Unicode
ယဲဖန် တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်နှာတွင် ချဥ်စူးသည့် အနံ့တစ်ခုဝင်လာသည်။
ခေါင်မိုးကနေ သရဲမတစ်ဦး ရုတ်တရက် ဆင်းလာပြီး သူ့ရှေ့၌ ပေါ်လာ၏။ ဆံပင်များရှုပ်ပွနေပြီး သူမရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းတွင်လဲ ဆံပင်များဖြင့် ဖုံးနေသည်။ ယဲဖန်တောင် ဘယ်ဘက်က သရဲ၏အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှန်း မပြောနိုင်ပေ။
ယဲဖန်က သူ့လက်ကို ဝှေ့ယမ်းရင်း ထိုသရဲမဘေးကို ပုတ်လိုက်လေသည် "မင်း ဆံပင်ညှပ်သင့်နေပြီ အရူးမ လား"
ခန်းမထဲတွင် ရပ်နေရင်း မျက်လုံးပေါင်းများစွာက သူ့အား စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ ယဲဖန်က မျက်မှောင်ကြုတ်ပြီး လူသတ်ချင်သည့်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။
ထိုသရဲများက မသိစိတ်အရ ယဲဖန်အဝေးသို့ ရွေ့သွားလေသည်။
လူသားများက အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံသလို သရဲများသည်လည်း ထိုနည်းလည်းကောင်းပင်။
ဗီလာအတွင်း၌ ဖုန့်များ ထူထပ်နေပေသည်။ ယဲဖန်က အခန်းတစ်ခန်းရွေးလိုက်ပြီး သန့်ရှင်းရေးအဆောင်တစ်ခုထုတ်ကာ အခန်းအား ရိုးရိုးရှင်းရှင်းပင် သန့်ရှင်းလိုက်လေ၏။
ယဲဖန်သည် ထိုသရဲများ၏ကျူးကျော်ဝင်ရောက်လာမှုကို ကာကွယ်ရန် အခန်းထဲတွင် ကာကွယ်ရေးပုံစံအမျိုးမျိုးကို ပြင်ဆင်လိုက်လေသည်။
ပြင်ဆင်မှုများ ပြီးသွားတော့ ယဲဖန်က ရှေးဟောင်းလမ်းမကနေ ဝယ်လာခဲ့သည့် သုံးချောင်းထောက်ကြေးအိုးလေးကို ထုတ်လာပြီး မှော်လက်နက်များကို စတင်သန့်စင်လေသည်။
.......
ယဲဖန်က မှော်လက်နက်များသန့်စင်သည့် ဆရာသခင်အများကြီးကို တွေ့ဖူးသော်လည်း ဒါကတော့ သူ၏ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဒါကြောင့် တစ္ဆေဝိညာဥ်အလံကို မသန့်စင်ခင် ထိုကဲ့သို့ခံစားချက်များကို ရှာဖွေရန် အခြားအရာများကို အရင်ဆုံးသန့်စင်လိုက်လေသည်။
သူပြီးသွားသည်နှင့် ၎င်းက ငါးရက်မြောက်နေ့တောင် ရောက်ရှိနေလေပြီ။
ယဲဖန်သည် သူ့အိမ်ထဲမှာ ထွက်လာစဥ် ပန်းခြံဘေး၌ ရပ်နေသော ခိုးကြောင်ခိုးဝှက်အရိပ်မည်းအားတွေ့လိုက်ရသည်။
"ဒီမှာ ဘာလုပ်နေတာလဲ" ယဲဖန်က ရုတ်တရက် ချိုက်ကျန်ကျွင်းအနောက်၌ ပေါ်လာလေသည်။
ချိုက်ကျန်ကျွင်းသည် ထိတ်လန့်သွားခဲ့သည်။ သူက ခေါင်းလှည့်လာပြီး ယဲဖန်ကို မျက်တောင်ခတ်လျက် ကြည့်လာကာ "ဟေး သူငယ်ချင်း။ မင်း နံပါတ်၁၈က ပိုင်ရှင်အသစ်ရောက်နေပြီဆိုတာ ကြားပြီးပြီလား"
ယဲဖန်က ခေါင်းငြိမ့်ပြီး မေးလိုက်သည် "ကြားပြီးပြီ။ ဘာဖြစ်လို့လဲ"
"အဲ့ကောင်လေးက သရဲခြောက်တဲ့အိမ်ထဲ ဝင်သွားတာငါးရက်ရှိနေပြီ။ ပြန်ထွက်မလာသေးဘူးလို့ ငါကြားတယ်။ သူအထဲမှာ သေနေပြီလားလို့ တွေးနေတာ" ချိုက်ကျန်ကျွင်းက ဆိုလိုက်သည်။
"သရဲခြောက်တဲ့အိမ်က ကိစ္စကြီးလဲ မဟုတ်ပါဘူး။ သူက ဘယ်လိုလုပ်သေမှာလဲ" သူက ဆရာသခင်တစ်ယောက်ပဲလေ။ လှည့်လည်သွားလာနေသည့်သရဲတွေက သူ့ကို ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ။
"ကိစ္စကြီးမဟုတ်ဘူးတဲ့လား။ သူငယ်ချင်းရေ ဒါက မင်းအတွက် တကယ်တမ်းပြောတော့တာ လွယ်ကူတာ။ ငါ မင်းကို ပြောပြမယ်။ ငါ တစ်ခါတုန်းက လူတွေခေါ်လာတော့ သရဲအများကြီးကို တွေ့ခဲ့တယ်။ ကြောက်လွန်းလို့ သေတော့မလိုပဲ" ချိုက်ကျန်ကျွင်းက ခေါင်းယမ်းလိုက်လေသည်။
သာမန်လူတွေက သရဲတွေကို မမြင်နိုင်ပေမဲ့ တစ္ဆေအငွေ့အသက်လေးလံလာသည့်အခါမျိုးနှင့် တချို့အထူးအခြေအနေမျိုးတွင် သာမန်လူတွေတောင် သရဲများကို တွေ့မြင်နိုင်လေသည်။
ယဲဖန်က သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လျက် "မင်းအရင်က ဝင်ဖူးတယ်။ တစ်ယောက်ယောက်ရဲ့အိမ်ထဲကို မင်းက ဘယ်လိုလုပ်ဝင်ရဲရတာလဲ"
ချိုက်ကျန်ကျွင်းက ရှုက်ရွံစွာ ပြုံးလိုက်ပြီး "အရင်က ဒီထဲမှာ တစ်ယောက်မှ မနေဘူးမလား။ ဒီသရဲခြောက်တဲ့အိမ်အကြောင်းသိချင်နေတဲ့ မိန်းကလေးတစ်ချို့ရှိတယ်လေ။ ဒါပေါ့ ယောင်္ကျာ်းကောင်းတစ်ယောက်အနေနဲ့ သူတို့ဘက်မှာ ရပ်တည်ပြီး ကာကွယ်ပေးရမယ်လေ"
ယဲဖန်က မျက်တောင်ခတ်ပြီး စိတ်ဝင်စားစွာ မေးလိုက်လေသည် "မင်းက ဒီကို ကောင်မလေးတွေ ခေါ်လာတာလား။ သူတို့က ကြောက်လန့်လာရင် လက်မောင်းထဲပြေးဝင်လာတယ်လို့ ကြားတယ်။ အဲ့နည်းလမ်းက အသုံးဝင်လား"
ချိုက်ကျန်ကျွင်းက ရှက်ရွံစွာ ပြုံးလာပြီး "သိပ်ပြီးတော့ အလုပ်မဖြစ်ပါဘူး"
ဒါပေါ့ အသုံးမဝင်ရသည့် အကြောင်းအရင်းမှာလဲ သူ့လုပ်ဆောင်ချက်ကြောင့်လို့လဲ ပြောနိုင်သည်။ သူတို့သရဲကို တွေ့လိုက်သောအခါ သူ့အော်သံက ကောင်မလေးတွေအော်သံထက်တောင် ပိုကျယ်တယ်လို့ သူ့အကိုဆီက ပြန်ကြားခဲ့ရသည်။ ဒါကြောင့် သူတို့က သူ့အား အရှုံးသမားအဖြစ် ထင်ကုန်ကြသည်။ အတိတ်ကို မေ့လိုက်စမ်း။ သူ့ကိုလဲ အပြစ်လုံးဝမတင်သင့်ပေ။ တကယ်တော့ သူလဲ သူ့လက်မောင်းထဲသို့ တစ်ယောက်ယောက်က ခုန်ဝင်လာဖို့ မျှော်လင့်ခဲ့သေးသည်။ ဒါပေမဲ့ အဲ့လိုဖြစ်လာမည့်အစား မျက်နှာမဲ့သရဲမကသာ သူ့လက်မောင်းထဲသို့ ဝင်လာလေသည်။
"အိုး သနားစရာပဲ။ အလုပ်ဖြစ်ခဲ့ရင် ငါလဲ ငါ့ရည်းစားကို ခေါ်လာမလို့လေ" ယဲဖန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ချိုက်ကျန်ကျွင်း "....."
