အပိုင်း ( ၃၇၆) ဖူကျို့ ကံဆိုးတော့မှာလား
ချင်မော့သည် ချက်ချင်းလိုပင် အေးခဲသွားတော့သည်။
ဘယ်သူက မဖြစ်ဘဲ နေမလဲ။
ပွယောင်းယောင်းဆံပင်ပါးလေးနဲ့ ကြည်လင်ချောမောတဲ့မျက်နှာက သူ့ရဲ့ညာဖက်ပါးဆီ ရုတ်တရက် ကပ်လာတာလေ၊ နီးကပ်လွန်းလို့မှ မျက်တောင်ထူထူနဲ့ ခပ်ဖျော့ဖျော့နှုတ်ခမ်းလေးတွေကို သေသေချာချာမြင်ရနေလေရဲ့။
ထိုအခိုက်အတန့်တွင် ချင်မော့၏နှလုံးသားသည် ဖော်ပြလို့မရနိုင်လောက်အောင် အသဲတယားယား ဖြစ်သွားပြန်တော့သည်။
ကောင်လေး စကိတ်စီးနေစဥ် သူခံစားခဲ့ရသည့် ခံစားချက်သည် တဖန်ပြန်ရောက်လာပြီး နူးညံ့သည့်ပိုးသားတစ်ထည်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းအစခြေအဆုံး ယုယနေဟန် ခံစားလိုက်ရလေသည်။
သူတို့ဘေးတွင် ထိုင်နေကြသည့် ဂိမ်းမာ ကောင်လေးများအားလုံးက တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြ၏။
သောက်ကျိုးနည်း။
ဒါက ဘာလဲ။
သူတို့တွေ မူးနေတာလား။ ဂိမ်းထဲမှာ ဂေးလို နေတာတော့ ကိစ္စမရှိပါဘူး။ ဒါနဲ့များ တကယ့်အပြင်မှာ အကင်စားနေတုန်းက ဘာလို့ ဂေးလို လုပ်နေကြတာတဲ့လဲ။ အဲလောက်အထိ လိုလို့လား။
မူးနေတာပဲ ဖြစ်ရမယ်။ ငါ့မျက်လုံးတွေကို အရင်ဆုံး ပွတ်လိုက်အုံးမယ်။
ဖူကျို့သည် ခဏအကြာ၌ သူမကိုယ်ကို နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် အရင်ပုံစံအတိုင်း ပြန်ထိုင်လိုက်ကာ အသားတစ်တုံးကို ခိုးယူးထားလိုက်ပြီး သူမ၏နှုတ်ခမ်းများကို ကွေးကာ စဥ်းလဲဟန်ဖြင့် ပြုံးလိုက်လေသည်။
“ အရသာရှိလိုက်တာ “
ချင်မော့သည် သူ့ခေါင်းကို စောင်းကား ကိုယ်ကို ညွှတ်လိုက်လေသည်။ သူ့လက်ချောင်းများဖြင့် ကောင်လေး၏မေးစေ့ကို ဖျစ်လိုက်ပြီး ခက်ထန်လွန်းလှသည့် သူ့အာရုံက လူများ၏နှလုံးသားကို ခုန်ပေါက်သွားစေတော့သည်။
“ နောက်တစ်ကိုက်ဆိုရင် မင်း နောင်တရသွားအောင် လုပ်ပစ်မယ်၊ နားလည်လား”
“ ဟာ အစ်ကိုမော့ နင်လေး အရမ်းကပ်နေပြီနော်”
ဖူကျို့သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် သူ့ကို သတိပေးလိုက်၏။
ချင်မော့သည် ရယ်လိုက်ပြီး ကောင်လေး၏ မေးစေ့ကို လက်မဖြင့် သပ်ပေးလိုက်လေသည်။
“ မင်း ကုန်းလိုက်တုန်းကကျတော့ အရမ်းနီးတယ်လို့ မခံစားရဘူးပေါ့လေ၊ နမ်းမိတော့မလိုတောင် ဖြစ်သွားတယ်”
ဖူကျို့သည် နောက်ဆုံးစကားကို ကြားလိုက်ပြီးနောက် အော်ရယ်ကာ သာမန်အတိုင်း ပြန်ပြောလိုက်၏။
“ နင်လေးက ပြန်နမ်းချင်လို့လား”
ထိုစကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဖူကျို့သည် သူမက ပြဿနာတက်တော့မည်ကို သိလိုက်တော့သည်။
ကြီးမြတ်လှတဲ့သခင်လေး မလုပ်ရဲတာ ဘာမှမရှိဘူးလေ။
ငါလေး အခုလေးတင် သူ့ကို ဘာလို့ သွားစိန်ခေါ်မိလိုက်တာလဲဟဲ့။
ထင်သည့်အတိုင်းပင် ကြီးမြတ်လှသည့်သခင်လေးသည် စကားတစ်ခွန်းမှ မပြောဘဲ စူးရဲသည့် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေရာ အလွန် အန္တရာယ်များလွန်းလှသဖြင့် သူမ၏ အသက်ရှူနှုန်းပင် နှေးသွားတော့သည်။
