နာကြည်းမှုတွေ လွင့်ပျယ်စေ...
By BlackLily_WhiteLily
102K 10.7K 328
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More
Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚
CH-64
701 72 3
By BlackLily_WhiteLily
အခန်း ၆၄ : ဘယ်သူက လိမ်ညာနေတာလဲ?
  ကျွော့ချင်းက နံနက် ကိုးနာရီမှာ ဝန်ကြီးချုပ်အိမ်တော်၏ တံခါးဝတွင် ပေါ်လာပြီး အိမ်တော်အပြင်ဘက် နံရံကို မှီကာ မျက်လုံးမှိတ်ပြီး မှေးနေသော ကုယွင်ကို တွေ့လိုက်ရသည်။
  ကျွော့ချင်းက သူမရှေ့ကို လျှောက်သွားလိုက်ပြီး စကားစမပြောရသေးခင်မှာ ကုယွင်က သူမ မျက်လုံးတွေကို ဖွင့်လာပြီး ကျွော့ချင်းကို တစ်ချက်ကြည့်ကာ သူမမျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ "မနေ့ညက နင် ဘာတွေ ခိုးလုပ်ထားသေးလဲ၊ ပြင်းထန်တဲ့အရာ တစ်ခုခုလား?"
သူမ မျက်လုံးအောက်က အမည်းဝိုင်းကြီးတွေက အရမ်းကို သိသာနေပြီး မျက်လုံးတွေကလည်း ဖောင်းကားနေတာကြောင့် သူမ တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်တာ သိသာနေသည်။ သူမရဲ့ထိုအမူအရာတွေကို ကြည့်ပြီး ကုယွင်က ဒီကိစ္စကို တွေးနေစရာမလိုပါဘူး။ သူမ စိတ်ထဲမှာ ဘယ်လိုတွေတောင် ရှုပ်ယှက်ခတ်နေလဲမှ မသိတာ!!
ကျွော့ချင်းက မနေ့ညက အနမ်းကို ပြန်တွေးလိုက်မိတာကြောင့် သူမရဲ့ မျက်လုံးတွေက သဘာဝမကျစွာနဲ့ တစ်ဖက်ကို လွှဲလိုက်ပြီး အသံတိုးတိုးနဲ့ ကျိန်ဆဲလိုက်မိသည်။ "နင့်ရဲ့ အတင်းအဖျင်းပြောချင်နေတဲ့ မျက်နှာကို ရပ်လိုက်စမ်း၊ ငါ ဘာမှ မလုပ်ဘူး၊ ဒီတိုင်း အိပ်ရေးမဝရုံပဲ၊ အားလုံးက နင့်လို အမြဲတက်ကြွနေမယ်လို့ ထင်နေတာလား?!"
  ယွင်က အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး သူမ မနေ့ညက ဗိုလ်ချုပ်စံအိမ်ကိုပင် ပြန်သွားခဲ့ပုံမရပေ။ တစ်ခါတစ်ရံ သူမ ယွင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အမှန်တကယ် သံသယဝင်မိသည်။ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေး မှေးနေရုံနဲ့ သူမ၏ ကာယကြံ့ခိုင်မှုက ပြန်လည်ပြည့်ဖြိုးလာနိုင်သည်။ လုံးဝ အနားယူဖို့ မလိုပဲ အဆင်ပြေနေသေးသည်။ ဒီပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်က သူမကို တကယ်စိတ်ရှုပ်ထွေးစေပြီး မနာလိုဖြစ်စေခဲ့သည်။
 ကျွော့ချင်းက ကုယွင်၏စူးစမ်းသော အကြည့်ကို မခံမရပ်နိုင်ဖြစ်လာပြီး အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ "ခံဝန်စာတွေကို ကြည့်ပြီးပြီလား တစ်ခုခုရှာတွေ့ပြီလား"
 ကုယွင်က သူမကို ဆက်မနှောက်ယှက်တော့ဘဲ  အဝေးကို လှမ်းကြည့်လိုက်သည်။ ချင်းက ​​အရွယ်ရောက်ပြီးသူဖြစ်တာကြောင့် လို့ရှီးယန်နဲ့ တစ်ခုခုဖြစ်ခဲ့ရင်လဲ အဲ့တာက ပုံမှန်ပါပဲ။ သူမရဲ့ထင်မြင်ချက်အရ ချင်းက​​မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး သူ့ကို ဆွဲဆောင်ကာ အိတ်ကပ်ထဲ ထည့်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ! တကယ်တော့ လို့ရှီးယန်လို ယောက်ျားတွေ အများကြီး မရှိနိုင်ဘူးလေ။
ကုယွင်က လက်ပိုက်ထားရင်း ပခုံးတွန့်ကာ "ကြည့်ပြီးပြီ၊ စိတ်မကောင်းစရာက လူလေးယောက်ရဲ့ထွက်ဆိုချက်တွေက တူညီနေပြီး ဘာကိုမှ ရှာမတွေ့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ညှိထားလားတောင် မှတ်ရတယ်"
အဲ့တာက မနေ့ညက ရလဒ်ပါ၊ သူမအတွက်တော့ အဲ့ဒါက ရိုးရိုးရှင်းရှင်း အချိန်ဖြုန်းမိတာပါပဲ။
  ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "အဲ့လိုလား?"
