နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.6K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 63

788 79 0
By BlackLily_WhiteLily

  အခန်း ၆၃ ဂုဏ်သိက္ခာ၏အကျပ်အတည်း

  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်ပြီး အမျိုးသားက အနက်ရောင်ကို ၀တ်ဆင်ထားပြီး ငွေရောင်ဆံပင်အပြည့်နှင့်ဖြူဖျော့နေကာ အနည်းငယ် ကြောက်စရာကောင်းနေသည်။ အမျိုးသမီး၏ အနီရောင်အဝတ်အစားများက သွေးကဲ့သို့ နီဆွေးနေပြီး မျက်နှာပေါ်တွင် အေးစက်သောမျက်လုံးတစ်စုံကိုသာ မြင်နိုင်သော ရွှေစင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ လူနှစ်ယောက်က မြေပြင်မှ တစ္ဆေသရဲတွေ ထိုးထွက်လာသလို တိတ်တိတ်ဆိတ်ဆိတ် ပေါ်ထွက်လာသည်။ သူတို့၏ ထူးဆန်းသော ၀တ်စုံများနှင့် အမူအရာများကြောင့် ကျွော့ချင်းနှင့် ကုယွင်တို့က အနည်းငယ် အံသြသွားကြသည်။

  သူတို့နှစ်ယောက်ကလည်း သူမတို့ကို စိုက်ကြည့်နေခဲ့သည်။ တကယ်တော့ သူမတို့ စဝင်လာကတည်းက သူတို့ ရောက်နေခဲ့တာဖြစ်သည်။ ပထမတော့ သူတို့ လူလုံးထွက်မပြခင်မှာ သူမတို့ ထွက်သွားတာကို စောင့်နေဖို့ စီစဉ်ထားပေမယ့် မိန်းခလေးငယ်လေးက သူတို့ရဲ့ နေရာကို ရှာတွေ့မယ်လို့ မထင်ခဲ့မိဘူး။

  မျက်လုံးရှစ်လုံး... လူလေးယောက်က မင်းက ငါ့ကို ကြည့်... ငါက မင်းကို ကြည့်မယ်ဆိုတဲ့ အပြုအမူကို အေးအေးဆေးဆေး လုပ်ဆောင်နေကြသည်။ ကျွော့ချင်းနဲ့ ကုယွင်တို့က သူတို့ရဲ့ မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်ရင်း ဒီလူနှစ်ယောက်ရဲ့ ခွန်အားကို တိုင်းတာရန် ကြိုးစားနေကြသည်။

  ဒီတိုင်းသာ ​​ထပ်​ကြည့်နေကြ​ရင်တော့ နောက်နေ့မနက်ရဲ့ ​နေ​ရောင်​​ကိုတောင်​ မြင်ရနိုင်တယ်။ ဖယ်ထုတ်ခံထားရသော ချမ်ကျင်းက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ စတင် မိတ်ဆက်ပေးလိုက်သည်။ " အော်ထျန်းနဲ့ယဲ့မိန်... ချုံယွဲရဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ် သတင်းမုဆိုး(ကြေးစား)တွေ"

  သတင်းမုဆိုးတွေ(ကြေးစား)??? ကျွော့ချင်းက နံပါတ်တစ်နှင့် နံပါတ်နှစ်သတင်းမုဆိုးများအကြောင်းကို ကြားဖူးခဲ့ပြီး ထိုလူနှစ်ယောက်၏ ဩဘာက အလွန်ပြင်းထန်နေတာကြောင့် သူမ လုံးဝ ယုံကြည်ခဲ့သည်။

 ကျွော့ချင်းက သူတို့ဘက်သို့ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ရင်း သူမကိုယ်သူမ ရက်ရောစွာ စတင်မိတ်ဆက်လိုက်သည်။

"ချင်းလင်"

  "မင်းက နန်းတော်ထဲမှာ အလောင်းခွဲစိပ်စစ်ဆေးခဲ့တဲ့ မိန်းခလေးပဲ" အနက်ရောင်ဝတ်အမျိုးသား၏ အသံက သာမန်သာဖြစ်ပြီး နက်ရှိုင်းမှုမရှိသလို သံလိုက်ဓာတ်လည်း မရှိပေ။ သို့သော် အလွန်ပင် ထူးခြားနေသည်။ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း စိတ်ခံစားမှု လုံးဝမရှိပေ။

  "ဟုတ်​တယ်​" ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ​ခေါင်းညိတ်​ပြလိုက်​သည်​။ သူတို့က အဲ့တာကို​တောင် ​သိတယ်လား?? ရှေးခေတ်မှာ အချက်အလက်တွေကို ရနိုင်ဖို့ ခက်ခဲတယ်လို့ သူမ ထင်ခဲ့ပေမဲ့ အခုတော့ မှားနေပြီလို့ တွေးလိုက်မိသည်။ ထိုလူက ကုယွင်ကို ကြည့်လိုက်တာကြောင့် ကုယွင်က တုံ့ဆိုင်းမနေဘဲ "ချင်းမော့" ဟု လှမ်းပြောလိုက်သည်။

  သူက ပေါ့ပေါ့ပါးပါး မျက်မှောင်ကြုတ်လိုက်ပြီး၊ အဲ့တာက တစ်စက္ကန့်ရဲ့ လေးပုံတစ်ပုံလောက်သာ ကြာခဲ့ပေမယ့် ကုယွင်ကတော့ သူ့ရဲ့သံသယများပါဝင်သော စိတ်ခံစားချက်များကို နားလည်နိုင်ဖို့ လုံလောက်နေသည်။ ကုယွင်က ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ "ရှင်တို့ ဒီလောက်ထိ တွေးနေစရာမလိုပါဘူး၊ ကျွန်မမှာ ရှင်တို့ကို ဆွဲဆောင်နိုင်လောက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ မရှိပါဘူး"

သူမက စစ်သူကြီးအိမ်တော်ရှိ ယောက်ျားသားများနှင့်သာ ပြိုင်ဆိုင်နေခဲ့သောကြောင့် အခြားသူများက သူမအကြောင်းကို သိမည် မဟုတ်ပေ။

 ဒီတစ်ခါ သူ့မျက်နှာပေါ်က  အံ့အားသင့်မှုက စက္ကန့်ဝက်လောက် ကြာသွားပြီးမှ ပြန်ငြိမ်သက်သွားခဲ့သည်။ ကုယွင်က သူ့ကို အရမ်းစိတ်ဝင်စားနေခဲ့သည်။ သူက သူရဲ့စိတ်ခံစားချက်တွေကို ထုတ်ဖော်မပြမိအောင် သူ့မျက်နှာမှ ကြွက်သားများကို ထိန်းချုပ်နိုင်သည်။ ထိုကဲ့သို့အစွမ်းထက်သော လူများက အလွန်နည်းပါးသည်။

  ကုယွင်က သူတို့ကို သေသေချာချာ လေ့လာနေခဲ့သော်လည်း ကျွော့ချင်းကတော့ ချွေးတွေ တသီတတန်းကြီး စီးကျနေသည်။ အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီး၏ မျက်လုံးထောင့်မှ အေးစက်သော အလင်းရောင်က သူမကို သေလောက်အောင် အေးခဲသွားစေသည်။ ကုယွင်က အဲ့တာကို မမြင်ဘူးလား??!! တစ်ခါတလေ ယွင်က သိမ်မွေ့တာလား ဒါမှမဟုတ် အရေထူတာလား... ငါ တကယ်ကို မသိတော့ဘူး!

 ကျွော့ချင်းက သူတို့ရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ကောင်းပြီ၊ ဒါကို အရင်ရှင်းလင်းအောင်လုပ်ဖို့ လိုမယ်ထင်တယ်။ လူတိုင်းရဲ့ပန်းတိုင်က ဒီကိစ္စကိုဖြေရှင်းဖို့ဆိုတော့ အခုနည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်နည်းက ကိုယ်ဘာသာ သက်သက်စီ စုံစမ်းဖို့နဲ့ နောက်တစ်နည်းက ပူးပေါင်းဆောင်ရွက်ဖို့ဘဲ၊ ရိုးရိုးသားသားပြောရရင် ကျွန်မကတော့ ရှင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်၊ ကျန်တာကတော့ ရှင်တို့ရဲ့ထင်မြင် ယူဆချက်ပေါ်မှာပဲ မူတည်တယ်"

 သူတိုနှစ်ယောက်က အကြာကြီး နှုတ်ဆိတ်နေတာကြောင့် ကျွော့ချင်းက သက်သက်စီ စုံစမ်းမည်ဟု အလိုအလျောက် အဓိပ္ပာယ်ဖွင့်တော့မည့် အချိန်တွင် ထိုအမျိုးသားက "မင်းက ဘယ်လို စုံစမ်းချင်တာလဲ?"

  ကျွော့ချင်းက ကုယွင်ကို လှမ်းကြည့်လိုက်သည်။ ဒါက ကုယွင်ရဲ့ ကျွမ်းကျင်မှုပါ။ ကံကောင်းစွာနဲ့ပဲ ကုယွင်ကလည်း သူမမှာ အစီအစဉ်တစ်ခုရှိထားပြီးဖြစ်ကာ "အရင်ဆုံး... လူသတ်လက်နက်ကို ရှာရမယ်၊ လူသေအလောင်းမှာ ဒဏ်ရာ ၁၃ ချက်ရှိပေမယ့် ပစ်ခဲ့တဲ့ဓားက ၁၂ ချောင်းပဲရှိတယ်၊ လူသတ်သမားက လူသတ်လက်နက်ကို ပြန်သိမ်းသွားတယ်လို့ ပြောနိုင်တယ်၊ လူသတ်သမားက သေသူကို အဝေးက သတ်နိုင်တဲ့သူ ဖြစ်ရင်တောင် လူသတ်မှုလက်နက်ကို ပြန်ယူဖို့ အချိန်လိုသေးတယ်၊ အဲ့တာကြောင့် ဒီလိုလုပ်နိုင်တဲ့လူ လေးယောက်ရှိတယ်၊ သေဆုံးသူရဲ့သူငယ်ချင်း လီကျစ်၊ ရန်သခင်မနဲ့ နောက်မှရောက်လာတဲ့ ဟွမ်ရိနဲ့ ဝမ်ဝေ.. သူတို့ထဲက တစ်ယောက်က လူသတ်သမားမဟုတ်ရင်တောင် ကြံရာပါဖြစ်နိုင်တယ်၊ ပထမဦးစားပေးက သူတို့လေးယောက်ကို စစ်ဆေးဖို့ပဲ"

