အပိုင်း ( ၃၇၄) နှစ်ဦးကြားဆက်ဆံရေးက သကြားလုံးလေးလိုချိုမြိန်တယ်
အသားကင်ဆိုင်နေရာသည် ကျန်းမြို့၏ လမ်းကြားများတွင်ရှိပြီး ဖူအိမ်တော်နှင့် မဝေးလှပေ။
ညဥ့်နက်သည့် ဆောင်းညဖြစ်ရာ အမှန်အတိုင်းပြောရလျှင် လူအနည်းစုသာ လမ်းဘေးအသားကင်ကို စားကြပြီး သူတို့သည် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ပေးနိုင်သည့် ဟော့ပေါ့ကို ပိုကြိုက်ကြလေသည်။
သို့သော် အစားအသောက်ကို နှစ်သက်ကြသည့် လူများရှိသည့်နေရာတွင် သူတို့၏လိုအပ်ချက်ကို ဖြည့်ဆီးပေးမည့် စားသောက်ဆိုင်များ ရှိကြ၏။
အပြင်ဘက်တွင် အေးခဲနေပြီး အထဲဘက်တွင် အသားကင်ထိုင်စားရသည်ကလည်း ထိုနည်းတူပင်။
မြောက်ပိုင်းတွင် အတွင်းပိုင်း၌ အမြဲနွေးနေပြီး အထူးသဖြင့် ဤသို့သော ဆိုင်ငယ်လေးတွင် ကျန်းမြို့မှ ဒေသခံလူများသာ မြင်ဖူးကြသည့် ရှေးခေတ်စတိုင် ဗိုက်ဖောင်းမီးဖိုရှိလေသည်။
ဖူကျို့သည် စကိတ်ဘုတ်ကို နံရံတွင် ထောင်ထားလိုက်၏။
ချင်မော့က မျက်ခုံးများကို ပင့်လိုက်ပြီး
“ ဒါလား”
ဖူကျို့က ပြုံးကာ
“ အသွင်ပြင်ကို ကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့၊ ဒီနေရာရဲ့ အသားအရည်အသွေးက တကယ်ကောင်းတာနော်၊ သိုးသားစစ်စစ်”
ယနေ့ခေတ်တွင် နေရာတိုင်း၌ ပစ္စည်းတုများ မရေမတွက်နိုင်အောင်ရှိသည်ကို လူတိုင်း သိပေသည်။
သို့သော် သည်ဆိုင်ကတော့ဖြင့် ခြားနားပေသည်။ ပိုင်ရှင်များမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် စုံတွဲတစ်တွဲဖြစ်ပြီး သူတို့သည် မွေးရပ်မြေအရသာစစ်စစ်ပုံစံအတိုင်း ချက်ပြုတ်ပေးလေသည်။
“အေးလိုက်တာ အေးလိုက်တာ”
ဖူကျို့သည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားရာ နောက်ဆုံးတွင်တော့ အထက်တန်းကျောင်းသား တစ်ယောက်အသွင်ကို မြင်ရတော့သည်။
ချင်မော့သည် သူ့နောက်ကလိုက်ဝင်သွားပြီး အနည်းငယ် အနေခက်ဟန် ဖြစ်နေလေသည်။
ထို့ကြောင့် သူတို့ ဝင်လာချိန်၌ အင်တာနက်ဆိုင်မှ ဂိမ်းကစားပြီးပြန်လာကြသူများက သူတို့ကို ကြည့်နေကြ၏။
