နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.6K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 85

525 62 1
By BlackLily_WhiteLily

အခန်း ၈၅ နောက်ထပ်သားကောင်က ဘယ်သူလဲ?

  လို့ရှီးဝူက ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တကြားနဲ့ တံတွေးမျိုချလိုက်ပြီး နံဘေးသို့ အနည်းငယ်တိုးကာ ထိုင်ချလိုက်သည်။ တစ်ခါတစ်ရံတွင် သူမ၏ဤယောင်းမက အရမ်း ထူးဆန်းနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

  မည်သို့ပင်ဆိုစေကာမူ ကျွော့ချင်းကတော့ သူမ၏ကိုယ်ပိုင်အတွေးထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤကိစ္စတွင် လူသတ်သမား၏လူသတ်နည်းနှင့် ကျွမ်းကျင်မှုက အလွန်ထူးဆန်းနေပြီး ထိုကဲ့သို့ ပုံမှန်မဟုတ်သော နည်းလမ်းများကို ရွေးချယ်ခြင်းက များသောအားဖြင့် ကွင်းဆက်လူသတ်သမားများ၏ပုံစံပင် ဖြစ်သည်။ သူက ရဲမက်များကို ရန်စရန် ကြိုးစားချင်ခြင်း သို့မဟုတ် လူထုကို ထိတ်လန့်စေနိုင်သော အငွေ့အသက်ကို ဖန်တီးရန် ကြိုးစားချင်ခြင်းတို့ကြောင့် ဤအထူးလူသတ်နည်းကို ရွေးချယ်ခြင်းဖြစ်နိုင်သည်။ ထိုကဲ့သို့မဟုတ်လျှင် ပုံမှန်မဟုတ်သော ဝါသနာကြောင့် လူသတ်မှုကျူးလွန်ခြင်းလည်း ဖြစ်နိုင်သည်။ သူမက ဒီကိစ္စကို တော်တော်လေး စိတ်ဝင်စားနေခဲ့ပေမယ့် ရှန်ယုလန်က သူမဆီကို အကူအညီတောင်းဖို့ ‌ရောက်မလာခဲ့တာကြောင့် ဒီကိစ္စက သိပ်မခက်ခဲဘူးဟု သူမ တွေးလိုက်မိသည်။

  လို့ရှီးယန်က သူမ အနားယူနေခြင်းနှင့် ပြန်လည်ထူထောင်နေခြင်းကို မည်သူမှ မနှောင့်ယှက်ရန် အမိန့်ပေးထားသည်ကို သူမ မသိခဲ့ပေ။ တကယ်တော့ ရှန်ယုလန်က တစ်ကြိမ်ရောက်လာခဲ့ပြီး သူမကို မတွေ့ရဘဲ ပြန်လှည့်ထွက်သွားခဲ့ရခြင်းပင်။

  သူမတို့နှစ်ယောက်က သူမတို့၏ကိုယ်ပိုင်အတွေးတွေထဲမှာ အသီးသီး နစ်ဝင်နေချိန်တွင် ဝင်းတံခါးအပြင်ဘက်သို့ရောက်လာသော အေးစက်ပြီး အရပ်ရှည်တဲ့ အသွင်အပြင်ကို တစ်ချက်လေးတောင် သတိမထားမိလိုက်ကြပါဘူး။ ဆုအာက ထိုလူကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် ကပျာကယာ သတင်းပို့လိုက်သည်။ "သခင်မလေး၊ စုသခင်လေး ရောက်လာပါတယ်"

  ထိုအသံကြောင့် လို့ရှီးဝူနှင့် ကျွော့ချင်းတို့က သတိပြန်ဝင်လာပြီး တံခါးဝကို လှမ်းကြည့်လိုက်ကြကာ သူမတို့ နှစ်ယောက်လုံးက အနည်းငယ် မှင်သက်သွားကြသည်။ အဖြူရောင်၀တ်စုံကို ဝတ်ဆင်ထားသော စုမူဖုန်းက နွေရာသီ၏ နေရောင်အောက်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေခဲ့သည်။ သူ၏ပုံရိပ်က သူ့နာမည်နှင့်တူနေပြီး ယေဘူယျအားဖြင့် လေညင်းကဲ့သို့ အေးမြသော အသက်ရှုသံများ သူ့ပတ်ဝန်းကျင်တွင် အမြဲရှိနေသကဲ့သို့ဖြစ်နေကာ ရာသီဥတု၏ အပူငွေ့နှင့် တောက်လောင်မှုတို့က သူ့အနီးအနားသို့ မချဉ်းကပ်နိုင်ပုံရသည်။ ဒီလိုအေးမြပြေပြစ်ပြီး ကျက်သရေရှိသော အမူအရာမျိုးက လူတွေကို သူ့အနားမကပ်ရဲစေပေမယ့် အဝေးမှာလည်း မနေချင်ပြန်ဘူး။

  လို့ရှီးဝူက ကမန်းကတန်း မတ်တပ်ထရပ်လိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ "သခင်လေးကို နူတ်ဆက်ပါတယ်"

သူက သူမမြင်ဖူးသမျှထဲတွင် အကြော့ရှင်းဆုံးနှင့် အရည်အချင်းအရှိဆုံး အမျိုးသားဖြစ်သည်။ မဟုတ်ဘူး၊ သူက သူမအစ်ကိုကလွဲပြီး အကြော့ရှင်းဆုံးနဲ့ အရည်အချင်းအရှိဆုံး အမျိုးသားပါ။ သူမက သူ့ကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့ပြီး သူမနှလုံးသားထဲကနေတောင် သူ့ကို သဘောကျနေခဲ့သည်။

  ကျွော့ချင်းကလည်း သူ့အကြောင်းကို ပိုပြီး စူးစမ်းလေ့လာချင်နေခဲ့သည်။ လူတစ်ဦးတွင် စရိုက်များစွာရှိနိုင်သော်လည်း သူ့လိုမျိုး အေးစက်မှု၊ လျစ်လျူရှုမှု၊ တွယ်တာမှု၊ နူးညံ့သိမ်မွေ့မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုအားလုံး ပေါင်းစပ်နေသည့်လူမျိုးကို တွေ့ရခဲသည်။

  စုမူဖုန်းက ကျွော့ချင်း၏ စူးစမ်းသော အကြည့်ကို ခံစားလိုက်မိပြီး သူမကို ညင်သာစွာ ခေါင်းညိတ်ပြလာတာကြောင့် ကျွော့ချင်းကလည်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

  စုမူဖုန်းက လို့ရှီးဝူကို ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ "လို့သခင်မလေး၊ မင်း အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီနေ့က နောက်ဆုံးအတန်းပါ၊ ငါ မင်းကို နှုတ်ဆက်ဖို့ လာခဲ့တာပါ"

  "ဒါဆို ကျွန်မ ရှင့်ကို မတွေ့ရတော့ဘူးလား! ဘာလို့လဲ" လို့ရှီးဝူက စိုးရိမ်တကြီးနဲ့ "အခုမှ အတန်းက လေးချိန်ပဲရှိသေးတယ်၊ ကျွန်မမှာ သခင်လေးကို အကြံဉာဏ်တောင်းစရာတွေ အများကြီး ကျန်နေသေးတယ်!"

  လို့ရှီးဝူက အမှုမဲ့ အမှတ်မဲ့ ပြောလိုက်ရုံသာ ဖြစ်သည်။ သူမ သူ့ထံမှ သင်ယူလိုသော ဗျပ်စောင်းနှင့်ပတ်သက်သော အနုပညာ အကြောင်းအရာများစွာ ရှိနေပြီး သူက အလွန်တော်သော ဆရာတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူက သူမကို အမှတ်တမဲ့ အရိပ်အမြွက်ပေးရုံဖြင့် သူမက ရုတ်တရက် နားလည်သွားတတ်သည်။ အရင်က သူမမှာ နားမလည်တာတွေ အများကြီး ရှိနေခဲ့တာကြောင့် သူမက ဆက်လက်သင်ယူနေချင်သေးသည်။ သို့သော် မရည်ရွယ်ဘဲ ပြောမိသော စကားတစ်ခွန်းကြောင့် တံခါးအပြင်ဘက်မှ ပြန်ထွက်ခါနီး လူတစ်ယောက်က အကြာကြီး တောင့်တင်းသွားသည်ကို သူမ မသိခဲ့ပေ။

  ကျွော့ချင်းက တိတ်တိတ်ဆိတ်ဆိတ် ကြည်နူးနေသည်။ ဤထောင့်မှနေ၍ ကျင်းစ၏ ပုံသဏ္ဌန်ကို သူမ မြင်နိုင်သည်။ စုမူဖုန်းက ခြံတံခါးဆီသို့ ပြန်လျောက်သွားကာ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီး မမျှော်လင့်ဘဲ ကလေးမလေးက ခြံအဝမှာ သူ့ကို စကားလုံးတွေနဲ့ တားဆီးမယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျင်းစက လို့ရှီးဝူအကြောင်းကို သူမ မူလက ထင်ထားတာထက်ပိုပြီး ဂရုစိုက်နေပုံရသည်။

  စုမူဖုန်းက ​​ဒီလိုမျိုး တောင်းဆိုမှုတွေကို ကျင့်သားရနေပုံရပြီး သူ့မျက်နှာက ချီးမွမ်းခံရခြင်းကြောင့် ရွှင်လန်းမှုကို ထုတ်ဖော်မပြသခဲ့ပါဘူး။ သူက "မင်းရဲ့ လက်ကွက်စွမ်းရည်က အရမ်းတိုးတက်လာပြီ၊ ငါ မင်းကို သင်ပေးစရာ ဘာမှ မရှိတော့ဘူး"

  လို့ရှီးဝူက ဒီလိုအခွင့်အရေးကောင်းကို လက်လွတ်မခံချင်ပါဘူး။ သူမက ဗျပ်စောင်းတီးတာကို အရမ်းကြိုက်ပြီး တစ်ခါတရံမှာ သီချင်းဆိုတတ်ပေမယ့် အရမ်းကောင်းတာမျိုးတော့ မရှိခဲ့ပါဘူး။ နောက်ဆုံးမှာ သခင်လေးစုက ရောက်လာပေမယ့် အခု သူက ထွက်သွားတော့မယ်လို့ ပြောနေတာကြောင့် လို့ရှီးဝူက တားဆီးဖို့ ထပ်ကြိုးစားဘဲ မနေနိုင်ပါဘူး။ "ဒါပေမယ့် ကျွန်မလက်ချောင်းတွေရဲ့လှုပ်ရှားမှုတွေက မချောမွေ့သေးဘူး၊ ကျွန်မမှာ သခင်လေးကို လမ်းညွှန်ပေးစေချင်တဲ့ ဂီတအပိုင်းအစတချို့ ကျန်နေပါသေးတယ်။ နောက်ထပ် သင်ခန်းစာ အနည်းငယ် ထပ်သင်ပေးပါ!! အဆင်ပြေနိုင်မလား?"

  လို့ရှီးဝူက စုမူဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော်လည်း အခုအချိန်တွင် တံခါးအပြင်ဘက်ရှိ အသားမည်းသောအမျိုးသား၏ မျက်နှာက ပို၍ပင် မည်းမှောင်နေကာ ကြောက်စရာကောင်းနေသည်ကို သူမ မသိခဲ့ပေ။

  "အဟမ်း!" ကျွော့ချင်းက ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး လို့ရှီးဝူ၏ နားရွက်နားသို့ ကပ်ကာ အရမ်းကို တိုးတိမ်တဲ့ အသံနဲ့ "ကျင်းစက အပြင်ဘက်မှာ ရှိနေတယ်"

  လို့ရှီးဝူက ပထမတော့ ထိတ်လန့်သွားပြီး ချက်ချင်း လှမ်းကြည့်လိုက်သည်။ ဤထောင့်မှနေပြီး သူမက ကျင်းစ၏အဝတ်အစားများနှင့် လက်သီးဆုပ်များကိုသာ မြင်နိုင်သည်။ သူမ ဝမ်းသာသွားသလို ခံစားလိုက်ရသည်။ သူက သူမကို ဂရုမစိုက်သေးတာ ဖြစ်နိုင်သည်။ များသောအားဖြင့် သူက သူမကို လျစ်လျူရှုထားတက်တာကြောင့် ဒီတစ်ခါတော့ သူမက သူ့ကို ဒေါသထွက်အောင် လုပ်ချင်နေမိသည်။

  လို့ရှီးဝူက သူမစိတ်ထဲကနေ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီး စုမူဖုန်းထံသို့ ပိုနီးအောင် ချဉ်းကပ်လိုက်ကာ "သခင်လေးစု... အဆင်ပြေလားဟင်?"