  ကျွော့ချင်းက ခေါင်းညိတ်ပြီး အခိုင်အမာ ထပ်ပြောလိုက်သည်။ "လူသတ်လက်နက်ကိုရှာပြီး အလောင်းက ဒဏ်ရာတွေနဲ့ ထပ်ပြီး နှိုင်းယှဥ်ပြနိုင်ရင် ချမ်ကျင်းရဲ့ အပြစ်တစ်ဝက်လောက်ကို ဖြေရှင်းနိုင်သွားလိမ့်မယ် "

  "ဒုတိယတစ်ခုက ရွှေချောင်းတွေအကြောင်းပဲ၊ ရန်လွီကွယ်လွန်တာက ရုတ်တရက် ဆန်လွန်းတယ်၊ ပြီးတော့ လူသတ်သမားက ချမ်ကျင်းကို ချောက်ချချင်တာ သိသာနေတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ကိစ္စတွေက ရွှေခိုးမှုကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်။ ရွှေတွေ အများကြီး ခိုးယူခံရလိုက်ရပြီး ချက်ချင်း ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအမှုကို ဟိုတုန်းက ကြမ်းတမ်းတဲ့လမ်းနဲ့ ပိတ်ခဲ့ပြီး ရွှေချောင်းတွေ ပျောက်ဆုံးနေဆဲပဲ။ ရန်လွီက သေသေချာချာ ထဲထဲဝင်ဝင် သိတဲ့သူဖြစ်နိုင်တယ်၊ သူက အများကြီး သိလွန်းနေတာကြောင့် အသတ်ခံရတာလဲ ဖြစ်နိုင်တယ်၊ အတိတ်တုန်းက ဒီလူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ သူတွေကို ရှာဖွေရမယ်။ ဒီအမှုရဲ့အကျိုးအမြတ်ကို ခွဲဝေယူတဲ့သူတွေကနေတဆင့် လူသတ်သမားကို ရှာတွေ့နိုင်လိမ့်မယ်"

  ကုယွင်က သူတို့နှစ်ယောက်ကိုကြည့်ပြီး "ကျွန်မ ပြောလို့ပြီးပြီ၊ ရှင်တို့ ဘာပြောစရာရှိသေးလဲ?"

  နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သဘောတူညီမှုတစ်ခုရသွားပုံပေါ်သည်။ "မင်းတို့က အဲဒီလူတွေကို သွားစစ်ဆေးပေး၊ ရွှေတွေကိစ္စကို ငါတို့ဆီ လွှဲပေးလို့ရတယ်၊ သုံးရက်ကြာရင် ညသန်းခေါင်ယံအချိန်မှာ ငါတို့ ဒီမှာ သတင်းဖလှယ်ကြမယ်"

  စုံစမ်းဖို့က သုံးရက်ဆိုရင် အချိန်လောက်ပါ့မလား? ကုယွင်က တွေးနေတုန်းမှာပဲ သူတို့ နှစ်ယောက် အချုပ်ခန်းထဲက ထွက်သွားပြီးဖြစ်သည်။ ရုတ်တရက် ဆိုသလို ထူးထူးခြားခြား အရှိန်နဲ့ ခုန်ထွက်သွားပြီး အိမ်ခေါင်မိုးများပေါ်သို့ အကြိမ်ကြိမ် အတက်အဆင်း လုပ်ကာ မိုးကောင်းကင်ထဲမှာ သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ငါ့မှာ ပြောစရာတွေ ရှိနေတုန်းပဲဟ။

ကုယွင်က ဘေးနားမှာ အေးအေးဆေးဆေးထိုင်နေတဲ့ ချမ်ကျင်းကို ကြည့်လိုက်ပြီး "သူတို့ အလျင်လိုနေတာလား"

  ချမ်ကျင်းက မြက်ခြောက်ကို ကောက်ယူပြီး ပါးစပ်ထဲ ပြန်ထည့်လိုက်ကာ "အဲ့လောက်နဲ့ ကျေနပ်လိုက်ပါတော့၊ သူတို့ မင်းကိုပြောခဲ့တာတွေက အရမ်းကို များလွန်းနေပြီ၊ ငါလည်း သူတို့ကို ဂရုမစိုက်ဘူး"

နောက်ဆုံးတော့ သူ့ထင်မြင်ချက်ကို မေးတဲ့ တစ်ယောက်ယောက်ရှိလာခဲ့ပြီ!!

  "ဒါက တကယ်ကို ဂုဏ်ယူစရာပဲ" ကုယွင်က စိတ်သက်သာရာရသွားကာ ကျွော့ချင်းကို ပြောလိုက်သည်။ "ပြန်ရအောင်၊ နောက်ကျနေပြီ"

  အကျဉ်းထောင်စင်္ကြံမှာ လမ်းလျှောက်ရင်း ကျွော့ချင်းက "မနက်ဖြန် လီကျစ်ကို အရင်သွားရှာမှာလား?"

  ကုယွင်က ခေါင်းညိတ်ပြီး "အင်း၊ ပြောရရင်၊ သူက သံသယဝင်ဖို့ အကောင်းဆုံးပဲ၊ ဒါပေမယ့် အဲဒီလူတွေရဲ့ စစ်ကြောရေးမှတ်တမ်းတွေကို အရင်ကြည့်ချင်တယ်"

  "အခုလား?" ကျွော့ချင်းက အသံတိုးတိုးနဲ့ "သခင်မလေး၊ အခု မနက်တစ်နာရီလောက်ရှိနေပြီ"

  ကုယွင်က ပြုံးရုံသာပြုံးလိုက်ပြီး "နင်က လို့ရှီးယန်နဲ့ အရင် ပြန်သွားလိုက်တော့။ မနက်ဖြန် မနက် ကိုးနာရီမှာ ဝန်ကြီးချုပ်အိမ်တော်တံခါးမှာ ငါ နင့်ကို စောင့်နေမယ်"

သုံးရက်အတွင်းမှာ လူသတ်လက်နက်ကို ဝှက်ထားတဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာ သူမ သိနိုင်ရမယ်။

  "ကောင်းပြီ" ကျွော့ချင်းက အားကိုးရာမဲ့ဖြစ်နေသည်။ ကုယွင်က အလုပ်ရူးတစ်ယောက်ဖြစ်ပြီး သူမကို အနားယူရန် ဆွဲဆောင်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း သူမ သိသည်။

  ကျွော့ချင်းနှင့် ကုယွင်ထွက်လာသောအခါ လို့ရှီးယန်က ရထားလုံးနှစ်စီးကို ခေါ်ထားပြီးနေပြီ ဖြစ်သည်။ ကုယွင်က ကျွော့ချင်းနားရွက်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ချင်း... နင်က တကယ်ကို ကံကောင်းတဲ့ခွေးပဲ၊ ဒီလိုလူကောင်းလေးကိုရတာ အရမ်းကံကောင်းတာပဲ၊ နင် သူ့ကို သေချာ ဖမ်းဆွဲထားနော်"

ကျွော့ချင်းက သူမကို မျက်စောင်းထိုးလိုက်ပြီး ဘာစကားမှ မပြောတော့ပေ၊ ဒါက ဘယ်လို ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးလဲ၊ လို့ရှီးယန်က အရမ်းမိုက်တဲ့ခွေးစာလို့ ဆိုလိုတာလား!

 ကျွော့ချင်းက သူမကို အာရုံစိုက်ဖို့ ပျင်းလွန်းတာကြောင့် ရထားလုံးထဲသို့ တိုက်ရိုက်ဝင်သွားသည်။ ရထားလုံးအပြင်ဘက်တွင် ကုယွင်နှင့် လို့ရှီးယန် နှစ်ယောက်သား တီးတိုးစကားပြောနေသည်ကို သူမ ကြားလိုက်ရသည်။ ခဏကြာပြီးနောက် လို့ရှီးယန်က ပြုံးနေသောမျက်နှာဖြင့် ရထားလုံးထဲသို့ ဝင်လာခဲ့သည်။ ရထားလုံးက ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။

 ကျွော့ချင်းက စပ်စုချင်တာကြောင့် "သူ(မ) ရှင့်ကို ဘာပြောလိုက်တာလဲ?"

  "သူ(မ)က..." လို့ရှီးယန်က ကျွော့ချင်းရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ စကားကို ခဏရပ်ပြီး သူမကို ပြုံးကြည့်ကာ အသံတိုးတိုးနဲ့ "သူ(မ)က မင်းနဲ့ ချစ်ချင်ခင်ခင်နေဖို့ ပြောနေတာ"

  မင်းနဲ့.... ချစ်ချင်ခင်ခင်.... နေဖို့...

  @၊*$ ဒီစကားက ဘာလဲ??! ကျွော့ချင်းက ကုယွင်ကို နှလုံးသားထဲကနေ ကျိန်ဆဲနေတော့သည်။

  ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး နှစ်ယောက်သား အတူတူ လျှောက်ဝင်လာကြသည်။ ညအလွန်နက်နေပြီဖြစ်တာကြောင့် မီးပုံးအနည်းငယ်မှလွဲ၍ အရာအားလုံးက အိပ်ပျော်နေပြီဖြစ်သည်။ ကျွော့ချင်းက သူမနှင့်အတူ တစ်ညလုံး လိုက်ပါလာခဲ့သော လူကို စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ "ရှီးယန်၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"

သူ့ကြောင့်သာ မဟုတ်ခဲ့ရင်၊ သူမက ချမ်ကျင်းနဲ့ ဒီလောက် ချောချောမွေ့မွေ့ တွေ့နိုင်မှာ မဟုတ်ပါဘူး။

  တိတ်ဆိတ်သောလမ်းတွင် လို့ရှီးယန်က သူမနှင့် ဘေးချင်းကပ် ဖြည်းညှင်းစွာ လျှောက်လှမ်းနေရင်း "မှုခင်းဌာနရဲ့ ကိစ္စတွေက အရင်ထဲက ကိုယ် ကြီးကြပ်သင့်တဲ့အရာတွေပါ။ ဒီလိုကိစ္စတွေအတွက် မင်း ကိုယ့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"

  ကျွော့ချင်းက တခြား ဘာမှပြန်မပြောတော့ပေ၊ သူမက သူရဲ့နွေးထွေးမှုကို ဝန်ထုတ်ဝန်ပိုး မဖြစ်တော့ဘဲ ကျင့်သားရသွားပုံပေါ်သည်။ သူတို့နှစ်ယောက် ခြံရှေ့ကို လျှောက်လာရင်း ကျင်းစက မည်းမှောင်သော မျက်နှာဖြင့် သူတို့ကို စောင့်နေတာကို တွေ့လိုက်ရသည်။

  "သခင်" ကျင်းစက လို့ရှီးယန်၏နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးကပ်ပြောလိုက်သည်။ ကျင်းစ၏ နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲမျက်နှာနှင့် လို့ရှီးယန်၏ ထာဝရတည်ငြိမ်သော မျက်လုံးများမှ ဘာကိုမှ မမြင်နိုင်သော်လည်း အချိန်က အရမ်းနောက်ကျနေတာကြောင့် ကျွော့ချင်းက တစ်ခုခုဖြစ်နေတယ်ဆိုတာကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ကျွော့ချင်းက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ " တစ်ခုခုဖြစ်သွားတာလား?"

  လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး၊ အခု အရမ်းနောက်ကျနေပြီ၊ မင်း စောစောအနားယူသင့်တယ်"

  ဟုတ်ပြီလေ၊ သူ မပြောတာက ပြသနာကို သူ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတယ်။ ကျွော့ချင်းက မေးနေတာကို ရပ်လိုက်ပြီး ကျိုက်ရှင်းအဆောင်ဆီကို လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတဲ့နောက်မှာတော့ ဒေါသတကြီး အော်ဟစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ "နောက်ဆုံးတော့ ပြန်လာဖို့ ဆန္ဒရှိသေးတယ်ပေါ့"

  ကျွော့ချင်းက မျက်လွှာကိုပင့်ပြီး ကြည့်လိုက်ရာ ရွှယ်ရှန်းရှင်းကို မြင်လိုက်ရသည်။ သူမ အရမ်းပင်ပန်းနေတာကြောင့် ဒီနေ့ သူမ(ရွှယ်ရှန်းရှင်း)နဲ့ ကစားဖို့ စိတ်မ၀င်စားတော့ဘူး။ ကျွော့ချင်းက နှာစေးနေပြီး သူမအနားကနေ ဖြတ်လျောက်သွားချင်နေခဲ့ပေမယ့် မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က သူမလမ်းကို ပိတ်ဆို့လိုက်တာကြောင့် ကျွော့ချင်းက မပျော်မရွှင်ဖြစ်သွားတော့သည်။

  သူမ ဘာမှ မပြောရသေးမီ လို့ရှီးယန်က သူမဆီကို လျှောက်လာနေပြီ ဖြစ်သည်။ လို့ရှီးယန်ကို မြင်တော့ ရွှယ်ရှန်းရှင်းက သူမ မျက်နှာကို ချက်ချင်း ပြင်လိုက်ပြီး "ရှီးယန်...ပြန်လာပြီလား? ပင်ပန်းနေမှာဘဲ၊ ဒါပေမယ့် မင်းအဖေက မင်းကို အိမ်ရှေ့ခန်းမမှာ တညလုံးစောင့်နေတယ်"

  အဖေ? လို့ရှီးယန်ရဲ့ဖခင်က အနောက်ဘက်နယ်စပ်မှာ တပ်စွဲထားတဲ့ စစ်သူကြီး မဟုတ်ဘူးလာ??! ဒီအကြောင်းပြောရင် ကျွော့ချင်းက ​​အမြဲလိုလို သိချင်နေခဲ့သည်။ လို့ရှီးယန်က လူထောင်ပေါင်းများစွာ လက်အောက်ခံနေရသော ဝန်ကြီးချုပ်ဖြစ်ပြီး လူပေါင်း သောင်းနဲ့ချီကို အုပ်ချုပ်နေခဲ့သည်။ သူ့အဖေက ဘာလို့ နယ်စပ်ကို ကာကွယ်ဖို့ သွားနေရတာလဲ?! သူ့အဖေကိုယ်တိုင်က တောင်းဆိုတာလား?? ထူးဆန်းလိုက်တာ...

  လို့ရှီးယန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ "နားလည်ပြီ"

  ကျွော့ချင်းက သူမမှာ ဘာမှလုပ်စရာမရှိဘူးလို့ ခံစားလိုက်ရပြီး သူမ ထွက်ခါနီးမှာ ရွှယ်ရှန်းရှင်းက ကောင်းမွန်တဲ့ ပြဇာတ်ကောင်းကောင်းတစ်ခုကို ကြည့်နေတဲ့အမူအရာနဲ့ သူမရဲ့လမ်းကို ပိတ်လိုက်ပြန်သည်။ "ခဏနေဦး၊ နင် ထွက်သွားလို့ မရဘူး၊ သခင်ကြီးက နင့်ကို တွေ့ချင်နေတယ်"

  သူမကို တွေ့ချင်တယ်! ကျွော့ချင်းက သူမကို စောင့်မျှော်နေတဲ့အရာက ဘာမှ မကောင်းနိုင်ဘူးဟု မှန်းဆမိနေသည်။

  ကျွော့ချင်းက နေရာမှ ထွက်သွားသော လို့ရှီးယန်ကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းရှိုက်လိုက်ပြီး "ကောင်းပြီလေ၊ သွားကြရအောင်"

  သူတို့နှစ်ဦးက အလွန်စိတ်လှုပ်ရှားနေသော ရွှယ်ရှန်းရှင်းနှင့်အတူ အိမ်ရှေ့ခန်းမဆီသို့ လိုက်သွားခဲ့ကြသည်။ တိတ်ဆိတ်သော အိမ်တော်ကြီး၏ မှောင်မိုက်သောညတွင် အိမ်ရှေ့ခန်းမက လင်းထိန်နေပြီး ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် ခတ်နေသည်။

  ပင်မထိုင်ခုံတွင် ထိုင်နေသည့် အသက်ငါးဆယ်ကျော် အမျိုးသားက မီးခိုးပြာရောင်၀တ်ရုံကို ဝတ်ဆင်ထားပြီး လေးထောင့်ပုံစံမျက်နှာနှင့် ကျားမျက်လုံး၊ နဖူးပြည့်ပြည့်၊ အနည်းငယ် အေးစက်သော အသားအရည်နှင့် ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ နေလောင်ထားသော အသားအရေ၊ သန်မာသော ခန္ဓာကိုယ်၊ အကြမ်းခံနိုင်ပုံရသော အသွင်အပြင်က လူများကို ထိတ်လန့်စေခဲ့သည်။ 

 အိမ်ရှေ့ခန်းထဲသို့ဝင်ပြီးနောက် ရွှယ်ရှန်းရှင်းက ဖျော်ဖြေပွဲကောင်းကို စောင့်ဆိုင်းနေသကဲ့သို့ ပျော်ရွှင်စွာဖြင့် ထိုလူထံသို့ လျှောက်သွားတော့သည်။

  လို့ရှီးယန်ကတော့ သူရဲ့မူပိုင်အပြုံးဖြင့် ထိုလူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ "အဖေ ပြန်လာမယ်ဆိုတာကို ဘာလို့ ကြိုမပြောခဲ့တာလဲ"

  ဒီလူက လို့ရှီးယန်ရဲ့အဖေလား?! ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့လူ လို့ရှီးယန်နဲ့ ဘာမှမဆိုင်ဘဲ၊ ဒီလူက အေးစက်မာကြောပြီး ခေါင်းမာတဲ့လူလို့ ထင်နေရသည်။

  ကျွော့ချင်း မျှော်လင့်ထားသည့်အတိုင်း ထိုလူက စကားပြောလာသည့်အခါတွင် စိတ်လှုပ်ရှားမှုမရှိဘဲ စီးပွားရေးဆန်ဆန်လေသံဖြင့် "မင်း အရမ်းအလုပ်များနေတယ်ဆိုတာ ငါ သိတယ်။ ငါက အလုပ်ကိစ္စအတွက် ပြန်လာခဲ့တာ။ ဒီရက်ပိုင်းအတွင်း ငါ ပြန်သွားမှာ"

လို့ရှီးယန်က ဒါကို ကျင့်သားရနေပုံရပြီး "ကျွန်တော် နားလည်ပါပြီ၊ အခု အရမ်းနောက်ကျနေပြီ၊ စောစောအနားယူတာ ပိုကောင်းပါတယ်"

  "အခု အရမ်းနောက်ကျနေပြီဆိုတာ မင်း သိသေးတယ်လား!!" နောက်ဆုံးတော့ ဒေါသတွေထွက်နေပေမယ့် ဒီစာကြောင်းမှာ ခံစားချက်တစ်ချို့ရှိနေသေးသည်။

  ကျွော့ချင်းက တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေပြီး လို့မူဟိုင်၏မျက်လုံးများက ရုတ်တရက် လှည့်လာပြီး သူမကို စိုက်ကြည့်လာကာ "မင်းက ချင်းလင် မဟုတ်လား?"

  မေးခွန်းတွေဖြေတဲ့အခါ တခြားသူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီးဖြေတာက ယဉ်ကျေးသော အပြုအမှုဟု ယူဆထားသော ကျွော့ချင်းက သူ့၏ခြိမ်းခြောက်မှုများပါသော အကြည့်များကို မရှောင်ဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "ကျွန်မက ချင်းလင်ပါ"

  လို့မူဟိုင်က ညနေခင်းက ရှန်းရှင်း သူကို ပြောပြခဲ့သော မိန်းခလေးကို တွေ့လိုက်ရပြီဖြစ်သည်။ သူမက ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော်လည်း ကြည့်ကောင်းနေဆဲပင်။ သူမသည် သူ့ကို လေးလေးနက်နက် ရင်ဆိုင်ရဲသောကြောင့် အနည်းငယ် သတ္တိရှိပြီး ထိုးထွင်းသိမြင်မှု ရှိနိုင်သည်ဟု တွေးလိုက်သည်။ လို့မူဟိုင်က သူ့စိတ်ထဲမှာ အနည်းငယ်ကို လက်ခံနိုင်ပေမယ့် အေးစက်စွာ ပြောလိုက်သည်။ "မင်းအရင်က ဘယ်လိုပဲ နေခဲ့ နေခဲ့၊ အခု မင်းက လို့မိသားစုထဲကို ဝင်ပြီးသွားပြီ၊ အဲ့တာကြောင့် မင်းက လို့မိသားစုရဲ့ စည်းမျဥ်းတွေကို လိုက်နာရမယ်။ မင်းရဲ့ အပြောအဆိုတွေကို သတိထားပြီး အမျိုးသမီးကျင့်ဝတ်တွေကို ဂရုတစိုက် လိုက်နာပါ!"