.......
ချိုက်ကျန်ကျွင်းနှင့် ယဲဖန်တို့ စကားပြောနေစဥ် လုံခြုံရေးအစောင့်တစ်ချို့က ရောက်လာလေသည်။ သူတို့က ယဲဖန်ကို အကောင်းပကတိအတိုင်း ရှိနေသေးသည်ကို တွေ့လိုက်တော့ သူတို့အားလုံး စိတ်သက်သာရာရသွားလေသည် "သခင်လေးယဲ မင်းအဆင်ပြေရဲ့လား"
ယဲဖန်က လက်နောက်ပစ်ကာ "ပြေပါတယ်"
"အဲ့အိမ်က ....."
ယဲဖန်က "ပိုးဟပ်နည်းနည်းတော့ရှိတယ်။ အကုန်လုံးကို ကျွန်တော် သတ်ပစ်လိုက်ပြီ"
အစောင့်များက ယဲဖန်အား ထူးဆန်းသည့်အမူအရာတစ်ချို့နှင့် ကြည့်လာသည်။ သူအဆင်ပြေသည်ကို မြင်တော့ သူတို့လဲ ဆင်ခြေတစ်ခုပေးကာ ထွက်သွားကြလေသည်။
"သူငယ်ချင်း မင်းက မိုက်တာပဲ။ ဒါဆို မင်းက နံပါတ်၁၈ရဲ့ ပိုင်ရှင်အသစ်ပေါ့။ ငါဘာလို့ မင်းရဲ့ကြိုးပမ်းမှုလို့ မထင်ရတာလဲ" ချိုက်ကျန်ကျွင်းက လေးစားမှုဖြင့် ပြောလာသည်။
ယဲဖန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည် "ဘယ်ကြိုးပမ်းမှုလဲ။ မင်းက ဘာအကြောင်းပြောနေတာလဲ"
"သူငယ်ချင်း ဟန်ဆောင်မနေစမ်းပါနဲ့။ မင်းက သရဲခြောက်တဲ့အိမ်ကို ဝယ်ထားပြီး မင်းက ဒီအိမ်ထဲမှာ နေမယ်လို့ ပြောလိုက်တော့ ဒါက မင်းကို ရဲရင့်ပြီး စွမ်ဆောင်မှုရှိတယ်လို့ ထင်သွားစေမယ်။ တကယ်တော့ မင်းက တခြားနေရာမှာ သွားနေလိုက်မယ်လေ။ မင်းလိုဦးနှောက်မျိုး လိုချင်လိုက်တာ" ချိုက်ကျန်ကျွင်းက ဆို၏။
သူ့ကို ကြည့်ပြီး ယဲဖန်က လက်ဝှေ့ယမ်းကာ "မင်းအများကြီးတွေးနေတာပဲ။ ငါက သရဲခြောက်တဲ့အိမ်မှာပဲ နေတာကွ"
ချိုက်ကျန်ကျွင်းက သဘောမတူစွာ "ဒီလိုနေရာမျိုးက လူတွေနေထိုင်ဖို့ မဟုတ်ဘူး"
ယဲဖန်က ပြုံးကာ "မင်းနေလို့မရတာနဲ့ ငါလဲ နေလို့မရဘူးလို့ မဆိုလိုဘူးလေ"
"အိုး ငါသိပြီ။ အဲ့ဒီသရဲတွေက အဝေးရွှေ့သွားကြတာမလား" ချိုက်ကျန်ကျွင်းက မေးသည်။
ယဲဖန်က ခေါင်းငြိမ့်ရင်း "ဟုတ်တယ်။ အတိအကျပဲ"
သူသည် တစ္ဆေဝိညာဥ်အလံကို သန့်စင်ရန် ငါးရက်ကြာကုန်ဆုံးပြီးနောက် အိမ်ထဲရှိ သရဲတစ္ဆေများကို နှိမ်နင်းခဲ့လေသည်။
ချိုက်ကျန်ကျွင်းက သူ့အား လေးစားမှုများဖြင့် ကြည့်လာကာ "သူငယ်ချင်း မင်းက တကယ်ကံကောင်းတာပဲ။ ဒီအိမ်ရဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ်ကတင် ယွမ်ဆယ်သန်းကျော်လောက်ရှိတာ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တည်းက အိမ်စျေးတွေကလဲ အရူးလိုပဲ မြင့်တက်နေတာ။ ဒီအိမ်ကသာ သရဲမခြောက်ဘူးဆိုရင် လူတွေက ယွမ်သန်းငါးဆယ်၊ သန်းခြောက်ဆယ်လောက်နဲ့ ဝယ်ဖို့ကို တိုက်ခိုက်ကြနေလိမ့်မယ်"
ယဲဖန်က ပြုံးလိုက်ကာ "ဟုတ်တယ်။ ငါက တကယ်ကံကောင်းလွန်းတယ်"
.......
တစ်နေ့တွင် ယဲဖန်က ကျောက်ရှီသို့ လမ်းလျှောက်လာနေစဥ် အရှေ့ကောင်တာမှ အမျိုးသမီးနှစ်ယောက်က သူ့အား ဝမ်းသာအာရ ကြည့်လာကြသည်။
"သခင်လေးယဲ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"
ယဲဖန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်လေသည် "ကျွန်တော်ရောက်လာတာနဲ့ မင်းက ပျော်ရွှင်တဲ့ပုံပေါက်နေရတာလဲ"
"ဥက္ကဋ္ဌပိုင်က အစည်းအဝေးလုပ်နေတုန်းပါ။ အပေါ်ထပ်တက်သွားပြီး သူ့ကိုစောင့်လိုက်ရင်ကော ဘယ်လိုတုန်း"အရှေ့ကောင်တာမှတစ်ယောက်က အကြုံပြုလာသည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ကာ "ကောင်းပြီလေ"
သူ့နောက်ကျော ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အရှေ့ကောင်တာမှ နှစ်ယောက်က အချင်းချင်းပြန်ကြည့်နေကြသည်။
"ဒီရက်ပိုင်းအတွင်း ဥက္ကဋ္ဌပိုင်က စိတ်အခြေအနေမကောင်းဘူးနော်။ အခုတလော သခင်လေးယဲ မလာလို့များလားမသိဘူး"
"ငါလဲမသိဘူး။ ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်လောက်တယ်"
"ဥက္ကဋ္ဌပိုင်က တကယ်ပဲ ဒီလိုပုံစံမျိုးကို ကြိုက်တာ ဖြစ်နိုင်ပါ့မလား။ ဒါက အရမ်းကို ခက်ခဲလွန်းတာပဲ"
"သူ့ကို ကြည့်လိုက်စမ်း။ သူက ဖိနပ်ပါးတစ်ရံပဲ စီးပြီး ရောက်လာတာ"
.......