သူမ နောက်တစ်ကြိမ် အလုပ်များရပေဦးတော့မည်။
  သို့သော် ကုယွင်က သူမကို စိတ်မပျက်စေဘဲ အားကိုးဖွယ်ရာ အပြုံးဖြင့် ပြောလာသည်။ "ဒါပေမယ့် အခု ငါတို့ တစ်ယောက်ပြီး တစ်ယောက် သွားစစ်လိုက်ရင် ဘယ်သူလိမ်လဲဆိုတာကို သိနိုင်လိမ့်မယ်"
  ကျွော့ချင်းက ခေါင်းညိတ်ပြပြီး မလှမ်းမကမ်းမှာ စိတ်မရှည်ပုံနဲ့ရပ်နေတဲ့လူကို လှမ်းကြည့်လိုက်သည်။ ကျွော့ချင်းက "နင် အဲ့အမြီးလေးကို ဘယ်တုန်းက ရခဲ့တာလဲ"
တစ်ယောက်က ကုယွင်.... သူမက ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေကို သိပ်စိတ်မ၀င်စားပေမယ့် နောက်တစ်ယောက်က ငယ်ရွယ်ပြီး တက်ကြွနေတဲ့ ခပ်မိုက်မိုက် ကောင်လေးဖြစ်နေသည်။ သူတို့က ဒီလို အမြဲတွဲနေလို့ မရဘူး မဟုတ်လား? စုလင်းကရော ဘယ်မှာလဲ??? ကျွော့ချင်း၏ နှလုံးသားထဲတွင် ယွင်အတွက် စုလင်းကို ပိုပြီး အကောင်းမြင်နေဆဲဖြစ်သည်။
  ကျွော့ချင်းက စဉ်းစားနေပေမယ့် ကုယွင်က တည်ငြိမ်တဲ့ အပြုံးနဲ့ ပြန်ပြောလာခဲ့သည်။ "ငါလည်း ဘာမှ မတက်နိုင်ဘူး၊ သူက စစ်သူကြီးတစ်ယောက်လေ၊ ငါတို့နှစ်ယောက်ကို သိတဲ့လူ မရှိဘူး။ အဲ့တော့ ငါတို့ပြောတဲ့ စကားတွေကို ဘယ်သူက ဂရုစိုက်မှာလဲ? လို့ရှီးယန်ကလည်း ငါတို့နဲ့ လိုက်ဖို့ အချိန်မရှိဘူး၊ အဲ့တော့ ငါအစားထိုးတစ်ခုပဲ ရှာလိုက်ရတယ်"
တကယ်တော့ သူ့ကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင်၊ သူမ မနေ့ညက စစ်ဆေးရေးမှတ်တမ်းတွေကို ကြည့်နိုင်ခဲ့မှာ မဟုတ်ပါဘူး။
"ချင်းမော့... ဘယ်သူက အစားထိုးခံရတဲ့သူလဲ!" စုယွိက တစ်ညလုံး မအိပ်ရဘဲ ဒီအရူးမနဲ့ ပြေးလွှားနေခဲ့ရတာတာကြောင့် ဒေါသထွက်နေပြီး ကုယွင်၏ ကျေးဇူးကန်းသော စကားကိုကြားလိုက်သောအခါ သူက ချက်ချင်းပင် ဒေါသတကြီး ထအော်လိုက်သည်။
  "လီကျစ်ကို အရင်သွားရှာမှာလား"
  ကုယွင်က ခေါင်းယမ်းလိုက်ပြီး "မဟုတ်ဘူး၊ ငါတို့ ရန်သခင်မကို အရင်သွားကြည့်သင့်တယ်လို့ ငါ ထင်တယ်"
ရန်သခင်မက လေးယောက်ထဲမှာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေတာကြောင့် ကျော်ဖြတ်ဖို့ အလွယ်ဆုံး ဖြစ်နိုင်သည်။ ထိုကြောင့် သူမထံမှ စတင်တာကသာလျှင် အကောင်းဆုံးဖြစ်နိုင်သည်။
  "ကောင်းပြီ၊ သွားကြရအောင်"
  သူမတို့နှစ်ယောက် လမ်းလျှောက်လာရင်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး ပေါက်ကွဲတော့မတက် ဒေါသထွက်နေသော အမျိုးသားကို ဘယ်သူမှ ဂရုမစိုက်ကြပေ။
  "တောက်...မုန်းဖို့ကောင်းလိုက်တာ!" စုယွိအတွက်တော့ လုံးဝ လျစ်လျူရှုခြင်းခံရတာက ဒါ ပထမဆုံးအကြိမ်ပါ၊ သူက ကျောက်နံရံကို ထုရိုက်ပြီး သူ့ဒေါသကို ဖောက်ထုတ်လိုက်သည်။ သူက စကားစမြည်ပြောပြီး ရယ်မောနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ကျိန်ဆဲနေခဲ့ပေမယ့် သူမတို့နောက်ကို လိုက်နေရသေးသည်။
 ရန်မိသားစု၏ ခြံဝင်းငယ်လေးသို့ သူမတို့ ထပ်မံရောက်ရှိလာသောအချိန်ရန် ရန်အိမ်ရှင်မက ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်ရန် ရပ်နေပြီး ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသည်။ ကုယွင်နှင့် ကျွော့ချင်းက ခြံတံခါးဆီသို့ ရောက်သောအခါ သူမက သူမတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခေါင်းကိုမော့လိုက်သည်။ ရန်အိမ်ရှင်မက အံသြသွားပုံနဲ့ မေးလာခဲ့သည်။ "အရာရှိတွေက အခုနမှ ပြန်ထွက်သွားတာပါ၊ မိန်းကလေး နှစ်ယောက်က ဘာထပ်သိချင်သေးလို့လဲ"