  ကျွော့ချင်း၏မျက်လုံးထောင့်တွင် ခြံဝင်းအပြင်ဘက်ရှိ တစ်စုံတစ်ယောက်၏ လက်မှ သွေးကြောများ ပေါက်ထွက်လာတော့မည်ကို မြင်နေရသည်။ ကောင်းပြီ၊ ရှီးဝူက သူ့ကို မနာလိုဖြစ်စေချင်နေတာကြောင့် သူမကလည်း ကူညီပေးသင့်တယ်။ ကျွော့ချင်းက အခြေအနေကို အခွင့်ကောင်းယူကာ "ရှီးဝူက သခင်လေးရဲ့ဗျပ်စောင်းကျွမ်းကျင်မှုကို အမြဲလေးစားနေခဲ့တာပါ၊ နောက်ဆုံးတစ်ကြိမ်က သခင်လေးရဲ့ သင်ကြားမှုကို ရခဲ့လို့ သူ(မ)က အချိန်အတော်ကြာအောင် ပျော်ရွှင်နေခဲ့တာပါ၊ သခင်လေးက ရှီးဝူရဲ့ရိုးသားမှုကို ထောက်ထားပြီး နောက်ထပ် ရက်အနည်းငယ်လောက် နေပါဦး"

  စုမူဖုန်းက လို့ရှီးဝူ၏ ရုတ်တရက် ချဉ်းကပ်မှုကို ကျင့်သားရပုံ မပေါ်ဘဲ သူ့ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ကာ "မင်းရဲ့ ချီးမွန်းမှုအတွက် ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကျွန်တော်မှာ တကယ်ကို အရေးတကြီး လုပ်စရာ တစ်ခုရှိနေလို့ပါ"

ကျင်းစက သူမအတွက် အလွန်စိတ်လှုပ်ရှားနေပုံပေါ်သဖြင့် လို့ရှီးဝူက အချိန်ကောင်းလေးကို ပိုမိုလေးနက်သွားစေချင်တာကြောင့် ရုတ်တရက် သူမက စုမူဖုန်း၏အင်္ကျီလက်ဝကျယ်ကို ဆွဲကိုင်ကာ ချိုမြမြအပြုံးလေးနဲ့ "ကျွန်မမှာ လက်ကွက်တွေ၊ သံစဥ်ညှိတာတွေလိုမျိုး သင်ယူစရာတွေ အများကြီး ရှိနေသေးတယ်။ တကယ်လို့ ကျွန်မ တစ်ခုခုကို နားမလည်ရင် ကျွန်မ ဘာလုပ်ရမလဲ၊ သခင်လေးမှာ အားလပ်ချိန်ရှိရင် ကျွန်မ သခင်လေးကို လာရှာလို့ရမလား"

  စုမူဖုန်းက အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ညင်ညင်သာသာ ပြန်ဆွဲယူလိုက်ပြီး "ကျွန်တော်က ခရီးထွက်ရတာကို နှစ်သက်ပြီး နေရာအနှံသွားလာ‌နေတက်တာပါ။ ပုံမှန်အားဖြင့် နေ့ခင်းဘက်တွေမှာ အိမ်မှာနေလေ့ မရှိဘူး၊ သခင်မလေးအတွက် မေးခွန်းတွေ မဖြေပေးနိုင်တော့မှာကို စိုးရိမ်မိပါတယ်"

  တကယ်တော့ လို့ရှီးဝူက စုမူဖုန်းရဲ့ငြင်းပယ်မှုကို သိပ်ဂရုမစိုက်ပါဘူး။ သူမက ကျင်းစရဲ့တုံ့ပြန်မှုကို ပိုဂရုစိုက်နေခဲ့ပေမယ့် ကျွော့ချင်းကတော့ အနည်းငယ် နာကျင်မှုကို ခံစားလာရသည်။ ဒီမိန်းကလေးက ကစားရတာကို ပျော်ရွှင်နေပြီး စုမူဖုန်း ထွက်မသွားအောင် ပြောဖို့ အကြောင်းအရာတွေကို မေ့သွားတော့သည်။ စုမူဖုန်း၏ တည်ငြိမ်သော မျက်နှာက အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံရပြီး တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်ကလည်း လုံလောက်သော နှိုးဆွမှုကို ခံစားနေရပေသည်။ သူမ ဆက်ကစားနေပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

  "ကောင်းပြီ၊ လက်ကွက်တွေ ဒါမှမဟုတ် ဂီတသင်္ကေတတွေကို အရမ်း အစွဲအလမ်းကြီးမနေပါနဲ့။ ဗျပ်စောင်းတီးတဲ့နေရာမှာ ပိုအရေးကြီးတာက နင့်ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားချက်ပါ။ နင့်ရဲ့ ဗျပ်စောင်းကျွမ်းကျင်မှုက အရမ်း မမြင့်ရင်တောင် စိတ်နှလုံးနဲ့ သေချာတီးရင် အဆင်ပြေနိုင်ပါသေးတယ်။ နင့်ရဲ့အရည်အချင်းတွေက ဘယ်လောက်ပဲ ကောင်းကောင်း ဂီတသင်္ကေတတွေက ဘယ်လောက်ပဲ လှပနေပါစေ မင်းနှလုံးသားနဲ့ မတီးခတ်ရင် ဆန့်ကျင်ဘက်အနေနဲ့ လူတွေရဲ့နှလုံးသားကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး၊ စိတ်ခံစားချက်မပါရင် မှတ်စုတစ်ခုသာသာပါပဲ" ကျွော့ချင်းက လို့ရှီးဝူ၏လက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး သူမကို စကားပြောနေရင်း လို့ရှီးဝူကို သူမဘက်ပြန် ဆွဲခေါ်လိုက်သည်။

  လို့ရှီးဝူက ခြံအပြင်ဘက်ကိုသာ အာရုံစိုက်နေပြီး ကျွော့ချင်းကလည်း ပေါ့ပေါ့ဆဆပုံစံမျိုးနဲ့ ပြောနေလိုက်သည်။ မမျှော်လင့်ဘဲ စုမူဖုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလာကာ သဘောကျသော အပြုံးဖြင့် "ချင်းသခင်မလေးက ဗျပ်စောင်းနဲ့ ဂီတကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပါ၊ လို့သခင်မလေးရဲ့မိသားစုထဲမှာ နာမည်ကြီး ဆရာတစ်ယောက် ရှိနေပြီး သူ(မ)က မင်းကိုလမ်းပြပေးနိုင်တဲ့အတွက် ကျွန်တော်က စကားတွေ အများကြီး ပြောစရာ မလိုတော့ပါဘူး"

  "ဒါပေမယ့် ကျွန်မက သခင်လေးကိုပဲ သင်ပေးစေချင်တာ!" လို့ရှီးဝူက ခြံဝင်းအပြင်ဘက်မှ တစ်ယောက်ကို ရန်ဆနေဆဲပင်။ ကျွော့ချင်း မျှော်လင့်ထားသလိုပဲ လို့ရှီးဝူ ပြောပြီးပြီးချင်းမှာပဲ ခြံဝင်းအပြင်ဘက်မှာ ရပ်နေတဲ့ ကျင်းစက ခြံဝင်းထဲကို လှည့်မကြည့်တော့ဘဲ ခပ်မြန်မြန် ထွက်ခွာသွားတော့သည်။

  လို့ရှီးဝူက လန့်ဖျပ်သွားပြီး အနည်းငယ် စိတ်ပျက်ကာ စိုးရိမ်သွားခဲ့သည်။ သူမက သခင်လေးစုကို တကယ်ကြိုက်နေတယ်လို့ တွေးပြီး သူ စိတ်ဆိုးသွားတာလား??! သူက ဘာလို့ အဲ့ဒီလောက်တုံးအနေရတာလဲ?!!

  လို့ရှီးဝူက ရုတ်တရက် အလွန်စိတ်ဓာတ်ကျသွားပြီး သူမ မျက်နှာက မှိုင်းညို့သွားသည်။ ကျွော့ချင်းက သူမမျက်နှာ အမူအရာပြောင်းသွားရသည့် အကြောင်းရင်းကို သဘာဝကျကျ သိနေခဲ့ပြီး စုမူဖုန်းကလည်း သဲလွန်စအချို့ကို တွေ့လိုက်ပုံရသည်။

  လို့ရှီးဝူက သူမ၏ကလေးဆန်သော ချစ်ခြင်းမေတ္တာတွင် နစ်မြုပ်နေခဲ့ပြီး ကျွော့ချင်းနှင့် စုမူဖုန်းတို့က တစ်ယောက်ကိုတစ်ယောက် အထူးအဆန်းပုံစံဖြင့် စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက အကြောင်းအရာကို ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ အပြုံးအကြီးကြီး တစ်ခုကို ဖန်တီးလိုက်ကာ "ဆရာစုက အရမ်းကို ယဥ်ကျေးလွန်းနေပြန်ပါပြီ။ ကျွန်မက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြေပြဖူးပါတယ်။ ကျွန်မက ပြင်းထန်တဲ့ ရောဂါတစ်ခုကို ခံစားခဲ့ရပြီး လက်ကွက်တွေ၊ တီးလုံးတွေကို မမှတ်မိတော့ဘူး။ အခုချိန်မှာ ကျွန်မက တခြားသူတွေကို သင်ပေးဖို့ မပြောနဲ့ ကိုယ်တိုင်တောင် ဗျပ်စောင်း‌ မတီးနိုင်တော့ပါဘူး၊ ကျွန်မက ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။ ဆရာစုအတွက် ရယ်စရာ မဖြစ်သွားစေဖို့ မျှော်လင့်ပါတယ်"

  စုမူဖုန်းက သာမန်လူများကဲ့သို့ သူမကို နှစ်သိမ့်မှုမပေးခဲ့သလို သနားနေတဲ့ အမူအရာလည်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြုံးကာ "မိန်းမလေး အခုနက ပြောခဲ့သလိုပါပဲ၊ ဗျပ်စောင်းတီးတာက စိတ်ရဲ့ခံစားချက်နဲ့ပဲ သက်ဆိုင်ပါတယ်။ တီးလုံးနဲ့ လက်ကွက်တွေကို မေ့သွားပြီဆိုမှတော့ မေ့လိုက်ပါ၊ အဲ့တာက ဘာမှ အရေးမကြီးပါဘူး"

  သူက ဤကဲ့သို့ ပြန်ဖြေလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားသောကြောင့် ကျွော့ချင်းက အံ့အားသင့်သွားခဲ့သည်။ စွယ်စုံတီးခတ်နိုင်သော ဆရာတစ်ယောက်အနေနဲ့ တီးလုံး၊ လက်ကွက်နှင့် နည်းစနစ်များက သူ့၏လုပ်ငန်းစဥ်တစ်ခုလုံးဟု မပြောနိုင်သော်လည်း ၎င်းတို့က အရေးပါသော အစိတ်အပိုင်းများဖြစ်နေဆဲပင်။ အခုတော့ မထင်မှတ်ပဲ သူက "မေ့လိုက်ပါ" "အရေးမကြီးဘူး" ဟု အထိန်းအကွပ်မဲ့စွာ ပြောနေနိုင်သေးသည်။ ကျွော့ချင်းက သူ၏လျစ်လျူရှုမှုနှင့် သမရိုးကျ မဟုတ်သော တွေးခေါ်မှုကို အမှန်တကယ် သဘောကျသွားပြီး သူ့အပေါ် လေးစားမှုများ ပိုတိုးလာခဲ့သည်။

