နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

101K 10.6K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 74

588 63 0
By BlackLily_WhiteLily

အခန်း ၇၄ ဝှက်ထားသော ရွှေများ

  ကုယွင်က လန်ယွဲ့အဆောင်ဘက်သို့ လျှောက်လာပြီး ကျွော့ချင်းကို ကြည့်လိုက်ရာ ကျွော့ချင်း၏ပွယောင်းယောင်းဖြစ်နေသောဆံပင်များနှင့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာအသွင်အပြင်ကို တွေ့လိုက်ရသည်။ ကုယွင်က ကျောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်ရင်း နောက်ပြောင်လိုက်သည်။ "ငါထင််တာကတော့ နင် ညက ကောင်းကောင်း မအိပ်ခဲ့ရဘူး"

  "အင်း" သူမက ကျွော့ချင်း ငြင်းမယ်လို့ ထင်ခဲ့ပေမဲ့ ကျွော့ချင်းက ရက်ရက်ရောရော ခေါင်းညိတ်ပြလာပြီး "နောင်လာမယ့် နေ့ရက်တွေမှာ ငါက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်မယ်လို့ ထင်နေတယ်"

ကျိုက်ရှင်းအဆောင်နဲ့ လန်ယွဲ့အဆောင်က အလွန်နီးကပ်နေတာကြောင့် တကယ်ကို အဆင်မပြေလှပေ။ မင်းသမီးလေးက မျှော်ကြည့်ရုံမျှသာတက်နိုင်ပြီး လို့ရှီးယန်ကိုတောင် မြင်ရမည်မဟုတ်ပေ၊ တကယ်ကို အဆင်မပြေတာပါပဲ။

  ကုယွင်က မျက်ခုံးကို အနည်းငယ်ပင့်ကာ မေးလိုက်သည်။ "ငါ တစ်ခုခု လွတ်သွားတာလား"

ချင်းက မနေ့ညကပဲ လက်ထပ်တော့မယ်လို့ ပျော်ပျော်ရွှင်ရွှင် ပြောနေခဲ့တာ မဟုတ်ဘူးလား??? ဒါပေမယ့် ဒီနေ့ မနက်အစောကြီး အခြေအနေက ပြောင်းလဲသွားတယ်။

  ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး သူမဘေးက ကျိုက်ရှင်းအဆောင်ကို လှမ်းကြည့်လိုက်ပြီး "နင် မလွတ်ပါဘူး၊ ပွဲက အခုမှ စမှာ!"

  ကုယွင်က ကျွော့ချင်းကြည့်ရာနောက်သို့ လိုက်ကြည့်လိုက်ရာ ကျွော့ချင်းနေထိုင်သည့် ကျိုက်ရှင်းအဆောင် ဝင်းရှေ့တွင် ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားသော ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည့် သန်မာထွားကြိုင်းသော အမျိုးသားလေးဦးရှိနေသည်။ တံခါးအပြင်ဘက်တွင် အစေခံဖြစ်ပုံရသော မိန်းကလေးငယ်နှစ်ဦး မတ်တပ်ရပ်နေသည်။ ကုယွင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ "ဘာတွေဖြစ်နေတာလဲ?"

  ကျွော့ချင်းက ပြုံးပြီး ပခုံးတွန့်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။ "တစ်ကြောင်းတည်းနဲ့ ရှင်းပြဖို့က အရမ်းခက်တယ်။ ရှင်းရှင်းပြောရရင် ချုံယွဲ့ရဲ့ မင်းသမီးလေးက လို့ရှီးယန်ကို ချစ်မိနေတယ်။ သူ လက်ထပ်မယ်လို့ ကြားလို့ သူ(မ)က နန်းတော်မှာ ကြိုးဆွဲချတယ်။ မယ်တော်မိဖုရားကြီးက လို့ရှီးယန်ကို သူ့(မ)သမီးတော်နဲ့ လက်ထပ်စေချင်တယ်။ လို့ရှီးယန်က ငြင်းပယ်ခဲ့တဲ့အတွက် မင်းသမီးလေး ပြန်လည်သက်သာလာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ်အိမ်တော်ကို ပို့လိုက်တယ်၊ သူတို့တွေ နီးစပ်သွားဖို့ လှည့်စားမှုတွေ လုပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ် ထင်တယ်။ ဆန်ကို ထမင်းချက်ဖို့ ကြိုးစားနေတာ.. ဒါမှမဟုတ် ဒရာမာကားတွေထဲကလို ဖြစ်လာမယ်လို့ မျှော်လင့်နေတာထင်တယ်"

  ဒါကို ကြားပြီးနောက် ကုယွင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး "ဒါက နင့်မှာ အချစ်ပြိုင်ဘက်ရှိနေတာပဲ!"

  ကုယွင်က ဟက်ဟက်ပက်ပက် ရယ်မောနေပြီး ကျွော့ချင်းကိုယ်တိုင်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည်။ "နင်ပြောသလိုပဲ"

သူမ တစ်စုံတစ်ယောက်ကို ပထမဆုံး အကြိမ် ချစ်မိသွားချိန်မှာ ဒီလို ရှုပ်ထွေးမှုတွေ အများကြီး ရှိလာလိမ့်မယ်လို့ သူမ မထင်ခဲ့ပေ။ ထိုအလှည့်အပြောင်းမျိုးကိုလည်း မလိုချင်ပါဘူး။

  ကျွော့ချင်း၏အပြုံးတွင် နာကြည်းမှု အရိပ်အမြွက်များ ပါဝင်နေတာကြောင့် ကုယွင်က "လို့ရှီးယန်က အရမ်းထက်မြက်တဲ့သူလေ... နင့်မှာ အချစ်ပြိုင်ဘက်တစ်ယောက်ရှိနေတာ ပုံမှန်ပါပဲ၊ အရေးအကြီးတာက သူ့သဘောထားပါပဲ"

  ကျွော့ချင်းက ခေါင်းညိတ်ပြီး သူမကိုယ်သူမ လှောင်ရယ်လိုက်ပြီး "သူကတော့ သူ့မှာ ဇနီးတစ်ယောက်ပဲ ရှိရမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အဲ့တာ ငါပေါ့"

  "အဲ့တာဆို အဆင်ပြေပါတယ်၊ ဒါပေမယ့် နင် သတိထားရမှာက အချစ်ရဲ့ စွမ်းအားက အမုန်းအဖြစ် ပြောင်းလဲသွားရင် အရမ်းကြောက်ဖို့ကောင်းတယ်"

  ဒီလို ဖြစ်ရပ်တွေ အများကြီးကို သူမ တွေ့ဖူးခဲ့သည်။ ချစ်ခြင်းမေတ္တာတွေ ပိုနက်ရှိုင်းလေလေ တုံ့ပြန်မှုက ပိုကြီးလေလေပါပဲ။ အထူးသဖြင့် တစ်ဖက်လူက မင်းသမီးဖြစ်နေတော့ ချင်းအတွက် နည်းနည်းတော့ စိတ်ပူတယ်။

  "ငါ ရင်ဆိုင်နိုင်တယ်" ကျွော့ချင်းက တိုးတိုးလေး ပြောပြီး ပြုံးပြလိုက်သည်။ သူမက ကုယွင်ကို သူမအတွက် စိတ်မပူစေချင်တာကြောင့် "ဒီနေ့ နင် ငါ့ကို လာတာ ကိစ္စအသစ်ရှိနေလို့လား?"

  "အင်း" ကုယွင်က မနေ့က ချွီရှင်း ပေးခဲ့တဲ့ မှတ်စုကို ထုတ်လိုက်ပြီး ကျွော့ချင်းလက်ထဲကို ထည့်ပေးလိုက်သည်။ ကျွော့ချင်းက သူမလက်ထဲက မှတ်စုကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး စိတ်ရှုပ်စွာ မေးလိုက်သည်။ "ဒါက ဘာလဲ???"

  ဒီလို ရူးသွပ်တဲ့ မေးခွန်းတွေကို သူမ မမေးချင်ပေမယ့် "ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ ညာ" ပါတဲ့ စာရွက်တစ်ရွက်က ဒီကိစ္စနဲ့ သက်ဆိုင်နေတာလား???

  ကုယွင်က "ချွီရှင်းရဲ့အပြောအရ၊ ဒါက ရန်လွီ နှစ်တွေ အကြာကြီး ဂရုတစိုက် သိမ်းဆည်းထားတဲ့ အရာပဲ၊ အဲဒါကြောင့် ရွှေကိစ္စနဲ့ ပတ်သက်တယ်လို့ ငါ ထင်တယ်၊ ဒါပေမယ့် ဒီစကားလုံးတွေက ဘာကိုဆိုလိုတယ်ဆိုတာ ငါ မသိဘူး၊ ငါ နင့်ရဲ့ထင်မြင်ချက်ကို ကြားချင်တယ်"

    ကျွော့ချင်းက သူမလက်ထဲက စာရွက်ကို သေချာပြန်လေ့လာပြီး ပုံစံအချို့ကို ရှာနိုင်ဖို့ မျှော်လင့်ထားပေမယ့် ရလဒ်က ပျောက်ဆုံးနေဆဲပါပဲ။ ကျွော့ချင်းက သူမခေါင်းကို ခါယမ်းလိုက်ပြီး "ငါလည်း သေချာမသိဘူး။ ငါ ဒီည သေသေချာချာ လေ့လာကြည့်လိုက်မယ်။ နင် အဲ့ဂူကို သွားကြည့်မှာလား?"

  "ခနနေရင် ငါသွားတော့မှာ" သူမ၊ ရှန်ယုလန်နဲ့ တခြားသူတွေက နေ့လည်မှာ ယင်ထျန်းရုံးတော် တံခါးဝမှာ တွေ့ဆုံဖို့ ချိန်းထားခဲ့ကြသည်။

  "ငါလည်း လိုက်မယ်" ကျွော့ချင်းက ပြောပြီးတာနဲ့ သူမဆံပင်ရှည်တွေကို ကျစ်ဆံမြီးကျစ်လိုက်ပြီး ခပ်မြန်မြန်ချည်နှောင်လိုက်သည်။ ကုယွင်က ရယ်နေပြီး "နင်က ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာတောင် လျောက်ပြေးချင်နေသေးတာ သေချာလား"

တစ်ဖက်လူက အိမ်ထဲကိုတောင် ရောက်နေပြီလေ။

  ကျွော့ချင်းက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်ပြီး "ငါက ဒီမှာ ထိုင်ပြီး သူ့(မ)ကို စိုက်ကြည့်နေရမှာလား။ ငါ့မှာ အဲ့လောက် အချိန်မရှိဘူး"

  ကျွော့ချင်းက ကုယွင်ကို ဆွဲခေါ်သွားပြီး နှစ်ယောက်သား ဝန်ကြီးချုပ်အိမ်တော်မှ အမြန်ထွက်ခွာသွားကြသည်။

  ...

