နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

103K 10.8K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 84

591 66 0
By BlackLily_WhiteLily

အခန်း ၈၄ ၊ မြို့တော်အနှံအပြား ထိတ်လန့်ကြခြင်း

  ကျိုက်ရှင်းအဆောင်...

  ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်များ လင်းလက်တောက်ပနေသော်လည်း ကျွော့ချင်းက ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူမရဲ့ လက်ရှိစိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ပါဘူး။

  အိပ်ရာဘေးမှ လို့ရှီးယန်က သူ့လက်ထဲက ဇွန်းထဲမှာရှိနေတဲ့ ဆေးရည်ကို မပူကြောင်း သေချာစေပြီးမှ သူမ ပါးစပ်နားဆီသို့ ညင်ညင်သာသာ တိုးကပ်ပေးလိုက်သည်။ သူက သူမကို ချစ်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတာကြောင့် ကျွော့ချင်းက နှလုံးသားထဲတွင် ငိုကြွေးနေသော်လည်း ပါးစပ်ကို ဖွင့်ကာ တရုတ်တိုင်းရင်းဆေးရည်တစ်ဇွန်းကို မျိုချလိုက်ရသည်။

  လို့ရှီးယန်က သူမအပေါ် တကယ်ကောင်းပြီး သူမကို ကောင်းမွန်စွာ ပြစုပေးနေကြောင်း သူမ သိသည်။ ယခုအချိန်တွင် သူက သူမကို ဆေးရည်တစ်ဇွန်းချင်း ဇွန်းဖြင့် ကြင်ကြင်နာနာ တိုက်ကျွေးနေပြီး သူက တော်ဝင်သမားတော်ကို အထူးတောင်းဆိုထားသောကြောင့် ဆေးရည်က အထူးပြင်ဆင်ထားခြင်းဖြစ်ကာ အရမ်းခါးသက်နေမည် မဟုတ်ဟု ပြောပြနေသည်။ သို့သော် ကျွော့ချင်းကဲ့သို့ အနောက်တိုင်းဆေးကိုသာ သောက်ဖူးသူတစ်ယောက်အတွက်တော့ ရူးသွပ်ချင်စရာကောင်းနေသေးသည်။ သူမက သူ့၏ဂရုတစိုက် ခွံပေးခြင်းကို ဆက်လက် ခံစားချင်နေသေးသော်လည်း ထိုဆေးကို သောက်ရသည်မှာ အဆင်မပြေလှပေ။ လို့ရှီးယန်က ဇွန်းကို သူမဆီ ထပ်ပေးလာသောအခါ ကျွော့ချင်းက သူ့လက်ထဲက ဆေးပန်းကန်လုံးကို လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

  နည်းနည်းပူပြီး ခါးသက်တဲ့အရသာကို ရနေပေမယ့် သူမက ဝေဒနာကို ရေရှည်ခံစားနေမည့်အစား မြန်မြန်ဆန်ဆန်သာ ရှင်းပစ်လိုက်ချင်သည်။ နောက်ဆုံးတွင် ကျွော့ချင်းက ရေဖန်ခွက်ကြီးနှစ်ခွက်ကို သောက်ပြီးနောက် သူမ၏ပျို့အန်ချင်စိတ်ကို ထိန်းထားနိုင်ခဲ့သည်။ လို့ရှီးယန်က သူမကို ရယ်ချင်နေသော မျက်နှာဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေသောကြောင့် ကျွော့ချင်းက မမြင်ချင်ယောင်ဆောင်လိုက်ကာ "ဒီရက်တွေမှာ ရှင် အလုပ်တွေ အရမ်းများနေတာ မဟုတ်ဘူးလား? အခုကျတော့ ရှင် အိမ်မှာ တစ်နေ့လုံးနေဖို့ အချိန်ရှိနေတာလား?"

သူမက အိမ်မှာ သုံးရက်လောက် လဲလျောင်းနေခဲ့ရပြီး သူကလည်း ရုံးတော်ကို လုံးဝ မသွားဘဲ သူမနှင့်အတူ တစ်ချိန်လုံး ရှိနေပေးခဲ့သည်။ တစ်နေ့ သုံးကြိမ်ဆေးသောက်ရတဲ့ အချိန်မှာလည်း အနားမှာ ရှိနေတာကြောင့် သူမက ဆေးကို သွန်ပစ်ဖို့ အခွင့်အရေး မရတော့ဘဲ နာနာခံခံနဲ့ ဆေးသောက်ရုံသာ တက်နိုင်တော့သည်။

  လို့ရှီးယန်က သူမလက်ထဲမှ ဆေးပန်းကန်ကို ပြန်ယူလိုက်ပြီး စားပွဲခုံပုလေးပေါ် လှမ်းတင်နေရင်း ကျေကျေနပ်နပ်ကြီး ပြန်ဖြေလိုက်သည်။ "နာမကျန်းခွင့်တင်ထားတယ်"

  နာမကျန်းခွင့်တဲ့လား??? ကျွော့ချင်းက ရယ်မောလိုက်ပေမယ့် ထိုအကြောင်းကို နောက်ထပ်မေးခွန်းတွေ ထပ်မမေးတော့ဘဲ အခြားကိစ္စကိုသာ စိတ်အားထက်သန်စွာ မေးလိုက်သည်။ "အဲဒီနေ့က တော်ဝင်ဥယျာဉ်မှာ ရှင် အရှေ့နန်းဆောင်ရော အနောက်နန်းဆောင်မယ်တော် မိဖုရားကြီးနဲ့ပါ ထိပ်တိုက် ရင်ဆိုင်ခဲ့တယ်လို့ ပြန်ကြားရတယ်၊ ရှင် ဒေါသထွက်နေတာကို ကျွန်မ မတွေ့လိုက်ရတာ စိတ်မကောင်းစရာပဲ"

  ရှီးဝူက လွန်ခဲ့သည့်ရက်အနည်းငယ်က သူမကို လာတွေ့ခဲ့ပြီး သူမ တက်တက်ကြွကြွ ပြောသမျှစကားများမှာ ထိုနေ့တွင် လို့ရှီးယန်က မည်မျှပင် သတ္တိရှိနေကြောင်း ချောမောခန့်ညားလွန်းနေကြောင်းသာ ဖြစ်နေသည်။ ချဲ့ကားလွန်းနေတာမှ မသိလျှင် သူက နတ်ဆိုးတစ်စုနှင့် သူရဲကောင်းဆန်ဆန် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့သည်ဟု ထင်မိသွားစေနိုင်သည်။ သူမက လို့ရှီးဝူ၏စကားအားလုံးကို မယုံပေမယ့် ထိုနေ့တွင် ရှီးယန်က ဒေါသထွက်နေခဲ့ပြီး ထိုဒေါသက မသေးငယ်ဘူး ဆိုတာကိုတော့ သူမ သိနိုင်ခဲ့သည်။

  လို့ရှီးယန်က အနည်းငယ် ထိတ်လန့်သွားပြီး "မင်းက အဲ့ဒါကို မင်းမြင်ချင်နေတာလား?"

  ကျွော့ချင်းက တကယ်ကို ခေါင်းညိတ်ပြလိုက်ပြီး ရယ်မောနေကာ "အဲ့ဒါက ကျွန်မအတွက် မဟုတ်ရင် ကျွန်မ အဲဒါကို အရမ်းစိတ်ဝင်စားနဲ့ ကြည့်ချင်နေတုန်းပဲ"

လို့ရှီးဝူက အရမ်းအံ့သြစရာကောင်းတယ်လို့ ပြန်ပြောပြအောင်လုပ်ခဲ့တာ ဘယ်သူလဲ။ အဲဒါက သူမရဲ့စူးစမ်းချင်စိတ်တွေကို အဆက်မပြတ်တိုးလာစေပြီး စပ်စုချင်စေတယ်။

  လို့ရှီးယန်က ချက်ချင်းပင် သူမ၏စကားများကို လျစ်လျူရှုလိုက်ပြီး စောင်ကို ဆွဲယူကာ သူမကိုယ်ပေါ်ကို လွှမ်းခြုံပေးလိုက်ရင်း နူးညံသော အသံတိုးတိုးဖြင့် "ခဏလောက် ထပ်ပြီး အိပ်လိုက်နော်"

  အခုက နွေရာသီရောက်နေပြီ၊ ပြီးတော့ သူမက အရမ်း ပျော့ညံ့ မနေပါဘူး။ ကျွော့ချင်းက ခေါင်းကို ခါယမ်းလိုက်ပြီး စောင်ကို ကုတင်အတွင်းပိုင်းသို့ ပစ်ချလိုက်ကာ "အခု ရက်အနည်းငယ်ကြာနေပြီ၊ ကျွန်မမှာလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအချို့ ရှိပါတယ်၊ ကျွန်မခန္ဓာကိုယ်မှာ ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မရှိတော့ဘူး၊ ရေနစ်တာရဲ့နောက်ဆက်တွဲရောဂါနဲ့ ဆိုးကျိုးတွေ ထပ်မဖြစ်နိုင်တော့ဘူး၊ စိတ်မပူပါနဲ့"

 ရေနစ်ပြီးနောက် လည်ချောင်းနာခြင်း၊ အဆုတ်အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းများက အလွယ်တကူ ဖြစ်ပေါ်လာနိုင်သည်ကို သူမ သိသောကြောင့် ယခုခတ်၏ကုသမှုများကို သူမပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ သို့သော် ယခုအခါ ရက်ပေါင်းများစွာ ကြာလာပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်လာပြီဟု ခံစားရသောကြောင့် ကျွော့ချင်းက ကုတင်ပေါ်မှာ ပြန်မလှဲနေချင်တော့ဘူး။

  သူမ၏နဖူးမှ ချွေးပါးပါးတစ်လွှာကို မြင်လိုက်ရတာကြောင့် လို့ရှီးယန်က သူမကို တွန်းအားထပ်မပေးတော့ဘဲ "ဒီရက်ပိုင်းမှာ မယ်တော်ကြီးတွေက မင်းကို နန်းတော်ထဲဝင်ဖို့ အမိန့်ပေးရင် မင်း ဂရုမစိုက်နဲ့တော့"

  ကျွော့ချင်းက မျက်ခုံးပင့်ကာ သူ့ကို အနည်းငယ် ပြုံးပြလိုက်ပြီး "အဲ့ဒါက အမိန့်ကို မလေးစားဘဲ အရိုအသေမဲ့တယ်လို့ မယူဆနိုင်ဘူးလား?"

  "ကိုယ်တို့ လက်မထပ်ရသေးခင်မှာ မင်းက အပြင်းဖျားနေလိမ့်မယ်။ အိပ်ရာထဲကနေ လုံးဝ မထနိုင်ဘူးဆိုတော့ မင်း နန်းတော်ထဲကို မဝင်နိုင်တာ သဘာဝကျတယ်"

လို့ရှီးယန်က "အပြင်းဖျား" ဟူသော စကားလုံးကို တမင်တကာ အလေးပေး ဖော်ပြခဲ့သည်။

  ကျွော့ချင်းက နားလည်စွာ ပြုံးလိုက်ပြီး "ကျွန်မ နားလည်ပါပြီ!"

တကယ်‌တော့ သူမကလည်း နန်းတော်ထဲကို ဝင်ချင်စိတ် မရှိခဲ့ပါဘူး။ အခု ဒီလိုတွေ ဖြစ်ပျက်ခဲ့တာကြောင့် အဘွားအိုနှစ်ယောက်ကို ပြန်တွေ့တဲ့အခါ တည်ငြိမ်နေဖို့က အရမ်းခက်ခဲတာကြောင့် သူမတို့ကို မတွေ့တာက အကောင်းဆုံးပါပဲ။

  လို့ရှီးဝူက သူမနဲ့ စကားပြောတဲ့အချိန်မှာ သူမ ရေထဲကျသွားတာကြောင့် ချင်းဖုန့်က မျက်လုံးတွေ ဖောရောင်တဲ့အထိ ငိုနေတယ် ပြောခဲ့တာကို ပြန်တွေးမိပြီး ကျွော့ချင်းက "ကျွန်မ နေကောင်းတယ်လို့ ချင်းဖုန့်ဆီကို သတင်းပို့ပေးလို့ရမလား၊ သူ(မ) အရမ်းစိတ်ပူနေမှာကို စိုးရိမ်မိတယ်"

သူမက ချင်းဖုန့်အပေါ် ညီအစ်မကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ခံစားချက်များ မရှိသော်လည်း ချင်းဖုန့်က သူမကို ရိုးရိုးသားသားဆက်ဆံခဲ့ပြီး အဲ့တာက သူမကို စိတ်လှုပ်ရှားစေခဲ့သည်။ သူမက ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် သူမက ချင်းဖုန့်ကို သူမ၏ဆွေမျိုးအဖြစ် ဆက်ဆံရန် ကြိုးစားသင့်သည်။

  "စိတ်မပူပါနဲ့၊ ကိုယ် သူ(မ)ကို သတင်းပို့ပြီးပါပြီ"

အဲဒီနေ့က ကြာပန်းရေကန်တစ်ဝိုက်မှာ ပရမ်းပတာဖြစ်နေခဲ့ပြီး သူလည်း အရမ်းစိုးရိမ်နေခဲ့သည်။ ဒါပေမယ့် ချင်းဖုန့်ရဲ့မျက်လုံးတွေက အေးစက်မှုနဲ့ အမုန်းတရားတွေကိုတော့ သူ လျစ်လျူမရှုနိုင်ခဲ့ပါဘူး။ ဒီမိန်းခလေးက ဘယ်တော့မှ ဘယ်သူကမှ သူမကို အနိုင်ကျင့် အရှက်ခွဲတာကို လက်ခံမှာ မဟုတ်ပါဘူး။ မောင်းမဆောင်မှာဆိုရင်တော့ သူမရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် တခြားသူတွေက သူမကို ခြေထောက်နဲ့ နင်းချေတာပဲဖြစ်ဖြစ် သူမက သူများ ခြေထောက်ကို အပိုင်းပိုင်း ပြန်ရိုက်ချိုးတာပဲဖြစ်ဖြစ် နှစ်ခုစလုံးက အခြေအနေ မကောင်းပါဘူး။

  ကျွော့ချင်းက လို့ရှီးယန် တွေးနေပုံကို မသိတာကြောင့် ယခု သူမ စိုးရိမ်နေသည့် နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။ "ဘယ်သူက ကျွန်မကို သတ်ချင်နေလဲဆိုတာ ရှင် သိပြီးပြီလား"

  လို့ရှီးယန်က အံ့အားသင့်သွားပြီး "မင်း သိတယ်လား"

သူက သူမ ရေမကူးနိုင်တာကြောင့် ရေထဲပြုတ်ကျပြီးနောက် ကမောက်ကမဖြစ်နေတယ်လို့ အမြဲ ထင်ထားခဲ့ပေမယ့် အခုတော့ သူမက သိနေခဲ့သည်။

  ကျွော့ချင်းက ထိုနေ့က ရေထဲမှ တိုက်ပွဲအကြောင်းကို ပြန်တွေးရင်း ခေါင်းညိတ်ပြလိုက်ကာ သူမ၏ မျက်နှာက အနည်းငယ် အေးစက်သွားခဲ့သည်။ "တကယ်တော့ ကျွန်မ ရေကူးနိုင်တယ်၊ ကျွန်မ ရေအောက်ထဲကို ဆင်းပြီး ရေကန်အောက်ခြေက သစ်သားတွေကို ကြည့်ခဲ့သေးတယ်၊ ပြိုကျပျက်စီးရလောက်တဲ့အထိ မဆွေးနေသေးဘူး၊ ပြီးတော့ ကျွန်မက ရေအောက်ကို တွန်းချခံရပြီး ရေနစ်ခံရတာကြောင့် လူသတ်မှုလို့ ကောက်ချက်ချဖို့ လုံလောက်နေပြီ။ လူသတ်သမားက သူ(မ)လို့ ထင်နေပေမယ့် သက်သေမရှိဘူး"

  "လောလောဆယ်တော့ သူ(မ) ဟုတ် မဟုတ် မသေချာသေးဘူး၊ ဒါပေမယ့် ကိုယ် ဒီကိစ္စကို လုံးဝ လွှတ်မပေးဘူး။ မင်းက ကောင်းကောင်း အနားယူနော်၊ မင်း စိတ်ပူစရာ မလိုတော့ဘူး"

ရေထဲ တွန်းချခံရတယ်လို့ သူမ ပြောတာကို ကြားလိုက်ချိန်မှာတော့ လို့ရှီးယန်၏နှလုံးသားက တစ်ဖန်ကွဲကြေသွားခဲ့ရပြန်သည်။ အဲ့အချိန်မှာ သူမ ဘယ်လောက် ထိတ်လန့်ပြီး အားကိုးရာမဲ့ ဖြစ်နေလိမ့်မလဲ??