  မင်းရဲ့ အပြောအဆိုတွေကို သတိထားပြီး အမျိုးသမီးကျင့်ဝတ်တွေကို ဂရုတစိုက် လိုက်နာပါ.. တဲ့လား??? ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "ပိုရှင်းအောင် ပြောပေးလို့ ရမလား"

  လို့မူဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး သူက လူကြီးတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးတွေ ပြောဖို့ မသင့်ပေမယ့် လို့မိသားစုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ သူမကို ဒီနေရာမှာ သတိပေးဖို့ စဥ်းစားခဲ့သည်။ သူမက ဘယ်လိုတောင် ရှင်းရှင်းလင်းလင်း နားမလည်နိုင်ရတာလဲ?! သူမက အမှန်တကယ်ပင် မသိနားမလည်သော မိန်းကလေးတစ်ယောက်ဖြစ်နေသည်။ ခုနက မြင်မြင်ချင်းမှာ တွေးမိတဲ့ ခံစားချက်ကောင်းတွေတောင် ပျောက်ကွယ်သွားတော့သည်။

  လို့မူဟိုင်၏အမူအရာကို မြင်လိုက်တော့ ရွှယ်ရှန်းရှင်းက သူတွေးနေသည့်အရာကို ခန့်မှန်းနိုင်လိုက်ပြီး ပြဿနာများကို နှိုးဆော်ရန် အခွင့်အရေးယူကာ "နင်ကို ပျားတွေ၊ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်မထွက်စေချင်ဘူး၊ အဲ့အပြအမူက ရှီးယန်ကို အရှက်ရစေတယ်!"

  ဟုတ်ပါတယ်၊ သူမက ပြဿနာရှာနေတာပါ! ပင်ပန်းနွမ်းနယ်မှုက ကျွော့ချင်းကို ပိုလို့တောင် စိတ်မရှည်စေတော့ဘူး။ ကျွော့ချင်းက ရွှယ်ရှန်းရှင်းကို အေးစက်စွာကြည့်ရင်း အေးစက်တဲ့လေသံနဲ့ "အမှားအမှန်ကို မသိဘဲ အတင်းအဖျင်းတွေ ပြောနေတာက ရှင့်ရဲ့ တစ်ဘဝလုံးစာ အလုပ်လား? ပြောတာတွေက အဓိပ္ပါယ်ရှိရင်တောင် စကားပြောတဲ့အခါ သက်သေရှိရမယ်။ ကျွန်မကို ဘာလို့ ဒီလိုပြောရတာလဲ? ကျွန်မက ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နေရအောင် ကျွန်မက ပျားမွေးမြူရေးသမားလား?"

  ကျွော့ချင်းရဲ့ စူးစူးရှရှ အကြည့်တွေက ရွှယ်ရှန်းရှင်းရဲ့ နှလုံးသားကို တုန်လှုပ်သွားစေပေမယ့် လို့မူဟိုင်က သူမနောက်မှာ ရှိနေပြီး သူမမှာ ကျောထောက်နောက်ခံ ရှိတယ်လို့ ခံစားရစေခဲ့သည်။

  ထိုကြောင့် သူမက အသံကျယ်ကျယ်နဲ့ "ဒီနေ့ ရာဇ၀တ်ရုံးကတရားသူကြီး အိမ်ကို ရောက်လာတယ်၊ ပြီးတော့ နင်နဲ့ဧကရာဇ်က နှစ်ယောက်အတူ မြင်းစီးပြီး မြို့ကို ဖြတ်လျှောက်နေကြတာကို ဘယ်သူမှ မမြင်ဘူးထင်နေတာလား? မျက်စိရှိတဲ့ သူတိုင်း မြင်နိုင်တယ်! လူတိုင်းကို ငတုံးတွေလို့ ထင်မနေနဲ့။ အခု ပြည်သူတွေက ပြောနေကြပြီ။ ရှီးယန်က နင်က သူ့မိန်းမလို့ လူသိရှင်ကြား ပြောဖူးတယ်။ ဒါပေမယ့် နင်က အခု မြန်မြန်ဆန်ဆန် လျော့ရဲနေပြီ၊ နင် သူ့မျက်နှာကို ဘယ်နားသွား ထားမှာလဲ?"

  ကျွော့ချင်း၏ မျက်နှာ မည်းမှောင်သွားကာ မျက်ခုံးများက အနည်းငယ် မှေးကျဥ်းသွားပြီး သူမ တွေးတောနေပုံ ရသည်။ သူမက နှုတ်ဆိတ်နေပြီး ယခင်က မောက်မာမှု ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ရွှယ်ရှန်းရှင်းက ဂုဏ်ယူစွာ ထပ်ပြောလာသည်။ "နင် အခုန မာနကြီးနေတာ မဟုတ်ဘူးလား ၊ အခု ငါ့ကို ပြောစရာ မရှိတော့ဘူးလား!"

  ကျွော့ချင်းက စကားမပြောတော့ပေ၊ ရွှယ်ရှန်းရှင်းကဲ့သို့ ခါးသီးပြီး ယုတ်မာသော ဗီလိန်နှင့် ဆက်ဆံရာတွင် ကျွော့ချင်းက အချိန်မရွေး သူမကို နှုတ်ပိတ်သွားအောင် လုပ်နိုင်သည်။ သို့သော် သူမ ပြောသောစကားများက သူမကို သတိပေးနေခဲ့သည်။ ယနေ့ ရှန်ယုလန်က သူမကို တွေ့ရန်လာခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သည်။ သို့သော် ယန်းဟုန်ထျန်း ဝန်ကြီးချုပ်အိမ်တော်သို့ ရောက်လာတာကတော့ သူ့မှာ ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်တစ်ခု ရှိနိုင်သည်။ သူမှာ ရထားလုံးတွေ အများကြီးရှိပေမယ့် သူက မစီးဘဲ သူမနဲ့အတူ မြင်းစီးပြီး မြို့ထဲသို့ ထွက်ခွာခဲ့သည်။ အဲ့တာက သူမကို ရှုခင်းတွေပြပြီး လှောင်ပြောင်ဖို့ပဲလား?! မဟုတ်ဘူး! သူက သူမ၏ဂုဏ်သိက္ခာကို ဖျက်စီးပြီး ရှီးယန်၏မျက်နှာကို အရှက်ကွဲအောင်ပြုလုပ်ချင်ခဲ့သည်။ ထိုလူက အလွန်ရွံရှာဖွယ်ကောင်းသည်။ ရွှယ်ရှန်းရှင်းက ထိုကဲ့သို့သော အခွင့်ကောင်းတစ်ခုဖြင့် ကျွော့ချင်းကို ဤကဲ့သို့ ခွင့်မပြုနိုင်ကြောင့် သေချာပေါက် ထပ်မံပြောချင်နေသည်။

အသံတိတ်နေသော လို့ရှီးယန်က ရုတ်တရတ် ဝင်ပြောလာသည်။ "သူ(မ) ဒီနေ့ အရမ်းပင်ပန်းနေပြီ၊ အခု မစောတော့ဘူး၊ စောစောပြန်ပြီး အနားယူသင့်တယ်"

  "ရှီးယန်၊ မင်း ဘာလို့ အခုထိ သူ့(မ)ဘက်ကနေ ​ပြော​နေ​သေးတာလဲ၊ ဒီလိုမိန်းမမျိုးအတွက် ပြောဖို့ မထိုက်တန်​ဘူး"

  "ဒုတိယအမေ၊ ငါ့မှာ ကိုယ်ပိုင် စဥ်းမျဥ်းတွေရှိတယ်" လို့ရှီးယန်၏ အသံက အနည်းငယ် အေးစက်နေသော်လည်း စိတ်အားထက်သန်နေသည့် ရွှယ်ရှန်းရှင်းက သတိမထားမိပေ။ အေးစက်စွာ ကြည့်နေသော လို့မူဟိုင်ကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရှီးယန်က ဒီကောင်မလေးကို အရမ်းဂရုစိုက်တယ်၊ ထားလိုက်တော့... ရှီးယန်က သူ(မ)ကို ကာကွယ်ပေးနေတာကြောင့် သူက ဒီကလေးမကို မျက်နှာသာ ပေးလိုက်မယ်။

 ရွှယ်ရှန်းရှင်းက ဆက်ပြောနေချင်ပေမယ့် လို့မူဟိုင်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး အသံကျယ်ကျယ်နဲ့ "ကောင်းပြီ၊ ဒီကိစ္စကို မေ့လိုက်ကြရအောင်၊ ချင်းလင်က ဒီနေ့ကစပြီး အပြင်မထွက်ရတော့ဘူး၊ အိမ်မှာနေပြီး သူမကိုယ်သူမ ပြုစုပျိုးထောင်ဖို့ သီလစောင့်ရမယ်၊ စိတ်ဓာတ်၊ စည်းကမ်းနဲ့ သီလကို ပျိုးထောင်ရမယ်"

  တစ်နည်းဆိုရသော် သူက သူမကို အပြင်မထွက်ရန် တားမြစ်လိုက်ခြင်းပင်၊ သူမက ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး လွတ်လွတ်လပ်လပ် သွားလာရန် ခက်ခဲခဲ့သည်။ အဲ့လိုတွေသာ မဖြစ်ခဲ့ရင် သူမက အပြင်မထွက်ရန် သဘောတူမိလိမ့်မည်။ သူမ အပြင်မထွက်ရင် အကုန် အဆင်ပြေသွားမှာလား???

မင်းက ဒုက္ခကို သွားမရှာဘူးဆိုရင်တောင် ဒုက္ခက မင်းရဲ့ တံခါးကို သဘာဝအတိုင်း ရောက်လာလိမ့်မယ်။

  ကျွော့ချင်းက လို့မူဟိုင်ကို ထပ်မံကြည့်လိုက်ပြီး မဆိုင်းမတွ ပြန်ပြောလိုက်သည်။ "စစ်သူကြီးလို့၊ ကျွန်မက ဒီလို ကောလာဟာလတွေနဲ့ ရှီးယန်ကို ဒုက္ခပေးမိပါတယ်။ ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် အဲဒါက ကျွန်မ ဖြစ်စေချင်တာ မဟုတ်ဘူး၊ နောင်မှာ ကျွန်မ ပိုအာရုံစိုက်ပြီး ရှောင်နိုင်ဖို့ ကြိုးစားပါ့မယ်။ ဒီလိုမျိုးတွေဖြစ်နေရင်တောင် အပြင်ထွက်ဖို့ တားမြစ်တာနဲ့ ပတ်သတ်ပြီး ကျွန်မ မလိုက်နာနိုင်ဘူး"

  လို့မူဟိုင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက အမှန်တကယ်ပင် သူ့ကို ငြင်းဆန်ဝံ့သည်။

"သူမ မလိုက်နာနိုင်ဘူး " ကောင်းလိုက်တဲ့ အဖြေ...