  ကျွော့ချင်း၊ ကုယွင်နှင့် ရှန်ယုလန်တို့ တွေ့ဆုံပြီးနောက် အော်ထျန်း၏ ဦးဆောင်မှုဖြင့် လူတစ်စုက မြို့တော်အပြင်ဘက်ရှိ ကျောက်လှိုဏ်ဂူဆီသို့ အပြေးအလွှား ရောက်သွားကာ ဂူအပြင်ဘက် ထွက်ပေါက်အားလုံးကို စစ်ဆေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ချွီဇဲ့စောင့်ကြပ်ရသည့်နေရာက လှိုဏ်ဂူအတွင်း ဝင်ထွက်ရန် အဆင်ပြေဆုံးနေရာ ဖြစ်နေခဲ့သည်။

  လှိုဏ်ဂူအပြင်ဘက်တွင် ဘာမျှမတွေ့သဖြင့် လူတစ်စုက ဂူထဲသို့ ပြန်ဝင်သွားကြသည်။ ဂူက လမ်းကြောင်းအားလုံးကို ဆက်သွယ်ထားသော်လည်း ထိုလမ်းအားလုံးက ကျဉ်းမြောင်းသော လမ်းများဖြစ်နေသည်။ ဂူ၏အနက်ရှိုင်းဆုံးနေရာက ဘောလုံးကွင်းတစ်ဝက်ခန့်ရှိပြီး အတွင်းဘက်တွင် စိုစွတ်နေကာ ရံဖန်ရံခါ နံရံများမှ ရေများစိမ့်ထွက်နေပြီး ရေစီးကျသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သေသေချာချာကြည့်လျှင် တစ်ဖက်ခြမ်းတွင် မြေအောက်မြစ်တစ်ခုရှိနေပြီး ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာလောက် ကျယ်သည်ကို မြင်နိုင်သည်။

  ကုယွင်က မြေအောက်မြစ်နံဘေးဘေးတွင် ထိုင်ချလိုက်ပြီး မြစ်အောက်မြစ်ပေါ်ရှိ ကျောက်ခဲများကို ခေါက်ကြည့်လိုက်သည်။ ထိုနောက် သူမက နေရာ အနည်းငယ် ရွေ့ကာ မြစ်အောက်မြစ်၏အခြေရှိ သဲနှင့် ကျောက်တုံးများကို လှမ်းကြည့်လိုက်သည်။ ဂူထဲတွင်လည်း ထိုကဲ့သို့သော ကျောက်တုံးငယ်များကို တွေ့ခဲ့ရသည်။ သူမက ကျောက်တုံးငယ်များကို လက်ဖြင့် ညင်သာစွာ ဖျစ်ညှစ်လိုက်ရာ ကျောက်တုံးက ဆွေးမြေ့နေပုံနဲ့ သူမလက်ထဲတွင် ဖြည်းညှင်းစွာ ကွဲကြေသွားသည်။ ကုယွင်က သူမလက်ထဲမှ အမှုန့်များကို ကြည့်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။ "လာကြည့်ကြ"

  သူမ၏အော်ဟစ်သံကို ကြားတာကြောင့် လူတစ်စုက ဝိုင်းဖွဲ့ရောက်လာပြီး ကုယွင်က သဲပုံကြီးရှေ့တွင် ထိုင်ချနေပြီး သူမလက်ထဲမှ ကျောက်တုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချမ်ကျင်းက ဇဝေဇဝါနဲ့ မေးလိုက်သည်။ "အဲ့ဒါက သဲနဲ့ ကျောက်စရစ်တွေပဲလေ၊ ဘာပြဿနာရှိလို့လဲ"

  သူ ထောင်ထဲမှာရှိစဉ်တုန်းက ချင်းမော့လို့ခေါ်တဲ့ ဒီအမျိုးသမီးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ အမြဲကြားနေခဲ့ရသည်။ ဘယ်သူ့ကိုမှ အထင်ကြီးဘဲ အမြဲမထီမဲ့မြင်ပြုတက်တဲ့ အော်ထျန်းကတောင် သူမကို အထင်ကြီးနေပုံရသည်။ သူမ ဒီအမှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြည့်ဖို့ သူ ဒီနေ့ ဒီကိုရောက်လာခဲ့ခြင်းပင်။ ဒါပေမယ့် သူမက ဘာလို့ ဒီသဲနဲ့ ကျောက်စရစ်ပုံတွေကိုတောင် ဘယ်လို သံသယဝင်နိုင်တာလဲ။

 ကုယွင်က သူမလက်ထဲတွင်ရှိသော ကျောက်ကြေစများကို ဖြည်းညှင်းစွာ ပွတ်သပ်ချလိုက်ပြီး မြေအောက်မြစ်၏အောက်ပိုင်းရှိ သဲထူထပ်သော အလွှာကို 7လက်ညှိုးထိုး ပြလိုက်ကာ "ပြဿနာကတော့ ဒီဂူက ကျောက်တုံးတွေကို ရေတိုက်စားလို့ ဖြစ်ပေါ်လာတဲ့ လှိုဏ်ဂူတစ်ခုလေ။ ဒီလိုနေရာမျိုးမှာ သဲတွေနဲ့ ကျောက်စရစ်တွေ အများကြီး ရှိနေတာကတော့..."

  "မင်းဆိုလိုတာက ဒီသဲနဲ့ ကျောက်စရစ်တွေကို တစ်ယောက်ယောက်က တမင်တကာ ယူလာတာလား" ရှန်ယုလန်က တစ်ချက်ငဲ့ကြည့်လိုက်တော့ အလင်းရောင်က သိပ်မကောင်းပေမယ့် ဂူအဝင်ဝက မြစ်အပိုင်းကို မြင်နေရသေးသည်။ ရေက အများကြီး ပိုနက်တယ်။

  သေသေချာချာ ကြည့်လိုက်ရင် ကုယွင် ပြောသလိုပါပဲ၊ ဒီဂူကြီးရဲ့ဘေးက မြေအောက်မြစ်ထဲမှာ သဲနဲ့ ကျောက်တုံးလေးတွေ အများကြီးရှိနေပြီး အဲဒါက အပေါ်ပိုင်းနဲ့ သိသိသာသာ ကွဲပြားနေသည်။ ချမ်ကျင်းက မှောင်မိုက်နေသော မြစ်ဘေးတွင် ထိုင်ကာ "သဲတွေနဲ့ ကျောက်တုံးတွေကို ဒီလိုဝေးလံခေါင်သီတဲ့ ကျောက်လှိုဏ်ဂူထဲကို သယ်ယူလာတဲ့ ရည်ရွယ်ချက်က ဘာလဲ"

  ကုယွင်က သူမစိတ်ထဲမှာ ဇာတ်လမ်းတစ်ခုလုံးကို ယောင်ဝါးဝါး မှန်းဆနိုင်လိုက်ပြီး ပြုံးလိုက်ကာ "ထူးဆန်းတယ် မထင်ဘူးလား? အဲဒီအချိန်တုန်းက လူတော်တော်များများက ရွှေတွေ သယ်သွားတဲ့ ရထားလုံးတွေကို ရှာမတွေ့ခဲ့ကြဘူး။ တကယ်တော့ အဲ့တာတွေ အားလုံးက တကယ် မပျောက်ဆုံးသွားဘူး၊ အဲဒါတွေအားလုံးကို ဖုံးကွယ်ထားရုံလေးပဲ"

 သူမဘေးနားရှိ လျှံနေသောရေကို တစ်ချက်ကြည့်ကာ  ကျွော့ချင်း၏မျက်လုံးများက လင်းလက်သွားပြီး "ဒီမှာ မြေအောက်မြစ်တွေ ပေါများပြီး ကောင်းကြောင်းဖွံ့ဖြိုးနေတဲ့ ရေဝေစနစ်တွေရှိနေတယ်။ ရွှေတွေကို ဝှက်ဖို့ နေရာကောင်းတစ်ခုပဲ"

  ကုယွင်က "ရွှေတွေကို မြေအောက်မြစ်ထဲကို စွန့်ပစ်ပြီး သဲနဲ့ ကျောက်တွေကို အောက်မှာမြှုပ်နှံပြီး အားလုံးငြိမ်သက်တဲ့အထိ စောင့်မယ်၊ ပြီးမှ ရွှေတွေ ပြန်တူးပြီး သယ်ယူလိုက်ရင် ရတယ်၊ ဒါပေမယ့် အဲ့တာက သဘာဝအတိုင်း ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ဖို့တော့လိုတယ်။ ဒါကို ကြည့်လိုက်ရင် အဲဒီအချိန်က လှည်းဘီးရာ အမှတ်အသားတွေက ရွှေတွေကို သယ်ယူဖို့ လုပ်ခဲ့တာ မဟုတ်ဘူး၊ ဒီအထောက်အထားကို အခြေခံကြည့်ရင် ဂူထဲကို သဲနဲ့ ကျောက်ခဲတွေကို သယ်ယူခဲ့တာပဲ"

  ရှန်ယုလန်က ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ကောက်ယူလိုက်ရာ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည်။ သူမ၏ ခွဲခြမ်းစိတ်ဖြာမှုက အမှန်ဖြစ်နိုင်သည်။ ဤနည်းဖြင့် စုံစမ်းမှုအောက်တွင် လူတိုင်းက ရွှေချောင်းများ ပျောက်ကွယ်သွားပုံကို နားလည်နိုင်သည်။ ဒါပေမယ့် ပြသနာက ရွှေတွေကရော ဘယ်နေရာမှာလဲ? အထောက်အထားကရော ဘယ်မှာလဲ?

  ချမ်ကျင်းမှာလည်း သူနဲ့ တူညီတဲ့ အကြံအစည်ရှိနေမှန်း သိသာနေသည်။ ချမ်ကျင်းက "အဲ့တာက မင်းရဲ့မှန်းဆချက်ပဲ၊ ဒါတွေက အမှန်ဆိုရင်တောင် ဖြစ်ခဲ့တာက သုံးနှစ်ရှိပြီ၊ ရွှေတွေကို သယ်ပြီးတာ ကြာလောက်ပြီပေါ့။ သဲနုလေးတွေနဲ့တော့ အဲ့တာကို သက်သေမပြနိုင်ဘူး။ မင်းမှာ ဘာအကြံရှိသေးလဲ"

  ကုယွင် စကားမပြောမီ၊ ဥမင်လိုဏ်ခေါင်းဘေးက လိုဏ်ခေါင်းသေးသေးလေးမှာ တွားသွားနေပြီး မြစ်အောက်ပိုင်းနေရာကို စစ်ဆေးတဲ့ ကျွော့ချင်းက ပြုံးလိုက်ပြီး "ရွှေတွေအများကြီးကို မြေအောက်မြစ်ထဲကို ပစ်ထည့်လိုက်တာလေ၊ အားလုံးကို ပြန်တူးလို့ မရနိုင်ဘူး၊ မြေအောက်မြစ်က ရေတွေ များတော့ ရွှေတုံးလေးတွေက ရေနဲ့အတူ မြစ်အောက်ပိုင်းကို စီးဆင်းသွားနိုင်သေးတယ်၊ အခု ရှာရင် တွေ့နိုင်သေးတယ်"

  ချမ်ကျင်းက သူ့ပေါင်ကိုသူ ပြန်ရိုက်လိုက်ပြီး "အခု ရေထဲဆင်းသွားပြီး ရွှေတွေရှိမရှိ စစ်ဆေးလိုက်ရင် ငါတို့သိနိုင်ပြီ!"