သူမတို့ မနေ့ညက ရှန်တရားသူကြီးနဲ့ လိုက်လာတဲ့ မိန်းခလေးတွေ ဖြစ်နေတာကြောင့် ရန်အမျိုးသမီးက သူမတို့ မှတ်မိနေခဲ့သည်။
  ရုံးတော်က လူတွေက စောစောစီးစီး ဘာလာလုပ်တာလဲ? ကုယွင်က စိတ်ထဲမှာ တွေးနေပေမယ့် သူမမျက်နှာပေါ်တွင် အပြုံးချိုချိုတစ်ခု ရှိနေပြီး "ဟုတ်ကဲ့၊ ရှန်တရားသူကြီးမင်းက ဒီအမှုကို စီရင်မှာဆိုတော့ ဖြေရှင်းဖို့ အထောက်အထားတွေ အများကြီး စုဆောင်းထားဖို့ လိုအပ်တယ်။ စုံစမ်းဖို့ ပိုအဆင်ပြေသွားအောင် ကျွန်မတို့ မေးချင်တဲ့ မေးခွန်းတချို့ ရှိနေသေးတယ်၊ ဒါကြောင့် ရှန်တရားသူကြီးမင်းက ကျွန်မတို့ကို သီးသန့်စကားပြောခိုင်းတယ်"
 ရန်အိမ်ရှင်မက အနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူမက ခေါင်းညိတ်ပြပြီး ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ "ကျေးဇူးပြုပြီး ဝင်လာပါ"
  ကျွော့ချင်းနှင့် ကုယွင်က လှမ်းဝင်လာပြီး စုယွိက နောက်မှလိုက်လာခဲ့သည်။  ရန်အိမ်ရှင်မက စစ်သူကြီးအိမ်တော်၏ပိုင်ရှင်ကို သိနေခဲ့တာကြောင့် သူမက သူ့ကို လျစ်လျူရှုရန် မဝံ့မရဲဖြစ်နေကာ လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်သည်။ "လက်ဖက်ရည်သောက်ပါဦးရှင့်၊ လက်ဖက်ရည်က နည်းနည်းညံနေတာကြောင့် ကျွန်မကို ခွင့်လွှတ်ပေးပါ"
  ကျွော့ချင်းနှင့် ကုယွင်တို့က ထမင်းစားခန်းရှိ စားပွဲဝိုင်းတွင် ထိုင်နေကြပြီး စိတ်ဆိုးနေသေးတဲ့ စုယွိက လက်ဖက်ရည်သောက်ရင်း တံခါးဝက ခုံတန်းလျားမှာ ထိုင်နေခဲ့သည်။
  ကုယွင်က ရန်အိမ်ရှင်မကို ပြုံးပြလိုက်ပြီး "ရန်သခင်မ၊ အလုပ်ရှုပ်နေဖို့ မလိုက်ပါဘူး၊ ကျွန်မတို့က မေးခွန်းအနည်းငယ်မေးပြီးရင် ပြန်မှာပါ၊ ကျေးဇူးပြုပြီး ထိုင်ပါ"
 ရန်အိမ်ရှင်မက ခေါင်းညိတ်ပြပြီး သူမတို့နှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ ဒီတစ်ခါတော့ ကုယွင်က သူမနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့အမျိုးသမီးရဲ့ မျက်နှာကို သေသေချာချာ မြင်လိုက်ရသည်။ သူမက အသက် ၂၀ထက် မပိုသေးဘဲ ငယ်ရွယ်နုပျိုလွန်းနေသည်။ ဒါပေမယ့် ခေါင်းငုံထားတာက ရှေးခတ်ကအမျိုးသမီးတွေရဲ့ အလေ့အထတစ်ခုလားလို့ တွေးရင်း ကုယွင်က ခေါင်းကိုက်နေခဲ့သည်။
  ကုယွင်က အေးအေးဆေးဆေး လေသံနဲ့ မေးလိုက်သည်။ "ရန်သခင်မ၊ ရန်လွီနဲ့ လက်ထပ်ထားတာ ဘယ်လောက်ကြာပြီလဲ"
  "နှစ်နှစ်ရှိပြီ" ရန်အိမ်ရှင်မက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
  "ဒါဆို မင်းတို့ လင်မယားနှစ်ယောက်ရဲ့ခံစားချက်တွေက ဘယ်လိုလဲ"
 ရန်အိမ်ရှင်မက အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်"
  ကုယွင်၏ မျက်လုံးများက တဖျပ်ဖျပ်ခပ်သွားပေမယ့် သူမက ပေါ့ပါး ဟန်ဆောင်လိုက်ကာ ရန်အိမ်ရှင်မ၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေရင်း ပြုံးလျက် "ဒါဆို မင်းလက်ပေါ်က ဒဏ်ရာက မင်းဘာသာ ထိခိုက်မိတာလား?"