လူငယ်လေးတစ်အုပ်သည် ဘီယာကို စားပွဲအပြည့်မှာယူနေပြီး စကိတ်ဘုတ်ကို ချိုင်းကြားတွင် ညှပ်ထားသည့် ဖူကျို့ကို မြင်လိုက်သည်နှင့် သူတို့သည် တုံ့ဆိုင်းသွားပြီး တစ်စပ်တည်းတွင် အလွန်ဣန္ဒြေရှိလှသည့် ကြီးမြတ်လှသည့်သခင်လေးချင်ကို မြင်လိုက်သောအခါ သူတို့သည် စကားဆက်မပြောတော့ဘဲ သူတို့၏မျက်လုံးများကို သူ့ဆီက မခွာနိုင်ဖြစ်သွားကြတော့သည်။
ဖူကျို့သည် သူတို့ကို ဂရုမစိုက်ဘဲ ကိုယ်ကိုလှည့်ကာ ထိုင်ချရင်း ပြောလိုက်လေသည်။
“ တဆိတ်လောက်ပါ၊ ဘတ်ဝီဇာ တစ်ဒါဇင်၊ အသားကင် နှစ်ပွဲ ၊ အူမကြီးကင်နှစ်ပွဲ နဲ့ ကျန်တာ နောက်မှ မှာမယ်နော်”
“ရမယ်နော်”
ပိုင်ရှင်အမျိုးသမီးသည် အတည်ပြုပေးလိုက်ပြီး ယမကာကို ဆွဲထုတ်လိုက်လေသည်။
ဖူကျို့သည် သည်ရက်ပိုင်းများတွင် အစားအသောက်အလွန် တောင့်တနေရာ အသားမပါသည့်ဘဝက သည်းခံနိုင်ဖွယ်မရှိပေ။ ထို့ကြောင့် သူမသည် ဘတ်ဝီဇာများကို မြင်လိုက်ချိန်၌ သတိလက်လွှတ် ပြုံးလိုက်မိတော့သည်။
သူမသည် လက်မလှမ်းခင်မှာပင် ချင်မော့က သူ့လက်ကို ဆန့်လိုက်ပြီး သူမ၏တက်ကြွလှသည့် လက်ကောက်ဝတ်ကို ဖမ်းလိုက်ကာ ထူးမခြားသည့်လေသံဖြင့် ပြောလိုက်၏။
“ အရက်မပါရဘူးနော်၊ မှတ်မိတယ်မလား”
ဖူကျို့သည် ခေါင်းမော့ကာ သူ့ကို ပြန်သတိပေးလိုက်၏။
“အစ်ကိုမော့ နင်လေး ဒီမှာရှိမနေရင်ကော”
“ ငါ အနားမှာမရှိရင် အန်တီက ငါ့အတွက် မင်းကို စောင့်ကြည့်ပေးလိမ့်မယ်”
ချင်မော့၏အသံသည် လုံးဝအေးဆေးသက်သာနေ၏။
ဖူကျို့သည် ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်း မျက်နှာညှိုးသွားတော့သည်။
“ ဒါဆိုရင် ငါလေး ဘာသောက်ရမလဲ”
ချင်မော့သည် မေးစေ့ကို လက်တစ်ဖက်ဖြင့်ထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် မီနူးကို လှမ်းယူကြည့်လိုက်၏။
“ ကြက်ဥစွပ်ပြုတ်”
ဖူကျို့ : .... ဘယ်သူက ကြက်ဥစွပ်ပြုတ်ကို အသားကင်နဲ့ တွဲသောက်လို့လဲ။ ငါလေးက အသားကင်ကို စားနည်းကို ကောင်းကောင်းသိတယ်လေ။
“ဒါဆိုလည်း ရေ ပေါ့”
ချင်မော့သည် ကောင်လေးကို လေးဖင့်စွာ ကြည့်လိုက်ပြီး
“ မင်းရွေး”
ရွေးစရာမှမရှိတာ....
