မိုးကောင်းကင်၏ မဟာအကြံအစည် (M...

By nyachanlinkar

2.5K 242 4

History's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay More

Book 28 Chapter 396
Book 28 Chapter 397
Book 28 Chapter 398
Book 28 Chapter 399
Book 29 Chapter 400
Book 29 Chapter 401
Book 29 Chapter 402
Book 29 Chapter 403
Book 29 Chapter 404
Book 29 Chapter 405
Book 29 Chapter 406
Book 29 Chapter 407
Book 29 Chapter 408
Book 29 Chapter 409
Book 29 Chapter 410
Book 29 Chapter 411
Book 29 Chapter 412
Book 29 Chapter 413
Book 30 Chapter 414
Book 30 Chapter 415
Book 30 Chapter 416
Book 30 Chapter 417
Book 30 Chapter 418
Book 30 Chapter 419
Book 30 Chapter 420
Book 30 Chapter 421
Book 30 Chapter 422
Book 30 Chapter 423
Book 30 Chapter 424
Book 30 Chapter 425
Book 30 Chapter 426
Book 30 Chapter 427
Book 31 Chapter 429
Book 31 Chapter 430
Book 31 Chapter 431
Book 31 Chapter 432
Book 31 Chapter 433
Book 31 Chapter 434
Book 31 Chapter 435
Book 31 Chapter 436
Book 31 Chapter 437
Book 31 Chapter 438
Book 31 Chapter 439
Book 31 Chapter 440
Book 31 Chapter 441
Book 31 Chapter 442
Book 32 Chapter 443
Book 32 Chapter 444
Book 32 Chapter 445
Book 32 Chapter 446
Book 32 Chapter 447
Book 32 Chapter 448
Book 32 Chapter 449
Book 32 Chapter 450
Book 32 Chapter 451
Book 32 Chapter 452
Book 32 Chapter 453
Book 32 Chapter 454
Book 32 Chapter 455
Book 32 Chapter 456
Book 33 Chapter 457
Book 33 Chapter 458
Book 33 Chapter 459
Book 33 Chapter 460

Book 30 Chapter 428

36 4 0
By nyachanlinkar

Uni

အခန်း (၄၂၈) အုပ်စုလိုက်တိုက်ခိုက်ချင်တာလား

အားဟူက လူရွယ်စာပေသမားနှင့် ကောင်းဖန်ကို ကြက်လေးငှက်လေးများပမာ လက်တစ်ဖက်စီတွင် ဖမ်းချုပ်ထားသည်။

ရန်ကျောက်ကဲက ထိုင်ခုံထက်တွင်ထိုင်ရင်း ခေါင်းမော့လျှက် ခေါင်မိုးမျက်နှာကျက်ဆီသို့ ငေးနေသည်။ သူ့မျက်ဝန်းများက မည်သည့်အရာကိုမှ အာရုံစိုက်ထားခြင်း မရှိဘဲ အတွေးလွန်နေဟန်ပင်။

ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...

"အိုး... လူတွေအများကြီး ရောက်လာတာလား"

သူတို့နေထိုင်ရာ တည်းခိုးဆောင်သို့ သိုင်းသမားများစွာ ဝိုင်းထားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ သူတို့ အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး လှုပ်ရှားမှုက ညီညီညာညာ စုစုစည်းစည်းဖြင့် သေသေချာချာ လေ့ကျင့်ထားဟန်ရှိသည်။

ရန်ကျောက်ကဲက ရယ်မောကာ ခေါင်းခါယမ်းရင်း...

"စစ်တပ်တစ်ခုလား ၊ မိစ္ဆာသားရဲတွေကို ဖမ်းသလို ငါတို့ကို ဝိုင်းဖမ်းတော့မလို့နဲ့တူတယ်"

ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ၊ သို့မဟုတ် သွေးစွမ်းအားရယူကျင့်ကြံရန်အတွက် မိစ္ဆာသားရဲများကိုအမဲလိုက်ရန် မိစ္ဆာသွေးကျင့်ကြံသူများက ရံဖန်ရံခါ အုပ်စုဖွဲ့လှုပ်ရှားလေ့ ရှိကြသည်။

သွေးနီတိမ်တိုက်ဂိုဏ်းကဲ့သို့ သိုင်းဂိုဏ်းကြီးများအားလုံးက လိုအပ်ချိန်တွင် ရန်သူကို အဆင်သင့်တိုက်ခိုက်နိုင်ရန် အုပ်စုဖွဲ့ တိုက်ခိုက်သည့်နည်းလမ်းများကို တပည့်များအား လေ့ကျင့်သင်ကြားပေးထားလေ့ရှိ၏။

ရွှီဖေးက ဖြည်းညင်းစွာဖြင့်...

"ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလည်း သိုင်းဂိုဏ်းကြီးတွေ ရှိတာပါပဲ ၊ ဒါပေမဲ့ ပထဝီဝင်အနေအထားအလိုက် တည်ရှိကြတာဆိုတော့ တိုက်ပွဲတစ်ခုအတွက် သိုင်းသမားတွေ ပူးပေါင်းတိုက်ခိုက်ဖို့ အခုလို လေ့ကျင့်ထားတာမျိုး မရှိဘူးပဲ"

ရန်ကျောက်ကဲက...

"ဒါက ကျင့်ကြံခြင်းပုံစံ ကွာခြားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ မတူညီမှုပါပဲ ၊ တူညီတဲ့သားရဲတွေရဲ့ သွေးကို ရယူကျင့်ကြံထားတဲ့ သိုင်းသမားတွေကို အုပ်စုဖွဲ့ပေးလိုက်ရင် အဖွဲ့လိုက်တိုက်ခိုက်တဲ့စွမ်းအားက မြင့်တက်လာမှာပဲ"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ ဒီနည်းလမ်းက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ မသင့်တော်ပါဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က အုပ်စုလိုက် တိုက်ခိုက်ကြတဲ့ အစီအရင်ပုံစံတွေရှိပေမယ့် ပြန်အသုံးပြုဖို့ကျတော့ လိုအပ်ချက်တွေရှိနေတယ် ၊ အလွယ်တကူ အကောင်အထည်ဖော်လို့ မရနိုင်ဘူး ၊ သာမန်ထက်ပိုတဲ့ စွမ်းအားကို လိုချင်တယ်ဆိုရင် တန်ဖိုးကတော့ ပေးဆပ်ရတာပဲလေ"

ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်ရင်း...

"အင်း... ဒီအစ်ကိုကြီးက တိုက်ပွဲအစီအရင်ပုံစံတွေအကြောင်း အများကြီးသိထားပေမယ့်... အဲဒါတွေအားလုံးက အရမ်း အဆင့်အတန်းမြင့်မားလွန်းတယ်"

အားဟူက...

"သခင်လေး... သူတို့တွေက အင်အားသုံးပြီး ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေတာလား ၊ အကုန်လုံး ကြက်အမွှေးနှုတ်သလို နှုတ်ပစ်လိုက်မယ်..."

ရန်ကျောက်ကဲက ပခုံတစ်ချက်တွန့်ရင်း ကောင်းဖန်နှင့် စာပေသမားလူရွယ်ကို ကြည့်လိုက်သည်။

"အိမ်ရှေ့စံမင်းသားက မင်းတို့ကို အတော်လေး အလေးထားသားပဲ ၊ ချက်ချင်း စစ်တပ်ကြီးရောက်ချလာတယ်"

ထိုစကားကိုကြားတော့ လင်းယုန်ငှက်မွှေးဂိုဏ်းချုပ် 'ကောင်းဖန်' ၏မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး လူရွယ်စာပေသမားကတော့ မဲ့ရွဲ့သွားသည်။

အပြင်ဘက်တွင် တောင်ကိုဖြို ၊ ပင်လယ်ကိုလှန်တော့မည့်အလား တပ်ဖွဲ့ကြီးကတော့ အလုံးအရင်း ရောက်လာပြီ ဖြစ်သည်။

စာပေသမားက...

"အဲဒါက အရှင့်သားရဲ့ တပ်ဖွဲ့မဟုတ်ဘူး ၊ သွေးနီလှံရှည်တပ်ဖွဲ့ရဲ့ စစ်သေနာပတိက သူ့စစ်တပ်ကိုဦးဆောင်ပြီ ရောက်လာတာ ၊ အဲဒီလူက ဒေါသလည်းကြီး ခေါင်းလည်းမာသလို စိတ်ထင်တိုင်းလည်းကျဲတတ်သေးတယ်"

သူက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

"မင်းက ခန်းဟယ်မြို့တော်မှာ လာသောင်းကြမ်းတော့... မင်းရဲ့ အပြုအမူတွေက ဖုရန်တိုင်းပြည်ကို ထိပါးတယ်လို့ ယူဆပြီး သူက လာတိုက်တာနေမှာပေါ့"

ရန်ကျောက်ကဲက...

"ဘုရင်နဲ့ အိမ်ရှေ့စံခွင့်ပြုချက်မရှိဘဲ စစ်တပ်က ဘယ်လိုလုပ် လှုပ်ရှားနိုင်ရတာလဲ"

စာပေသမားနှင့် ကောင်းဖန်တို့ (၂)ယောက်မှာ အလွန် အဆင်မပြေသော အမူအရာများဖြင့် ရှိနေကြသည်။

ကောင်းဖန်က...

"တကယ်တော့ မင်းကြီးက တံခါးပိတ်ကျင့်ကြံနေတာပါ ၊ ပြီးတော့... သူကက အဲဒီစစ်သေနာပတိကို အရမ်းယုံကြည်တယ်"

ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ဘုရင်ကို အပြည့်အဝ သစ္စာစောင့်သိသော်လည်း အိမ်ရှေ့မင်းသားနှင့် အဆင်မပြေသူတစ်ယောက် ၊ ရောက်လာသော စစ်သေနာပတိက ထိုသို့သော လူမျိုးပင်။

ရန်ကျောက်ကဲက ပြုံးရင်း...

"ဆိုတော့... အဲဒီပုဂ္ဂိုလ်က မင်းတို့ရဲ့ သေရေးရှင်ရေးကို အရေးစိုက်မှာ မဟုတ်ဘူးပေါ့"

ကောင်းဖန်နှင့် စာပေသမားက ကြိုးစားပြီး ပြုံးလိုက်ကြသည်။

စာပေသမားလူရွယ်က စိတ်ဓာတ်ကို မြှင့်တင်လိုက်ပြီး...

"အမှန်ပဲ ၊ ဒီတော့ မင်း ငါတို့ကို ဖမ်းထားလည်း အသုံးမဝင်ပါဘူး ၊ ငါတို့ကိုလွှတ်ပေးမယ်ဆိုရင် 'သွေးနီလှံရှည်စစ်တပ်' လက်ကလွတ်အောင် ကူညီပေးနိုင်ပါတယ်"

သူက ဆက်ပြောသည်။

"သွေးနီလှံရှည်စစ်တပ်ရဲ့ စစ်သေနာပတိက ဘုရင်အပေါ် အရမ်းသစ္စာစောင့်သိတယ် ၊ ဒါကြောင့် မင်းကြီးကို ထိခိုက်မယ်ထင်တဲ့ အရာအားလုံးကို ရှင်းပစ်လိမ့်မယ် ၊ ငါတို့က... ကြီးတဲ့အမှုသေးအောင် ၊ သေးတဲ့အမှုပပျောက်အောင် လုပ်ပေးနိုင်ပါတယ် ၊ မင်းကလည်း အရမ်းစွမ်းအားမြင့်မားတဲ့ လူတစ်ယောက်ဆိုတော့ စစ်သေနာပတိနဲ့ ရန်သူဖြစ်ချင်မှာ မဟုတ်ပါဘူး ၊ ခန်းဟယ်မြို့တော်မှာ တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုတာ အတော်လေး ဆိုးရွားတဲ့ အခြေအနေပါပဲ"

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်မဲ့ပြီးမှ ရယ်မောလိုက်ရင်း...

"မင်းတို့ကို လွှတ်ပေးလိုက်လို့ ရပါတယ် ၊ ဒါပေမဲ့ မင်းတို့ကိုလွှတ်ပေးလိုက်မှ မီးထဲဆီလောင်းသလို အဲဒီစစ်တပ်ကို တိုက်ခိုက်ဖို့ တွန်းအားပေးသလို ဖြစ်မသွားနိုင်ဘူးလား ၊ မင်းတို့စကားအရဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ စစ်သေနာပတိက အဆင်မပြေဘူးလေ"

သူက ဆက်ပြောသည်။

"သူက ငါ့ကို သတ်နိုင်မလား မသတ်နိုင်ဘူးလားဆိုတာ အသာထား ၊ ဒါပေမဲ့ ငါ သူ့ကို သတ်လိုက်ရင်တော့ မင်းတို့ အိမ်ရှေ့စံမင်းသား အရမ်းပျော်နေမှာ မဟုတ်ဘူးလား"

ကောင်းဖန်နှင့် လူရွယ်စာပေသမားက ပြာပြာသလဲပင် ခေါင်းခါယမ်းရင်း...

"မဟုတ်ဘူး... အဲဒီလို လုံးဝ မဟုတ်ဘူး"

အပြင်ဘက်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထင်သာမြင်သာ ထွက်ပေါ်လာသည်ကို ခံစားရသည့်အခါ ကောင်းဟန်နှင့်စာပေသမားမှာ နဖူးထက်မှ ချွေးစေးများပင် စီးကျလာကြသည်။

ရန်ကျောက်ကဲက ပြုံးရင်း လက်ကာပြလိုက်သည်။

"စိတ်မပူကြပါနဲ့... ၊ ဒါနဲ့... မင်းတို့အိမ်ရှေ့စံမင်းသားက အခု ဘယ်ရောက်နေလဲ ၊ မင်းတို့စကားအရဆိုရင် မင်းတို့နှစ်ယောက်က သူ့အတွက် အရေးပါတယ်ဆို"

ကောင်းဖန်နှင့် စာပေသမားက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...

"အရှင့်သားက သွေးနီတိမ်တိုက်ဂိုဏ်းက သံတမာန်တွေနဲ့ လက်ခံတွေ့ဆုံနေရပါတယ် ၊ အရေးကြီးဧည့်သည်တွေဖြစ်နေတော့ ငြင်းဆန်လို့ အဆင်မပြေပါဘူး"

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

"ဒါဖြင့် စစ်သေတာပတိက သွေးနီတိမ်တိုက်ဂိုဏ်းက ဧည့်သည်တွေရှိနေတာတောင် ငါတို့ကို လာတိုက်ခိုက်ရဲတဲ့သဘောပေါ့ ၊ ဟုတ်လား"

ကောင်းဖန်နှင့် စာပေသမားက ခေါင်းညိတ်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့ စိတ်မအေးနိုင်ပေ။

သူတို့က ရန်ကျောက်ကဲလက်ထဲ ကျရောက်နေသည်ဖြစ်ရာ အချိန်မရွေး အသတ်ခံရနိုင်ခြေရှိသည်။ သွေးနီတိမ်တိုက်ဂိုဏ်းက သူတို့အတွက် လက်စားချေပေးဦးတော့ ၊ မည်သူမှ အသက်ဆုံးရှုံးရန် ဆန္ဒမရှိကြပေ။

ရန်ကျောက်ကဲက စပ်စုလိုက်သည်။

"'မိစ္ဆာ (၃)ပါးနဲ့ သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းအကြောင်း ငါ ကြားဖူးထားတယ် ၊ ဆိုတော့... သွေးနီတိမ်တိုက်ဂိုဏ်းမှာ မင်းတို့ထက် စွမ်းအားမြင့်မားတဲ့သူတွေ ရှိ‌သေးတာလား ၊ အဲဒီ သွေးနီလှံရှည် စစ်သေနာပတိက သူ့ကိုယ်သူ အတော်လေး ယုံကြည်မှု ရှိနေသလိုပဲ"

ထိုစကားကိုကြားတော့ ကောင်းဖန်နှင့် စာပေသမားက ရန်ကျောက်ကဲကို လူထူးလူဆန်းတစ်ယောက်ပမာ လှမ်းကြည့်ကြသည်။

ရန်ကျောက်ကဲက ခပ်သဲ့သဲ့ ပြုံးရင်း...

"ငါတို့ဘိုးဘေးတွေ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ လှည့်လည်သွားလာတုန်းက မိစ္ဆာ (၃)ပါးနဲ့ သိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းဆိုတာ ကြားတောင်မကြားဖူးဘူး ၊ ကြည့်ရတာ... အတိတ်ဖြစ်ရပ်တွေက မျက်စိရှေ့မှာ တိမ်လိုလေလို လွင့်မျောသွားကြတယ် ထင်ပါရဲ့ ၊ ထားပါ... အဲဒါတွေကို မပြောတာကောင်းတယ် ၊ လူဆိုတာ ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားသင့်တယ်"

ကောင်းဖန်က သက်ပြင်းချရင်း...

"မင်းနားလည်အောင် ငါ ပြောပြမယ် ၊ ဖုရန်မင်းကြီးရဲ့ အမျက်ဒေါသက ငါတို့ လင်းယုန်ငှက်မွှေးဂိုဏ်းကို တစ်ညတည်းနဲ့ အမှုန့်ချေပစ်နိုင်တယ်ဆိုရင်... သွေးနီတိမ်တိုက်ဂိုဏ်းက ဖုရန်တိုင်းပြည်တစ်ခုလုံးကို အဲဒီထက်မြန်တဲ့နှုန်းနဲ့ အမှုန့်ချေပစ်နိုင်တယ်"

စာပေသမားက...

"ဒီနယ်မြေတစ်ခုလုံးမှာ ဖုရန်တိုင်းပြည်အပါအဝင် တိုင်းပြည် (၃၆) ခု ရှိတယ် ၊ အားလုံးက သွေးနီတိမ်တိုက်ဂိုဏ်းရဲ့ လက်အောက်ခံတွေပဲ"

သူက ဆက်ပြောသည်။

"ဒီတစ်ခေါက် သွေးနီတိမ်တိုက်ဂိုဏ်းက ဖုရန်တိုင်းပြည်မှာ တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ရှိတယ် ၊ ဖုရန်တိုင်းပြည်အပါအဝင် တိုင်းပြည် (၆)ခု အဲဒီတွေ့ဆုံပွဲမှာ ပါဝင်တယ် ၊ ကျန်တဲ့ တိုင်းပြည် (၃၀) ကျန်တဲ့ (၅)နေရာမှာ တွေ့ဆုံပွဲတစ်ခုစီ ပြုလုပ်ကြလိမ့်မယ်"

"မိစ္ဆာသားရဲ အဆင့် (၉)ဆင့် ရှိတာမှာ... သွေးနီတိမ်တိုက်ဂိုဏ်းနဲ့ တခြားသိုင်းဂိုဏ်းကြီး (၃)ခုကပဲ အထက်ပိုင်း (၃)ဆင့် သွေးစွမ်းအားကို ပိုင်ဆိုင်ကြတယ် ၊ အလယ်ပိုင်း (၃)ဆင့် သွေးစွမ်းအားဆိုရင်တောင် ငါတို့ ဖုရန်တိုင်းပြည်မှာ အတော်လေး တန်ဖိုးမြင့်မားနေပြီ ၊ တိုင်းပြည်ရဲ့ရတနာလို့တောင် တင်စားလို့ရတယ် ၊ ဒါပေမဲ့ အဲဒါက သွေးနီတိမ်တိုက်ဂိုဏ်းအတွက်တော့ သာမန်အရာတစ်ခုလိုပါပဲ"

ရန်ကျောက်ကဲက ထိုအကြောင်းအရာများကို အလွန်ပျော်ရွှင်စွာ နားထောင်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်က ဘယ်အဆင့်လို့ ယူဆနိုင်လဲ"

ကောင်းဖန်က...

"အထက်ပိုင်း (၃)ဆင့်ရဲ့ အဆင့် (၃)"

ရန်ကျောက်ကဲက ...

"ဒါဖြင့် ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်ရဲ့ သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့ နာမည်ကြီး သိုင်းသမားတွေ ရှိသလား"

ထိုစကားကိုကြားတော့ ကောင်းဖန်နှင့် စာပေသမားတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"သွေးနီတိမ်တိုက်ဂိုဏ်းကသာ 'ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်' ရဲ့ သွေးစွမ်းအားကို ပိုင်ဆိုင်ပါတယ် ၊ အဲဒီသွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့သူ နှစ်ယောက်ရှိတယ် ၊ တစ်ယောက်က သွေးနီတိမ်တိုက်ဂိုဏ်းက ဝါရင့်အကြီးအကဲ ကျားသစ်ဘုရင် 'လင်ကန်း' ၊ နောက်တစ်ယောက်က သူ့တပည့် ကျားသစ်ဘုရင်ငယ် 'ဟယ်ထိုက်ချန်' တို့ပဲ"

စာပေသမားက ရန်ကျောက်ကဲကို မယုံနိုင်စွာ လှမ်းကြည့်ရင်း...

"မင်းတို့က... ဟယ်ထိုက်ချန် ၊ ဒါမှမဟုတ် သူ့ဆရာလင်ကန်းနဲ့ တိုက်ခိုက်လာတာတော့ မဟုတ်ပါဘူးနော် ၊ ဟယ်ထိုက်ချန်က နှစ်ပေါင်းများစွာ အောင်မြင်ကျော်ကြားမှုကိုရရှိထားတဲ့ သိုင်းသမားတစ်ယောက်ပဲ ၊ မင်း သူ့ကို အနိုင်ယူလိုက်ရင်တောင်မှ သူ့ ဆရာ လင်ကန်း ပေါ်လာလို့ကတော့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ၊ သူတို့နောက်မှာ ရှိနေတဲ့ သွေးနီတိမ်တိုက်ဂိုဏ်းကိုတော့ ပြောမနေနဲ့တော့"

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပြုံးလိုက်သည်။

သူတို့စကားပြောနေစဉ်မှာပင်...

အပြင်ဘက်ရှိ သွေးနီလှံရှည်စစ်တပ်က တိုက်ပွဲအစီအရင်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့က စတင်တိုက်ခိုက်ခြင်းမရှိသေးသည့်တိုင် ပင်လယ်ဒီရေအလား ပြင်းထန်လွန်းသည့် မိစ္ဆာသွေးစွမ်းအားများ ထွက်ပေါ်လာပြီး အပြင်ဘက်မှ အဆောက်အဦများအားလုံးကို ပြိုကျပျက်ဆီးသွားစေလေတော့၏။

Zawgyi

အခန္း (၄၂၈) အုပ္စုလိုက္တိုက္ခိုက္ခ်င္တာလားအားဟူက လူ႐ြယ္စာေပသမားႏွင့္ ေကာင္းဖန္ကို ၾကက္ေလးငွက္ေလးမ်ားပမာ လက္တစ္ဖက္စီတြင္ ဖမ္းခ်ဳပ္ထားသည္။ရန္ေက်ာက္ကဲက ထိုင္ခုံထက္တြင္ထိုင္ရင္း ေခါင္းေမာ့လွ်က္ ေခါင္မိုးမ်က္ႏွာက်က္ဆီသို႔ ေငးေနသည္။ သူ႔မ်က္ဝန္းမ်ားက မည္သည့္အရာကိုမွ အာ႐ုံစိုက္ထားျခင္း မရွိဘဲ အေတြးလြန္ေနဟန္ပင္။႐ုတ္တရက္ သူ႔မ်က္ႏွာအမူအရာ ေျပာင္းလဲသြားၿပီး..."အိုး... လူေတြအမ်ားႀကီး ေရာက္လာတာလား"သူတို႔ေနထိုင္ရာ တည္းခိုးေဆာင္သို႔ သိုင္းသမားမ်ားစြာ ဝိုင္းထားၿပီျဖစ္ေၾကာင္း ရန္ေက်ာက္ကဲ အာ႐ုံခံမိသည္။ သူတို႔ အရွိန္အဟုန္က အလြန္လွ်င္ျမန္ၿပီး လႈပ္ရွားမႈက ညီညီညာညာ စုစုစည္းစည္းျဖင့္ ေသေသခ်ာခ်ာ ေလ့က်င့္ထားဟန္ရွိသည္။ရန္ေက်ာက္ကဲက ရယ္ေမာကာ ေခါင္းခါယမ္းရင္း..."စစ္တပ္တစ္ခုလား ၊ မိစာၦသားရဲေတြကို ဖမ္းသလို ငါတို႔ကို ဝိုင္းဖမ္းေတာ့မလို႔နဲ႔တူတယ္"ဖန္းယြင္ရွန္း ၊ ႐ႊီေဖးႏွင့္ အျခားသူမ်ားအားလုံး အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။ေမ်ာလြင့္ဝိညာဥ္ကမာၻတြင္ မိစာၦတစ္ပိုင္းက်င့္ႀကံသူမ်ားႏွင့္ တိုက္ခိုက္ရန္ ၊ သို႔မဟုတ္ ေသြးစြမ္းအားရယူက်င့္ႀကံရန္အတြက္ မိစာၦသားရဲမ်ားကိုအမဲလိုက္ရန္ မိစာၦေသြးက်င့္ႀကံသူမ်ားက ရံဖန္ရံခါ အုပ္စုဖြဲ႕လႈပ္ရွားေလ့ ရွိၾကသည္။ေသြးနီတိမ္တိုက္ဂိုဏ္းကဲ့သို႔ သိုင္းဂိုဏ္းႀကီးမ်ားအားလုံးက လိုအပ္ခ်ိန္တြင္ ရန္သူကို အဆင္သင့္တိုက္ခိုက္ႏိုင္ရန္ အုပ္စုဖြဲ႕ တိုက္ခိုက္သည့္နည္းလမ္းမ်ားကို တပည့္မ်ားအား ေလ့က်င့္သင္ၾကားေပးထားေလ့ရွိ၏။႐ႊီေဖးက ျဖည္းညင္းစြာျဖင့္..."ငါတို႔အစြန္းေရာက္ရွစ္ပါးကမာၻမွာလည္း သိုင္းဂိုဏ္းႀကီးေတြ ရွိတာပါပဲ ၊ ဒါေပမဲ့ ပထဝီဝင္အေနအထားအလိုက္ တည္ရွိၾကတာဆိုေတာ့ တိုက္ပြဲတစ္ခုအတြက္ သိုင္းသမားေတြ ပူးေပါင္းတိုက္ခိုက္ဖို႔ အခုလို ေလ့က်င့္ထားတာမ်ိဳး မရွိဘူးပဲ"ရန္ေက်ာက္ကဲက..."ဒါက က်င့္ႀကံျခင္းပုံစံ ကြာျခားတဲ့အတြက္ ျဖစ္ေပၚလာတဲ့ မတူညီမႈပါပဲ ၊ တူညီတဲ့သားရဲေတြရဲ႕ ေသြးကို ရယူက်င့္ႀကံထားတဲ့ သိုင္းသမားေတြကို အုပ္စုဖြဲ႕ေပးလိုက္ရင္ အဖြဲ႕လိုက္တိုက္ခိုက္တဲ့စြမ္းအားက ျမင့္တက္လာမွာပဲ"သူက ဆက္ေျပာသည္။"ဒါေပမဲ့ ဒီနည္းလမ္းက ငါတို႔ အစြန္းေရာက္ရွစ္ပါးကမာၻနဲ႔ မသင့္ေတာ္ပါဘူး ၊ မဟာကပ္ေဘးႀကီးမတိုင္ခင္က အုပ္စုလိုက္ တိုက္ခိုက္ၾကတဲ့ အစီအရင္ပုံစံေတြရွိေပမယ့္ ျပန္အသုံးျပဳဖို႔က်ေတာ့ လိုအပ္ခ်က္ေတြရွိေနတယ္ ၊ အလြယ္တကူ အေကာင္အထည္ေဖာ္လို႔ မရႏိုင္ဘူး ၊ သာမန္ထက္ပိုတဲ့ စြမ္းအားကို လိုခ်င္တယ္ဆိုရင္ တန္ဖိုးကေတာ့ ေပးဆပ္ရတာပဲေလ"ရန္ေက်ာက္ကဲက ႏႈတ္ခမ္းမ်ားကို ပြတ္သပ္ရင္း..."အင္း... ဒီအစ္ကိုႀကီးက တိုက္ပြဲအစီအရင္ပုံစံေတြအေၾကာင္း အမ်ားႀကီးသိထားေပမယ့္... အဲဒါေတြအားလုံးက အရမ္း အဆင့္အတန္းျမင့္မားလြန္းတယ္"အားဟူက..."သခင္ေလး... သူတို႔ေတြက အင္အားသုံးၿပီး ကြၽန္ေတာ္တို႔ကို တိုက္ခိုက္ခ်င္ေနတာလား ၊ အကုန္လုံး ၾကက္အေမႊးႏႈတ္သလို ႏႈတ္ပစ္လိုက္မယ္..."ရန္ေက်ာက္ကဲက ပခုံတစ္ခ်က္တြန႔္ရင္း ေကာင္းဖန္ႏွင့္ စာေပသမားလူ႐ြယ္ကို ၾကည့္လိုက္သည္။"အိမ္ေရွ႕စံမင္းသားက မင္းတို႔ကို အေတာ္ေလး အေလးထားသားပဲ ၊ ခ်က္ခ်င္း စစ္တပ္ႀကီးေရာက္ခ်လာတယ္"ထိုစကားကိုၾကားေတာ့ လင္းယုန္ငွက္ေမႊးဂိုဏ္းခ်ဳပ္ 'ေကာင္းဖန္' ၏မ်က္ႏွာက ျဖဴဖပ္ျဖဴေလ်ာ္ ျဖစ္သြားၿပီး လူ႐ြယ္စာေပသမားကေတာ့ မဲ့႐ြဲ႕သြားသည္။အျပင္ဘက္တြင္ ေတာင္ကိုၿဖိဳ ၊ ပင္လယ္ကိုလွန္ေတာ့မည့္အလား တပ္ဖြဲ႕ႀကီးကေတာ့ အလုံးအရင္း ေရာက္လာၿပီ ျဖစ္သည္။စာေပသမားက..."အဲဒါက အရွင့္သားရဲ႕ တပ္ဖြဲ႕မဟုတ္ဘူး ၊ ေသြးနီလွံရွည္တပ္ဖြဲ႕ရဲ႕ စစ္ေသနာပတိက သူ႔စစ္တပ္ကိုဦးေဆာင္ၿပီ ေရာက္လာတာ ၊ အဲဒီလူက ေဒါသလည္းႀကီး ေခါင္းလည္းမာသလို စိတ္ထင္တိုင္းလည္းက်ဲတတ္ေသးတယ္"သူက ရန္ေက်ာက္ကဲကို လွမ္းၾကည့္ရင္း..."မင္းက ခန္းဟယ္ၿမိဳ႕ေတာ္မွာ လာေသာင္းၾကမ္းေတာ့... မင္းရဲ႕ အျပဳအမူေတြက ဖုရန္တိုင္းျပည္ကို ထိပါးတယ္လို႔ ယူဆၿပီး သူက လာတိုက္တာေနမွာေပါ့"ရန္ေက်ာက္ကဲက..."ဘုရင္နဲ႔ အိမ္ေရွ႕စံခြင့္ျပဳခ်က္မရွိဘဲ စစ္တပ္က ဘယ္လိုလုပ္ လႈပ္ရွားႏိုင္ရတာလဲ"စာေပသမားႏွင့္ ေကာင္းဖန္တို႔ (၂)ေယာက္မွာ အလြန္ အဆင္မေျပေသာ အမူအရာမ်ားျဖင့္ ရွိေနၾကသည္။ေကာင္းဖန္က..."တကယ္ေတာ့ မင္းႀကီးက တံခါးပိတ္က်င့္ႀကံေနတာပါ ၊ ၿပီးေတာ့... သူကက အဲဒီစစ္ေသနာပတိကို အရမ္းယုံၾကည္တယ္"ရန္ေက်ာက္ကဲ ႏႈတ္ခမ္းမ်ား တြန႔္ေကြးသြားသည္။ဘုရင္ကို အျပည့္အဝ သစၥာေစာင့္သိေသာ္လည္း အိမ္ေရွ႕မင္းသားႏွင့္ အဆင္မေျပသူတစ္ေယာက္ ၊ ေရာက္လာေသာ စစ္ေသနာပတိက ထိုသို႔ေသာ လူမ်ိဳးပင္။ရန္ေက်ာက္ကဲက ၿပဳံးရင္း..."ဆိုေတာ့... အဲဒီပုဂၢိဳလ္က မင္းတို႔ရဲ႕ ေသေရးရွင္ေရးကို အေရးစိုက္မွာ မဟုတ္ဘူးေပါ့"ေကာင္းဖန္ႏွင့္ စာေပသမားက ႀကိဳးစားၿပီး ၿပဳံးလိုက္ၾကသည္။စာေပသမားလူ႐ြယ္က စိတ္ဓာတ္ကို ျမႇင့္တင္လိုက္ၿပီး..."အမွန္ပဲ ၊ ဒီေတာ့ မင္း ငါတို႔ကို ဖမ္းထားလည္း အသုံးမဝင္ပါဘူး ၊ ငါတို႔ကိုလႊတ္ေပးမယ္ဆိုရင္ 'ေသြးနီလွံရွည္စစ္တပ္' လက္ကလြတ္ေအာင္ ကူညီေပးႏိုင္ပါတယ္"သူက ဆက္ေျပာသည္။"ေသြးနီလွံရွည္စစ္တပ္ရဲ႕ စစ္ေသနာပတိက ဘုရင္အေပၚ အရမ္းသစၥာေစာင့္သိတယ္ ၊ ဒါေၾကာင့္ မင္းႀကီးကို ထိခိုက္မယ္ထင္တဲ့ အရာအားလုံးကို ရွင္းပစ္လိမ့္မယ္ ၊ ငါတို႔က... ႀကီးတဲ့အမႈေသးေအာင္ ၊ ေသးတဲ့အမႈပေပ်ာက္ေအာင္ လုပ္ေပးႏိုင္ပါတယ္ ၊ မင္းကလည္း အရမ္းစြမ္းအားျမင့္မားတဲ့ လူတစ္ေယာက္ဆိုေတာ့ စစ္ေသနာပတိနဲ႔ ရန္သူျဖစ္ခ်င္မွာ မဟုတ္ပါဘူး ၊ ခန္းဟယ္ၿမိဳ႕ေတာ္မွာ တိုက္ပြဲတစ္ခုျဖစ္တယ္ဆိုတာ အေတာ္ေလး ဆိုး႐ြားတဲ့ အေျခအေနပါပဲ"ရန္ေက်ာက္ကဲက ႏႈတ္ခမ္းတစ္ခ်က္မဲ့ၿပီးမွ ရယ္ေမာလိုက္ရင္း..."မင္းတို႔ကို လႊတ္ေပးလိုက္လို႔ ရပါတယ္ ၊ ဒါေပမဲ့ မင္းတို႔ကိုလႊတ္ေပးလိုက္မွ မီးထဲဆီေလာင္းသလို အဲဒီစစ္တပ္ကို တိုက္ခိုက္ဖို႔ တြန္းအားေပးသလို ျဖစ္မသြားႏိုင္ဘူးလား ၊ မင္းတို႔စကားအရဆိုရင္ အိမ္ေရွ႕စံမင္းသားနဲ႔ စစ္ေသနာပတိက အဆင္မေျပဘူးေလ"သူက ဆက္ေျပာသည္။"သူက ငါ့ကို သတ္ႏိုင္မလား မသတ္ႏိုင္ဘူးလားဆိုတာ အသာထား ၊ ဒါေပမဲ့ ငါ သူ႔ကို သတ္လိုက္ရင္ေတာ့ မင္းတို႔ အိမ္ေရွ႕စံမင္းသား အရမ္းေပ်ာ္ေနမွာ မဟုတ္ဘူးလား"ေကာင္းဖန္ႏွင့္ လူ႐ြယ္စာေပသမားက ျပာျပာသလဲပင္ ေခါင္းခါယမ္းရင္း..."မဟုတ္ဘူး... အဲဒီလို လုံးဝ မဟုတ္ဘူး"အျပင္ဘက္မွ သတ္ျဖတ္လိုသည့္အေငြ႕အသက္မ်ား ထင္သာျမင္သာ ထြက္ေပၚလာသည္ကို ခံစားရသည့္အခါ ေကာင္းဟန္ႏွင့္စာေပသမားမွာ နဖူးထက္မွ ေခြၽးေစးမ်ားပင္ စီးက်လာၾကသည္။ရန္ေက်ာက္ကဲက ၿပဳံးရင္း လက္ကာျပလိုက္သည္။"စိတ္မပူၾကပါနဲ႔... ၊ ဒါနဲ႔... မင္းတို႔အိမ္ေရွ႕စံမင္းသားက အခု ဘယ္ေရာက္ေနလဲ ၊ မင္းတို႔စကားအရဆိုရင္ မင္းတို႔ႏွစ္ေယာက္က သူ႔အတြက္ အေရးပါတယ္ဆို"ေကာင္းဖန္ႏွင့္ စာေပသမားက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကၿပီး..."အရွင့္သားက ေသြးနီတိမ္တိုက္ဂိုဏ္းက သံတမာန္ေတြနဲ႔ လက္ခံေတြ႕ဆုံေနရပါတယ္ ၊ အေရးႀကီးဧည့္သည္ေတြျဖစ္ေနေတာ့ ျငင္းဆန္လို႔ အဆင္မေျပပါဘူး"ရန္ေက်ာက္ကဲက ေခါင္းညိတ္ရင္း..."ဒါျဖင့္ စစ္ေသတာပတိက ေသြးနီတိမ္တိုက္ဂိုဏ္းက ဧည့္သည္ေတြရွိေနတာေတာင္ ငါတို႔ကို လာတိုက္ခိုက္ရဲတဲ့သေဘာေပါ့ ၊ ဟုတ္လား"ေကာင္းဖန္ႏွင့္ စာေပသမားက ေခါင္းညိတ္လိုက္ၾကသည္။မည္သို႔ပင္ျဖစ္ေစ သူတို႔ စိတ္မေအးႏိုင္ေပ။သူတို႔က ရန္ေက်ာက္ကဲလက္ထဲ က်ေရာက္ေနသည္ျဖစ္ရာ အခ်ိန္မေ႐ြး အသတ္ခံရႏိုင္ေျခရွိသည္။ ေသြးနီတိမ္တိုက္ဂိုဏ္းက သူတို႔အတြက္ လက္စားေခ်ေပးဦးေတာ့ ၊ မည္သူမွ အသက္ဆုံးရႈံးရန္ ဆႏၵမရွိၾကေပ။ရန္ေက်ာက္ကဲက စပ္စုလိုက္သည္။"'မိစာၦ (၃)ပါးနဲ႔ သိုင္းဂိုဏ္းႀကီး (၄) ဂိုဏ္းအေၾကာင္း ငါ ၾကားဖူးထားတယ္ ၊ ဆိုေတာ့... ေသြးနီတိမ္တိုက္ဂိုဏ္းမွာ မင္းတို႔ထက္ စြမ္းအားျမင့္မားတဲ့သူေတြ ရွိ‌ေသးတာလား ၊ အဲဒီ ေသြးနီလွံရွည္ စစ္ေသနာပတိက သူ႔ကိုယ္သူ အေတာ္ေလး ယုံၾကည္မႈ ရွိေနသလိုပဲ"ထိုစကားကိုၾကားေတာ့ ေကာင္းဖန္ႏွင့္ စာေပသမားက ရန္ေက်ာက္ကဲကို လူထူးလူဆန္းတစ္ေယာက္ပမာ လွမ္းၾကည့္ၾကသည္။ရန္ေက်ာက္ကဲက ခပ္သဲ့သဲ့ ၿပဳံးရင္း..."ငါတို႔ဘိုးေဘးေတြ ေမ်ာလြင့္ဝိညာဥ္ကမာၻမွာ လွည့္လည္သြားလာတုန္းက မိစာၦ (၃)ပါးနဲ႔ သိုင္းဂိုဏ္းႀကီး (၄)ဂိုဏ္းဆိုတာ ၾကားေတာင္မၾကားဖူးဘူး ၊ ၾကည့္ရတာ... အတိတ္ျဖစ္ရပ္ေတြက မ်က္စိေရွ႕မွာ တိမ္လိုေလလို လြင့္ေမ်ာသြားၾကတယ္ ထင္ပါရဲ႕ ၊ ထားပါ... အဲဒါေတြကို မေျပာတာေကာင္းတယ္ ၊ လူဆိုတာ ပစၥဳပၸန္နဲ႔အနာဂတ္ကိုပဲ စိတ္ဝင္စားသင့္တယ္"ေကာင္းဖန္က သက္ျပင္းခ်ရင္း..."မင္းနားလည္ေအာင္ ငါ ေျပာျပမယ္ ၊ ဖုရန္မင္းႀကီးရဲ႕ အမ်က္ေဒါသက ငါတို႔ လင္းယုန္ငွက္ေမႊးဂိုဏ္းကို တစ္ညတည္းနဲ႔ အမႈန႔္ေခ်ပစ္ႏိုင္တယ္ဆိုရင္... ေသြးနီတိမ္တိုက္ဂိုဏ္းက ဖုရန္တိုင္းျပည္တစ္ခုလုံးကို အဲဒီထက္ျမန္တဲ့ႏႈန္းနဲ႔ အမႈန႔္ေခ်ပစ္ႏိုင္တယ္"စာေပသမားက..."ဒီနယ္ေျမတစ္ခုလုံးမွာ ဖုရန္တိုင္းျပည္အပါအဝင္ တိုင္းျပည္ (၃၆) ခု ရွိတယ္ ၊ အားလုံးက ေသြးနီတိမ္တိုက္ဂိုဏ္းရဲ႕ လက္ေအာက္ခံေတြပဲ"သူက ဆက္ေျပာသည္။"ဒီတစ္ေခါက္ ေသြးနီတိမ္တိုက္ဂိုဏ္းက ဖုရန္တိုင္းျပည္မွာ ေတြ႕ဆုံပြဲတစ္ခုလုပ္ဖို႔ရွိတယ္ ၊ ဖုရန္တိုင္းျပည္အပါအဝင္ တိုင္းျပည္ (၆)ခု အဲဒီေတြ႕ဆုံပြဲမွာ ပါဝင္တယ္ ၊ က်န္တဲ့ တိုင္းျပည္ (၃၀) က်န္တဲ့ (၅)ေနရာမွာ ေတြ႕ဆုံပြဲတစ္ခုစီ ျပဳလုပ္ၾကလိမ့္မယ္""မိစာၦသားရဲ အဆင့္ (၉)ဆင့္ ရွိတာမွာ... ေသြးနီတိမ္တိုက္ဂိုဏ္းနဲ႔ တျခားသိုင္းဂိုဏ္းႀကီး (၃)ခုကပဲ အထက္ပိုင္း (၃)ဆင့္ ေသြးစြမ္းအားကို ပိုင္ဆိုင္ၾကတယ္ ၊ အလယ္ပိုင္း (၃)ဆင့္ ေသြးစြမ္းအားဆိုရင္ေတာင္ ငါတို႔ ဖုရန္တိုင္းျပည္မွာ အေတာ္ေလး တန္ဖိုးျမင့္မားေနၿပီ ၊ တိုင္းျပည္ရဲ႕ရတနာလို႔ေတာင္ တင္စားလို႔ရတယ္ ၊ ဒါေပမဲ့ အဲဒါက ေသြးနီတိမ္တိုက္ဂိုဏ္းအတြက္ေတာ့ သာမန္အရာတစ္ခုလိုပါပဲ"ရန္ေက်ာက္ကဲက ထိုအေၾကာင္းအရာမ်ားကို အလြန္ေပ်ာ္႐ႊင္စြာ နားေထာင္ၿပီးေနာက္ ႐ုတ္တရက္ ေမးလိုက္သည္။"ေျခေထာက္ေျခာက္ေခ်ာင္း လွ်ပ္စီးပ်ံက်ားသစ္က ဘယ္အဆင့္လို႔ ယူဆႏိုင္လဲ"ေကာင္းဖန္က..."အထက္ပိုင္း (၃)ဆင့္ရဲ႕ အဆင့္ (၃)"ရန္ေက်ာက္ကဲက ..."ဒါျဖင့္ ေျခေထာက္ေျခာက္ေခ်ာင္းလွ်ပ္စီးပ်ံက်ားသစ္ရဲ႕ ေသြးစြမ္းအားနဲ႔ က်င့္ႀကံထားတဲ့ နာမည္ႀကီး သိုင္းသမားေတြ ရွိသလား"ထိုစကားကိုၾကားေတာ့ ေကာင္းဖန္ႏွင့္ စာေပသမားတို႔ အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။"ေသြးနီတိမ္တိုက္ဂိုဏ္းကသာ 'ေျခေထာက္ေျခာက္ေခ်ာင္းလွ်ပ္စီးပ်ံက်ားသစ္' ရဲ႕ ေသြးစြမ္းအားကို ပိုင္ဆိုင္ပါတယ္ ၊ အဲဒီေသြးစြမ္းအားနဲ႔ က်င့္ႀကံထားတဲ့သူ ႏွစ္ေယာက္ရွိတယ္ ၊ တစ္ေယာက္က ေသြးနီတိမ္တိုက္ဂိုဏ္းက ဝါရင့္အႀကီးအကဲ က်ားသစ္ဘုရင္ 'လင္ကန္း' ၊ ေနာက္တစ္ေယာက္က သူ႔တပည့္ က်ားသစ္ဘုရင္ငယ္ 'ဟယ္ထိုက္ခ်န္' တို႔ပဲ"စာေပသမားက ရန္ေက်ာက္ကဲကို မယုံႏိုင္စြာ လွမ္းၾကည့္ရင္း..."မင္းတို႔က... ဟယ္ထိုက္ခ်န္ ၊ ဒါမွမဟုတ္ သူ႔ဆရာလင္ကန္းနဲ႔ တိုက္ခိုက္လာတာေတာ့ မဟုတ္ပါဘူးေနာ္ ၊ ဟယ္ထိုက္ခ်န္က ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ေက်ာ္ၾကားမႈကိုရရွိထားတဲ့ သိုင္းသမားတစ္ေယာက္ပဲ ၊ မင္း သူ႔ကို အႏိုင္ယူလိုက္ရင္ေတာင္မွ သူ႔ ဆရာ လင္ကန္း ေပၚလာလို႔ကေတာ့ ရင္ဆိုင္ႏိုင္မွာမဟုတ္ဘူး ၊ သူတို႔ေနာက္မွာ ရွိေနတဲ့ ေသြးနီတိမ္တိုက္ဂိုဏ္းကိုေတာ့ ေျပာမေနနဲ႔ေတာ့"ထိုစကားကိုၾကားေတာ့ ရန္ေက်ာက္ကဲက တစ္စုံတစ္ခုကို စဥ္းစားမိဟန္ျဖင့္ ၿပဳံးလိုက္သည္။သူတို႔စကားေျပာေနစဥ္မွာပင္...အျပင္ဘက္ရွိ ေသြးနီလွံရွည္စစ္တပ္က တိုက္ပြဲအစီအရင္ကို အျပည့္အဝ ထုတ္ေဖာ္ႏိုင္ခဲ့ၿပီ ျဖစ္သည္။သူတို႔က စတင္တိုက္ခိုက္ျခင္းမရွိေသးသည့္တိုင္ ပင္လယ္ဒီေရအလား ျပင္းထန္လြန္းသည့္ မိစာၦေသြးစြမ္းအားမ်ား ထြက္ေပၚလာၿပီး အျပင္ဘက္မွ အေဆာက္အဦမ်ားအားလုံးကို ၿပိဳက်ပ်က္ဆီးသြားေစေလေတာ့၏။

Continue Reading

You'll Also Like

407K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
2.1M 162K 36
No descriptions here
229K 26.3K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...