သူက သူမကို လှေကားထစ်တွေကနေ ဆင်းခိုင်းခဲ့ပေမယ့် သူမက မဆင်းဘဲ သူ့ကိုတောင် စိန်ခေါ်နေခဲ့သည်။ (လှေကားထစ်တွေကနေ ဆင်းခိုင်းခြင်း- ရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ရန် အခွင့်အရေးပေးခြင်း)

  လို့မူဟိုင်က သူ့ဘေးနားမှ စားပွဲနိမ့်လေးကို ပုတ်ချလိုက်ရာ ကွဲအက်သံတစ်ခုကြားလိုက်ရပြီး စာပွဲက နှစ်ပိုင်းကွဲသွားကာ လက်ဖက်ရည်ပန်းကန်လုံးနှင့် ဆီမီးခွက်တင်ခုံတို့က ကြမ်းပြင်ပေါ်ကျသွားပြီး ကွဲအက်ကုန်သည်။

လို့မူဟိုင်က ထိုသို့သော ဒေါသကို ပြလာလိမ့်မည်ဟု ကျွော့ချင်းက မမျှော်လင့်ထားခဲ့ပေ၊ ဤလူက ရှီးယန်၏ဖခင်ဖြစ်ပြီး၊ သူမကလည်း ဤကိစ္စရပ်တွင် အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့မိသည်။

  ရွှယ်ရှန်းရှင်းက နောက်ဆုံးတော့ ထိတ်လန့်မှုကနေ ပြန်လည်သက်သာလာပြီး ကျွော့ချင်းကို လက်ညှိုးထိုးပြပြီး "သခင်ကြီး၊ အဲဒါကို မြင်တယ်မလား? သူ(မ)က ရှီးယန်ရဲ့မျက်နှာသာကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ!!"

သခင်ကြီးက ပြန်လာရန် မလွယ်ကူပေ။ သခင်ကြီးရှိနေတုန်း ဒီမိန်းမကို သေတဲ့အထိ မနှိပ်စက်ဘူးဆိုရင် သူမမျိုးရိုးနာမည်က ရွှယ် မဟုတ်တော့ဘူး။

  "သခင်ကြီး၊ သူ(မ)က ရှင့်ကို လုံးဝ အလေးအနက်မထားဘူး..."

  "ဒါဆို လုံလောက်ပြီ" ရွှယ်ရှန်းရှင်းက ဝမ်းသာအားရ ပြောလိုက်သော်လည်း လို့ရှီးယန်၏အေးစက်သော ကြိမ်းမောင်းမှုကြောင့် သူမပါးစပ်ကို ချက်ချင်း ပိတ်လိုက်ရသည်။

  "ဒီကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မယ်။ အဖေနဲ့ဒုတိယအမေက စောစောအိပ်သင့်ပြီ"

လို့ရှီးယန်က ပေါ့ပေါ့တန်တန် ပြောပြီးတာနဲ့ ကျွော့ချင်းရဲ့လက်ကို ကိုင်ကာ နောက်ပြန်မလှည့်တော့ဘဲ ထွက်သွားခဲ့သည်။

  သူတို့. . . . . . သူတို့.. ငါတို့ကို ဒီအတိုင်းထားခဲ့တယ်...

"သခင်ကြီး"

"ရှန်းရှင်း... ထားလိုက်တော့" နှစ်ယောက်သား အတူလျှောက်သွားနေတဲ့ ကျောပြင်များကို စိုက်ကြည့်ရင်း လို့မူဟိုင်ရဲ့ မျက်လုံးတွေက နာကျင်မှုနဲ့အတူ တောက်ပလာခဲ့ပေမယ့် လျင်မြန်လွန်းတာကြောင့် ဖမ်းမိဖို့ အချိန်မရှိသလောက်ပါပဲ။

  လို့ရှီးယန်၏လက်က ယခင်ကကဲ့သို့ အေးစက်နေသေးသော်လည်း သူမ၏လက်ဖဝါးကို ဆုပ်ကိုင်ထားသော ခွန်အားက အနည်းငယ်လေးလံနေပြီး သူမကို မထိခိုက်စေခဲ့ပေ။ ကျွော့ချင်းက လူနှစ်ယောက်၏ ဆုပ်ကိုင်ထားသော လက်များကို တစ်ချက်ကြည့်လိုက်သော်လည်း အဆုံးတွင် သူမလက်ကို မရုတ်သိမ်းနိုင်ခဲ့ပေ။ သူမက တစ်လမ်းလုံး စကားမပြောနိုင်ဘဲ ဝန်ကြီးချုပ်အိမ်တော်၏ ဆိတ်ငြိမ်သောလမ်းကြားတွင် လမ်းလျှောက်နေခဲ့ကြသည်။ လို့ရှီးယန်က သူမကို ကျိုက်ရှင်းအဆောင်အထိ လိုက်ပို့ပေးပြီး ကျွော့ချင်းက တစ်ခုခုပြောသင့်သည်ဟု ခံစားလိုက်ရသည်။ "တောင်းပန်ပါတယ်"

  လို့ရှီးယန်က လွှတ်တော့မယ့်လက်ကို ထပ်ပြီး တင်းကျပ်စေလိုက်ကာ "မင်းက ဘာလို့တောင်းပန်နေတာလဲ"

  "ရှင်က ကျွန်မကို ကူညီခဲ့တယ်၊ ဒါပေမယ့် ကျွန်မက ရှင့်ရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေခဲ့တယ်"

လို့ရှီးယန်က သူမကို နန်းတော်ထဲကနေ ခေါ်မထုတ်ခဲ့ဘူးဆိုရင် သူမ ယွင်နဲ့တွေ့ရဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ ပြီးတော့ ချမ်ကျင်းနဲ့လည်း တွေ့ဆုံနိုင်ခဲ့သည်။ ဒါပေမယ့် ယန်းဟုန်ထျန်းက ဒီလိုလုပ်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ယောကျာ်းတစ်ယောက်အနေနဲ့ ဖောက်ပြန်မှုက အပြင်းထန်ဆုံး စော်ကားမှုဖြစ်နိုင်သည်။ ယန်းဟုန်ထျန်းရဲ့လုပ်ရပ်က တကယ့်ကို ရက်စက်လွန်းနေသည်။

  လို့ရှီးယန်က ခပ်ဖျော့ဖျော့ပြုံးပြီး "ကိုယ်က ယောက်ျားပါ၊ ဒီအရာတွေက ကိုယ့်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ မင်းလည်း အရမ်းကြီး စဉ်းစား မနေပါနဲ့၊ အဲ့တာတွေကို ကိုယ် ဂရုစိုက်လိုက်ပါ့မယ်"

  သူ့ရဲ့အပြုံးမပျက် တည်ငြိမ်နေတဲ့ မျက်လုံးတွေနဲ့ နူးညံသော အသံတိုးတိုးမှာ ငြင်းဆန်လို့ မရနိုင်တဲ့စွမ်းအားတွေ ပါဝင်နေသလို မသိစိတ်ကနေ သူ့ကို အားကိုးမိပြီး ယုံကြည်မှုတွေ တိုးလာစေတယ်လို့ ကျွော့ချင်းက ဝန်ခံချင်ခဲ့သည်။ ပြီးတော့ ကျွော့ချင်းက သူများတွေက သူမကို ချီးမွှမ်းတာ ဒါမဟုတ် နှိမ်ုချတာတွေကို လုံးဝ ဂရုစိုက်တဲ့သူ မဟုတ်ပါဘူး။ အဲ့တာကြောင့် ကျွော့ချင်းက ခေါင်းကို ယမ်းကာ ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး "ရှင် ကျွန်မကို စိတ်ပူစရာ မလိုပါဘူး၊ ကျွန်မက ဒီလို ရယ်စရာကောင်းတဲ့ ကောလာဟလတွေကို ဂရုမစိုက်ပါဘူး၊ သူများတွေ ကျွန်မကို ဘယ်လိုထင်ထင် ကျွန်မ ဂရုမစိုက်ဘူး"

  အနည်းငယ် ကျယ်ဝန်းသော သူမ၏မျက်လုံးများတွင် ကြယ်များထက် ပို၍ စူးရှသော အလင်းတန်းတစ်ခု ရှိနေပြီး သူမ၏ နှုတ်ခမ်းထောင့်များက သူမ၏ သူတပါးပေါ် အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုတို့ကို ပြသနေသည်။ လို့ရှီးယန်က သူမ တမင် ပြသရန် ကြိုးစားနေတာ မဟုတ်ကြောင်း ခံစားနိုင်သည်။ အဲ့တာတွေက သူမ၏ကိုယ်ပိုင် ယုံကြည်မှုနှင့် မောက်မာမှုပင်။

လို့ရှီးယန်က သူမလက်ကို ထပ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း ခေါင်းညိတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "တကယ်တော့ အဲ့ဒါက ကောင်းပါတယ်"

  သူတို့လက်ဖဝါးတွေက တစ်ယောက်ကိုတစ်ယောက် ထိမိနေတာာကြောင့် ကျွော့ချင်းက သတိလွတ်နေပြီး "ဘာကောင်းတာလဲ?"

  "မင်းက ဘယ်လောက်ကောင်းမွန်လဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး၊ ဒါကြောင့် ဘယ်သူမှ ကိုယ်ဆီကနေ လာမလုတော့ဘူးပေါ့"

အဲ့ဒိ အသံတိုးတိုးက လေထဲမှာ လွင့်မျောလုနီးပါးဖြစ်နေတာကြောင့် ကျွော့ချင်းက သူမ နားကြားမှားနေတယ်လို့ ထင်နေခဲ့သည်။

  "ရှင်........"##,##,##,#

ကျွော့ချင်းပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ ဘာပြောချင်မှန်း မသိလောက်အေင် အေးခဲနေမိသည်။

သူရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာသွင်ပြင်က လရောင်ကြောင့် ကြည်လင်ပြီး မျက်လုံးကျဥ်းကျဥ်းလေးတွေက စိုစွတ်နေကာ နှုတ်ခမ်းတွေက ပေါ့ပေါ့ပါးပါး အပြုံးက မပျက်မယွင်းရှိနေသည်။ ညလေညင်းက သူတို့၏ တွဲကျလုနီးပါးဖြစ်နေသာ အဝတ်အစားများကို လွင့်ပျံနေစေသည်။ လေထဲတွင် စီးဆင်းနေသော မသဲကွဲသော အငွေ့အသက်များက ကျွော့ချင်းကို အချိန်အတော်ကြာအောင် တုံ့ဆိုင်းစေပြီး သူမက ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။

  "သွားအိပ်တော့၊ ကိုယ်က အရာရာကို ဂရုစိုက်ပေးပါ့မယ်" သူက တိုးတိုးလေး ထပ်‌ပြောလာပြီး ထိုလှပသော မျက်နှာလေးက သူမဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို သူမ သိနေသော်လည်း တုံ့ပြန်ရန် နှေးကွေးနေပြီး သူမ မလှုပ်ရှားနိုင်တော့ပေ။ တကယ်က မလှုပ်ရှားနိုင်တာ မဟုတ်ဘူး မလှုပ်ရှားချင်တာ...