လို့ရှီးယန်က ကျွော့ချင်းကို သူ့ရင်ခွင်ထဲကို ညင်သာစွာ ဆွဲယူပွေ့ဖက်ထားလိုက်ပြီး သူမ၏နူးညံပျော့ပျောင်းသော ဆံပင်များကို ပွတ်သပ်နေကာ သူမကို ချော့မြူပေးနေခဲ့ပြီး တစ်ချိန်တည်းမှာ သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေခဲ့သည်။ အဲ့အချိန်က သူသာ တော်ဝင်ဥယျာဥ်သိူ့ မသွားခဲ့လျှင်၊ ဒါမှမဟုတ် သူ့ဘေးမှာ မော့ဘိုင်သာ အတူမရှိခဲ့လျှင် အကျိုးဆက်များက မည်ကဲ့သို့ ဖြစ်လာနိုင်မလဲ?? သူက သူမကို ထာဝရ ဆုံးရှုံးသွားပေလိမ့်မည်။ သူ့လက်များက မသိစိတ်ကြောင့် တဖြည်းဖြည်း တင်းကျပ်လာပြီး ယခုအချိန်တွင် သူမ၏ ပူနွေးသောခန္ဓာကိုယ် အနွေးဓာတ်ကသာ သူ့နှလုံးသားကို ငြိမ်သက်သွားစေနိုင်ခဲ့သည်။

  လို့ရှီးယန်၏ ပွေ့ဖက်ခြင်းကို ရုတ်တရက် ခံလိုက်ရတာကြောင့် ကျွော့ချင်းက တခဏတာမျှ အံ့အားသင့်သွားခဲ့ရသော်လည်း သူက သူမအတွက် စိတ်မကောင်း ဖြစ်နေကြောင်း နားလည်လိုက်သည်။ ကျွော့ချင်းက သူမမျက်နှာကို သူ့ပခုံးပေါ် ညင်သာစွာ မှောက်ချလိုက်ပြီး သူမလက်ကို ဆန့်တန်းကာ သူ့ကို တင်းတင်းကျပ်ကျပ် ပြန်ပွေ့ဖက်လိုက်ပြီး သူ့နားရွက်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ တကယ် အဆင်ပြေပါတယ်"

သူမ၏နူးညံ့သောအသံတိုးတိုးလေးက သူ့နှလုံးသားကို အမှန်တကယ် အေးချမ်းသွားစေခဲ့သည်။ သူက သူမကို သူ့ရင်ခွင်ထဲမှာ ဒီလိုမျိုးပွေ့ဖက်ထားပြီး ကာကွယ်စောင့်ရှောက်နိုင်ဖို့ မျှော်လင့်ပေမယ့် တကယ်တမ်းတော့ မဖြစ်နိုင်ပါဘူး။ လို့ရှီးယန်က သူမ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း သက်ပြင်းတိုလေးတစ်ခု ချလိုက်မိသည်။ "အခုက စပြီး မော့ဘိုင်က မင်းကို တိတ်တဆိတ် ကာကွယ်ပေးလိမ့်မယ်၊ ဟုတ်ပြီလား?"

  "မရဘူး" ကျွော့ချင်း ရုတ်တရက် ကိုယ်ကို ပြန်မတ်လိုက်ပြီး ချက်ချင်း ငြင်းဆန်ဖို့ အစပြုလိုက်သည်။

  လို့ရှီးယန်က သူမက လွတ်လပ်မှုကို နှစ်သက်ပြီး ထိန်းချုပ်ခံရတာကို မကြိုက်ကြောင်း သိပေမယ့် သူမ ဒီလောက်အထိ စိတ်ပိုင်းဖြတ်ထားမယ်လို့တော့ သူ မမျှော်လင့်ထားပါဘူး။ လို့ရှီးယန်က သူမပါးပြင်ကို ညင်သာစွာ ပွတ်သပ်နေရင်း သူမကို ချော့မော့ရှင်းပြနေခဲ့သည်။ "သူက မင်းကို တားမှာ မဟုတ်ပါဘူး။ မင်း ဘယ်နေရာကို မဆို မင်းကြိုက်သလို လွတ်လွတ်လပ်လပ် သွားလို့ရတယ်၊ သူက အေးအေးဆေးဆေးနေပြီး မင်းရဲ့ လုံခြုံရေးကိုပဲ ကာကွယ်ပေးလိုက်မယ်"

  ကျွော့ချင်းက ပြုံးပြီး ပြန်ပြောလိုက်သည်။ "အဲဒါကြောင့် မဟုတ်ပါဘူး၊ သူက ရှင့်ရဲ့သက်တော်စောင့်လေ၊ ရှင့်ရဲ့လုံခြုံရေးကို သူ ကာကွယ်ပေးနေရင် ကျွန်မကို ပိုပြီးသက်တောင့်သက်သာ ခံစားရစေတယ်။ ရှင်က ဝန်ကြီးချုပ်ဆိုတော့ ရှင်က ကျွန်မထက်ပိုပြီး အန္တရာယ်ရှိနေနိုင်တယ်၊ ရှင် ကျွန်မအတွက် စိတ်ပူနေရင် ကျွန်မကို ကာကွယ်ပေးဖို့ တခြားသူကို ရှာပေးလေ၊ ဘယ်သူမဆို လုပ်နိုင်လိမ့်မယ်"

  လို့ရှီးယန်ရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းကို သူမ ခံစားသိမြင်နိုင်ပေမယ့် သူမက ထိမိတာနဲ့ ကွဲကြေသွားမယ့် ကြွေရုပ်လေးတစ်ရုပ်တော့ မဟုတ်ပါဘူး။ ကြာပန်းရေကန်က ကိစ္စက တကယ်တော့ သူမရဲ့ ပေါ့ဆမှုပါပဲ။ သူမက ခေတ်မှီသူတစ်ယောက်အနေနဲ့ သူမရဲ့ အတွေးအချို့ကို မပြောင်းလဲနိုင်သေးပါဘူး။ မောင်းမဆောင်က အမျိုးသမီးတွေ ဘာတွေတွေးနေလဲ ဆိုတာကို သူမ နားမလည်နိုင်သလို နားလည်ဖို့လည်း မကြိုးစားခဲ့ပေ။ ဒါပေမယ့် အခု သူမ နားလည်သွားခဲ့ပြီ ဖြစ်တာကြောင့် အချိန်တိုင်း ပို၍ သတိထားရတော့မည်ကို သူမ သဘောပေါက်နေခဲ့ပြီပင်။

  "ချင်းအာ၊ နောက်ဆုံးအကြိမ်ကလို ကြောက်စရာကောင်းတာကြီးက အဲ့တစ်ကြိမ်နဲ့ပဲ လုံလောက်နေပြီ၊ ဒုတိယတခေါက်ရှိလာမှာကို ကိုယ် လုံးဝ သည်းမခံနိုင်ဘူး၊ ပြီးတော့ ကိုယ့်မှာ ကိုယ့်ကိုကာကွယ်ပေးနိုင်တဲ့သူတွေ အများကြီးရှိတယ်။ သာမန်အချိန်တွေမှာ မော့ဘိုင်ကို မလိုအပ်ဘူး၊ ကိုယ် မင်းအနားမှာ အမြဲတမ်း မနေပေးနိုင်နေသ‌ရွေ့ ကိုယ်​ မင်းကို အချိန်​တိုင်း စိုးရိမ်​​နေရမှာ၊ မော့ဘိုင် မင်းရဲ့အနားမှာရှိ​နေမှ ကိုယ် နည်းနည်းပိုပြီး သက်တောင့် သက်သာဖြစ်နေမှာ ဟုတ်ပြီလား?"

  သူမခါးပတ်ပတ်လည်က လက်တွေက ပိုမို တင်းကြပ်လာပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ကြသည်။ ကျွော့ချင်းက သူမနှလုံးခုန်နှုန်းက ယခင်ကထက် ပိုမြန်လာသည်ကို ခံစားလိုက်ရသည်။ ကျွော့ချင်းက သူမ၏ ငြင်းဆန်ချင်နေသော စကားလုံးများကို မျိုချလိုက်ပြီး "ကောင်းပြီ"ဟုသာ ပြုံးပြီး ပြန်ပြောလိုက်သည်။

  သူခန္ဓာကိုယ်က ပိန်ပါးပြီး ကြွက်သားများ မရှိသော်လည်း သူမကို လုံခြုံသည်ဟု ခံစားရစေသည်။ သူ့၏ ထွေးပွေ့မှုကို ခံစားရန် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားသော ကျွော့ချင်းက ရုတ်တရက် တစ်ခုခုကို တွေးမိတာကြေင့် မျက်လုံးကို ပြန်ဖွင့်ကာ "ကျွန်မမှာ တောင်းဆိုစရာ တစ်ခုရှိတယ်၊ အရမ်း အရေးကြီးတယ်!"

  လို့ရှီးယန်က အနည်းငယ် လန့်သွားပြီး "ဘာလဲ?"

  "မင်္ဂလာဝတ်စုံနဲ့ ဖီးနစ်သရဖူပုံစံကို ကျွန်မ ရွေးလို့ရမလား"

ထိုနေ့တွင် သူမက စကတ်သုံးလွှာကို ၀တ်ဆင်ထားခဲ့ရတာတောင် အသက်ရှုမဝလုနီးပါး ဖြစ်နေခဲ့သည်။ လို့ရှီးဝူ ပြောပြတာက တော်ဝင်မိသားစုမှ မင်္ဂလာဝတ်စုံက ခုနစ်လွှာဖြစ်ပြီး လို့မိသားစုက တော်ဝင်မိသားစု မဟုတ်သော်လည်း အနည်းဆုံး ခြောက်လွှာရှိမည်ဖြစ်သည်။ အဲဒါက သူမကို သေတဲ့အထိ နှိပ်စက်နေတာ မဟုတ်ဘူးလား??

  "ဒါပဲလား?" လို့ရှီးယန်တစ်ယောက်ကတော့ ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး။

  "အင်း" ကျွော့ချင်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူမရဲ့မင်္ဂလာဆောင်နဲ့ ပတ်သတ်ရင်တော့ ဒီကိစ္စက အရမ်း အရမ်းကို အရေးကြီးတယ်။

  လို့ရှီးယန်က ရယ်မောလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ပြန်ဆွဲယူကာ တစ်ဖန် ပြန်လည် ပွေ့ဖက်ထားလိုက်ရင်း "သခင်မ ဘာပဲပြောပြော ဖြစ်အောင်လုပ်ပေးမယ်!"

****

  ခမ်းနားပြီး လှပသော အတွင်းဆောင်က မွှေးရနံ့များဖြင့် ပြည့်နှက်နေသင့်သော်လည်း ကံမကောင်းစွာဖြင့် အခန်းထဲတွင် ပြည့်လျှံနေသော သွေးနံ့များက ပြင်းထန်လွန်းလှသည်။ ကြမ်းပြင်ပေါ်ရှိ သွေးများက လုံးဝ ခြောက်သွေ့မသွားသေးဘဲ ပန်းရောင်ဖျော့ဖျော့ မွေ့ယာတွင် သွေးများ စွန်းထင်းနေသည်။ ကုတင်ပေါ်ရှိ အမျိုးသမီး၏အဝတ်အစားများက ပြေကျနေကာ သေချာစွာ စစ်ဆေးပြီးနောက်တွင် သူမ၏ချောမွေ့သော အရေပြားပေါ်တွင် မည်သည့် ဒဏ်ရာမှ မရှိဘဲ သူမ၏ ဘယ်ဘက်ရင်အုံ အောက်ဘက်စွန်းတွင်သာ အနီရောင် မျဉ်းလေးတစ်ကြောင်းကို တွေ့ရှိခဲ့ရသည်။ ပါးလွှာသော အနီရောင်မျဉ်းက အရေပြားကို ညင်သာစွာခွဲထားသော သုံးလက်မခန့်ရှည်သော ဓားဒဏ်ရာဖြစ်ကာ အလွန်သပ်ရပ်ပြီး သွေးများ စီးကျနေခဲ့ပုံရကာ အခုအချိန်တွင် ခန်းခြောက်နေခဲ့ပြီ ဖြစ်သည်။

  ရှန်ယုလန်က သူမ၏ ဘယ်ဘက်ရင်အုံကို အနည်းငယ် ဖိကြည့်လိုက်ရာ အခေါင်းပေါက်တစ်ခုရှိနေပြီး ဤအလောင်း၏နှလုံးက ပျောက်ဆုံးနေခဲ့သည်။

  လူသတ်ဓားက အလွန်တိကျလွန်းလှပြီး သေဆုံးသူ၏ရုပ်အလောင်းတွင် ချည်နှောင်ထားသည့် လက္ခဏာ သို့မဟုတ် ရုန်းကန်ထားသည့်လက္ခဏာများ မတွေ့ရပေ။ မျက်လုံးများပွင့်နေပြီး ပါးစပ်အနည်းငယ် ဟနေကာ မျက်နှာအမူအရာမှာ အလွန်ထိတ်လန့်နေပုံရသည်။ သို့သော် ရုန်းကန်နေသည့်အမူအရာလဲ မရှိပေ!

သူမ ဘာလို့ မရုန်းကန်ခဲ့တာလဲ??? ဒါပေမယ့် ထိတ်လန့်နေတဲ့ အမူအရာကရော... သူမ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာမျိုးကို တွေ့ခဲ့တာလဲ???

  တံခါးမင်းတုံးကို စစ်ဆေးပြီးနောက် လုကျင်းက အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်ကာ ရှန်ယုလန်၏နောက်သို့ လျှောက်သွားပြီး အသံခပ်အုပ်အုပ်နဲ့ "လူကြီးမင်း၊ တံခါးသော့က မပျက်စီးသွားဘူး၊ တခြား သဲလွန်စတွေလည်း ကျန်မနေခဲ့ဘူး"

  လုကျင်းက ကုတင်ပေါ်မှ ခန္ဓာကိုယ်ကို ထပ်ငုံ့ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ယမ်းကာ သက်ပြင်းချလိုက်မိသည်။ "ဘယ်ဘက်ရင်ဘတ်ကလွဲလို့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ဒဏ်ရာ မရှိဘူး၊ တံခါးကလည်း သော့ခတ်ထားတယ်။ ခန္ဓာကိုယ်က နှလုံးတစ်ခုပဲ ပျောက်သွားတယ်။ အရင်က ဖြစ်ရပ်နှစ်ခုနဲ့ အတိအကျ နီးပါး တူညီနေတယ်၊ ဒါက လွန်ခဲ့တဲ့ နှစ်လအတွင်း တတိယမြောက် နှလုံးဖောက်ထုတ်ခံရတဲ့ ကိစ္စဖြစ်နေပြီး သေဆုံးသူတွေ အားလုံးက နာမည်ကြီးမိသားစုတွေနဲ့ ဆွေတော်မျိုးတော်မိသားစုတွေက သမီးပျိုလေးတွေ ဖြစ်နေတယ်၊ အခုတစ်ကြိမ်ကတော့ တကယ်ကိုပဲ အန်းနင်မင်းသမီး ဖြစ်နေတယ်"

  တစ်ဖက်တွင် လက်ပိုက်ရပ်နေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား၏ ငယ်ရွယ်သော မျက်နှာတွင် ဒေါသများနှင့် ပြည့်နေပြီး "ပွဲတော် ကျင်းပမယ့်အချိန်က မကြာခင်ရောက် လာတော့မယ်၊ ဒီလို အချိန်မျိုးမှာ ဒီလိုကိစ္စမျိုးက တကယ်ဖြစ်လာတော့ ပိုဆိုးသွားပြီ၊ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ဧကရာဇ်မင်းမြတ်က ဒေါသထွက်လွန်းလို့ ဆောင့်ကန်ထုတ်လိုက်မယ်"

  သူပြောပြီးသည်နှင့် တပြိုင်နက် ရုံးတော်အစေခံတစ်ဦးက အပြေးရောက်လာပြီး တံခါးအပြင်ဘက်တွင် ရပ်နေကာ "လူကြီးမင်း၊ ဧကရာဇ်မင်းမြတ်က လူကြီးမင်း နန်းတော်ကို ချက်ခြင်းဝင်လာရမယ်လို့ အမိန့်တော်ရှိပါတယ်"

  လုကျင်းက သူ့ဘေးမှလူကို မျက်လုံးပြူးနဲ့ လှည့်ကြည့်လိုက်ပြီး "ကောင်းတယ်၊ ခွေးတစ်ကောင်ရဲ့ပါးစပ်ကနေ ဆင်စွယ်ကို ထွေးမထုတ်နိုင်ဘူး!"