  ကျွော့ချင်းက ချက်ချင်း ခေါင်းညိတ်ပြပြီး ချမ်ကျင်းကို ပြုံးပြုံးလေး ကြည့်ကာ "ဒါပဲ ပြောချင်တာပါ"

  သူမက သူ့ကို ဘယ်လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ... အဲ့တာက သူ့ကို ထိတ်လန့်စေပြီး အရေပြားတွေတောင် အေးစက်သွားစေသည်။ "မင်းက ငါကို ရေထဲ ဆင်းခိုင်းချင်တာလား?"

  ကျွော့ချင်းက သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်လိုက်ကာ နှုတ်ခမ်းထောင့်များကို ပင့်လိုက်ပြီး "မဟုတ်ရင် ကျွန်မ သွားရမှာလား?"

  ...

  မိန်းမတွေ မပြောဘဲ သန်မာတဲ့ အမျိုးသားတွေတောင် မြေအောက်မြစ်ရဲ့ အေးမြမှုကို အကြာကြီး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ချမ်ကျင်းက သူ မေးခွန်းတွေ ထပ်မေးမိနေမှန်း သိသွားတာကြောင့် နှုတ်ခမ်းကို ကော့ပြီး အင်္ကျီ၊ ဖိနပ်နဲ့ ခြေအိတ်တွေကို ဖြည်းညှင်းစွာ ချွတ်နေလိုက်သည်။ .

  "ပလုပ်!"

  ချန်ကျင်းက စိတ်ထဲကနေ ကျိန်ဆဲနေချိန်တွင် ရေပွက်သံ ကြားလိုက်ရပြီး အော်ထျန်း၏နက်မှောင်သော အသွင်က မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။

  ချမ်ကျင်းက သူ့အဝတ်အစားများ၊ ဖိနပ်များနှင့် ခြေအိတ်များကို ချွတ်ထားပြီး အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ကမ်းပေါ်တွင် ရပ်နေသည်။ ကျွော့ချင်းက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများက အနက်ရောင် အဝတ်အစားနှင့် ငွေရောင်ဆံပင်များ ဝတ်ဆင်ထားသည့် အသွင်အပြင်ကိုသာ ပြန်အာရုံစိုက်နေခဲ့သည်။

  အခု အဝတ်အစားတွေ ပြန်ဝတ်ရမှာကို ရှက်နေတဲ့ ချမ်ကျင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "ငါ့ရဲ့ ရေကူးတဲ့ အရည်အချင်းက ပိုကောင်းတယ်။ ငါ မြစ်အောက်က ရေနက်ထဲကို သွားနိုင်တယ်တယ်၊ ခနနေရင် ငါ သွားကြည့်လိုက်မယ်"

  မည်သူမျှ သူ့ကို ဂရုမစိုက်တာကြောင့် ချမ်ကျင်းက လှိုဏ်ဂူငယ်ကို အမြန်ဖြတ်ပြီး မြေအောက်မြစ်အောက်ပိုင်းသို့ တိုးဝင်သွားခဲ့သည်။

  အော်ထျန်းက ရေထဲမှာ အချိန်အတော်ကြာ ကူးခတ်နေခဲ့ပြီးနောက် ပြန်ခုန်တက်လာခဲ့သည်။ ကုယွင်က စိုးရိမ်တကြီးနဲ့ "ဘယ်လိုလဲ"

  အော်ထျန်း၏မျက်နှာက မည်းမှောင်နေပြီး ဘာမှပြန်မပြောဘဲ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

  ကျွော့ချင်းနဲ့ ကုယွင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူမတို့ အမှားလုပ်မိတာ ဖြစ်နိုင်လား။

  ရှန်ယုလန်က အလွန်ယုံကြည်မှုရှိနေပြီး "နောက်တခေါက် ထပ်သွားကြည့်လိုက်ပါ။ ကျောက်တုံးရဲ့ ထောင့်စွန်းတွေမှာ ရွှေတွေရှိနေဖို့က ပို ဖြစ်နိုင်တယ်"

  အော်ထျန်းက မြစ်ထဲသို့ ခုန်ဆင်းသွားပြန်သည်။ သူ၏ အနက်ရောင်အဝတ်အစားများက ရေလှိုင်းထဲတွင် ရှိနေသဖြင့် သူ ဘယ်မှာရှိနေသည်ကို မမြင်နိုင်ပေ။ ကံကောင်းစွာပင် သူ၏ငွေရောင်ဆံပင်များက အလင်းအနည်းငယ် ရောင်ပြန်ဟပ်နေကာ သူ့အနေအထားကို ဖော်ထုတ်နိုင်ခဲ့သည်။

  ဒီအချိန်က အချိန်ပိုကြာသွားပြီး ကျွော့ချင်းက သူ တစ်ခုခုဖြစ်သွားမှာကို အနည်းငယ် စိုးရိမ်နေချိန်မှာပဲ အော်ထျန်းက ရေထဲကနေ ပြန်ထွက်လာခဲ့သည်။

  "တွေ့ပြီလား?"

  အော်ထျန်းက ပြန်မဖြေဘဲ လေထဲတွင် အသက်ရှုနေပြီး သူတွေ့ခဲ့သမျှ ပစ္စည်းများကို ကမ်းစပ်သို့ ပစ်တင်နေသည်။

  လိမ္မော်ရောင် အလင်းတန်းတစ်ခုပြီးနောက်၊ သတ္တုသံများထွက်ပေါ်လာပြီး လူအများအပြားက ဝိုင်းဖွဲ့ကြည့်ရှု့လိုက်ရာ သစ်သီးအူတိုင်အရွယ်ရှိ ရွှေအပိုင်းအစတစ်ခု ဖြစ်နေသည်။ ရွှေတုံးကို မြစ်ထဲသို့ စွန့်ပစ်လိုက်သောအခါ အချိန်ကြာလာတာနဲ့အမျှ အပိုင်းပိုင်း ကြေမွသွားပုံရသည်။

  ရှန်ယုလန်က ရွှေတုံး၏မျက်နှာပြင်ကို ဂရုတစိုက်ကြည့်လိုက်ရာ ထောင့်စွန်းတွင် တရားဝင်ငွေတံဆိပ်ဖြစ်နိုင်သည့် စာသားတစ်ဝက်တစ်ပျက်ကို တွေ့လိုက်ရသည်။ ရှန်ယုလန်က ရွှေတုံးကို ကိုင်ထားရင်း ကုယွင်ကို ကြည့်လိုက်ပြီး "ဟုတ်တယ်၊ ရွှေချောင်းလည်း ရှိနေတယ်၊ အဲဒါက တရားဝင်ငွေတွေ။ မင်းရဲ့ ခန့်မှန်းချက်က မှန်နိုင်တယ်"

  သေချာတာပေါ့၊ ဒီနည်းလမ်းကို မြေအောက်မြစ်ထဲမှာ ရွှေတွေ ဝှက်ဖို့ သုံးခဲ့တာ။

  "ဟေး၊ မြန်မြန်လာပြီး ငါတွေ့ခဲ့တာကို ကြည့်စမ်း!" လူအများအပြားက ရွှေတုံးများကို လေ့လာနေချိန်တွင် ချမ်ကျင်း၏ စိတ်လှုပ်ရှားနေသော အသံက မြစ်အောက်ပိုင်းမှ ထွက်ပေါ်လာသည်။

  လူအများအပြားက မြစ်အောက်သို့ အမြန်ပြေးသွားလိုက်ရာ ချမ်ကျင်းက ပျော်ရွှင်စွာ ပြုံးနေကာ တောက်ပသော ရွှေတစ်ပိုင်းကို သူ့လက်ထဲတွင် ကိုင်ထားပြီး "ရွှေလျန်ငါးဆယ်"

မထင်မှတ်ဘဲ မြေအောက်ထဲတွင် ရွှေများ အမှန်တကယ် ရှိနေသဖြင့် သူ ရှာတွေ့ခဲ့သည်။ ချမ်ကျင်းက အားတက်သရော ပြုံးပြီး ရွှေကို ကမ်းပေါတင်ပေးကာ "ဒီရေက ရှေ့နားကထက် ပိုကြည်တယ်၊ ရွှေတွေ ပိုရှိသင့်တယ်။ ငါ နောက်တစ်ခါ သွားရှာကြည့်မယ်"

  ​မြေ​အောက်​မြစ်​ထဲက ​ရေ​တွေက ​အေး​နေတာကြောင့် သူ​ ရေထဲမှာ ခဏ​နေပြီးတာနဲ့ နှုတ်​ခမ်းတွေက ခရမ်း​ရောင်​သန်းနေခဲ့သည်။ သူ ​နောက်​တစ်​​ခေါက်​မြစ်​ထဲကို ပြန်​ငုပ်​​တော့မှာကို ​တွေ့လိုက်​ရ​တော့ ကျွော့ချင်းက ခပ်​မြန်​မြန်​​ပြောလိုက်သည်။​ "မဟုတ်​ဘူး၊ သက်သေတွေ လုံလောက်ပြီ။ ဒီကို ပြန်လာတော့"

  ချမ်ကျင်းက သူ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး မကျေမနပ်နဲ့ "ရွှေတွေရှိနေတာကို ငါ မကောက်ရရင် စိတ်မကောင်းစရာပဲ"

ရွှေလျန်ငါးဆယ်နော်... ရွှေလျန်ငါးဆယ်ရဖို့ သူ လူပေါင်းများစွာ ဖမ်းရမှာလေ...

  သူက ပြောပြီးတာနဲ့ ပြန်ငုပ် ချင်နေခဲ့သည်။ ကျွော့ချင်းက ဒေါသအရမ်းထွက်နေပြီး "ချမ်ကျင်း! နင်က နင့်အသက်ထက် ငွေကို ပိုလိုချင်နေတယ်! ဒီရွှေဒင်္ဂါးတွေက ဘဏ္ဍာငွေတွေနော်၊ နင်ကောက်ရရင်တောင် နင် ပိုင်တာမဟုတ်ဘူး၊ ဒီကို မြန်မြန်တက်လာခဲ့"

သူက တုန်တုန်ယင်ယင် ဖြစ်နေတာတောင် ကမ်းပေါ်တက်ဖို့ ငြင်းနေတုန်းပဲ!

  ရွှေတွေ ပြန်လွှဲပေးရမယ်ဆိုတာကို ကြားတော့ ချမ်ကျင်းက စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းတွေကို တွန့်လိုက်ပြီး နောက်ဆုံးတော့ ကမ်းပေါ်ပြန်တက်လာခဲ့သည်။

  ရှန်ယုလန်က ချမ်ကျင်းတွေ့ရှိခဲ့သော အဝါရောင်ရွှေကို ကောက်ယူလိုက်သည်။ ဤအပိုင်းက အတော်လေး ပြည့်စုံနေသည်။ ရွှေအောက်တွင် ရိုက်နှိပ်ထားသော "ဘဏ္ဍာငွေ" တံဆိပ်တုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဤရွှေက ထိုနှစ်တွင် ပျောက်ဆုံးသွားသော ရွှေအစစ်ဖြစ်သည်။ .