  ကျွော့ချင်းက သူကို ဆက်နေဖို့ စိတ်ရင်းမှန်နဲ့ ဖျောင်းဖျလိုက်သည်။ "ရှီးဝူက သခင်လေး ဆက်နေဖို့ စိတ်ရင်းမှန်နဲ့ တောင်းဆိုနေတာပါ။ သခင်လေးမှာ ဘာမှလုပ်စရာ မရှိဘူးဆိုရင် သူ့(မ)ကို နောက်ထပ်အကြံဉာဏ်တစ်ချို့ ပေးလို့ရပါတယ်"

ရှီးဝူက သူ့ဆီကနေ ဗျပ်စောင်းကို တကယ်တတ်မြောက်နိုင်ရင် သူမ၏ ဗျပ်စောင်းကျွမ်းကျင်မှုက ပြောဖို့မလိုအောင် တိုးတက်လာနိုင်သည်။ ထက်ဝက်လောက်ကို သင်ယူနိုင်ရင်ပဲ ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုလို့ ယူဆနိုင်ပါတယ်။

  ယခုတစ်ကြိမ်တွင် စုမူဖုန်းက အကြောင်းပြချက်မရှိငြင်းဆန်နေမှုကို ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ်ခါယမ်းကာ "မကြာသေးမီက မြို့တော်မှာ မတည်မငြိမ်မှုတွေ အများကြီး ဖြစ်ခဲ့တယ်။ ဝန်ကြီးချုပ်လို့ကလည်း ဝန်ကြီးချုပ်အိမ်တော်ကို ဒီလိုဘေးအန္တရယ်မျိုး မကြုံစေချင်လောက်ဘူး၊ အိမ်တော်ထဲကို အပြင်လူတွေကို မကြာခဏ ဝင်ထွက်နေတာ မကောင်းပါဘူး"

  လို့ရှီးဝူက နောက်ဆုံးတွင် သူမ၏ စိတ်ခံစားချက် အရှုပ်အထွေးများမှ ရုန်းထွက်လာပြီး စုမူဖုန်း၏ဖြေရှင်းချက်ကို ကြားလိုက်ရတာကြောင့် သူမက စိတ်မထိန်းနိုင်ဘဲ စိုးရိမ်တကြီးဖြင့် "သခင်လေးက လူဆိုး မဟုတ်ဘူး၊ ကျွန်မအစ်ကိုက သခင်လေးကို ဒီကိုလာဖို့ အထူး ဖိတ်ခေါ်ခဲ့တာပါ၊ ဘာလို့ မလာချင်တော့တာလဲ။ကျွန်မကို ဆက်ပြီး မသင်ပေးချင်တော့လို့လား"

 သူ့ရည်ရွယ်ချက်က ခိုင်မာနေတာကြောင့် စုမူဖုန်းက ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဘာမှ ပြန်မပြောတော့ပေ။ သူပြောတာက ကျိုးကြောင်းဆီလျော်မှု ရှိနေတာကြောင့် ကျွော့ချင်းကလည်း သူ့ကို ဆက်မတားချင်တော့ဘူး။ ဒီအချိန်မှာ သတိထားတာက ပိုကောင်းပါတယ်။

  ကျွော့ချင်းက လို့ရှီးဝူ၏ ပုခုံးကို ပေါ့ပေါ့တန်တန် ပုတ်လိုက်ကာ သူမကို စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ဟက်ဟက်ပက်ပက် ပြုံးလိုက်ရင်း "ကောင်းပြီ၊ သခင်လေးက ထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျွန်မတို့က သခင်လေးကို ဒီမှာ ဆက်မနေခိုင်းတော့ပါဘူး၊ ရှီးဝူက သခင်လေးဆီက အကြံဥာဏ်တွေ ထပ်ရနိုင်ဖို့ နောင်တချိန်မှာ အခွင့်အရေးရှိလာနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"

  "ချင်းသခင်မလေးက ယဥ်ကျေးလွန်းနေပါပြီ၊ ကျွန်တော်က နူတ်ဆက်ပါတယ်" စုမူဖုန်းက အရာအားလုံးက သူနဲ့ဘာမှ မဆိုင်သလို တွန့်ဆုတ်မှုမရှိဘဲ အေးအေးဆေးဆေး ပြန်ထွက်ခွာသွားတော့သည်။

  ...

  ညအချိန်.... လန်ယွဲ့အဆောင်တွင်....

  ကျွော့ချင်းက သူမမေးစေ့ကိုသူမ ပြန်ကိုင်ထားပြီး လို့ရှီးယန်က သူမအတွက် ကူညီရှာဖွေပေးထားသော ဆေးစာအုပ်မျိုးစုံကို ဖယောင်းတိုင်မီးအလင်းရောင်ဖြင့် လှန်ကြည့်နေရင်း ခါးကို ဆန့်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ လက အနောက်ဘက်ခြမ်းမှာ တဖြည်းဖြည်း ရွေ့လျားနေပြီး အချိန်က ဆယ့်နှစ်နာရီကျော်နေလောက်ပြီပင်။ ညစာစားပြီးနောက်က ရှီးယန်က အပြင်ထွက်သွားပြီး သူမကို စောစောအိပ်ရာဝင်ရန် ပြောခဲ့သည်။ သူက အခုအချိန်အထိ ပြန်မလာသေးတာကေကြာင့် တစ်ခုခုဖြစ်နေမလားလို့ သူမတွေးနေမိသည်။

  နေခင်းတုန်းက ရှီးဝူရဲ့စိတ်အခြေအနေက သိပ်ပြီးကောင်းမနေခဲ့ပေ။ ရှီးဝူ အကြောင်းကို ရှီးယန်နဲ့ စကားပြောဖို့ လိုအပ်တယ်လို့ သူမ ခံစားနေရသည်။ ဒီရက်ပိုင်းတွေမှာ သူမက ပင်ပန်းနေခဲ့ပြီး သူ ပြန်လာချိန်မှာ တော်တော်အိပ်မောကျနေခဲ့တာကြောင့် အခုချိန်မှာတော့ သူမက အိပ်မပျော်အောင် ဆေးစာအုပ်တွေကို လှန်လှောရင်း သူ့ကို စောင့်နေမိသည်။

  သိပ်မကြာခင်မှာပဲ ကျွော့ချင်းက နူးညံ့တဲ့ ခြေသံတွေကို ကြားလိုက်ရပြီး တံခါးက တွန်းဖွင့်ခံလိုက်ရသည်။

  "ရှီးယန်" ကျွော့ချင်းက တိုးတိုးလေး ခေါ်လိုက်သည်။

  လို့ရှီးယန်က သူမကို ရှင်းရှင်းလင်းလင်း မြင်သွားပြီး သူမဆီသို့ လှမ်းလာကာ သူမဘေးတွင် ဝင်ထိုင်လိုက်ရင်း မကျေမနပ်ဖြစ်နေတဲ့ လေသံနဲ့ "မင်း ဘာလို့ မအိပ်သေးတာလဲ"

  အခုက အရမ်းနောက်ကျနေပြီ ဖြစ်တာကြောင့် ကျွော့ချင်းက စကားလုံးတွေကို နှိုက်နှိုက်ချွတ်ချွတ် မေးမနေတော့ဘဲ "ကျွန်မ ရှင့်ကို အမြဲမေးချင်နေတာ တစ်ခုရှိတယ်။ ရှီးဝူကို လက်ထပ်ပေးဖို့ ရှင် ဘာတွေ အစီအစဉ်ထားသေးလဲ"

  လို့ရှီးယန်က ကြောင်တောင်တောင် ဖြစ်သွားပြီး သူမကို စိုက်ကြည့်နေခဲ့သည်။ ချင်းအာက သူ့ကို တညလုံး စောင့်နေခဲ့ပြီး ရှီးဝူရဲ့ အိမ်ထောင်ရေးအကြောင်း မေးမယ်လို့ သူ တကယ်ကို မမျှော်လင့်ထားခဲ့ဘူးလား???!

  လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး "ရှီးဝူက ငယ်သေးတယ်၊ သူ(မ)ကြိုက်တဲ့သူကို တွေ့တဲ့အထိ စောင့်ကြည့်ကြရအောင်၊ အဲ့အချိန်ကြမှ ကိုယ် သူ(မ)နဲ့ဆွေးနွေးကြည့်လိုက်မယ်"

  ကျွော့ချင်း၏မျက်လုံးများက တောက်ပလာပြီး "ရှင်ဆိုလိုတာက သူ(မ)ကြိုက်တဲ့လူက မိသားစုစည်းကမ်းတွေအရ မသင့်တော်ဘူးဆိုရင်တောင် ရှင်က ကန့်ကွက်မှာ မဟုတ်ဘူးပေါ့"

  လို့ရှီးယန်က "မင်း ဘယ်လိုထင်လဲ?"

  ကျွော့ချင်းက ခဏလောက် မှင်သက်သွားသော်လည်း သူ့ကို စိုက်ကြည့်နေပြီး ရယ်လို့ မဆုံးနိုင်တော့ပေ။ သူမနှင့် လို့ရှီးယန်က တိုင်းပြည်တစ်ခုထဲမှ မဟုတ်ကြတာကြောင့် မိသားစုစည်းမျဥ်းများနှင့် မညီပေ။ ဒါပေမယ့် သူက သူမကို လက်ထပ်ဖို့ ကြိုးစားခဲ့တာပဲ မဟုတ်လား? သူက မိသားစုများ၏စည်းမျဥ်းစည်းကမ်းများနှင့် အဆင့်အတန်းများကို ဂရုစိုက်လေ့ရှိသူ မဟုတ်ပေ။ သူမ ရှီးယန်ကို ခုလိုမေးလိုက်တာက သူကို နည်းနည်းတော့ စော်ကားမိသလို ဖြစ်သွားခဲ့ပြီပင်။

  ကျွော့ချင်းက သူ့ကို တောင်းပန်တဲ့အနေနဲ့ ပြုံးပြလိုက်ပေမယ့် လို့ရှီးယန်ကတော့ အဲ့တာတွေကို စိတ်ထဲတောင် ထားမနေဘူး။ သူက သူမခါးကို ညင်သာစွာ ဆွဲပွေ့လိုက်ကာ သူမကို သူ့ရင်ခွင်ထဲမှာ သိုင်းဖက်ထားလိုက်သည်။ လို့ရှီးယန်က သူ့ခေါင်းကို သူမပုခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး ရယ်မောရင်း ပြန်ဖြေလာခဲ့သည်။ "သူ(မ)ကြိုက်တဲ့သူက အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်သိစိတ်ရှိမယ် သူ(မ)ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် ကိုယ်က အဲ့ဒိလူကို ကန့်ကွက်မှာ မဟုတ်ပါဘူး"

  သူ့၏ပေါ့ပါးသောအသက်ရှုသံက သူမကို အနည်းငယ် ယားယံစေတာကြောင့် ကျွော့ချင်းက သူမလည်ပင်းကို အနည်းငယ် နိမ့်ချထားလိုက်ပေမယ့် နောက်ကိုတော့ ပြန်မဆုတ်ခဲ့ပါဘူး။ တခုခုကို စဉ်းစားမိသွားပြီးနောက် ကျွော့ချင်းက "ဒါဆို တခြားသူတွေက ကန့်ကွက်ရင်ရော... ရှင့်က သူ(မ)ကို ပံ့ပိုးပေးမှာလား?" မဆန့်ကျင်ခြင်းက သူ ထောက်ခံသည်ဟုလည်း မဆိုလိုနိုင်ပေ။ သူသာ ထောက်ခံပါက ရှီးဝူ၏ အချစ်နှင့်ဘဝက ပိုမိုချောမွေ့လာမည်ဖြစ်သည်။

လို့ရှီးယန်က   သူ့ခေါင်းကို ပြန်မော့လိုက်ပြီး မျက်ခုံးပင့်လိုက်ကာ အပြုံးတစ်ဝက်နဲ့ မေးလိုက်သည်။ "ရှီးဝူက မိသားစုအဆင့်အတန်းနဲ့မသင့်တော်တဲ့ တစ်ယောက်ယောက်ကို သဘောကျတယ်လို့ ဆိုလိုတာလား"

အဲ့ဒိလူနှစ်ယောက်ကြားက ဆက်ဆံရေးက သူ မသိလိုက်ဘဲ ဒီအဆင့်အထိ ရောက်သွားပြီလား??? ဘာကြောင့် အဲ့ဒီအထိ ခုန်ပျံကျော်လွှားသွားရတာတုန်း!