(T/N: လူဆိုးရဲ့ပါးစပ်ကနေ စကားကောင်းမထွက်ဘဲ နမိတ် မကောင်းတဲ့ စကားမျိုးပဲ ထွက်တယ်လို့ပြောချင်တာပါ)

  ချန်ဟန့်က သူ့နှုတ်ခမ်းတွေကို ကောက်ကွေးပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ဒါက တိုက်ဆိုင်သွားမယ်လို့ ဘယ်သူက ကြိုသိမှာလဲ။ သူက ရှန်ယုလန်ကို သေသေချာချာ ကြည့်လိုက်တော့ ရှန်ယုလန်ရဲ့အမူအရာက အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ ချန်ဟန့်က သူ့ကို ကြည့်ပြီး တိတ်တဆိတ် သဘောကျနေခဲ့သည်။ လူကြီးမင်းကတော့ လူကြီးမင်းဖြစ်ဖို့ ထိုက်တန်ပါပေတယ်။

  လုကျင်းနှင့် ချန်ဟန့်တို့က ရှန်ယုလန်၏တပည့်များ ဖြစ်ကြပြီး လုကျင်းက တည်တည်ငြိမ်ငြိမ် စေ့စေ့စပ်စပ် တွေးခေါ်တတ်ပြီး အလောင်းခွဲစိတ်မှုတွင် ကျွမ်းကျင်မှုအချို့ရှိသည်။ ချန်ဟန့်က ပုံမှန်အချိန်များတွင် အနည်းငယ် ပျင်းရိနေတက်သော်လည်း အလုပ်လုပ်ရာတွင်တော့ အလွန်အားတက်သရောဖြင့် ဇွဲရှိရှိလုပ်ဆောင်လေ့ရှိသည်။ အခုကိစ္စက စုံစမ်းရန် ခက်ခဲ‌နေတာကြောင့် သူတို့ကို ပြန်ခေါ်ဆောင်ထားခြင်းဖြစ်သည်။

  "လုကျင်း၊ ချန်ဟန့်၊ ငါ ဒါကို မင်းတို့ဆီကို အပ်ခဲ့မယ်" သူတို့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကြောင့် ပြဿနာတစ်စုံတရာ ရှိလာမှာ မဟုတ်ပါဘူး။

  "ဟုတ်ကဲ့"

  ရှန်ယုလန်က သူ့လက်အိတ်ကို ချွတ်ပြီး တံခါးကနေ လှမ်းထွက်လာခဲ့သည်။ လုကျင်းနှင့် ချန်ဟန့်တို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ နှစ်ယောက်သား စိုးရိမ်နေကြသည်။

****

  ဧကရာဇ်၏တော်ဝင်စာကြည့်ဆောင်ထဲတွင် ယန်းဟုန်ထျန်းက နဂါးပုလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့မျက်နှာက အုံ့မှိုင်းနေတာကြောင့် အခန်းထဲမှာနေတဲ့ အစေခံတွေအားလုံးက ကြမ်းပြင်ပေါ်ကို ခေါင်းငုံ့စိုက်ကြည့်နေကြပြီး အသက်တောင် ရဲရဲမရှုဝံ့ကြပါဘူး။ ရှန်ယုလန်က စာကြည့်ဆောင်ထဲသို့ လမ်းလျှောက်ဝင်လာနေပြီး ဧကရာဇ်က ဘာလို့ ဒီနေ့ သူ့ကို နန်းတော်ထဲကို လာဖို့ အမိန့်ပေးသည်ကို သူသိနေခဲ့သည်။

  "ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"

  မျှော်လင့်ထားတဲ့အတိုင်းပါပဲ ရှန်ယုလန် စကားမဆုံးခင်မှာဘဲ ယန်းဟုန်ထျန်းက သူ့ကို ပြန်မထခိုင်းဘဲ တင်းမာအေးစက်သောလေသံဖြင့် တိုက်ရိုက် မေးလာခဲ့သည်။ "နှလုံးဖောက်ထုတ်တဲ့ကိစ္စကို ဘယ်တော့ ဖြေရှင်းနိုင်မှာလဲ"

  ရှန်ယုလန်က ခဏတုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ဖြေလိုက်သည်။ "ဒီငယ်သားက မသိပါဘူး"

  "လုံးဝကို အသုံးမကျဘူး!" ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရှန်ယုလန်၏ခြေရင်းသို့ အနီရောင်လျှောက်တင်လွှာနှစ်ခု ရောက်ရှိလာခဲ့သည်။ ယန်းဟုန်ထျန်းက မတ်တပ်ထရပ်လိုက်ပြီး ရှန်ယုလန်ကို လက်ညှိုးထိုးကာ ဒေါသတကြီးနဲ့ "ရက်အနည်းငယ်အတွင်းမှာ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေက သူတို့ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းလွန်းလို့ နေမကောင်းဖြစ်နေကြတယ်။ အခုသူတို့က ညီလာခံကို မလာနိုင်သလို ရုံးတော်ရဲ့အလုပ်တာဝန်တွေကိုလည်း မထမ်းဆောင်နိုင်ကြတော့ဘူး။ ပွဲတော်အခမ်းအနားက မကြာခင် ကျင်းပတော့မယ်။ အခု သိပ်မကြာသေးဘဲ မြို့တော်မှာ ဒီလိုဖြစ်ရပ်မျိုးက အမှန်တကယ် ထပ်မံ ဖြစ်ပွားလာပြီး လူတွေကို ထိတ်လန့်စေခဲ့တယ်။ ချုံယွဲ့ရဲ့မျက်နှာကို ဘယ်နားသွားထားရမှာလဲ"

ဒေါသတကြီး အော်ဟစ်နေသောအသံက တော်ဝင်စာကြည့်ဆောင်မှာ ပဲ့တင်ထပ်နေပြီး မိန်းမစိုးများနှင့် အစေခံများအားလုံးက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေကြသည်။

  ရှန်ယုလန်က ခေါင်းငုံ့မတ်တပ်ရပ်ကာ အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းမှုများကို ရင်ဆိုင်နေရသော်လည်း သူ့တွင် ခုခံရန် အကြောင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။ နှစ်လရှိပြီဖြစ်ပေမယ့် အသုံးဝင်သော သဲလွန်စများ မတွေ့ရှိသေးပေ။ လူသတ်သမားက ရာဇဝ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး သူကတော့ တရားစီရင်ရေးအရာရှိအနေနဲ့ တာဝန်ဝတ္တရားများကို ပျက်ကွက်နေခဲ့သည်။

  သူ လိုချင်နေတာကလည်း ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပါပဲ၊ အခုအချိန်မှာတော့ တိတ်ဆိတ်နေခြင်းက သူလုပ်နိုင်တဲ့ နောက်ဆုံးအရာပါပဲ၊ ဒေါသထွက်နေတဲ့ ယန်းဟုန်ထျန်းက ပြန်ထိုင်လိုက်ပြီး ရှန်ယုလန်ကို ထပ်မကြည့်တော့ပဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။ "မောင်မင်း ဘာပဲလုပ်လုပ် ဘယ်လိုနည်းပဲသုံးသုံး ဒီအမှုကို ဖြေရှင်းဖို့ ကျန်း မောင်မင်းကို တစ်လ အချိန်ပေးမယ်။ တစ်လအတွင်း ဒီအမှုကို မဖြေရှင်းနိုင်ရင် မောင်မင်း ရာဇဝတ်မှုတွေအတွက် တရားသူကြီးချုပ် လုပ်မနေနဲ့တော့။ မောင်မင်းဘာသာ ရာထူးကနေ နူတ်ထွက်ပြီး ထောင်ဒဏ် ၃နှစ်ကျခံလိုက်!"

  "ဒီငယ်သားက အမိန့်တော်ကို လက်ခံပါတယ်" ရှန်ယုလန်က အကြောင်းပြချက်မပေးဘဲ မဆိုင်းမတွ တည်ငြိမ်စွာ လက်ခံလိုက်သည်။

  သူ့အမူအရာက ယန်းဟုန်ထျန်း၏ဒေါသကို အနည်းငယ်လျော့သွားစေပြီး သူ့အတွက် ခက်ခဲစေမည့်အရာများကို မပြုလုပ်ချင်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းရင်း စိတ်မရှည်စွာနဲ့ "ထွက်သွား"

  ရှန်ယုလန်က ပြန်လှည့်ထွက်သွားသော်လည်း သူ့၏မျက်နှာက ယခင်ကကဲ့သို့ တင်းမာနေသည်။

***

ရက်ပေါင်းများစွာ အိပ်ယာပေါ်မှာ လဲလျောင်းနေပြီးနောက် နောက်ဆုံးမှာတော့ ကျွော့ချင်းက ​​အိပ်ရာကနေ ထပြီး လမ်းလျှောက်နိုင်ခဲ့သည်။ အရင်နေတွေတုန်းက လို့ရှီးဝူက ၀တ်စားဆင်ယင်မှုပုံစံတွေနဲ့ ဖီးနစ်သရဖူနဲ့ပတ်သတ်တဲ့အကြောင်းကို ပြောဆိုဖို့ မနက်တိုင်း သူမနဲ့ စကားစမြည်ပြောဖို့ ရောက်လာလေ့ရှိသည်။ ဒီနေတော့ ညနေစောင်းနေတာတောင် သူမ၏အရိပ်ကို မတွေ့ရသေးပေ။ ကျွော့ချင်းက ပျင်းနေပြီး ဘာလုပ်ရမှန်း မသိတာကြောင့် သူမကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

  လန်ယွဲ့အဆောင်မှ ထွက်လာသည်နှင့် တပြိုင်နက် ကျင်းစနှင့် အစောင့်အကြပ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူနှစ်ဆယ်ခန့်က တစ်စုံတစ်ခုအကြောင်း ပြောနေသည်ကို တွေ့လိုက်ရသည်။ ခဏကြာပြီးနောက် သူတို့က အုပ်စုနှစ်စုခွဲကာ လမ်းကြောင်းနှစ်သွယ်ဖြင့် လှည့်ပတ်သွားလာနေပုံရသည်။

  ဒါပေမယ့် ဝန်ကြီးချုပ်အိမ်တော်မှာ ဒီလိုကင်းလှည့်နေတဲ့ အစောင့်တွေ ဘယ်တုန်းကမှ မရှိခဲ့ဘူး မဟုတ်လား။ ကျွော့ချင်းက စိတ်ဝင်တစားနဲ့ ရှေ့ကို တိုးသွားလိုက်ပြီး "ကျင်းစ၊ သူတို့ ဘာလုပ်နေကြတာလဲ"

  မင်္ဂလာဆောင်ဖိတ်စာများ ပေးဝေပြီးဖြစ်တာကြောင့် ကျွော့ချင်းနှင့် လို့ရှီးယန်တို့၏ လက်ထပ်ပွဲသတင်းက မြို့တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး ကျွော့ချင်းက ဝန်ကြီးချုပ်အိမ်တော်၏ သခင်မဖြစ်လာမှာ သေချာနေသည်။ ကျင်းစက ဤသခင်မအသစ်ကို ကြိုက်လား မကြိုက်လား ဘယ်သူမှ မပြောနိုင်ပေမယ့် သူမက သိပ်မကြာခင် သူ့သခင်၏ဇနီးဖြစ်လာတော့မည် ဖြစ်သောကြောင့် သူမ အပေါ်ထားတဲ့ ကျင်းစရဲ့သဘောထားက ပိုပြီး လေးစားပုံပေါ်လာခဲ့သည်။ "သခင်မလေး၊ အခမ်းအနားက မကြာခင် ရောက်လာပါတော့မယ်၊ မြို့တော်မှာ လူတွေ ပိုများလာပါမယ်၊ အဲ့တာကြောင့် ဝန်ကြီးချုပ်အိမ်တော်ရဲ့လုံခြုံရေးအတွက် သခင်က စိတ်ပူနေတယ်"

ကျင်းစ၏ အပြောင်းအလဲကို အနည်းငယ် ကျင့်သားမရဖြစ်နေသေးသော်လည်း ကျွော့ချင်းက ပြုံးလိုက်ပြီး "ကောင်းပြီ၊ ငါ နားလည်ပါပြီ၊ ဒါဆို မင်း အလုပ်များသွားရပြီ၊ မင်းအလုပ်ကို မင်းဆက်လုပ်ပါ၊ "

  သာလွန်မှုနှင့် နိမ့်ကျမှုများကိုခွဲခြားတက်သော ရှေးခေတ်အယူအဆကို သူမ လိုက်လျောညီထွေ မနေနိုင်သေးပေ။ သူမအတွက်တော့ သူမကို အမြဲဒုက္ခပေးနေခဲ့သော ရွှယ်ရှန်းရှင်းပင်လျှင် ယခုကာလအတွင်း သူမကို အံ့ဩစရာကောင်းလောက်အောင် ကြင်ကြင်နာနာ ဆက်ဆံနေခဲ့သည်။ သူမကို မြင်တိုင်း "လင်အာ" "လင်အာ"နဲ့ အော်ဟစ်နေတာကြောင့် သူမ တစ်ကိုယ်လုံးတောင် ယားယံလာသလို ခံစားနေခဲ့ရသည်။

  လို့ရှီးဝူ၏ ခြံဝင်းဆီသို့ လျှောက်လာရင်း ကျွော့ချင်းက သူမ အခုနမြင်လိုက်ရသော အစောင့်အဖွဲ့နှစ်ဖွဲ့သာမကဘဲ အခြားသော ကင်းလှည့်အစောင့်များစွာကိုလည်း အိမ်တော်ထဲတွင် တွေ့လိုက်ရသည်။ သူတို့က ရုတ်တရက် ပေါ်လာခဲ့တာကြောင့် အနည်းငယ် ထူးဆန်းနေသည်ဟု သူမ အမြဲတမ်း ခံစားနေရသည်။

 ကျွော့ချင်းက လို့ရှီးဝူ၏ ခြံဝင်းထဲသို့ ဝင်လိုက်ရာ လို့ရှီးဝူ၏အစေခံဆုအာက ကျွော့ချင်းကို ချက်ချင်း နှုတ်ဆက်လာခဲ့သည်။ ကျွော့ချင်းက အဆောင်ပုလေးထဲတွင် ထိုင်နေသော လို့ရှီးဝူကို မြင်လိုက်ရပြီး သူမက တစ်နေရာတည်းကို ကြောင်တောင်တောင် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ကျွော့ချင်းက သူမကို ကျီစယ်ချင်တာကြောင့် သူမနားကို တိတ်တိတ်လေးကပ်သွားပြီး ရုတ်တရက် ရယ်မောလိုက်ကာ "နင် ဘယ်သူအကြောင်းကို တွေးနေတာလဲ၊ အဲ့လိုတောင် ရူးသွပ်နေပြီလား!"

  လို့ရှီးဝူက ထိတ်လန့်သွားပုံပေါ်ပေမယ့် အရင်ကလို ပြန်မအော်ခဲ့ပေ။ သူမက သူမပါးပြင်ကို ပြန်ကိုင်ထားပြီး သူမ၏မျက်ဝန်းများတွင် မျက်ရည်စ အနည်းငယ် ရှိနေခဲ့သည်။

  ကလေးမလေးက တစ်ခုခုလွဲမှားနေတာကြောင့် ကျွော့ချင်းက သူမဘေးမှာ ဝင်ထိုင်လိုက်ပြီး "ဘာတွေ ဖြစ်နေတာလဲ?"

  "မနေ့ညက အန်းနင်မင်းသမီး အသတ်ခံရတာကို ငါ သိလိုက်ရတယ်။ သူ(မ)က ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားရတယ်၊ ငါတို့က ငယ်ငယ်တုန်းက အတူတူဆော့ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့လက သူ(မ)နဲ့ အထည်ဆိုင်မှာ တွေ့ခဲ့တယ်၊ အဲ့တာက ငါတို့နောက်ဆုံးတွေ့တာလို့ ဘယ်သူက မျှော်လင့်ထားမှာလဲ..."

သူမတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်မှာ လို့ရှီးဝူက သူမအတွက် ပိုးလက်ကိုင်ပုဝါတစ်ထည်ပေးမယ်လို့ သဘောတူထားခဲ့ပြီး ဒီနေ့မနက် ဆုအာကို သွားပို့ခိုင်းလိုက်ပေမယ့် ဒီရလဒ်ကို သူမ သိခဲ့ရသည်၊ လို့ရှီးဝူက မငိုဘဲ မနေနိုင်ခဲ့ပါဘူး။

  ထိုအခိုက်အတန့်တွင် သူမတို့နှစ်ယောက်က အနာဂတ်မှာ တွေဆုံဖို့ စောင့်မျှော်နေခဲ့ကြပေမယ့် နောက်အခိုက်အတန့်မှာ တစ်ယောက်က တစ်ယောက်ကို ခွဲခွာသွားခဲ့သည်။ ပိုဝမ်းနည်းစရာကောင်းတာက မမျှော်လင့်ဘဲ သေဆုံးသွားတာပါပဲ။ လူတွေကို မနှစ်သိမ့်တက်တဲ့ ကျွော့ချင်းက သူမရဲ့ပုခုံးကို ပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။ "အရမ်းဝမ်းမနည်းပါနဲ့၊ ရုံးတော်က အရာရှိတွေက သူ(မ)ကို သတ်တဲ့ လူသတ်သမားကို ရှာတွေ့မှာပါ၊ သူမကို မကျေနပ်မှုတွေနဲ့ မသေစေရပါဘူး"

 လို့ရှီးဝူက တိုးညှင်းစွာ  ငိုရှိုက်နေရင်း "အဲ့တစ်စုံတစ်ယောက်က လူဟုတ် မဟုတ်ဆိုတာကို ဘယ်သူက သိမှာလဲ"

  "နင် ဘာပြောလိုက်တာလဲ" ကျွော့ချင်းက သူမ နားကြားလွှဲတယ်ထင်လို့ ထက်မေးလိုက်ခြင်းပင်။

  လို့ရှီးဝူက ဆုအာပေးလာတဲ့ ပိုးလက်ကိုင်ပဝါကို လှမ်းယူလိုက်ပြီး သူမရဲ့ မျက်ရည်တွေကို သုတ်နေရင်း ကြောက်ရွံ့ထိတ်လန့်နေတဲ့ အသံ တိုးတိုးလေးနဲ့ ရှင်းပြလာခဲ့သည်။ "အခုမြို့တော်က လူတွေအားလုံး အထိတ်တလန့်ဖြစ်နေကြတယ်၊ အထူးသဖြင့် မင်းမျိုးမင်းနွယ်တွေနဲ့ ကျော်ကြားတဲ့ မိသားစုတွေပဲ၊ မိသားစုထဲမှာ မိန်းမပျိုလေးတွေ ရှိတဲ့အိမ်တိုင်းက မမျှော်လင့်ဘဲ ဆိုးဆိုးရွားရွား ဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ အသတ်ခံရတဲ့ မိန်းမပျိုလေးတွေက သုံးယောက်တောင်ရှိနေပြီ၊ သူ(မ)တို့ကို တွေ့တဲ့အချိန်မှာ သူ(မ)တို့အားလုံးက အိပ်ရာပေါ်မှာ ရှိနေကြပြီး ခုတင်ပေါ်မှာ သွေးတွေ ဖုံးလွှမ်းနေတယ်တဲ့၊ နှလုံးပျောက်ဆုံးနေတာကလွဲပြီး ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိဘူး တဲ့"

  "ဘာလဲ?" ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒဏ်ရာမရှိသော်လည်း နှလုံးသားကတော့ ပျောက်ကွယ်သွားတယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ၊ လူသတ်သမားရဲ့ စွမ်းရည်က အရမ်းကောင်းနေတာလား?? ဒါမှမဟုတ် လို့ရှီးဝူက အဲဒါကို သူများပြောတာ ကြားဖူးတာဆိုတော့ ကောလဟာလတွေလား?? ဒါပေမယ့် အနည်းဆုံးတော့ အဖြစ်အပျက်ပေါင်းများစွာကို အခြေခံကြည့်လျှင် မြင့်မြတ်သောမိသားစုများမှ သမီးပျိုများ အသတ်ခံခဲ့ရတာတော့ ဖြစ်နိုင်သည်။ ပြီးတော့ သတ်ဖြတ်သည့်နည်းလမ်းက ရက်စက်ကြမ်းကြုတ်ပြီး ကွင်းဆက်လူသတ်မှု ဖြစ်နိုင်ဖွယ်ရှိသည်။

  ဝန်ကြီးချုပ်အိမ်တော်၏လုံခြုံရေး ရုတ်တရက် တင်းကျပ်လာတာက အံ့သြစရာ မဟုတ်တော့ပါဘူး၊ ရှီးဝူကလည်း လူသတ်သမား၏ပစ်မှတ်ဖြစ်နိုင်သော အနေအထားတွင် ရှိနေသည်။

ဒါပေမယ့် လူသတ်သမားက မင်းမျိုးမင်းနွယ်က သမီးပျိုတွေကိုပဲ ပစ်မှတ်ထားနေတာလား?? ဒါမှမဟုတ် သူမတို့က လူသတ်စေချင်တဲ့ ရည်ရွယ်ချက်ကို ဖြစ်စေတာလား??? သူမတို့ရဲ့ကိုယ်ခန္ဓာမှာ တူညီတာ တစ်ခုခုရှိနေလို့လား???!

  ကျွော့ချင်း တွေးနေစဉ်တွင် လို့ရှီးဝူက ရုတ်တရက် သူမနားကို တိုးကပ်လာပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော အသံဖြင့် သူမနားထဲသို့ တိုးတိုးလေး ပြောလာသည်။ "သေသွားတဲ့ မိန်းခလေးတွေ အားလုံးက နှလုံးပဲ ပျောက်သွားပြီး တခြားဘာမှ မဖြစ်ဘူး၊ ဒါပေမယ့် သူတို့ရဲ့အိမ်တော်တွေမှာ လုံခြုံရေးက တင်းကျပ်ထားတက်တယ်။ နန်းတော်မှာဆိုရင် တော်ဝင်သက်တော်စောင့်တွေ စောင့်ကြပ်နေတာလေ၊ အဲ့တာတောင်မှ ထူးခြားတဲ့ တစ်စုံတစ်ခု မရှိဘဲ လူသတ်သမားက အန်းနင်မင်းသမီးရဲ့ နှလုံးကို ယူသွားပြီး သူ(မ)က သူမအခန်းထဲမှာ သေဆုံးနေသေးတယ်၊ အဲ့တာကြောင့် ကောလာဟလတွေ ရှိနေတာက အဲ့တာက လူမဟုတ်ဘဲ လူတွေရဲ့ နှလုံးသားကို ကိုက်စားတတ်တဲ့ နတ်ဆိုးတွေ သရဲတစ္ဆေတွေကြောင့်လို့ ပြောနေကြတယ်"

  ကျွော့ချင်းမျက်နှာမှာ ပျက်ရယ်ပြုမှုတွေ ပေါ်လာပြီး မထေမဲ့မြင်နဲ့ "ရယ်စရာကောင်းလိုက်တာ၊ ဘာ လူကို သတ်နိုင်တဲ့ နတ်ဆိုးလဲ?? ဘာသရဲတစ္ဆေလဲ?? လူသတ်နည်းတွေက အရမ်းရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းနေတာကြောင့်ရယ် လူသတ်သမားကို ရှာမတွေ့နိုင်သေးတာကြောင့်ရယ် တချို့လူတွေက လူအများထိတ်လန့်ကြောက်ရွံ့အောင် လုပ်ကြံဖန်တီးထားကြတာ"

 လို့ရှီးဝူက ကျွော့ချင်း၏ မျက်နှာကို အထင်ကြီးမှုအပြည့်ဖြင့် ကြည့်လိုက်ပြီး သူမပုခုံးကို တွန့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "နင် မကြောက်ဘူးလား"

သူမက နှလုံးသားကိုစားသော သရဲတစ္ဆေများကို မယုံသော်လည်း ထိုအသံကို ကြားလိုက်ရသောအခါ သူမ အလွန်ကြောက်လန့်နေသေးသည်။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ မရှိပေမယ့် နှလုံးက ပျောက်ဆုံးနေတယ်၊ ​​ဒါက ကြောက်ဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား??!

"နင်က ဘာကို ကြောက်နေတာလဲ" ကျွော့ချင်းက ရယ်နေပြီး "နင်က သရဲတစ္ဆေအကြောင်းပြောရင် ငါ မကြောက်ဘူး။ လောကကြီးမှာ တရားမျှတမှုရှိတယ်"

  ကျွော့ချင်း၏ မျက်ခုံးများက အနည်းငယ် ကြွတက်နေကာ သူမ၏ မျက်လုံးများတွင် စူးရှသော အရိပ်တစ်ခု တောက်ပနေပြီး သူမက အေးစက်စွာ ရယ်မောလိုက်သည်။ "လူသတ်သမားအကြောင်း ပြောရရင်တော့ နှလုံးသူခိုးက နှလုံးကို ထုတ်ဖို့ ဘယ်နည်းလမ်းကိုသုံးလဲဆိုတာ ငါ သိချင်တယ်၊ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်!"

  လူတွေရဲ့ နှလုံးသားကို အပြည့်အ၀ ခိုးယူနိုင်ဖို့ ဒီလူက ကြေးစားလူသတ်သမား ဒါမှမဟုတ် ဆရာဝန်တစ်ယောက်ပဲ ဖြစ်နိုင်တယ်။

  လို့ရှီးဝူက ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တကြားနဲ့ တံတွေးမျိုချလိုက်ပြီး နံဘေးသို့ အနည်းငယ်တိုးကာ ထိုင်ချလိုက်သည်။ တစ်ခါတစ်ရံတွင် သူမ၏ဤယောင်းမက အရမ်း ထူးဆန်းနေတက်သည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

(T/N: E-Transမှာပြောထာတာတော့ အန်းနင်မင်းသမီးက ယန်းရူရွယ်လိုမျိုး ကုန်းကျူမဟုတ်ဘဲ ကျွင်းကျုပါတဲ့၊ လက်ရှိဧကရာဇ်ရဲ့တိုက်ရိုက်ဆွေမျိုးမဟုတ်ဘဲ အနွယ်တော်ထဲက ဖြစ်နိုင်တယ်တဲ့၊ မင်းသမီးတွေ ဆိုပေမယ့် ဘွဲ့ကိုလိုက်ပြီး အဆင့်အတန်းခွဲတာမျိုးရှိတယ်တဲ့)

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၈၄ ၊ ၿမိဳ႕ေတာ္အႏွံအျပား ထိတ္လန႔္ၾကျခင္း

  က်ိဳက္ရွင္းအေဆာင္...

  ျပတင္းေပါက္အျပင္ဘက္တြင္ ေနေရာင္မ်ား လင္းလက္ေတာက္ပေနေသာ္လည္း ေကြၽာ့ခ်င္းက ကုတင္ေပၚတြင္ လဲေလ်ာင္းေနခဲ့သည္။ သူမရဲ႕ လက္ရွိစိတ္ခံစားခ်က္ေတြကို ဘယ္လိုေဖာ္ျပရမွန္းေတာင္ မသိေတာ့ပါဘူး။

  အိပ္ရာေဘးမွ လို႔ရွီးယန္က သူ႔လက္ထဲက ဇြန္းထဲမွာရွိေနတဲ့ ေဆးရည္ကို မပူေၾကာင္း ေသခ်ာေစၿပီးမွ သူမ ပါးစပ္နားဆီသို႔ ညင္ညင္သာသာ တိုးကပ္ေပးလိုက္သည္။ သူက သူမကို ခ်စ္ျမတ္ႏိုးတဲ့မ်က္လုံးေတြနဲ႔ စူးစိုက္ၾကည့္ေနတာေၾကာင့္ ေကြၽာ့ခ်င္းက ႏွလုံးသားထဲတြင္ ငိုေႂကြးေနေသာ္လည္း ပါးစပ္ကို ဖြင့္ကာ တ႐ုတ္တိုင္းရင္းေဆးရည္တစ္ဇြန္းကို မ်ိဳခ်လိုက္ရသည္။

  လို႔ရွီးယန္က သူမအေပၚ တကယ္ေကာင္းၿပီး သူမကို ေကာင္းမြန္စြာ ျပစုေပးေနေၾကာင္း သူမ သိသည္။ ယခုအခ်ိန္တြင္ သူက သူမကို ေဆးရည္တစ္ဇြန္းခ်င္း ဇြန္းျဖင့္ ၾကင္ၾကင္နာနာ တိုက္ေကြၽးေနၿပီး သူက ေတာ္ဝင္သမားေတာ္ကို အထူးေတာင္းဆိုထားေသာေၾကာင့္ ေဆးရည္က အထူးျပင္ဆင္ထားျခင္းျဖစ္ကာ အရမ္းခါးသက္ေနမည္ မဟုတ္ဟု ေျပာျပေနသည္။ သို႔ေသာ္ ေကြၽာ့ခ်င္းကဲ့သို႔ အေနာက္တိုင္းေဆးကိုသာ ေသာက္ဖူးသူတစ္ေယာက္အတြက္ေတာ့ ႐ူးသြပ္ခ်င္စရာေကာင္းေနေသးသည္။ သူမက သူ႔၏ဂ႐ုတစိုက္ ခြံေပးျခင္းကို ဆက္လက္ ခံစားခ်င္ေနေသးေသာ္လည္း ထိုေဆးကို ေသာက္ရသည္မွာ အဆင္မေျပလွေပ။ လို႔ရွီးယန္က ဇြန္းကို သူမဆီ ထပ္ေပးလာေသာအခါ ေကြၽာ့ခ်င္းက သူ႔လက္ထဲက ေဆးပန္းကန္လုံးကို လွမ္းယူလိုက္ၿပီး တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္ေတာ့သည္။

  နည္းနည္းပူၿပီး ခါးသက္တဲ့အရသာကို ရေနေပမယ့္ သူမက ေဝဒနာကို ေရရွည္ခံစားေနမည့္အစား ျမန္ျမန္ဆန္ဆန္သာ ရွင္းပစ္လိုက္ခ်င္သည္။ ေနာက္ဆုံးတြင္ ေကြၽာ့ခ်င္းက ေရဖန္ခြက္ႀကီးႏွစ္ခြက္ကို ေသာက္ၿပီးေနာက္ သူမ၏ပ်ိဳ႕အန္ခ်င္စိတ္ကို ထိန္းထားႏိုင္ခဲ့သည္။ လို႔ရွီးယန္က သူမကို ရယ္ခ်င္ေနေသာ မ်က္ႏွာျဖင့္ ကူကယ္ရာမဲ့စြာ ၾကည့္ေနေသာေၾကာင့္ ေကြၽာ့ခ်င္းက မျမင္ခ်င္ေယာင္ေဆာင္လိုက္ကာ "ဒီရက္ေတြမွာ ရွင္ အလုပ္ေတြ အရမ္းမ်ားေနတာ မဟုတ္ဘူးလား? အခုက်ေတာ့ ရွင္ အိမ္မွာ တစ္ေန႔လုံးေနဖို႔ အခ်ိန္ရွိေနတာလား?"