သူ့တစ္ဆေဝိညာဥ်အလံကို ရမ်းနေရင်း ယဲဖန်သည် အစည်းအဝေးခန်းထဲတွင် ပျင်းရိစွာ စောင့်ဆိုင်းလေသည်။ တစ်နာရီလောက်ကြာပြီးနောက် နောက်ဆုံးတွင် ပိုင်ယွင်ရှီက ဝင်လာခဲ့သည်။
"မင်းက ဒီမှာပဲ" ပိုင်ယွင်ရှီက ဆိုသည်။
ယဲဖန်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ ကျွန်တော့်မှော်လက်နက်တစ္ဆေအလံကို ကြည့်လိုက်"
ပိုင်ယွင်ရှီသည် သူ့လက်ထဲမှ တစ္ဆေအလံကို ကြည့်ပြီး ယဲဖန်အား ခေါင်းရွက်စျေးသည်တစ်ဦးလို့ ခံစားလိုက်ရသည် "မင်း ဒီလိုပစ္စည်းနဲ့ ဘယ်လိုဝင်လာတာလဲ" ဒီလောက် ကြီးတဲ့ တစ္ဆေအလံနှင့် ဒီကောင်က အထဲကို တိုက်ရိုက်ယူလာတာ ဖြစ်နိုင်ပါ့မလား။ ဒီလိုဆို ကုမ္ပဏီကလူတွေအတွက် နောက်နှစ်ဝက်လောက်အထိ အတင်းအဖျင်းပြောဖို့ လုံလောက်သွားပေပြီ။
"ကျွန်တော်က နှိမ့်ချတဲ့လူတစ်ယောက်ပါနော်။ မကြွားတတ်ဘူး" ယဲဖန်က ဆိုလိုက်၏။
ပိုင်ယွင်ရှီ "....." ခုနှစ်ထပ်ကနေ သူ့ဘာသာ ဇောက်ထိုးဆွဲချနေတဲ့လူက သူ့ကိုယ်သူ နှိမ့်ချတတ်တဲ့လူလို့ ပြောနေတာလား။
ယဲဖန်က သူ့လက်ထဲတွင် တစ္ဆေအလံကို ယမ်းလိုက်ရာ ရုတ်တရက်ကြီး သုံးပုံတစ်ပုံလောက် သေးသွားလေသည်။ နောက်ထပ် အနည်းငယ်လောက် လှုပ်လိုက်တော့ လက်ဝါးနှစ်ဖက်စာလောက်ထိ သေးသွားလေသည်။
"ဒီအရာက ကြီးနိုင်၊ သေးနိုင်တာလား" ပိုင်ယွင်ရှီသည် လျှို့ဝှက်ဆန်းကြယ်သည့်ခံစားချက်များဖြင့် မျက်လုံးပြူးသွားလေသည်။
ယန်ဖန်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးမှော်လက်နက်လေ။ ဒါကို သန့်စင်ဖို့ အများကြီးအားထုတ်ထားခဲ့ရတာ။ ကျွန်တော်ထွက်လာတော့ မင်းဆီက ဖုန်းခေါ်ထားတာ တွေ့လိုက်လို့လေ။ အားနာလိုက်တာ ကျွန်တော် အလုပ်လုပ်နေတုန်း အဝင်ဖုန်းခေါ်ဆိုမှုတွေကို ပိတ်ထားလို့ပါ။ ဒါနဲ့ ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ"
ပိုင်ယွင်ရှီက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီး "အဲ့ဒီဆာလောင်နေတဲ့သရဲက ငါ့တူမဆီ ထပ်ရောက်လာသေးတယ်။ မင်းပေးထားတဲ့ ကျောက်စိမ်းဆွဲသီးက သူမကို အကာအကွယ်ပေးထားလို့ပေါ့။ ဒါပေမဲ့ အဲ့အရာက သူမကို အလွယ်တကူအလွတ်မပေးမှာကိုပဲ ငါကြောက်တာ"
ယဲဖန်က မျက်မှောင်ကြုတ်ကာ "ဒါက ရက်စက်တဲ့သရဲတစ္ဆေနဲ့ တူတယ်။ သာမန်သရဲတစ္ဆေတွေဆို နောက်ဆုံးအကြိမ်တုန်းက ကံကြမ္မာပြောင်းပြန်လက်ကောက်နဲ့ ထိသွားပြီးရင် လျှပ်စီးအဆောင်မပါရင်တောင် အဲ့ဒါက ထပ်မလာနိုင်တော့ဘူး"
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းကို ဆက်သွယ်လို့မရလို့ အဖိုးက နဂါးကျားတောင်က လူတွေကို ဆက်သွယ်ခဲ့တယ်" ပိုင်ယွင်ရှီက ဆို၏။
"အိုး အဲ့ဒီနတ်ဆရာတွေလား။ သူတို့ ပြဿနာကို ဖြေရှင်းပြီးသွားပြီလား" ယဲဖန်က မေးလိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းခါကာ "ဟင်အင်း၊ သူတို့က ဆရာသခင်တစ်ယောက်ကို ပို့ပေးလိုက်တယ်။ သရဲက ထွက်ပြေးသွားပြီလို့တော့ ပြောတယ်။ အဲ့ဒါက ထပ်မပေါ်လာဘူးဆို သူလဲ ဖမ်းလို့မရဘူးတဲ့။ ဒါကြောင့် နဂါးကျားတောင်က လူတွေက အခု မိုမိုဘေးနားမှာ စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ ရေရှည်တော့ မဖြစ်နိုင်ဘူးလေ။ ဒါ့အပြင် မိုမိုကလဲကျောင်းသွားရအုံးမယ်။ ပြီးတော့ နဂါးကျားတောင်က လူတွေကလဲ သူမဘေးမှာ တစ်ချိန်လုံးမနေနိုင်ဘူးလေ"
သရဲက အချိန်အတော်ကြာအောင် မပေါ်လာဘူးဆိုလျှင် သူတို့ထွက်သွားမှာကိုပဲ ကြောက်လေသည်။
ယဲဖန်က ခေါင်းငြိမ့်ကာ "ကျွန်တော် စားသောက်ပြီးသွားရင် အဲ့တစ္ဆေကို ခြေရာခံဖို့ ကြိုးစားပေးမယ်" တစ္ဆေဝိညာဥ်အလံဖြင့် သရဲတစ္ဆေများကို ခြေရာခံတာက ပိုမိုလွယ်ကူလေသည်။
"ကောင်းပြီလေ။ အရင်ရက်တုန်းက မင်းက ဘယ်ရောက်နေတာလဲ" ပိုင်ယွင်ရှီက မမေးဘဲ မနေနိုင်ချေ။
"ကျွန်တော် အသစ်ဝယ်ထားတဲ့ ဗီလာကို သွားခဲ့တာ" ယဲဖန်က ဆို၏။
ပိုင်ယွင်ရှီက အံ့သြသင့်စွာ မေးလိုက်သည် "ဘယ်လိုတုန်း"
"လူမနေတာ ကြာပြီဆိုတော့ အရမ်းညစ်ပတ်တယ်" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီ "....." သူမေးချင်တာက ဒါမဟုတ်ဘူးလေ "အထဲက သရဲတွေကကော ဘယ်လိုတုန်း"
"ကျွန်တော်အကုန်လုံး နှိမ်နင်းလိုက်ပြီ" ယဲဖန်က ဆိုလေသည်။
ပိုင်ယွင်ရှီက သက်ပြင်းချလိုက်ကာ "ဒါဆိုရင်လဲ ကောင်းပါပြီ။ ဒါနဲ့ မင်းအရင်တစ်ခေါက်က အဖိုးကိုပေးထားတဲ့ဆေးလေ၊ အဖိုးက အဲ့ဆေးကို အဖွားကိုလဲ သောက်ခိုင်းလိုက်တာ ပြဿနာတော့ မရှိပါဘူးနော်"
ယဲဖန်က ခေါင်းခါကာ "မရှိပါဘူး။ လူကြီးတွေအတွက်ပဲလေ"
ရှောက်ချီက ယဲဖန်ပေးလိုက်သည့်ဆေးများကို ပထမက အဝေးကို မစွန့်ပစ်နိုင်ခဲ့ပေမယ့် သောက်လဲမသောက်ခဲ့ပေ။ ဒါကြောင့် သူက အံဆွဲထဲမှာ သော့ခတ်ထားခဲ့လေသည်။