ရှန်ယုလန်က ရွှေချောင်းကို သူ့လက်ထဲမှာ ကိုင်ထားပြီး လေးနက်သော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "အခု ရွှေချောင်းအမှုနဲ့ပတ်သက်တဲ့ သဲလွန်စရနေပြီဆိုတော့ တရားရုံးကို ချက်ချင်းသတင်းပို့ပြီး ဒီအမှုကို သေချာပြန်စစ်ဆေးရမယ်"

  ဆိုလိုသည်မှာ ယခုမင်းဆက်သည် လေနှင့်မိုးကို တွေ့ကြုံရပေတော့မည်။ (အခက်အခဲ၊အတက်အကျကို ရင်ဆိုင်ဖြတ်သန်းကြရမည်)

  ...

  ရှန်ယုလန်က လျှောက်တင်လွှာရေးရန် ပြန်လာခဲ့သည်။ စုယွိက စစ်ရေးလေ့ကျင့်မှုအတွင်း ဒဏ်ရာရသွားပုံရသည်။ ကုယွင်က စစ်သူကြီး၏အိမ်တော်သို့ အမြန်ပြန်သွားခဲ့သည်။ ကျွော့ချင်းက ဝန်ကြီးချုပ်၏အိမ်တော်သို့ ပျင်းရိစွာ ပြန်လာခဲ့သည်။ အချိန်စောနေသေးပေမယ့် ကျွော့ချင်းထံသို့ လန်ယွဲ့အဆောင်ကိုပြန်သွားပြီး အိပ်နေရန် ကြံရွယ်လိုက်သည်။

 သူမ လမ်းလျှောက်လာရင်း သာယာငြိမ့်ညောင်းတဲ့ ဗျပ်စောင်းသံကို သူမနားထဲမှာ ယောင်ဝါးဝါး ကြားလိုက်ရသည်။ ဒါက ကုကျင်သံထက် ပိုမိုနက်ရှိုင်းပြီး နူးညံ့သိမ်မွေ့တဲ့လက်နဲ့ လူတွေရဲ့စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ထားသလိုပါပဲ၊ နူးညံ့သိမ်မွေ့ပြီး ကြည်နူးစရာကောင်းနေသည်။ ကျွော့ချင်းက မည်သည့်ကြိုးတူရိယာကိုမျှ နားမလည်သည့်အပြင် ဂီတပညာရှင်လည်း မဟုတ်ပေ။။သို့သော် ယခုဗျပ်စောင်း(ဇီသာ)တီးသံက သူမကို ဖမ်းစားနိုင်ခဲ့ပြီး မသိစိတ်ကြောင့် အသံထွက်ရာနေရာကို လျှောက်လမ်းနေမိသည်။ (ဗျပ်စောင်း(ဇီသာ)ရော ကုကျင်ရော တရုတ်ရိုးရာ ကြိုးတပ်တူရိယာတွေပါ)

 အသံက လို့ရှီးဝူ၏ခြံဝင်းမှဖြစ်နေပြီး လို့ရှီးဝူတွင် ထိုကဲ့သို့သော ကျွမ်းကျင်မှုရှိနေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ၊ သူမက တကယ်ကို ကျော်ကြားသော မိသားစုတစ်ခု၏ သမီးတစ်ဦး ဖြစ်ရန် ထိုက်တန်ပါတယ်၊ တကယ်ကို လေးစားဖို့ကောင်းတယ်။

 ဒါက ကျွော့ချင်းအတွက် လို့ရှီးဝူ၏ ခြံဝင်းထဲသို့ ပထမဆုံးအကြိမ် လျှောက်သွားခြင်းလည်း ဖြစ်သည်။ ဝင်းထဲတွင် တောက်ပသော India azaleas များ စိုက်ပျိုးထားသည်။ နူးညံ့သော ပန်းရောင်ဖျော့ဖျော့ ပန်းပွင့်များဖြင့် ဝင်းကို လှပစွာ အလှဆင်ထားသည်။ (ပန်းပုံလေး ထည့်ပေးထားတယ်၊ မြန်မာလိုအခေါ်လေး သိရင် ပြောပေးပါဦး)

  ခြံဝင်းထဲမှာ အဖြူရောင် ကန့်လန့်ကာပါးပါးများ လွင့်မျောနေသော ဆောင်ကြီးတစ်ခုရှိနေပြီး လို့ရှီးဝူရဲ့ လှပတဲ့ပုံရိပ်ကို ယောင်ဝါးဝါး မြင်နေရသည်။ ကျွော့ချင်းက တိတ်တိတ်လေး ပြုံးလိုက်မိသည်။ ဒီကလေးမလေးက ဒီလိုလေထုကို ဖန်တီးနိုင်တာ တော်တော်ကောင်းတယ်။ ခါတိုင်းဆိုရင် သူက ဆူညံနေတက်ပြီး သူမက မာနကြီးသလို မောက်မာတဲ့ စိတ်နေစိတ်ထားလည်း ရှိနေသေးသည်။

  အနီးကပ်ကြည့်လိုက်တော့ ခြံရှေ့မှာ အဖြူရောင် ပုံရိပ်တစ်ခုရှိနေတာကို သူမ တွေ့လိုက်ရသည်။ နောက်ကျောကနေကြည့်လိုက်ရင် အဖြူရောင်အဝတ်အစားက နှင်းတွေလိုဖြစ်နေပြီး အနက်ရောင်ဆံပင်တွေက မှင်တွေလို နက်မှောင်နေသည်။ ထိုပုံရိပ်က မြေပြင်ပေါ်မှာ ပေါ့ပေါ့ပါးပါး ထိုင်နေပြီး သူ့ပေါင်ပေါ်တွင် အနီရင့်ရောင် ဗျပ်စောင်းတစ်ခုရှိနေကာ သူ့၏သေးသွယ်ပြီး သိမ်မွေ့သော လက်ချောင်းများက ကြိုးများပေါ်တွင် လွင့်ပျံ့နေကာ လှပသော ဂီတသံက ကျက်သရေရှိစွာ စီးဆင်းနေသည်။ သူက ဗျပ်စောင်းတီးနေသော သူဖြစ်ပုံရသည်။

  နက်မှောင်သောဆံပင်နှင့် အဖြူရောင်အဝတ်အစား ၀တ်ထားသော အမျိုးသား၏ နောက်ကျော ပုံသဏ္ဍာန်ကိုသာ မြင်ရသော်လည်း သူက သန့်ရှင်းပြီး တည်ငြိမ်သော စိတ်ထားကို ပြသနေပြီဖြစ်သည်။ သူ၏မျက်နှာကို မမြင်ရသော်လည်း ကျွော့ချင်းက ဤလူက ငြိမ်းချမ်းသော၊ ပြေပြစ်ကောင်းမွန်သော အမူအကျင့်ရှိသူဖြစ်ကြောင်း သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသားဖြစ်သည်၊ သူမက မည်သည့်အကြောင်းကြောင့် ထိုသို့ခံစားရသည်ကို သူမ မပြောနိုင်ပေ။  သူက ဝန်ကြီးချုပ်အိမ်တော် ကလား??

  မထင်မှတ်ပဲ ဝန်ကြီးချုပ်အိမ်တော်ကြီးမှာ ဒီလို လူတစ်ယောက်ရှိနေတယ်။ သူက ဘယ်သူလဲ။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၇၄ ဝွက္ထားေသာ ေ႐ႊမ်ား

  ကုယြင္က လန္ယြဲ႕အေဆာင္ဘက္သို႔ ေလွ်ာက္လာၿပီး ေကြၽာ့ခ်င္းကို ၾကည့္လိုက္ရာ ေကြၽာ့ခ်င္း၏ပြေယာင္းေယာင္းျဖစ္ေနေသာဆံပင္မ်ားႏွင့္ ပင္ပန္းႏြမ္းနယ္ေနေသာ မ်က္ႏွာအသြင္အျပင္ကို ေတြ႕လိုက္ရသည္။ ကုယြင္က ေက်ာက္ခုံေပၚတြင္ ဝင္ထိုင္လိုက္ရင္း ေနာက္ေျပာင္လိုက္သည္။ "ငါထင္္တာကေတာ့ နင္ ညက ေကာင္းေကာင္း မအိပ္ခဲ့ရဘူး"

  "အင္း" သူမက ေကြၽာ့ခ်င္း ျငင္းမယ္လို႔ ထင္ခဲ့ေပမဲ့ ေကြၽာ့ခ်င္းက ရက္ရက္ေရာေရာ ေခါင္းညိတ္ျပလာၿပီး "ေနာင္လာမယ့္ ေန႔ရက္ေတြမွာ ငါက စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အခ်ိန္ေလးေတြ ပိုင္ဆိုင္ႏိုင္မယ္လို႔ ထင္ေနတယ္"

က်ိဳက္ရွင္းအေဆာင္နဲ႔ လန္ယြဲ႕အေဆာင္က အလြန္နီးကပ္ေနတာေၾကာင့္ တကယ္ကို အဆင္မေျပလွေပ။ မင္းသမီးေလးက ေမွ်ာ္ၾကည့္႐ုံမွ်သာတက္ႏိုင္ၿပီး လို႔ရွီးယန္ကိုေတာင္ ျမင္ရမည္မဟုတ္ေပ၊ တကယ္ကို အဆင္မေျပတာပါပဲ။

  ကုယြင္က မ်က္ခုံးကို အနည္းငယ္ပင့္ကာ ေမးလိုက္သည္။ "ငါ တစ္ခုခု လြတ္သြားတာလား"

ခ်င္းက မေန႔ညကပဲ လက္ထပ္ေတာ့မယ္လို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပာေနခဲ့တာ မဟုတ္ဘူးလား??? ဒါေပမယ့္ ဒီေန႔ မနက္အေစာႀကီး အေျခအေနက ေျပာင္းလဲသြားတယ္။

  ေကြၽာ့ခ်င္းက ေခါင္းယမ္းလိုက္ၿပီး သူမေဘးက က်ိဳက္ရွင္းအေဆာင္ကို လွမ္းၾကည့္လိုက္ၿပီး "နင္ မလြတ္ပါဘူး၊ ပြဲက အခုမွ စမွာ!"

  ကုယြင္က ေကြၽာ့ခ်င္းၾကည့္ရာေနာက္သို႔ လိုက္ၾကည့္လိုက္ရာ ေကြၽာ့ခ်င္းေနထိုင္သည့္ က်ိဳက္ရွင္းအေဆာင္ ဝင္းေရွ႕တြင္ ခါးတြင္ ဓားရွည္မ်ား ခ်ိတ္ဆြဲထားေသာ ဝတ္႐ုံရွည္မ်ားကို ဝတ္ဆင္ထားသည့္ သန္မာထြားႀကိဳင္းေသာ အမ်ိဳးသားေလးဦးရွိေနသည္။ တံခါးအျပင္ဘက္တြင္ အေစခံျဖစ္ပုံရေသာ မိန္းကေလးငယ္ႏွစ္ဦး မတ္တပ္ရပ္ေနသည္။ ကုယြင္က အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ "ဘာေတြျဖစ္ေနတာလဲ?"