သူက သူမနှုတ်ခမ်းတွေကို နမ်းမယ်လို့ သူမ ထင်ပေမယ့် သူမ နှုတ်ခမ်းထောင့်စွန်းကို နူးညံ့တဲ့ အနမ်းတစ်ခု ကျရောက်လာခဲ့သည်။ သူ့ရဲ့ နွေးထွေးတဲ့ အသက်ရှုသံတွေက သူမရဲ့ ပါးပြင်ပေါ်ကို ထိမိသွားပြီး သူမကို ဖျန်းခနဲ ဖျန်းခနဲ ခံစားရစေခဲ့သည်။ သူမ ရင်ဘတ်ထဲက နှလုံးသားက အပြင်ကို ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော အနမ်းက လူအများ၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်ကြောင်း ပထမဆုံးအကြိမ် သူမ သိလိုက်ရသည်။

  သူမစိတ်တွေ ခဏလောက် လွတ်သွားချိန်တွင် သူက သူမလက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး နောက်လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။ ကျွော့ချင်းက သူမ မျက်လုံးရှေ့မှ သူ့အရိပ် ပျောက်ကွယ်သွားမှသာ အသိပြန်ဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ ကူကယ်ရာမဲ့ အော်ငိုချင်နေမိတော့သည်။

သူမ ဘာတွေ လုပ်နေမိတာလဲ???

နမ်းရုံလေးပဲ မဟုတ်ဘူးလား... အဲ့တာက နှုတ်ခမ်းကို မဟုတ်တာတောင် သူမက မျက်နှာတွေ နီရဲနေအောင်ပြီး ရှက်နေပြီး နှလုံးသားက ခုန်ပေါက်နေလိုက်တာ ဆိုတာမှ...

နောက်ဆုံးတော့ အဲ့တာက လို့ရှီးယန်ရဲ့ အပြစ်တွေချည်းပဲ... သူက မထင်မှတ်ပဲ နမ်းလိုက်ပြီး စကားမပြောဘဲ ထွက်သွားတယ်...

  .(T/N: ယွင်တို့ ၊ ချင်းတို့ကလေ မှားရေးတာမဟုတ်ပါဘူး၊ E-tran မှာရော မူရင်းမှာပါ အဲ့လိုလေးတွေ ရေးထားတာပါ၊ ကိုယ်လဲချစ်လို့ အဲ့လိုလေးတွေပဲ ရေးလိုက်တယ်နော်)

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

  အခန္း ၆၃ ဂုဏ္သိကၡာ၏အက်ပ္အတည္း

  အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ႐ုတ္တရက္ ေပၚၿပီး အမ်ိဳးသားက အနက္ေရာင္ကို ၀တ္ဆင္ထားၿပီး ေငြေရာင္ဆံပင္အျပည့္ႏွင့္ျဖဴေဖ်ာ့ေနကာ အနည္းငယ္ ေၾကာက္စရာေကာင္းေနသည္။ အမ်ိဳးသမီး၏ အနီေရာင္အဝတ္အစားမ်ားက ေသြးကဲ့သို႔ နီေဆြးေနၿပီး မ်က္ႏွာေပၚတြင္ ေအးစက္ေသာမ်က္လုံးတစ္စုံကိုသာ ျမင္ႏိုင္ေသာ ေ႐ႊစင္မ်က္ႏွာဖုံးကို ဝတ္ဆင္ထားသည္။ လူႏွစ္ေယာက္က ေျမျပင္မွ တေစၦသရဲေတြ ထိုးထြက္လာသလို တိတ္တိတ္ဆိတ္ဆိတ္ ေပၚထြက္လာသည္။ သူတို႔၏ ထူးဆန္းေသာ ၀တ္စုံမ်ားႏွင့္ အမူအရာမ်ားေၾကာင့္ ေကြၽာ့ခ်င္းႏွင့္ ကုယြင္တို႔က အနည္းငယ္ အံၾသသြားၾကသည္။

  သူတို႔ႏွစ္ေယာက္ကလည္း သူမတို႔ကို စိုက္ၾကည့္ေနခဲ့သည္။ တကယ္ေတာ့ သူမတို႔ စဝင္လာကတည္းက သူတို႔ ေရာက္ေနခဲ့တာျဖစ္သည္။ ပထမေတာ့ သူတို႔ လူလုံးထြက္မျပခင္မွာ သူမတို႔ ထြက္သြားတာကို ေစာင့္ေနဖို႔ စီစဥ္ထားေပမယ့္ မိန္းခေလးငယ္ေလးက သူတို႔ရဲ႕ ေနရာကို ရွာေတြ႕မယ္လို႔ မထင္ခဲ့မိဘူး။

  မ်က္လုံးရွစ္လုံး... လူေလးေယာက္က မင္းက ငါ့ကို ၾကည့္... ငါက မင္းကို ၾကည့္မယ္ဆိုတဲ့ အျပဳအမူကို ေအးေအးေဆးေဆး လုပ္ေဆာင္ေနၾကသည္။ ေကြၽာ့ခ်င္းနဲ႔ ကုယြင္တို႔က သူတို႔ရဲ႕ မ်က္လုံးေတြကို စူးစူးစိုက္စိုက္ၾကည့္ရင္း ဒီလူႏွစ္ေယာက္ရဲ႕ ခြန္အားကို တိုင္းတာရန္ ႀကိဳးစားေနၾကသည္။

  ဒီတိုင္းသာ ​​ထပ္​ၾကည့္ေနၾက​ရင္ေတာ့ ေနာက္ေန႔မနက္ရဲ႕ ​ေန​ေရာင္​​ကိုေတာင္​ ျမင္ရႏိုင္တယ္။ ဖယ္ထုတ္ခံထားရေသာ ခ်မ္က်င္းက ေနာက္ဆုံးတြင္ သည္းမခံႏိုင္ေတာ့ဘဲ စတင္ မိတ္ဆက္ေပးလိုက္သည္။ " ေအာ္ထ်န္းနဲ႔ယဲ့မိန္... ခ်ဳံယြဲရဲ႕ နံပါတ္တစ္နဲ႔ နံပါတ္ႏွစ္ သတင္းမုဆိုး(ေၾကးစား)ေတြ"

  သတင္းမုဆိုးေတြ(ေၾကးစား)??? ေကြၽာ့ခ်င္းက နံပါတ္တစ္ႏွင့္ နံပါတ္ႏွစ္သတင္းမုဆိုးမ်ားအေၾကာင္းကို ၾကားဖူးခဲ့ၿပီး ထိုလူႏွစ္ေယာက္၏ ဩဘာက အလြန္ျပင္းထန္ေနတာေၾကာင့္ သူမ လုံးဝ ယုံၾကည္ခဲ့သည္။

 ေကြၽာ့ခ်င္းက သူတို႔ဘက္သို႔ ေပါ့ေပါ့တန္တန္ ေခါင္းညိတ္ျပလိုက္ရင္း သူမကိုယ္သူမ ရက္ေရာစြာ စတင္မိတ္ဆက္လိုက္သည္။

"ခ်င္းလင္"

  "မင္းက နန္းေတာ္ထဲမွာ အေလာင္းခြဲစိပ္စစ္ေဆးခဲ့တဲ့ မိန္းခေလးပဲ" အနက္ေရာင္ဝတ္အမ်ိဳးသား၏ အသံက သာမန္သာျဖစ္ၿပီး နက္ရႈိင္းမႈမရွိသလို သံလိုက္ဓာတ္လည္း မရွိေပ။ သို႔ေသာ္ အလြန္ပင္ ထူးျခားေနသည္။ စကားလုံးတိုင္းကို ရွင္းရွင္းလင္းလင္း ၾကားႏိုင္ေသာ္လည္း စိတ္ခံစားမႈ လုံးဝမရွိေပ။

  "ဟုတ္​တယ္​" ေကြၽာ့ခ်င္းက ေပါ့ေပါ့ပါးပါး ​ေခါင္းညိတ္​ျပလိုက္​သည္​။ သူတို႔က အဲ့တာကို​ေတာင္ ​သိတယ္လား?? ေရွးေခတ္မွာ အခ်က္အလက္ေတြကို ရႏိုင္ဖို႔ ခက္ခဲတယ္လို႔ သူမ ထင္ခဲ့ေပမဲ့ အခုေတာ့ မွားေနၿပီလို႔ ေတြးလိုက္မိသည္။ ထိုလူက ကုယြင္ကို ၾကည့္လိုက္တာေၾကာင့္ ကုယြင္က တုံ႔ဆိုင္းမေနဘဲ "ခ်င္းေမာ့" ဟု လွမ္းေျပာလိုက္သည္။

  သူက ေပါ့ေပါ့ပါးပါး မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး၊ အဲ့တာက တစ္စကၠန႔္ရဲ႕ ေလးပုံတစ္ပုံေလာက္သာ ၾကာခဲ့ေပမယ့္ ကုယြင္ကေတာ့ သူ႔ရဲ႕သံသယမ်ားပါဝင္ေသာ စိတ္ခံစားခ်က္မ်ားကို နားလည္ႏိုင္ဖို႔ လုံေလာက္ေနသည္။ ကုယြင္က ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးနဲ႔ "ရွင္တို႔ ဒီေလာက္ထိ ေတြးေနစရာမလိုပါဘူး၊ ကြၽန္မမွာ ရွင္တို႔ကို ဆြဲေဆာင္ႏိုင္ေလာက္တဲ့ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြ မရွိပါဘူး"

သူမက စစ္သူႀကီးအိမ္ေတာ္ရွိ ေယာက္်ားသားမ်ားႏွင့္သာ ၿပိဳင္ဆိုင္ေနခဲ့ေသာေၾကာင့္ အျခားသူမ်ားက သူမအေၾကာင္းကို သိမည္ မဟုတ္ေပ။

 ဒီတစ္ခါ သူ႔မ်က္ႏွာေပၚက  အံ့အားသင့္မႈက စကၠန႔္ဝက္ေလာက္ ၾကာသြားၿပီးမွ ျပန္ၿငိမ္သက္သြားခဲ့သည္။ ကုယြင္က သူ႔ကို အရမ္းစိတ္ဝင္စားေနခဲ့သည္။ သူက သူရဲ႕စိတ္ခံစားခ်က္ေတြကို ထုတ္ေဖာ္မျပမိေအာင္ သူ႔မ်က္ႏွာမွ ႂကြက္သားမ်ားကို ထိန္းခ်ဳပ္ႏိုင္သည္။ ထိုကဲ့သို႔အစြမ္းထက္ေသာ လူမ်ားက အလြန္နည္းပါးသည္။

  ကုယြင္က သူတို႔ကို ေသေသခ်ာခ်ာ ေလ့လာေနခဲ့ေသာ္လည္း ေကြၽာ့ခ်င္းကေတာ့ ေခြၽးေတြ တသီတတန္းႀကီး စီးက်ေနသည္။ အနီေရာင္ဝတ္ဆင္ထားေသာ အမ်ိဳးသမီး၏ မ်က္လုံးေထာင့္မွ ေအးစက္ေသာ အလင္းေရာင္က သူမကို ေသေလာက္ေအာင္ ေအးခဲသြားေစသည္။ ကုယြင္က အဲ့တာကို မျမင္ဘူးလား??!! တစ္ခါတေလ ယြင္က သိမ္ေမြ႕တာလား ဒါမွမဟုတ္ အေရထူတာလား... ငါ တကယ္ကို မသိေတာ့ဘူး!