သူ့အဖွားက အားဆေးသောက်ရန် ယူလိုက်သောအခါ ယဲဖန်ဟာကို မှားယူလာခဲ့လေသည်။ ရလဒ်အနေဖြင့် သူမက တစ်လုံးကို သောက်လိုက်ပြီးနောက် နှစ်အနည်းငယ်လောက် ငယ်ရွယ်သွားပုံ ပေါက်ကာ တစ်ကိုယ်လုံးလဲ တောက်ပနေခဲ့သည်။ သူ့အဖိုးလဲ သည်းမခံနိုင်တော့တာကြောင့် သူလဲ တစ်လုံးယူသောက်လိုက်လေသည်။ သူတို့နှစ်ဦးသားသည် ညဘက်တွင် သက်ကြီးရွယ်အိုအက ကရန် မကြာခဏ ထွက်သွားခဲ့ကြလေသည်။
အလုပ်ဆင်းပြီးနောက် ပိုင်ယွင်ရှီသည် ယဲဖန်နှင့်အတူ ဆေးရုံသို့ သွားခဲ့သည်။
ဆေးရုံ၌ လူငယ်လေးတစ်ဦးသည် ယဲဖန်အား တွေ့လိုက်သည်နှင့် ချက်ခြင်းပင် မကျေမနပ်ဖြစ်ကာ "ဒါက မင်းပဲ။ မင်းပဲ။ မင်းပဲ"
ထိုအရာကို တွေ့တော့ ယဲဖန်က ပထမတွင် အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားရပြီးနောက် သတိရသွားလေသည် "မင်း.....မင်းက ဟိုနေ့က ကလေးပဲ"
"ကလေး၊ မင်းညီမကိုပဲ။ မင်းကသာ ရူးနေတဲ့ ကလေး" ကျန်းရွမ်အံကြိတ်လိုက်လေသည်။
"မင်းတို့ အချင်းချင်း သိနေကြတာလား" ပိုင်ယွင်ရှီက သံသယရှိစွာ မေးလိုက်သည်။
"ကျွန်တော် သူ့ကို တစ်ကြိမ်တွေ့ဖူးတယ်။ သူက အမြဲတမ်း ကျွန်တော်နှင့် ဆွေးနွေးချင်နေတာလေ။ အိုး မင်းခေါင်းမှာ ဂျိုတစ်ချောင်းထွက်နေတယ်" ယဲဖန်က ဆို၏။
ကျန်းရွမ်က သူ၏ထက်ရှနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သွေးအန်လုနီးပါးဖြစ်နေလေသည်။
စစ်တပ်ဆေးရုံတုန်းက ကျန်းရွမ်သည် ယဲဖန်အား နှစ်ကြိမ်စိမ်ခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ချက်တည်းနှင့် တိုက်ရိုက်ပြုတ်ကျသွားလေသည်။ ကျန်းရွမ်သည် ချီးမွမ်းခြင်း ခံရလေ့ရှိကာ သူ့မျိုးဆက်တွင် အထူးချွန်ဆုံးလို့ ထင်နေသည့်လူက ဒါကို ဘယ်လိုခံနိုင်မှာလဲ "မင်း မျိုးမစစ်ကောင်။ ဒါတွေအားလုံးက မင်းကြောင့်ပဲ မဟုတ်ဘူးလား"
ယဲဖန်က ရုတ်တရက် တစ်ခုခုအား တွေးမိသွားတာကြောင့် မေးလိုက်လေသည် "ဒါဆို အရင်တစ်ခေါက်တုန်းက မင်းခေါင်းတစ်ခုခုကို ဝင်တိုက်မိသွားတာလား။ မင်း ငါ့ကို အပြစ်မတင်သင့်ဘူးလေ။ မင်းက အရမ်းနုနယ်လွန်းတာကို။ ငါ တစ်ကြိမ်တည်း လှုပ်ရှားမိလိုက်တာပါ"
ကျန်းရွမ်သည် သူ့အား စိုက်ကြည့်ရင်း "မင်း မျိုးမစစ်ကောင်။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
"ငါက ပိုင်မိုမိုဆီ အလည်လာတာလေ" ယဲဖန်က ဆိုလေသည်။
ကျန်းရွမ်သည် မျက်မှောင်ကြုတ်ရင်း ပိုင်ယွင်ရှီဘက် လှည့်ကြည့်လိုက်သည်။
ပိုင်ယွင်ရှီသည် အနည်းငယ် ကိုးရိုးကားယားခံစားလိုက်ရသည်။ တောက်ပညာရှင်များအတွက် တစ်ကြိမ်ကို တစ်ယောက်ကသာ ကူညီရလေသည်။ အဲ့တစ်ယောက်က ဘာမှမလုပ်နိုင်မှသာ နောက်ဆရာသခင်ကို အကူအညီသွားတောင်းသင့်ပေသည်။ တောက်ဆရာသခင်များက အရမ်းမာနကြီးကြသည်။ တောက်ပညာရှင်နှစ်ဦးအား တစ်ကြိမ်တည်း ဖိတ်ခေါ်မိပါက တစ်ယောက်ယောက်၏စွမ်းရည်ကို မယုံကြည်ဘူးလို့ ဖော်ပြလေသည်။
"သူက ငါ့သူငယ်ချင်းပါ" ပိုင်ယွင်ရှီက ပြောသည်။
ယဲဖန်က ခေါင်းငြိမ့်ကာ "ချစ်သူကောင်လေးလေ"
ကျန်းရွမ်က ယဲဖန်အား စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း "သခင်လေးပိုင် မင်းက ဘာလို့ မင်းချစ်သူကောင်လေးကို ဒီလိုမျိုးရှာလာရတာလဲ"
ယဲဖန်က မျက်မှောင်ကြုတ်ကာ "ဟေး မင်းဘာပြောလိုက်တာလဲ။ ငါ့လိုချစ်သူကောင်လေးမျိုးကို ရှာတာ ဘာဖြစ်နေလို့တုန်း"
ကျန်းရွမ် "....."
Thanks for your reading
---------------------------------------------------------------------
Zawgyi
ယဲဖန္ တံခါးဖြင့္လိုက္သည္ႏွင့္ သူ႔မ်က္ႏွာတြင္ ခ်ဥ္စူးသည့္ အနံ့တစ္ခုဝင္လာသည္။
ေခါင္မိုးကေန သရဲမတစ္ဦး ႐ုတ္တရက္ ဆင္းလာၿပီး သူ႔ေရွ႕၌ ေပၚလာ၏။ ဆံပင္မ်ားရွုပ္ပြေနၿပီး သူမေရွ႕ဘက္ႏွင့္ အေနာက္ဘက္ျခမ္းတြင္လဲ ဆံပင္မ်ားျဖင့္ ဖုံးေနသည္။ ယဲဖန္ေတာင္ ဘယ္ဘက္က သရဲ၏အေရွ႕ျခမ္းႏွင့္ အေနာက္ျခမ္းမွန္း မေျပာနိုင္ေပ။
ယဲဖန္က သူ႔လက္ကို ေဝွ႕ယမ္းရင္း ထိုသရဲမေဘးကို ပုတ္လိုက္ေလသည္ "မင္း ဆံပင္ညႇပ္သင့္ေနၿပီ အ႐ူးမ လား"
ခန္းမထဲတြင္ ရပ္ေနရင္း မ်က္လုံးေပါင္းမ်ားစြာက သူ႔အား စိုက္ၾကည့္ေနသလို ခံစားလိုက္ရသည္။ ယဲဖန္က မ်က္ေမွာင္ၾကဳတ္ၿပီး လူသတ္ခ်င္သည့္ေရာင္ဝါကို ထုတ္လႊတ္လိုက္သည္။
ထိုသရဲမ်ားက မသိစိတ္အရ ယဲဖန္အေဝးသို႔ ေရြ႕သြားေလသည္။
လူသားမ်ားက အားနည္းသူမ်ားကို အနိုင္က်င့္ၿပီး အားႀကီးသူမ်ားကို ေၾကာက္ရြံသလို သရဲမ်ားသည္လည္း ထိုနည္းလည္းေကာင္းပင္။
ဗီလာအတြင္း၌ ဖုန္႔မ်ား ထူထပ္ေနေပသည္။ ယဲဖန္က အခန္းတစ္ခန္းေရြးလိုက္ၿပီး သန္႔ရွင္းေရးအေဆာင္တစ္ခုထုတ္ကာ အခန္းအား ရိုးရိုးရွင္းရွင္းပင္ သန္႔ရွင္းလိုက္ေလ၏။
ယဲဖန္သည္ ထိုသရဲမ်ား၏က်ဴးေက်ာ္ဝင္ေရာက္လာမွုကို ကာကြယ္ရန္ အခန္းထဲတြင္ ကာကြယ္ေရးပုံစံအမ်ိဳးမ်ိဳးကို ျပင္ဆင္လိုက္ေလသည္။
ျပင္ဆင္မွုမ်ား ၿပီးသြားေတာ့ ယဲဖန္က ေရွးေဟာင္းလမ္းမကေန ဝယ္လာခဲ့သည့္ သုံးေခ်ာင္းေထာက္ေၾကးအိုးေလးကို ထုတ္လာၿပီး ေမွာ္လက္နက္မ်ားကို စတင္သန္႔စင္ေလသည္။
.......