သူမက အိမ္မွာ သုံးရက္ေလာက္ လဲေလ်ာင္းေနခဲ့ရၿပီး သူကလည္း ႐ုံးေတာ္ကို လုံးဝ မသြားဘဲ သူမႏွင့္အတူ တစ္ခ်ိန္လုံး ရွိေနေပးခဲ့သည္။ တစ္ေန႔ သုံးႀကိမ္ေဆးေသာက္ရတဲ့ အခ်ိန္မွာလည္း အနားမွာ ရွိေနတာေၾကာင့္ သူမက ေဆးကို သြန္ပစ္ဖို႔ အခြင့္အေရး မရေတာ့ဘဲ နာနာခံခံနဲ႔ ေဆးေသာက္႐ုံသာ တက္ႏိုင္ေတာ့သည္။

  လို႔ရွီးယန္က သူမလက္ထဲမွ ေဆးပန္းကန္ကို ျပန္ယူလိုက္ၿပီး စားပြဲခုံပုေလးေပၚ လွမ္းတင္ေနရင္း ေက်ေက်နပ္နပ္ႀကီး ျပန္ေျဖလိုက္သည္။ "နာမက်န္းခြင့္တင္ထားတယ္"

  နာမက်န္းခြင့္တဲ့လား??? ေကြၽာ့ခ်င္းက ရယ္ေမာလိုက္ေပမယ့္ ထိုအေၾကာင္းကို ေနာက္ထပ္ေမးခြန္းေတြ ထပ္မေမးေတာ့ဘဲ အျခားကိစၥကိုသာ စိတ္အားထက္သန္စြာ ေမးလိုက္သည္။ "အဲဒီေန႔က ေတာ္ဝင္ဥယ်ာဥ္မွာ ရွင္ အေရွ႕နန္းေဆာင္ေရာ အေနာက္နန္းေဆာင္မယ္ေတာ္ မိဖုရားႀကီးနဲ႔ပါ ထိပ္တိုက္ ရင္ဆိုင္ခဲ့တယ္လို႔ ျပန္ၾကားရတယ္၊ ရွင္ ေဒါသထြက္ေနတာကို ကြၽန္မ မေတြ႕လိုက္ရတာ စိတ္မေကာင္းစရာပဲ"

  ရွီးဝူက လြန္ခဲ့သည့္ရက္အနည္းငယ္က သူမကို လာေတြ႕ခဲ့ၿပီး သူမ တက္တက္ႂကြႂကြ ေျပာသမွ်စကားမ်ားမွာ ထိုေန႔တြင္ လို႔ရွီးယန္က မည္မွ်ပင္ သတၱိရွိေနေၾကာင္း ေခ်ာေမာခန႔္ညားလြန္းေနေၾကာင္းသာ ျဖစ္ေနသည္။ ခ်ဲ႕ကားလြန္းေနတာမွ မသိလွ်င္ သူက နတ္ဆိုးတစ္စုႏွင့္ သူရဲေကာင္းဆန္ဆန္ ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့သည္ဟု ထင္မိသြားေစႏိုင္သည္။ သူမက လို႔ရွီးဝူ၏စကားအားလုံးကို မယုံေပမယ့္ ထိုေန႔တြင္ ရွီးယန္က ေဒါသထြက္ေနခဲ့ၿပီး ထိုေဒါသက မေသးငယ္ဘူး ဆိုတာကိုေတာ့ သူမ သိႏိုင္ခဲ့သည္။

  လို႔ရွီးယန္က အနည္းငယ္ ထိတ္လန႔္သြားၿပီး "မင္းက အဲ့ဒါကို မင္းျမင္ခ်င္ေနတာလား?"

  ေကြၽာ့ခ်င္းက တကယ္ကို ေခါင္းညိတ္ျပလိုက္ၿပီး ရယ္ေမာေနကာ "အဲ့ဒါက ကြၽန္မအတြက္ မဟုတ္ရင္ ကြၽန္မ အဲဒါကို အရမ္းစိတ္ဝင္စားနဲ႔ ၾကည့္ခ်င္ေနတုန္းပဲ"

လို႔ရွီးဝူက အရမ္းအံ့ၾသစရာေကာင္းတယ္လို႔ ျပန္ေျပာျပေအာင္လုပ္ခဲ့တာ ဘယ္သူလဲ။ အဲဒါက သူမရဲ႕စူးစမ္းခ်င္စိတ္ေတြကို အဆက္မျပတ္တိုးလာေစၿပီး စပ္စုခ်င္ေစတယ္။

  လို႔ရွီးယန္က ခ်က္ခ်င္းပင္ သူမ၏စကားမ်ားကို လ်စ္လ်ဴရႈလိုက္ၿပီး ေစာင္ကို ဆြဲယူကာ သူမကိုယ္ေပၚကို လႊမ္းၿခဳံေပးလိုက္ရင္း ႏူးညံေသာ အသံတိုးတိုးျဖင့္ "ခဏေလာက္ ထပ္ၿပီး အိပ္လိုက္ေနာ္"

  အခုက ေႏြရာသီေရာက္ေနၿပီ၊ ၿပီးေတာ့ သူမက အရမ္း ေပ်ာ့ညံ့ မေနပါဘူး။ ေကြၽာ့ခ်င္းက ေခါင္းကို ခါယမ္းလိုက္ၿပီး ေစာင္ကို ကုတင္အတြင္းပိုင္းသို႔ ပစ္ခ်လိုက္ကာ "အခု ရက္အနည္းငယ္ၾကာေနၿပီ၊ ကြၽန္မမွာလည္း ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္မႈအခ်ိဳ႕ ရွိပါတယ္၊ ကြၽန္မခႏၶာကိုယ္မွာ ထူးထူးျခားျခား တုံ႔ျပန္မႈမ်ိဳး မရွိေတာ့ဘူး၊ ေရနစ္တာရဲ႕ေနာက္ဆက္တြဲေရာဂါနဲ႔ ဆိုးက်ိဳးေတြ ထပ္မျဖစ္ႏိုင္ေတာ့ဘူး၊ စိတ္မပူပါနဲ႔"

 ေရနစ္ၿပီးေနာက္ လည္ေခ်ာင္းနာျခင္း၊ အဆုတ္အေအးမိျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းမ်ားက အလြယ္တကူ ျဖစ္ေပၚလာႏိုင္သည္ကို သူမ သိေသာေၾကာင့္ ယခုခတ္၏ကုသမႈမ်ားကို သူမပူးေပါင္းေဆာင္႐ြက္ေပးခဲ့သည္။ သို႔ေသာ္ ယခုအခါ ရက္ေပါင္းမ်ားစြာ ၾကာလာၿပီး သူမ၏ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနက တည္ၿငိမ္လာၿပီဟု ခံစားရေသာေၾကာင့္ ေကြၽာ့ခ်င္းက ကုတင္ေပၚမွာ ျပန္မလွဲေနခ်င္ေတာ့ဘူး။

  သူမ၏နဖူးမွ ေခြၽးပါးပါးတစ္လႊာကို ျမင္လိုက္ရတာေၾကာင့္ လို႔ရွီးယန္က သူမကို တြန္းအားထပ္မေပးေတာ့ဘဲ "ဒီရက္ပိုင္းမွာ မယ္ေတာ္ႀကီးေတြက မင္းကို နန္းေတာ္ထဲဝင္ဖို႔ အမိန႔္ေပးရင္ မင္း ဂ႐ုမစိုက္နဲ႔ေတာ့"

  ေကြၽာ့ခ်င္းက မ်က္ခုံးပင့္ကာ သူ႔ကို အနည္းငယ္ ၿပဳံးျပလိုက္ၿပီး "အဲ့ဒါက အမိန႔္ကို မေလးစားဘဲ အ႐ိုအေသမဲ့တယ္လို႔ မယူဆႏိုင္ဘူးလား?"

  "ကိုယ္တို႔ လက္မထပ္ရေသးခင္မွာ မင္းက အျပင္းဖ်ားေနလိမ့္မယ္။ အိပ္ရာထဲကေန လုံးဝ မထႏိုင္ဘူးဆိုေတာ့ မင္း နန္းေတာ္ထဲကို မဝင္ႏိုင္တာ သဘာဝက်တယ္"

လို႔ရွီးယန္က "အျပင္းဖ်ား" ဟူေသာ စကားလုံးကို တမင္တကာ အေလးေပး ေဖာ္ျပခဲ့သည္။

  ေကြၽာ့ခ်င္းက နားလည္စြာ ၿပဳံးလိုက္ၿပီး "ကြၽန္မ နားလည္ပါၿပီ!"

တကယ္‌ေတာ့ သူမကလည္း နန္းေတာ္ထဲကို ဝင္ခ်င္စိတ္ မရွိခဲ့ပါဘူး။ အခု ဒီလိုေတြ ျဖစ္ပ်က္ခဲ့တာေၾကာင့္ အဘြားအိုႏွစ္ေယာက္ကို ျပန္ေတြ႕တဲ့အခါ တည္ၿငိမ္ေနဖို႔က အရမ္းခက္ခဲတာေၾကာင့္ သူမတို႔ကို မေတြ႕တာက အေကာင္းဆုံးပါပဲ။

  လို႔ရွီးဝူက သူမနဲ႔ စကားေျပာတဲ့အခ်ိန္မွာ သူမ ေရထဲက်သြားတာေၾကာင့္ ခ်င္းဖုန႔္က မ်က္လုံးေတြ ေဖာေရာင္တဲ့အထိ ငိုေနတယ္ ေျပာခဲ့တာကို ျပန္ေတြးမိၿပီး ေကြၽာ့ခ်င္းက "ကြၽန္မ ေနေကာင္းတယ္လို႔ ခ်င္းဖုန႔္ဆီကို သတင္းပို႔ေပးလို႔ရမလား၊ သူ(မ) အရမ္းစိတ္ပူေနမွာကို စိုးရိမ္မိတယ္"

သူမက ခ်င္းဖုန႔္အေပၚ ညီအစ္မကဲ့သို႔ ခ်စ္ျခင္းေမတၱာႏွင့္ ခံစားခ်က္မ်ား မရွိေသာ္လည္း ခ်င္းဖုန႔္က သူမကို ႐ိုး႐ိုးသားသားဆက္ဆံခဲ့ၿပီး အဲ့တာက သူမကို စိတ္လႈပ္ရွားေစခဲ့သည္။ သူမက ဤခႏၶာကိုယ္ကို ပိုင္ဆိုင္ထားေသာေၾကာင့္ သူမက ခ်င္းဖုန႔္ကို သူမ၏ေဆြမ်ိဳးအျဖစ္ ဆက္ဆံရန္ ႀကိဳးစားသင့္သည္။

  "စိတ္မပူပါနဲ႔၊ ကိုယ္ သူ(မ)ကို သတင္းပို႔ၿပီးပါၿပီ"

အဲဒီေန႔က ၾကာပန္းေရကန္တစ္ဝိုက္မွာ ပရမ္းပတာျဖစ္ေနခဲ့ၿပီး သူလည္း အရမ္းစိုးရိမ္ေနခဲ့သည္။ ဒါေပမယ့္ ခ်င္းဖုန႔္ရဲ႕မ်က္လုံးေတြက ေအးစက္မႈနဲ႔ အမုန္းတရားေတြကိုေတာ့ သူ လ်စ္လ်ဴမရႈႏိုင္ခဲ့ပါဘူး။ ဒီမိန္းခေလးက ဘယ္ေတာ့မွ ဘယ္သူကမွ သူမကို အႏိုင္က်င့္ အရွက္ခြဲတာကို လက္ခံမွာ မဟုတ္ပါဘူး။ ေမာင္းမေဆာင္မွာဆိုရင္ေတာ့ သူမရဲ႕စိတ္ေနစိတ္ထားနဲ႔ဆိုရင္ တျခားသူေတြက သူမကို ေျခေထာက္နဲ႔ နင္းေခ်တာပဲျဖစ္ျဖစ္ သူမက သူမ်ား ေျခေထာက္ကို အပိုင္းပိုင္း ျပန္႐ိုက္ခ်ိဳးတာပဲျဖစ္ျဖစ္ ႏွစ္ခုစလုံးက အေျခအေန မေကာင္းပါဘူး။

  ေကြၽာ့ခ်င္းက လို႔ရွီးယန္ ေတြးေနပုံကို မသိတာေၾကာင့္ ယခု သူမ စိုးရိမ္ေနသည့္ ေနာက္ထပ္ ေမးခြန္းတစ္ခုကို ထပ္ေမးလိုက္သည္။ "ဘယ္သူက ကြၽန္မကို သတ္ခ်င္ေနလဲဆိုတာ ရွင္ သိၿပီးၿပီလား"

  လို႔ရွီးယန္က အံ့အားသင့္သြားၿပီး "မင္း သိတယ္လား"

သူက သူမ ေရမကူးႏိုင္တာေၾကာင့္ ေရထဲျပဳတ္က်ၿပီးေနာက္ ကေမာက္ကမျဖစ္ေနတယ္လို႔ အၿမဲ ထင္ထားခဲ့ေပမယ့္ အခုေတာ့ သူမက သိေနခဲ့သည္။

  ေကြၽာ့ခ်င္းက ထိုေန႔က ေရထဲမွ တိုက္ပြဲအေၾကာင္းကို ျပန္ေတြးရင္း ေခါင္းညိတ္ျပလိုက္ကာ သူမ၏ မ်က္ႏွာက အနည္းငယ္ ေအးစက္သြားခဲ့သည္။ "တကယ္ေတာ့ ကြၽန္မ ေရကူးႏိုင္တယ္၊ ကြၽန္မ ေရေအာက္ထဲကို ဆင္းၿပီး ေရကန္ေအာက္ေျခက သစ္သားေတြကို ၾကည့္ခဲ့ေသးတယ္၊ ၿပိဳက်ပ်က္စီးရေလာက္တဲ့အထိ မေဆြးေနေသးဘူး၊ ၿပီးေတာ့ ကြၽန္မက ေရေအာက္ကို တြန္းခ်ခံရၿပီး ေရနစ္ခံရတာေၾကာင့္ လူသတ္မႈလို႔ ေကာက္ခ်က္ခ်ဖို႔ လုံေလာက္ေနၿပီ။ လူသတ္သမားက သူ(မ)လို႔ ထင္ေနေပမယ့္ သက္ေသမရွိဘူး"

  "ေလာေလာဆယ္ေတာ့ သူ(မ) ဟုတ္ မဟုတ္ မေသခ်ာေသးဘူး၊ ဒါေပမယ့္ ကိုယ္ ဒီကိစၥကို လုံးဝ လႊတ္မေပးဘူး။ မင္းက ေကာင္းေကာင္း အနားယူေနာ္၊ မင္း စိတ္ပူစရာ မလိုေတာ့ဘူး"

ေရထဲ တြန္းခ်ခံရတယ္လို႔ သူမ ေျပာတာကို ၾကားလိုက္ခ်ိန္မွာေတာ့ လို႔ရွီးယန္၏ႏွလုံးသားက တစ္ဖန္ကြဲေၾကသြားခဲ့ရျပန္သည္။ အဲ့အခ်ိန္မွာ သူမ ဘယ္ေလာက္ ထိတ္လန႔္ၿပီး အားကိုးရာမဲ့ ျဖစ္ေနလိမ့္မလဲ??

လို႔ရွီးယန္က ေကြၽာ့ခ်င္းကို သူ႔ရင္ခြင္ထဲကို ညင္သာစြာ ဆြဲယူေပြ႕ဖက္ထားလိုက္ၿပီး သူမ၏ႏူးညံေပ်ာ့ေပ်ာင္းေသာ ဆံပင္မ်ားကို ပြတ္သပ္ေနကာ သူမကို ေခ်ာ့ျမဴေပးေနခဲ့ၿပီး တစ္ခ်ိန္တည္းမွာ သူ႔ကိုယ္သူ ျပန္ႏွစ္သိမ့္ေနခဲ့သည္။ အဲ့အခ်ိန္က သူသာ ေတာ္ဝင္ဥယ်ာဥ္သိူ႔ မသြားခဲ့လွ်င္၊ ဒါမွမဟုတ္ သူ႔ေဘးမွာ ေမာ့ဘိုင္သာ အတူမရွိခဲ့လွ်င္ အက်ိဳးဆက္မ်ားက မည္ကဲ့သို႔ ျဖစ္လာႏိုင္မလဲ?? သူက သူမကို ထာဝရ ဆုံးရႈံးသြားေပလိမ့္မည္။ သူ႔လက္မ်ားက မသိစိတ္ေၾကာင့္ တျဖည္းျဖည္း တင္းက်ပ္လာၿပီး ယခုအခ်ိန္တြင္ သူမ၏ ပူေႏြးေသာခႏၶာကိုယ္ အေႏြးဓာတ္ကသာ သူ႔ႏွလုံးသားကို ၿငိမ္သက္သြားေစႏိုင္ခဲ့သည္။

  လို႔ရွီးယန္၏ ေပြ႕ဖက္ျခင္းကို ႐ုတ္တရက္ ခံလိုက္ရတာေၾကာင့္ ေကြၽာ့ခ်င္းက တခဏတာမွ် အံ့အားသင့္သြားခဲ့ရေသာ္လည္း သူက သူမအတြက္ စိတ္မေကာင္း ျဖစ္ေနေၾကာင္း နားလည္လိုက္သည္။ ေကြၽာ့ခ်င္းက သူမမ်က္ႏွာကို သူ႔ပခုံးေပၚ ညင္သာစြာ ေမွာက္ခ်လိုက္ၿပီး သူမလက္ကို ဆန႔္တန္းကာ သူ႔ကို တင္းတင္းက်ပ္က်ပ္ ျပန္ေပြ႕ဖက္လိုက္ၿပီး သူ႔နား႐ြက္နားကို ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။ "ကြၽန္မ တကယ္ အဆင္ေျပပါတယ္"

သူမ၏ႏူးညံ့ေသာအသံတိုးတိုးေလးက သူ႔ႏွလုံးသားကို အမွန္တကယ္ ေအးခ်မ္းသြားေစခဲ့သည္။ သူက သူမကို သူ႔ရင္ခြင္ထဲမွာ ဒီလိုမ်ိဳးေပြ႕ဖက္ထားၿပီး ကာကြယ္ေစာင့္ေရွာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ေပမယ့္ တကယ္တမ္းေတာ့ မျဖစ္ႏိုင္ပါဘူး။ လို႔ရွီးယန္က သူမ၏ဆံပင္မ်ားကို ညင္သာစြာ ပြတ္သပ္ေပးေနရင္း သက္ျပင္းတိုေလးတစ္ခု ခ်လိုက္မိသည္။ "အခုက စၿပီး ေမာ့ဘိုင္က မင္းကို တိတ္တဆိတ္ ကာကြယ္ေပးလိမ့္မယ္၊ ဟုတ္ၿပီလား?"

