နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.6K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 93

450 57 0
By BlackLily_WhiteLily

အခန်း ၉၃ အလောင်းတစ်လောင်း... ဘဝနှစ်ခု

  ကုယွင်၏မျက်နှာက အမူအရာကင်းမဲ့နေပြီး မောပန်းနွမ်းနယ်နေသော ပုံစံဖြင့် ကျွော့ချင်းဆီသို့ လျှောက်လာခဲ့သည်။ ကျွော့ချင်းက သူမကို နှုတ်ဆက်ရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး အပြုံးလေးနဲ့ "နောက်ဆုံးတော့ နင် ပြန်ရောက်လာပြီ"

ဒီနေ့က ကိုးရက်မြောက်နေ့ရဲ့ မနက်ခင်းဖြစ်ပြီး ဒီနေ့မှာ ယွင်ရဲ့အသွင်အပြင်ကို တွေ့ရလိမ့်မယ်လို့ သူမ မျှော်လင့်ထားပြီးသားပါ။ ကုယွင်၏ စူးရှသောမျက်လုံးများနှင့် အေးစက်နေသောအမူအရာကို ကြည့်ချင်းဖြင့် ကျွော့ချင်းက လွန်ခဲ့သောရက်အနည်းငယ်က ယွင် ကောင်းကောင်းမအိပ်ရသေးတာကို မှန်းဆနိုင်သည်။ သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက သာမန်လူများနှင့် အမှန်တကယ် ကွာခြားလွန်းလှသည်။ သာမန်လူတစ်ယောက်က ပင်ပန်းလေလေ၊ ခွန်အားနည်းလေလေ ဖြစ်လာနိုင်ပေမယ့် သူမက ပင်ပန်းလေလေ ပိုထက်မြက်လေလေ ဖြစ်လာပြီး ပိုပြီး သန်မာလာလေ့ရှိသည်။ သူမကို ထိုကဲ့သို့ခန္ဓာကိုယ်ဖွဲ့စည်းပုံရနိုင်ဖို့ ဘယ်အရာက ဖန်ဆင်းပေးထားလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။

   သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည့်အရာမှာ စုလင်း ပြန်ပါလာခြင်းပင်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို ပင့်တင်ကာ စုလင်းကို စိုက်ကြည့်နေပြီး သူမမျက်လုံးများမှ အပြုံးကို ဖုံးကွယ်ရန် ချောင်းဟန့်နေခဲ့ပေမယ့် ဘယ်လိုမှ ဖုံးကွယ်မရဖြစ်နေတာကြောင့် သူမက ပြုံးနေရင်းနဲ့ "စစ်သူကြီးစု? ရှင် အဆင်ပြေရဲ့လား...?"

စုလင်းက မအိပ်ရတာ ရက်ပေါင်းများစွာ ညပေါင်းများစွာ ရှိနေပြီဖြစ်ကာ သူက ကုယွင်ထက် အများကြီး အခြေအနေဆိုးနေပုံ ပေါ်နေသေးသည်။ သူ၏ အနက်ရောင်အဝတ်အစားများက ရှုံ့တွတွန့်လိမ်နေပြီး မျက်လုံးနက်နက်များက သွေးရောင်လွမ်းနေသည်။ ရက်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားလာရပြီးနောက်တွင် သူ၏ဆံပင်များက ပိုမိုရှုပ်ထွေးနေကာ သူ့ပုံစံက အေးစက်နေပြီဖြစ်သည်။ နဂိုထဲက သူ့၏အေးစက်ပြီး တင်းမာခက်ထန်နေသော မျက်နှာက ကြေးဝါမျက်နှာဖုံးတစ်ခု တပ်ဆင်ထားသလိုဖြစ်ပြီး သူ့အမူအရာများက ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်နေလေသည်။ သူကို သူမ ပထမဆုံးမြင်ဖူးသည့်အချိန်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ် နေပုံပေါ်နေသည်။ ယခုအချိန်တွင် စုလင်း၏တစ်ကိုယ်လုံးတွင် တခြားသူများကိုပင် အေးခဲသွားစေနိုင်သည့် အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

  စုလင်းက သူမကို ပြန်မဖြေဘဲ အေးစက်နေသောမျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ ကျွော့ချင်းကလည်း သူ ထိုကဲ့သို့တုန့်ပြန်လာမည်ကို ကြိုတင်မှန်းဆပြီးသားဖြစ်နေတာကြောင့် လုံးဝကို စိတ်ထဲထားမနေတော့ဘူး။

  "ဘာတွေဖြစ်နေလို့လဲ၊ အခု အခြေအနေ ဘယ်လိုလဲ"

ကုယွင်၏ အက်ရှရှဖြစ်နေသော အသံကျယ်ကျယ်ကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်သွားသည်။ လမ်းတစ်လျှောက်လုံး ပြေးလွှားလာခဲ့ရတာကြောင့် သူမ မောပန်းနွယ်နယ်နေမှာ သေချာနေသည်။ ကျွော့ချင်းက ရထားလုံးရဲ့ ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး အသံတိုးတိုးလေးနဲ့ "ငါတို့ မှုခင်းဖြစ်ပွားတဲ့နေရာကို အရင်သွားရအေင်၊ သွားနေရင်းနဲ့ ရထားလုံးပေါ်မှာ စကားပြောကြမယ်"

  "ကောင်းပြီ" ကုယွင်က ရထားလုံးဆီသို့ သွက်သွက်လပ်လပ် လျှောက်သွားပြီး ကျွော့ချင်းက သူမနောက်သို့ လိုက်သွားခဲ့သည်။ အစကနေ အဆုံးအထိ ကုယွင်က စုလင်းကို လုံးဝ မကြည့်ဘဲ မသိလျှင် သူတို့နှစ်ယောက်အတူလာခဲ့တာ မဟုတ်သလိုပင်။ (T/N: လမ်းမှာ ဘယ်နှခါလောက် ရန်သတ်လာလဲမှ မသိတာ)

  နောက်ပိုင်းတွင် စုလင်း၏မျက်နှာက အေးစက်လာပြီးရင်း အေးစက်လာတာကို သဘောပေါက်သွားပေမယ့် ချန့်ယန့်က မိုက်မိုက်ကန်းကန်းနဲ့ ရယ်ရယ်မောမော အသွင်ဖြစ်အောင် ပြင်ဆင်လိုက်ရင်း "ဗိုလ်ချုပ်စု၊ ဗိုလ်ချုပ်က မြို့တော်ကို ပြန်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။ ကျွန်တော်က စုမိသားစုရဲ့ ဂုဏ်သတင်းကို အမြဲလေးစားနေခဲ့တာပါ ..."

  သူ့စကားမဆုံးခင် စုလင်းက မြင်းပေါ်ပြန်တက်သွားပြီး ရထားလုံးထွက်ခွာမည့်လမ်းကြောင်းကို ဦးတည်လိုက်လေသည်။ ချန်ဟန့်က ထိုနေရာတွင် အဆင်မပြေစွာ ရပ်ကျန်နေခဲ့ပြီး လို့ရှီးယန်က ရှေ့သို့ တိုးလာကာ သူ့ပခုံးကို ပုတ်လိုက်ပြီး ပြုံးလျက် "သွားရအောင်၊ ဗိုလ်ချုပ်စုလည်း အရမ်းပင်ပန်းနေလိမ့်မယ်"

  "ဟုတ်ကဲ့" ဗိုလ်ချုပ်စုက တကယ်ကို ပင်ပန်းနေပုံပေါ်နေတာကို သိပေမယ့် ချန်ဟန့်က အနည်းငယ် စူးစမ်းချင်နေတာကြောင့် "လို့လူကြီးမင်း၊ အဲဒီမိန်းကလေးက ဘယ်သူလဲ"

  လို့ရှီးယန်က ချင်းမော့ ချန်ထားခဲ့သော မြင်းနက်ပေါ်ကို တက်နေရင်း "အဲ့ဒါက မင်း စာပို့ပြီး ဖိတ်ခေါ်ခဲ့တဲ့လူပဲ"

   ရထားလုံးနောက်မှ လိုက်ပါသွားသော တင်းမာနေတဲ့ ရုပ်သွင်ကို ကြည့်ရင်း လို့ရှီးယန်က အပြုံးတစ်ဝက်ဖြင့် သူ့နှုတ်ခမ်းထောင့်များကို အနည်းငယ် ပင့်တင်ထားခဲ့သည်။ နောက်ဆုံးတော့ ဗိုလ်ချုပ်စု၏ "မိန်းမများကို ရွံရှာမုန်းတီးသောရောဂါ"က တိုးတက်လာတဲ့ လက္ခဏာများကို ပြသနေပုံရပြီး ချင်းမိသားစုမှ အမျိုးသမီးလေးများက ထူးကဲလွန်းလှသည်။

"ချင်းမော့???" ချန်ဟန့်က သူမဖြစ်နိုင်တယ်လို့ တွေးတောနေမိပေမယ့် အချိန်ကို ရေတွက်လိုက်ရင် ဒီနေ့မှ   ကိုးရက်မြောက် နံနက်ခင်းသာ ဖြစ်နေသေးသည်။ သူတို့ ဘယ်လိုပြန်ရောက်လာနိုင်တာလဲ???