ယဲဖန္က ေမွာ္လက္နက္မ်ားသန္႔စင္သည့္ ဆရာသခင္အမ်ားႀကီးကို ေတြ႕ဖူးေသာ္လည္း ဒါကေတာ့ သူ၏ပထမဆုံးအႀကိမ္ ျဖစ္ေပသည္။ ဒါေၾကာင့္ တေစၧဝိညာဥ္အလံကို မသန္႔စင္ခင္ ထိုကဲ့သို႔ခံစားခ်က္မ်ားကို ရွာေဖြရန္ အျခားအရာမ်ားကို အရင္ဆုံးသန္႔စင္လိုက္ေလသည္။
သူၿပီးသြားသည္ႏွင့္ ၎က ငါးရက္ေျမာက္ေန႔ေတာင္ ေရာက္ရွိေနေလၿပီ။
ယဲဖန္သည္ သူ႔အိမ္ထဲမွာ ထြက္လာစဥ္ ပန္းၿခံေဘး၌ ရပ္ေနေသာ ခိုးေၾကာင္ခိုးဝွက္အရိပ္မည္းအားေတြ႕လိုက္ရသည္။
"ဒီမွာ ဘာလုပ္ေနတာလဲ" ယဲဖန္က ႐ုတ္တရက္ ခ်ိဳက္က်န္ကၽြင္းအေနာက္၌ ေပၚလာေလသည္။
ခ်ိဳက္က်န္ကၽြင္းသည္ ထိတ္လန္႔သြားခဲ့သည္။ သူက ေခါင္းလွည့္လာၿပီး ယဲဖန္ကို မ်က္ေတာင္ခတ္လ်က္ ၾကည့္လာကာ "ေဟး သူငယ္ခ်င္း။ မင္း နံပါတ္၁၈က ပိုင္ရွင္အသစ္ေရာက္ေနၿပီဆိုတာ ၾကားၿပီးၿပီလား"
ယဲဖန္က ေခါင္းၿငိမ့္ၿပီး ေမးလိုက္သည္ "ၾကားၿပီးၿပီ။ ဘာျဖစ္လို႔လဲ"
"အဲ့ေကာင္ေလးက သရဲေျခာက္တဲ့အိမ္ထဲ ဝင္သြားတာငါးရက္ရွိေနၿပီ။ ျပန္ထြက္မလာေသးဘူးလို႔ ငါၾကားတယ္။ သူအထဲမွာ ေသေနၿပီလားလို႔ ေတြးေနတာ" ခ်ိဳက္က်န္ကၽြင္းက ဆိုလိုက္သည္။
"သရဲေျခာက္တဲ့အိမ္က ကိစၥႀကီးလဲ မဟုတ္ပါဘူး။ သူက ဘယ္လိုလုပ္ေသမွာလဲ" သူက ဆရာသခင္တစ္ေယာက္ပဲေလ။ လွည့္လည္သြားလာေနသည့္သရဲေတြက သူ႔ကို ဘယ္လိုလုပ္ ထိခိုက္နိုင္မွာလဲ။
"ကိစၥႀကီးမဟုတ္ဘူးတဲ့လား။ သူငယ္ခ်င္းေရ ဒါက မင္းအတြက္ တကယ္တမ္းေျပာေတာ့တာ လြယ္ကူတာ။ ငါ မင္းကို ေျပာျပမယ္။ ငါ တစ္ခါတုန္းက လူေတြေခၚလာေတာ့ သရဲအမ်ားႀကီးကို ေတြ႕ခဲ့တယ္။ ေၾကာက္လြန္းလို႔ ေသေတာ့မလိုပဲ" ခ်ိဳက္က်န္ကၽြင္းက ေခါင္းယမ္းလိုက္ေလသည္။
သာမန္လူေတြက သရဲေတြကို မျမင္နိုင္ေပမဲ့ တေစၧအေငြ႕အသက္ေလးလံလာသည့္အခါမ်ိဳးႏွင့္ တခ်ိဳ႕အထူးအေျခအေနမ်ိဳးတြင္ သာမန္လူေတြေတာင္ သရဲမ်ားကို ေတြ႕ျမင္နိုင္ေလသည္။
ယဲဖန္က သူ႔အား စိတ္ရွုပ္ေထြးစြာ ၾကည့္လ်က္ "မင္းအရင္က ဝင္ဖူးတယ္။ တစ္ေယာက္ေယာက္ရဲ့အိမ္ထဲကို မင္းက ဘယ္လိုလုပ္ဝင္ရဲရတာလဲ"
ခ်ိဳက္က်န္ကၽြင္းက ရွုက္ရြံစြာ ျပဳံးလိုက္ၿပီး "အရင္က ဒီထဲမွာ တစ္ေယာက္မွ မေနဘူးမလား။ ဒီသရဲေျခာက္တဲ့အိမ္အေၾကာင္းသိခ်င္ေနတဲ့ မိန္းကေလးတစ္ခ်ိဳ႕ရွိတယ္ေလ။ ဒါေပါ့ ေယာကၤ်ာ္းေကာင္းတစ္ေယာက္အေနနဲ႔ သူတို႔ဘက္မွာ ရပ္တည္ၿပီး ကာကြယ္ေပးရမယ္ေလ"
ယဲဖန္က မ်က္ေတာင္ခတ္ၿပီး စိတ္ဝင္စားစြာ ေမးလိုက္ေလသည္ "မင္းက ဒီကို ေကာင္မေလးေတြ ေခၚလာတာလား။ သူတို႔က ေၾကာက္လန္႔လာရင္ လက္ေမာင္းထဲေျပးဝင္လာတယ္လို႔ ၾကားတယ္။ အဲ့နည္းလမ္းက အသုံးဝင္လား"
ခ်ိဳက္က်န္ကၽြင္းက ရွက္ရြံစြာ ျပဳံးလာၿပီး "သိပ္ၿပီးေတာ့ အလုပ္မျဖစ္ပါဘူး"
ဒါေပါ့ အသုံးမဝင္ရသည့္ အေၾကာင္းအရင္းမွာလဲ သူ႔လုပ္ေဆာင္ခ်က္ေၾကာင့္လို႔လဲ ေျပာနိုင္သည္။ သူတို႔သရဲကို ေတြ႕လိုက္ေသာအခါ သူ႔ေအာ္သံက ေကာင္မေလးေတြေအာ္သံထက္ေတာင္ ပိုက်ယ္တယ္လို႔ သူ႔အကိုဆီက ျပန္ၾကားခဲ့ရသည္။ ဒါေၾကာင့္ သူတို႔က သူ႔အား အရွုံးသမားအျဖစ္ ထင္ကုန္ၾကသည္။ အတိတ္ကို ေမ့လိုက္စမ္း။ သူ႔ကိုလဲ အျပစ္လုံးဝမတင္သင့္ေပ။ တကယ္ေတာ့ သူလဲ သူ႔လက္ေမာင္းထဲသို႔ တစ္ေယာက္ေယာက္က ခုန္ဝင္လာဖို႔ ေမၽွာ္လင့္ခဲ့ေသးသည္။ ဒါေပမဲ့ အဲ့လိုျဖစ္လာမည့္အစား မ်က္ႏွာမဲ့သရဲမကသာ သူ႔လက္ေမာင္းထဲသို႔ ဝင္လာေလသည္။
"အိုး သနားစရာပဲ။ အလုပ္ျဖစ္ခဲ့ရင္ ငါလဲ ငါ့ရည္းစားကို ေခၚလာမလို႔ေလ" ယဲဖန္က စိတ္ပ်က္လက္ပ်က္ ေျပာလိုက္သည္။
ခ်ိဳက္က်န္ကၽြင္း "....."