သူရှူထုတ်လိုက်သည့်လေများတွင် အသားကင်နံ့ကို ရနေ၏။
ဘေးစားပွဲမှ ကောင်လေးများပင် ငြိမ်ကျသွားလေသည်။
ငါလေးတော့ သေတော့မှာပဲဟဲ့။
ဒါသည် ဖူကျို့တစ်ယောက်ထဲ၏ အတွေးသာဖြစ်၏။
ထွက်ပြေးမှ ဖြစ်မယ်။
လိုအပ်လာရင် ဖူကျို့ရဲ့စကေးတွေက အခုလိုမျိုး ၃ဆလောက် ထိုးတက်သွားနိုင်တယ်လေ။
သူမသည် အရင်ဆုံး ငဲ့ကြည့်လိုက်၏။ သူမ၏ခန္ဓာကိုယ်ကို ဘေးသို့လှည့်ကာ သူမ၏ခြေထောက်ရှည်များကို သုံးပြီး ထိုင်ခုံတစ်ခုကို သက်သောင့်သက်သာ ရွှေ့လိုက်ကာ ချင်မော့ကို ပိတ်ဆို့ထားလိုက်လေသည်။
သို့သော် သူမသည် ရှေ့ကို ပိတ်ဆို့ထားသော်လည်း သူမ၏နောက်ကျောကတော့ လွတ်နေ၏။
သူမ၏ အနက်ရောင်ခေါင်းစွပ်အင်္ကျီ၏ ဦးထုပ်သည် ခပ်ကြမ်းကြမ်း ဆွဲဆောင့်ခံလိုက်ရတော့သည်။
ဖူကျို့သည် စပရိန်တစ်ခုလို နောက်သို့ ပြန်ကန်သွားတော့သည်။
သူ့အားကြောင့် ဖူကျို့၏ကျောပြင်သည် ချင်မော့၏လက်မောင်းနှင့် တိုက်ရိုက် ရိုက်မိသွားလေ၏။
တခြားလူများဆိုလျှင် သေချာပိတ်မိနေမည်ဖြစ်သော်လည်း ဖူကျို့ကတော့ ထိုသို့မဟုတ်ပေ။
သူမ၏ခါးကို လှည့်လိုက်ပြီး အင်္ကျီလက်ထဲမှ ဘယ်ဖက်လက်ကို ဆွဲထုတ်လိုက်ကာ ကိုယ်ကို အသာလေးညွှတ်ပြီး ရုန်းလိုက်လေသည်။ ထို့နောက် ညာဘက်အင်္ကျီလက်သည် ကျွတ်သွားပြီး သူမ၏မျက်နှာသည် တစ်ပတ်လည်သွားလေသည်။
သူမ၏လှုပ်ရှားမှုမှာ အလွန်ခံ့ညားပြီး ရှင်းလင်းပြတ်သားနေရာ လေတိုးသံပင် ထွက်လာတော့သည်။
သူတို့ဘေးမှာလူများသည် ထိုဖြစ်ရပ်ကို ကြည့်နေရင်း သေလုနီးပါး ရှောခ့်ရသွားကြတော့သည်။
ဒါ... ဂေးညစ်ညမ်းရုပ်ရှင်ကနေ အက်ရှင်ကား ကိုပြောင်းသွားတာလား။
သေရော၊ လူတွေကို ပြန်တုံ့ပြန်နိုင်ဖို့ ဘာလို့ အချိန်နည်းနည်းလေးတောင် မပေးတာလဲ။
ဒါပေမဲ့ သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။
ဒီလောက်ကောင်းတဲ့စကေးရှိမှတော့ သူ အများကြီး ရန်ဖြစ်ဖူးမှာ သေချာတယ်။
သူတို့အားလုံးသည် ယောက်ျားသားများဖြစ်ကြပြီး ထိုအရာကို မြင်လိုက်ပြီးနောက် သူတို့၏သွေးများ ဆူပွက်နေသည်ကို ခံစားလိုက်ရကာ ကောင်လေးကို အားမပေးဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။
“ဘရာဗို”
ပရိသတ်များသည် သူတို့အားပေးမှု ပြီးသွားသည့်နှင့် သနားစရာကောင်းသည့်အဖြစ် ရောက်သွားတော့သည်။
ချင်မော့သည် အနက်ရောင်အနွေးထည်ကို ဆွဲလိုက်ပြီး ကောင်လေး၏ ညာဘက်လက်ကောက်ဝတ်ကို သူ့လက်တစ်ဖက်ဖြင့် ဖိချလိုက်တော့သည်။ ထို့နောက် သူသည် အားကြီးဖြင့် ဝှစ်ခနဲဆွဲလိုက်ပြီး ကောင်လေးကို စားပွဲပေါ်တွင် ဖမ်းချုပ်ထားလိုက်တော့သည်။ သူ့လက်ချောင်းအားလုံးသည် ဖူကျို့၏ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေပြီး သူ့စူးရဲသည့်မျက်လုံးများသည် တစ်လက်မခန့်အကွာတွင် ရောက်လာကာ နတ်ဆိုးတစ်ကောင်က မိစ္ဆာတစ်ကောင်ကို ကြည့်နေဟန် ဖြစ်နေတော့သည်။
...