  ေကြၽာ့ခ်င္းက ၿပဳံးၿပီး ပခုံးတြန႔္ကာ ကူကယ္ရာမဲ့ ေျပာလိုက္သည္။ "တစ္ေၾကာင္းတည္းနဲ႔ ရွင္းျပဖို႔က အရမ္းခက္တယ္။ ရွင္းရွင္းေျပာရရင္ ခ်ဳံယြဲ႕ရဲ႕ မင္းသမီးေလးက လို႔ရွီးယန္ကို ခ်စ္မိေနတယ္။ သူ လက္ထပ္မယ္လို႔ ၾကားလို႔ သူ(မ)က နန္းေတာ္မွာ ႀကိဳးဆြဲခ်တယ္။ မယ္ေတာ္မိဖုရားႀကီးက လို႔ရွီးယန္ကို သူ႔(မ)သမီးေတာ္နဲ႔ လက္ထပ္ေစခ်င္တယ္။ လို႔ရွီးယန္က ျငင္းပယ္ခဲ့တဲ့အတြက္ မင္းသမီးေလး ျပန္လည္သက္သာလာဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကို ပို႔လိုက္တယ္၊ သူတို႔ေတြ နီးစပ္သြားဖို႔ လွည့္စားမႈေတြ လုပ္ဖို႔ ျပင္ဆင္မႈေတြ ျပဳလုပ္ထားတယ္ ထင္တယ္။ ဆန္ကို ထမင္းခ်က္ဖို႔ ႀကိဳးစားေနတာ.. ဒါမွမဟုတ္ ဒရာမာကားေတြထဲကလို ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနတာထင္တယ္"

  ဒါကို ၾကားၿပီးေနာက္ ကုယြင္က က်ယ္ေလာင္စြာရယ္ေမာလိုက္ၿပီး "ဒါက နင့္မွာ အခ်စ္ၿပိဳင္ဘက္ရွိေနတာပဲ!"

  ကုယြင္က ဟက္ဟက္ပက္ပက္ ရယ္ေမာေနၿပီး ေကြၽာ့ခ်င္းကိုယ္တိုင္ကေတာ့ ခပ္ေဖ်ာ့ေဖ်ာ့သာ ၿပဳံးေနခဲ့သည္။ "နင္ေျပာသလိုပဲ"

သူမ တစ္စုံတစ္ေယာက္ကို ပထမဆုံး အႀကိမ္ ခ်စ္မိသြားခ်ိန္မွာ ဒီလို ရႈပ္ေထြးမႈေတြ အမ်ားႀကီး ရွိလာလိမ့္မယ္လို႔ သူမ မထင္ခဲ့ေပ။ ထိုအလွည့္အေျပာင္းမ်ိဳးကိုလည္း မလိုခ်င္ပါဘူး။

  ေကြၽာ့ခ်င္း၏အၿပဳံးတြင္ နာၾကည္းမႈ အရိပ္အႁမြက္မ်ား ပါဝင္ေနတာေၾကာင့္ ကုယြင္က "လို႔ရွီးယန္က အရမ္းထက္ျမက္တဲ့သူေလ... နင့္မွာ အခ်စ္ၿပိဳင္ဘက္တစ္ေယာက္ရွိေနတာ ပုံမွန္ပါပဲ၊ အေရးအႀကီးတာက သူ႔သေဘာထားပါပဲ"

  ေကြၽာ့ခ်င္းက ေခါင္းညိတ္ၿပီး သူမကိုယ္သူမ ေလွာင္ရယ္လိုက္ၿပီး "သူကေတာ့ သူ႔မွာ ဇနီးတစ္ေယာက္ပဲ ရွိရမယ္လို႔ ေျပာတယ္။ ေလာေလာဆယ္ေတာ့ အဲ့တာ ငါေပါ့"

  "အဲ့တာဆို အဆင္ေျပပါတယ္၊ ဒါေပမယ့္ နင္ သတိထားရမွာက အခ်စ္ရဲ႕ စြမ္းအားက အမုန္းအျဖစ္ ေျပာင္းလဲသြားရင္ အရမ္းေၾကာက္ဖို႔ေကာင္းတယ္"

  ဒီလို ျဖစ္ရပ္ေတြ အမ်ားႀကီးကို သူမ ေတြ႕ဖူးခဲ့သည္။ ခ်စ္ျခင္းေမတၱာေတြ ပိုနက္ရႈိင္းေလေလ တုံ႔ျပန္မႈက ပိုႀကီးေလေလပါပဲ။ အထူးသျဖင့္ တစ္ဖက္လူက မင္းသမီးျဖစ္ေနေတာ့ ခ်င္းအတြက္ နည္းနည္းေတာ့ စိတ္ပူတယ္။

  "ငါ ရင္ဆိုင္ႏိုင္တယ္" ေကြၽာ့ခ်င္းက တိုးတိုးေလး ေျပာၿပီး ၿပဳံးျပလိုက္သည္။ သူမက ကုယြင္ကို သူမအတြက္ စိတ္မပူေစခ်င္တာေၾကာင့္ "ဒီေန႔ နင္ ငါ့ကို လာတာ ကိစၥအသစ္ရွိေနလို႔လား?"

  "အင္း" ကုယြင္က မေန႔က ခြၽီရွင္း ေပးခဲ့တဲ့ မွတ္စုကို ထုတ္လိုက္ၿပီး ေကြၽာ့ခ်င္းလက္ထဲကို ထည့္ေပးလိုက္သည္။ ေကြၽာ့ခ်င္းက သူမလက္ထဲက မွတ္စုကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနၿပီး စိတ္ရႈပ္စြာ ေမးလိုက္သည္။ "ဒါက ဘာလဲ???"

  ဒီလို ႐ူးသြပ္တဲ့ ေမးခြန္းေတြကို သူမ မေမးခ်င္ေပမယ့္ "ေရွ႕၊ ေနာက္၊ ဘယ္၊ ညာ၊ ညာ" ပါတဲ့ စာ႐ြက္တစ္႐ြက္က ဒီကိစၥနဲ႔ သက္ဆိုင္ေနတာလား???

  ကုယြင္က "ခြၽီရွင္းရဲ႕အေျပာအရ၊ ဒါက ရန္လြီ ႏွစ္ေတြ အၾကာႀကီး ဂ႐ုတစိုက္ သိမ္းဆည္းထားတဲ့ အရာပဲ၊ အဲဒါေၾကာင့္ ေ႐ႊကိစၥနဲ႔ ပတ္သက္တယ္လို႔ ငါ ထင္တယ္၊ ဒါေပမယ့္ ဒီစကားလုံးေတြက ဘာကိုဆိုလိုတယ္ဆိုတာ ငါ မသိဘူး၊ ငါ နင့္ရဲ႕ထင္ျမင္ခ်က္ကို ၾကားခ်င္တယ္"

    ေကြၽာ့ခ်င္းက သူမလက္ထဲက စာ႐ြက္ကို ေသခ်ာျပန္ေလ့လာၿပီး ပုံစံအခ်ိဳ႕ကို ရွာႏိုင္ဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ရလဒ္က ေပ်ာက္ဆုံးေနဆဲပါပဲ။ ေကြၽာ့ခ်င္းက သူမေခါင္းကို ခါယမ္းလိုက္ၿပီး "ငါလည္း ေသခ်ာမသိဘူး။ ငါ ဒီည ေသေသခ်ာခ်ာ ေလ့လာၾကည့္လိုက္မယ္။ နင္ အဲ့ဂူကို သြားၾကည့္မွာလား?"

  "ခနေနရင္ ငါသြားေတာ့မွာ" သူမ၊ ရွန္ယုလန္နဲ႔ တျခားသူေတြက ေန႔လည္မွာ ယင္ထ်န္း႐ုံးေတာ္ တံခါးဝမွာ ေတြ႕ဆုံဖို႔ ခ်ိန္းထားခဲ့ၾကသည္။

  "ငါလည္း လိုက္မယ္" ေကြၽာ့ခ်င္းက ေျပာၿပီးတာနဲ႔ သူမဆံပင္ရွည္ေတြကို က်စ္ဆံၿမီးက်စ္လိုက္ၿပီး ခပ္ျမန္ျမန္ခ်ည္ေႏွာင္လိုက္သည္။ ကုယြင္က ရယ္ေနၿပီး "နင္က ဒီလိုအေရးႀကီးတဲ့အခိုက္အတန႔္မွာေတာင္ ေလ်ာက္ေျပးခ်င္ေနေသးတာ ေသခ်ာလား"

တစ္ဖက္လူက အိမ္ထဲကိုေတာင္ ေရာက္ေနၿပီေလ။

  ေကြၽာ့ခ်င္းက မ်က္လုံးကို ေမွးက်ဥ္းလိုက္ၿပီး ေအးစက္စြာ ႏွာမႈတ္လိုက္ၿပီး "ငါက ဒီမွာ ထိုင္ၿပီး သူ႔(မ)ကို စိုက္ၾကည့္ေနရမွာလား။ ငါ့မွာ အဲ့ေလာက္ အခ်ိန္မရွိဘူး"

  ေကြၽာ့ခ်င္းက ကုယြင္ကို ဆြဲေခၚသြားၿပီး ႏွစ္ေယာက္သား ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွ အျမန္ထြက္ခြာသြားၾကသည္။

  ...

  ေကြၽာ့ခ်င္း၊ ကုယြင္ႏွင့္ ရွန္ယုလန္တို႔ ေတြ႕ဆုံၿပီးေနာက္ ေအာ္ထ်န္း၏ ဦးေဆာင္မႈျဖင့္ လူတစ္စုက ၿမိဳ႕ေတာ္အျပင္ဘက္ရွိ ေက်ာက္လႈိဏ္ဂူဆီသို႔ အေျပးအလႊား ေရာက္သြားကာ ဂူအျပင္ဘက္ ထြက္ေပါက္အားလုံးကို စစ္ေဆးခဲ့သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း ခြၽီဇဲ့ေစာင့္ၾကပ္ရသည့္ေနရာက လႈိဏ္ဂူအတြင္း ဝင္ထြက္ရန္ အဆင္ေျပဆုံးေနရာ ျဖစ္ေနခဲ့သည္။

  လႈိဏ္ဂူအျပင္ဘက္တြင္ ဘာမွ်မေတြ႕သျဖင့္ လူတစ္စုက ဂူထဲသို႔ ျပန္ဝင္သြားၾကသည္။ ဂူက လမ္းေၾကာင္းအားလုံးကို ဆက္သြယ္ထားေသာ္လည္း ထိုလမ္းအားလုံးက က်ဥ္းေျမာင္းေသာ လမ္းမ်ားျဖစ္ေနသည္။ ဂူ၏အနက္ရႈိင္းဆုံးေနရာက ေဘာလုံးကြင္းတစ္ဝက္ခန႔္ရွိၿပီး အတြင္းဘက္တြင္ စိုစြတ္ေနကာ ရံဖန္ရံခါ နံရံမ်ားမွ ေရမ်ားစိမ့္ထြက္ေနၿပီး ေရစီးက်သံကိုပင္ ရွင္းရွင္းလင္းလင္း ၾကားေနရသည္။ ေသေသခ်ာခ်ာၾကည့္လွ်င္ တစ္ဖက္ျခမ္းတြင္ ေျမေအာက္ျမစ္တစ္ခုရွိေနၿပီး ခုနစ္မီတာ သို႔မဟုတ္ ရွစ္မီတာေလာက္ က်ယ္သည္ကို ျမင္ႏိုင္သည္။