.......
ခ်ိဳက္က်န္ကၽြင္းႏွင့္ ယဲဖန္တို႔ စကားေျပာေနစဥ္ လုံျခဳံေရးအေစာင့္တစ္ခ်ိဳ႕က ေရာက္လာေလသည္။ သူတို႔က ယဲဖန္ကို အေကာင္းပကတိအတိုင္း ရွိေနေသးသည္ကို ေတြ႕လိုက္ေတာ့ သူတို႔အားလုံး စိတ္သက္သာရာရသြားေလသည္ "သခင္ေလးယဲ မင္းအဆင္ေျပရဲ့လား"
ယဲဖန္က လက္ေနာက္ပစ္ကာ "ေျပပါတယ္"
"အဲ့အိမ္က ....."
ယဲဖန္က "ပိုးဟပ္နည္းနည္းေတာ့ရွိတယ္။ အကုန္လုံးကို ကၽြန္ေတာ္ သတ္ပစ္လိုက္ၿပီ"
အေစာင့္မ်ားက ယဲဖန္အား ထူးဆန္းသည့္အမူအရာတစ္ခ်ိဳ႕ႏွင့္ ၾကည့္လာသည္။ သူအဆင္ေျပသည္ကို ျမင္ေတာ့ သူတို႔လဲ ဆင္ေျခတစ္ခုေပးကာ ထြက္သြားၾကေလသည္။
"သူငယ္ခ်င္း မင္းက မိုက္တာပဲ။ ဒါဆို မင္းက နံပါတ္၁၈ရဲ့ ပိုင္ရွင္အသစ္ေပါ့။ ငါဘာလို႔ မင္းရဲ့ႀကိဳးပမ္းမွုလို႔ မထင္ရတာလဲ" ခ်ိဳက္က်န္ကၽြင္းက ေလးစားမွုျဖင့္ ေျပာလာသည္။
ယဲဖန္က စိတ္ရွုပ္ေထြးစြာ ေမးလိုက္သည္ "ဘယ္ႀကိဳးပမ္းမွုလဲ။ မင္းက ဘာအေၾကာင္းေျပာေနတာလဲ"
"သူငယ္ခ်င္း ဟန္ေဆာင္မေနစမ္းပါနဲ႔။ မင္းက သရဲေျခာက္တဲ့အိမ္ကို ဝယ္ထားၿပီး မင္းက ဒီအိမ္ထဲမွာ ေနမယ္လို႔ ေျပာလိုက္ေတာ့ ဒါက မင္းကို ရဲရင့္ၿပီး စြမ္ေဆာင္မွုရွိတယ္လို႔ ထင္သြားေစမယ္။ တကယ္ေတာ့ မင္းက တျခားေနရာမွာ သြားေနလိုက္မယ္ေလ။ မင္းလိုဦးေႏွာက္မ်ိဳး လိုခ်င္လိုက္တာ" ခ်ိဳက္က်န္ကၽြင္းက ဆို၏။
သူ႔ကို ၾကည့္ၿပီး ယဲဖန္က လက္ေဝွ႕ယမ္းကာ "မင္းအမ်ားႀကီးေတြးေနတာပဲ။ ငါက သရဲေျခာက္တဲ့အိမ္မွာပဲ ေနတာကြ"
ခ်ိဳက္က်န္ကၽြင္းက သေဘာမတူစြာ "ဒီလိုေနရာမ်ိဳးက လူေတြေနထိုင္ဖို႔ မဟုတ္ဘူး"
ယဲဖန္က ျပဳံးကာ "မင္းေနလို႔မရတာနဲ႔ ငါလဲ ေနလို႔မရဘူးလို႔ မဆိုလိုဘူးေလ"
"အိုး ငါသိၿပီ။ အဲ့ဒီသရဲေတြက အေဝးေရႊ႕သြားၾကတာမလား" ခ်ိဳက္က်န္ကၽြင္းက ေမးသည္။
ယဲဖန္က ေခါင္းၿငိမ့္ရင္း "ဟုတ္တယ္။ အတိအက်ပဲ"
သူသည္ တေစၧဝိညာဥ္အလံကို သန္႔စင္ရန္ ငါးရက္ၾကာကုန္ဆုံးၿပီးေနာက္ အိမ္ထဲရွိ သရဲတေစၧမ်ားကို ႏွိမ္နင္းခဲ့ေလသည္။
ခ်ိဳက္က်န္ကၽြင္းက သူ႔အား ေလးစားမွုမ်ားျဖင့္ ၾကည့္လာကာ "သူငယ္ခ်င္း မင္းက တကယ္ကံေကာင္းတာပဲ။ ဒီအိမ္ရဲ့ ေဆာက္လုပ္ေရးကုန္က်စရိတ္ကတင္ ယြမ္ဆယ္သန္းေက်ာ္ေလာက္ရွိတာ။ ၿပီးေတာ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္တည္းက အိမ္ေစ်းေတြကလဲ အ႐ူးလိုပဲ ျမင့္တက္ေနတာ။ ဒီအိမ္ကသာ သရဲမေျခာက္ဘူးဆိုရင္ လူေတြက ယြမ္သန္းငါးဆယ္၊ သန္းေျခာက္ဆယ္ေလာက္နဲ႔ ဝယ္ဖို႔ကို တိုက္ခိုက္ၾကေနလိမ့္မယ္"
ယဲဖန္က ျပဳံးလိုက္ကာ "ဟုတ္တယ္။ ငါက တကယ္ကံေကာင္းလြန္းတယ္"
.......
တစ္ေန႔တြင္ ယဲဖန္က ေက်ာက္ရွီသို႔ လမ္းေလၽွာက္လာေနစဥ္ အေရွ႕ေကာင္တာမွ အမ်ိဳးသမီးႏွစ္ေယာက္က သူ႔အား ဝမ္းသာအာရ ၾကည့္လာၾကသည္။
"သခင္ေလးယဲ ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီေပါ့"
ယဲဖန္က စိတ္ရွုပ္ေထြးစြာ ေမးလိုက္ေလသည္ "ကၽြန္ေတာ္ေရာက္လာတာနဲ႔ မင္းက ေပ်ာ္ရႊင္တဲ့ပုံေပါက္ေနရတာလဲ"
"ဥကၠ႒ပိုင္က အစည္းအေဝးလုပ္ေနတုန္းပါ။ အေပၚထပ္တက္သြားၿပီး သူ႔ကိုေစာင့္လိုက္ရင္ေကာ ဘယ္လိုတုန္း"အေရွ႕ေကာင္တာမွတစ္ေယာက္က အၾကဳံျပဳလာသည္။
ယဲဖန္က ေခါင္းၿငိမ့္လိုက္ကာ "ေကာင္းၿပီေလ"
သူ႔ေနာက္ေက်ာ ေပ်ာက္ကြယ္သြားသည္ကို ၾကည့္ရင္း အေရွ႕ေကာင္တာမွ ႏွစ္ေယာက္က အခ်င္းခ်င္းျပန္ၾကည့္ေနၾကသည္။
"ဒီရက္ပိုင္းအတြင္း ဥကၠ႒ပိုင္က စိတ္အေျခအေနမေကာင္းဘူးေနာ္။ အခုတေလာ သခင္ေလးယဲ မလာလို႔မ်ားလားမသိဘူး"
"ငါလဲမသိဘူး။ ဒါေပမဲ့ အဲ့ဒါက ျဖစ္နိုင္ေလာက္တယ္"
"ဥကၠ႒ပိုင္က တကယ္ပဲ ဒီလိုပုံစံမ်ိဳးကို ႀကိဳက္တာ ျဖစ္နိုင္ပါ့မလား။ ဒါက အရမ္းကို ခက္ခဲလြန္းတာပဲ"
"သူ႔ကို ၾကည့္လိုက္စမ္း။ သူက ဖိနပ္ပါးတစ္ရံပဲ စီးၿပီး ေရာက္လာတာ"
.......