****

  ဝူအိမ်တော်....

  ချန်ဟန့်က ဝူသခင်မလေး၏ အတွင်းဆောင်ထဲသို့ အမောတကော ပြေးဝင်သွားပြီး "သခင်၊ ဝန်ကြီးချုပ်လို့နဲ့ သူ့ဇနီးကို ဖိတ်ခေါ်လာပြီးပါပြီ၊ ပြီးတော့... သခင်မလေးချင်းမော့နဲ့ ဗိုလ်ချုပ်စုလည်း ပြန်ရောက်လာပြီ"

သူ အရှေ့ကနေ အရှိန်ပြင်းပြင်းနှင့် အလျင်အမြန် ပြေးလာခဲ့သော်လည်း နောက်ဆုံးတွင် သူတို့က သူ့ကို အမီလိုက်လာနိုင်ခဲ့သည်၊ ဤချင်းသခင်မလေးနှစ်ယောက်၏ လမ်းလျောက်သည့်အရှိန်က အမှန်တကယ် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။

  ရှန်ယုလန်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ​​ဒီကလေး ချန်ဟန့် ဘာဖြစ်နေတာလဲလို့ တွေးနေမိသည်။ သူက ဘာလို့ ဒီနေ့ ဒီလောက် စိတ်လောနေတာလဲ???

  သူ ဘာမှပြန်မပြောနိုင်သေးခင် လို့ရှီးယန်နှင့် ကျွော့ချင်းတို့၏ပုံရိပ်များက တံခါးဝမှာ ပေါ်လာတာကြောင့် ရှန်ယုလန်က သူ့လက်ကို အနည်းငယ် ဆုတ်ကိုင်လိုက်ပြီး "ဝန်ကြီးချုပ်၊ သခင်မ"

  တံခါးဝသို့ မဝင်မီ အပြင်တွင် ရပ်နေစဥ်ကပင် ပြင်းထန်သော သွေးနံ့က လေထုထဲတွင် ပြည့်လျှံနေပြီဖြစ်သည်။ ကျွော့ချင်းက နှုတ်ဆက်သည့် လက္ခဏာများကို ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး လေးနက်သော အသံဖြင့် "သေဆုံးသူက ဘယ်မှာလဲ"

  "ခုတင်ပေါ်မှာ ရှိနေတုန်းပဲ" သူမတို့ ဒီလောက်မြန်မြန်ရောက်လာဖို့ သူ မမျှော်လင့်ထားခဲ့ပါဘူး၊ သူတောင်မှ မကြာသေးခင်ကမှ ရောက်လာခဲ့တာပါ။

  ကျွော့ချင်းက ခေါင်းညိတ်လိုက်ပြီး အတွင်းခန်းထဲသို့ အမြန်ဝင်သွားလိုက်သည်။

  "ရှန်လူကြီးမင်း" လို့ရှီးယန်၏နောက်မှ စူးရှရှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

 ရှန်ယုလန်က လို့ရှီးယန်၏နောက်သို့ အနည်းငယ် ငဲ့ကြည့်လိုက်ရာ သူ့နောက်မှ အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

  ဒါက တကယ်ပဲ.... ချင်းမော့လား???

ရှန်ယုလန်၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ မထိန်းနိုင် မသိမ်းနိုင် လျှံတက်လာခဲ့သည်။ ဒီနေ့က ကိုးရက်မြောက်နေ့ပဲဖြစ်ပြီး ချင်းလင်ပြောတဲ့အတိုင်း တကယ်ပဲ သူမ ပေါ်လာခဲ့တယ်။ ဒီအမျိုးသမီးက တကယ်ကို အံ့သြစရာကောင်းလိုက်တာ။

ရှန်ယုလန်က သူ့မျက်လုံးများထဲမှ ထူးဆန်းတဲ့အကြည့်များကို ခပ်မြန်မြန်ပြန် ဖုံးကွယ်လိုက်ရင်း သူ့လက်ကို အနည်းငယ်ခုပ်ပြီး "ချင်းသခင်မလေး၊ မင်းကို အခုလို မြန်မြန်ဆန်ဆန် ပြန်လာခိုင်းမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်"

  ကုယွင်က သူမလက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း သူပြောတာကို သဘောမတူပုံနဲ့ အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ရှန်လူကြီးမင်းက ယဉ်ကျေးနေဖို့ မလိုပါဘူး။ အခြေခံအားဖြင့် အခြေအနေတွေ အကုန်လုံးကို ကျွန်မ သိထားပြီးသားပါ၊ လူသတ်မှုအခြေအနေကို အရင်ကြည့်လိုက်မယ်၊ ပြီးမှ အခြေအနေ အတိအကျကို ထပ်ဆွေးနွေးကြမယ်"

  ထိုစကားကို ပြောပြီးနောက် သူမက အိမ်ထဲသို့ ၀င်သွားသော်လည်း အတွင်းခန်းထဲသို့ အလျင်စလို ဝင်မသွားဘဲ အလယ်ခန်းမ အပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူမက အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်နေခဲ့တာကြောင့် သူမ ဘာကို ကြည့်နေမှန်း မသိနိုင်ပေ။

  လို့ရှီးယန်က တံခါးဘေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး အထဲကို ဝင်မလာပါဘူး။ သူ့ဘေးမှာ တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့ စုလင်းရှိနေသည်။ ရှန်ယုလန်က မျက်မှောင်ကြုတ်ပြီး "ဗိုလ်ချုပ်စုက သူပုန်တွေကို ရှင်းနေတာ မဟုတ်ဘူးလား?"

  "သူတို့ကို အပြီးတိုင် နှိပ်နင်းလိုက်ပြီ" လူသေကိုတောင် ထပ်ပြီးအေးစက် အေးခဲသွားစေနိုင်လောက်တဲ့ အေးစက်စက်စကားလုံး အနည်းငယ်ကို ထုတ်ပြောလာခဲ့ပေမယ့် စုလင်း၏အနက်ရောင်မျက်လုံးတစ်စုံကတော့ ခန်းမအလယ်တွင် ရပ်နေသော အမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

အဲ့တစ်ယောက်က လုံးဝကို မိန်းမ မဟုတ်ဘူး!! ဒီရက်တွေမှာ သူတောင်မှ သူမကို လိုက်မမှီနိုင်လုနီးပါး ဖြစ်နေခဲ့ပြီး အဲ့လို မိန်းခလေးမျိုး ဘယ်မှာ ရှိနိုင်မှာလဲ???

  နှိမ်နှင်းမှုက ပြီးသွားပြီလား?! ရှန်ယုလန်က အံ့အားသင့်နေပေမယ့် တစုံတရာကိုတော့ တွေးဖြစ်အောင် တွေးလိုက်သေးသည်။

သူ့တာဝန်ကို ဆောင်ရွက်ပြီးပြီဆိုရင် အစီရင်ခံဖို့ နန်းတော်ကို မသွားဘဲ ဒီကို ဘာလာ လုပ်တာတုန်း???!

  စုလင်း၏ မျက်နှာတွင် တွေဝေမှုများ ပြည့်နေပြီး လို့ရှီးယန်၏ မျက်လုံးများက စိတ်ဝင်စားမှုနှင့် ပြည့်နေခဲ့သည်။ အခုအချိန်မှာ သူတို့ကို မေးခွန်းတွေ မေးနေရလောက်အောင် သူက မိုက်မဲနေလိမ့်မည် မဟုတ်ပေ။ ရှန်ယုလန်က ပြန်လှည့်ပြီး အလယ်ခန်းမထဲသို့ ၀င်သွားလိုက်သည်။ ကုယွင်က တံခါးဝတွင် ထိုင်ချလိုက်ပြီး နှစ်ပိုင်းကွဲနေသော သစ်သားတံခါးမင်းတုန်းကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ထိကြည့်နေရင်း အသံတိုးတိုးဖြင့် "အမူဖြစ်တဲ့နေရာကို ပထမဆုံးရှာတွေ့တာ ဘယ်သူလဲ?"