ဖူကျို့သည် နှုတ်ဆိတ်ကာဖြင့်
“ကြက်ဥစွပ်ပြုတ်”
‘ကောင်းပြီ”
ချင်မော့သည် ကောင်လေးကို ကြည့်ပြီး ရယ်လိုက်တော့သည်။
“ တစ်ပန်းကန်ဆို လောက်လား”
ဖူကျို့သည် အလွန်လေးလေးနက်နက် ကြည့်လိုက်ကာ
“ ငါလေးတို့ အသားတွေမှာထားတယ်လေ ပြီးတော့ ငါလေးက အစားကြီးတဲ့သူမှ မဟုတ်တာ”
“ အမဲသားနဲ့ သိုးသားက ခန္ဓာကိုယ်ကို အပူတက်စေတယ်”
ချင်မော့သည် လက်ကိုဆန့်ကာ ကောင်လေး၏ မျက်လုံးထောင့်ကို ထောက်လိုက်ပြီး
“ ဒါကို ပိုပြင်းထန်လာစေချင်လို့လား”
နေပါအုံး။
ဖူကျို့သည် အဆုံးစွန်ခံ့ညားသည့် တော်ဝင်မျက်နှာထားနှင့် မော့ကြည့်လိုက်၏။
ဒီတော့ ကြီးမြတ်လှတဲ့သခင်လေးက ကြက်ဥစွပ်ပြုတ်ကို ငါလေးတစ်ယောက်ထဲအတွက် လို့ ပြောလိုက်တာလား။
“ ငါလေးရဲ့အသားကင်တွေကရော”
ချင်မော့သည် ထိုမေးခွန်းကို ကြားလိုက်ပြီး တည်ငြိမ် အေးချမ်းသည့် လေသံဖြင့်
“ မင်းရဲ့အသားကင်တွေ ငါ စားနေတာကို ကြည့်နေပေါ့၊ မင်း တစ်ခုခု စားချင်စိတ်ဖြစ်လာရင် မှာသာမှာလိုက် ၊ ငါ မင်းအတွက် အကုန်စားပေးမယ်”
“...”
ဖူကျို့သည် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်တော့သည်။
“အစ်ကိုမော့ နင်လေး အရမ်းကိုအကြံဉာဏ်များနေရင် ငါလေးကို ဆုံးရှုံးရလိမ့်မယ်နော်၊ နင်လေးဒါကို သိရဲ့လား”
“ဟုတ်လား”
ချင်မော့သည် သူ့နှုတ်ခမ်းများကို ကွေးထားကာ ပြုံးလိုက်ရာ သူ့ချောမောခံ့ညားမှုသည် ပေါက်ကွဲနိုင်လောက်သည့် အမှတ်တစ်ခုသို့ ရောက်သွားတော့သည်။
ဖူကျို့သည် သူမထက်ပို ချောသည့်သူများကို အလွန်ခွင့်လွှတ်ပေးတတ်သည့် အားနည်းချက်ရှိကြောင်း သိနေ၏။
“ ဒီတစ်ခါတော့ နင်လေးကို ခွင့်လွှတ်ပေးလိုက်မယ်”
...