  ရန်အိမ်ရှင်မက အံ့သြတကြီးနဲ့ ခေါင်းမော့ပြီး ကုယွင်ကို ကြည့်လာခဲ့သည်။ သူမ ခြံသန့်ရှင်းရေးလုပ်နေချိန်မှာပဲ အင်္ကျီလက်ကို လိပ်တင်ထားခဲ့ပေမယ့် သူမတို့ကို မြင်လိုက်တာနဲ့ အင်္ကျီလက်တွေကို ချက်ချင်း ပြန်ချခဲ့သည်။ ဒါတွေက ဒဏ်ရာဟောင်းတွေဖြစ်ပြီး သူမက တကယ်ကို မြင်နိုင်ခဲ့သေးသည်။
  ကုယွင်၏ စူးစမ်းသော မျက်လုံးများကို ရင်ဆိုင်ရင်း ရန်အိမ်ရှင်မက သက်ပြင်းချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ပြန်ငုံ့ကာ "ကျွန်မခင်ပွန်းက နည်းနည်း စိတ်မရှည်သလို ဒေါသကလည်း မကောင်းဘူး၊ တစ်ခါတလေ မူးလာရင် ကျွန်မအပေါ် ရက်စက်တယ်။ ဒါပေမယ့် သူက ပုံမှန်အချိန်တွေမှာ ကျွန်မကို ဂရုတစိုက်ရှိပါတယ်၊ ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး။ သူသာ နှစ်တွေအကြာကြီး ကျွန်မကို ကုသဖို့ သမားတော်မရှာပေးခဲ့ရင် ကျွန်မ အသက်မရှင်နိုင်တော့ဘူး"
  ကုယွင်က ဒီကိစ္စကို ဆက်ပြီး မမေးတော့ဘဲ အကြောင်းအရာ ပြောင်းမေးလိုက်သည်။ "လီကျစ်က မင်းခင်ပွန်းရဲ့ သူငယ်ချင်းကောင်းလား"
  ရန်အိမ်ရှင်မက စိတ်သက်သာရာ ရသွားပုံရပြီး ရှက်ရွံနေဟန်နဲ့ ပြန်ပြောလာသည်။ "ဟုတ်ကဲ့၊ သူက ပိုက်ဆံချေးဖို့ နှစ်ရက်တစ်ခါလောက် ဒီအိမ်ကို လာတတ်တယ်"
  "ရန်လွီက သူ့ကို ပိုက်ဆံအများကြီး ချေးခဲ့တာလား၊ ဘယ်လောက်လဲ" ကုယွင်က မေးလိုက်သည်။
 ရန်အိမ်ရှင်မက ခဏလောက်စဉ်းစားပြီး ခေါင်းခါပြလိုက်သည်။ "ကျွန်မယောက်ျားရဲ့မိသားစုအရေးကို ကျွန်မနားမလည်ပါဘူး၊ ဒါပေမယ့် အများကြီး ဖြစ်နိုင်တယ်"
  ကုယွင်က ချဲ့ကားတဲ့အမူအရာနဲ့ ပြုံးပြလိုက်ပြီး "အိုး၊ သူက မင်းရဲ့ရောဂါကို ကုသပေးနိုင်ပြီး လီကျစ်ကိုလည်း ပိုက်ဆံချေးပေးနိုင်တယ်။ ပြီးတော့ မင်းတို့ အိမ်မှာ ပစ္စည်းတွေ အများကြီးရှိနေတာကိုတွေ့ရတယ်၊ စစ်သူကြီးအိမ်တော်က ဒီအဖွဲ့မှူးရဲ့လစာက မနည်းလောက်ဘူး"
ကုယွင်က ပြောပြီးတာနဲ့ စုယွိကို လှမ်းကြည့်လိုက်သည်။
  စုယွိက လက်ဖက်ရည်သောက်နေတာကို ခေတ္တရပ်လိုက်သည်။ သူက စစ်သူကြီးအိမ်တော်၏ လစာအကြောင်းကို ကောင်းကောင်းသိသည်။ ထိုဝင်‌ငွေအရ ဤကဲ့သို့ နေထိုင်ရန် မဖြစ်နိုင်ပေ။
  ရန်အိမ်ရှင်မက တိတ်ဆိတ်နေတာကြောင့် ကုယွင်က "ရန်လွီရဲ့ ပိုက်ဆံတွေ ဘယ်ကလာလဲဆိုတာ မင်း သိလား"
  ရန်အိမ်ရှင်မက ခေါင်းခါလိုက်ပြီး "မသိဘူး"
  ကုယွင်က ရုတ်​တရက် ​ထရပ်လိုက်​ပြီး "​ကောင်းပြီ မင်းကို အချိန်အ​တော်​ကြာ​အောင် ​အ​နှောက်​အယှက်ပေးပြီးပြီဆို​တော့ ငါတို့ ပြန်​ဖို့ အချိန်​တန်​ပြီ"
  ဒါပဲလား? လူသတ်မှုနဲ့ပတ်သတ်ပြီး သူမ မမေးတော့ဘူးလား?! ရန်အိမ်ရှင်မ၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသောအကြည့်များ ရှိနေသော်လည်း သူမ ဘာမှပြန်မပြောဘဲ မတ်တတ်ထရပ်ကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ၊ ရှင့်တို့တွေ ဖြည်းဖြည်း သွားကြပါ"
  သူတို့သုံးယောက် ရန်အိမ်နဲ့ ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်လာပြီးနောက် ရန်မိသားစုအိမ်ထဲကို စဝင်ကတည်းက တိတ်ဆိတ်နေတဲ့ ကျွော့ချင်းက ခြေလှမ်းတွေကို ရပ်လိုက်ပြီး စိုးရိမ်တကြီးနဲ့ "ဘယ်လိုလဲ"
ကုယွင်က သူမနှုတ်ခမ်းထောင့်တွေကို ပင့်တင်လိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။ " သူ(မ) လိမ်နေတယ်"
  သူမက မေးခွန်းအချို့ကို လှည့်ပတ်မေးမြန်းပြီးနောက် ထိုအမျိုးသမီးက လိမ်နေသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ အချိန်အတော်ကြာအောင် မကျေမနပ်ဖြစ်နေသော စုယွိက "မင်း ဘာလို့ သူ(မ) လူလိမ်လို့ ပြောတာလဲ၊ သူ(မ)အဖြေက အရမ်းရိုးသားတယ်လို့ ငါ ထင်တယ်!"
  ကုယွင်က သူ့ကိုကြည့်ဖို့ သူမခေါင်းကို ပြန်လှည့်လိုက်ပြီး "နင်က လူပျိုမလား?"