  "သခင်မလေးဝူရဲ့ ကိုယ်ရေးကိုယ်တာ အစေခံဖေးအာပါ"

ဒါပေမယ့် ထူးဆန်းတာက သူမက တခြားသေဆုံးသွားသူများ၏အစေခံများနှင့် မတူဘဲ သူမက မနေ့ညက အိမ်ထဲမှာ သူမ သခင်မလေးနှင့် အတူ ရှိမနေခဲ့ပေ၊ အဲဒီအစား သူမက ဒီမနက်မှ သူမသခင်မလေးကို နှိုးဖို့ ဝင်လာခဲ့တာပါ။ မနက်မိုးလင်းတဲ့အထိ အသံမကြားတာကြောင့် နိုးဖို့ဝင်လာခဲ့ပြီး အချိန်အတော်ကြာအောင် ခေါ်လို့ မရတာကြောင့် လူများကို သွားခေါ်ပြီး တံခါးကို ဖျက်ဝင်ရာမှ အလောင်းကို ရှာတွေ့ခဲ့ခြင်းပင်။

  ကုယွင်က တံခါးမင်းတုန်းကို ပြန်ချပြီး "သူမ ဘယ်မှာလဲ" ဟု မေးလိုက်သည်။

  "ထိတ်လန့်ပြီး မူးလဲသွားတာ ခုထိ ပြန်မနိုးသေးပါဘူး"

ဒါက ပုံမှန်ပါပဲ။ အခန်းအတွင်းထဲမှာက သွေးတွေက အခန်းပြည့်လုနီးပါးဖြစ်နေပြီး သေဆုံးသူမိန်းခလေးက ထူးထူးခြားခြား ပုံစံနဲ့ သေဆုံးသွားခဲ့သည်။ အဲ့ဒါကို ကြည့်ဖို့ သာမာန်အမျိုးသမီးတွေ မပြောနဲ့ အမျိုးသားတွေတောင် သည်းမခံနိုင်ကြပါဘူး။

  ကုယွင်၏ မျက်လုံးများက သစ်သားစားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များကို စူးစိုက်ကြည့်လိုက်ပြီး သူမက ချက်ချင်း ရှေ့သို့ လျှောက်လှမ်းသွားကာ လက်ဖက်ရည်ခွက် တစ်ခွက်ကို ကောက်ယူပြီး အနံခံကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမက လက်ဖက်ရည်အိုးကိုဖွင့်ကာ အတွင်းမှ လက်ဖက်ရည်များကို လှုပ်ယမ်းလိုက်ပြီး သူမ၏အေးစက်သော မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်လာခဲ့သည်။

  ချန်ဟန့်က ဇဝေဇဝါနဲ့ ဘေးနားမှာ သွားရပ်လိုက်ပြီး "လက်ဖက်ရည်က ဘာဖြစ်နေလို့လဲ၊ ကျွန်တော် စစ်ဆေးကြည့်တာတော့ အဆင်ပြေပါတယ်"

အခန်းထဲမှာ လက်ဖက်ရည်အိုးထည့်ထားတက်တာက ပုံမှန်ဖြစ်ပြီး အဲ့တာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ ဘာမှမရှိပါဘူး။

  ကုယွင်က နှုတ်ဆိတ်နေပြီး ခွက်အလွတ်နှစ်ခွက်ကို သူ့ဆီကို ကမ်းပေးလိုက်သည်။ ချန်ဟန့်က ခွက်များကို လှမ်းယူလိုက်ရင်း သူမကို စိုက်ကြည့်နေပြီးမှ သံသယတစ်ခုကြောင့် ခွက်တစ်ခွက်ကို အနံ့ခံလိုက်သည်။ ထိုအနံ့ကို ရှူလိုက်ပြီးနောက် ချန်ဟန့်၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး မသုံးရသေးသော တခြားခွက်တစ်ခုကိုပါ ထပ်စမ်းကြည့်လိုက်ပြန်သည်။ ခဏအကြာတွင် ချန်ဟန့်က ကုယွင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေတော့သည်။ ဒီသာမန်ခွက်တွေ တစ်ခုခုမှားနေပြီဆိုတာကို သူမ ဘယ်လို သိသွားတာနဲ့။ ခွက်တွေအများကြီးရှိနေတာကို ဒီခွက်နှစ်ခွက်ပဲ ပြသနာရှိနေတာကို သူမ ဘယ်လိုသိနိုင်တာလဲ??!!!

  ချန်ဟန့်က ခွက်နှစ်ခွက်ကို အိတ်ထဲသို့ သေချာထည့်လိုက်ပြီး ကုယွင်နောက်ကို တစ်လှမ်းချင်း ထပ်ကျပ်မခွာ လျောက်လိုက်နေခဲ့သည်။

****

  အတွင်းခန်းအတွင်းတွင်....

  လုကျင်းက ကုတင်ရှေ့တွင် လူသေအလောင်းကို လှည့်ပတ်နေသော လူကိုကြည့်ကာ အေးစက်သောလေသံဖြင့် "မင်းက ဘယ်သူလဲ?"

  တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးအနေဖြင့် အမတ်ဝူက မှုခင်းအခင်းဖြစ်ပွားရာနေရာကို ပြင်ပလူများအား ဖျက်ဆီးခွင့်မပြုသင့်ကြောင်း သဘာဝကျကျ သိနေခဲ့သည်။ အခန်းထဲတွင် အလွန်ထိတ်လန့်နေပြီး ခြေတစ်လှမ်းတောင် မရွေ့နိုင်ဖြစ်နေသော ဝူလူကြီးမင်းသာ ရှိနေသင့်သည်။ အဲ့တော့ ဒီလူက ဘယ်သူလဲ?

  ထိုလူက ခေါင်းကို ပြန်လှည့်လာပြီး လက်ခုပ်အုပ်ကာ ပြန်ပြောလာသည်။ "ဒီငယ်သား.. ကျန်းရှင်းက တရားရေးဌာနရဲ့အရာရှိပါ။ ဝူလူကြီးမင်းက ကျွန်တော့်ကို ဒီကို ခေါ်ထားတာပါ"

ဝူလူကြီးမင်းက သူ့ဆီ ဝှေ့ယမ်းပြလိုက်တာကြောင့် သူက နောက်ပြန်ဆုတ်ကာ ဘေးဘက်သို့‌ရွေ့သွားပြီး နေရာဖယ်ပေးလိုက်သည်။

  ကျွော့ချင်း အတွင်းခန်းထဲသို့ ဝင်သွားသောအခါ လုကျင်းက အလောင်းကို စစ်ဆေးနေသည်ကို သူမ တွေ့လိုက်ရတာကြောင့် သူ အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ချက်ချင်း ရှေ့မတိုးသွားခဲ့ပေ။ ကျွော့ချင်းက ငုတ်တုတ်ထိုင်ချလိုက်ပြီး လုံးဝပျစ်စေးသွားခြင်း မရှိသေးသော သွေးများကို စစ်ဆေးကြည့်နေခဲ့သည်။ အိပ်ခန်းက ကျယ်သော်လည်း သေဆုံးသူက သွေးထွက်များလွန်းတာကြောင့် အိပ်ယာဘေးမျက်နှာပြင်နေရာတိုင်းတွင် သွေးများစွန်းထင်းနေခဲ့သည်။ သေဆုံးသူမှာ ကိုယ်လုံးတီးဖြစ်နေပြီး အတွင်းခန်းက သပ်ရပ်နေကာ ရုန်းကန်ထားသော အရိပ်အယောင် အစအနလေးတောင် ရှိမနေခဲ့ပေ။

  ကျွော့ချင်းက ရုတ်​တရက် ရောက်လာပြီး ​သွေးများကို ထိနေသောကြောင့် ​ဘေးနားတွင် ရပ်​​နေ​သော ကျန်းရှင်းက ထိတ်​လန့်​တုန်​လှုပ်​သွားပြီး "မင်း ဘာလုပ်​​နေတာလဲ?"

  လုကျင်းက နောက်ကို လှည့်ကြည့်လာပြီး သူ့နောက်ကလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် လက်ကို အမြန်မြှောက်လိုက်ပြီး လက်သီးဆုပ်အုပ်ကာ "သခင်မ" ဟု ရိုသေစွာ နူတ်ဆက်လိုက်သည်။

  ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး အသံတိုးတိုးနဲ့ "မင်းဘက်က အခြေအနေ ဘယ်လိုလဲ"

  လုကျင်းက နည်းနည်းလေးမှ သတိမလွတ်ဝံ့ဘဲ သူတွေ့ရှိထားသည့် အခြေအနေနှင့် ပတ်သက်၍ ချက်ခြင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "သေဆုံးသူက ဒီနေ့ရဲ့ ချုံရှီနဲ့ ရင်ရှီကြားမှာ သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်၊ ခန္ဓာကိုယ်မှာ တခြားဒဏ်ရာ မရှိဘဲ ပြတ်ရှဒဏ်ရာတစ်ချက်ပဲရှိပါတယ်၊ ရင်ဘတ်ထဲက နှလုံးကို ဖယ်ခွာထားခဲ့ပေမယ့် သေဆုံးသူရဲ့မျက်နှာမှာ ကြောက်ရွံ့မှုတွေ မရှိနေပါဘူး"

( ချုံရှီ(မနက်၁-၃နာရီ)၊ ရင်ရှီ(မနက်၃-၅နာရီ))

  ကျွော့ချင်းက သူ့နံဘေးသို့ ချဉ်းကပ်လာပြီး ကုတင်ပေါ်ရှိ အမျိုးသမီးအလောင်းကို ငုံ့ကြည့်လိုက်ရာ သေဆုံးသူ၏အရေပြားက အနည်းငယ် ဖြူဖွေးနေပြီး သွေးများဆုံးရှုံးသွားတာကြောင့် သေဆုံးသွားခဲ့သော်လည်း သူမက အိပ်ပျော်နေသကဲ့သို့ သူမ၏မျက်နှာမှာ အမှန်တကယ်ပင် ငြိမ်သက်နေလေသည်။

  ကျန်းရှင်းက ကျွော့ချင်းတစ်ယောက် အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် အလောင်းကို လှည့်ပတ်ကြည့်နေတာကို အံ့သြစွာ စိုက်ကြည့်နေသည်။ ဤအမျိုးသမီးကား မည်သူနည်း။

  ဒီလို ကြောက်စရာကောင်းတဲ့ အမျိုးသမီးအလောင်းကို ရင်ဆိုင်နေရတာကိုတောင် သူမက တည်ငြိမ်စွာ ရပ်နေနိုင်သေးတယ်ပေါ့လေ။ လုကျင်းက သူမကို သခင်မလို့ခေါ်တယ်။ သူမက လူကြီးမင်းရှန်ရဲ့ မိသားစုဝင်ဖြစ်နိုင်မလား?!