သူ့အသုံးအနှုန်းနဲ့ အမူအရာမှာ တစ်ခုခု လွဲမှားနေတာကို သတိပြုမိလိုက်တာကြောင့် ကျွော့ချင်းက အတွေးတစ်ချက်လက်သွားပြီး သူ့ကို ရန်လုပ်တော့သည်။ "ရှင် မသိဘူးလို့တော့ မပြောနဲ့နော်!"

ရှီးယန်က အရမ်းထက်မြက်ပြီး အရမ်းဥာဏ်ကောင်းတာကြောင့် သူ အဲ့ဒါကို မရိပ်မိစရာ ဘာ အကြောင်းပြချက်မှ မရှိပေ။ တကယ်တော့ သူက သူမနဲ့ ကစားချင်နေတာ!

  သူရဲ့ချင်းအာက ပို ပိုပြီး ထက်မြက်လာပုံပဲ။ သူက သူမ၏ဆံပင်များကို ဖြည်းညှင်းစွာ ဆွဲယူလိုက်ပြီး သူ့လက်ချောင်းထိပ်များပေါ်တွင် ရစ်ပတ်ကာ ဆော့ကစားနေခဲ့သည်။ လို့ရှီးယန်က သက်ပြင်းတိုတိုးလေးတစ်ခုကို ခပ်တိုးတိုးလေး ချလိုက်ပြီး "တကယ်တော့ ကျင်းစက တကယ့်ကို လူကောင်းတစ်ယောက်ပါ။ ရှီးဝူက သူ့ကို လက်ထပ်ချင်နေတာကို ကိုယ် သဘောတူပါတယ်။ အဲ့တာက အရမ်းသင့်တော်ပေမယ့် ကျင်းစကို သူ(မ)နဲ့လက်ထပ်ဖို့ ကိုယ် အမိန့်ပေးမှာ မဟုတ်ဘူး!"

  ယောက်ျားနဲ့မိန်းမကြား ကိစ္စတွေမှာ ပါဝင်ဖို့ဆိုတာ ဘယ်မှာ လွယ်ပါ့မလဲ။ သူက ဘာလို့ ဝင်ပါရမှာတုန်း!

  သူ သိနေတယ်ပေါ့!! ရှီးဝူနဲ့ အတူရှိနေတဲ့အချိန်တိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကျင်းစရဲ့ အပြုအမူကို သေချာစဉ်းစားပြီးနောက် ကျွော့ချင်းက "ကျင်းစက သူ့စိတ်ထဲမှာ အစိုင်အခဲတွေ ရှိနေပုံရတယ်။ မြင့်မြတ်မှုနဲ့ နိမ့်ကျမှုကြားက ခွဲခြားမှုတွေ ကြောင့်လား??"

  လို့ရှီးယန်က ကူကယ်ရာမဲ့ ခေါင်းညိတ်ပြလိုက်သည်။ ကျင်းစ၏ ခေါင်းမာမှုနှင့် တယူသန်ရပ်တည်မှုက သူ့ကို ခေါင်းကိုက်စေခဲ့သည်။

  ဒါဆိုရင်တော့ ကိုင်တွယ်ဖို့ တကယ်ကို ခက်ခဲသွားပြီ . . . ဒါပေမယ့် လုံးဝ နည်းလမ်းမရှိတာတော့ ဟုတ်မနေပါဘူးနော်!!

  သူမ၏မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ်ထူးဆန်းနေတာကြောင့် လို့ရှီးယန်က ပြုံးကာ "မင်း ဘာတွေတွေးနေတာလဲ"

  "ဘာမှ မဟုတ်​ဘူး" သူမက ရှီးဝူကို အဲ့ဒီနည်းလမ်းကို ​ပြောပြနိုင်ပေမယ့် ရှီးယန်ကိုတော့ ဘယ်​​တော့မှ ​ပြောပြမှာ မဟုတ်ပါဘူး!

 သူမက တစ်နည်းတစ်ဖုံ တွေးခဲ့ပေပြီး ဒါက လုံးဝ သင့်တော်မှန်ကန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ လို့ရှီးယန်က ရယ်နေပေမယ့် သူမကို ဖော်ထုတ်ဖို့ မရည်ရွယ်ထားပါဘူး။ သူမက ကျင်းစရဲ့ နှလုံးသားထဲက ဒီထုံးကို ရှင်းထုတ်ပေးနိုင်ဖို့ ထူးထူးခြားခြား နည်းလမ်းတစ်ခုခုကို အသုံးချနိုင်ရင်လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူမက သူ့ကို မပြောချင်ဘူးဆိုရင် သူက မသိသလို ဟန်ဆောင်ပေးလိုက်မယ်။

  ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို သူ့အတွက် တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးမယ်ဆိုရင် သူက ဘာလို့ ခွင့်မပြုရမှာလဲ။ နောက်ဆုံးတော့ သူလည်းပျော်ရမှာလေ!

  သူ၏နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ပြန်ပင့်တက်လာတာကြောင့် ဤမြေခွေးကြီး ဘာတွေတွေးနေလဲဆိုတာကို ကျွော့ချင်းက မှန်းဆနေမိသည်။ သူမ သူ့ကို နားလည်နိုင်ဖို့ အချိန်အနည်းငယ်ယူရန် လိုအပ်နေသေးသည်။

  လို့ရှီးယန်က သူမ၏ပျော့ပျောင်းအေးမြသောဆံပင်လေးများကို ပွတ်သပ်ပေးနေရင်း သဘောကျစွာ ပြုံးနေကာ "သခင်မလေး၊ မင်း မေးခွန်းတွေ မေးပြီးပြီဆိုတော့ အနားယူလို့ရပြီလား!"

  ကျွော့ချင်းက ရယ်မောလိုက်ပြီး ပြန်မဖြေရသေးခင်မှာ ရုတ်တရက် ခြံဝင်းအပြင်ဘက်မှ ဖရိုဖရဲဆန်သော အလျင်အမြန်ပြေးလွှားသံများ ထွက်ပေါ်လာသည်။ ဖရိုဖရဲ ခြေသံများက တစ်နေရာတည်းသို့ ဦးတည်သွားနေပြီး လှုပ်နေသော မီးရှူးမီးတိုင်များမှ အလင်းရောင်က အခန်းတွင်းသို့ပင် ဝင်ရောက်တောက်ပလာသလို ခံစားရစေသည်။

  ကျွော့ချင်းက အံ့ဩသွားပြီး "အပြင်က ဘာသံလဲ" အခုက အရမ်းနောက်ကျနေပြီလေ။

  လို့ရှီးယန်၏မျက်နှာက ရုတ်တရက် တင်းမာသွားကာ သူက စိုးရိမ်တကြီးနဲ့ "အိုး၊ ရှီးဝူ!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၈၅ ေနာက္ထပ္သားေကာင္က ဘယ္သူလဲ?

  လို႔ရွီးဝူက ေၾကာက္႐ြံ႕မႈေၾကာင့္ ထိတ္လန႔္တၾကားနဲ႔ တံေတြးမ်ိဳခ်လိုက္ၿပီး နံေဘးသို႔ အနည္းငယ္တိုးကာ ထိုင္ခ်လိုက္သည္။ တစ္ခါတစ္ရံတြင္ သူမ၏ဤေယာင္းမက အရမ္း ထူးဆန္းေနသည္ဟု သူမ ႐ုတ္တရက္ ခံစားလိုက္ရသည္။

  မည္သို႔ပင္ဆိုေစကာမူ ေကြၽာ့ခ်င္းကေတာ့ သူမ၏ကိုယ္ပိုင္အေတြးထဲသို႔ နစ္ျမဳပ္သြားခဲ့သည္။ ဤကိစၥတြင္ လူသတ္သမား၏လူသတ္နည္းႏွင့္ ကြၽမ္းက်င္မႈက အလြန္ထူးဆန္းေနၿပီး ထိုကဲ့သို႔ ပုံမွန္မဟုတ္ေသာ နည္းလမ္းမ်ားကို ေ႐ြးခ်ယ္ျခင္းက မ်ားေသာအားျဖင့္ ကြင္းဆက္လူသတ္သမားမ်ား၏ပုံစံပင္ ျဖစ္သည္။ သူက ရဲမက္မ်ားကို ရန္စရန္ ႀကိဳးစားခ်င္ျခင္း သို႔မဟုတ္ လူထုကို ထိတ္လန႔္ေစႏိုင္ေသာ အေငြ႕အသက္ကို ဖန္တီးရန္ ႀကိဳးစားခ်င္ျခင္းတို႔ေၾကာင့္ ဤအထူးလူသတ္နည္းကို ေ႐ြးခ်ယ္ျခင္းျဖစ္ႏိုင္သည္။ ထိုကဲ့သို႔မဟုတ္လွ်င္ ပုံမွန္မဟုတ္ေသာ ဝါသနာေၾကာင့္ လူသတ္မႈက်ဴးလြန္ျခင္းလည္း ျဖစ္ႏိုင္သည္။ သူမက ဒီကိစၥကို ေတာ္ေတာ္ေလး စိတ္ဝင္စားေနခဲ့ေပမယ့္ ရွန္ယုလန္က သူမဆီကို အကူအညီေတာင္းဖို႔ ‌ေရာက္မလာခဲ့တာေၾကာင့္ ဒီကိစၥက သိပ္မခက္ခဲဘူးဟု သူမ ေတြးလိုက္မိသည္။

  လို႔ရွီးယန္က သူမ အနားယူေနျခင္းႏွင့္ ျပန္လည္ထူေထာင္ေနျခင္းကို မည္သူမွ မေႏွာင့္ယွက္ရန္ အမိန႔္ေပးထားသည္ကို သူမ မသိခဲ့ေပ။ တကယ္ေတာ့ ရွန္ယုလန္က တစ္ႀကိမ္ေရာက္လာခဲ့ၿပီး သူမကို မေတြ႕ရဘဲ ျပန္လွည့္ထြက္သြားခဲ့ရျခင္းပင္။

  သူမတို႔ႏွစ္ေယာက္က သူမတို႔၏ကိုယ္ပိုင္အေတြးေတြထဲမွာ အသီးသီး နစ္ဝင္ေနခ်ိန္တြင္ ဝင္းတံခါးအျပင္ဘက္သို႔ေရာက္လာေသာ ေအးစက္ၿပီး အရပ္ရွည္တဲ့ အသြင္အျပင္ကို တစ္ခ်က္ေလးေတာင္ သတိမထားမိလိုက္ၾကပါဘူး။ ဆုအာက ထိုလူကိုရွင္းရွင္းလင္းလင္း ျမင္လိုက္ရတာေၾကာင့္ ကပ်ာကယာ သတင္းပို႔လိုက္သည္။ "သခင္မေလး၊ စုသခင္ေလး ေရာက္လာပါတယ္"