  ဘာလဲ?? ဘာလဲ??? ဘာလူပျိုလဲ??! ဒီမေးခွန်းက ဘာကိုပြောချင်တာလဲ??? စုယွိက အရှက်ကွဲသလို ခံစားလိုက်ရပြီး "မင်း ဘာပြောလိုက်တာလဲ?"
  ကျွော့ချင်းက သူမ၏ ရယ်ချင်စိတ်ကို မျိုသိပ်ကာ ရှိုးပွဲကောင်းကောင်းလေးတစ်ခုကြည့်ရန် စောင့်မျှော်နေခဲ့သည်။
   စုယွိ၏မျက်ခုံးများကို နဖူးအလယ်သို့ မြင့်တက်လာကာ အပေါ်မျက်ခမ်းများက ကျယ်လာပြီး အောက်မျက်ခမ်းများကို တင်းကျပ်သွားခဲ့သည်။ ကုယွင်က စုယွိ၏မျက်နှာကို လက်ညှိုးထိုးကာ အသံတိမ်တိမ်နဲ့ "ဒါက ထိတ်လန့်စရာလား"
  စုယွိက အံ့ဩနေတာကြောင့် သူမ ဘာပြောနေမှန်းကို မသိလိုက်ပေ၊ ကုယွင်က ဆက်ပြီး မေးနေသေးသည်။ "အဲ့မေးခွန်းကို ဖြေလေ၊ မင်းက လူပျိုလား"
  "မင်း နောက်နေတာလား?... လူပျိုလား?? ငါက ဘယ်လို လူပျိုဖြစ်နေအုံးမှာလဲ..."
##@! စုယွိက ကျိန်ဆဲနေပြန်သည်။
  ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ဒါက လိမ်နေတာပဲ"
 စုယွိက ကုယွင်ကို စိုက်ကြည့်ရင်း စိုးရိမ်တကြီးနဲ့ "ငါ မလိမ်ဘူး!!"
  ကုယွင်က သူ့ပုခုံးပေါ်ကို လက်တင်လိုက်ပြီး သူ့မျက်နှာကို သနားနေတဲ့ ပုံစံနဲ့ ကြည့်ကာ ထပ်ပြောလိုက်သည်။ "ကောင်းပြီ၊ နောက်တစ်ခါ နင် လိမ်နေတာကို တခြားသူတွေ မရိပ်မိစေချင်ရင် နင်လိမ်တဲ့အခါ ထပ်ခါထပ်ခါ တုံ့ဆိုင်း မနေနဲ့။ တံတွေး မမျိုချနဲ့၊ အမှတ်တမဲ့ နောက်ပြန်မဆုတ်နဲ့ "
  စုယွိ ခေါင်းငုံ့ပြီး သူ့ခြေထောက်တွေကို ကြည့်လိုက်သည်။ သူ တကယ်ပဲ မသိစိတ်နဲ့ နောက်ပြန် ဆုတ်ခဲ့မိတယ်။ ဒါက ဘယ်လို ဖြစ်သွားတာလဲ?! အထူးသဖြင့် ဒီလို စိတ်ပျက်စရာကောင်းတဲ့မေးခွန်းကို ကြုံလာရတဲ့အခါ လိမ်မိပြီး အဖမ်းခံလိုက်ရတာက တကယ်ကို စိတ်မကောင်းစရာပါပဲ..
ကုယွင်က ချီတုံချတုံဖြစ်နေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့ စုယွိမျက်နှာကို စိုက်ကြည့်နေရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ "ဒီမျက်နှာအမူအရာကို ရှက်နေတယ်လို့ ခေါ်တယ်"
  စုယွိက ကုယွင်ကို လျစ်လျူရှုထားလိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ပိတ်ဆို့ခံထားရသည်။ ရှက်နေတာလား ဒေါသဖြစ်နေတာလား မသိနိုင်ပေမယ့် သူ့မျက်နှာက အနည်းငယ်နီမြန်းနေခဲ့သည်။
  ကျွော့ချင်းက သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်သည်။ စုယွိက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ "ဒါက ဘာကြီးလဲ၊ သူ(မ) ဟန်ဆောင်နေတာကို မင်း ဘယ်လိုသိလဲ!"
  စုယွိက စကားဆုံးသွားတာနဲ့ ကုယွင်က သူမခြေဖဝါးကို မြှောက်ပြီး စုယွိ၏ခြေဖမိုးပေါ်သို့ ကရုဏာမဲ့စွာ အပြင်းအထန် နင်းချလိုက်သည်။
  "အားးး————" အဲ့တာက သူ့ကို သေတဲ့အထိ နာကျင်စေတယ်။ စုယွိက ကုယွင်ကို စိုက်ကြည့်နေရင်း "အဲ့ဒါ၊ ဘာလုပ်တာတုန်း!"