  ကျွော့ချင်းက သေသေချာချာ စစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသူ၏ ဝမ်းဗိုက်ကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ဖြည်းညှင်းစွာ ဖိကြည့်လိုက်ချိန်တွင် သူမက ရုတ်တရက် တုံဆိုင်းသွားခဲ့သည်။ ကျွော့ချင်း၏ မျက်လုံးများက မှေးကျဥ်းသွားပြီး ရုတ်တရက် ကျယ်လောင်စွာ မေးလိုက်သည်။ "လူကြီးမင်းဝူ၊ ရှ့င်ရဲ့သမီးမှာ အိမ်ထောင်ရှိလား"

  အခန်းထဲတွင် ရှင်းလင်းပြတ်သားသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ သူ့သမီး ရုတ်တရတ် သေဆုံးသွားသည့် သတင်းကြောင့် လဲပြိုလုနီးပါး ဖြစ်နေရာမှ ကြိုးစားအားတင်းထားရသော ဝူကျစ်ကန်းက အချိန်အတော်ကြာမှ ပြန်ဖြေနိုင်ခဲ့သည်။ သူက "မရှိဘူး၊ ရှအာနဲ့ သာသနာရေးဝန်ကြီးဌာနက ဝူရှန်းဟွရဲ့တတိယသားက လက်ထပ်တော့မှာပါ၊ မင်္ဂလာရက်ကို နောက်သုံးလအကြာလို့ သတ်မှတ်ထားတယ်၊ ငါတို့နှစ်ဘက်စလုံးက မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြပေမယ့် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်လို့တော့ ဘယ်သိပါ့မလဲ"

  သူ့သမီးက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး!

ကျွော့ချင်းက ကုတင်အစွန်းသို့ ရောက်သောအခါ အမျိုးသမီး၏ခြေထောက်များကို ဖြန့်ကြည့်ချင်သော်လည်း ခန္ဓာကိုယ်က တောင့်တင်းသောကြောင့် သူမဘေးနားရှိ လုကျင်းကို "ငါ့ခြေထောက်ကို မြှောက်ပေးပါလား" ဟုသာ ပြောနိုင်ခဲ့သည်။

  လုကျင်းက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယခင်က သူက အမျိုးသမီးအလောင်း၏ ကိုယ်ရေးကိုယ်တာ အစိတ်အပိုင်းများကို တစ်ကြိမ်မှ မစစ်ဆေးဖူးဘဲ ယခုအခါမှ အမျိုးသမီးတစ်ဦးနှင့် တွဲဖက်ကာ ပထမဆုံးအကြိမ် စစ်ဆေးရခြင်းဖြစ်သည်။ လုကျင်းက ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သေဆုံးသူ၏ ခြေထောက်များကို ညင်သာစွာ မြှောက်လိုက်သည်။

  အချိန်အတော်ကြာ ခက်ခက်ခဲခဲ စစ်ဆေးပြီးနောက် ကျွော့ချင်းက "သခင်မလေးရှအာမှာ နောက်ထပ် ချစ်သူရှိသေးလား"

  သူမ ထိုစကားကို ပြောလိုက်တာနဲ့ အပြင်တွင် တိတ်ဆိတ်ငြိမ်သက်သွားပြီး ထို့နောက်တွင်တော့ ဝူကျစ်ကန်း၏ အော်သံက ဖန်သားပြင်အပြင်ဘက်တွင် ပဲတင်ထပ်နေခဲ့သည်။ "မင်း ဘာတွေပြောနေတာလဲ!! ငါ့သမီးက သေသွားပေမယ့် သူ့အပြစ်ကို မင်း မေးခွန်းထုတ်လို့ မရဘူး"

  ကျွော့ချင်း၏မျက်နှာက ပုံမှန်အတိုင်းပင်ဖြစ်နေကာ သူမက မလှုပ်မယှက် အေးတိအေးစက်နဲ့ "သူ(မ)က ကိုယ်ဝန်ရှိတယ်၊ လေးလနီးပါးရှိနေပြီ"

  "ဘာ?!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၉၃ အေလာင္းတစ္ေလာင္း... ဘဝႏွစ္ခု

  ကုယြင္၏မ်က္ႏွာက အမူအရာကင္းမဲ့ေနၿပီး ေမာပန္းႏြမ္းနယ္ေနေသာ ပုံစံျဖင့္ ေကြၽာ့ခ်င္းဆီသို႔ ေလွ်ာက္လာခဲ့သည္။ ေကြၽာ့ခ်င္းက သူမကို ႏႈတ္ဆက္ရန္ ေရွ႕သို႔ေျခတစ္လွမ္းတိုးလိုက္ၿပီး အၿပဳံးေလးနဲ႔ "ေနာက္ဆုံးေတာ့ နင္ ျပန္ေရာက္လာၿပီ"

ဒီေန႔က ကိုးရက္ေျမာက္ေန႔ရဲ႕ မနက္ခင္းျဖစ္ၿပီး ဒီေန႔မွာ ယြင္ရဲ႕အသြင္အျပင္ကို ေတြ႕ရလိမ့္မယ္လို႔ သူမ ေမွ်ာ္လင့္ထားၿပီးသားပါ။ ကုယြင္၏ စူးရွေသာမ်က္လုံးမ်ားႏွင့္ ေအးစက္ေနေသာအမူအရာကို ၾကည့္ခ်င္းျဖင့္ ေကြၽာ့ခ်င္းက လြန္ခဲ့ေသာရက္အနည္းငယ္က ယြင္ ေကာင္းေကာင္းမအိပ္ရေသးတာကို မွန္းဆႏိုင္သည္။ သူမ၏႐ုပ္ပိုင္းဆိုင္ရာအေျခအေနက သာမန္လူမ်ားႏွင့္ အမွန္တကယ္ ကြာျခားလြန္းလွသည္။ သာမန္လူတစ္ေယာက္က ပင္ပန္းေလေလ၊ ခြန္အားနည္းေလေလ ျဖစ္လာႏိုင္ေပမယ့္ သူမက ပင္ပန္းေလေလ ပိုထက္ျမက္ေလေလ ျဖစ္လာၿပီး ပိုၿပီး သန္မာလာေလ့ရွိသည္။ သူမကို ထိုကဲ့သို႔ခႏၶာကိုယ္ဖြဲ႕စည္းပုံရႏိုင္ဖို႔ ဘယ္အရာက ဖန္ဆင္းေပးထားလဲဆိုတာကို ဘယ္သူမွ မသိႏိုင္ပါဘူး။

   သူမ ေမွ်ာ္လင့္ထားသည္ထက္ ေက်ာ္လြန္ေနသည့္အရာမွာ စုလင္း ျပန္ပါလာျခင္းပင္။ ေကြၽာ့ခ်င္းက သူမ၏မ်က္လုံးမ်ားကို ပင့္တင္ကာ စုလင္းကို စိုက္ၾကည့္ေနၿပီး သူမမ်က္လုံးမ်ားမွ အၿပဳံးကို ဖုံးကြယ္ရန္ ေခ်ာင္းဟန႔္ေနခဲ့ေပမယ့္ ဘယ္လိုမွ ဖုံးကြယ္မရျဖစ္ေနတာေၾကာင့္ သူမက ၿပဳံးေနရင္းနဲ႔ "စစ္သူႀကီးစု? ရွင္ အဆင္ေျပရဲ႕လား...?"

