုတ္...

ေကြၽာ့ခ်င္းက သူမ၏ကိုယ္ပိုင္အေတြးထဲသို႔ ေရာက္သြားခဲ့ေသာ္လည္း သူက သူမကို ေတြးေတာေနဖို႔ ခြင့္မျပဳခဲ့ေပ။ သူက သူမေမးေစ့ကို သူ႔လက္နဲ႔ ညင္သာစြာ ညစ္လိုက္ၿပီး အသံတိုးတိုးနဲ႔ "မင္း ငါ့အတြက္ တစ္ခုခု ေပးခ်င္တာရွိလား"

  ေကြၽာ့ခ်င္းက အံ့အားသင့္သြားကာ ေခါင္းညိတ္ျပလိုက္ၿပီး ၿပဳံးလ်က္ "အင္း"

  ထိုလူက ေကြၽာ့ခ်င္း၏ ႏွာသီးဖ်ားကို ေလျဖင့္ ညင္သာစြာ မႈတ္လိုက္ၿပီး သူက အက်င့္ပါေနပုံနဲ႔ သူမ၏ပါးျပင္ကို လွမ္းကိုင္လိုက္ကာ "ေကာင္းၿပီ သခင္မေလး၊ မင္းရဲ႕ ႏွလုံးသားကို ငါ့ကို ေပးခ်င္လား?"

  နက္ရႈိင္းေသာအသံက ႏူးညံ့ၿပီး ခ်စ္စရာေကာင္းေနသည္။ ေကြၽာ့ခ်င္းက မ်က္ခုံးပင့္ကာ "ရွင္က ကြၽန္မႏွလုံးသားကို လိုခ်င္တာလား"

  ေကြၽာ့ခ်င္းရဲ႕အေျဖက သူ႔မ်က္လုံးေတြကို အနည္းငယ္ ေမွားက်ဥ္းသြားေစခဲ့ေပမယ့္ မၾကာခင္မွာ သူက နတ္ဆိုးဆန္ဆန္ ၿပဳံးလာျပန္ၿပီး "မင္းက မေပးခ်င္ဘူးလား?"

  သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကၿပီး ေကြၽာ့ခ်င္းက ေရကန္တစ္ခုကဲ့သို႔ နက္ရႈိင္းလွေသာ သူ႔မ်က္လုံးထဲတြင္ ေငြေရာင္အလင္းတန္းမ်ား စီးဆင္းေနသည္ကို ျမင္လိုက္ရၿပီး သူမကို တစ္ဆင့္ခ်င္း စုပ္ယူေနသလို ခံစားလိုက္ရသည္။ ဒါက အရမ္းထူးဆန္းတဲ့ အေတြ႕အႀကဳံတစ္ခုပါပဲ။ ေကြၽာ့ခ်င္းက မွင္သက္သြားၿပီး သူမစိတ္ေတြ ေဝဝါးလာကာ ခဏတာအတြင္း မူးေဝသြားသလို ခံစားလိုက္ရသည္။ ခဏအၾကာတြင္ ေကြၽာ့ခ်င္းက ေခါင္းၿငိမ့္ျပလာၿပီး "ေကာင္းၿပီ" ဟု ေျပာလာခဲ့သည္။

  စိတ္လႈပ္ရွားေနပုံရ‌ေသာ ထိုေယာက္်ား၏မ်က္ႏွာေပၚတြင္ ဆိုးသြမ္းေသာ အၿပဳံးတစ္ခု ေပၚလာၿပီး သူက တည့္တည့္မတ္မတ္ ျပန္ထိုင္လိုက္ကာ မလႈပ္မယွက္ျဖစ္ေနေသာ အမ်ိဳးသမီးကို ေက်နပ္စြာ စိုက္ၾကည့္ေနသည္။ သူ႔လက္က သူမခါးစည္းႀကိဳးကို ရင္းႏွီးေနသည့္ပုံစံျဖင့္ လွမ္းဆြဲလိုက္ၿပီး မၾကာမီ သူမအဝတ္အစားမ်ားအားလုံးကို ျဖည္လိုက္ကာ သူမကို တစ္ခ်က္ၾကည့္လိုက္ျပန္သည္။ သူက သူ႔ကို စိုက္ၾကည့္ေနတဲ့ အမ်ိဳးသမီးကို ျပန္စိုက္ၾကည့္ေနရင္း ညင္ညင္သာသာ ၿပဳံးျပေနကာ "မေၾကာက္ပါနဲ႔၊ မင္း မၾကာခင္ လြတ္လပ္သြားေတာ့မွာပါ"

  ပါးလႊာေသာဓါးက ေခ်ာေမြ႕ေသာ အသားအရည္ကို ထိမိသြားကာ ခြၽန္ထက္ေအးစက္ေသာ ဓါးဦးက ရင္ဘတ္ေနရာကို ျဖတ္သန္းသြားၿပီး အနီရဲရဲေသြးမ်ားက ဓါးရာတစ္ေလွ်ာက္စီးဆင္းလာၿပီး ပိုးသားအိပ္ယာခင္းဆီသို႔ က်ဆင္းလာခဲ့သည္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
37.3K 6.4K 35
အိပ်မက်ထဲက ချစ်ရသူ Book 2 ခွေးသွေးတွေချည်း