  ကုယြင္က ေျမေအာက္ျမစ္နံေဘးေဘးတြင္ ထိုင္ခ်လိုက္ၿပီး ျမစ္ေအာက္ျမစ္ေပၚရွိ ေက်ာက္ခဲမ်ားကို ေခါက္ၾကည့္လိုက္သည္။ ထိုေနာက္ သူမက ေနရာ အနည္းငယ္ ေ႐ြ႕ကာ ျမစ္ေအာက္ျမစ္၏အေျခရွိ သဲႏွင့္ ေက်ာက္တုံးမ်ားကို လွမ္းၾကည့္လိုက္သည္။ ဂူထဲတြင္လည္း ထိုကဲ့သို႔ေသာ ေက်ာက္တုံးငယ္မ်ားကို ေတြ႕ခဲ့ရသည္။ သူမက ေက်ာက္တုံးငယ္မ်ားကို လက္ျဖင့္ ညင္သာစြာ ဖ်စ္ညႇစ္လိုက္ရာ ေက်ာက္တုံးက ေဆြးေျမ့ေနပုံနဲ႔ သူမလက္ထဲတြင္ ျဖည္းညႇင္းစြာ ကြဲေၾကသြားသည္။ ကုယြင္က သူမလက္ထဲမွ အမႈန႔္မ်ားကို ၾကည့္ကာ အသံတိုးတိုးျဖင့္ ေအာ္လိုက္သည္။ "လာၾကည့္ၾက"

  သူမ၏ေအာ္ဟစ္သံကို ၾကားတာေၾကာင့္ လူတစ္စုက ဝိုင္းဖြဲ႕ေရာက္လာၿပီး ကုယြင္က သဲပုံႀကီးေရွ႕တြင္ ထိုင္ခ်ေနၿပီး သူမလက္ထဲမွ ေက်ာက္တုံးမ်ားကို ေလးေလးနက္နက္ စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ခ်မ္က်င္းက ဇေဝဇဝါနဲ႔ ေမးလိုက္သည္။ "အဲ့ဒါက သဲနဲ႔ ေက်ာက္စရစ္ေတြပဲေလ၊ ဘာျပႆနာရွိလို႔လဲ"

  သူ ေထာင္ထဲမွာရွိစဥ္တုန္းက ခ်င္းေမာ့လို႔ေခၚတဲ့ ဒီအမ်ိဳးသမီးက ဘယ္ေလာက္ အစြမ္းထက္တယ္ဆိုတာ သူ အၿမဲၾကားေနခဲ့ရသည္။ ဘယ္သူ႔ကိုမွ အထင္ႀကီးဘဲ အၿမဲမထီမဲ့ျမင္ျပဳတက္တဲ့ ေအာ္ထ်န္းကေတာင္ သူမကို အထင္ႀကီးေနပုံရသည္။ သူမ ဒီအမႈကို ဘယ္လိုေျဖရွင္းရမလဲဆိုတာ ၾကည့္ဖို႔ သူ ဒီေန႔ ဒီကိုေရာက္လာခဲ့ျခင္းပင္။ ဒါေပမယ့္ သူမက ဘာလို႔ ဒီသဲနဲ႔ ေက်ာက္စရစ္ပုံေတြကိုေတာင္ ဘယ္လို သံသယဝင္ႏိုင္တာလဲ။

 ကုယြင္က သူမလက္ထဲတြင္ရွိေသာ ေက်ာက္ေၾကစမ်ားကို ျဖည္းညႇင္းစြာ ပြတ္သပ္ခ်လိုက္ၿပီး ေျမေအာက္ျမစ္၏ေအာက္ပိုင္းရွိ သဲထူထပ္ေသာ အလႊာကို 7လက္ညႇိဳးထိုး ျပလိုက္ကာ "ျပႆနာကေတာ့ ဒီဂူက ေက်ာက္တုံးေတြကို ေရတိုက္စားလို႔ ျဖစ္ေပၚလာတဲ့ လႈိဏ္ဂူတစ္ခုေလ။ ဒီလိုေနရာမ်ိဳးမွာ သဲေတြနဲ႔ ေက်ာက္စရစ္ေတြ အမ်ားႀကီး ရွိေနတာကေတာ့..."

  "မင္းဆိုလိုတာက ဒီသဲနဲ႔ ေက်ာက္စရစ္ေတြကို တစ္ေယာက္ေယာက္က တမင္တကာ ယူလာတာလား" ရွန္ယုလန္က တစ္ခ်က္ငဲ့ၾကည့္လိုက္ေတာ့ အလင္းေရာင္က သိပ္မေကာင္းေပမယ့္ ဂူအဝင္ဝက ျမစ္အပိုင္းကို ျမင္ေနရေသးသည္။ ေရက အမ်ားႀကီး ပိုနက္တယ္။

  ေသေသခ်ာခ်ာ ၾကည့္လိုက္ရင္ ကုယြင္ ေျပာသလိုပါပဲ၊ ဒီဂူႀကီးရဲ႕ေဘးက ေျမေအာက္ျမစ္ထဲမွာ သဲနဲ႔ ေက်ာက္တုံးေလးေတြ အမ်ားႀကီးရွိေနၿပီး အဲဒါက အေပၚပိုင္းနဲ႔ သိသိသာသာ ကြဲျပားေနသည္။ ခ်မ္က်င္းက ေမွာင္မိုက္ေနေသာ ျမစ္ေဘးတြင္ ထိုင္ကာ "သဲေတြနဲ႔ ေက်ာက္တုံးေတြကို ဒီလိုေဝးလံေခါင္သီတဲ့ ေက်ာက္လႈိဏ္ဂူထဲကို သယ္ယူလာတဲ့ ရည္႐ြယ္ခ်က္က ဘာလဲ"

  ကုယြင္က သူမစိတ္ထဲမွာ ဇာတ္လမ္းတစ္ခုလုံးကို ေယာင္ဝါးဝါး မွန္းဆႏိုင္လိုက္ၿပီး ၿပဳံးလိုက္ကာ "ထူးဆန္းတယ္ မထင္ဘူးလား? အဲဒီအခ်ိန္တုန္းက လူေတာ္ေတာ္မ်ားမ်ားက ေ႐ႊေတြ သယ္သြားတဲ့ ရထားလုံးေတြကို ရွာမေတြ႕ခဲ့ၾကဘူး။ တကယ္ေတာ့ အဲ့တာေတြ အားလုံးက တကယ္ မေပ်ာက္ဆုံးသြားဘူး၊ အဲဒါေတြအားလုံးကို ဖုံးကြယ္ထား႐ုံေလးပဲ"

 သူမေဘးနားရွိ လွ်ံေနေသာေရကို တစ္ခ်က္ၾကည့္ကာ  ေကြၽာ့ခ်င္း၏မ်က္လုံးမ်ားက လင္းလက္သြားၿပီး "ဒီမွာ ေျမေအာက္ျမစ္ေတြ ေပါမ်ားၿပီး ေကာင္းေၾကာင္းဖြံ႕ၿဖိဳးေနတဲ့ ေရေဝစနစ္ေတြရွိေနတယ္။ ေ႐ႊေတြကို ဝွက္ဖို႔ ေနရာေကာင္းတစ္ခုပဲ"

  ကုယြင္က "ေ႐ႊေတြကို ေျမေအာက္ျမစ္ထဲကို စြန႔္ပစ္ၿပီး သဲနဲ႔ ေက်ာက္ေတြကို ေအာက္မွာျမႇဳပ္ႏွံၿပီး အားလုံးၿငိမ္သက္တဲ့အထိ ေစာင့္မယ္၊ ၿပီးမွ ေ႐ႊေတြ ျပန္တူးၿပီး သယ္ယူလိုက္ရင္ ရတယ္၊ ဒါေပမယ့္ အဲ့တာက သဘာဝအတိုင္း ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ ျဖစ္ဖို႔ေတာ့လိုတယ္။ ဒါကို ၾကည့္လိုက္ရင္ အဲဒီအခ်ိန္က လွည္းဘီးရာ အမွတ္အသားေတြက ေ႐ႊေတြကို သယ္ယူဖို႔ လုပ္ခဲ့တာ မဟုတ္ဘူး၊ ဒီအေထာက္အထားကို အေျခခံၾကည့္ရင္ ဂူထဲကို သဲနဲ႔ ေက်ာက္ခဲေတြကို သယ္ယူခဲ့တာပဲ"

  ရွန္ယုလန္က ထိုင္ခ်လိုက္ၿပီး ေျမျပင္ေပၚရွိ ေက်ာက္တုံးမ်ားကို ေကာက္ယူလိုက္ရာ ႏူးညံ့ေသာ အထိအေတြ႕ကို ခံစားလိုက္ရသည္။ သူမ၏ ခြဲျခမ္းစိတ္ျဖာမႈက အမွန္ျဖစ္ႏိုင္သည္။ ဤနည္းျဖင့္ စုံစမ္းမႈေအာက္တြင္ လူတိုင္းက ေ႐ႊေခ်ာင္းမ်ား ေပ်ာက္ကြယ္သြားပုံကို နားလည္ႏိုင္သည္။ ဒါေပမယ့္ ျပသနာက ေ႐ႊေတြကေရာ ဘယ္ေနရာမွာလဲ? အေထာက္အထားကေရာ ဘယ္မွာလဲ?

  ခ်မ္က်င္းမွာလည္း သူနဲ႔ တူညီတဲ့ အႀကံအစည္ရွိေနမွန္း သိသာေနသည္။ ခ်မ္က်င္းက "အဲ့တာက မင္းရဲ႕မွန္းဆခ်က္ပဲ၊ ဒါေတြက အမွန္ဆိုရင္ေတာင္ ျဖစ္ခဲ့တာက သုံးႏွစ္ရွိၿပီ၊ ေ႐ႊေတြကို သယ္ၿပီးတာ ၾကာေလာက္ၿပီေပါ့။ သဲႏုေလးေတြနဲ႔ေတာ့ အဲ့တာကို သက္ေသမျပႏိုင္ဘူး။ မင္းမွာ ဘာအႀကံရွိေသးလဲ"

  ကုယြင္ စကားမေျပာမီ၊ ဥမင္လိုဏ္ေခါင္းေဘးက လိုဏ္ေခါင္းေသးေသးေလးမွာ တြားသြားေနၿပီး ျမစ္ေအာက္ပိုင္းေနရာကို စစ္ေဆးတဲ့ ေကြၽာ့ခ်င္းက ၿပဳံးလိုက္ၿပီး "ေ႐ႊေတြအမ်ားႀကီးကို ေျမေအာက္ျမစ္ထဲကို ပစ္ထည့္လိုက္တာေလ၊ အားလုံးကို ျပန္တူးလို႔ မရႏိုင္ဘူး၊ ေျမေအာက္ျမစ္က ေရေတြ မ်ားေတာ့ ေ႐ႊတုံးေလးေတြက ေရနဲ႔အတူ ျမစ္ေအာက္ပိုင္းကို စီးဆင္းသြားႏိုင္ေသးတယ္၊ အခု ရွာရင္ ေတြ႕ႏိုင္ေသးတယ္"

  ခ်မ္က်င္းက သူ႔ေပါင္ကိုသူ ျပန္႐ိုက္လိုက္ၿပီး "အခု ေရထဲဆင္းသြားၿပီး ေ႐ႊေတြရွိမရွိ စစ္ေဆးလိုက္ရင္ ငါတို႔သိႏိုင္ၿပီ!"