  ထိုအသံေၾကာင့္ လို႔ရွီးဝူႏွင့္ ေကြၽာ့ခ်င္းတို႔က သတိျပန္ဝင္လာၿပီး တံခါးဝကို လွမ္းၾကည့္လိုက္ၾကကာ သူမတို႔ ႏွစ္ေယာက္လုံးက အနည္းငယ္ မွင္သက္သြားၾကသည္။ အျဖဴေရာင္၀တ္စုံကို ဝတ္ဆင္ထားေသာ စုမူဖုန္းက ေႏြရာသီ၏ ေနေရာင္ေအာက္တြင္ ျဖည္းညႇင္းစြာ လမ္းေလွ်ာက္လာေနခဲ့သည္။ သူ၏ပုံရိပ္က သူ႔နာမည္ႏွင့္တူေနၿပီး ေယဘူယ်အားျဖင့္ ေလညင္းကဲ့သို႔ ေအးျမေသာ အသက္ရႈသံမ်ား သူ႔ပတ္ဝန္းက်င္တြင္ အၿမဲရွိေနသကဲ့သို႔ျဖစ္ေနကာ ရာသီဥတု၏ အပူေငြ႕ႏွင့္ ေတာက္ေလာင္မႈတို႔က သူ႔အနီးအနားသို႔ မခ်ဥ္းကပ္ႏိုင္ပုံရသည္။ ဒီလိုေအးျမေျပျပစ္ၿပီး က်က္သေရရွိေသာ အမူအရာမ်ိဳးက လူေတြကို သူ႔အနားမကပ္ရဲေစေပမယ့္ အေဝးမွာလည္း မေနခ်င္ျပန္ဘူး။

  လို႔ရွီးဝူက ကမန္းကတန္း မတ္တပ္ထရပ္လိုက္ၿပီး အနည္းငယ္ ဦးၫႊတ္လိုက္ကာ "သခင္ေလးကို ႏူတ္ဆက္ပါတယ္"

သူက သူမျမင္ဖူးသမွ်ထဲတြင္ အေၾကာ့ရွင္းဆုံးႏွင့္ အရည္အခ်င္းအရွိဆုံး အမ်ိဳးသားျဖစ္သည္။ မဟုတ္ဘူး၊ သူက သူမအစ္ကိုကလြဲၿပီး အေၾကာ့ရွင္းဆုံးနဲ႔ အရည္အခ်င္းအရွိဆုံး အမ်ိဳးသားပါ။ သူမက သူ႔ကို အၿမဲတမ္း ေလးေလးစားစား ဆက္ဆံခဲ့ၿပီး သူမႏွလုံးသားထဲကေနေတာင္ သူ႔ကို သေဘာက်ေနခဲ့သည္။

  ေကြၽာ့ခ်င္းကလည္း သူ႔အေၾကာင္းကို ပိုၿပီး စူးစမ္းေလ့လာခ်င္ေနခဲ့သည္။ လူတစ္ဦးတြင္ စ႐ိုက္မ်ားစြာရွိႏိုင္ေသာ္လည္း သူ႔လိုမ်ိဳး ေအးစက္မႈ၊ လ်စ္လ်ဴရႈမႈ၊ တြယ္တာမႈ၊ ႏူးညံ့သိမ္ေမြ႕မႈႏွင့္ ယဥ္ေက်းသိမ္ေမြ႕မႈအားလုံး ေပါင္းစပ္ေနသည့္လူမ်ိဳးကို ေတြ႕ရခဲသည္။

  စုမူဖုန္းက ေကြၽာ့ခ်င္း၏ စူးစမ္းေသာ အၾကည့္ကို ခံစားလိုက္မိၿပီး သူမကို ညင္သာစြာ ေခါင္းညိတ္ျပလာတာေၾကာင့္ ေကြၽာ့ခ်င္းကလည္း ယဥ္ေက်းစြာ တုံ႔ျပန္လိုက္သည္။

  စုမူဖုန္းက လို႔ရွီးဝူကို ၾကည့္လိုက္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးကာ "လို႔သခင္မေလး၊ မင္း အရမ္း ယဥ္ေက်းေနဖို႔ မလိုပါဘူး။ ဒီေန႔က ေနာက္ဆုံးအတန္းပါ၊ ငါ မင္းကို ႏႈတ္ဆက္ဖို႔ လာခဲ့တာပါ"

  "ဒါဆို ကြၽန္မ ရွင့္ကို မေတြ႕ရေတာ့ဘူးလား! ဘာလို႔လဲ" လို႔ရွီးဝူက စိုးရိမ္တႀကီးနဲ႔ "အခုမွ အတန္းက ေလးခ်ိန္ပဲရွိေသးတယ္၊ ကြၽန္မမွာ သခင္ေလးကို အႀကံဉာဏ္ေတာင္းစရာေတြ အမ်ားႀကီး က်န္ေနေသးတယ္!"

  လို႔ရွီးဝူက အမႈမဲ့ အမွတ္မဲ့ ေျပာလိုက္႐ုံသာ ျဖစ္သည္။ သူမ သူ႔ထံမွ သင္ယူလိုေသာ ဗ်ပ္ေစာင္းႏွင့္ပတ္သက္ေသာ အႏုပညာ အေၾကာင္းအရာမ်ားစြာ ရွိေနၿပီး သူက အလြန္ေတာ္ေသာ ဆရာတစ္ေယာက္ျဖစ္သည္။ တစ္ခါတစ္ရံတြင္ သူက သူမကို အမွတ္တမဲ့ အရိပ္အႁမြက္ေပး႐ုံျဖင့္ သူမက ႐ုတ္တရက္ နားလည္သြားတတ္သည္။ အရင္က သူမမွာ နားမလည္တာေတြ အမ်ားႀကီး ရွိေနခဲ့တာေၾကာင့္ သူမက ဆက္လက္သင္ယူေနခ်င္ေသးသည္။ သို႔ေသာ္ မရည္႐ြယ္ဘဲ ေျပာမိေသာ စကားတစ္ခြန္းေၾကာင့္ တံခါးအျပင္ဘက္မွ ျပန္ထြက္ခါနီး လူတစ္ေယာက္က အၾကာႀကီး ေတာင့္တင္းသြားသည္ကို သူမ မသိခဲ့ေပ။

  ေကြၽာ့ခ်င္းက တိတ္တိတ္ဆိတ္ဆိတ္ ၾကည္ႏူးေနသည္။ ဤေထာင့္မွေန၍ က်င္းစ၏ ပုံသဏၭန္ကို သူမ ျမင္ႏိုင္သည္။ စုမူဖုန္းက ၿခံတံခါးဆီသို႔ ျပန္ေလ်ာက္သြားကာ ထြက္ခြာရန္ အဆင္သင့္ျဖစ္ေနၿပီး မေမွ်ာ္လင့္ဘဲ ကေလးမေလးက ၿခံအဝမွာ သူ႔ကို စကားလုံးေတြနဲ႔ တားဆီးမယ္လို႔ ဘယ္သူက ထင္မွာလဲ။ က်င္းစက လို႔ရွီးဝူအေၾကာင္းကို သူမ မူလက ထင္ထားတာထက္ပိုၿပီး ဂ႐ုစိုက္ေနပုံရသည္။

  စုမူဖုန္းက ​​ဒီလိုမ်ိဳး ေတာင္းဆိုမႈေတြကို က်င့္သားရေနပုံရၿပီး သူ႔မ်က္ႏွာက ခ်ီးမြမ္းခံရျခင္းေၾကာင့္ ႐ႊင္လန္းမႈကို ထုတ္ေဖာ္မျပသခဲ့ပါဘူး။ သူက "မင္းရဲ႕ လက္ကြက္စြမ္းရည္က အရမ္းတိုးတက္လာၿပီ၊ ငါ မင္းကို သင္ေပးစရာ ဘာမွ မရွိေတာ့ဘူး"

  လို႔ရွီးဝူက ဒီလိုအခြင့္အေရးေကာင္းကို လက္လြတ္မခံခ်င္ပါဘူး။ သူမက ဗ်ပ္ေစာင္းတီးတာကို အရမ္းႀကိဳက္ၿပီး တစ္ခါတရံမွာ သီခ်င္းဆိုတတ္ေပမယ့္ အရမ္းေကာင္းတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ေနာက္ဆုံးမွာ သခင္ေလးစုက ေရာက္လာေပမယ့္ အခု သူက ထြက္သြားေတာ့မယ္လို႔ ေျပာေနတာေၾကာင့္ လို႔ရွီးဝူက တားဆီးဖို႔ ထပ္ႀကိဳးစားဘဲ မေနႏိုင္ပါဘူး။ "ဒါေပမယ့္ ကြၽန္မလက္ေခ်ာင္းေတြရဲ႕လႈပ္ရွားမႈေတြက မေခ်ာေမြ႕ေသးဘူး၊ ကြၽန္မမွာ သခင္ေလးကို လမ္းၫႊန္ေပးေစခ်င္တဲ့ ဂီတအပိုင္းအစတခ်ိဳ႕ က်န္ေနပါေသးတယ္။ ေနာက္ထပ္ သင္ခန္းစာ အနည္းငယ္ ထပ္သင္ေပးပါ!! အဆင္ေျပႏိုင္မလား?"

  လို႔ရွီးဝူက စုမူဖုန္းကို ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ၾကည့္ေနေသာ္လည္း အခုအခ်ိန္တြင္ တံခါးအျပင္ဘက္ရွိ အသားမည္းေသာအမ်ိဳးသား၏ မ်က္ႏွာက ပို၍ပင္ မည္းေမွာင္ေနကာ ေၾကာက္စရာေကာင္းေနသည္ကို သူမ မသိခဲ့ေပ။

  "အဟမ္း!" ေကြၽာ့ခ်င္းက ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးၿပီး လို႔ရွီးဝူ၏ နား႐ြက္နားသို႔ ကပ္ကာ အရမ္းကို တိုးတိမ္တဲ့ အသံနဲ႔ "က်င္းစက အျပင္ဘက္မွာ ရွိေနတယ္"

  လို႔ရွီးဝူက ပထမေတာ့ ထိတ္လန႔္သြားၿပီး ခ်က္ခ်င္း လွမ္းၾကည့္လိုက္သည္။ ဤေထာင့္မွေနၿပီး သူမက က်င္းစ၏အဝတ္အစားမ်ားႏွင့္ လက္သီးဆုပ္မ်ားကိုသာ ျမင္ႏိုင္သည္။ သူမ ဝမ္းသာသြားသလို ခံစားလိုက္ရသည္။ သူက သူမကို ဂ႐ုမစိုက္ေသးတာ ျဖစ္ႏိုင္သည္။ မ်ားေသာအားျဖင့္ သူက သူမကို လ်စ္လ်ဴရႈထားတက္တာေၾကာင့္ ဒီတစ္ခါေတာ့ သူမက သူ႔ကို ေဒါသထြက္ေအာင္ လုပ္ခ်င္ေနမိသည္။

  လို႔ရွီးဝူက သူမစိတ္ထဲကေန တစ္ခုခုကို ဆုံးျဖတ္လိုက္ၿပီး စုမူဖုန္းထံသို႔ ပိုနီးေအာင္ ခ်ဥ္းကပ္လိုက္ကာ "သခင္ေလးစု... အဆင္ေျပလားဟင္?"

