အပိုင်း ( ၃၄၉) Supremeအသင်းခေါင်းဆောင်က ငပျော့လေးလား
ကံအားလျော်စွာ သူတို့သည် အလယ်လမ်းတွင် ကောင်းကောင်း ထိန်းထားနိုင်ခဲ့ပြီး တစ်ဖက်အသင်း၏ defense tower နှစ်ခုကို တပြိုင်ထဲ ဖြိုနိုင်ခဲ့လေသည်။
သူတို့သည် နောက်ထက် တာဝါတစ်ခုကိုသာ ဖြိုရတော့မည်ဖြစ်ပြီး မြို့ဆီသို့ သွားလမ်းပေါ်တွင် ရှိ၏။
သို့သော် တိမ်ကျား၏သွေးမှာ ကုန်ခါနီးဖြစ်နေပြီး ကျန်သည့်သွေးအနည်းငယ်လေးနှင့် ထိန်းထားနေရသည်။
ရောက်လာသည့်သူတိုင်းက သူ့ကို တစ်စက္ကန့်အတွင်း ဖယ်ရှားနိုင်ပေလိမ့်မည်။
တိမ်ကျားသာ-ေသသွားရင် သူတို့တွေ အသက် ၅ခု ရှုံးသွားလိမ့်မယ်။
“ အခြေအနေက Supremeအသင်းအတွက် မကောင်းတော့ဘူး”
“ ကျွတ် ကျွတ် ဒီပွဲကတော့ ရှူဂျိအတွက် ပြင်းစရာကောင်းနေတော့မှာပဲ၊ ပြိုင်ဘက်က အရမ်း အားနည်းတယ်”
“ ငါ့ကို ပြောစမ်းပါအုံး”
ထိုသတင်းထောက်သည် သူနှုတ်ခမ်းကို ကွေးလိုက်ပြီး အထင်သေးသည့်လေသံဖြင့် ပြောလိုက်လေသည်။
“ သူတို့ ခေါင်းဆောင်က ဘာလုပ်နေတာလဲ၊ သူ ဘယ်လိုများ ခေါင်းဆောင် ဖြစ်လာတာလဲ၊ တိမ်ကျားလောက်တောင် ကောင်းတဲ့အချိန်မရှိဘူး”
“ သူ့လက် ဒဏ်ရာရထားတယ်လို့ ရှူဂျိ ပြောခဲ့တယ်မလား”
တခြားသတင်းထောက်သည် ပိုနားလည်ပေးတတ်၏။
“ ဒဏ်ရာကြောင့်လို့တော့ ငါမထင်ဘူး၊ သူက ဒီအတိုင်း ပျော့တာပဲ”
ယခုအခါ ပြိုင်ကွင်းအပြင်ဘက်ရှိ စကားသံများသည် ပိုကျယ်လာ၏။ ဖူကျို့သည် သူမ၏ထိုင်ခုံတွင် တည်ငြိမ်စွာထိုင်နေ၏။ သူမ၏ ညာဖက်လက်ကို ထိုင်ခုံကျောမှီပေါ်တွင် တင်ထားပြီး ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကို လျော့တိလျော့ရဲ ကိုက်ထားပြီး သူမ၏မျက်လုံးကိုတော့ မပွတ်လိုက်ချေ။
ဆန့်ကျင်ဖက်အနေဖြင့် ဖုန်းရှန်သည် စိတ်လှုပ်ရှားနေပုံပေါ်၏။ သူသည် ကစားရင်း ကူတိုက်ပေးချင်စိတ်မှာ တဖွားဖွား ဖြစ်နေတော့သည်။
ထိုအချိန်တွင် ရှူဂျိသည် ညာဘက်လမ်းပေါ်ရှိ ဒုတိယ defense tower ကိုစတင် တိုက်ခိုက်လိုက်သည်။