  ေကြၽာ့ခ်င္းက ခ်က္ခ်င္း ေခါင္းညိတ္ျပၿပီး ခ်မ္က်င္းကို ၿပဳံးၿပဳံးေလး ၾကည့္ကာ "ဒါပဲ ေျပာခ်င္တာပါ"

  သူမက သူ႔ကို ဘယ္လို အၾကည့္မ်ိဳးနဲ႔ ၾကည့္ေနတာလဲ... အဲ့တာက သူ႔ကို ထိတ္လန႔္ေစၿပီး အေရျပားေတြေတာင္ ေအးစက္သြားေစသည္။ "မင္းက ငါကို ေရထဲ ဆင္းခိုင္းခ်င္တာလား?"

  ေကြၽာ့ခ်င္းက သူမ၏ ရင္ဘတ္ေရွ႕တြင္ လက္ႏွစ္ဖက္ကို ပိုက္လိုက္ကာ ႏႈတ္ခမ္းေထာင့္မ်ားကို ပင့္လိုက္ၿပီး "မဟုတ္ရင္ ကြၽန္မ သြားရမွာလား?"

  ...

  မိန္းမေတြ မေျပာဘဲ သန္မာတဲ့ အမ်ိဳးသားေတြေတာင္ ေျမေအာက္ျမစ္ရဲ႕ ေအးျမမႈကို အၾကာႀကီး ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူး။ ခ်မ္က်င္းက သူ ေမးခြန္းေတြ ထပ္ေမးမိေနမွန္း သိသြားတာေၾကာင့္ ႏႈတ္ခမ္းကို ေကာ့ၿပီး အက်ႌ၊ ဖိနပ္နဲ႔ ေျခအိတ္ေတြကို ျဖည္းညႇင္းစြာ ခြၽတ္ေနလိုက္သည္။ .

  "ပလုပ္!"

  ခ်န္က်င္းက စိတ္ထဲကေန က်ိန္ဆဲေနခ်ိန္တြင္ ေရပြက္သံ ၾကားလိုက္ရၿပီး ေအာ္ထ်န္း၏နက္ေမွာင္ေသာ အသြင္က ျမစ္ထဲသို႔ ထိုးက်သြားခဲ့သည္။

  ခ်မ္က်င္းက သူ႔အဝတ္အစားမ်ား၊ ဖိနပ္မ်ားႏွင့္ ေျခအိတ္မ်ားကို ခြၽတ္ထားၿပီး အနည္းငယ္ ရွက္႐ြံ႕ဟန္ျဖင့္ ကမ္းေပၚတြင္ ရပ္ေနသည္။ ေကြၽာ့ခ်င္းက သူ႔ကို တစ္ခ်က္လွည့္ၾကည့္လိုက္ၿပီးေနာက္ သူမ၏မ်က္လုံးမ်ားက အနက္ေရာင္ အဝတ္အစားႏွင့္ ေငြေရာင္ဆံပင္မ်ား ဝတ္ဆင္ထားသည့္ အသြင္အျပင္ကိုသာ ျပန္အာ႐ုံစိုက္ေနခဲ့သည္။

  အခု အဝတ္အစားေတြ ျပန္ဝတ္ရမွာကို ရွက္ေနတဲ့ ခ်မ္က်င္းက ေပါ့ေပါ့ပါးပါး ေခ်ာင္းဟန႔္လိုက္ၿပီး "ငါ့ရဲ႕ ေရကူးတဲ့ အရည္အခ်င္းက ပိုေကာင္းတယ္။ ငါ ျမစ္ေအာက္က ေရနက္ထဲကို သြားႏိုင္တယ္တယ္၊ ခနေနရင္ ငါ သြားၾကည့္လိုက္မယ္"

  မည္သူမွ် သူ႔ကို ဂ႐ုမစိုက္တာေၾကာင့္ ခ်မ္က်င္းက လႈိဏ္ဂူငယ္ကို အျမန္ျဖတ္ၿပီး ေျမေအာက္ျမစ္ေအာက္ပိုင္းသို႔ တိုးဝင္သြားခဲ့သည္။

  ေအာ္ထ်န္းက ေရထဲမွာ အခ်ိန္အေတာ္ၾကာ ကူးခတ္ေနခဲ့ၿပီးေနာက္ ျပန္ခုန္တက္လာခဲ့သည္။ ကုယြင္က စိုးရိမ္တႀကီးနဲ႔ "ဘယ္လိုလဲ"

  ေအာ္ထ်န္း၏မ်က္ႏွာက မည္းေမွာင္ေနၿပီး ဘာမွျပန္မေျပာဘဲ တိတ္တဆိတ္ ေခါင္းယမ္းလိုက္သည္။

  ေကြၽာ့ခ်င္းနဲ႔ ကုယြင္က တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိသည္။ သူမတို႔ အမွားလုပ္မိတာ ျဖစ္ႏိုင္လား။

  ရွန္ယုလန္က အလြန္ယုံၾကည္မႈရွိေနၿပီး "ေနာက္တေခါက္ ထပ္သြားၾကည့္လိုက္ပါ။ ေက်ာက္တုံးရဲ႕ ေထာင့္စြန္းေတြမွာ ေ႐ႊေတြရွိေနဖို႔က ပို ျဖစ္ႏိုင္တယ္"

  ေအာ္ထ်န္းက ျမစ္ထဲသို႔ ခုန္ဆင္းသြားျပန္သည္။ သူ၏ အနက္ေရာင္အဝတ္အစားမ်ားက ေရလႈိင္းထဲတြင္ ရွိေနသျဖင့္ သူ ဘယ္မွာရွိေနသည္ကို မျမင္ႏိုင္ေပ။ ကံေကာင္းစြာပင္ သူ၏ေငြေရာင္ဆံပင္မ်ားက အလင္းအနည္းငယ္ ေရာင္ျပန္ဟပ္ေနကာ သူ႔အေနအထားကို ေဖာ္ထုတ္ႏိုင္ခဲ့သည္။

  ဒီအခ်ိန္က အခ်ိန္ပိုၾကာသြားၿပီး ေကြၽာ့ခ်င္းက သူ တစ္ခုခုျဖစ္သြားမွာကို အနည္းငယ္ စိုးရိမ္ေနခ်ိန္မွာပဲ ေအာ္ထ်န္းက ေရထဲကေန ျပန္ထြက္လာခဲ့သည္။

  "ေတြ႕ၿပီလား?"

  ေအာ္ထ်န္းက ျပန္မေျဖဘဲ ေလထဲတြင္ အသက္ရႈေနၿပီး သူေတြ႕ခဲ့သမွ် ပစၥည္းမ်ားကို ကမ္းစပ္သို႔ ပစ္တင္ေနသည္။

  လိေမၼာ္ေရာင္ အလင္းတန္းတစ္ခုၿပီးေနာက္၊ သတၱဳသံမ်ားထြက္ေပၚလာၿပီး လူအမ်ားအျပားက ဝိုင္းဖြဲ႕ၾကည့္ရႈ႕လိုက္ရာ သစ္သီးအူတိုင္အ႐ြယ္ရွိ ေ႐ႊအပိုင္းအစတစ္ခု ျဖစ္ေနသည္။ ေ႐ႊတုံးကို ျမစ္ထဲသို႔ စြန႔္ပစ္လိုက္ေသာအခါ အခ်ိန္ၾကာလာတာနဲ႔အမွ် အပိုင္းပိုင္း ေၾကမြသြားပုံရသည္။

  ရွန္ယုလန္က ေ႐ႊတုံး၏မ်က္ႏွာျပင္ကို ဂ႐ုတစိုက္ၾကည့္လိုက္ရာ ေထာင့္စြန္းတြင္ တရားဝင္ေငြတံဆိပ္ျဖစ္ႏိုင္သည့္ စာသားတစ္ဝက္တစ္ပ်က္ကို ေတြ႕လိုက္ရသည္။ ရွန္ယုလန္က ေ႐ႊတုံးကို ကိုင္ထားရင္း ကုယြင္ကို ၾကည့္လိုက္ၿပီး "ဟုတ္တယ္၊ ေ႐ႊေခ်ာင္းလည္း ရွိေနတယ္၊ အဲဒါက တရားဝင္ေငြေတြ။ မင္းရဲ႕ ခန႔္မွန္းခ်က္က မွန္ႏိုင္တယ္"

  ေသခ်ာတာေပါ့၊ ဒီနည္းလမ္းကို ေျမေအာက္ျမစ္ထဲမွာ ေ႐ႊေတြ ဝွက္ဖို႔ သုံးခဲ့တာ။

  "ေဟး၊ ျမန္ျမန္လာၿပီး ငါေတြ႕ခဲ့တာကို ၾကည့္စမ္း!" လူအမ်ားအျပားက ေ႐ႊတုံးမ်ားကို ေလ့လာေနခ်ိန္တြင္ ခ်မ္က်င္း၏ စိတ္လႈပ္ရွားေနေသာ အသံက ျမစ္ေအာက္ပိုင္းမွ ထြက္ေပၚလာသည္။

  လူအမ်ားအျပားက ျမစ္ေအာက္သို႔ အျမန္ေျပးသြားလိုက္ရာ ခ်မ္က်င္းက ေပ်ာ္႐ႊင္စြာ ၿပဳံးေနကာ ေတာက္ပေသာ ေ႐ႊတစ္ပိုင္းကို သူ႔လက္ထဲတြင္ ကိုင္ထားၿပီး "ေ႐ႊလ်န္ငါးဆယ္"

မထင္မွတ္ဘဲ ေျမေအာက္ထဲတြင္ ေ႐ႊမ်ား အမွန္တကယ္ ရွိေနသျဖင့္ သူ ရွာေတြ႕ခဲ့သည္။ ခ်မ္က်င္းက အားတက္သေရာ ၿပဳံးၿပီး ေ႐ႊကို ကမ္းေပါတင္ေပးကာ "ဒီေရက ေရွ႕နားကထက္ ပိုၾကည္တယ္၊ ေ႐ႊေတြ ပိုရွိသင့္တယ္။ ငါ ေနာက္တစ္ခါ သြားရွာၾကည့္မယ္"

  ​ေျမ​ေအာက္​ျမစ္​ထဲက ​ေရ​ေတြက ​ေအး​ေနတာေၾကာင့္ သူ​ ေရထဲမွာ ခဏ​ေနၿပီးတာနဲ႔ ႏႈတ္​ခမ္းေတြက ခရမ္း​ေရာင္​သန္းေနခဲ့သည္။ သူ ​ေနာက္​တစ္​​ေခါက္​ျမစ္​ထဲကို ျပန္​ငုပ္​​ေတာ့မွာကို ​ေတြ႕လိုက္​ရ​ေတာ့ ေကြၽာ့ခ်င္းက ခပ္​ျမန္​ျမန္​​ေျပာလိုက္သည္။​ "မဟုတ္​ဘူး၊ သက္ေသေတြ လုံေလာက္ၿပီ။ ဒီကို ျပန္လာေတာ့"

  ခ်မ္က်င္းက သူ႔မ်က္လုံးေတြကို က်ယ္က်ယ္ဖြင့္ၿပီး မေက်မနပ္နဲ႔ "ေ႐ႊေတြရွိေနတာကို ငါ မေကာက္ရရင္ စိတ္မေကာင္းစရာပဲ"

ေ႐ႊလ်န္ငါးဆယ္ေနာ္... ေ႐ႊလ်န္ငါးဆယ္ရဖို႔ သူ လူေပါင္းမ်ားစြာ ဖမ္းရမွာေလ...