 ေကြၽာ့ခ်င္းက သူတို႔ရဲ႕အာ႐ုံစူးစိုက္မႈကို ဆြဲေဆာင္ဖို႔ ေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္ၿပီး "ေကာင္းၿပီ၊ ဒါကို အရင္ရွင္းလင္းေအာင္လုပ္ဖို႔ လိုမယ္ထင္တယ္။ လူတိုင္းရဲ႕ပန္းတိုင္က ဒီကိစၥကိုေျဖရွင္းဖို႔ဆိုေတာ့ အခုနည္းလမ္းႏွစ္ခုရွိတယ္။ ပထမတစ္နည္းက ကိုယ္ဘာသာ သက္သက္စီ စုံစမ္းဖို႔နဲ႔ ေနာက္တစ္နည္းက ပူးေပါင္းေဆာင္႐ြက္ဖို႔ဘဲ၊ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္မကေတာ့ ရွင္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိတယ္၊ က်န္တာကေတာ့ ရွင္တို႔ရဲ႕ထင္ျမင္ ယူဆခ်က္ေပၚမွာပဲ မူတည္တယ္"

 သူတိုႏွစ္ေယာက္က အၾကာႀကီး ႏႈတ္ဆိတ္ေနတာေၾကာင့္ ေကြၽာ့ခ်င္းက သက္သက္စီ စုံစမ္းမည္ဟု အလိုအေလ်ာက္ အဓိပၸာယ္ဖြင့္ေတာ့မည့္ အခ်ိန္တြင္ ထိုအမ်ိဳးသားက "မင္းက ဘယ္လို စုံစမ္းခ်င္တာလဲ?"

  ေကြၽာ့ခ်င္းက ကုယြင္ကို လွမ္းၾကည့္လိုက္သည္။ ဒါက ကုယြင္ရဲ႕ ကြၽမ္းက်င္မႈပါ။ ကံေကာင္းစြာနဲ႔ပဲ ကုယြင္ကလည္း သူမမွာ အစီအစဥ္တစ္ခုရွိထားၿပီးျဖစ္ကာ "အရင္ဆုံး... လူသတ္လက္နက္ကို ရွာရမယ္၊ လူေသအေလာင္းမွာ ဒဏ္ရာ ၁၃ ခ်က္ရွိေပမယ့္ ပစ္ခဲ့တဲ့ဓားက ၁၂ ေခ်ာင္းပဲရွိတယ္၊ လူသတ္သမားက လူသတ္လက္နက္ကို ျပန္သိမ္းသြားတယ္လို႔ ေျပာႏိုင္တယ္၊ လူသတ္သမားက ေသသူကို အေဝးက သတ္ႏိုင္တဲ့သူ ျဖစ္ရင္ေတာင္ လူသတ္မႈလက္နက္ကို ျပန္ယူဖို႔ အခ်ိန္လိုေသးတယ္၊ အဲ့တာေၾကာင့္ ဒီလိုလုပ္ႏိုင္တဲ့လူ ေလးေယာက္ရွိတယ္၊ ေသဆုံးသူရဲ႕သူငယ္ခ်င္း လီက်စ္၊ ရန္သခင္မနဲ႔ ေနာက္မွေရာက္လာတဲ့ ဟြမ္ရိနဲ႔ ဝမ္ေဝ.. သူတို႔ထဲက တစ္ေယာက္က လူသတ္သမားမဟုတ္ရင္ေတာင္ ႀကံရာပါျဖစ္ႏိုင္တယ္၊ ပထမဦးစားေပးက သူတို႔ေလးေယာက္ကို စစ္ေဆးဖို႔ပဲ"

  ေကြၽာ့ခ်င္းက ေခါင္းညိတ္ၿပီး အခိုင္အမာ ထပ္ေျပာလိုက္သည္။ "လူသတ္လက္နက္ကိုရွာၿပီး အေလာင္းက ဒဏ္ရာေတြနဲ႔ ထပ္ၿပီး ႏႈိင္းယွဥ္ျပႏိုင္ရင္ ခ်မ္က်င္းရဲ႕ အျပစ္တစ္ဝက္ေလာက္ကို ေျဖရွင္းႏိုင္သြားလိမ့္မယ္ "

  "ဒုတိယတစ္ခုက ေ႐ႊေခ်ာင္းေတြအေၾကာင္းပဲ၊ ရန္လြီကြယ္လြန္တာက ႐ုတ္တရက္ ဆန္လြန္းတယ္၊ ၿပီးေတာ့ လူသတ္သမားက ခ်မ္က်င္းကို ေခ်ာက္ခ်ခ်င္တာ သိသာေနတယ္။ ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္က ကိစၥေတြက ေ႐ႊခိုးမႈကိစၥနဲ႔ ဆက္စပ္ေနႏိုင္တယ္။ ေ႐ႊေတြ အမ်ားႀကီး ခိုးယူခံရလိုက္ရၿပီး ခ်က္ခ်င္း ေပ်ာက္ကြယ္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒီအမႈကို ဟိုတုန္းက ၾကမ္းတမ္းတဲ့လမ္းနဲ႔ ပိတ္ခဲ့ၿပီး ေ႐ႊေခ်ာင္းေတြ ေပ်ာက္ဆုံးေနဆဲပဲ။ ရန္လြီက ေသေသခ်ာခ်ာ ထဲထဲဝင္ဝင္ သိတဲ့သူျဖစ္ႏိုင္တယ္၊ သူက အမ်ားႀကီး သိလြန္းေနတာေၾကာင့္ အသတ္ခံရတာလဲ ျဖစ္ႏိုင္တယ္၊ အတိတ္တုန္းက ဒီလူနဲ႔ ပတ္သတ္ခဲ့ဖူးတဲ့ သူေတြကို ရွာေဖြရမယ္။ ဒီအမႈရဲ႕အက်ိဳးအျမတ္ကို ခြဲေဝယူတဲ့သူေတြကေနတဆင့္ လူသတ္သမားကို ရွာေတြ႕ႏိုင္လိမ့္မယ္"

  ကုယြင္က သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး "ကြၽန္မ ေျပာလို႔ၿပီးၿပီ၊ ရွင္တို႔ ဘာေျပာစရာရွိေသးလဲ?"

  ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ သေဘာတူညီမႈတစ္ခုရသြားပုံေပၚသည္။ "မင္းတို႔က အဲဒီလူေတြကို သြားစစ္ေဆးေပး၊ ေ႐ႊေတြကိစၥကို ငါတို႔ဆီ လႊဲေပးလို႔ရတယ္၊ သုံးရက္ၾကာရင္ ညသန္းေခါင္ယံအခ်ိန္မွာ ငါတို႔ ဒီမွာ သတင္းဖလွယ္ၾကမယ္"

  စုံစမ္းဖို႔က သုံးရက္ဆိုရင္ အခ်ိန္ေလာက္ပါ့မလား? ကုယြင္က ေတြးေနတုန္းမွာပဲ သူတို႔ ႏွစ္ေယာက္ အခ်ဳပ္ခန္းထဲက ထြက္သြားၿပီးျဖစ္သည္။ ႐ုတ္တရက္ ဆိုသလို ထူးထူးျခားျခား အရွိန္နဲ႔ ခုန္ထြက္သြားၿပီး အိမ္ေခါင္မိုးမ်ားေပၚသို႔ အႀကိမ္ႀကိမ္ အတက္အဆင္း လုပ္ကာ မိုးေကာင္းကင္ထဲမွာ သဲလြန္စ မရွိဘဲ ေပ်ာက္ကြယ္သြားခဲ့သည္။

ငါ့မွာ ေျပာစရာေတြ ရွိေနတုန္းပဲဟ။

ကုယြင္က ေဘးနားမွာ ေအးေအးေဆးေဆးထိုင္ေနတဲ့ ခ်မ္က်င္းကို ၾကည့္လိုက္ၿပီး "သူတို႔ အလ်င္လိုေနတာလား"

  ခ်မ္က်င္းက ျမက္ေျခာက္ကို ေကာက္ယူၿပီး ပါးစပ္ထဲ ျပန္ထည့္လိုက္ကာ "အဲ့ေလာက္နဲ႔ ေက်နပ္လိုက္ပါေတာ့၊ သူတို႔ မင္းကိုေျပာခဲ့တာေတြက အရမ္းကို မ်ားလြန္းေနၿပီ၊ ငါလည္း သူတို႔ကို ဂ႐ုမစိုက္ဘူး"

ေနာက္ဆုံးေတာ့ သူ႔ထင္ျမင္ခ်က္ကို ေမးတဲ့ တစ္ေယာက္ေယာက္ရွိလာခဲ့ၿပီ!!

  "ဒါက တကယ္ကို ဂုဏ္ယူစရာပဲ" ကုယြင္က စိတ္သက္သာရာရသြားကာ ေကြၽာ့ခ်င္းကို ေျပာလိုက္သည္။ "ျပန္ရေအာင္၊ ေနာက္က်ေနၿပီ"

  အက်ဥ္းေထာင္စႀကႍမွာ လမ္းေလွ်ာက္ရင္း ေကြၽာ့ခ်င္းက "မနက္ျဖန္ လီက်စ္ကို အရင္သြားရွာမွာလား?"