လင်ဖုန်းသည် စိတ်မရှည်တော့ဘဲ အမြန်ပြေးသွားချင်နေ၏။
ချင်မော့သည် ထိုအခိုက်တွင် သူ့ဆီ စာပို့လာ၏။
“ တာဝါကနေ မခွာနဲ့ ၊ ကာကွယ်ထား”
အဓိပ္ပာယ်က မတိုက်နဲ့ ။
လင်ဖုန်းနှင့် ရင်းဝူယောင်သည် ဗျူဟာချသည့်နေရာတွင် မတော်ကြောင်း ကိုယ့်ဟာကိုသိထားကြသည်။
သူတို့သည် စိတ်ပူရင်းသာနေရလေသည်။
“ ရှူဂျိက ကျွန်တော် မမြင်ခင် ခေါင်းဆောင်ကို ဘေးဘက်လမ်းကနေ တိုက်လာရင် ဘယ်လိုလုပ်မလဲ”
တိမ်ကျားသည် မြို့ထဲတွင် သွေးဖြည့်နေဆဲဖြစ်၏။
ခေါင်းဆောင်နှင့် ရွှယ်ယောင်ယောင်သာ အလယ်လမ်း၏ တာဝါကို ကာကွယ်နေသည့် အဓိပ္ပာယ်ပင်။
ရှူဂျိသာ ရောက်လာရင် နောက်ထပ် နှစ်ယောက်ဆက်တိုက် သ-တ်သွားလောက်တယ်။
“ ပေးလာလိုက်”
ထိုစကားသုံးလုံးကို ဘာမှမထူးဆန်းသည့်လေသံတစ်ခု ဖြင့် ပြောလိုက်လေသည်။
ချင်မော့နှင့်အတူ ကျွမ်းကျွမ်းကျင်ကျင် မကစားခဲ့ဖူးသည့် ရင်းဝူယောင်ပင် ထိုစကားသုံးလုံးကို မြင်လိုက်ပြီးနောက် ဖော်မပြတတ်အောင် သနားသွားတော့သည်။
လင်ဖုန်းဆိုလျှင်တော့ ပြောရန်ပင် မလိုတော့ချေ။ သူ့မီးတောက်နေသည့်မျက်လုံးများသည် ရုတ်တရက် တည်ငြိမ်သွားပြီး မွန်းစတားတစ်ကောင်ကို သ-တ်ပြီးနောက် တာဝါကို ကာကွယ်ရန် ပြန်ပြေးလာလိုက်၏။
ရှူဂျိသည် ထိုအရာကို မြင်သွားပြီး သူ့လမ်းကြောင်းကို ရုတ်တရက်ပြောင်းလိုက်ပြီး ချင်မော့ရှိရာဖက်သို့ တိုက်ခိုက်ရန် ပြေးသွားတော့သည်။
“ ကြည့်ရတာ တစ်ဖက်အသင်းတော့ အပြတ်ရှင်းခံရတော့မှာပဲ”
“ မင်း ပြောတာ ဟုတ်တယ်၊ တစ်ယောက်ထဲကို သတ်နိုင်တာက အသုံးဝင်မှာမဟုတ်ဘူး၊ ဆာကူရာအသင်းမှာ နှစ်ယောက်ကျန်သေးတယ်”
“ ဝိုး သူတို့တွေ နောက်ပြန်ဆုတ်နေတာလား”
“ ဒီလောက် သတ္တိကြောင်တဲ့ ခေါင်းဆောင်မျိုး လုံးဝမတွေ့ဖူးသေးဘူး”
သည်ဘက်တွင် သတင်းထောက်များသည် စကားပြောနေကြ၏။ တခြားဘက်တွင် ဆာကူရာအသင်းသားနှစ်ယောက်သည် ချင်မော့ထံကို တဟုန်ထိုး ပြေးဝင်သွားကြ၏။