  "မရဘူး" ေကြၽာ့ခ်င္း ႐ုတ္တရက္ ကိုယ္ကို ျပန္မတ္လိုက္ၿပီး ခ်က္ခ်င္း ျငင္းဆန္ဖို႔ အစျပဳလိုက္သည္။

  လို႔ရွီးယန္က သူမက လြတ္လပ္မႈကို ႏွစ္သက္ၿပီး ထိန္းခ်ဳပ္ခံရတာကို မႀကိဳက္ေၾကာင္း သိေပမယ့္ သူမ ဒီေလာက္အထိ စိတ္ပိုင္းျဖတ္ထားမယ္လို႔ေတာ့ သူ မေမွ်ာ္လင့္ထားပါဘူး။ လို႔ရွီးယန္က သူမပါးျပင္ကို ညင္သာစြာ ပြတ္သပ္ေနရင္း သူမကို ေခ်ာ့ေမာ့ရွင္းျပေနခဲ့သည္။ "သူက မင္းကို တားမွာ မဟုတ္ပါဘူး။ မင္း ဘယ္ေနရာကို မဆို မင္းႀကိဳက္သလို လြတ္လြတ္လပ္လပ္ သြားလို႔ရတယ္၊ သူက ေအးေအးေဆးေဆးေနၿပီး မင္းရဲ႕ လုံၿခဳံေရးကိုပဲ ကာကြယ္ေပးလိုက္မယ္"

  ေကြၽာ့ခ်င္းက ၿပဳံးၿပီး ျပန္ေျပာလိုက္သည္။ "အဲဒါေၾကာင့္ မဟုတ္ပါဘူး၊ သူက ရွင့္ရဲ႕သက္ေတာ္ေစာင့္ေလ၊ ရွင့္ရဲ႕လုံၿခဳံေရးကို သူ ကာကြယ္ေပးေနရင္ ကြၽန္မကို ပိုၿပီးသက္ေတာင့္သက္သာ ခံစားရေစတယ္။ ရွင္က ဝန္ႀကီးခ်ဳပ္ဆိုေတာ့ ရွင္က ကြၽန္မထက္ပိုၿပီး အႏၲရာယ္ရွိေနႏိုင္တယ္၊ ရွင္ ကြၽန္မအတြက္ စိတ္ပူေနရင္ ကြၽန္မကို ကာကြယ္ေပးဖို႔ တျခားသူကို ရွာေပးေလ၊ ဘယ္သူမဆို လုပ္ႏိုင္လိမ့္မယ္"

  လို႔ရွီးယန္ရဲ႕ ဂ႐ုစိုက္မႈနဲ႔ ခ်စ္ျခင္းကို သူမ ခံစားသိျမင္ႏိုင္ေပမယ့္ သူမက ထိမိတာနဲ႔ ကြဲေၾကသြားမယ့္ ေႂကြ႐ုပ္ေလးတစ္႐ုပ္ေတာ့ မဟုတ္ပါဘူး။ ၾကာပန္းေရကန္က ကိစၥက တကယ္ေတာ့ သူမရဲ႕ ေပါ့ဆမႈပါပဲ။ သူမက ေခတ္မွီသူတစ္ေယာက္အေနနဲ႔ သူမရဲ႕ အေတြးအခ်ိဳ႕ကို မေျပာင္းလဲႏိုင္ေသးပါဘူး။ ေမာင္းမေဆာင္က အမ်ိဳးသမီးေတြ ဘာေတြေတြးေနလဲ ဆိုတာကို သူမ နားမလည္ႏိုင္သလို နားလည္ဖို႔လည္း မႀကိဳးစားခဲ့ေပ။ ဒါေပမယ့္ အခု သူမ နားလည္သြားခဲ့ၿပီ ျဖစ္တာေၾကာင့္ အခ်ိန္တိုင္း ပို၍ သတိထားရေတာ့မည္ကို သူမ သေဘာေပါက္ေနခဲ့ၿပီပင္။

  "ခ်င္းအာ၊ ေနာက္ဆုံးအႀကိမ္ကလို ေၾကာက္စရာေကာင္းတာႀကီးက အဲ့တစ္ႀကိမ္နဲ႔ပဲ လုံေလာက္ေနၿပီ၊ ဒုတိယတေခါက္ရွိလာမွာကို ကိုယ္ လုံးဝ သည္းမခံႏိုင္ဘူး၊ ၿပီးေတာ့ ကိုယ့္မွာ ကိုယ့္ကိုကာကြယ္ေပးႏိုင္တဲ့သူေတြ အမ်ားႀကီးရွိတယ္။ သာမန္အခ်ိန္ေတြမွာ ေမာ့ဘိုင္ကို မလိုအပ္ဘူး၊ ကိုယ္ မင္းအနားမွာ အၿမဲတမ္း မေနေပးႏိုင္ေနသ‌ေ႐ြ႕ ကိုယ္​ မင္းကို အခ်ိန္​တိုင္း စိုးရိမ္​​ေနရမွာ၊ ေမာ့ဘိုင္ မင္းရဲ႕အနားမွာရွိ​ေနမွ ကိုယ္ နည္းနည္းပိုၿပီး သက္ေတာင့္ သက္သာျဖစ္ေနမွာ ဟုတ္ၿပီလား?"

  သူမခါးပတ္ပတ္လည္က လက္ေတြက ပိုမို တင္းၾကပ္လာၿပီး ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားလိုက္ၾကသည္။ ေကြၽာ့ခ်င္းက သူမႏွလုံးခုန္ႏႈန္းက ယခင္ကထက္ ပိုျမန္လာသည္ကို ခံစားလိုက္ရသည္။ ေကြၽာ့ခ်င္းက သူမ၏ ျငင္းဆန္ခ်င္ေနေသာ စကားလုံးမ်ားကို မ်ိဳခ်လိုက္ၿပီး "ေကာင္းၿပီ"ဟုသာ ၿပဳံးၿပီး ျပန္ေျပာလိုက္သည္။

  သူခႏၶာကိုယ္က ပိန္ပါးၿပီး ႂကြက္သားမ်ား မရွိေသာ္လည္း သူမကို လုံၿခဳံသည္ဟု ခံစားရေစသည္။ သူ႔၏ ေထြးေပြ႕မႈကို ခံစားရန္ မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာ မွိတ္ထားေသာ ေကြၽာ့ခ်င္းက ႐ုတ္တရက္ တစ္ခုခုကို ေတြးမိတာေၾကင့္ မ်က္လုံးကို ျပန္ဖြင့္ကာ "ကြၽန္မမွာ ေတာင္းဆိုစရာ တစ္ခုရွိတယ္၊ အရမ္း အေရးႀကီးတယ္!"

  လို႔ရွီးယန္က အနည္းငယ္ လန႔္သြားၿပီး "ဘာလဲ?"

  "မဂၤလာဝတ္စုံနဲ႔ ဖီးနစ္သရဖူပုံစံကို ကြၽန္မ ေ႐ြးလို႔ရမလား"

ထိုေန႔တြင္ သူမက စကတ္သုံးလႊာကို ၀တ္ဆင္ထားခဲ့ရတာေတာင္ အသက္ရႈမဝလုနီးပါး ျဖစ္ေနခဲ့သည္။ လို႔ရွီးဝူ ေျပာျပတာက ေတာ္ဝင္မိသားစုမွ မဂၤလာဝတ္စုံက ခုနစ္လႊာျဖစ္ၿပီး လို႔မိသားစုက ေတာ္ဝင္မိသားစု မဟုတ္ေသာ္လည္း အနည္းဆုံး ေျခာက္လႊာရွိမည္ျဖစ္သည္။ အဲဒါက သူမကို ေသတဲ့အထိ ႏွိပ္စက္ေနတာ မဟုတ္ဘူးလား??

  "ဒါပဲလား?" လို႔ရွီးယန္တစ္ေယာက္ကေတာ့ ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့ပါဘူး။

  "အင္း" ေကြၽာ့ခ်င္းက ေလးနက္စြာ ေခါင္းညိတ္ျပလိုက္သည္။ သူမရဲ႕မဂၤလာေဆာင္နဲ႔ ပတ္သတ္ရင္ေတာ့ ဒီကိစၥက အရမ္း အရမ္းကို အေရးႀကီးတယ္။

  လို႔ရွီးယန္က ရယ္ေမာလိုက္ၿပီး သူမကို သူ႔ရင္ခြင္ထဲသို႔ ျပန္ဆြဲယူကာ တစ္ဖန္ ျပန္လည္ ေပြ႕ဖက္ထားလိုက္ရင္း "သခင္မ ဘာပဲေျပာေျပာ ျဖစ္ေအာင္လုပ္ေပးမယ္!"

****

  ခမ္းနားၿပီး လွပေသာ အတြင္းေဆာင္က ေမႊးရနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနသင့္ေသာ္လည္း ကံမေကာင္းစြာျဖင့္ အခန္းထဲတြင္ ျပည့္လွ်ံေနေသာ ေသြးနံ႔မ်ားက ျပင္းထန္လြန္းလွသည္။ ၾကမ္းျပင္ေပၚရွိ ေသြးမ်ားက လုံးဝ ေျခာက္ေသြ႕မသြားေသးဘဲ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ေမြ႕ယာတြင္ ေသြးမ်ား စြန္းထင္းေနသည္။ ကုတင္ေပၚရွိ အမ်ိဳးသမီး၏အဝတ္အစားမ်ားက ေျပက်ေနကာ ေသခ်ာစြာ စစ္ေဆးၿပီးေနာက္တြင္ သူမ၏ေခ်ာေမြ႕ေသာ အေရျပားေပၚတြင္ မည္သည့္ ဒဏ္ရာမွ မရွိဘဲ သူမ၏ ဘယ္ဘက္ရင္အုံ ေအာက္ဘက္စြန္းတြင္သာ အနီေရာင္ မ်ဥ္းေလးတစ္ေၾကာင္းကို ေတြ႕ရွိခဲ့ရသည္။ ပါးလႊာေသာ အနီေရာင္မ်ဥ္းက အေရျပားကို ညင္သာစြာခြဲထားေသာ သုံးလက္မခန႔္ရွည္ေသာ ဓားဒဏ္ရာျဖစ္ကာ အလြန္သပ္ရပ္ၿပီး ေသြးမ်ား စီးက်ေနခဲ့ပုံရကာ အခုအခ်ိန္တြင္ ခန္းေျခာက္ေနခဲ့ၿပီ ျဖစ္သည္။

  ရွန္ယုလန္က သူမ၏ ဘယ္ဘက္ရင္အုံကို အနည္းငယ္ ဖိၾကည့္လိုက္ရာ အေခါင္းေပါက္တစ္ခုရွိေနၿပီး ဤအေလာင္း၏ႏွလုံးက ေပ်ာက္ဆုံးေနခဲ့သည္။

  လူသတ္ဓားက အလြန္တိက်လြန္းလွၿပီး ေသဆုံးသူ၏႐ုပ္အေလာင္းတြင္ ခ်ည္ေႏွာင္ထားသည့္ လကၡဏာ သို႔မဟုတ္ ႐ုန္းကန္ထားသည့္လကၡဏာမ်ား မေတြ႕ရေပ။ မ်က္လုံးမ်ားပြင့္ေနၿပီး ပါးစပ္အနည္းငယ္ ဟေနကာ မ်က္ႏွာအမူအရာမွာ အလြန္ထိတ္လန႔္ေနပုံရသည္။ သို႔ေသာ္ ႐ုန္းကန္ေနသည့္အမူအရာလဲ မရွိေပ!

သူမ ဘာလို႔ မ႐ုန္းကန္ခဲ့တာလဲ??? ဒါေပမယ့္ ထိတ္လန႔္ေနတဲ့ အမူအရာကေရာ... သူမ ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းတဲ့ အရာမ်ိဳးကို ေတြ႕ခဲ့တာလဲ???

  တံခါးမင္းတုံးကို စစ္ေဆးၿပီးေနာက္ လုက်င္းက အမွတ္တမဲ့ မ်က္ေမွာင္ၾကဳတ္လိုက္ကာ ရွန္ယုလန္၏ေနာက္သို႔ ေလွ်ာက္သြားၿပီး အသံခပ္အုပ္အုပ္နဲ႔ "လူႀကီးမင္း၊ တံခါးေသာ့က မပ်က္စီးသြားဘူး၊ တျခား သဲလြန္စေတြလည္း က်န္မေနခဲ့ဘူး"

  လုက်င္းက ကုတင္ေပၚမွ ခႏၶာကိုယ္ကို ထပ္ငုံ႔ၾကည့္လိုက္ၿပီး ေခါင္းတစ္ခ်က္ ယမ္းကာ သက္ျပင္းခ်လိုက္မိသည္။ "ဘယ္ဘက္ရင္ဘတ္ကလြဲလို႔ ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိုင္းေတြမွာ ဒဏ္ရာ မရွိဘူး၊ တံခါးကလည္း ေသာ့ခတ္ထားတယ္။ ခႏၶာကိုယ္က ႏွလုံးတစ္ခုပဲ ေပ်ာက္သြားတယ္။ အရင္က ျဖစ္ရပ္ႏွစ္ခုနဲ႔ အတိအက် နီးပါး တူညီေနတယ္၊ ဒါက လြန္ခဲ့တဲ့ ႏွစ္လအတြင္း တတိယေျမာက္ ႏွလုံးေဖာက္ထုတ္ခံရတဲ့ ကိစၥျဖစ္ေနၿပီး ေသဆုံးသူေတြ အားလုံးက နာမည္ႀကီးမိသားစုေတြနဲ႔ ေဆြေတာ္မ်ိဳးေတာ္မိသားစုေတြက သမီးပ်ိဳေလးေတြ ျဖစ္ေနတယ္၊ အခုတစ္ႀကိမ္ကေတာ့ တကယ္ကိုပဲ အန္းနင္မင္းသမီး ျဖစ္ေနတယ္"

  တစ္ဖက္တြင္ လက္ပိုက္ရပ္ေနေသာ အရပ္ရွည္ရွည္ ပိန္ပိန္ပါးပါး အမ်ိဳးသား၏ ငယ္႐ြယ္ေသာ မ်က္ႏွာတြင္ ေဒါသမ်ားႏွင့္ ျပည့္ေနၿပီး "ပြဲေတာ္ က်င္းပမယ့္အခ်ိန္က မၾကာခင္ေရာက္ လာေတာ့မယ္၊ ဒီလို အခ်ိန္မ်ိဳးမွာ ဒီလိုကိစၥမ်ိဳးက တကယ္ျဖစ္လာေတာ့ ပိုဆိုးသြားၿပီ၊ ဒီကိစၥကို မေျဖရွင္းႏိုင္ရင္ ဧကရာဇ္မင္းျမတ္က ေဒါသထြက္လြန္းလို႔ ေဆာင့္ကန္ထုတ္လိုက္မယ္"

  သူေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ ႐ုံးေတာ္အေစခံတစ္ဦးက အေျပးေရာက္လာၿပီး တံခါးအျပင္ဘက္တြင္ ရပ္ေနကာ "လူႀကီးမင္း၊ ဧကရာဇ္မင္းျမတ္က လူႀကီးမင္း နန္းေတာ္ကို ခ်က္ျခင္းဝင္လာရမယ္လို႔ အမိန႔္ေတာ္ရွိပါတယ္"

  လုက်င္းက သူ႔ေဘးမွလူကို မ်က္လုံးျပဴးနဲ႔ လွည့္ၾကည့္လိုက္ၿပီး "ေကာင္းတယ္၊ ေခြးတစ္ေကာင္ရဲ႕ပါးစပ္ကေန ဆင္စြယ္ကို ေထြးမထုတ္ႏိုင္ဘူး!"