  ေကြၽာ့ခ်င္း၏မ်က္လုံးေထာင့္တြင္ ၿခံဝင္းအျပင္ဘက္ရွိ တစ္စုံတစ္ေယာက္၏ လက္မွ ေသြးေၾကာမ်ား ေပါက္ထြက္လာေတာ့မည္ကို ျမင္ေနရသည္။ ေကာင္းၿပီ၊ ရွီးဝူက သူ႔ကို မနာလိုျဖစ္ေစခ်င္ေနတာေၾကာင့္ သူမကလည္း ကူညီေပးသင့္တယ္။ ေကြၽာ့ခ်င္းက အေျခအေနကို အခြင့္ေကာင္းယူကာ "ရွီးဝူက သခင္ေလးရဲ႕ဗ်ပ္ေစာင္းကြၽမ္းက်င္မႈကို အၿမဲေလးစားေနခဲ့တာပါ၊ ေနာက္ဆုံးတစ္ႀကိမ္က သခင္ေလးရဲ႕ သင္ၾကားမႈကို ရခဲ့လို႔ သူ(မ)က အခ်ိန္အေတာ္ၾကာေအာင္ ေပ်ာ္႐ႊင္ေနခဲ့တာပါ၊ သခင္ေလးက ရွီးဝူရဲ႕႐ိုးသားမႈကို ေထာက္ထားၿပီး ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ ေနပါဦး"

  စုမူဖုန္းက လို႔ရွီးဝူ၏ ႐ုတ္တရက္ ခ်ဥ္းကပ္မႈကို က်င့္သားရပုံ မေပၚဘဲ သူ႔ခႏၶာကိုယ္ကို အနည္းငယ္ မတ္လိုက္ကာ "မင္းရဲ႕ ခ်ီးမြန္းမႈအတြက္ ေက်းဇူးတင္ပါတယ္ သခင္မေလး၊ ကြၽန္ေတာ္မွာ တကယ္ကို အေရးတႀကီး လုပ္စရာ တစ္ခုရွိေနလို႔ပါ"

က်င္းစက သူမအတြက္ အလြန္စိတ္လႈပ္ရွားေနပုံေပၚသျဖင့္ လို႔ရွီးဝူက အခ်ိန္ေကာင္းေလးကို ပိုမိုေလးနက္သြားေစခ်င္တာေၾကာင့္ ႐ုတ္တရက္ သူမက စုမူဖုန္း၏အက်ႌလက္ဝက်ယ္ကို ဆြဲကိုင္ကာ ခ်ိဳျမျမအၿပဳံးေလးနဲ႔ "ကြၽန္မမွာ လက္ကြက္ေတြ၊ သံစဥ္ညႇိတာေတြလိုမ်ိဳး သင္ယူစရာေတြ အမ်ားႀကီး ရွိေနေသးတယ္။ တကယ္လို႔ ကြၽန္မ တစ္ခုခုကို နားမလည္ရင္ ကြၽန္မ ဘာလုပ္ရမလဲ၊ သခင္ေလးမွာ အားလပ္ခ်ိန္ရွိရင္ ကြၽန္မ သခင္ေလးကို လာရွာလို႔ရမလား"

  စုမူဖုန္းက အက်ႌလက္ကို ေပါ့ေပါ့ပါးပါး ညင္ညင္သာသာ ျပန္ဆြဲယူလိုက္ၿပီး "ကြၽန္ေတာ္က ခရီးထြက္ရတာကို ႏွစ္သက္ၿပီး ေနရာအႏွံသြားလာ‌ေနတက္တာပါ။ ပုံမွန္အားျဖင့္ ေန႔ခင္းဘက္ေတြမွာ အိမ္မွာေနေလ့ မရွိဘူး၊ သခင္မေလးအတြက္ ေမးခြန္းေတြ မေျဖေပးႏိုင္ေတာ့မွာကို စိုးရိမ္မိပါတယ္"

  တကယ္ေတာ့ လို႔ရွီးဝူက စုမူဖုန္းရဲ႕ျငင္းပယ္မႈကို သိပ္ဂ႐ုမစိုက္ပါဘူး။ သူမက က်င္းစရဲ႕တုံ႔ျပန္မႈကို ပိုဂ႐ုစိုက္ေနခဲ့ေပမယ့္ ေကြၽာ့ခ်င္းကေတာ့ အနည္းငယ္ နာက်င္မႈကို ခံစားလာရသည္။ ဒီမိန္းကေလးက ကစားရတာကို ေပ်ာ္႐ႊင္ေနၿပီး စုမူဖုန္း ထြက္မသြားေအာင္ ေျပာဖို႔ အေၾကာင္းအရာေတြကို ေမ့သြားေတာ့သည္။ စုမူဖုန္း၏ တည္ၿငိမ္ေသာ မ်က္ႏွာက အနည္းငယ္ မေပ်ာ္မ႐ႊင္ ျဖစ္ေနပုံရၿပီး တံခါးအျပင္ဘက္မွ တစ္စုံတစ္ေယာက္ကလည္း လုံေလာက္ေသာ ႏႈိးဆြမႈကို ခံစားေနရေပသည္။ သူမ ဆက္ကစားေနပါက ဆန႔္က်င္ဘက္ အက်ိဳးသက္ေရာက္မႈမ်ား ရွိလာႏိုင္သည္။

  "ေကာင္းၿပီ၊ လက္ကြက္ေတြ ဒါမွမဟုတ္ ဂီတသေကၤတေတြကို အရမ္း အစြဲအလမ္းႀကီးမေနပါနဲ႔။ ဗ်ပ္ေစာင္းတီးတဲ့ေနရာမွာ ပိုအေရးႀကီးတာက နင့္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ စိတ္ခံစားခ်က္ပါ။ နင့္ရဲ႕ ဗ်ပ္ေစာင္းကြၽမ္းက်င္မႈက အရမ္း မျမင့္ရင္ေတာင္ စိတ္ႏွလုံးနဲ႔ ေသခ်ာတီးရင္ အဆင္ေျပႏိုင္ပါေသးတယ္။ နင့္ရဲ႕အရည္အခ်င္းေတြက ဘယ္ေလာက္ပဲ ေကာင္းေကာင္း ဂီတသေကၤတေတြက ဘယ္ေလာက္ပဲ လွပေနပါေစ မင္းႏွလုံးသားနဲ႔ မတီးခတ္ရင္ ဆန႔္က်င္ဘက္အေနနဲ႔ လူေတြရဲ႕ႏွလုံးသားကို ဆြဲေဆာင္ႏိုင္မွာ မဟုတ္ဘူး၊ စိတ္ခံစားခ်က္မပါရင္ မွတ္စုတစ္ခုသာသာပါပဲ" ေကြၽာ့ခ်င္းက လို႔ရွီးဝူ၏လက္ကို လ်င္ျမန္စြာ ဆုပ္ကိုင္လိုက္ၿပီး သူမကို စကားေျပာေနရင္း လို႔ရွီးဝူကို သူမဘက္ျပန္ ဆြဲေခၚလိုက္သည္။

  လို႔ရွီးဝူက ၿခံအျပင္ဘက္ကိုသာ အာ႐ုံစိုက္ေနၿပီး ေကြၽာ့ခ်င္းကလည္း ေပါ့ေပါ့ဆဆပုံစံမ်ိဳးနဲ႔ ေျပာေနလိုက္သည္။ မေမွ်ာ္လင့္ဘဲ စုမူဖုန္းက ျဖည္းညႇင္းစြာ ေခါင္းညိတ္ျပလာကာ သေဘာက်ေသာ အၿပဳံးျဖင့္ "ခ်င္းသခင္မေလးက ဗ်ပ္ေစာင္းနဲ႔ ဂီတကို ကြၽမ္းက်င္တဲ့ ပုဂၢိဳလ္ပါ၊ လို႔သခင္မေလးရဲ႕မိသားစုထဲမွာ နာမည္ႀကီး ဆရာတစ္ေယာက္ ရွိေနၿပီး သူ(မ)က မင္းကိုလမ္းျပေပးႏိုင္တဲ့အတြက္ ကြၽန္ေတာ္က စကားေတြ အမ်ားႀကီး ေျပာစရာ မလိုေတာ့ပါဘူး"

  "ဒါေပမယ့္ ကြၽန္မက သခင္ေလးကိုပဲ သင္ေပးေစခ်င္တာ!" လို႔ရွီးဝူက ၿခံဝင္းအျပင္ဘက္မွ တစ္ေယာက္ကို ရန္ဆေနဆဲပင္။ ေကြၽာ့ခ်င္း ေမွ်ာ္လင့္ထားသလိုပဲ လို႔ရွီးဝူ ေျပာၿပီးၿပီးခ်င္းမွာပဲ ၿခံဝင္းအျပင္ဘက္မွာ ရပ္ေနတဲ့ က်င္းစက ၿခံဝင္းထဲကို လွည့္မၾကည့္ေတာ့ဘဲ ခပ္ျမန္ျမန္ ထြက္ခြာသြားေတာ့သည္။

  လို႔ရွီးဝူက လန႔္ဖ်ပ္သြားၿပီး အနည္းငယ္ စိတ္ပ်က္ကာ စိုးရိမ္သြားခဲ့သည္။ သူမက သခင္ေလးစုကို တကယ္ႀကိဳက္ေနတယ္လို႔ ေတြးၿပီး သူ စိတ္ဆိုးသြားတာလား??! သူက ဘာလို႔ အဲ့ဒီေလာက္တုံးအေနရတာလဲ?!!

  လို႔ရွီးဝူက ႐ုတ္တရက္ အလြန္စိတ္ဓာတ္က်သြားၿပီး သူမ မ်က္ႏွာက မႈိင္းညိဳ႕သြားသည္။ ေကြၽာ့ခ်င္းက သူမမ်က္ႏွာ အမူအရာေျပာင္းသြားရသည့္ အေၾကာင္းရင္းကို သဘာဝက်က် သိေနခဲ့ၿပီး စုမူဖုန္းကလည္း သဲလြန္စအခ်ိဳ႕ကို ေတြ႕လိုက္ပုံရသည္။

  လို႔ရွီးဝူက သူမ၏ကေလးဆန္ေသာ ခ်စ္ျခင္းေမတၱာတြင္ နစ္ျမဳပ္ေနခဲ့ၿပီး ေကြၽာ့ခ်င္းႏွင့္ စုမူဖုန္းတို႔က တစ္ေယာက္ကိုတစ္ေယာက္ အထူးအဆန္းပုံစံျဖင့္ စိုက္ၾကည့္ေနၾကသည္။ ေကြၽာ့ခ်င္းက အေၾကာင္းအရာကို ဆက္လက္လုပ္ေဆာင္တဲ့အေနနဲ႔ အၿပဳံးအႀကီးႀကီး တစ္ခုကို ဖန္တီးလိုက္ကာ "ဆရာစုက အရမ္းကို ယဥ္ေက်းလြန္းေနျပန္ပါၿပီ။ ကြၽန္မက လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေျပျပဖူးပါတယ္။ ကြၽန္မက ျပင္းထန္တဲ့ ေရာဂါတစ္ခုကို ခံစားခဲ့ရၿပီး လက္ကြက္ေတြ၊ တီးလုံးေတြကို မမွတ္မိေတာ့ဘူး။ အခုခ်ိန္မွာ ကြၽန္မက တျခားသူေတြကို သင္ေပးဖို႔ မေျပာနဲ႔ ကိုယ္တိုင္ေတာင္ ဗ်ပ္ေစာင္း‌ မတီးႏိုင္ေတာ့ပါဘူး၊ ကြၽန္မက ဒီအတိုင္း ေပါ့ေပါ့ပါးပါး ေျပာလိုက္တာပါ။ ဆရာစုအတြက္ ရယ္စရာ မျဖစ္သြားေစဖို႔ ေမွ်ာ္လင့္ပါတယ္"

  စုမူဖုန္းက သာမန္လူမ်ားကဲ့သို႔ သူမကို ႏွစ္သိမ့္မႈမေပးခဲ့သလို သနားေနတဲ့ အမူအရာလည္းမရွိဘဲ ေပါ့ေပါ့ပါးပါး ၿပဳံးကာ "မိန္းမေလး အခုနက ေျပာခဲ့သလိုပါပဲ၊ ဗ်ပ္ေစာင္းတီးတာက စိတ္ရဲ႕ခံစားခ်က္နဲ႔ပဲ သက္ဆိုင္ပါတယ္။ တီးလုံးနဲ႔ လက္ကြက္ေတြကို ေမ့သြားၿပီဆိုမွေတာ့ ေမ့လိုက္ပါ၊ အဲ့တာက ဘာမွ အေရးမႀကီးပါဘူး"