ရွှယ်ယောင်ယောင်သည် defense towerအောက်တွင် ရပ်နေ၏။ သူမသည် မောက်စ့်ကို တင်းတင်းဆုပ်ထားပြီး အသည်းအသန် ပြန်ဆုတ်ချင်နေတော့သည်။
သို့သော် သူတို့ စမထွက်ခင် ချင်မော့က သည်လမ်းပေါ်တွင် အဓိကတိုက်ကွက်ခင်းမည်ဟု ပြောခဲ့သည်ကို မမေ့ရာ သူမသည် ပြန်မသွားနိုင်ပေ။
ဤမြင်ကွင်းသည် Supremeအသင်းက တစ်ဖက်သတ် လိုက်ခံနေရပြီး ချခံနေရသည်ဟု မြင်ရစေသည်။
တိမ်ကျားသည် သွေးဖြည့်ပြီးသွားပြီ ဖြစ်သည်။
သို့သော် ဘာလုပ်ရမည်နည်း။
ထို တိုတောင်းသည့် အချိန်အတွင်းတွင် သူသည် အလယ်လမ်းကို အားဖြည့်ရန် အရောက်သွားနိုင်မည် မဟုတ်ချေ။
“ငါသာ Supremeအသင်းသားတစ်ယောက်ဆိုရင် လက်လျှော့လိုက်ပြီ၊ ဒီလိုဆက်ကစားဖို့က အရမ်းရှက်ဖို့ကောင်းတယ်၊ အခု ရှူဂျိကို ပင်မလမ်းပေါ်မှာ မတွေ့ရတော့ဘူး၊ သူ တစ်နေရာရာမှာ အလစ်တိုက်ပြီး သူ့ပြပွဲကြီးကို ပြဖို့ အဆင်သင့်ပြင်နေတာပဲ ဖြစ်ရမယ်”
...
Zawgyi
အပိုင္း ( ၃၄၉) Supremeအသင္းေခါင္းေဆာင္က ငေပ်ာ့ေလးလား
ကံအားေလ်ာ္စြာ သူတို႔သည္ အလယ္လမ္းတြင္ ေကာင္းေကာင္း ထိန္းထားနိုင္ခဲ့ၿပီး တစ္ဖက္အသင္း၏ defense tower ႏွစ္ခုကို တၿပိဳင္ထဲ ၿဖိဳနိုင္ခဲ့ေလသည္။
သူတို႔သည္ ေနာက္ထက္ တာဝါတစ္ခုကိုသာ ၿဖိဳရေတာ့မည္ျဖစ္ၿပီး ၿမိဳ႕ဆီသို႔ သြားလမ္းေပၚတြင္ ရွိ၏။
သို႔ေသာ္ တိမ္က်ား၏ေသြးမွာ ကုန္ခါနီးျဖစ္ေနၿပီး က်န္သည့္ေသြးအနည္းငယ္ေလးႏွင့္ ထိန္းထားေနရသည္။
ေရာက္လာသည့္သူတိုင္းက သူ႕ကို တစ္စကၠန့္အတြင္း ဖယ္ရွားနိုင္ေပလိမ့္မည္။
တိမ္က်ားသာ-ေသသြားရင္ သူတို႔ေတြ အသက္ ၅ခု ရႈံးသြားလိမ့္မယ္။
“ အေျခအေနက Supremeအသင္းအတြက္ မေကာင္းေတာ့ဘူး”
“ ကြၽတ္ ကြၽတ္ ဒီပြဲကေတာ့ ရႉဂ်ိအတြက္ ျပင္းစရာေကာင္းေနေတာ့မွာပဲ၊ ၿပိဳင္ဘက္က အရမ္း အားနည္းတယ္”
“ ငါ့ကို ေျပာစမ္းပါအုံး”