စုလင္းက မအိပ္ရတာ ရက္ေပါင္းမ်ားစြာ ညေပါင္းမ်ားစြာ ရွိေနၿပီျဖစ္ကာ သူက ကုယြင္ထက္ အမ်ားႀကီး အေျခအေနဆိုးေနပုံ ေပၚေနေသးသည္။ သူ၏ အနက္ေရာင္အဝတ္အစားမ်ားက ရႈံ႕တြတြန႔္လိမ္ေနၿပီး မ်က္လုံးနက္နက္မ်ားက ေသြးေရာင္လြမ္းေနသည္။ ရက္အေတာ္ၾကာေအာင္ ျပင္းျပင္းထန္ထန္ ၾကမ္းၾကမ္းတမ္းတမ္း ေျပးလႊားလာရၿပီးေနာက္တြင္ သူ၏ဆံပင္မ်ားက ပိုမိုရႈပ္ေထြးေနကာ သူ႔ပုံစံက ေအးစက္ေနၿပီျဖစ္သည္။ နဂိုထဲက သူ႔၏ေအးစက္ၿပီး တင္းမာခက္ထန္ေနေသာ မ်က္ႏွာက ေၾကးဝါမ်က္ႏွာဖုံးတစ္ခု တပ္ဆင္ထားသလိုျဖစ္ၿပီး သူ႔အမူအရာမ်ားက ေက်ာက္႐ုပ္တစ္႐ုပ္ကဲ့သို႔ျဖစ္ေနေလသည္။ သူကို သူမ ပထမဆုံးျမင္ဖူးသည့္အခ်ိန္ထက္ပင္ ပို၍ ရက္စက္ၾကမ္းၾကဳတ္ ေနပုံေပၚေနသည္။ ယခုအခ်ိန္တြင္ စုလင္း၏တစ္ကိုယ္လုံးတြင္ တျခားသူမ်ားကိုပင္ ေအးခဲသြားေစႏိုင္သည့္ ေအးစက္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။

  စုလင္းက သူမကို ျပန္မေျဖဘဲ ေအးစက္ေနေသာမ်က္လုံးမ်ားျဖင့္သာ စိုက္ၾကည့္ေနခဲ့သည္။ ေကြၽာ့ခ်င္းကလည္း သူ ထိုကဲ့သို႔တုန႔္ျပန္လာမည္ကို ႀကိဳတင္မွန္းဆၿပီးသားျဖစ္ေနတာေၾကာင့္ လုံးဝကို စိတ္ထဲထားမေနေတာ့ဘူး။

  "ဘာေတြျဖစ္ေနလို႔လဲ၊ အခု အေျခအေန ဘယ္လိုလဲ"

ကုယြင္၏ အက္ရွရွျဖစ္ေနေသာ အသံက်ယ္က်ယ္ေၾကာင့္ ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္သြားသည္။ လမ္းတစ္ေလွ်ာက္လုံး ေျပးလႊားလာခဲ့ရတာေၾကာင့္ သူမ ေမာပန္းႏြယ္နယ္ေနမွာ ေသခ်ာေနသည္။ ေကြၽာ့ခ်င္းက ရထားလုံးရဲ႕ ကန႔္လန႔္ကာကို ပင့္တင္လိုက္ၿပီး အသံတိုးတိုးေလးနဲ႔ "ငါတို႔ မႈခင္းျဖစ္ပြားတဲ့ေနရာကို အရင္သြားရေအင္၊ သြားေနရင္းနဲ႔ ရထားလုံးေပၚမွာ စကားေျပာၾကမယ္"

  "ေကာင္းၿပီ" ကုယြင္က ရထားလုံးဆီသို႔ သြက္သြက္လပ္လပ္ ေလွ်ာက္သြားၿပီး ေကြၽာ့ခ်င္းက သူမေနာက္သို႔ လိုက္သြားခဲ့သည္။ အစကေန အဆုံးအထိ ကုယြင္က စုလင္းကို လုံးဝ မၾကည့္ဘဲ မသိလွ်င္ သူတို႔ႏွစ္ေယာက္အတူလာခဲ့တာ မဟုတ္သလိုပင္။ (T/N: လမ္းမွာ ဘယ္ႏွခါေလာက္ ရန္သတ္လာလဲမွ မသိတာ)

  ေနာက္ပိုင္းတြင္ စုလင္း၏မ်က္ႏွာက ေအးစက္လာၿပီးရင္း ေအးစက္လာတာကို သေဘာေပါက္သြားေပမယ့္ ခ်န႔္ယန႔္က မိုက္မိုက္ကန္းကန္းနဲ႔ ရယ္ရယ္ေမာေမာ အသြင္ျဖစ္ေအာင္ ျပင္ဆင္လိုက္ရင္း "ဗိုလ္ခ်ဳပ္စု၊ ဗိုလ္ခ်ဳပ္က ၿမိဳ႕ေတာ္ကို ျပန္လာမယ္လို႔ ကြၽန္ေတာ္ မေမွ်ာ္လင့္ထားမိဘူး။ ကြၽန္ေတာ္က စုမိသားစုရဲ႕ ဂုဏ္သတင္းကို အၿမဲေလးစားေနခဲ့တာပါ ..."

  သူ႔စကားမဆုံးခင္ စုလင္းက ျမင္းေပၚျပန္တက္သြားၿပီး ရထားလုံးထြက္ခြာမည့္လမ္းေၾကာင္းကို ဦးတည္လိုက္ေလသည္။ ခ်န္ဟန႔္က ထိုေနရာတြင္ အဆင္မေျပစြာ ရပ္က်န္ေနခဲ့ၿပီး လို႔ရွီးယန္က ေရွ႕သို႔ တိုးလာကာ သူ႔ပခုံးကို ပုတ္လိုက္ၿပီး ၿပဳံးလ်က္ "သြားရေအာင္၊ ဗိုလ္ခ်ဳပ္စုလည္း အရမ္းပင္ပန္းေနလိမ့္မယ္"

  "ဟုတ္ကဲ့" ဗိုလ္ခ်ဳပ္စုက တကယ္ကို ပင္ပန္းေနပုံေပၚေနတာကို သိေပမယ့္ ခ်န္ဟန႔္က အနည္းငယ္ စူးစမ္းခ်င္ေနတာေၾကာင့္ "လို႔လူႀကီးမင္း၊ အဲဒီမိန္းကေလးက ဘယ္သူလဲ"

  လို႔ရွီးယန္က ခ်င္းေမာ့ ခ်န္ထားခဲ့ေသာ ျမင္းနက္ေပၚကို တက္ေနရင္း "အဲ့ဒါက မင္း စာပို႔ၿပီး ဖိတ္ေခၚခဲ့တဲ့လူပဲ"

   ရထားလုံးေနာက္မွ လိုက္ပါသြားေသာ တင္းမာေနတဲ့ ႐ုပ္သြင္ကို ၾကည့္ရင္း လို႔ရွီးယန္က အၿပဳံးတစ္ဝက္ျဖင့္ သူ႔ႏႈတ္ခမ္းေထာင့္မ်ားကို အနည္းငယ္ ပင့္တင္ထားခဲ့သည္။ ေနာက္ဆုံးေတာ့ ဗိုလ္ခ်ဳပ္စု၏ "မိန္းမမ်ားကို ႐ြံရွာမုန္းတီးေသာေရာဂါ"က တိုးတက္လာတဲ့ လကၡဏာမ်ားကို ျပသေနပုံရၿပီး ခ်င္းမိသားစုမွ အမ်ိဳးသမီးေလးမ်ားက ထူးကဲလြန္းလွသည္။

"ခ်င္းေမာ့???" ခ်န္ဟန႔္က သူမျဖစ္ႏိုင္တယ္လို႔ ေတြးေတာေနမိေပမယ့္ အခ်ိန္ကို ေရတြက္လိုက္ရင္ ဒီေန႔မွ   ကိုးရက္ေျမာက္ နံနက္ခင္းသာ ျဖစ္ေနေသးသည္။ သူတို႔ ဘယ္လိုျပန္ေရာက္လာႏိုင္တာလဲ???

****

  ဝူအိမ္ေတာ္....

  ခ်န္ဟန႔္က ဝူသခင္မေလး၏ အတြင္းေဆာင္ထဲသို႔ အေမာတေကာ ေျပးဝင္သြားၿပီး "သခင္၊ ဝန္ႀကီးခ်ဳပ္လို႔နဲ႔ သူ႔ဇနီးကို ဖိတ္ေခၚလာၿပီးပါၿပီ၊ ၿပီးေတာ့... သခင္မေလးခ်င္းေမာ့နဲ႔ ဗိုလ္ခ်ဳပ္စုလည္း ျပန္ေရာက္လာၿပီ"

သူ အေရွ႕ကေန အရွိန္ျပင္းျပင္းႏွင့္ အလ်င္အျမန္ ေျပးလာခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ သူတို႔က သူ႔ကို အမီလိုက္လာႏိုင္ခဲ့သည္၊ ဤခ်င္းသခင္မေလးႏွစ္ေယာက္၏ လမ္းေလ်ာက္သည့္အရွိန္က အမွန္တကယ္ ေၾကာက္စရာေကာင္းေလာက္ေအာင္ ျမန္ဆန္လြန္းလွသည္။

  ရွန္ယုလန္က သူ႔ကို ေအးစက္စြာ စိုက္ၾကည့္ေနၿပီး ​​ဒီကေလး ခ်န္ဟန႔္ ဘာျဖစ္ေနတာလဲလို႔ ေတြးေနမိသည္။ သူက ဘာလို႔ ဒီေန႔ ဒီေလာက္ စိတ္ေလာေနတာလဲ???