Zawgyi
အပိုင္း ( ၃၇၄) ႏွစ္ဦးၾကားဆက္ဆံေရးက သၾကားလုံးေလးလိုခ်ိဳၿမိန္တယ္
အသားကင္ဆိုင္ေနရာသည္ က်န္းၿမိဳ႕၏ လမ္းၾကားမ်ားတြင္ရွိၿပီး ဖူအိမ္ေတာ္ႏွင့္ မေဝးလွေပ။
ညဥ့္နက္သည့္ ေဆာင္းညျဖစ္ရာ အမွန္အတိုင္းေျပာရလွ်င္ လူအနည္းစုသာ လမ္းေဘးအသားကင္ကို စားၾကၿပီး သူတို႔သည္ ခႏၶာကိုယ္ကို ေႏြးေထြးေအာင္ လုပ္ေပးနိုင္သည့္ ေဟာ့ေပါ့ကို ပိုႀကိဳက္ၾကေလသည္။
သို႔ေသာ္ အစားအေသာက္ကို ႏွစ္သက္ၾကသည့္ လူမ်ားရွိသည့္ေနရာတြင္ သူတို႔၏လိုအပ္ခ်က္ကို ျဖည့္ဆီးေပးမည့္ စားေသာက္ဆိုင္မ်ား ရွိၾက၏။
အျပင္ဘက္တြင္ ေအးခဲေနၿပီး အထဲဘက္တြင္ အသားကင္ထိုင္စားရသည္ကလည္း ထိုနည္းတူပင္။
ေျမာက္ပိုင္းတြင္ အတြင္းပိုင္း၌ အၿမဲေႏြးေနၿပီး အထူးသျဖင့္ ဤသို႔ေသာ ဆိုင္ငယ္ေလးတြင္ က်န္းၿမိဳ႕မွ ေဒသခံလူမ်ားသာ ျမင္ဖူးၾကသည့္ ေရွးေခတ္စတိုင္ ဗိုက္ေဖာင္းမီးဖိုရွိေလသည္။
ဖူက်ိဳ႕သည္ စကိတ္ဘုတ္ကို နံရံတြင္ ေထာင္ထားလိုက္၏။
ခ်င္ေမာ့က မ်က္ခုံးမ်ားကို ပင့္လိုက္ၿပီး
“ ဒါလား”
ဖူက်ိဳ႕က ၿပဳံးကာ
“ အသြင္ျပင္ကို ၾကည့္ၿပီး ဘယ္ေတာ့မွ မဆုံးျဖတ္နဲ႕၊ ဒီေနရာရဲ႕ အသားအရည္အေသြးက တကယ္ေကာင္းတာေနာ္၊ သိုးသားစစ္စစ္”
ယေန႕ေခတ္တြင္ ေနရာတိုင္း၌ ပစၥည္းတုမ်ား မေရမတြက္နိုင္ေအာင္ရွိသည္ကို လူတိုင္း သိေပသည္။
သို႔ေသာ္ သည္ဆိုင္ကေတာ့ျဖင့္ ျခားနားေပသည္။ ပိုင္ရွင္မ်ားမွာ အသက္အ႐ြယ္ႀကီးရင့္ၿပီျဖစ္သည့္ စုံတြဲတစ္တြဲျဖစ္ၿပီး သူတို႔သည္ ေမြးရပ္ေျမအရသာစစ္စစ္ပုံစံအတိုင္း ခ်က္ျပဳတ္ေပးေလသည္။
“ေအးလိုက္တာ ေအးလိုက္တာ”
ဖူက်ိဳ႕သည္ တံခါးကို တြန္းဖြင့္ကာ ဝင္သြားရာ ေနာက္ဆုံးတြင္ေတာ့ အထက္တန္းေက်ာင္းသား တစ္ေယာက္အသြင္ကို ျမင္ရေတာ့သည္။
ခ်င္ေမာ့သည္ သူ႕ေနာက္ကလိုက္ဝင္သြားၿပီး အနည္းငယ္ အေနခက္ဟန္ ျဖစ္ေနေလသည္။
ထို႔ေၾကာင့္ သူတို႔ ဝင္လာခ်ိန္၌ အင္တာနက္ဆိုင္မွ ဂိမ္းကစားၿပီးျပန္လာၾကသူမ်ားက သူတို႔ကို ၾကည့္ေနၾက၏။