ထိုသတင္းေထာက္သည္ သူႏႈတ္ခမ္းကို ေကြးလိုက္ၿပီး အထင္ေသးသည့္ေလသံျဖင့္ ေျပာလိုက္ေလသည္။
“ သူတို႔ ေခါင္းေဆာင္က ဘာလုပ္ေနတာလဲ၊ သူ ဘယ္လိုမ်ား ေခါင္းေဆာင္ ျဖစ္လာတာလဲ၊ တိမ္က်ားေလာက္ေတာင္ ေကာင္းတဲ့အခ်ိန္မရွိဘူး”
“ သူ႕လက္ ဒဏ္ရာရထားတယ္လို႔ ရႉဂ်ိ ေျပာခဲ့တယ္မလား”
တျခားသတင္းေထာက္သည္ ပိုနားလည္ေပးတတ္၏။
“ ဒဏ္ရာေၾကာင့္လို႔ေတာ့ ငါမထင္ဘူး၊ သူက ဒီအတိုင္း ေပ်ာ့တာပဲ”
ယခုအခါ ၿပိဳင္ကြင္းအျပင္ဘက္ရွိ စကားသံမ်ားသည္ ပိုက်ယ္လာ၏။ ဖူက်ိဳ႕သည္ သူမ၏ထိုင္ခုံတြင္ တည္ၿငိမ္စြာထိုင္ေန၏။ သူမ၏ ညာဖက္လက္ကို ထိုင္ခုံေက်ာမွီေပၚတြင္ တင္ထားၿပီး ပါးစပ္ထဲတြင္ တုတ္ထိုးခ်ိဳခ်ဥ္ကို ေလ်ာ့တိေလ်ာ့ရဲ ကိုက္ထားၿပီး သူမ၏မ်က္လုံးကိုေတာ့ မပြတ္လိုက္ေခ်။
ဆန့္က်င္ဖက္အေနျဖင့္ ဖုန္းရွန္သည္ စိတ္လႈပ္ရွားေနပုံေပၚ၏။ သူသည္ ကစားရင္း ကူတိုက္ေပးခ်င္စိတ္မွာ တဖြားဖြား ျဖစ္ေနေတာ့သည္။
ထိုအခ်ိန္တြင္ ရႉဂ်ိသည္ ညာဘက္လမ္းေပၚရွိ ဒုတိယ defense tower ကိုစတင္ တိုက္ခိုက္လိုက္သည္။
လင္ဖုန္းသည္ စိတ္မရွည္ေတာ့ဘဲ အျမန္ေျပးသြားခ်င္ေန၏။
ခ်င္ေမာ့သည္ ထိုအခိုက္တြင္ သူ႕ဆီ စာပို႔လာ၏။
“ တာဝါကေန မခြာနဲ႕ ၊ ကာကြယ္ထား”
အဓိပၸာယ္က မတိုက္နဲ႕ ။
လင္ဖုန္းႏွင့္ ရင္းဝူေယာင္သည္ ဗ်ဴဟာခ်သည့္ေနရာတြင္ မေတာ္ေၾကာင္း ကိုယ့္ဟာကိုသိထားၾကသည္။
သူတို႔သည္ စိတ္ပူရင္းသာေနရေလသည္။
“ ရႉဂ်ိက ကြၽန္ေတာ္ မျမင္ခင္ ေခါင္းေဆာင္ကို ေဘးဘက္လမ္းကေန တိုက္လာရင္ ဘယ္လိုလုပ္မလဲ”
တိမ္က်ားသည္ ၿမိဳ႕ထဲတြင္ ေသြးျဖည့္ေနဆဲျဖစ္၏။
ေခါင္းေဆာင္ႏွင့္ ႐ႊယ္ေယာင္ေယာင္သာ အလယ္လမ္း၏ တာဝါကို ကာကြယ္ေနသည့္ အဓိပၸာယ္ပင္။
ရႉဂ်ိသာ ေရာက္လာရင္ ေနာက္ထပ္ ႏွစ္ေယာက္ဆက္တိုက္ သ-တ္သြားေလာက္တယ္။
“ ေပးလာလိုက္”
ထိုစကားသုံးလုံးကို ဘာမွမထူးဆန္းသည့္ေလသံတစ္ခု ျဖင့္ ေျပာလိုက္ေလသည္။
ခ်င္ေမာ့ႏွင့္အတူ ကြၽမ္းကြၽမ္းက်င္က်င္ မကစားခဲ့ဖူးသည့္ ရင္းဝူေယာင္ပင္ ထိုစကားသုံးလုံးကို ျမင္လိုက္ၿပီးေနာက္ ေဖာ္မျပတတ္ေအာင္ သနားသြားေတာ့သည္။