(T/N: လူဆိုးရဲ႕ပါးစပ္ကေန စကားေကာင္းမထြက္ဘဲ နမိတ္ မေကာင္းတဲ့ စကားမ်ိဳးပဲ ထြက္တယ္လို႔ေျပာခ်င္တာပါ)

  ခ်န္ဟန႔္က သူ႔ႏႈတ္ခမ္းေတြကို ေကာက္ေကြးၿပီး ဘာေျပာရမွန္းမသိ ျဖစ္ေနသည္။ သူက ေပါ့ေပါ့ပါးပါး ေျပာလိုက္ေပမယ့္ ဒါက တိုက္ဆိုင္သြားမယ္လို႔ ဘယ္သူက ႀကိဳသိမွာလဲ။ သူက ရွန္ယုလန္ကို ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ ရွန္ယုလန္ရဲ႕အမူအရာက အမ်ားႀကီး ေျပာင္းလဲသြားျခင္း မရွိေပ။ ခ်န္ဟန႔္က သူ႔ကို ၾကည့္ၿပီး တိတ္တဆိတ္ သေဘာက်ေနခဲ့သည္။ လူႀကီးမင္းကေတာ့ လူႀကီးမင္းျဖစ္ဖို႔ ထိုက္တန္ပါေပတယ္။

  လုက်င္းႏွင့္ ခ်န္ဟန႔္တို႔က ရွန္ယုလန္၏တပည့္မ်ား ျဖစ္ၾကၿပီး လုက်င္းက တည္တည္ၿငိမ္ၿငိမ္ ေစ့ေစ့စပ္စပ္ ေတြးေခၚတတ္ၿပီး အေလာင္းခြဲစိတ္မႈတြင္ ကြၽမ္းက်င္မႈအခ်ိဳ႕ရွိသည္။ ခ်န္ဟန႔္က ပုံမွန္အခ်ိန္မ်ားတြင္ အနည္းငယ္ ပ်င္းရိေနတက္ေသာ္လည္း အလုပ္လုပ္ရာတြင္ေတာ့ အလြန္အားတက္သေရာျဖင့္ ဇြဲရွိရွိလုပ္ေဆာင္ေလ့ရွိသည္။ အခုကိစၥက စုံစမ္းရန္ ခက္ခဲ‌ေနတာေၾကာင့္ သူတို႔ကို ျပန္ေခၚေဆာင္ထားျခင္းျဖစ္သည္။

  "လုက်င္း၊ ခ်န္ဟန႔္၊ ငါ ဒါကို မင္းတို႔ဆီကို အပ္ခဲ့မယ္" သူတို႔ရဲ႕ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းေတြေၾကာင့္ ျပႆနာတစ္စုံတရာ ရွိလာမွာ မဟုတ္ပါဘူး။

  "ဟုတ္ကဲ့"

  ရွန္ယုလန္က သူ႔လက္အိတ္ကို ခြၽတ္ၿပီး တံခါးကေန လွမ္းထြက္လာခဲ့သည္။ လုက်င္းႏွင့္ ခ်န္ဟန႔္တို႔က တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္ကာ ႏွစ္ေယာက္သား စိုးရိမ္ေနၾကသည္။

****

  ဧကရာဇ္၏ေတာ္ဝင္စာၾကည့္ေဆာင္ထဲတြင္ ယန္းဟုန္ထ်န္းက နဂါးပုလႅင္ေပၚမွာ ထိုင္ေနၿပီး သူ႔မ်က္ႏွာက အုံ႔မႈိင္းေနတာေၾကာင့္ အခန္းထဲမွာေနတဲ့ အေစခံေတြအားလုံးက ၾကမ္းျပင္ေပၚကို ေခါင္းငုံ႔စိုက္ၾကည့္ေနၾကၿပီး အသက္ေတာင္ ရဲရဲမရႈဝံ့ၾကပါဘူး။ ရွန္ယုလန္က စာၾကည့္ေဆာင္ထဲသို႔ လမ္းေလွ်ာက္ဝင္လာေနၿပီး ဧကရာဇ္က ဘာလို႔ ဒီေန႔ သူ႔ကို နန္းေတာ္ထဲကို လာဖို႔ အမိန႔္ေပးသည္ကို သူသိေနခဲ့သည္။

  "ဧကရာဇ္မင္းျမတ္ကို ဂါရဝျပဳပါတယ္"

  ေမွ်ာ္လင့္ထားတဲ့အတိုင္းပါပဲ ရွန္ယုလန္ စကားမဆုံးခင္မွာဘဲ ယန္းဟုန္ထ်န္းက သူ႔ကို ျပန္မထခိုင္းဘဲ တင္းမာေအးစက္ေသာေလသံျဖင့္ တိုက္႐ိုက္ ေမးလာခဲ့သည္။ "ႏွလုံးေဖာက္ထုတ္တဲ့ကိစၥကို ဘယ္ေတာ့ ေျဖရွင္းႏိုင္မွာလဲ"

  ရွန္ယုလန္က ခဏတုံ႔ဆိုင္းသြားၿပီး အမွန္အတိုင္း ေျဖလိုက္သည္။ "ဒီငယ္သားက မသိပါဘူး"

  "လုံးဝကို အသုံးမက်ဘူး!" ေဒါသတႀကီး ေအာ္ဟစ္သံႏွင့္အတူ ရွန္ယုလန္၏ေျခရင္းသို႔ အနီေရာင္ေလွ်ာက္တင္လႊာႏွစ္ခု ေရာက္ရွိလာခဲ့သည္။ ယန္းဟုန္ထ်န္းက မတ္တပ္ထရပ္လိုက္ၿပီး ရွန္ယုလန္ကို လက္ညႇိဳးထိုးကာ ေဒါသတႀကီးနဲ႔ "ရက္အနည္းငယ္အတြင္းမွာ အရပ္ဘက္နဲ႔ စစ္ဘက္အရာရွိေတြက သူတို႔ခ်စ္ခင္ရတဲ့သူေတြကို ဆုံးရႈံးလိုက္ရလို႔ ဝမ္းနည္းလြန္းလို႔ ေနမေကာင္းျဖစ္ေနၾကတယ္။ အခုသူတို႔က ညီလာခံကို မလာႏိုင္သလို ႐ုံးေတာ္ရဲ႕အလုပ္တာဝန္ေတြကိုလည္း မထမ္းေဆာင္ႏိုင္ၾကေတာ့ဘူး။ ပြဲေတာ္အခမ္းအနားက မၾကာခင္ က်င္းပေတာ့မယ္။ အခု သိပ္မၾကာေသးဘဲ ၿမိဳ႕ေတာ္မွာ ဒီလိုျဖစ္ရပ္မ်ိဳးက အမွန္တကယ္ ထပ္မံ ျဖစ္ပြားလာၿပီး လူေတြကို ထိတ္လန႔္ေစခဲ့တယ္။ ခ်ဳံယြဲ႕ရဲ႕မ်က္ႏွာကို ဘယ္နားသြားထားရမွာလဲ"

ေဒါသတႀကီး ေအာ္ဟစ္ေနေသာအသံက ေတာ္ဝင္စာၾကည့္ေဆာင္မွာ ပဲ့တင္ထပ္ေနၿပီး မိန္းမစိုးမ်ားႏွင့္ အေစခံမ်ားအားလုံးက ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္ထိုင္ေနၾကသည္။

  ရွန္ယုလန္က ေခါင္းငုံ႔မတ္တပ္ရပ္ကာ အဆက္မျပတ္ ဆဲဆိုႀကိမ္းေမာင္းမႈမ်ားကို ရင္ဆိုင္ေနရေသာ္လည္း သူ႔တြင္ ခုခံရန္ အေၾကာင္း တစ္စုံတစ္ရာ မရွိခဲ့ေပ။ ႏွစ္လရွိၿပီျဖစ္ေပမယ့္ အသုံးဝင္ေသာ သဲလြန္စမ်ား မေတြ႕ရွိေသးေပ။ လူသတ္သမားက ရာဇဝ္မႈေတြကို ဆက္လက္က်ဴးလြန္ေနဆဲျဖစ္ၿပီး သူကေတာ့ တရားစီရင္ေရးအရာရွိအေနနဲ႔ တာဝန္ဝတၱရားမ်ားကို ပ်က္ကြက္ေနခဲ့သည္။

  သူ လိုခ်င္ေနတာကလည္း ဒီကိစၥကို ေျဖရွင္းဖို႔ နည္းလမ္းတစ္ခုပါပဲ၊ အခုအခ်ိန္မွာေတာ့ တိတ္ဆိတ္ေနျခင္းက သူလုပ္ႏိုင္တဲ့ ေနာက္ဆုံးအရာပါပဲ၊ ေဒါသထြက္ေနတဲ့ ယန္းဟုန္ထ်န္းက ျပန္ထိုင္လိုက္ၿပီး ရွန္ယုလန္ကို ထပ္မၾကည့္ေတာ့ပဲ ေအးစက္စြာ အမိန႔္ေပးလိုက္သည္။ "ေမာင္မင္း ဘာပဲလုပ္လုပ္ ဘယ္လိုနည္းပဲသုံးသုံး ဒီအမႈကို ေျဖရွင္းဖို႔ က်န္း ေမာင္မင္းကို တစ္လ အခ်ိန္ေပးမယ္။ တစ္လအတြင္း ဒီအမႈကို မေျဖရွင္းႏိုင္ရင္ ေမာင္မင္း ရာဇဝတ္မႈေတြအတြက္ တရားသူႀကီးခ်ဳပ္ လုပ္မေနနဲ႔ေတာ့။ ေမာင္မင္းဘာသာ ရာထူးကေန ႏူတ္ထြက္ၿပီး ေထာင္ဒဏ္ ၃ႏွစ္က်ခံလိုက္!"

  "ဒီငယ္သားက အမိန႔္ေတာ္ကို လက္ခံပါတယ္" ရွန္ယုလန္က အေၾကာင္းျပခ်က္မေပးဘဲ မဆိုင္းမတြ တည္ၿငိမ္စြာ လက္ခံလိုက္သည္။

  သူ႔အမူအရာက ယန္းဟုန္ထ်န္း၏ေဒါသကို အနည္းငယ္ေလ်ာ့သြားေစၿပီး သူ႔အတြက္ ခက္ခဲေစမည့္အရာမ်ားကို မျပဳလုပ္ခ်င္ေတာ့ဘဲ သူ႔လက္ကို ေဝွ႔ယမ္းရင္း စိတ္မရွည္စြာနဲ႔ "ထြက္သြား"

  ရွန္ယုလန္က ျပန္လွည့္ထြက္သြားေသာ္လည္း သူ႔၏မ်က္ႏွာက ယခင္ကကဲ့သို႔ တင္းမာေနသည္။

***

ရက္ေပါင္းမ်ားစြာ အိပ္ယာေပၚမွာ လဲေလ်ာင္းေနၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ေကြၽာ့ခ်င္းက ​​အိပ္ရာကေန ထၿပီး လမ္းေလွ်ာက္ႏိုင္ခဲ့သည္။ အရင္ေနေတြတုန္းက လို႔ရွီးဝူက ၀တ္စားဆင္ယင္မႈပုံစံေတြနဲ႔ ဖီးနစ္သရဖူနဲ႔ပတ္သတ္တဲ့အေၾကာင္းကို ေျပာဆိုဖို႔ မနက္တိုင္း သူမနဲ႔ စကားစျမည္ေျပာဖို႔ ေရာက္လာေလ့ရွိသည္။ ဒီေနေတာ့ ညေနေစာင္းေနတာေတာင္ သူမ၏အရိပ္ကို မေတြ႕ရေသးေပ။ ေကြၽာ့ခ်င္းက ပ်င္းေနၿပီး ဘာလုပ္ရမွန္း မသိတာေၾကာင့္ သူမကို သြားေတြ႕ရန္ ဆုံးျဖတ္လိုက္သည္။

  လန္ယြဲ႕အေဆာင္မွ ထြက္လာသည္ႏွင့္ တၿပိဳင္နက္ က်င္းစႏွင့္ အေစာင့္အၾကပ္ဝတ္စုံမ်ားကို ဝတ္ဆင္ထားသည့္ လူႏွစ္ဆယ္ခန႔္က တစ္စုံတစ္ခုအေၾကာင္း ေျပာေနသည္ကို ေတြ႕လိုက္ရသည္။ ခဏၾကာၿပီးေနာက္ သူတို႔က အုပ္စုႏွစ္စုခြဲကာ လမ္းေၾကာင္းႏွစ္သြယ္ျဖင့္ လွည့္ပတ္သြားလာေနပုံရသည္။

  ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွာ ဒီလိုကင္းလွည့္ေနတဲ့ အေစာင့္ေတြ ဘယ္တုန္းကမွ မရွိခဲ့ဘူး မဟုတ္လား။ ေကြၽာ့ခ်င္းက စိတ္ဝင္တစားနဲ႔ ေရွ႕ကို တိုးသြားလိုက္ၿပီး "က်င္းစ၊ သူတို႔ ဘာလုပ္ေနၾကတာလဲ"

  မဂၤလာေဆာင္ဖိတ္စာမ်ား ေပးေဝၿပီးျဖစ္တာေၾကာင့္ ေကြၽာ့ခ်င္းႏွင့္ လို႔ရွီးယန္တို႔၏ လက္ထပ္ပြဲသတင္းက ၿမိဳ႕ေတာ္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕ႏွံ႔ေနခဲ့ၿပီျဖစ္ၿပီး ေကြၽာ့ခ်င္းက ဝန္ႀကီးခ်ဳပ္အိမ္ေတာ္၏ သခင္မျဖစ္လာမွာ ေသခ်ာေနသည္။ က်င္းစက ဤသခင္မအသစ္ကို ႀကိဳက္လား မႀကိဳက္လား ဘယ္သူမွ မေျပာႏိုင္ေပမယ့္ သူမက သိပ္မၾကာခင္ သူ႔သခင္၏ဇနီးျဖစ္လာေတာ့မည္ ျဖစ္ေသာေၾကာင့္ သူမ အေပၚထားတဲ့ က်င္းစရဲ႕သေဘာထားက ပိုၿပီး ေလးစားပုံေပၚလာခဲ့သည္။ "သခင္မေလး၊ အခမ္းအနားက မၾကာခင္ ေရာက္လာပါေတာ့မယ္၊ ၿမိဳ႕ေတာ္မွာ လူေတြ ပိုမ်ားလာပါမယ္၊ အဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ရဲ႕လုံၿခဳံေရးအတြက္ သခင္က စိတ္ပူေနတယ္"

က်င္းစ၏ အေျပာင္းအလဲကို အနည္းငယ္ က်င့္သားမရျဖစ္ေနေသးေသာ္လည္း ေကြၽာ့ခ်င္းက ၿပဳံးလိုက္ၿပီး "ေကာင္းၿပီ၊ ငါ နားလည္ပါၿပီ၊ ဒါဆို မင္း အလုပ္မ်ားသြားရၿပီ၊ မင္းအလုပ္ကို မင္းဆက္လုပ္ပါ၊ "

  သာလြန္မႈႏွင့္ နိမ့္က်မႈမ်ားကိုခြဲျခားတက္ေသာ ေရွးေခတ္အယူအဆကို သူမ လိုက္ေလ်ာညီေထြ မေနႏိုင္ေသးေပ။ သူမအတြက္ေတာ့ သူမကို အၿမဲဒုကၡေပးေနခဲ့ေသာ ႐ႊယ္ရွန္းရွင္းပင္လွ်င္ ယခုကာလအတြင္း သူမကို အံ့ဩစရာေကာင္းေလာက္ေအာင္ ၾကင္ၾကင္နာနာ ဆက္ဆံေနခဲ့သည္။ သူမကို ျမင္တိုင္း "လင္အာ" "လင္အာ"နဲ႔ ေအာ္ဟစ္ေနတာေၾကာင့္ သူမ တစ္ကိုယ္လုံးေတာင္ ယားယံလာသလို ခံစားေနခဲ့ရသည္။

  လို႔ရွီးဝူ၏ ၿခံဝင္းဆီသို႔ ေလွ်ာက္လာရင္း ေကြၽာ့ခ်င္းက သူမ အခုနျမင္လိုက္ရေသာ အေစာင့္အဖြဲ႕ႏွစ္ဖြဲ႕သာမကဘဲ အျခားေသာ ကင္းလွည့္အေစာင့္မ်ားစြာကိုလည္း အိမ္ေတာ္ထဲတြင္ ေတြ႕လိုက္ရသည္။ သူတို႔က ႐ုတ္တရက္ ေပၚလာခဲ့တာေၾကာင့္ အနည္းငယ္ ထူးဆန္းေနသည္ဟု သူမ အၿမဲတမ္း ခံစားေနရသည္။

 ေကြၽာ့ခ်င္းက လို႔ရွီးဝူ၏ ၿခံဝင္းထဲသို႔ ဝင္လိုက္ရာ လို႔ရွီးဝူ၏အေစခံဆုအာက ေကြၽာ့ခ်င္းကို ခ်က္ခ်င္း ႏႈတ္ဆက္လာခဲ့သည္။ ေကြၽာ့ခ်င္းက အေဆာင္ပုေလးထဲတြင္ ထိုင္ေနေသာ လို႔ရွီးဝူကို ျမင္လိုက္ရၿပီး သူမက တစ္ေနရာတည္းကို ေၾကာင္ေတာင္ေတာင္ စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ ေကြၽာ့ခ်င္းက သူမကို က်ီစယ္ခ်င္တာေၾကာင့္ သူမနားကို တိတ္တိတ္ေလးကပ္သြားၿပီး ႐ုတ္တရက္ ရယ္ေမာလိုက္ကာ "နင္ ဘယ္သူအေၾကာင္းကို ေတြးေနတာလဲ၊ အဲ့လိုေတာင္ ႐ူးသြပ္ေနၿပီလား!"