သူ႔တေစၧဝိညာဥ္အလံကို ရမ္းေနရင္း ယဲဖန္သည္ အစည္းအေဝးခန္းထဲတြင္ ပ်င္းရိစြာ ေစာင့္ဆိုင္းေလသည္။ တစ္နာရီေလာက္ၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ ပိုင္ယြင္ရွီက ဝင္လာခဲ့သည္။
"မင္းက ဒီမွာပဲ" ပိုင္ယြင္ရွီက ဆိုသည္။
ယဲဖန္က ေခါင္းၿငိမ့္ကာ "ဟုတ္တယ္။ ကၽြန္ေတာ့္ေမွာ္လက္နက္တေစၧအလံကို ၾကည့္လိုက္"
ပိုင္ယြင္ရွီသည္ သူ႔လက္ထဲမွ တေစၧအလံကို ၾကည့္ၿပီး ယဲဖန္အား ေခါင္းရြက္ေစ်းသည္တစ္ဦးလို႔ ခံစားလိုက္ရသည္ "မင္း ဒီလိုပစၥည္းနဲ႔ ဘယ္လိုဝင္လာတာလဲ" ဒီေလာက္ ႀကီးတဲ့ တေစၧအလံႏွင့္ ဒီေကာင္က အထဲကို တိုက္ရိုက္ယူလာတာ ျဖစ္နိုင္ပါ့မလား။ ဒီလိုဆို ကုမၸဏီကလူေတြအတြက္ ေနာက္ႏွစ္ဝက္ေလာက္အထိ အတင္းအဖ်င္းေျပာဖို႔ လုံေလာက္သြားေပၿပီ။
"ကၽြန္ေတာ္က ႏွိမ့္ခ်တဲ့လူတစ္ေယာက္ပါေနာ္။ မႂကြားတတ္ဘူး" ယဲဖန္က ဆိုလိုက္၏။
ပိုင္ယြင္ရွီ "....." ခုႏွစ္ထပ္ကေန သူ႔ဘာသာ ေဇာက္ထိုးဆြဲခ်ေနတဲ့လူက သူ႔ကိုယ္သူ ႏွိမ့္ခ်တတ္တဲ့လူလို႔ ေျပာေနတာလား။
ယဲဖန္က သူ႔လက္ထဲတြင္ တေစၧအလံကို ယမ္းလိုက္ရာ ႐ုတ္တရက္ႀကီး သုံးပုံတစ္ပုံေလာက္ ေသးသြားေလသည္။ ေနာက္ထပ္ အနည္းငယ္ေလာက္ လွုပ္လိုက္ေတာ့ လက္ဝါးႏွစ္ဖက္စာေလာက္ထိ ေသးသြားေလသည္။
"ဒီအရာက ႀကီးနိုင္၊ ေသးနိုင္တာလား" ပိုင္ယြင္ရွီသည္ လၽွို႔ဝွက္ဆန္းၾကယ္သည့္ခံစားခ်က္မ်ားျဖင့္ မ်က္လုံးျပဴးသြားေလသည္။
ယန္ဖန္က ေခါင္းၿငိမ့္ကာ "ဟုတ္တယ္။ ဒါက ကၽြန္ေတာ့္ရဲ့ ပထမဆုံးေမွာ္လက္နက္ေလ။ ဒါကို သန္႔စင္ဖို႔ အမ်ားႀကီးအားထုတ္ထားခဲ့ရတာ။ ကၽြန္ေတာ္ထြက္လာေတာ့ မင္းဆီက ဖုန္းေခၚထားတာ ေတြ႕လိုက္လို႔ေလ။ အားနာလိုက္တာ ကၽြန္ေတာ္ အလုပ္လုပ္ေနတုန္း အဝင္ဖုန္းေခၚဆိုမွုေတြကို ပိတ္ထားလို႔ပါ။ ဒါနဲ႔ ကၽြန္ေတာ့္ဆီက ဘာလိုခ်င္လို႔လဲ"
ပိုင္ယြင္ရွီက မ်က္ေမွာင္ၾကဳတ္ကာ သက္ျပင္းခ်လိုက္ၿပီး "အဲ့ဒီဆာေလာင္ေနတဲ့သရဲက ငါ့တူမဆီ ထပ္ေရာက္လာေသးတယ္။ မင္းေပးထားတဲ့ ေက်ာက္စိမ္းဆြဲသီးက သူမကို အကာအကြယ္ေပးထားလို႔ေပါ့။ ဒါေပမဲ့ အဲ့အရာက သူမကို အလြယ္တကူအလြတ္မေပးမွာကိုပဲ ငါေၾကာက္တာ"
ယဲဖန္က မ်က္ေမွာင္ၾကဳတ္ကာ "ဒါက ရက္စက္တဲ့သရဲတေစၧနဲ႔ တူတယ္။ သာမန္သရဲတေစၧေတြဆို ေနာက္ဆုံးအႀကိမ္တုန္းက ကံၾကမၼာေျပာင္းျပန္လက္ေကာက္နဲ႔ ထိသြားၿပီးရင္ လၽွပ္စီးအေဆာင္မပါရင္ေတာင္ အဲ့ဒါက ထပ္မလာနိုင္ေတာ့ဘူး"
"လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက မင္းကို ဆက္သြယ္လို႔မရလို႔ အဖိုးက နဂါးက်ားေတာင္က လူေတြကို ဆက္သြယ္ခဲ့တယ္" ပိုင္ယြင္ရွီက ဆို၏။
"အိုး အဲ့ဒီနတ္ဆရာေတြလား။ သူတို႔ ျပႆနာကို ေျဖရွင္းၿပီးသြားၿပီလား" ယဲဖန္က ေမးလိုက္သည္။
ပိုင္ယြင္ရွီက ေခါင္းခါကာ "ဟင္အင္း၊ သူတို႔က ဆရာသခင္တစ္ေယာက္ကို ပို႔ေပးလိုက္တယ္။ သရဲက ထြက္ေျပးသြားၿပီလို႔ေတာ့ ေျပာတယ္။ အဲ့ဒါက ထပ္မေပၚလာဘူးဆို သူလဲ ဖမ္းလို႔မရဘူးတဲ့။ ဒါေၾကာင့္ နဂါးက်ားေတာင္က လူေတြက အခု မိုမိုေဘးနားမွာ ေစာင့္ၾကည့္ေနၾကတယ္ဆိုေပမဲ့ ေရရွည္ေတာ့ မျဖစ္နိုင္ဘူးေလ။ ဒါ့အျပင္ မိုမိုကလဲေက်ာင္းသြားရအုံးမယ္။ ၿပီးေတာ့ နဂါးက်ားေတာင္က လူေတြကလဲ သူမေဘးမွာ တစ္ခ်ိန္လုံးမေနနိုင္ဘူးေလ"
သရဲက အခ်ိန္အေတာ္ၾကာေအာင္ မေပၚလာဘူးဆိုလၽွင္ သူတို႔ထြက္သြားမွာကိုပဲ ေၾကာက္ေလသည္။ယဲဖန္က ေခါင္းၿငိမ့္ကာ "ကၽြန္ေတာ္ စားေသာက္ၿပီးသြားရင္ အဲ့တေစၧကို ေျခရာခံဖို႔ ႀကိဳးစားေပးမယ္" တေစၧဝိညာဥ္အလံျဖင့္ သရဲတေစၧမ်ားကို ေျခရာခံတာက ပိုမိုလြယ္ကူေလသည္။
"ေကာင္းၿပီေလ။ အရင္ရက္တုန္းက မင္းက ဘယ္ေရာက္ေနတာလဲ" ပိုင္ယြင္ရွီက မေမးဘဲ မေနနိုင္ေခ်။
"ကၽြန္ေတာ္ အသစ္ဝယ္ထားတဲ့ ဗီလာကို သြားခဲ့တာ" ယဲဖန္က ဆို၏။
ပိုင္ယြင္ရွီက အံ့ၾသသင့္စြာ ေမးလိုက္သည္ "ဘယ္လိုတုန္း"
"လူမေနတာ ၾကာၿပီဆိုေတာ့ အရမ္းညစ္ပတ္တယ္" ယဲဖန္က ေျပာသည္။
ပိုင္ယြင္ရွီ "....." သူေမးခ်င္တာက ဒါမဟုတ္ဘူးေလ "အထဲက သရဲေတြကေကာ ဘယ္လိုတုန္း"