  သူ ဘာမွျပန္မေျပာႏိုင္ေသးခင္ လို႔ရွီးယန္ႏွင့္ ေကြၽာ့ခ်င္းတို႔၏ပုံရိပ္မ်ားက တံခါးဝမွာ ေပၚလာတာေၾကာင့္ ရွန္ယုလန္က သူ႔လက္ကို အနည္းငယ္ ဆုတ္ကိုင္လိုက္ၿပီး "ဝန္ႀကီးခ်ဳပ္၊ သခင္မ"

  တံခါးဝသို႔ မဝင္မီ အျပင္တြင္ ရပ္ေနစဥ္ကပင္ ျပင္းထန္ေသာ ေသြးနံ႔က ေလထုထဲတြင္ ျပည့္လွ်ံေနၿပီျဖစ္သည္။ ေကြၽာ့ခ်င္းက ႏႈတ္ဆက္သည့္ လကၡဏာမ်ားကို ေပါ့ေပါ့တန္တန္ ေခါင္းညိတ္ျပလိုက္ၿပီး ေလးနက္ေသာ အသံျဖင့္ "ေသဆုံးသူက ဘယ္မွာလဲ"

  "ခုတင္ေပၚမွာ ရွိေနတုန္းပဲ" သူမတို႔ ဒီေလာက္ျမန္ျမန္ေရာက္လာဖို႔ သူ မေမွ်ာ္လင့္ထားခဲ့ပါဘူး၊ သူေတာင္မွ မၾကာေသးခင္ကမွ ေရာက္လာခဲ့တာပါ။

  ေကြၽာ့ခ်င္းက ေခါင္းညိတ္လိုက္ၿပီး အတြင္းခန္းထဲသို႔ အျမန္ဝင္သြားလိုက္သည္။

  "ရွန္လူႀကီးမင္း" လို႔ရွီးယန္၏ေနာက္မွ စူးရွရွ အမ်ိဳးသမီးအသံတစ္ခု ထြက္ေပၚလာသည္။

 ရွန္ယုလန္က လို႔ရွီးယန္၏ေနာက္သို႔ အနည္းငယ္ ငဲ့ၾကည့္လိုက္ရာ သူ႔ေနာက္မွ အနက္ေရာင္ဝတ္စုံ ဝတ္ထားေသာ အမ်ိဳးသမီးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။

  ဒါက တကယ္ပဲ.... ခ်င္းေမာ့လား???

ရွန္ယုလန္၏မ်က္လုံးမ်ားထဲတြင္ အံ့အားသင့္သြားေသာ အရိပ္အေယာင္မ်ား မထိန္းႏိုင္ မသိမ္းႏိုင္ လွ်ံတက္လာခဲ့သည္။ ဒီေန႔က ကိုးရက္ေျမာက္ေန႔ပဲျဖစ္ၿပီး ခ်င္းလင္ေျပာတဲ့အတိုင္း တကယ္ပဲ သူမ ေပၚလာခဲ့တယ္။ ဒီအမ်ိဳးသမီးက တကယ္ကို အံ့ၾသစရာေကာင္းလိုက္တာ။

ရွန္ယုလန္က သူ႔မ်က္လုံးမ်ားထဲမွ ထူးဆန္းတဲ့အၾကည့္မ်ားကို ခပ္ျမန္ျမန္ျပန္ ဖုံးကြယ္လိုက္ရင္း သူ႔လက္ကို အနည္းငယ္ခုပ္ၿပီး "ခ်င္းသခင္မေလး၊ မင္းကို အခုလို ျမန္ျမန္ဆန္ဆန္ ျပန္လာခိုင္းမိတဲ့အတြက္ တကယ္ကို ေတာင္းပန္ပါတယ္"

  ကုယြင္က သူမလက္ကို ညင္သာစြာ ေဝွ႔ယမ္းရင္း သူေျပာတာကို သေဘာမတူပုံနဲ႔ ေအးစက္စြာ တုံ႔ျပန္လိုက္သည္။ "ရွန္လူႀကီးမင္းက ယဥ္ေက်းေနဖို႔ မလိုပါဘူး။ အေျခခံအားျဖင့္ အေျခအေနေတြ အကုန္လုံးကို ကြၽန္မ သိထားၿပီးသားပါ၊ လူသတ္မႈအေျခအေနကို အရင္ၾကည့္လိုက္မယ္၊ ၿပီးမွ အေျခအေန အတိအက်ကို ထပ္ေဆြးေႏြးၾကမယ္"

  ထိုစကားကို ေျပာၿပီးေနာက္ သူမက အိမ္ထဲသို႔ ၀င္သြားေသာ္လည္း အတြင္းခန္းထဲသို႔ အလ်င္စလို ဝင္မသြားဘဲ အလယ္ခန္းမ အျပင္ဘက္တြင္ ရပ္ေနခဲ့သည္။ သူမက အရာအားလုံးကို ေစ့ေစ့စပ္စပ္ ၾကည့္ေနခဲ့တာေၾကာင့္ သူမ ဘာကို ၾကည့္ေနမွန္း မသိႏိုင္ေပ။

  လို႔ရွီးယန္က တံခါးေဘးမွာ တိတ္တိတ္ဆိတ္ဆိတ္ ရပ္ေနၿပီး အထဲကို ဝင္မလာပါဘူး။ သူ႔ေဘးမွာ တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနတဲ့ စုလင္းရွိေနသည္။ ရွန္ယုလန္က မ်က္ေမွာင္ၾကဳတ္ၿပီး "ဗိုလ္ခ်ဳပ္စုက သူပုန္ေတြကို ရွင္းေနတာ မဟုတ္ဘူးလား?"

  "သူတို႔ကို အၿပီးတိုင္ ႏွိပ္နင္းလိုက္ၿပီ" လူေသကိုေတာင္ ထပ္ၿပီးေအးစက္ ေအးခဲသြားေစႏိုင္ေလာက္တဲ့ ေအးစက္စက္စကားလုံး အနည္းငယ္ကို ထုတ္ေျပာလာခဲ့ေပမယ့္ စုလင္း၏အနက္ေရာင္မ်က္လုံးတစ္စုံကေတာ့ ခန္းမအလယ္တြင္ ရပ္ေနေသာ အမ်ိဳးသမီးကို ေအးစက္စြာ စိုက္ၾကည့္ေနခဲ့သည္။

အဲ့တစ္ေယာက္က လုံးဝကို မိန္းမ မဟုတ္ဘူး!! ဒီရက္ေတြမွာ သူေတာင္မွ သူမကို လိုက္မမွီႏိုင္လုနီးပါး ျဖစ္ေနခဲ့ၿပီး အဲ့လို မိန္းခေလးမ်ိဳး ဘယ္မွာ ရွိႏိုင္မွာလဲ???

  ႏွိမ္ႏွင္းမႈက ၿပီးသြားၿပီလား?! ရွန္ယုလန္က အံ့အားသင့္ေနေပမယ့္ တစုံတရာကိုေတာ့ ေတြးျဖစ္ေအာင္ ေတြးလိုက္ေသးသည္။

သူ႔တာဝန္ကို ေဆာင္႐ြက္ၿပီးၿပီဆိုရင္ အစီရင္ခံဖို႔ နန္းေတာ္ကို မသြားဘဲ ဒီကို ဘာလာ လုပ္တာတုန္း???!

  စုလင္း၏ မ်က္ႏွာတြင္ ေတြေဝမႈမ်ား ျပည့္ေနၿပီး လို႔ရွီးယန္၏ မ်က္လုံးမ်ားက စိတ္ဝင္စားမႈႏွင့္ ျပည့္ေနခဲ့သည္။ အခုအခ်ိန္မွာ သူတို႔ကို ေမးခြန္းေတြ ေမးေနရေလာက္ေအာင္ သူက မိုက္မဲေနလိမ့္မည္ မဟုတ္ေပ။ ရွန္ယုလန္က ျပန္လွည့္ၿပီး အလယ္ခန္းမထဲသို႔ ၀င္သြားလိုက္သည္။ ကုယြင္က တံခါးဝတြင္ ထိုင္ခ်လိုက္ၿပီး ႏွစ္ပိုင္းကြဲေနေသာ သစ္သားတံခါးမင္းတုန္းကို လက္ေခ်ာင္းထိပ္မ်ားျဖင့္ ညင္သာစြာ ထိၾကည့္ေနရင္း အသံတိုးတိုးျဖင့္ "အမူျဖစ္တဲ့ေနရာကို ပထမဆုံးရွာေတြ႕တာ ဘယ္သူလဲ?"