လင္ဖုန္းဆိုလွ်င္ေတာ့ ေျပာရန္ပင္ မလိုေတာ့ေခ်။ သူ႕မီးေတာက္ေနသည့္မ်က္လုံးမ်ားသည္ ႐ုတ္တရက္ တည္ၿငိမ္သြားၿပီး မြန္းစတားတစ္ေကာင္ကို သ-တ္ၿပီးေနာက္ တာဝါကို ကာကြယ္ရန္ ျပန္ေျပးလာလိုက္၏။
ရႉဂ်ိသည္ ထိုအရာကို ျမင္သြားၿပီး သူ႕လမ္းေၾကာင္းကို ႐ုတ္တရက္ေျပာင္းလိုက္ၿပီး ခ်င္ေမာ့ရွိရာဖက္သို႔ တိုက္ခိုက္ရန္ ေျပးသြားေတာ့သည္။
“ ၾကည့္ရတာ တစ္ဖက္အသင္းေတာ့ အျပတ္ရွင္းခံရေတာ့မွာပဲ”
“ မင္း ေျပာတာ ဟုတ္တယ္၊ တစ္ေယာက္ထဲကို သတ္နိုင္တာက အသုံးဝင္မွာမဟုတ္ဘူး၊ ဆာကူရာအသင္းမွာ ႏွစ္ေယာက္က်န္ေသးတယ္”
“ ဝိုး သူတို႔ေတြ ေနာက္ျပန္ဆုတ္ေနတာလား”
“ ဒီေလာက္ သတၱိေၾကာင္တဲ့ ေခါင္းေဆာင္မ်ိဳး လုံးဝမေတြ႕ဖူးေသးဘူး”
သည္ဘက္တြင္ သတင္းေထာက္မ်ားသည္ စကားေျပာေနၾက၏။ တျခားဘက္တြင္ ဆာကူရာအသင္းသားႏွစ္ေယာက္သည္ ခ်င္ေမာ့ထံကို တဟုန္ထိုး ေျပးဝင္သြားၾက၏။
႐ႊယ္ေယာင္ေယာင္သည္ defense towerေအာက္တြင္ ရပ္ေန၏။ သူမသည္ ေမာက္စ့္ကို တင္းတင္းဆုပ္ထားၿပီး အသည္းအသန္ ျပန္ဆုတ္ခ်င္ေနေတာ့သည္။
သို႔ေသာ္ သူတို႔ စမထြက္ခင္ ခ်င္ေမာ့က သည္လမ္းေပၚတြင္ အဓိကတိုက္ကြက္ခင္းမည္ဟု ေျပာခဲ့သည္ကို မေမ့ရာ သူမသည္ ျပန္မသြားနိုင္ေပ။
ဤျမင္ကြင္းသည္ Supremeအသင္းက တစ္ဖက္သတ္ လိုက္ခံေနရၿပီး ခ်ခံေနရသည္ဟု ျမင္ရေစသည္။
တိမ္က်ားသည္ ေသြးျဖည့္ၿပီးသြားၿပီ ျဖစ္သည္။
သို႔ေသာ္ ဘာလုပ္ရမည္နည္း။
ထို တိုေတာင္းသည့္ အခ်ိန္အတြင္းတြင္ သူသည္ အလယ္လမ္းကို အားျဖည့္ရန္ အေရာက္သြားနိုင္မည္ မဟုတ္ေခ်။
“ငါသာ Supremeအသင္းသားတစ္ေယာက္ဆိုရင္ လက္ေလွ်ာ့လိုက္ၿပီ၊ ဒီလိုဆက္ကစားဖို႔က အရမ္းရွက္ဖို႔ေကာင္းတယ္၊ အခု ရႉဂ်ိကို ပင္မလမ္းေပၚမွာ မေတြ႕ရေတာ့ဘူး၊ သူ တစ္ေနရာရာမွာ အလစ္တိုက္ၿပီး သူ႕ျပပြဲႀကီးကို ျပဖို႔ အဆင္သင့္ျပင္ေနတာပဲ ျဖစ္ရမယ္”
...