ကုယွင်က လက်ပိုက်ထားရင်း လေးနက်သော မျက်နှာဖြင့် ရှင်းပြလာခဲ့သည်။ "နင် အခု ခံစားရတဲ့ နာကျင်မှုကြောင့် ဒေါသဖြစ်တယ်မလား? အဲ့တာက မှန်ကန်တဲ့ အပြုအမူတွေပဲ။ မသိစိတ်ကနေ စိတ်ခံစားမှုကို ဖော်ပြတာကို ဖိနှိပ်ချုပ်ချယ်ဖို့ ခက်တယ်။ ပုံမှန်ဆိုရင် ဖုံးကွယ်ဖို့ ခက်ခဲတယ်။ စိတ်ခံစားချက်က ချက်ချင်းဆိုသလို မျက်နှာမှာ ပေါ်တယ်၊ အဲ့ဒါကို ဖုံးကွယ်ဖို့က အရမ်းခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်၊ သူမရဲ့အမူအရာက တစ်စက္ကန့်ထက်ပိုပြီး တုံးဆိုင်းနေပြီဆိုရင် အဲ့တာက အတုအယောင်တွေပဲ"
  အဲ့လိုလား?? စုယွိက ဒါကို အလေးအနက် တွေးကြည့်နေတုန်း အခုနလေးတင် လေးနက်တဲ့ ပုံပေါက်နေတဲ့ ကုယွင်က "ငါ ပြောနေတာတွေကို နင် သိပ်စဉ်းစားနေဖို့ မလိုဘူး။ နင်ရဲ့ ဥာဏ်ရည်နဲ့ဆိုရင် နင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား နားလည်နိုင်မှာ မဟုတ်ဘူး"
  ဒါက သူမ ဘာကို ဆိုလိုတာလဲ?! သူ ဒေါသထွက်ခါနီးအချိန်မှာ ကျွော့ချင်းက သူ့ဆီ လှမ်းလာပြီး သူ့ပုခုံးကို ပုတ်ကာ "သနားစရာ ကြက်ကလေး၊ မင်းကို ဒီပါးစပ်ကြမ်းတဲ့ မိန်းမနဲ့တွေ့အောင် ဘယ်သူက လုပ်လိုက်တာလဲ၊ ငါ စိတ်မကောင်းလိုက်တာ"
  ထိုစကားကိုပြောပြီးနောက် အမျိုးသမီးနှစ်ဦးက ရယ်မောလိုက်ပြန်သည်။
  "မင်း..."
သူက စစ်သူကြီးပါနော်... သူ ဘာလို့ ဒီမှာ လှောင်ပြောင်ခံနေရတာလဲ! စုယွိက ဒေါသတကြီး လှည့်ထွက်သွားတော့သည်။
  ဝေးကွာသွားသော နောက်ကျောကို ကြည့်လိုက်ရင်း သူမတို့နှစ်ယောက်က တစ်ချိန်တည်းမှာ အပြုံးတွေကို မျိုသိပ်လိုက်ကြသည်။ ကျွော့ချင်းက သူမစိတ်ထဲမှာ ရှုပ်ယှက်ခတ်နေပြီး "နင် ဘာလို့ သူ့ကို ဒီလောက်ဒေါသထွက်အောင် လုပ်နေတာလဲ"
ယွင်က တခါတရံ စကားပြောတဲ့အခါ တည့်တိုး ပြောတတ်ပေမယ့် သူမက အခြားသူများကို လှောင်ပြောင်ရယ်မောရတာကို နှစ်သက်သောသူ မဟုတ်ပေ။ သူမ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းအရင်းမှာ အကြောင်းအရင်းရှိနေသင့်သည်။
  ကုယွင်က ပုခုံးကို အနည်းငယ် တွန့်ကာ "မနေ့က လီကျစ်ရဲ့ နောက်ကြောင်းကို စစ်ဆေးကြည့်တော့ စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုကို တွေ့ခဲ့တယ်"
  "ဘာလဲ?"
  "တကယ်တော့ သူက ချွီဇဲ့နဲ့အတူ ကျောက်လှိုဏ်ဂူရဲ့ ထွက်ပေါက်တွေမှာ စောင့်ခဲ့တဲ့ လူလေးယောက်ထဲက တစ်ယောက်ပဲ"
သူမက လီကျစ်ရဲ့ သဲလွန်စတစ်ချို့ကို ရှာချင်ပေမယ့် စုယွိကတော့ သူမကို ဒီရွှေအမှုဟောင်းထဲမှာ မပါဝင်စေချင်ခဲ့ဘူး။ .
  ကျွော့ချင်းက "ရန်လွီက သူ့ကို ပိုက်ဆံချေးဖို့ ဆန္ဒရှိနေတာက ရွှေတွေရဲ့ လျှို့ဝှက်ချက်ကို သိနေတာကြောင့် ဖြစ်နိုင်မလား?!"
နောက်ဆုံးတော့ တိုးတက်မှုအချို့ရှိလာတာကြောင့် ကျွော့ချင်းက ကုယွင်ကို စိုးရိမ်တကြီး ဆွဲခေါ်လိုက်ပြီး "အခု သူ့ကို သွားရှာကြရအောင်"
  ကုယွင်က သူမလက်ကို အဆွဲခံလိုက်ရတဲ့ အချိန်မှာတော့ မရုန်းကန်ဘဲ ပြုံးနေကာ "ချမ်ကျင်းအတွက် နင်စိုးရိမ်နေတာက နည်းနည်းလွန်လွန်းနေတယ်"
  အဲ့ဒီကို ရောက်သွားပြန်ပြီ၊ သူမမှာ ဘာမှလုပ်စရာမရှိဘူးလား?? ငါကို တနေကုန် လာနောက်ပြောင်နေတယ်၊ သူ(မ)ကို ကြည့်ရတာ ပျင်းလွန်းနေပုံပဲ...
ကျွော့ချင်းက အေးစက်စက်နဲ့ "သူက ငါ့ရဲ့ ကယ်တင်ရှင်ပဲ၊ ဒါပဲ တခြားဘာမှ မရှိဘူး!"
  "အင်း အဲ့ဒါက အမှန်တရားပဲ" ကုယွင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး "လို့ရှီးယန်ကရော ဘယ်လိုလဲ?"