Zawgyi
အပိုင္း ( ၃၇၆) ဖူက်ိဳ႕ ကံဆိုးေတာ့မွာလား
ခ်င္ေမာ့သည္ ခ်က္ခ်င္းလိုပင္ ေအးခဲသြားေတာ့သည္။
ဘယ္သူက မျဖစ္ဘဲ ေနမလဲ။
ပြေယာင္းေယာင္းဆံပင္ပါးေလးနဲ႕ ၾကည္လင္ေခ်ာေမာတဲ့မ်က္ႏွာက သူ႕ရဲ႕ညာဖက္ပါးဆီ ႐ုတ္တရက္ ကပ္လာတာေလ၊ နီးကပ္လြန္းလို႔မွ မ်က္ေတာင္ထူထူနဲ႕ ခပ္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းေလးေတြကို ေသေသခ်ာခ်ာျမင္ရေနေလရဲ႕။
ထိုအခိုက္အတန့္တြင္ ခ်င္ေမာ့၏ႏွလုံးသားသည္ ေဖာ္ျပလို႔မရနိုင္ေလာက္ေအာင္ အသဲတယားယား ျဖစ္သြားျပန္ေတာ့သည္။
ေကာင္ေလး စကိတ္စီးေနစဥ္ သူခံစားခဲ့ရသည့္ ခံစားခ်က္သည္ တဖန္ျပန္ေရာက္လာၿပီး ႏူးညံ့သည့္ပိုးသားတစ္ထည္ျဖင့္ ခႏၶာကိုယ္တစ္ခုလုံး ေခါင္းအစေျခအဆုံး ယုယေနဟန္ ခံစားလိုက္ရေလသည္။
သူတို႔ေဘးတြင္ ထိုင္ေနၾကသည့္ ဂိမ္းမာ ေကာင္ေလးမ်ားအားလုံးက တစ္ၿပိဳင္တည္း လွမ္းၾကည့္လိုက္ၾက၏။
ေသာက္က်ိဳးနည္း။
ဒါက ဘာလဲ။
သူတို႔ေတြ မူးေနတာလား။ ဂိမ္းထဲမွာ ေဂးလို ေနတာေတာ့ ကိစၥမရွိပါဘူး။ ဒါနဲ႕မ်ား တကယ့္အျပင္မွာ အကင္စားေနတုန္းက ဘာလို႔ ေဂးလို လုပ္ေနၾကတာတဲ့လဲ။ အဲေလာက္အထိ လိုလို႔လား။
မူးေနတာပဲ ျဖစ္ရမယ္။ ငါ့မ်က္လုံးေတြကို အရင္ဆုံး ပြတ္လိုက္အုံးမယ္။
ဖူက်ိဳ႕သည္ ခဏအၾကာ၌ သူမကိုယ္ကို ေနာက္ျပန္ဆုတ္လိုက္သည္။ သူမသည္ အရင္ပုံစံအတိုင္း ျပန္ထိုင္လိုက္ကာ အသားတစ္တုံးကို ခိုးယူးထားလိုက္ၿပီး သူမ၏ႏႈတ္ခမ္းမ်ားကို ေကြးကာ စဥ္းလဲဟန္ျဖင့္ ၿပဳံးလိုက္ေလသည္။
“ အရသာရွိလိုက္တာ “
ခ်င္ေမာ့သည္ သူ႕ေခါင္းကို ေစာင္းကား ကိုယ္ကို ၫႊတ္လိုက္ေလသည္။ သူ႕လက္ေခ်ာင္းမ်ားျဖင့္ ေကာင္ေလး၏ေမးေစ့ကို ဖ်စ္လိုက္ၿပီး ခက္ထန္လြန္းလွသည့္ သူ႕အာ႐ုံက လူမ်ား၏ႏွလုံးသားကို ခုန္ေပါက္သြားေစေတာ့သည္။
“ ေနာက္တစ္ကိုက္ဆိုရင္ မင္း ေနာင္တရသြားေအာင္ လုပ္ပစ္မယ္၊ နားလည္လား”
“ ဟာ အစ္ကိုေမာ့ နင္ေလး အရမ္းကပ္ေနၿပီေနာ္”