  သူက ဤကဲ့သို႔ ျပန္ေျဖလာလိမ့္မည္ဟု သူမ မေမွ်ာ္လင့္ထားေသာေၾကာင့္ ေကြၽာ့ခ်င္းက အံ့အားသင့္သြားခဲ့သည္။ စြယ္စုံတီးခတ္ႏိုင္ေသာ ဆရာတစ္ေယာက္အေနနဲ႔ တီးလုံး၊ လက္ကြက္ႏွင့္ နည္းစနစ္မ်ားက သူ႔၏လုပ္ငန္းစဥ္တစ္ခုလုံးဟု မေျပာႏိုင္ေသာ္လည္း ၎တို႔က အေရးပါေသာ အစိတ္အပိုင္းမ်ားျဖစ္ေနဆဲပင္။ အခုေတာ့ မထင္မွတ္ပဲ သူက "ေမ့လိုက္ပါ" "အေရးမႀကီးဘူး" ဟု အထိန္းအကြပ္မဲ့စြာ ေျပာေနႏိုင္ေသးသည္။ ေကြၽာ့ခ်င္းက သူ၏လ်စ္လ်ဴရႈမႈႏွင့္ သမ႐ိုးက် မဟုတ္ေသာ ေတြးေခၚမႈကို အမွန္တကယ္ သေဘာက်သြားၿပီး သူ႔အေပၚ ေလးစားမႈမ်ား ပိုတိုးလာခဲ့သည္။

  ေကြၽာ့ခ်င္းက သူကို ဆက္ေနဖို႔ စိတ္ရင္းမွန္နဲ႔ ေဖ်ာင္းဖ်လိုက္သည္။ "ရွီးဝူက သခင္ေလး ဆက္ေနဖို႔ စိတ္ရင္းမွန္နဲ႔ ေတာင္းဆိုေနတာပါ။ သခင္ေလးမွာ ဘာမွလုပ္စရာ မရွိဘူးဆိုရင္ သူ႔(မ)ကို ေနာက္ထပ္အႀကံဉာဏ္တစ္ခ်ိဳ႕ ေပးလို႔ရပါတယ္"

ရွီးဝူက သူ႔ဆီကေန ဗ်ပ္ေစာင္းကို တကယ္တတ္ေျမာက္ႏိုင္ရင္ သူမ၏ ဗ်ပ္ေစာင္းကြၽမ္းက်င္မႈက ေျပာဖို႔မလိုေအာင္ တိုးတက္လာႏိုင္သည္။ ထက္ဝက္ေလာက္ကို သင္ယူႏိုင္ရင္ပဲ ႀကီးမားတဲ့ အက်ိဳးေက်းဇူးတစ္ခုလို႔ ယူဆႏိုင္ပါတယ္။

  ယခုတစ္ႀကိမ္တြင္ စုမူဖုန္းက အေၾကာင္းျပခ်က္မရွိျငင္းဆန္ေနမႈကို ရပ္တန႔္လိုက္ၿပီး ေခါင္းကို အနည္းငယ္ခါယမ္းကာ "မၾကာေသးမီက ၿမိဳ႕ေတာ္မွာ မတည္မၿငိမ္မႈေတြ အမ်ားႀကီး ျဖစ္ခဲ့တယ္။ ဝန္ႀကီးခ်ဳပ္လို႔ကလည္း ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကို ဒီလိုေဘးအႏၲရယ္မ်ိဳး မႀကဳံေစခ်င္ေလာက္ဘူး၊ အိမ္ေတာ္ထဲကို အျပင္လူေတြကို မၾကာခဏ ဝင္ထြက္ေနတာ မေကာင္းပါဘူး"

  လို႔ရွီးဝူက ေနာက္ဆုံးတြင္ သူမ၏ စိတ္ခံစားခ်က္ အရႈပ္အေထြးမ်ားမွ ႐ုန္းထြက္လာၿပီး စုမူဖုန္း၏ေျဖရွင္းခ်က္ကို ၾကားလိုက္ရတာေၾကာင့္ သူမက စိတ္မထိန္းႏိုင္ဘဲ စိုးရိမ္တႀကီးျဖင့္ "သခင္ေလးက လူဆိုး မဟုတ္ဘူး၊ ကြၽန္မအစ္ကိုက သခင္ေလးကို ဒီကိုလာဖို႔ အထူး ဖိတ္ေခၚခဲ့တာပါ၊ ဘာလို႔ မလာခ်င္ေတာ့တာလဲ။ကြၽန္မကို ဆက္ၿပီး မသင္ေပးခ်င္ေတာ့လို႔လား"

 သူ႔ရည္႐ြယ္ခ်က္က ခိုင္မာေနတာေၾကာင့္ စုမူဖုန္းက ေပါ့ေပါ့ပါးပါး ၿပဳံးေနၿပီး ဘာမွ ျပန္မေျပာေတာ့ေပ။ သူေျပာတာက က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိေနတာေၾကာင့္ ေကြၽာ့ခ်င္းကလည္း သူ႔ကို ဆက္မတားခ်င္ေတာ့ဘူး။ ဒီအခ်ိန္မွာ သတိထားတာက ပိုေကာင္းပါတယ္။

  ေကြၽာ့ခ်င္းက လို႔ရွီးဝူ၏ ပုခုံးကို ေပါ့ေပါ့တန္တန္ ပုတ္လိုက္ကာ သူမကို စိတ္တည္ၿငိမ္ေစရန္ ႀကိဳးစားလိုက္ၿပီး ဟက္ဟက္ပက္ပက္ ၿပဳံးလိုက္ရင္း "ေကာင္းၿပီ၊ သခင္ေလးက ထြက္သြားဖို႔ ဆုံးျဖတ္ၿပီးၿပီဆိုမွေတာ့ ကြၽန္မတို႔က သခင္ေလးကို ဒီမွာ ဆက္မေနခိုင္းေတာ့ပါဘူး၊ ရွီးဝူက သခင္ေလးဆီက အႀကံဥာဏ္ေတြ ထပ္ရႏိုင္ဖို႔ ေနာင္တခ်ိန္မွာ အခြင့္အေရးရွိလာႏိုင္မယ္လို႔ ကြၽန္မ ေမွ်ာ္လင့္ပါတယ္"

  "ခ်င္းသခင္မေလးက ယဥ္ေက်းလြန္းေနပါၿပီ၊ ကြၽန္ေတာ္က ႏူတ္ဆက္ပါတယ္" စုမူဖုန္းက အရာအားလုံးက သူနဲ႔ဘာမွ မဆိုင္သလို တြန႔္ဆုတ္မႈမရွိဘဲ ေအးေအးေဆးေဆး ျပန္ထြက္ခြာသြားေတာ့သည္။

  ...

  ညအခ်ိန္.... လန္ယြဲ႕အေဆာင္တြင္....

  ေကြၽာ့ခ်င္းက သူမေမးေစ့ကိုသူမ ျပန္ကိုင္ထားၿပီး လို႔ရွီးယန္က သူမအတြက္ ကူညီရွာေဖြေပးထားေသာ ေဆးစာအုပ္မ်ိဳးစုံကို ဖေယာင္းတိုင္မီးအလင္းေရာင္ျဖင့္ လွန္ၾကည့္ေနရင္း ခါးကို ဆန႔္လိုက္ကာ ျပတင္းေပါက္အျပင္ဘက္ကို လွမ္းၾကည့္လိုက္သည္။ လက အေနာက္ဘက္ျခမ္းမွာ တျဖည္းျဖည္း ေ႐ြ႕လ်ားေနၿပီး အခ်ိန္က ဆယ့္ႏွစ္နာရီေက်ာ္ေနေလာက္ၿပီပင္။ ညစာစားၿပီးေနာက္က ရွီးယန္က အျပင္ထြက္သြားၿပီး သူမကို ေစာေစာအိပ္ရာဝင္ရန္ ေျပာခဲ့သည္။ သူက အခုအခ်ိန္အထိ ျပန္မလာေသးတာေကၾကာင့္ တစ္ခုခုျဖစ္ေနမလားလို႔ သူမေတြးေနမိသည္။

  ေနခင္းတုန္းက ရွီးဝူရဲ႕စိတ္အေျခအေနက သိပ္ၿပီးေကာင္းမေနခဲ့ေပ။ ရွီးဝူ အေၾကာင္းကို ရွီးယန္နဲ႔ စကားေျပာဖို႔ လိုအပ္တယ္လို႔ သူမ ခံစားေနရသည္။ ဒီရက္ပိုင္းေတြမွာ သူမက ပင္ပန္းေနခဲ့ၿပီး သူ ျပန္လာခ်ိန္မွာ ေတာ္ေတာ္အိပ္ေမာက်ေနခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ သူမက အိပ္မေပ်ာ္ေအာင္ ေဆးစာအုပ္ေတြကို လွန္ေလွာရင္း သူ႔ကို ေစာင့္ေနမိသည္။

  သိပ္မၾကာခင္မွာပဲ ေကြၽာ့ခ်င္းက ႏူးညံ့တဲ့ ေျခသံေတြကို ၾကားလိုက္ရၿပီး တံခါးက တြန္းဖြင့္ခံလိုက္ရသည္။

  "ရွီးယန္" ေကြၽာ့ခ်င္းက တိုးတိုးေလး ေခၚလိုက္သည္။

  လို႔ရွီးယန္က သူမကို ရွင္းရွင္းလင္းလင္း ျမင္သြားၿပီး သူမဆီသို႔ လွမ္းလာကာ သူမေဘးတြင္ ဝင္ထိုင္လိုက္ရင္း မေက်မနပ္ျဖစ္ေနတဲ့ ေလသံနဲ႔ "မင္း ဘာလို႔ မအိပ္ေသးတာလဲ"

  အခုက အရမ္းေနာက္က်ေနၿပီ ျဖစ္တာေၾကာင့္ ေကြၽာ့ခ်င္းက စကားလုံးေတြကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ ေမးမေနေတာ့ဘဲ "ကြၽန္မ ရွင့္ကို အၿမဲေမးခ်င္ေနတာ တစ္ခုရွိတယ္။ ရွီးဝူကို လက္ထပ္ေပးဖို႔ ရွင္ ဘာေတြ အစီအစဥ္ထားေသးလဲ"

  လို႔ရွီးယန္က ေၾကာင္ေတာင္ေတာင္ ျဖစ္သြားၿပီး သူမကို စိုက္ၾကည့္ေနခဲ့သည္။ ခ်င္းအာက သူ႔ကို တညလုံး ေစာင့္ေနခဲ့ၿပီး ရွီးဝူရဲ႕ အိမ္ေထာင္ေရးအေၾကာင္း ေမးမယ္လို႔ သူ တကယ္ကို မေမွ်ာ္လင့္ထားခဲ့ဘူးလား???!

  လို႔ရွီးယန္က သူ႔ေခါင္းကို ညင္သာစြာ ခါယမ္းလိုက္ၿပီး "ရွီးဝူက ငယ္ေသးတယ္၊ သူ(မ)ႀကိဳက္တဲ့သူကို ေတြ႕တဲ့အထိ ေစာင့္ၾကည့္ၾကရေအာင္၊ အဲ့အခ်ိန္ၾကမွ ကိုယ္ သူ(မ)နဲ႔ေဆြးေႏြးၾကည့္လိုက္မယ္"

  ေကြၽာ့ခ်င္း၏မ်က္လုံးမ်ားက ေတာက္ပလာၿပီး "ရွင္ဆိုလိုတာက သူ(မ)ႀကိဳက္တဲ့လူက မိသားစုစည္းကမ္းေတြအရ မသင့္ေတာ္ဘူးဆိုရင္ေတာင္ ရွင္က ကန႔္ကြက္မွာ မဟုတ္ဘူးေပါ့"

  လို႔ရွီးယန္က "မင္း ဘယ္လိုထင္လဲ?"