လူငယ္ေလးတစ္အုပ္သည္ ဘီယာကို စားပြဲအျပည့္မွာယူေနၿပီး စကိတ္ဘုတ္ကို ခ်ိဳင္းၾကားတြင္ ညွပ္ထားသည့္ ဖူက်ိဳ႕ကို ျမင္လိုက္သည္ႏွင့္ သူတို႔သည္ တုံ႕ဆိုင္းသြားၿပီး တစ္စပ္တည္းတြင္ အလြန္ဣေႏၵျရွိလွသည့္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္ကို ျမင္လိုက္ေသာအခါ သူတို႔သည္ စကားဆက္မေျပာေတာ့ဘဲ သူတို႔၏မ်က္လုံးမ်ားကို သူ႕ဆီက မခြာနိုင္ျဖစ္သြားၾကေတာ့သည္။
ဖူက်ိဳ႕သည္ သူတို႔ကို ဂ႐ုမစိုက္ဘဲ ကိုယ္ကိုလွည့္ကာ ထိုင္ခ်ရင္း ေျပာလိုက္ေလသည္။
“ တဆိတ္ေလာက္ပါ၊ ဘတ္ဝီဇာ တစ္ဒါဇင္၊ အသားကင္ ႏွစ္ပြဲ ၊ အူမႀကီးကင္ႏွစ္ပြဲ နဲ႕ က်န္တာ ေနာက္မွ မွာမယ္ေနာ္”
“ရမယ္ေနာ္”
ပိုင္ရွင္အမ်ိဳးသမီးသည္ အတည္ျပဳေပးလိုက္ၿပီး ယမကာကို ဆြဲထုတ္လိုက္ေလသည္။
ဖူက်ိဳ႕သည္ သည္ရက္ပိုင္းမ်ားတြင္ အစားအေသာက္အလြန္ ေတာင့္တေနရာ အသားမပါသည့္ဘဝက သည္းခံနိုင္ဖြယ္မရွိေပ။ ထို႔ေၾကာင့္ သူမသည္ ဘတ္ဝီဇာမ်ားကို ျမင္လိုက္ခ်ိန္၌ သတိလက္လႊတ္ ၿပဳံးလိုက္မိေတာ့သည္။
သူမသည္ လက္မလွမ္းခင္မွာပင္ ခ်င္ေမာ့က သူ႕လက္ကို ဆန့္လိုက္ၿပီး သူမ၏တက္ႂကြလွသည့္ လက္ေကာက္ဝတ္ကို ဖမ္းလိုက္ကာ ထူးမျခားသည့္ေလသံျဖင့္ ေျပာလိုက္၏။
“ အရက္မပါရဘူးေနာ္၊ မွတ္မိတယ္မလား”
ဖူက်ိဳ႕သည္ ေခါင္းေမာ့ကာ သူ႕ကို ျပန္သတိေပးလိုက္၏။
“အစ္ကိုေမာ့ နင္ေလး ဒီမွာရွိမေနရင္ေကာ”
“ ငါ အနားမွာမရွိရင္ အန္တီက ငါ့အတြက္ မင္းကို ေစာင့္ၾကည့္ေပးလိမ့္မယ္”
ခ်င္ေမာ့၏အသံသည္ လုံးဝေအးေဆးသက္သာေန၏။
ဖူက်ိဳ႕သည္ ထိုစကားကိုၾကားလိုက္သည္ႏွင့္ ခ်က္ခ်င္း မ်က္ႏွာညွိုးသြားေတာ့သည္။
“ ဒါဆိုရင္ ငါေလး ဘာေသာက္ရမလဲ”
ခ်င္ေမာ့သည္ ေမးေစ့ကို လက္တစ္ဖက္ျဖင့္ေထာက္ကာ က်န္လက္တစ္ဖက္ျဖင့္ မီႏူးကို လွမ္းယူၾကည့္လိုက္၏။
“ ၾကက္ဥစြပ္ျပဳတ္”
ဖူက်ိဳ႕ : .... ဘယ္သူက ၾကက္ဥစြပ္ျပဳတ္ကို အသားကင္နဲ႕ တြဲေသာက္လို႔လဲ။ ငါေလးက အသားကင္ကို စားနည္းကို ေကာင္းေကာင္းသိတယ္ေလ။
“ဒါဆိုလည္း ေရ ေပါ့”
ခ်င္ေမာ့သည္ ေကာင္ေလးကို ေလးဖင့္စြာ ၾကည့္လိုက္ၿပီး
“ မင္းေ႐ြး”
ေ႐ြးစရာမွမရွိတာ....