  "သခင္မေလးဝူရဲ႕ ကိုယ္ေရးကိုယ္တာ အေစခံေဖးအာပါ"

ဒါေပမယ့္ ထူးဆန္းတာက သူမက တျခားေသဆုံးသြားသူမ်ား၏အေစခံမ်ားႏွင့္ မတူဘဲ သူမက မေန႔ညက အိမ္ထဲမွာ သူမ သခင္မေလးႏွင့္ အတူ ရွိမေနခဲ့ေပ၊ အဲဒီအစား သူမက ဒီမနက္မွ သူမသခင္မေလးကို ႏႈိးဖို႔ ဝင္လာခဲ့တာပါ။ မနက္မိုးလင္းတဲ့အထိ အသံမၾကားတာေၾကာင့္ ႏိုးဖို႔ဝင္လာခဲ့ၿပီး အခ်ိန္အေတာ္ၾကာေအာင္ ေခၚလို႔ မရတာေၾကာင့္ လူမ်ားကို သြားေခၚၿပီး တံခါးကို ဖ်က္ဝင္ရာမွ အေလာင္းကို ရွာေတြ႕ခဲ့ျခင္းပင္။

  ကုယြင္က တံခါးမင္းတုန္းကို ျပန္ခ်ၿပီး "သူမ ဘယ္မွာလဲ" ဟု ေမးလိုက္သည္။

  "ထိတ္လန႔္ၿပီး မူးလဲသြားတာ ခုထိ ျပန္မႏိုးေသးပါဘူး"

ဒါက ပုံမွန္ပါပဲ။ အခန္းအတြင္းထဲမွာက ေသြးေတြက အခန္းျပည့္လုနီးပါးျဖစ္ေနၿပီး ေသဆုံးသူမိန္းခေလးက ထူးထူးျခားျခား ပုံစံနဲ႔ ေသဆုံးသြားခဲ့သည္။ အဲ့ဒါကို ၾကည့္ဖို႔ သာမာန္အမ်ိဳးသမီးေတြ မေျပာနဲ႔ အမ်ိဳးသားေတြေတာင္ သည္းမခံႏိုင္ၾကပါဘူး။

  ကုယြင္၏ မ်က္လုံးမ်ားက သစ္သားစားပြဲေပၚရွိ လက္ဖက္ရည္ခြက္မ်ားကို စူးစိုက္ၾကည့္လိုက္ၿပီး သူမက ခ်က္ခ်င္း ေရွ႕သို႔ ေလွ်ာက္လွမ္းသြားကာ လက္ဖက္ရည္ခြက္ တစ္ခြက္ကို ေကာက္ယူၿပီး အနံခံၾကည့္လိုက္သည္။ ခဏၾကာၿပီးေနာက္ သူမက လက္ဖက္ရည္အိုးကိုဖြင့္ကာ အတြင္းမွ လက္ဖက္ရည္မ်ားကို လႈပ္ယမ္းလိုက္ၿပီး သူမ၏ေအးစက္ေသာ မ်က္လုံးမ်ားထဲတြင္ အလင္းေရာင္တစ္ခု လက္လာခဲ့သည္။

  ခ်န္ဟန႔္က ဇေဝဇဝါနဲ႔ ေဘးနားမွာ သြားရပ္လိုက္ၿပီး "လက္ဖက္ရည္က ဘာျဖစ္ေနလို႔လဲ၊ ကြၽန္ေတာ္ စစ္ေဆးၾကည့္တာေတာ့ အဆင္ေျပပါတယ္"

အခန္းထဲမွာ လက္ဖက္ရည္အိုးထည့္ထားတက္တာက ပုံမွန္ျဖစ္ၿပီး အဲ့တာနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာ ဘာမွမရွိပါဘူး။

  ကုယြင္က ႏႈတ္ဆိတ္ေနၿပီး ခြက္အလြတ္ႏွစ္ခြက္ကို သူ႔ဆီကို ကမ္းေပးလိုက္သည္။ ခ်န္ဟန႔္က ခြက္မ်ားကို လွမ္းယူလိုက္ရင္း သူမကို စိုက္ၾကည့္ေနၿပီးမွ သံသယတစ္ခုေၾကာင့္ ခြက္တစ္ခြက္ကို အနံ႔ခံလိုက္သည္။ ထိုအနံ႔ကို ရႉလိုက္ၿပီးေနာက္ ခ်န္ဟန႔္၏မ်က္လုံးမ်ားက ႐ုတ္တရက္ ျပဴးက်ယ္လာၿပီး မသုံးရေသးေသာ တျခားခြက္တစ္ခုကိုပါ ထပ္စမ္းၾကည့္လိုက္ျပန္သည္။ ခဏအၾကာတြင္ ခ်န္ဟန႔္က ကုယြင္ကို ထိတ္လန႔္စြာ စိုက္ၾကည့္ေနေတာ့သည္။ ဒီသာမန္ခြက္ေတြ တစ္ခုခုမွားေနၿပီဆိုတာကို သူမ ဘယ္လို သိသြားတာနဲ႔။ ခြက္ေတြအမ်ားႀကီးရွိေနတာကို ဒီခြက္ႏွစ္ခြက္ပဲ ျပသနာရွိေနတာကို သူမ ဘယ္လိုသိႏိုင္တာလဲ??!!!

  ခ်န္ဟန႔္က ခြက္ႏွစ္ခြက္ကို အိတ္ထဲသို႔ ေသခ်ာထည့္လိုက္ၿပီး ကုယြင္ေနာက္ကို တစ္လွမ္းခ်င္း ထပ္က်ပ္မခြာ ေလ်ာက္လိုက္ေနခဲ့သည္။

****

  အတြင္းခန္းအတြင္းတြင္....

  လုက်င္းက ကုတင္ေရွ႕တြင္ လူေသအေလာင္းကို လွည့္ပတ္ေနေသာ လူကိုၾကည့္ကာ ေအးစက္ေသာေလသံျဖင့္ "မင္းက ဘယ္သူလဲ?"

  တရားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးအေနျဖင့္ အမတ္ဝူက မႈခင္းအခင္းျဖစ္ပြားရာေနရာကို ျပင္ပလူမ်ားအား ဖ်က္ဆီးခြင့္မျပဳသင့္ေၾကာင္း သဘာဝက်က် သိေနခဲ့သည္။ အခန္းထဲတြင္ အလြန္ထိတ္လန႔္ေနၿပီး ေျခတစ္လွမ္းေတာင္ မေ႐ြ႕ႏိုင္ျဖစ္ေနေသာ ဝူလူႀကီးမင္းသာ ရွိေနသင့္သည္။ အဲ့ေတာ့ ဒီလူက ဘယ္သူလဲ?

  ထိုလူက ေခါင္းကို ျပန္လွည့္လာၿပီး လက္ခုပ္အုပ္ကာ ျပန္ေျပာလာသည္။ "ဒီငယ္သား.. က်န္းရွင္းက တရားေရးဌာနရဲ႕အရာရွိပါ။ ဝူလူႀကီးမင္းက ကြၽန္ေတာ့္ကို ဒီကို ေခၚထားတာပါ"

ဝူလူႀကီးမင္းက သူ႔ဆီ ေဝွ႔ယမ္းျပလိုက္တာေၾကာင့္ သူက ေနာက္ျပန္ဆုတ္ကာ ေဘးဘက္သို႔‌ေ႐ြ႕သြားၿပီး ေနရာဖယ္ေပးလိုက္သည္။

  ေကြၽာ့ခ်င္း အတြင္းခန္းထဲသို႔ ဝင္သြားေသာအခါ လုက်င္းက အေလာင္းကို စစ္ေဆးေနသည္ကို သူမ ေတြ႕လိုက္ရတာေၾကာင့္ သူ အေႏွာက္အယွက္ျဖစ္မည္ကို စိုးရိမ္သျဖင့္ ခ်က္ခ်င္း ေရွ႕မတိုးသြားခဲ့ေပ။ ေကြၽာ့ခ်င္းက ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး လုံးဝပ်စ္ေစးသြားျခင္း မရွိေသးေသာ ေသြးမ်ားကို စစ္ေဆးၾကည့္ေနခဲ့သည္။ အိပ္ခန္းက က်ယ္ေသာ္လည္း ေသဆုံးသူက ေသြးထြက္မ်ားလြန္းတာေၾကာင့္ အိပ္ယာေဘးမ်က္ႏွာျပင္ေနရာတိုင္းတြင္ ေသြးမ်ားစြန္းထင္းေနခဲ့သည္။ ေသဆုံးသူမွာ ကိုယ္လုံးတီးျဖစ္ေနၿပီး အတြင္းခန္းက သပ္ရပ္ေနကာ ႐ုန္းကန္ထားေသာ အရိပ္အေယာင္ အစအနေလးေတာင္ ရွိမေနခဲ့ေပ။

  ေကြၽာ့ခ်င္းက ႐ုတ္​တရက္ ေရာက္လာၿပီး ​ေသြးမ်ားကို ထိေနေသာေၾကာင့္ ​ေဘးနားတြင္ ရပ္​​ေန​ေသာ က်န္းရွင္းက ထိတ္​လန႔္​တုန္​လႈပ္​သြားၿပီး "မင္း ဘာလုပ္​​ေနတာလဲ?"