  သူက ေျပာၿပီးတာနဲ႔ ျပန္ငုပ္ ခ်င္ေနခဲ့သည္။ ေကြၽာ့ခ်င္းက ေဒါသအရမ္းထြက္ေနၿပီး "ခ်မ္က်င္း! နင္က နင့္အသက္ထက္ ေငြကို ပိုလိုခ်င္ေနတယ္! ဒီေ႐ႊဒဂၤါးေတြက ဘ႑ာေငြေတြေနာ္၊ နင္ေကာက္ရရင္ေတာင္ နင္ ပိုင္တာမဟုတ္ဘူး၊ ဒီကို ျမန္ျမန္တက္လာခဲ့"

သူက တုန္တုန္ယင္ယင္ ျဖစ္ေနတာေတာင္ ကမ္းေပၚတက္ဖို႔ ျငင္းေနတုန္းပဲ!

  ေ႐ႊေတြ ျပန္လႊဲေပးရမယ္ဆိုတာကို ၾကားေတာ့ ခ်မ္က်င္းက စိတ္ပ်က္လက္ပ်က္နဲ႔ ႏႈတ္ခမ္းေတြကို တြန႔္လိုက္ၿပီး ေနာက္ဆုံးေတာ့ ကမ္းေပၚျပန္တက္လာခဲ့သည္။

  ရွန္ယုလန္က ခ်မ္က်င္းေတြ႕ရွိခဲ့ေသာ အဝါေရာင္ေ႐ႊကို ေကာက္ယူလိုက္သည္။ ဤအပိုင္းက အေတာ္ေလး ျပည့္စုံေနသည္။ ေ႐ႊေအာက္တြင္ ႐ိုက္ႏွိပ္ထားေသာ "ဘ႑ာေငြ" တံဆိပ္တုံးကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။ ဤေ႐ႊက ထိုႏွစ္တြင္ ေပ်ာက္ဆုံးသြားေသာ ေ႐ႊအစစ္ျဖစ္သည္။ .

ရွန္ယုလန္က ေ႐ႊေခ်ာင္းကို သူ႔လက္ထဲမွာ ကိုင္ထားၿပီး ေလးနက္ေသာ အသံျဖင့္ ျဖည္းညႇင္းစြာ ေျပာလိုက္သည္။ "အခု ေ႐ႊေခ်ာင္းအမႈနဲ႔ပတ္သက္တဲ့ သဲလြန္စရေနၿပီဆိုေတာ့ တရား႐ုံးကို ခ်က္ခ်င္းသတင္းပို႔ၿပီး ဒီအမႈကို ေသခ်ာျပန္စစ္ေဆးရမယ္"

  ဆိုလိုသည္မွာ ယခုမင္းဆက္သည္ ေလႏွင့္မိုးကို ေတြ႕ႀကဳံရေပေတာ့မည္။ (အခက္အခဲ၊အတက္အက်ကို ရင္ဆိုင္ျဖတ္သန္းၾကရမည္)

  ...

  ရွန္ယုလန္က ေလွ်ာက္တင္လႊာေရးရန္ ျပန္လာခဲ့သည္။ စုယြိက စစ္ေရးေလ့က်င့္မႈအတြင္း ဒဏ္ရာရသြားပုံရသည္။ ကုယြင္က စစ္သူႀကီး၏အိမ္ေတာ္သို႔ အျမန္ျပန္သြားခဲ့သည္။ ေကြၽာ့ခ်င္းက ဝန္ႀကီးခ်ဳပ္၏အိမ္ေတာ္သို႔ ပ်င္းရိစြာ ျပန္လာခဲ့သည္။ အခ်ိန္ေစာေနေသးေပမယ့္ ေကြၽာ့ခ်င္းထံသို႔ လန္ယြဲ႕အေဆာင္ကိုျပန္သြားၿပီး အိပ္ေနရန္ ႀကံ႐ြယ္လိုက္သည္။

 သူမ လမ္းေလွ်ာက္လာရင္း သာယာၿငိမ့္ေညာင္းတဲ့ ဗ်ပ္ေစာင္းသံကို သူမနားထဲမွာ ေယာင္ဝါးဝါး ၾကားလိုက္ရသည္။ ဒါက ကုက်င္သံထက္ ပိုမိုနက္ရႈိင္းၿပီး ႏူးညံ့သိမ္ေမြ႕တဲ့လက္နဲ႔ လူေတြရဲ႕စိတ္ဝိညာဥ္ကို ဆုပ္ကိုင္ထားသလိုပါပဲ၊ ႏူးညံ့သိမ္ေမြ႕ၿပီး ၾကည္ႏူးစရာေကာင္းေနသည္။ ေကြၽာ့ခ်င္းက မည္သည့္ႀကိဳးတူရိယာကိုမွ် နားမလည္သည့္အျပင္ ဂီတပညာရွင္လည္း မဟုတ္ေပ။။သို႔ေသာ္ ယခုဗ်ပ္ေစာင္း(ဇီသာ)တီးသံက သူမကို ဖမ္းစားႏိုင္ခဲ့ၿပီး မသိစိတ္ေၾကာင့္ အသံထြက္ရာေနရာကို ေလွ်ာက္လမ္းေနမိသည္။ (ဗ်ပ္ေစာင္း(ဇီသာ)ေရာ ကုက်င္ေရာ တ႐ုတ္႐ိုးရာ ႀကိဳးတပ္တူရိယာေတြပါ)

 အသံက လို႔ရွီးဝူ၏ၿခံဝင္းမွျဖစ္ေနၿပီး လို႔ရွီးဝူတြင္ ထိုကဲ့သို႔ေသာ ကြၽမ္းက်င္မႈရွိေနမည္ဟု သူမ မေမွ်ာ္လင့္ထားခဲ့ေပ၊ သူမက တကယ္ကို ေက်ာ္ၾကားေသာ မိသားစုတစ္ခု၏ သမီးတစ္ဦး ျဖစ္ရန္ ထိုက္တန္ပါတယ္၊ တကယ္ကို ေလးစားဖို႔ေကာင္းတယ္။

 ဒါက ေကြၽာ့ခ်င္းအတြက္ လို႔ရွီးဝူ၏ ၿခံဝင္းထဲသို႔ ပထမဆုံးအႀကိမ္ ေလွ်ာက္သြားျခင္းလည္း ျဖစ္သည္။ ဝင္းထဲတြင္ ေတာက္ပေသာ India azaleas မ်ား စိုက္ပ်ိဳးထားသည္။ ႏူးညံ့ေသာ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ပန္းပြင့္မ်ားျဖင့္ ဝင္းကို လွပစြာ အလွဆင္ထားသည္။ (ပန္းပုံေလး ထည့္ေပးထားတယ္၊ ျမန္မာလိုအေခၚေလး သိရင္ ေျပာေပးပါဦး)

  ၿခံဝင္းထဲမွာ အျဖဴေရာင္ ကန႔္လန႔္ကာပါးပါးမ်ား လြင့္ေမ်ာေနေသာ ေဆာင္ႀကီးတစ္ခုရွိေနၿပီး လို႔ရွီးဝူရဲ႕ လွပတဲ့ပုံရိပ္ကို ေယာင္ဝါးဝါး ျမင္ေနရသည္။ ေကြၽာ့ခ်င္းက တိတ္တိတ္ေလး ၿပဳံးလိုက္မိသည္။ ဒီကေလးမေလးက ဒီလိုေလထုကို ဖန္တီးႏိုင္တာ ေတာ္ေတာ္ေကာင္းတယ္။ ခါတိုင္းဆိုရင္ သူက ဆူညံေနတက္ၿပီး သူမက မာနႀကီးသလို ေမာက္မာတဲ့ စိတ္ေနစိတ္ထားလည္း ရွိေနေသးသည္။

  အနီးကပ္ၾကည့္လိုက္ေတာ့ ၿခံေရွ႕မွာ အျဖဴေရာင္ ပုံရိပ္တစ္ခုရွိေနတာကို သူမ ေတြ႕လိုက္ရသည္။ ေနာက္ေက်ာကေနၾကည့္လိုက္ရင္ အျဖဴေရာင္အဝတ္အစားက ႏွင္းေတြလိုျဖစ္ေနၿပီး အနက္ေရာင္ဆံပင္ေတြက မွင္ေတြလို နက္ေမွာင္ေနသည္။ ထိုပုံရိပ္က ေျမျပင္ေပၚမွာ ေပါ့ေပါ့ပါးပါး ထိုင္ေနၿပီး သူ႔ေပါင္ေပၚတြင္ အနီရင့္ေရာင္ ဗ်ပ္ေစာင္းတစ္ခုရွိေနကာ သူ႔၏ေသးသြယ္ၿပီး သိမ္ေမြ႕ေသာ လက္ေခ်ာင္းမ်ားက ႀကိဳးမ်ားေပၚတြင္ လြင့္ပ်ံ႕ေနကာ လွပေသာ ဂီတသံက က်က္သေရရွိစြာ စီးဆင္းေနသည္။ သူက ဗ်ပ္ေစာင္းတီးေနေသာ သူျဖစ္ပုံရသည္။

  နက္ေမွာင္ေသာဆံပင္ႏွင့္ အျဖဴေရာင္အဝတ္အစား ၀တ္ထားေသာ အမ်ိဳးသား၏ ေနာက္ေက်ာ ပုံသ႑ာန္ကိုသာ ျမင္ရေသာ္လည္း သူက သန႔္ရွင္းၿပီး တည္ၿငိမ္ေသာ စိတ္ထားကို ျပသေနၿပီျဖစ္သည္။ သူ၏မ်က္ႏွာကို မျမင္ရေသာ္လည္း ေကြၽာ့ခ်င္းက ဤလူက ၿငိမ္းခ်မ္းေသာ၊ ေျပျပစ္ေကာင္းမြန္ေသာ အမူအက်င့္ရွိသူျဖစ္ေၾကာင္း သူမ၏ စိတ္ထဲတြင္ ဆုံးျဖတ္ထားၿပီးသားျဖစ္သည္၊ သူမက မည္သည့္အေၾကာင္းေၾကာင့္ ထိုသို႔ခံစားရသည္ကို သူမ မေျပာႏိုင္ေပ။  သူက ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ ကလား??

  မထင္မွတ္ပဲ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ႀကီးမွာ ဒီလို လူတစ္ေယာက္ရွိေနတယ္။ သူက ဘယ္သူလဲ။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

469K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
48K 5.2K 22
အရင်တစ်ခုက လုံးဝဝင်မရတော့လို့ ခွဲလိုက်တာပါ အရင္တစ္ခုက လုံးဝဝင္မရေတာ့လို႔ ခြဲလိုက္တာပါ
1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
37.3K 6.4K 35
အိပ်မက်ထဲက ချစ်ရသူ Book 2 ခွေးသွေးတွေချည်း