ဖူက်ိဳ႕သည္ မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခုႏွင့္ သူ႕ကို သတိေပးလိုက္၏။
ခ်င္ေမာ့သည္ ရယ္လိုက္ၿပီး ေကာင္ေလး၏ ေမးေစ့ကို လက္မျဖင့္ သပ္ေပးလိုက္ေလသည္။
“ မင္း ကုန္းလိုက္တုန္းကက်ေတာ့ အရမ္းနီးတယ္လို႔ မခံစားရဘူးေပါ့ေလ၊ နမ္းမိေတာ့မလိုေတာင္ ျဖစ္သြားတယ္”
ဖူက်ိဳ႕သည္ ေနာက္ဆုံးစကားကို ၾကားလိုက္ၿပီးေနာက္ ေအာ္ရယ္ကာ သာမန္အတိုင္း ျပန္ေျပာလိုက္၏။
“ နင္ေလးက ျပန္နမ္းခ်င္လို႔လား”
ထိုစကား ဆုံးသြားသည္ႏွင့္တစ္ၿပိဳင္နက္ ဖူက်ိဳ႕သည္ သူမက ျပႆနာတက္ေတာ့မည္ကို သိလိုက္ေတာ့သည္။
ႀကီးျမတ္လွတဲ့သခင္ေလး မလုပ္ရဲတာ ဘာမွမရွိဘူးေလ။
ငါေလး အခုေလးတင္ သူ႕ကို ဘာလို႔ သြားစိန္ေခၚမိလိုက္တာလဲဟဲ့။
ထင္သည့္အတိုင္းပင္ ႀကီးျမတ္လွသည့္သခင္ေလးသည္ စကားတစ္ခြန္းမွ မေျပာဘဲ စူးရဲသည့္ မ်က္လုံးမ်ားျဖင့္ သူမကို စိုက္ၾကည့္ေနရာ အလြန္ အႏၲရာယ္မ်ားလြန္းလွသျဖင့္ သူမ၏ အသက္ရႉႏႈန္းပင္ ေႏွးသြားေတာ့သည္။
သူရႉထုတ္လိုက္သည့္ေလမ်ားတြင္ အသားကင္နံ႕ကို ရေန၏။
ေဘးစားပြဲမွ ေကာင္ေလးမ်ားပင္ ၿငိမ္က်သြားေလသည္။
ငါေလးေတာ့ ေသေတာ့မွာပဲဟဲ့။
ဒါသည္ ဖူက်ိဳ႕တစ္ေယာက္ထဲ၏ အေတြးသာျဖစ္၏။
ထြက္ေျပးမွ ျဖစ္မယ္။
လိုအပ္လာရင္ ဖူက်ိဳ႕ရဲ႕စေကးေတြက အခုလိုမ်ိဳး ၃ဆေလာက္ ထိုးတက္သြားနိုင္တယ္ေလ။
သူမသည္ အရင္ဆုံး ငဲ့ၾကည့္လိုက္၏။ သူမ၏ခႏၶာကိုယ္ကို ေဘးသို႔လွည့္ကာ သူမ၏ေျခေထာက္ရွည္မ်ားကို သုံးၿပီး ထိုင္ခုံတစ္ခုကို သက္ေသာင့္သက္သာ ေ႐ႊ႕လိုက္ကာ ခ်င္ေမာ့ကို ပိတ္ဆို႔ထားလိုက္ေလသည္။
သို႔ေသာ္ သူမသည္ ေရွ႕ကို ပိတ္ဆို႔ထားေသာ္လည္း သူမ၏ေနာက္ေက်ာကေတာ့ လြတ္ေန၏။
သူမ၏ အနက္ေရာင္ေခါင္းစြပ္အကၤ်ီ၏ ဦးထုပ္သည္ ခပ္ၾကမ္းၾကမ္း ဆြဲေဆာင့္ခံလိုက္ရေတာ့သည္။
ဖူက်ိဳ႕သည္ စပရိန္တစ္ခုလို ေနာက္သို႔ ျပန္ကန္သြားေတာ့သည္။