  ေကြၽာ့ခ်င္းက ခဏေလာက္ မွင္သက္သြားေသာ္လည္း သူ႔ကို စိုက္ၾကည့္ေနၿပီး ရယ္လို႔ မဆုံးႏိုင္ေတာ့ေပ။ သူမႏွင့္ လို႔ရွီးယန္က တိုင္းျပည္တစ္ခုထဲမွ မဟုတ္ၾကတာေၾကာင့္ မိသားစုစည္းမ်ဥ္းမ်ားႏွင့္ မညီေပ။ ဒါေပမယ့္ သူက သူမကို လက္ထပ္ဖို႔ ႀကိဳးစားခဲ့တာပဲ မဟုတ္လား? သူက မိသားစုမ်ား၏စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အဆင့္အတန္းမ်ားကို ဂ႐ုစိုက္ေလ့ရွိသူ မဟုတ္ေပ။ သူမ ရွီးယန္ကို ခုလိုေမးလိုက္တာက သူကို နည္းနည္းေတာ့ ေစာ္ကားမိသလို ျဖစ္သြားခဲ့ၿပီပင္။

  ေကြၽာ့ခ်င္းက သူ႔ကို ေတာင္းပန္တဲ့အေနနဲ႔ ၿပဳံးျပလိုက္ေပမယ့္ လို႔ရွီးယန္ကေတာ့ အဲ့တာေတြကို စိတ္ထဲေတာင္ ထားမေနဘူး။ သူက သူမခါးကို ညင္သာစြာ ဆြဲေပြ႕လိုက္ကာ သူမကို သူ႔ရင္ခြင္ထဲမွာ သိုင္းဖက္ထားလိုက္သည္။ လို႔ရွီးယန္က သူ႔ေခါင္းကို သူမပုခုံးေပၚသို႔ ညင္သာစြာ မွီခ်လိုက္ၿပီး ရယ္ေမာရင္း ျပန္ေျဖလာခဲ့သည္။ "သူ(မ)ႀကိဳက္တဲ့သူက အက်င့္စာရိတၱေကာင္းမြန္ၿပီး တာဝန္သိစိတ္ရွိမယ္ သူ(မ)ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံမယ္ဆိုရင္ ကိုယ္က အဲ့ဒိလူကို ကန႔္ကြက္မွာ မဟုတ္ပါဘူး"

  သူ႔၏ေပါ့ပါးေသာအသက္ရႈသံက သူမကို အနည္းငယ္ ယားယံေစတာေၾကာင့္ ေကြၽာ့ခ်င္းက သူမလည္ပင္းကို အနည္းငယ္ နိမ့္ခ်ထားလိုက္ေပမယ့္ ေနာက္ကိုေတာ့ ျပန္မဆုတ္ခဲ့ပါဘူး။ တခုခုကို စဥ္းစားမိသြားၿပီးေနာက္ ေကြၽာ့ခ်င္းက "ဒါဆို တျခားသူေတြက ကန႔္ကြက္ရင္ေရာ... ရွင့္က သူ(မ)ကို ပံ့ပိုးေပးမွာလား?" မဆန႔္က်င္ျခင္းက သူ ေထာက္ခံသည္ဟုလည္း မဆိုလိုႏိုင္ေပ။ သူသာ ေထာက္ခံပါက ရွီးဝူ၏ အခ်စ္ႏွင့္ဘဝက ပိုမိုေခ်ာေမြ႕လာမည္ျဖစ္သည္။

လို႔ရွီးယန္က   သူ႔ေခါင္းကို ျပန္ေမာ့လိုက္ၿပီး မ်က္ခုံးပင့္လိုက္ကာ အၿပဳံးတစ္ဝက္နဲ႔ ေမးလိုက္သည္။ "ရွီးဝူက မိသားစုအဆင့္အတန္းနဲ႔မသင့္ေတာ္တဲ့ တစ္ေယာက္ေယာက္ကို သေဘာက်တယ္လို႔ ဆိုလိုတာလား"

အဲ့ဒိလူႏွစ္ေယာက္ၾကားက ဆက္ဆံေရးက သူ မသိလိုက္ဘဲ ဒီအဆင့္အထိ ေရာက္သြားၿပီလား??? ဘာေၾကာင့္ အဲ့ဒီအထိ ခုန္ပ်ံေက်ာ္လႊားသြားရတာတုန္း!

သူ႔အသုံးအႏႈန္းနဲ႔ အမူအရာမွာ တစ္ခုခု လြဲမွားေနတာကို သတိျပဳမိလိုက္တာေၾကာင့္ ေကြၽာ့ခ်င္းက အေတြးတစ္ခ်က္လက္သြားၿပီး သူ႔ကို ရန္လုပ္ေတာ့သည္။ "ရွင္ မသိဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္!"

ရွီးယန္က အရမ္းထက္ျမက္ၿပီး အရမ္းဥာဏ္ေကာင္းတာေၾကာင့္ သူ အဲ့ဒါကို မရိပ္မိစရာ ဘာ အေၾကာင္းျပခ်က္မွ မရွိေပ။ တကယ္ေတာ့ သူက သူမနဲ႔ ကစားခ်င္ေနတာ!

  သူရဲ႕ခ်င္းအာက ပို ပိုၿပီး ထက္ျမက္လာပုံပဲ။ သူက သူမ၏ဆံပင္မ်ားကို ျဖည္းညႇင္းစြာ ဆြဲယူလိုက္ၿပီး သူ႔လက္ေခ်ာင္းထိပ္မ်ားေပၚတြင္ ရစ္ပတ္ကာ ေဆာ့ကစားေနခဲ့သည္။ လို႔ရွီးယန္က သက္ျပင္းတိုတိုးေလးတစ္ခုကို ခပ္တိုးတိုးေလး ခ်လိုက္ၿပီး "တကယ္ေတာ့ က်င္းစက တကယ့္ကို လူေကာင္းတစ္ေယာက္ပါ။ ရွီးဝူက သူ႔ကို လက္ထပ္ခ်င္ေနတာကို ကိုယ္ သေဘာတူပါတယ္။ အဲ့တာက အရမ္းသင့္ေတာ္ေပမယ့္ က်င္းစကို သူ(မ)နဲ႔လက္ထပ္ဖို႔ ကိုယ္ အမိန႔္ေပးမွာ မဟုတ္ဘူး!"

  ေယာက္်ားနဲ႔မိန္းမၾကား ကိစၥေတြမွာ ပါဝင္ဖို႔ဆိုတာ ဘယ္မွာ လြယ္ပါ့မလဲ။ သူက ဘာလို႔ ဝင္ပါရမွာတုန္း!

  သူ သိေနတယ္ေပါ့!! ရွီးဝူနဲ႔ အတူရွိေနတဲ့အခ်ိန္တိုင္းမွာ ျဖစ္ေပၚေနတဲ့ က်င္းစရဲ႕ အျပဳအမူကို ေသခ်ာစဥ္းစားၿပီးေနာက္ ေကြၽာ့ခ်င္းက "က်င္းစက သူ႔စိတ္ထဲမွာ အစိုင္အခဲေတြ ရွိေနပုံရတယ္။ ျမင့္ျမတ္မႈနဲ႔ နိမ့္က်မႈၾကားက ခြဲျခားမႈေတြ ေၾကာင့္လား??"

  လို႔ရွီးယန္က ကူကယ္ရာမဲ့ ေခါင္းညိတ္ျပလိုက္သည္။ က်င္းစ၏ ေခါင္းမာမႈႏွင့္ တယူသန္ရပ္တည္မႈက သူ႔ကို ေခါင္းကိုက္ေစခဲ့သည္။

  ဒါဆိုရင္ေတာ့ ကိုင္တြယ္ဖို႔ တကယ္ကို ခက္ခဲသြားၿပီ . . . ဒါေပမယ့္ လုံးဝ နည္းလမ္းမရွိတာေတာ့ ဟုတ္မေနပါဘူးေနာ္!!

  သူမ၏မ်က္ႏွာေပၚရွိ အၿပဳံးက အနည္းငယ္ထူးဆန္းေနတာေၾကာင့္ လို႔ရွီးယန္က ၿပဳံးကာ "မင္း ဘာေတြေတြးေနတာလဲ"

  "ဘာမွ မဟုတ္​ဘူး" သူမက ရွီးဝူကို အဲ့ဒီနည္းလမ္းကို ​ေျပာျပႏိုင္ေပမယ့္ ရွီးယန္ကိုေတာ့ ဘယ္​​ေတာ့မွ ​ေျပာျပမွာ မဟုတ္ပါဘူး!

 သူမက တစ္နည္းတစ္ဖုံ ေတြးခဲ့ေပၿပီး ဒါက လုံးဝ သင့္ေတာ္မွန္ကန္တဲ့နည္းလမ္းေတာ့ မဟုတ္ပါဘူး။ လို႔ရွီးယန္က ရယ္ေနေပမယ့္ သူမကို ေဖာ္ထုတ္ဖို႔ မရည္႐ြယ္ထားပါဘူး။ သူမက က်င္းစရဲ႕ ႏွလုံးသားထဲက ဒီထုံးကို ရွင္းထုတ္ေပးႏိုင္ဖို႔ ထူးထူးျခားျခား နည္းလမ္းတစ္ခုခုကို အသုံးခ်ႏိုင္ရင္လည္း ျပႆနာရွိမွာ မဟုတ္ပါဘူး၊ ဒါေပမယ့္ သူမက သူ႔ကို မေျပာခ်င္ဘူးဆိုရင္ သူက မသိသလို ဟန္ေဆာင္ေပးလိုက္မယ္။

  ဘာပဲျဖစ္ျဖစ္ ဒီျပႆနာကို သူ႔အတြက္ တစ္ေယာက္ေယာက္က ကူညီေျဖရွင္းေပးမယ္ဆိုရင္ သူက ဘာလို႔ ခြင့္မျပဳရမွာလဲ။ ေနာက္ဆုံးေတာ့ သူလည္းေပ်ာ္ရမွာေလ!

  သူ၏ႏႈတ္ခမ္းေထာင့္ေလးမ်ားက အနည္းငယ္ ျပန္ပင့္တက္လာတာေၾကာင့္ ဤေျမေခြးႀကီး ဘာေတြေတြးေနလဲဆိုတာကို ေကြၽာ့ခ်င္းက မွန္းဆေနမိသည္။ သူမ သူ႔ကို နားလည္ႏိုင္ဖို႔ အခ်ိန္အနည္းငယ္ယူရန္ လိုအပ္ေနေသးသည္။

  လို႔ရွီးယန္က သူမ၏ေပ်ာ့ေပ်ာင္းေအးျမေသာဆံပင္ေလးမ်ားကို ပြတ္သပ္ေပးေနရင္း သေဘာက်စြာ ၿပဳံးေနကာ "သခင္မေလး၊ မင္း ေမးခြန္းေတြ ေမးၿပီးၿပီဆိုေတာ့ အနားယူလို႔ရၿပီလား!"

  ေကြၽာ့ခ်င္းက ရယ္ေမာလိုက္ၿပီး ျပန္မေျဖရေသးခင္မွာ ႐ုတ္တရက္ ၿခံဝင္းအျပင္ဘက္မွ ဖ႐ိုဖရဲဆန္ေသာ အလ်င္အျမန္ေျပးလႊားသံမ်ား ထြက္ေပၚလာသည္။ ဖ႐ိုဖရဲ ေျခသံမ်ားက တစ္ေနရာတည္းသို႔ ဦးတည္သြားေနၿပီး လႈပ္ေနေသာ မီးရႉးမီးတိုင္မ်ားမွ အလင္းေရာင္က အခန္းတြင္းသို႔ပင္ ဝင္ေရာက္ေတာက္ပလာသလို ခံစားရေစသည္။

  ေကြၽာ့ခ်င္းက အံ့ဩသြားၿပီး "အျပင္က ဘာသံလဲ" အခုက အရမ္းေနာက္က်ေနၿပီေလ။

  လို႔ရွီးယန္၏မ်က္ႏွာက ႐ုတ္တရက္ တင္းမာသြားကာ သူက စိုးရိမ္တႀကီးနဲ႔ "အိုး၊ ရွီးဝူ!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

232K 37.4K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
58.6K 6.2K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
15.7K 1.3K 73
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
74.7K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator