အပိုင်း (၃၇၀) တစ်စုံတစ်ယောက်ကို ထိုးကြိတ်ရမှာလား
“ ဘာလို့ ပိတ်ထားရမှာလဲ၊ ငါက....”
‘ငါ’ ဟုပြောလိုက်သည့်နောက်တွင် ဟန်စုစုသည့် ဘာမှ ပြောစရာထပ်မရှိတောပေ။
တခြားအကြောင်းကြောင့်မဟုတ်ဘဲ ချင်မော့က သူမကို ကြည့်နေသည့် မျက်လုံးအကြည့်များကြောင့်ပင်။ မျက်လုံးများသည် အင်မတန် အေးစက်နေတော့၏။
“ မင်း ဘာလို့ ဘာမှ ဆက်မပြောတော့တာလဲ”
ချင်မော့သည် ပြုံးနေသော်လည်း သူ့မျက်လုံးများသည် မီးခိုးရောင်မြူများ ဆိုင်းနေကာ အလွန်ကျောချမ်းစရာ ကောင်းနေသယောင်။
ဟန်စုစုသည် ငယ်ငယ်ကတည်းက သူမအကြောက်ဆုံးအရာမှာ ချင်မော့၏ ထိုအကြည့်ပင် ဖြစ်လေသည်။ ထိုအချိန်က သူမသည် သည်လူ အနားကိုပင် မကပ်ရဲခဲ့ပေ။ ယခုလည်း ထိုနည်းတူပင်။
သူ ဤသို့ ရယ်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အမှန်တကယ် ဒေါသထွက်နေကြောင်း ချင်မော့ကို သိသူတိုင်း သိကြ၏။
“ ဆက်ပြောလေ”
ချင်မော့သည် သူမထံ အနည်းငယ်တိုးလာ၏။
“မင်းထပ်ပြောမဲ့စကားကို ငါနားထောင်ရအောင်လို့ပါ”
ထိုဖိနှိပ်သည့်အားသည် ပတ်ဝန်းကျင်ရှိလေထုကို အေးခဲသွားစေတော့မယောင်။
ဟန်စုစု၏မျက်လုံးများသည် နီလာသော်လည်း သူမသည် ဘာမှ ထပ်မပြောရဲတော့ပေ။
အစ်ကိုတစ်ယောက်အနေဖြင့် ဟန်ဖုန်းသည်လည်း သည်နေ့ ကိစ္စများမှာ အလွန်ဆိုးရွားကြောင်း သိနေ၏။
“ ချင်မော့ ငါ့ညီမလေးက ငယ်သေးလို့....”
“ မင်း ငယ်သေးတယ်ဆိုရင်လဲ သစ်ကြားသီးကိုသာ ပိုစားနေလိုက်”
ချင်မော့၏အသံသည် ပျော့ပြောင်းနေဆဲပင်။
ဟန်စုစုက နားမလည်ပေ။
ငါက ဘာလို့ သစ်ကြားသီးတွေ ထပ်စားရမှာလဲ။
ဖူကျို့သည် ဘေးမှကြည့်နေပြီး သူမ၏စိတ်ထဲတွင်တော့ အကူညီမဲ့စွာ သက်ပြင်းချလိုက်မိတော့သည်။
ဒါက အထက်တန်းကျောင်းသူတစ်ယောက် မလား။ တရုတ်ဘာသာစကားကို ဘယ်လိုများ သင်ခဲ့တာလဲဟယ်။ ဒါက လူကို ကြက်သေသေသွားအောင် လုပ်လိုက်တာပဲ။
ဒါပေမဲ့ ကြီးမြတ်လှတဲ့သခင်လေးရဲ့ အဆိပ်ပြင်းတဲ့ စကားကို နားမလည်တာကပဲ ကံကောင်းခြင်းတစ်ခု ဖြစ်နေပြီလေနော်။
နောက်ဆုံးတော့လည်း တခြားလူက နင့်စိတ်ထဲမှာ တစ်ခုခုမှားနေပြီလို့ ပြောလိုက်လို့ ဘယ်သူကမှ သိချင်စိတ် ဖြစ်မနေဘူးဆိုရင် နင့်ဦးနှောက်အတွက် သစ်ကြားသီး စားဖို့လိုနေလို့ပဲပေါ့။
ဟန်စုစုသည် ဘာကိုမှ အမှန်တကယ်နားမလည်သော်လည်း လက်သည်တရားခံကိုတော့ သိနေရာ ချက်ချင်းလိုပင် ဖူကျို့ကို ကြည့်လိုက်လေသည်။
“ အားလုံး နင့်ကြောင့်ပဲ၊ နင်က သိပ်တော်တာပဲနော်၊ အမှိုက်တစ်ခုက တကယ့်ကို ခလောက်ဆန်အောင် လုပ်နိုင်တာပဲ”
ဖူကျို့: “...”
သူမသည် အစမှ အဆုံးထိ ရပ်ကြည့်နေသူသာဖြစ်၏။
သူမသည် ကြီးစွာအထင်လွဲခံလိုက်ရသည်ဟု ခံစားလိုက်ရတော့သည်။
ဖူကျို့သည် အပြင်ပန်းက အလွန်ကြင်နာတတ်သယောင်နှင့် အတွင်းပိုင်းတွင်တော့ အကျည်းတန်သူမျိုးကို သည်းမခံနိုင်ပေ။ သူမသည် အရင်ကတည်းက သည်းမခံခဲ့ပေ။ အခုလည်း သည်းခံမည် မဟုတ်ပေ။ ဒါသည်လည်း သူမ၏ အားနည်းချက်များထဲမှ တစ်ခု ဖြစ်လေသည်။
ဒါသည် မွေးရာပါဖြစ်ရာ ပြောင်းလဲပစ်လို့မရပေ။
ဖူကျို့သည် သန္နိဋ္ဌာန်ချထား၏။ ရန်သူက နောက်ထပ်တစ်ခွန်းထပ်ပြောလာလျှင် သူမသည် သည်နှစ်ရက်အတွင်း ဖုန်းကိုင်ခွင့် မရသောကြောင့် စုပြုံလာသည့် မကျေနပ်ချက်များကို ဖောက်ထုတ်ပစ်ပေတော့မည်။
အကြောင်းမသင့်စွာ ချင်မော့က သူမကို သည်အခွင့်အရေး မပေးခဲ့ပေ။ သူသည် ရှေ့သို့ နောက်တစ်လှမ်း တိုးသွားပြီး ဟန်စုစုကို ကြည့်နေ၏။
“မင်း သေချင်လို့လား”
ဟန်ဖုန်းသည် အခြေအနေ မကောင်းတော့သည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အော်ပြောလိုက်၏။
“ ချင်မော့ စုစု က ငါ့ညီမလေးနော်”
“ငါ သိတယ်”
ချင်မော့က ပြောလိုက်၏။ သူသည် သူ့အကြည့်များကို ဖြည်းဖြည်းချင်း လှည့်လာပြီး လက်သီးတစ်ချက်က နောက်မှပါလာကာ ဟန်ဖုန်းမျက်နှာကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။ ထိုအပြုအမူသည် လေကဲ့သို့ပင် အလွန်မြန်ဆန် တိကျပြီး တခြားသူများကိုပင် ပြင်ဆင်ရန် အခွင့်အရေးပေးချေ။
ဘန်း။
ဟန်ဖုန်းသည် ဘယ်ဖက်သို့ လည်ထွက်သွားတော့သည်။
ကာလီအသင်းသူများသည် အော်ဟစ်လိုက်ကြ၏။
ကျော့ကျန်းသည် သူ့ကို ဆွဲရန်ကြိုးစားလိုက်သည်။
သို့သော် တစ်ချက်ထိုးလိုက်ပြီးနောက် ချင်မော့ ဆက်လုပ်ရန် မရည်ရွယ်သည်ကို သူသိသွား၏။
“ ငါ မိန်းကလေးတွေကို မရိုက်ဘူး ဒါပေမဲ့ မိန်းကလေးရဲ့ အစ်ကိုကိုတော့ ရိုက်နိုင်တယ်”
ချင်မော့သည် သူ့ဘေးတွင် လူမရှိသည့်နှယ် ထိုနေရာတွင် ဟိတ်ဟန်အပြည့်နှင့် ဆတ်ဆတ်ထိမခံ ရပ်နေ၏။ ထိုအသံသည် အလွန်အေးစက်နေရာ သူ့ကို ပြန်ထိုးရန်ပြင်နေသည့် ဟန်ဖုန်းကို ချက်ချင်းလိုပင် အမူးပြေသွားစေတော့သည်။ သူသည် သူ့ကို မသိမသာ ဆဲလိုက်သော်လည်း သူ့ဘက်က မှန်မနေသည်ကိုလည်း သိနေသည်။
ပြောစရာစကားပင် မရှိတော့ပေ။
ဟန်ဖုန်းသည် ထိုနေရာတွင်ပင် ရပ်လိုက်ပြီး သူ့ပါးကို ပွတ်လိုက်၏။
ချင်မော့သည် အားအပြည့် မသုံးလိုက်သည်ကို အားလုံးသိလေသည်။ သို့မဟုတ်လျှင် တစ်ချက်တည်းနှင့် ဟန်ဖုန်း သတိလစ်သွားလောက်သည်။
သူတို့အားလုံးသည် တစ်ကျောင်းထဲထွက်များဖြစ်ပြီး ကျောင်းတက်စဥ်ကလည်း အမြဲတမ်း အတူတူ ရန်ဖြစ်လာကြသည်ဖြစ်ရာ အချင်းချင်း၏ စကေးကို သေချာသိကြလေသည်။
ဟန်စုစုသည် ထိုအခြေအနေကို လက်မခံနိုင်ဖြစ်နေဆဲ။
“အစ်ကိုမော့ ငါ နင့်ကို ဘာလုပ်မိလို့ ငါ့အစ်ကို ကို ဒီလိုလုပ်ရတာလဲ၊ သောက်ကျိုးနဲ၊ ဒါ ဖူ....”
ရွှီး။
ဟန်စုစု စကားမပြီးလိုက်ခင်မှာပင် ဖူကျို့သည် သူမ၏ညာဘက်ခြေထောက်ကို မ,လိုက်ပြီး စကိတ်ဘုတ်၏ ကြွပ်ဆတ်ဆတ်အသံက ရုတ်တရက် ပြေးထွက်သွားတော့သည်။
…
Zawgyi
အပိုင္း (၃၇၀) တစ္စုံတစ္ေယာက္ကို ထိုးႀကိတ္ရမွာလား
“ ဘာလို႔ ပိတ္ထားရမွာလဲ၊ ငါက....”
‘ငါ’ ဟုေျပာလိုက္သည့္ေနာက္တြင္ ဟန္စုစုသည့္ ဘာမွ ေျပာစရာထပ္မရွိေတာေပ။
တျခားအေၾကာင္းေၾကာင့္မဟုတ္ဘဲ ခ်င္ေမာ့က သူမကို ၾကည့္ေနသည့္ မ်က္လုံးအၾကည့္မ်ားေၾကာင့္ပင္။ မ်က္လုံးမ်ားသည္ အင္မတန္ ေအးစက္ေနေတာ့၏။
“ မင္း ဘာလို႔ ဘာမွ ဆက္မေျပာေတာ့တာလဲ”
ခ်င္ေမာ့သည္ ၿပဳံးေနေသာ္လည္း သူ႕မ်က္လုံးမ်ားသည္ မီးခိုးေရာင္ျမဴမ်ား ဆိုင္းေနကာ အလြန္ေက်ာခ်မ္းစရာ ေကာင္းေနသေယာင္။
ဟန္စုစုသည္ ငယ္ငယ္ကတည္းက သူမအေၾကာက္ဆုံးအရာမွာ ခ်င္ေမာ့၏ ထိုအၾကည့္ပင္ ျဖစ္ေလသည္။ ထိုအခ်ိန္က သူမသည္ သည္လူ အနားကိုပင္ မကပ္ရဲခဲ့ေပ။ ယခုလည္း ထိုနည္းတူပင္။
သူ ဤသို႔ ရယ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သူသည္ အမွန္တကယ္ ေဒါသထြက္ေနေၾကာင္း ခ်င္ေမာ့ကို သိသူတိုင္း သိၾက၏။
“ ဆက္ေျပာေလ”
ခ်င္ေမာ့သည္ သူမထံ အနည္းငယ္တိုးလာ၏။
“မင္းထပ္ေျပာမဲ့စကားကို ငါနားေထာင္ရေအာင္လို႔ပါ”
ထိုဖိႏွိပ္သည့္အားသည္ ပတ္ဝန္းက်င္ရွိေလထုကို ေအးခဲသြားေစေတာ့မေယာင္။
ဟန္စုစု၏မ်က္လုံးမ်ားသည္ နီလာေသာ္လည္း သူမသည္ ဘာမွ ထပ္မေျပာရဲေတာ့ေပ။
အစ္ကိုတစ္ေယာက္အေနျဖင့္ ဟန္ဖုန္းသည္လည္း သည္ေန႕ ကိစၥမ်ားမွာ အလြန္ဆိုး႐ြားေၾကာင္း သိေန၏။
“ ခ်င္ေမာ့ ငါ့ညီမေလးက ငယ္ေသးလို႔....”
“ မင္း ငယ္ေသးတယ္ဆိုရင္လဲ သစ္ၾကားသီးကိုသာ ပိုစားေနလိုက္”
ခ်င္ေမာ့၏အသံသည္ ေပ်ာ့ေျပာင္းေနဆဲပင္။
ဟန္စုစုက နားမလည္ေပ။
ငါက ဘာလို႔ သစ္ၾကားသီးေတြ ထပ္စားရမွာလဲ။
ဖူက်ိဳ႕သည္ ေဘးမွၾကည့္ေနၿပီး သူမ၏စိတ္ထဲတြင္ေတာ့ အကူညီမဲ့စြာ သက္ျပင္းခ်လိဳက္မိေတာ့သည္။
ဒါက အထက္တန္းေက်ာင္းသူတစ္ေယာက္ မလား။ တ႐ုတ္ဘာသာစကားကို ဘယ္လိုမ်ား သင္ခဲ့တာလဲဟယ္။ ဒါက လူကို ၾကက္ေသေသသြားေအာင္ လုပ္လိုက္တာပဲ။
ဒါေပမဲ့ ႀကီးျမတ္လွတဲ့သခင္ေလးရဲ႕ အဆိပ္ျပင္းတဲ့ စကားကို နားမလည္တာကပဲ ကံေကာင္းျခင္းတစ္ခု ျဖစ္ေနၿပီေလေနာ္။
ေနာက္ဆုံးေတာ့လည္း တျခားလူက နင့္စိတ္ထဲမွာ တစ္ခုခုမွားေနၿပီလို႔ ေျပာလိုက္လို႔ ဘယ္သူကမွ သိခ်င္စိတ္ ျဖစ္မေနဘူးဆိုရင္ နင့္ဦးေႏွာက္အတြက္ သစ္ၾကားသီး စားဖို႔လိုေနလို႔ပဲေပါ့။
ဟန္စုစုသည္ ဘာကိုမွ အမွန္တကယ္နားမလည္ေသာ္လည္း လက္သည္တရားခံကိုေတာ့ သိေနရာ ခ်က္ခ်င္းလိုပင္ ဖူက်ိဳ႕ကို ၾကည့္လိုက္ေလသည္။
“ အားလုံး နင့္ေၾကာင့္ပဲ၊ နင္က သိပ္ေတာ္တာပဲေနာ္၊ အမွိုက္တစ္ခုက တကယ့္ကို ခေလာက္ဆန္ေအာင္ လုပ္နိုင္တာပဲ”
ဖူက်ိဳ႕: “...”
သူမသည္ အစမွ အဆုံးထိ ရပ္ၾကည့္ေနသူသာျဖစ္၏။
သူမသည္ ႀကီးစြာအထင္လြဲခံလိုက္ရသည္ဟု ခံစားလိုက္ရေတာ့သည္။
ဖူက်ိဳ႕သည္ အျပင္ပန္းက အလြန္ၾကင္နာတတ္သေယာင္ႏွင့္ အတြင္းပိုင္းတြင္ေတာ့ အက်ည္းတန္သူမ်ိဳးကို သည္းမခံနိုင္ေပ။ သူမသည္ အရင္ကတည္းက သည္းမခံခဲ့ေပ။ အခုလည္း သည္းခံမည္ မဟုတ္ေပ။ ဒါသည္လည္း သူမ၏ အားနည္းခ်က္မ်ားထဲမွ တစ္ခု ျဖစ္ေလသည္။
ဒါသည္ ေမြးရာပါျဖစ္ရာ ေျပာင္းလဲပစ္လို႔မရေပ။
ဖူက်ိဳ႕သည္ သႏၷိ႒ာန္ခ်ထား၏။ ရန္သူက ေနာက္ထပ္တစ္ခြန္းထပ္ေျပာလာလွ်င္ သူမသည္ သည္ႏွစ္ရက္အတြင္း ဖုန္းကိုင္ခြင့္ မရေသာေၾကာင့္ စုၿပဳံလာသည့္ မေက်နပ္ခ်က္မ်ားကို ေဖာက္ထုတ္ပစ္ေပေတာ့မည္။
အေၾကာင္းမသင့္စြာ ခ်င္ေမာ့က သူမကို သည္အခြင့္အေရး မေပးခဲ့ေပ။ သူသည္ ေရွ႕သို႔ ေနာက္တစ္လွမ္း တိုးသြားၿပီး ဟန္စုစုကို ၾကည့္ေန၏။
“မင္း ေသခ်င္လို႔လား”
ဟန္ဖုန္းသည္ အေျခအေန မေကာင္းေတာ့သည္ကို ျမင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သူသည္ ေအာ္ေျပာလိုက္၏။
“ ခ်င္ေမာ့ စုစု က ငါ့ညီမေလးေနာ္”
“ငါ သိတယ္”
ခ်င္ေမာ့က ေျပာလိုက္၏။ သူသည္ သူ႕အၾကည့္မ်ားကို ျဖည္းျဖည္းခ်င္း လွည့္လာၿပီး လက္သီးတစ္ခ်က္က ေနာက္မွပါလာကာ ဟန္ဖုန္းမ်က္ႏွာကို ျပင္းထန္စြာ ထိုးႏွက္လိုက္ေတာ့သည္။ ထိုအျပဳအမူသည္ ေလကဲ့သို႔ပင္ အလြန္ျမန္ဆန္ တိက်ၿပီး တျခားသူမ်ားကိုပင္ ျပင္ဆင္ရန္ အခြင့္အေရးေပးေခ်။
ဘန္း။
ဟန္ဖုန္းသည္ ဘယ္ဖက္သို႔ လည္ထြက္သြားေတာ့သည္။
ကာလီအသင္းသူမ်ားသည္ ေအာ္ဟစ္လိုက္ၾက၏။
ေက်ာ့က်န္းသည္ သူ႕ကို ဆြဲရန္ႀကိဳးစားလိုက္သည္။
သို႔ေသာ္ တစ္ခ်က္ထိုးလိုက္ၿပီးေနာက္ ခ်င္ေမာ့ ဆက္လုပ္ရန္ မရည္႐ြယ္သည္ကို သူသိသြား၏။
“ ငါ မိန္းကေလးေတြကို မရိုက္ဘူး ဒါေပမဲ့ မိန္းကေလးရဲ႕ အစ္ကိုကိုေတာ့ ရိုက္နိုင္တယ္”
ခ်င္ေမာ့သည္ သူ႕ေဘးတြင္ လူမရွိသည့္ႏွယ္ ထိုေနရာတြင္ ဟိတ္ဟန္အျပည့္ႏွင့္ ဆတ္ဆတ္ထိမခံ ရပ္ေန၏။ ထိုအသံသည္ အလြန္ေအးစက္ေနရာ သူ႕ကို ျပန္ထိုးရန္ျပင္ေနသည့္ ဟန္ဖုန္းကို ခ်က္ခ်င္းလိုပင္ အမူးေျပသြားေစေတာ့သည္။ သူသည္ သူ႕ကို မသိမသာ ဆဲလိုက္ေသာ္လည္း သူ႕ဘက္က မွန္မေနသည္ကိုလည္း သိေနသည္။
ေျပာစရာစကားပင္ မရွိေတာ့ေပ။
ဟန္ဖုန္းသည္ ထိုေနရာတြင္ပင္ ရပ္လိုက္ၿပီး သူ႕ပါးကို ပြတ္လိုက္၏။
ခ်င္ေမာ့သည္ အားအျပည့္ မသုံးလိုက္သည္ကို အားလုံးသိေလသည္။ သို႔မဟုတ္လွ်င္ တစ္ခ်က္တည္းႏွင့္ ဟန္ဖုန္း သတိလစ္သြားေလာက္သည္။
သူတို႔အားလုံးသည္ တစ္ေက်ာင္းထဲထြက္မ်ားျဖစ္ၿပီး ေက်ာင္းတက္စဥ္ကလည္း အၿမဲတမ္း အတူတူ ရန္ျဖစ္လာၾကသည္ျဖစ္ရာ အခ်င္းခ်င္း၏ စေကးကို ေသခ်ာသိၾကေလသည္။
ဟန္စုစုသည္ ထိုအေျခအေနကို လက္မခံနိုင္ျဖစ္ေနဆဲ။
“အစ္ကိုေမာ့ ငါ နင့္ကို ဘာလုပ္မိလို႔ ငါ့အစ္ကို ကို ဒီလိုလုပ္ရတာလဲ၊ ေသာက္က်ိဳးနဲ၊ ဒါ ဖူ....”
႐ႊီး။
ဟန္စုစု စကားမၿပီးလိုက္ခင္မွာပင္ ဖူက်ိဳ႕သည္ သူမ၏ညာဘက္ေျခေထာက္ကို မ,လိုက္ၿပီး စကိတ္ဘုတ္၏ ႂကြပ္ဆတ္ဆတ္အသံက ႐ုတ္တရက္ ေျပးထြက္သြားေတာ့သည္။
…