"ကၽြန္ေတာ္အကုန္လုံး ႏွိမ္နင္းလိုက္ၿပီ" ယဲဖန္က ဆိုေလသည္။
ပိုင္ယြင္ရွီက သက္ျပင္းခ်လိုက္ကာ "ဒါဆိုရင္လဲ ေကာင္းပါၿပီ။ ဒါနဲ႔ မင္းအရင္တစ္ေခါက္က အဖိုးကိုေပးထားတဲ့ေဆးေလ၊ အဖိုးက အဲ့ေဆးကို အဖြားကိုလဲ ေသာက္ခိုင္းလိုက္တာ ျပႆနာေတာ့ မရွိပါဘူးေနာ္"
ယဲဖန္က ေခါင္းခါကာ "မရွိပါဘူး။ လူႀကီးေတြအတြက္ပဲေလ"
ေရွာက္ခ်ီက ယဲဖန္ေပးလိုက္သည့္ေဆးမ်ားကို ပထမက အေဝးကို မစြန္႔ပစ္နိုင္ခဲ့ေပမယ့္ ေသာက္လဲမေသာက္ခဲ့ေပ။ ဒါေၾကာင့္ သူက အံဆြဲထဲမွာ ေသာ့ခတ္ထားခဲ့ေလသည္။
သူ႔အဖြားက အားေဆးေသာက္ရန္ ယူလိုက္ေသာအခါ ယဲဖန္ဟာကို မွားယူလာခဲ့ေလသည္။ ရလဒ္အေနျဖင့္ သူမက တစ္လုံးကို ေသာက္လိုက္ၿပီးေနာက္ ႏွစ္အနည္းငယ္ေလာက္ ငယ္ရြယ္သြားပုံ ေပါက္ကာ တစ္ကိုယ္လုံးလဲ ေတာက္ပေနခဲ့သည္။ သူ႔အဖိုးလဲ သည္းမခံနိုင္ေတာ့တာေၾကာင့္ သူလဲ တစ္လုံးယူေသာက္လိုက္ေလသည္။ သူတို႔ႏွစ္ဦးသားသည္ ညဘက္တြင္ သက္ႀကီးရြယ္အိုအက ကရန္ မၾကာခဏ ထြက္သြားခဲ့ၾကေလသည္။
အလုပ္ဆင္းၿပီးေနာက္ ပိုင္ယြင္ရွီသည္ ယဲဖန္ႏွင့္အတူ ေဆး႐ုံသို႔ သြားခဲ့သည္။
ေဆး႐ုံ၌ လူငယ္ေလးတစ္ဦးသည္ ယဲဖန္အား ေတြ႕လိုက္သည္ႏွင့္ ခ်က္ျခင္းပင္ မေက်မနပ္ျဖစ္ကာ "ဒါက မင္းပဲ။ မင္းပဲ။ မင္းပဲ"
ထိုအရာကို ေတြ႕ေတာ့ ယဲဖန္က ပထမတြင္ အနည္းငယ္ စိတ္ရွုပ္ေထြးသလို ခံစားရၿပီးေနာက္ သတိရသြားေလသည္ "မင္း.....မင္းက ဟိုေန႔က ကေလးပဲ"
"ကေလး၊ မင္းညီမကိုပဲ။ မင္းကသာ ႐ူးေနတဲ့ ကေလး" က်န္းရြမ္အံႀကိတ္လိုက္ေလသည္။
"မင္းတို႔ အခ်င္းခ်င္း သိေနၾကတာလား" ပိုင္ယြင္ရွီက သံသယရွိစြာ ေမးလိုက္သည္။
"ကၽြန္ေတာ္ သူ႔ကို တစ္ႀကိမ္ေတြ႕ဖူးတယ္။ သူက အျမဲတမ္း ကၽြန္ေတာ္ႏွင့္ ေဆြးေႏြးခ်င္ေနတာေလ။ အိုး မင္းေခါင္းမွာ ဂ်ိဳတစ္ေခ်ာင္းထြက္ေနတယ္" ယဲဖန္က ဆို၏။
က်န္းရြမ္က သူ၏ထက္ရွေနသည့္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနၿပီး ေသြးအန္လုနီးပါးျဖစ္ေနေလသည္။
စစ္တပ္ေဆး႐ုံတုန္းက က်န္းရြမ္သည္ ယဲဖန္အား ႏွစ္ႀကိမ္စိမ္ေခၚဖို႔ ႀကိဳးစားခဲ့ေပမဲ့ တစ္ခ်က္တည္းႏွင့္ တိုက္ရိုက္ျပဳတ္က်သြားေလသည္။ က်န္းရြမ္သည္ ခ်ီးမြမ္းျခင္း ခံရေလ့ရွိကာ သူ႔မ်ိဳးဆက္တြင္ အထူးခၽြန္ဆုံးလို႔ ထင္ေနသည့္လူက ဒါကို ဘယ္လိုခံနိုင္မွာလဲ "မင္း မ်ိဳးမစစ္ေကာင္။ ဒါေတြအားလုံးက မင္းေၾကာင့္ပဲ မဟုတ္ဘူးလား"
ယဲဖန္က ႐ုတ္တရက္ တစ္ခုခုအား ေတြးမိသြားတာေၾကာင့္ ေမးလိုက္ေလသည္ "ဒါဆို အရင္တစ္ေခါက္တုန္းက မင္းေခါင္းတစ္ခုခုကို ဝင္တိုက္မိသြားတာလား။ မင္း ငါ့ကို အျပစ္မတင္သင့္ဘူးေလ။ မင္းက အရမ္းႏုနယ္လြန္းတာကို။ ငါ တစ္ႀကိမ္တည္း လွုပ္ရွားမိလိုက္တာပါ"
က်န္းရြမ္သည္ သူ႔အား စိုက္ၾကည့္ရင္း "မင္း မ်ိဳးမစစ္ေကာင္။ မင္းက ဒီမွာ ဘာလုပ္ေနတာလဲ"
"ငါက ပိုင္မိုမိုဆီ အလည္လာတာေလ" ယဲဖန္က ဆိုေလသည္။
က်န္းရြမ္သည္ မ်က္ေမွာင္ၾကဳတ္ရင္း ပိုင္ယြင္ရွီဘက္ လွည့္ၾကည့္လိုက္သည္။
ပိုင္ယြင္ရွီသည္ အနည္းငယ္ ကိုးရိုးကားယားခံစားလိုက္ရသည္။ ေတာက္ပညာရွင္မ်ားအတြက္ တစ္ႀကိမ္ကို တစ္ေယာက္ကသာ ကူညီရေလသည္။ အဲ့တစ္ေယာက္က ဘာမွမလုပ္နိုင္မွသာ ေနာက္ဆရာသခင္ကို အကူအညီသြားေတာင္းသင့္ေပသည္။ ေတာက္ဆရာသခင္မ်ားက အရမ္းမာနႀကီးၾကသည္။ ေတာက္ပညာရွင္ႏွစ္ဦးအား တစ္ႀကိမ္တည္း ဖိတ္ေခၚမိပါက တစ္ေယာက္ေယာက္၏စြမ္းရည္ကို မယုံၾကည္ဘူးလို႔ ေဖာ္ျပေလသည္။
"သူက ငါ့သူငယ္ခ်င္းပါ" ပိုင္ယြင္ရွီက ေျပာသည္။
ယဲဖန္က ေခါင္းၿငိမ့္ကာ "ခ်စ္သူေကာင္ေလးေလ"
က်န္းရြမ္က ယဲဖန္အား စိတ္ရွုပ္ေထြးစြာ ၾကည့္ရင္း "သခင္ေလးပိုင္ မင္းက ဘာလို႔ မင္းခ်စ္သူေကာင္ေလးကို ဒီလိုမ်ိဳးရွာလာရတာလဲ"
ယဲဖန္က မ်က္ေမွာင္ၾကဳတ္ကာ "ေဟး မင္းဘာေျပာလိုက္တာလဲ။ ငါ့လိုခ်စ္သူေကာင္ေလးမ်ိဳးကို ရွာတာ ဘာျဖစ္ေနလို႔တုန္း"
က်န္းရြမ္ "....."
Thanks for your reading
---------------------------------------------------------------------