  လုက်င္းက ေနာက္ကို လွည့္ၾကည့္လာၿပီး သူ႔ေနာက္ကလူကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရခ်ိန္တြင္ လက္ကို အျမန္ေျမႇာက္လိုက္ၿပီး လက္သီးဆုပ္အုပ္ကာ "သခင္မ" ဟု ႐ိုေသစြာ ႏူတ္ဆက္လိုက္သည္။

  ေကြၽာ့ခ်င္းက မတ္တပ္ထရပ္လိုက္ၿပီး အသံတိုးတိုးနဲ႔ "မင္းဘက္က အေျခအေန ဘယ္လိုလဲ"

  လုက်င္းက နည္းနည္းေလးမွ သတိမလြတ္ဝံ့ဘဲ သူေတြ႕ရွိထားသည့္ အေျခအေနႏွင့္ ပတ္သက္၍ ခ်က္ျခင္း အမွန္အတိုင္း ျပန္ေျဖလိုက္သည္။ "ေသဆုံးသူက ဒီေန႔ရဲ႕ ခ်ဳံရွီနဲ႔ ရင္ရွီၾကားမွာ ေသဆုံးသြားတာ ျဖစ္ႏိုင္ပါတယ္၊ ခႏၶာကိုယ္မွာ တျခားဒဏ္ရာ မရွိဘဲ ျပတ္ရွဒဏ္ရာတစ္ခ်က္ပဲရွိပါတယ္၊ ရင္ဘတ္ထဲက ႏွလုံးကို ဖယ္ခြာထားခဲ့ေပမယ့္ ေသဆုံးသူရဲ႕မ်က္ႏွာမွာ ေၾကာက္႐ြံ႕မႈေတြ မရွိေနပါဘူး"

( ခ်ဳံရွီ(မနက္၁-၃နာရီ)၊ ရင္ရွီ(မနက္၃-၅နာရီ))

  ေကြၽာ့ခ်င္းက သူ႔နံေဘးသို႔ ခ်ဥ္းကပ္လာၿပီး ကုတင္ေပၚရွိ အမ်ိဳးသမီးအေလာင္းကို ငုံ႔ၾကည့္လိုက္ရာ ေသဆုံးသူ၏အေရျပားက အနည္းငယ္ ျဖဴေဖြးေနၿပီး ေသြးမ်ားဆုံးရႈံးသြားတာေၾကာင့္ ေသဆုံးသြားခဲ့ေသာ္လည္း သူမက အိပ္ေပ်ာ္ေနသကဲ့သို႔ သူမ၏မ်က္ႏွာမွာ အမွန္တကယ္ပင္ ၿငိမ္သက္ေနေလသည္။

  က်န္းရွင္းက ေကြၽာ့ခ်င္းတစ္ေယာက္ ေအးေဆးတည္ၿငိမ္ေသာ မ်က္ႏွာျဖင့္ အေလာင္းကို လွည့္ပတ္ၾကည့္ေနတာကို အံ့ၾသစြာ စိုက္ၾကည့္ေနသည္။ ဤအမ်ိဳးသမီးကား မည္သူနည္း။

  ဒီလို ေၾကာက္စရာေကာင္းတဲ့ အမ်ိဳးသမီးအေလာင္းကို ရင္ဆိုင္ေနရတာကိုေတာင္ သူမက တည္ၿငိမ္စြာ ရပ္ေနႏိုင္ေသးတယ္ေပါ့ေလ။ လုက်င္းက သူမကို သခင္မလို႔ေခၚတယ္။ သူမက လူႀကီးမင္းရွန္ရဲ႕ မိသားစုဝင္ျဖစ္ႏိုင္မလား?!

  ေကြၽာ့ခ်င္းက ေသေသခ်ာခ်ာ စစ္ေဆးေနစဥ္အတြင္း ေသဆုံးသြားသူ၏ ဝမ္းဗိုက္ကို လက္ျဖင့္ ပြတ္သပ္လိုက္ၿပီး ျဖည္းညႇင္းစြာ ဖိၾကည့္လိုက္ခ်ိန္တြင္ သူမက ႐ုတ္တရက္ တုံဆိုင္းသြားခဲ့သည္။ ေကြၽာ့ခ်င္း၏ မ်က္လုံးမ်ားက ေမွးက်ဥ္းသြားၿပီး ႐ုတ္တရက္ က်ယ္ေလာင္စြာ ေမးလိုက္သည္။ "လူႀကီးမင္းဝူ၊ ရွ႕င္ရဲ႕သမီးမွာ အိမ္ေထာင္ရွိလား"

  အခန္းထဲတြင္ ရွင္းလင္းျပတ္သားေသာ အမ်ိဳးသမီးအသံတစ္ခု ထြက္ေပၚလာသည္။ သူ႔သမီး ႐ုတ္တရတ္ ေသဆုံးသြားသည့္ သတင္းေၾကာင့္ လဲၿပိဳလုနီးပါး ျဖစ္ေနရာမွ ႀကိဳးစားအားတင္းထားရေသာ ဝူက်စ္ကန္းက အခ်ိန္အေတာ္ၾကာမွ ျပန္ေျဖႏိုင္ခဲ့သည္။ သူက "မရွိဘူး၊ ရွအာနဲ႔ သာသနာေရးဝန္ႀကီးဌာနက ဝူရွန္းဟြရဲ႕တတိယသားက လက္ထပ္ေတာ့မွာပါ၊ မဂၤလာရက္ကို ေနာက္သုံးလအၾကာလို႔ သတ္မွတ္ထားတယ္၊ ငါတို႔ႏွစ္ဘက္စလုံးက မဂၤလာပြဲအတြက္ ျပင္ဆင္ေနၾကေပမယ့္ ဒီလိုအျဖစ္အပ်က္မ်ိဳး ျဖစ္လာမယ္လို႔ေတာ့ ဘယ္သိပါ့မလဲ"

  သူ႔သမီးက ဒီလိုမ်ိဳးျဖစ္သြားလိမ့္မယ္လို႔ သူ ဘယ္တုန္းကမွ မေတြးခဲ့မိပါဘူး!

ေကြၽာ့ခ်င္းက ကုတင္အစြန္းသို႔ ေရာက္ေသာအခါ အမ်ိဳးသမီး၏ေျခေထာက္မ်ားကို ျဖန႔္ၾကည့္ခ်င္ေသာ္လည္း ခႏၶာကိုယ္က ေတာင့္တင္းေသာေၾကာင့္ သူမေဘးနားရွိ လုက်င္းကို "ငါ့ေျခေထာက္ကို ေျမႇာက္ေပးပါလား" ဟုသာ ေျပာႏိုင္ခဲ့သည္။

  လုက်င္းက ရွက္႐ြံ႕စြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ ယခင္က သူက အမ်ိဳးသမီးအေလာင္း၏ ကိုယ္ေရးကိုယ္တာ အစိတ္အပိုင္းမ်ားကို တစ္ႀကိမ္မွ မစစ္ေဆးဖူးဘဲ ယခုအခါမွ အမ်ိဳးသမီးတစ္ဦးႏွင့္ တြဲဖက္ကာ ပထမဆုံးအႀကိမ္ စစ္ေဆးရျခင္းျဖစ္သည္။ လုက်င္းက ေခါင္းကို အနည္းငယ္ငုံ႔ထားၿပီး ေသဆုံးသူ၏ ေျခေထာက္မ်ားကို ညင္သာစြာ ေျမႇာက္လိုက္သည္။

  အခ်ိန္အေတာ္ၾကာ ခက္ခက္ခဲခဲ စစ္ေဆးၿပီးေနာက္ ေကြၽာ့ခ်င္းက "သခင္မေလးရွအာမွာ ေနာက္ထပ္ ခ်စ္သူရွိေသးလား"

  သူမ ထိုစကားကို ေျပာလိုက္တာနဲ႔ အျပင္တြင္ တိတ္ဆိတ္ၿငိမ္သက္သြားၿပီး ထို႔ေနာက္တြင္ေတာ့ ဝူက်စ္ကန္း၏ ေအာ္သံက ဖန္သားျပင္အျပင္ဘက္တြင္ ပဲတင္ထပ္ေနခဲ့သည္။ "မင္း ဘာေတြေျပာေနတာလဲ!! ငါ့သမီးက ေသသြားေပမယ့္ သူ႔အျပစ္ကို မင္း ေမးခြန္းထုတ္လို႔ မရဘူး"

  ေကြၽာ့ခ်င္း၏မ်က္ႏွာက ပုံမွန္အတိုင္းပင္ျဖစ္ေနကာ သူမက မလႈပ္မယွက္ ေအးတိေအးစက္နဲ႔ "သူ(မ)က ကိုယ္ဝန္ရွိတယ္၊ ေလးလနီးပါးရွိေနၿပီ"

  "ဘာ?!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
6.2K 529 14
ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍
99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...