သူ႕အားေၾကာင့္ ဖူက်ိဳ႕၏ေက်ာျပင္သည္ ခ်င္ေမာ့၏လက္ေမာင္းႏွင့္ တိုက္ရိုက္ ရိုက္မိသြားေလ၏။
တျခားလူမ်ားဆိုလွ်င္ ေသခ်ာပိတ္မိေနမည္ျဖစ္ေသာ္လည္း ဖူက်ိဳ႕ကေတာ့ ထိုသို႔မဟုတ္ေပ။
သူမ၏ခါးကို လွည့္လိုက္ၿပီး အကၤ်ီလက္ထဲမွ ဘယ္ဖက္လက္ကို ဆြဲထုတ္လိုက္ကာ ကိုယ္ကို အသာေလးၫႊတ္ၿပီး ႐ုန္းလိုက္ေလသည္။ ထို႔ေနာက္ ညာဘက္အကၤ်ီလက္သည္ ကြၽတ္သြားၿပီး သူမ၏မ်က္ႏွာသည္ တစ္ပတ္လည္သြားေလသည္။
သူမ၏လႈပ္ရွားမႈမွာ အလြန္ခံ့ညားၿပီး ရွင္းလင္းျပတ္သားေနရာ ေလတိုးသံပင္ ထြက္လာေတာ့သည္။
သူတို႔ေဘးမွာလူမ်ားသည္ ထိုျဖစ္ရပ္ကို ၾကည့္ေနရင္း ေသလုနီးပါး ေရွာခ့္ရသြားၾကေတာ့သည္။
ဒါ... ေဂးညစ္ညမ္း႐ုပ္ရွင္ကေန အက္ရွင္ကား ကိုေျပာင္းသြားတာလား။
ေသေရာ၊ လူေတြကို ျပန္တုံ႕ျပန္နိုင္ဖို႔ ဘာလို႔ အခ်ိန္နည္းနည္းေလးေတာင္ မေပးတာလဲ။
ဒါေပမဲ့ သူ ဒါကို ဘယ္လိုလုပ္လိုက္တာလဲ။
ဒီေလာက္ေကာင္းတဲ့စေကးရွိမွေတာ့ သူ အမ်ားႀကီး ရန္ျဖစ္ဖူးမွာ ေသခ်ာတယ္။
သူတို႔အားလုံးသည္ ေယာက္်ားသားမ်ားျဖစ္ၾကၿပီး ထိုအရာကို ျမင္လိုက္ၿပီးေနာက္ သူတို႔၏ေသြးမ်ား ဆူပြက္ေနသည္ကို ခံစားလိုက္ရကာ ေကာင္ေလးကို အားမေပးဘဲ မေနနိုင္ေအာင္ ျဖစ္သြားၾကေတာ့သည္။
“ဘရာဗို”
ပရိသတ္မ်ားသည္ သူတို႔အားေပးမႈ ၿပီးသြားသည့္ႏွင့္ သနားစရာေကာင္းသည့္အျဖစ္ ေရာက္သြားေတာ့သည္။
ခ်င္ေမာ့သည္ အနက္ေရာင္အေႏြးထည္ကို ဆြဲလိုက္ၿပီး ေကာင္ေလး၏ ညာဘက္လက္ေကာက္ဝတ္ကို သူ႕လက္တစ္ဖက္ျဖင့္ ဖိခ်လိဳက္ေတာ့သည္။ ထို႔ေနာက္ သူသည္ အားႀကီးျဖင့္ ဝွစ္ခနဲဆြဲလိုက္ၿပီး ေကာင္ေလးကို စားပြဲေပၚတြင္ ဖမ္းခ်ဳပ္ထားလိုက္ေတာ့သည္။ သူ႕လက္ေခ်ာင္းအားလုံးသည္ ဖူက်ိဳ႕၏ခႏၶာကိုယ္ ေဘးတစ္ဖက္တစ္ခ်က္တြင္ ရွိေနၿပီး သူ႕စူးရဲသည့္မ်က္လုံးမ်ားသည္ တစ္လက္မခန့္အကြာတြင္ ေရာက္လာကာ နတ္ဆိုးတစ္ေကာင္က မိစာၦတစ္ေကာင္ကို ၾကည့္ေနဟန္ ျဖစ္ေနေတာ့သည္။
...