  ကျွော့ချင်းက သူမကို မကြည့်တော့ဘဲ စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ "သူက သာမန်သူငယ်ချင်းပဲ"
အဲ့တာပြောပြီးမှ သူမဘာသာ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ လို့ရှီးယန်နဲ့ သူမက ဘယ်လိုဆက်ဆံရေးမျိုးရှိလဲဆိုတာ သူမကိုယ်တိုင်တောင် မသိတော့ပါဘူး။ ယောကျာ်းလေးနဲ့ မိန်းခလေးကြားက သူငယ်ချင်းဆက်ဆံရေးလား???! အခုထက်ထိ ဖွင့်ဟဝန်ခံခြင်း မရှိပေမယ့် သူမရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေအရ သူမရဲ့အချစ်က အပြန်အလှန် ဖြစ်လာနိုင်တယ်။ ပြီးတော့ မနေ့ညက သူ သူမကို နမ်းခဲ့တယ်။ ဘာလို့လဲ???
"လိမ်နေပြန်ပြီ" ကုယွင်က သူမကို ကရုဏာမဲ့စွာ ဖော်ထုတ်လိုက်သည်။
  ကျွော့ချင်းက အနည်းငယ် စိတ်ဆိုးသွားကာ ကုယွင်ရဲ့လက်ကို ပြန်လွှတ်ပေးလိုက်ပြီး"နင် အဲဒါကို ရပ်လိုက်တော့၊ နင့်ရဲ့ စူးစမ်းနိုင်လွန်းတဲ့ စွမ်းရည်တွေကို ဒီမှာပဲ ရပ်လိုက်တော့"
  အိုး~မင်း စိတ်ဆိုးနေတာလား???! ကုယွင်က သူမလက်ဖဝါးများကို ဖြန့်ပြကာ အပြစ်ကင်းသော အပြုံးဖြင့် "သခင်မလေးကျွော့ရေ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မှန်တစ်ချပ် ရှာပြီး နင့်ရဲ့ ရှက်နေတဲ့ အမူအရာကို ကြည့်လိုက်ပါဦး၊ ဘာစူးစမ်းတဲ့ စွမ်းရည်မှ မလိုပါဘူး ဟုတ်ပြီလား?"
  သူမ ပြောရဲသေးတယ်ပေါ့။
  "ကုယွင်... နင်က ရန်ဖြစ်ချင်နေတာပဲ!" ကျွော့ချင်းက လက်သီးကို တင်းတင်းဆုပ်ပြီး ကုယွင်ပုခုံးကို ထုချလိုက်တော့သည်။ ကံမကောင်းစွာနဲ့ သန်မာပြီး သွက်လက်တဲ့ ကုယွင်က ဘေးကို အလွယ်တကူ ရှောင်ထွက်သွားသည်။ လူနှစ်ယောက်က တစ်လမ်းလုံး စနောက်လိုက် ရန်ဖြစ်လိုက်နဲ့ လီကျစ်၏နေအိမ်ကို မြန်မြန်ဆန်ဆန် ရောက်သွားခဲ့သည်။
  လီကျစ်က မြို့တံခါးအနီးရှိ ခြံဝင်းငယ်လေးတစ်ခုတွင် နေထိုင်သည်။ ၎င်းက အနည်းငယ် လူသူကင်းမဲ့နေပုံရသော ဝင်းငယ်တစ်ခုဖြစ်ပြီး ပျက်စီးယိုယွင်းနေသော အုတ်ကြွပ်မိုးထားသော အိမ်တစ်လုံး ရှိနေသည်။
  အဝေးမှလာနေသော ကုယွင်နှင့် ကျွော့ချင်းတို့က တံခါးကို စောင့်ကြပ်နေသော ရုံးတော်အရာရှိ အများအပြားကို တွေ့လိုက်ရသည်။ရံဖန်ရံခါ အခန်းထဲမှ ဆူညံသံများ ထွက်ပေါ် လာတာကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တံခါးကို ပြန်လှမ်းကြည့်လိုက်သည်။ သူမတို့ တံခါးဆီသို့ ရောက်ချိန်တွင် ကျွော့ချင်းက အနည်းငယ် ရင်းနှီးနေပုံရသော ရုံးတော်အရာရှိတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် လှမ်းမေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ?"
  ထိုအရာရှိက ကျွော့ချင်းနှင့် ကုယွင်ကို စိုက်ကြည့်လိုက်ပြီး မနေ့ညက ဝန်ကြီးချုပ်လို့နှင့် စစ်သူကြီးစုတို့နှင့်အတူ မှူခင်းဌာန၏အကျဥ်းထောင်သို့ လိုက်ပါလာသော အမျိုးသမီးများဖြစ်ကြောင်း မှတ်မိလိုက်သည်။ ထိုကြောင့် သူက ယောင်ဝါးဝါးနဲ့ "ရှန်လူကြီးမင်းက ကျွန်တော်တို့ကို လီကျစ်ကို စစ်ဆေးဖို့ ရုံးတော်ကို ခေါ်လာခိုင်းခဲ့တယ်"
  သူတို့က ရန်မိသားစုဆီကိုလည်း သွားခဲ့ပေမယ့် ရန်အိမ်ရှင်မကိုတော့ ခေါ်မသွားခဲ့ပေ၊ ဒါပေမယ့် အခု လီကျစ်ကို ခေါ်သွားချင်နေကြပြီ! သဲလွန်စ တစ်ခုခုတွေ့သွားတာ ဖြစ်နိုင်မလား???
  ကျွော့ချင်းက ဆက်မေးဖို့ စဉ်းစားနေတုန်း အခန်းထဲက လူတစ်ယောက်ရဲ့အော်သံက "ငါ ရန်လွီကို မသတ်ဘူး၊ ငါ ဘယ်သူကိုမှ မသတ်ဘူး၊ အဲဒီဓားက ငါ့ပစ္စည်း မဟုတ်ဘူး!!"