ဖူက်ိဳ႕သည္ ႏႈတ္ဆိတ္ကာျဖင့္
“ၾကက္ဥစြပ္ျပဳတ္”
‘ေကာင္းၿပီ”
ခ်င္ေမာ့သည္ ေကာင္ေလးကို ၾကည့္ၿပီး ရယ္လိုက္ေတာ့သည္။
“ တစ္ပန္းကန္ဆို ေလာက္လား”
ဖူက်ိဳ႕သည္ အလြန္ေလးေလးနက္နက္ ၾကည့္လိုက္ကာ
“ ငါေလးတို႔ အသားေတြမွာထားတယ္ေလ ၿပီးေတာ့ ငါေလးက အစားႀကီးတဲ့သူမွ မဟုတ္တာ”
“ အမဲသားနဲ႕ သိုးသားက ခႏၶာကိုယ္ကို အပူတက္ေစတယ္”
ခ်င္ေမာ့သည္ လက္ကိုဆန့္ကာ ေကာင္ေလး၏ မ်က္လုံးေထာင့္ကို ေထာက္လိုက္ၿပီး
“ ဒါကို ပိုျပင္းထန္လာေစခ်င္လို႔လား”
ေနပါအုံး။
ဖူက်ိဳ႕သည္ အဆုံးစြန္ခံ့ညားသည့္ ေတာ္ဝင္မ်က္ႏွာထားႏွင့္ ေမာ့ၾကည့္လိုက္၏။
ဒီေတာ့ ႀကီးျမတ္လွတဲ့သခင္ေလးက ၾကက္ဥစြပ္ျပဳတ္ကို ငါေလးတစ္ေယာက္ထဲအတြက္ လို႔ ေျပာလိုက္တာလား။
“ ငါေလးရဲ႕အသားကင္ေတြကေရာ”
ခ်င္ေမာ့သည္ ထိုေမးခြန္းကို ၾကားလိုက္ၿပီး တည္ၿငိမ္ ေအးခ်မ္းသည့္ ေလသံျဖင့္
“ မင္းရဲ႕အသားကင္ေတြ ငါ စားေနတာကို ၾကည့္ေနေပါ့၊ မင္း တစ္ခုခု စားခ်င္စိတ္ျဖစ္လာရင္ မွာသာမွာလိုက္ ၊ ငါ မင္းအတြက္ အကုန္စားေပးမယ္”
“...”
ဖူက်ိဳ႕သည္ ေခတၱတုံ႕ဆိုင္းသြားၿပီးေနာက္ ေျပာလိုက္ေတာ့သည္။
“အစ္ကိုေမာ့ နင္ေလး အရမ္းကိုအႀကံဉာဏ္မ်ားေနရင္ ငါေလးကို ဆုံးရႈံးရလိမ့္မယ္ေနာ္၊ နင္ေလးဒါကို သိရဲ႕လား”
“ဟုတ္လား”
ခ်င္ေမာ့သည္ သူ႕ႏႈတ္ခမ္းမ်ားကို ေကြးထားကာ ၿပဳံးလိုက္ရာ သူ႕ေခ်ာေမာခံ့ညားမႈသည္ ေပါက္ကြဲနိုင္ေလာက္သည့္ အမွတ္တစ္ခုသို႔ ေရာက္သြားေတာ့သည္။
ဖူက်ိဳ႕သည္ သူမထက္ပို ေခ်ာသည့္သူမ်ားကို အလြန္ခြင့္လႊတ္ေပးတတ္သည့္ အားနည္းခ်က္ရွိေၾကာင္း သိေန၏။
“ ဒီတစ္ခါေတာ့ နင္ေလးကို ခြင့္လႊတ္ေပးလိုက္မယ္”
...