  လို႔ရွီးဝူက ထိတ္လန႔္သြားပုံေပၚေပမယ့္ အရင္ကလို ျပန္မေအာ္ခဲ့ေပ။ သူမက သူမပါးျပင္ကို ျပန္ကိုင္ထားၿပီး သူမ၏မ်က္ဝန္းမ်ားတြင္ မ်က္ရည္စ အနည္းငယ္ ရွိေနခဲ့သည္။

  ကေလးမေလးက တစ္ခုခုလြဲမွားေနတာေၾကာင့္ ေကြၽာ့ခ်င္းက သူမေဘးမွာ ဝင္ထိုင္လိုက္ၿပီး "ဘာေတြ ျဖစ္ေနတာလဲ?"

  "မေန႔ညက အန္းနင္မင္းသမီး အသတ္ခံရတာကို ငါ သိလိုက္ရတယ္။ သူ(မ)က ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ ေသဆုံးသြားရတယ္၊ ငါတို႔က ငယ္ငယ္တုန္းက အတူတူေဆာ့ခဲ့ဖူးတယ္။ ၿပီးခဲ့တဲ့လက သူ(မ)နဲ႔ အထည္ဆိုင္မွာ ေတြ႕ခဲ့တယ္၊ အဲ့တာက ငါတို႔ေနာက္ဆုံးေတြ႕တာလို႔ ဘယ္သူက ေမွ်ာ္လင့္ထားမွာလဲ..."

သူမတို႔ ေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္မွာ လို႔ရွီးဝူက သူမအတြက္ ပိုးလက္ကိုင္ပုဝါတစ္ထည္ေပးမယ္လို႔ သေဘာတူထားခဲ့ၿပီး ဒီေန႔မနက္ ဆုအာကို သြားပို႔ခိုင္းလိုက္ေပမယ့္ ဒီရလဒ္ကို သူမ သိခဲ့ရသည္၊ လို႔ရွီးဝူက မငိုဘဲ မေနႏိုင္ခဲ့ပါဘူး။

  ထိုအခိုက္အတန႔္တြင္ သူမတို႔ႏွစ္ေယာက္က အနာဂတ္မွာ ေတြဆုံဖို႔ ေစာင့္ေမွ်ာ္ေနခဲ့ၾကေပမယ့္ ေနာက္အခိုက္အတန႔္မွာ တစ္ေယာက္က တစ္ေယာက္ကို ခြဲခြာသြားခဲ့သည္။ ပိုဝမ္းနည္းစရာေကာင္းတာက မေမွ်ာ္လင့္ဘဲ ေသဆုံးသြားတာပါပဲ။ လူေတြကို မႏွစ္သိမ့္တက္တဲ့ ေကြၽာ့ခ်င္းက သူမရဲ႕ပုခုံးကို ပြတ္သပ္ေပးလိုက္ၿပီး ႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္သည္။ "အရမ္းဝမ္းမနည္းပါနဲ႔၊ ႐ုံးေတာ္က အရာရွိေတြက သူ(မ)ကို သတ္တဲ့ လူသတ္သမားကို ရွာေတြ႕မွာပါ၊ သူမကို မေက်နပ္မႈေတြနဲ႔ မေသေစရပါဘူး"

 လို႔ရွီးဝူက တိုးညႇင္းစြာ  ငိုရႈိက္ေနရင္း "အဲ့တစ္စုံတစ္ေယာက္က လူဟုတ္ မဟုတ္ဆိုတာကို ဘယ္သူက သိမွာလဲ"

  "နင္ ဘာေျပာလိုက္တာလဲ" ေကြၽာ့ခ်င္းက သူမ နားၾကားလႊဲတယ္ထင္လို႔ ထက္ေမးလိုက္ျခင္းပင္။

  လို႔ရွီးဝူက ဆုအာေပးလာတဲ့ ပိုးလက္ကိုင္ပဝါကို လွမ္းယူလိုက္ၿပီး သူမရဲ႕ မ်က္ရည္ေတြကို သုတ္ေနရင္း ေၾကာက္႐ြံ႕ထိတ္လန႔္ေနတဲ့ အသံ တိုးတိုးေလးနဲ႔ ရွင္းျပလာခဲ့သည္။ "အခုၿမိဳ႕ေတာ္က လူေတြအားလုံး အထိတ္တလန႔္ျဖစ္ေနၾကတယ္၊ အထူးသျဖင့္ မင္းမ်ိဳးမင္းႏြယ္ေတြနဲ႔ ေက်ာ္ၾကားတဲ့ မိသားစုေတြပဲ၊ မိသားစုထဲမွာ မိန္းမပ်ိဳေလးေတြ ရွိတဲ့အိမ္တိုင္းက မေမွ်ာ္လင့္ဘဲ ဆိုးဆိုး႐ြား႐ြား ျဖစ္လာမွာကို စိုးရိမ္ေနၾကတယ္။ အသတ္ခံရတဲ့ မိန္းမပ်ိဳေလးေတြက သုံးေယာက္ေတာင္ရွိေနၿပီ၊ သူ(မ)တို႔ကို ေတြ႕တဲ့အခ်ိန္မွာ သူ(မ)တို႔အားလုံးက အိပ္ရာေပၚမွာ ရွိေနၾကၿပီး ခုတင္ေပၚမွာ ေသြးေတြ ဖုံးလႊမ္းေနတယ္တဲ့၊ ႏွလုံးေပ်ာက္ဆုံးေနတာကလြဲၿပီး ခႏၶာကိုယ္မွာ ဘာဒဏ္ရာမွ မရွိဘူး တဲ့"

  "ဘာလဲ?" ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒဏ္ရာမရွိေသာ္လည္း ႏွလုံးသားကေတာ့ ေပ်ာက္ကြယ္သြားတယ္။ ဒါက ဘယ္လို ျဖစ္ႏိုင္မွာလဲ၊ လူသတ္သမားရဲ႕ စြမ္းရည္က အရမ္းေကာင္းေနတာလား?? ဒါမွမဟုတ္ လို႔ရွီးဝူက အဲဒါကို သူမ်ားေျပာတာ ၾကားဖူးတာဆိုေတာ့ ေကာလဟာလေတြလား?? ဒါေပမယ့္ အနည္းဆုံးေတာ့ အျဖစ္အပ်က္ေပါင္းမ်ားစြာကို အေျခခံၾကည့္လွ်င္ ျမင့္ျမတ္ေသာမိသားစုမ်ားမွ သမီးပ်ိဳမ်ား အသတ္ခံခဲ့ရတာေတာ့ ျဖစ္ႏိုင္သည္။ ၿပီးေတာ့ သတ္ျဖတ္သည့္နည္းလမ္းက ရက္စက္ၾကမ္းၾကဳတ္ၿပီး ကြင္းဆက္လူသတ္မႈ ျဖစ္ႏိုင္ဖြယ္ရွိသည္။

  ဝန္ႀကီးခ်ဳပ္အိမ္ေတာ္၏လုံၿခဳံေရး ႐ုတ္တရက္ တင္းက်ပ္လာတာက အံ့ၾသစရာ မဟုတ္ေတာ့ပါဘူး၊ ရွီးဝူကလည္း လူသတ္သမား၏ပစ္မွတ္ျဖစ္ႏိုင္ေသာ အေနအထားတြင္ ရွိေနသည္။

ဒါေပမယ့္ လူသတ္သမားက မင္းမ်ိဳးမင္းႏြယ္က သမီးပ်ိဳေတြကိုပဲ ပစ္မွတ္ထားေနတာလား?? ဒါမွမဟုတ္ သူမတို႔က လူသတ္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ကို ျဖစ္ေစတာလား??? သူမတို႔ရဲ႕ကိုယ္ခႏၶာမွာ တူညီတာ တစ္ခုခုရွိေနလို႔လား???!

  ေကြၽာ့ခ်င္း ေတြးေနစဥ္တြင္ လို႔ရွီးဝူက ႐ုတ္တရက္ သူမနားကို တိုးကပ္လာၿပီး အလြန္လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ အသံျဖင့္ သူမနားထဲသို႔ တိုးတိုးေလး ေျပာလာသည္။ "ေသသြားတဲ့ မိန္းခေလးေတြ အားလုံးက ႏွလုံးပဲ ေပ်ာက္သြားၿပီး တျခားဘာမွ မျဖစ္ဘူး၊ ဒါေပမယ့္ သူတို႔ရဲ႕အိမ္ေတာ္ေတြမွာ လုံၿခဳံေရးက တင္းက်ပ္ထားတက္တယ္။ နန္းေတာ္မွာဆိုရင္ ေတာ္ဝင္သက္ေတာ္ေစာင့္ေတြ ေစာင့္ၾကပ္ေနတာေလ၊ အဲ့တာေတာင္မွ ထူးျခားတဲ့ တစ္စုံတစ္ခု မရွိဘဲ လူသတ္သမားက အန္းနင္မင္းသမီးရဲ႕ ႏွလုံးကို ယူသြားၿပီး သူ(မ)က သူမအခန္းထဲမွာ ေသဆုံးေနေသးတယ္၊ အဲ့တာေၾကာင့္ ေကာလာဟလေတြ ရွိေနတာက အဲ့တာက လူမဟုတ္ဘဲ လူေတြရဲ႕ ႏွလုံးသားကို ကိုက္စားတတ္တဲ့ နတ္ဆိုးေတြ သရဲတေစၦေတြေၾကာင့္လို႔ ေျပာေနၾကတယ္"

  ေကြၽာ့ခ်င္းမ်က္ႏွာမွာ ပ်က္ရယ္ျပဳမႈေတြ ေပၚလာၿပီး မေထမဲ့ျမင္နဲ႔ "ရယ္စရာေကာင္းလိုက္တာ၊ ဘာ လူကို သတ္ႏိုင္တဲ့ နတ္ဆိုးလဲ?? ဘာသရဲတေစၦလဲ?? လူသတ္နည္းေတြက အရမ္းရက္စက္ၾကမ္းၾကဳတ္ၿပီး ထူးဆန္းေနတာေၾကာင့္ရယ္ လူသတ္သမားကို ရွာမေတြ႕ႏိုင္ေသးတာေၾကာင့္ရယ္ တခ်ိဳ႕လူေတြက လူအမ်ားထိတ္လန႔္ေၾကာက္႐ြံ႕ေအာင္ လုပ္ႀကံဖန္တီးထားၾကတာ"

 လို႔ရွီးဝူက ေကြၽာ့ခ်င္း၏ မ်က္ႏွာကို အထင္ႀကီးမႈအျပည့္ျဖင့္ ၾကည့္လိုက္ၿပီး သူမပုခုံးကို တြန႔္ကာ အသံတိုးတိုးျဖင့္ ေမးလိုက္သည္။ "နင္ မေၾကာက္ဘူးလား"

သူမက ႏွလုံးသားကိုစားေသာ သရဲတေစၦမ်ားကို မယုံေသာ္လည္း ထိုအသံကို ၾကားလိုက္ရေသာအခါ သူမ အလြန္ေၾကာက္လန႔္ေနေသးသည္။ ခႏၶာကိုယ္မွာ ဒဏ္ရာေတြ မရွိေပမယ့္ ႏွလုံးက ေပ်ာက္ဆုံးေနတယ္၊ ​​ဒါက ေၾကာက္ဖို႔ လုံေလာက္ေနၿပီ မဟုတ္ဘူးလား??!

"နင္က ဘာကို ေၾကာက္ေနတာလဲ" ေကြၽာ့ခ်င္းက ရယ္ေနၿပီး "နင္က သရဲတေစၦအေၾကာင္းေျပာရင္ ငါ မေၾကာက္ဘူး။ ေလာကႀကီးမွာ တရားမွ်တမႈရွိတယ္"

  ေကြၽာ့ခ်င္း၏ မ်က္ခုံးမ်ားက အနည္းငယ္ ႂကြတက္ေနကာ သူမ၏ မ်က္လုံးမ်ားတြင္ စူးရွေသာ အရိပ္တစ္ခု ေတာက္ပေနၿပီး သူမက ေအးစက္စြာ ရယ္ေမာလိုက္သည္။ "လူသတ္သမားအေၾကာင္း ေျပာရရင္ေတာ့ ႏွလုံးသူခိုးက ႏွလုံးကို ထုတ္ဖို႔ ဘယ္နည္းလမ္းကိုသုံးလဲဆိုတာ ငါ သိခ်င္တယ္၊ အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတယ္!"

  လူေတြရဲ႕ ႏွလုံးသားကို အျပည့္အ၀ ခိုးယူႏိုင္ဖို႔ ဒီလူက ေၾကးစားလူသတ္သမား ဒါမွမဟုတ္ ဆရာဝန္တစ္ေယာက္ပဲ ျဖစ္ႏိုင္တယ္။

  လို႔ရွီးဝူက ေၾကာက္႐ြံ႕မႈေၾကာင့္ ထိတ္လန႔္တၾကားနဲ႔ တံေတြးမ်ိဳခ်လိုက္ၿပီး နံေဘးသို႔ အနည္းငယ္တိုးကာ ထိုင္ခ်လိုက္သည္။ တစ္ခါတစ္ရံတြင္ သူမ၏ဤေယာင္းမက အရမ္း ထူးဆန္းေနတက္သည္ဟု သူမ ႐ုတ္တရက္ ခံစားလိုက္ရသည္။

(T/N: E-Transမွာေျပာထာတာေတာ့ အန္းနင္မင္းသမီးက ယန္း႐ူ႐ြယ္လိုမ်ိဳး ကုန္းက်ဴမဟုတ္ဘဲ ကြၽင္းက်ဳပါတဲ့၊ လက္ရွိဧကရာဇ္ရဲ႕တိုက္႐ိုက္ေဆြမ်ိဳးမဟုတ္ဘဲ အႏြယ္ေတာ္ထဲက ျဖစ္ႏိုင္တယ္တဲ့၊ မင္းသမီးေတြ ဆိုေပမယ့္ ဘြဲ႕ကိုလိုက္ၿပီး အဆင့္အတန္းခြဲတာမ်ိဳးရွိတယ္တဲ့)

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

121K 14.5K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
233K 37.6K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
102K 8.9K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...