  ဓား? ကျွော့ချင်းနှင့် ကုယွင်တို့ ထိတ်လန့်သွားကြသည်။ လူသတ်လက်နက်ကို ရှာတွေ့ပြီလား?
  ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် အချက်ပြကာ မှန်းဆကြည့်နေကြစဉ်တွင် အရပ်ရှည်သော ရုံးတော်အရာရှိနှစ်ဦးက အရပ်ရှည်ရှည်နဲ့ ခပ်ပိန်ပိန် အမျိုးသားတစ်ဦးကို ဆွဲခေါ်လာကြသည်။
  အဲဒီလူက ဆက်ပြီး ရုန်းကန်နေကာ ကျယ်လောင်စွာနဲ့ "လွှတ်၊ မင်းတို့ ငါ့ကို မစွပ်စွဲနဲ့၊ ဒီဓားက ငါ့ဓား မဟုတ်ဘူး"
  ရှေ့ကလျှောက်လာတဲ့ ရုံးတော်အမှုထမ်းက သူတို့ရဲ့ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက လီကျစ်ရဲ့အော်သံကို လျစ်လျူရှုပြီး "မင်း ပြောစရာရှိရင် ရုံးတော်မှာ ပြောလို့ရတယ်၊ သူ့ကို အခု ခေါ်သွားလိုက်တော့"
လူတစ်စုက လီကျစ်ကို ချုက်နှောင်ကာ မှုခင်းဌာနဆီသို့ လျှောက်သွားကြသည်။
  "အခု ငါတို့ဘာလုပ်သင့်လဲ" ကျွော့ချင်းက ရုံးတော်၏အမှုထမ်းအကြီးတစ်ဦး၏ လက်ထဲတွင် အထည်ထုပ်တစ်ထုပ် ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။ သူမ မှန်းတာ မမှားလျှင် ထိုအရာက လူသတ်လက်နက် ဖြစ်နိုင်သည်။
  ကုယွင်က စိတ်လှုပ်ရှားနေတဲ့အမူအရာပြသပြီး နူးညံ့စွာ ပြုံးလိုက်ကာ "လီကျစ်က မလိမ်ဘူး၊ ဒီဓားက သူ့ဓား မဖြစ်နိုင်ဘူး၊ လူသတ်သမားက စိတ်မငြိမ်တော့ပုံရတယ်"
အရင်က ချမ်ကျင်းကို ချောက်ချပြီး အခု လီကျစ်ကို အပြစ်ပုံချလိုက်သည်။ လူသတ်သမားရဲ့ လှည့်ကွက်တွေကြောင့်သာ မဟုတ်ရင်ရင် နည်းနည်းတော့ ရှုပ်ထွေးနေနိုင်သေးသည်။ ခုတော့....
  ကုယွင်က ကျွော့ချင်းကို မျက်စိမှိတ်ပြရင်း အားရပါးရ ပြုံးလိုက်သည်။ "သွားမေးရအောင်၊ ရွှေကိစ္စအတွက် ကြီးကြီးမားမား တိုးတက်မှု ရှိလိမ့်မယ်"
လူသတ်သမား၏ လှုပ်ရှားမှုကြောင့် လီကျစ်ကို သေစေနိုင်ပြီး သူမက အဲ့တာကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ပင်။
ကုယွင်က စိတ်လှုပ်ရှားနေပုံရပြီး ပြပွဲစတင်တော့မည်ဟု ကျွော့ချင်းက မှန်းဆလိုက်သည်။
  သူမတို့နှစ်ဦးက ရုံးတော်အရာရှိများ၏နောက်မှ တရားရေးဌာနသို့ လိုက်သွားကြသည်။ အဆောက်အအုံက ကွက်လပ်ဖြစ်နေသောကြောင့် မည်သူမျှ သတိမထားမိဘဲ ပျက်စီးနေသောအိမ်ထောင့်၏အရိပ်မှ မျက်လုံးတစ်စုံက သူမတို့နှစ်ဦး ထွက်ခွာသွားသည်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
  ဘယ်လောက်ပျော်စရာကောင်းတဲ့ ကစားပွဲလဲ၊ ကြောင်က ကြွက်ကို ဖမ်းတယ်၊ ဘယ်သူက ကြောင်လဲ၊ ဘယ်သူက ကြွက်လဲ။
 အေးစက်ထိုင်းမှိုင်းတဲ့ ရယ်သံတိုးတိုး ထွက်လာပြီး ခနနေတော့ ပြန်တိတ်ဆိတ်သွားခဲ့သည်။ 
( T/N: E-tranမှာ ပြောထားတဲ့က အချိန်ကို ရှီးချန်နဲ့ မသုံးပဲ နာရီနဲ့ ရေးထားတာတွေက သူမှားတာ မဟုတ်ပါဘူးတဲ့ ၊ မူရင်းမှာကိုက အဲ့လိုပါတဲ့၊ တမင်လား မှားနေတာလားတော့ မသိပါဘူး တဲ့....
ကိုယ်ရဲ့ အမြင်အရတော့ တခါတလေ ကျွော့ချင်းရဲ့အတွေးတွေတို့ သူတို့အချင်းချင်း ပြောတဲ့အချိန်တို့ဆိုရင် ခတ်စကားတွေ သုံးတာကို သတိထားမိတယ်၊ တခါတလေ ဆေးပညာစကားတွေဆိုရင်လဲ ခေတ်စကားတွေပဲ သုံးတယ်၊ ကိုယ်လဲ အဲ့တာကြောင့် သူတို့သုံးထားတဲ့ အတိုင်းပဲ ပြန်ရေးလိုက်တယ်နော်)
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️