  ကုယြင္က ေခါင္းညိတ္ၿပီး "အင္း၊ ေျပာရရင္၊ သူက သံသယဝင္ဖို႔ အေကာင္းဆုံးပဲ၊ ဒါေပမယ့္ အဲဒီလူေတြရဲ႕ စစ္ေၾကာေရးမွတ္တမ္းေတြကို အရင္ၾကည့္ခ်င္တယ္"

  "အခုလား?" ေကြၽာ့ခ်င္းက အသံတိုးတိုးနဲ႔ "သခင္မေလး၊ အခု မနက္တစ္နာရီေလာက္ရွိေနၿပီ"

  ကုယြင္က ၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး "နင္က လို႔ရွီးယန္နဲ႔ အရင္ ျပန္သြားလိုက္ေတာ့။ မနက္ျဖန္ မနက္ ကိုးနာရီမွာ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္တံခါးမွာ ငါ နင့္ကို ေစာင့္ေနမယ္"

သုံးရက္အတြင္းမွာ လူသတ္လက္နက္ကို ဝွက္ထားတဲ့ လူသတ္သမားက ဘယ္သူလဲဆိုတာ သူမ သိႏိုင္ရမယ္။

  "ေကာင္းၿပီ" ေကြၽာ့ခ်င္းက အားကိုးရာမဲ့ျဖစ္ေနသည္။ ကုယြင္က အလုပ္႐ူးတစ္ေယာက္ျဖစ္ၿပီး သူမကို အနားယူရန္ ဆြဲေဆာင္ျခင္းက အခ်ိန္ျဖဳန္းျခင္းသာ ျဖစ္ေၾကာင္း သူမ သိသည္။

  ေကြၽာ့ခ်င္းႏွင့္ ကုယြင္ထြက္လာေသာအခါ လို႔ရွီးယန္က ရထားလုံးႏွစ္စီးကို ေခၚထားၿပီးေနၿပီ ျဖစ္သည္။ ကုယြင္က ေကြၽာ့ခ်င္းနား႐ြက္နားကို ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။ "ခ်င္း... နင္က တကယ္ကို ကံေကာင္းတဲ့ေခြးပဲ၊ ဒီလိုလူေကာင္းေလးကိုရတာ အရမ္းကံေကာင္းတာပဲ၊ နင္ သူ႔ကို ေသခ်ာ ဖမ္းဆြဲထားေနာ္"

ေကြၽာ့ခ်င္းက သူမကို မ်က္ေစာင္းထိုးလိုက္ၿပီး ဘာစကားမွ မေျပာေတာ့ေပ၊ ဒါက ဘယ္လို ႐ိုင္းစိုင္းတဲ့ အသုံးအႏႈန္းမ်ိဳးလဲ၊ လို႔ရွီးယန္က အရမ္းမိုက္တဲ့ေခြးစာလို႔ ဆိုလိုတာလား!

 ေကြၽာ့ခ်င္းက သူမကို အာ႐ုံစိုက္ဖို႔ ပ်င္းလြန္းတာေၾကာင့္ ရထားလုံးထဲသို႔ တိုက္႐ိုက္ဝင္သြားသည္။ ရထားလုံးအျပင္ဘက္တြင္ ကုယြင္ႏွင့္ လို႔ရွီးယန္ ႏွစ္ေယာက္သား တီးတိုးစကားေျပာေနသည္ကို သူမ ၾကားလိုက္ရသည္။ ခဏၾကာၿပီးေနာက္ လို႔ရွီးယန္က ၿပဳံးေနေသာမ်က္ႏွာျဖင့္ ရထားလုံးထဲသို႔ ဝင္လာခဲ့သည္။ ရထားလုံးက ျဖည္းညႇင္းစြာ ထြက္ခြာလာခဲ့သည္။

 ေကြၽာ့ခ်င္းက စပ္စုခ်င္တာေၾကာင့္ "သူ(မ) ရွင့္ကို ဘာေျပာလိုက္တာလဲ?"

  "သူ(မ)က..." လို႔ရွီးယန္က ေကြၽာ့ခ်င္းရဲ႕ စိတ္ဝင္စားမႈကို ဆြဲေဆာင္ဖို႔ စကားကို ခဏရပ္ၿပီး သူမကို ၿပဳံးၾကည့္ကာ အသံတိုးတိုးနဲ႔ "သူ(မ)က မင္းနဲ႔ ခ်စ္ခ်င္ခင္ခင္ေနဖို႔ ေျပာေနတာ"

  မင္းနဲ႔.... ခ်စ္ခ်င္ခင္ခင္.... ေနဖို႔...

  @၊*$ ဒီစကားက ဘာလဲ??! ေကြၽာ့ခ်င္းက ကုယြင္ကို ႏွလုံးသားထဲကေန က်ိန္ဆဲေနေတာ့သည္။

  ရထားလုံးက ဝန္ႀကီးခ်ဳပ္အိမ္ေတာ္သို႔ လ်င္ျမန္စြာ ေရာက္ရွိလာၿပီး ႏွစ္ေယာက္သား အတူတူ ေလွ်ာက္ဝင္လာၾကသည္။ ညအလြန္နက္ေနၿပီျဖစ္တာေၾကာင့္ မီးပုံးအနည္းငယ္မွလြဲ၍ အရာအားလုံးက အိပ္ေပ်ာ္ေနၿပီျဖစ္သည္။ ေကြၽာ့ခ်င္းက သူမႏွင့္အတူ တစ္ညလုံး လိုက္ပါလာခဲ့ေသာ လူကို စိတ္ရင္းမွန္ျဖင့္ ေျပာလိုက္သည္။ "ရွီးယန္၊ ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္"

သူ႔ေၾကာင့္သာ မဟုတ္ခဲ့ရင္၊ သူမက ခ်မ္က်င္းနဲ႔ ဒီေလာက္ ေခ်ာေခ်ာေမြ႕ေမြ႕ ေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။

  တိတ္ဆိတ္ေသာလမ္းတြင္ လို႔ရွီးယန္က သူမႏွင့္ ေဘးခ်င္းကပ္ ျဖည္းညႇင္းစြာ ေလွ်ာက္လွမ္းေနရင္း "မႈခင္းဌာနရဲ႕ ကိစၥေတြက အရင္ထဲက ကိုယ္ ႀကီးၾကပ္သင့္တဲ့အရာေတြပါ။ ဒီလိုကိစၥေတြအတြက္ မင္း ကိုယ့္ကို ေက်းဇူးတင္ေနစရာ မလိုပါဘူး"

  ေကြၽာ့ခ်င္းက တျခား ဘာမွျပန္မေျပာေတာ့ေပ၊ သူမက သူရဲ႕ေႏြးေထြးမႈကို ဝန္ထုတ္ဝန္ပိုး မျဖစ္ေတာ့ဘဲ က်င့္သားရသြားပုံေပၚသည္။ သူတို႔ႏွစ္ေယာက္ ၿခံေရွ႕ကို ေလွ်ာက္လာရင္း က်င္းစက မည္းေမွာင္ေသာ မ်က္ႏွာျဖင့္ သူတို႔ကို ေစာင့္ေနတာကို ေတြ႕လိုက္ရသည္။

  "သခင္" က်င္းစက လို႔ရွီးယန္၏နားထဲသို႔ တစ္စုံတစ္ခုကို တိုးတိုးကပ္ေျပာလိုက္သည္။ က်င္းစ၏ ႏွစ္တစ္ေထာင္သက္တမ္းရွိ ေရခဲမ်က္ႏွာႏွင့္ လို႔ရွီးယန္၏ ထာဝရတည္ၿငိမ္ေသာ မ်က္လုံးမ်ားမွ ဘာကိုမွ မျမင္ႏိုင္ေသာ္လည္း အခ်ိန္က အရမ္းေနာက္က်ေနတာေၾကာင့္ ေကြၽာ့ခ်င္းက တစ္ခုခုျဖစ္ေနတယ္ဆိုတာကို ေယာင္ဝါးဝါး ခံစားလိုက္ရသည္။ ေကြၽာ့ခ်င္းက စိုးရိမ္တႀကီးနဲ႔ ေမးလိုက္သည္။ " တစ္ခုခုျဖစ္သြားတာလား?"

  လို႔ရွီးယန္က သူ႔ေခါင္းကို ညင္သာစြာ ခါလိုက္ၿပီး "ဘာမွ မျဖစ္ပါဘူး၊ အခု အရမ္းေနာက္က်ေနၿပီ၊ မင္း ေစာေစာအနားယူသင့္တယ္"

  ဟုတ္ၿပီေလ၊ သူ မေျပာတာက ျပသနာကို သူ ေျဖရွင္းႏိုင္တယ္လို႔ ဆိုလိုတယ္။ ေကြၽာ့ခ်င္းက ေမးေနတာကို ရပ္လိုက္ၿပီး က်ိဳက္ရွင္းအေဆာင္ဆီကို ေလွ်ာက္သြားလိုက္သည္။ ေျခလွမ္းအနည္းငယ္လွမ္းၿပီးတဲ့ေနာက္မွာေတာ့ ေဒါသတႀကီး ေအာ္ဟစ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသံက်ယ္က်ယ္ကို ၾကားလိုက္ရသည္။ "ေနာက္ဆုံးေတာ့ ျပန္လာဖို႔ ဆႏၵရွိေသးတယ္ေပါ့"

  ေကြၽာ့ခ်င္းက မ်က္လႊာကိုပင့္ၿပီး ၾကည့္လိုက္ရာ ႐ႊယ္ရွန္းရွင္းကို ျမင္လိုက္ရသည္။ သူမ အရမ္းပင္ပန္းေနတာေၾကာင့္ ဒီေန႔ သူမ(႐ႊယ္ရွန္းရွင္း)နဲ႔ ကစားဖို႔ စိတ္မ၀င္စားေတာ့ဘူး။ ေကြၽာ့ခ်င္းက ႏွာေစးေနၿပီး သူမအနားကေန ျဖတ္ေလ်ာက္သြားခ်င္ေနခဲ့ေပမယ့္ မေမွ်ာ္လင့္ဘဲ တစ္စုံတစ္ေယာက္က သူမလမ္းကို ပိတ္ဆို႔လိုက္တာေၾကာင့္ ေကြၽာ့ခ်င္းက မေပ်ာ္မ႐ႊင္ျဖစ္သြားေတာ့သည္။

  သူမ ဘာမွ မေျပာရေသးမီ လို႔ရွီးယန္က သူမဆီကို ေလွ်ာက္လာေနၿပီ ျဖစ္သည္။ လို႔ရွီးယန္ကို ျမင္ေတာ့ ႐ႊယ္ရွန္းရွင္းက သူမ မ်က္ႏွာကို ခ်က္ခ်င္း ျပင္လိုက္ၿပီး "ရွီးယန္...ျပန္လာၿပီလား? ပင္ပန္းေနမွာဘဲ၊ ဒါေပမယ့္ မင္းအေဖက မင္းကို အိမ္ေရွ႕ခန္းမမွာ တညလုံးေစာင့္ေနတယ္"

  အေဖ? လို႔ရွီးယန္ရဲ႕ဖခင္က အေနာက္ဘက္နယ္စပ္မွာ တပ္စြဲထားတဲ့ စစ္သူႀကီး မဟုတ္ဘူးလာ??! ဒီအေၾကာင္းေျပာရင္ ေကြၽာ့ခ်င္းက ​​အၿမဲလိုလို သိခ်င္ေနခဲ့သည္။ လို႔ရွီးယန္က လူေထာင္ေပါင္းမ်ားစြာ လက္ေအာက္ခံေနရေသာ ဝန္ႀကီးခ်ဳပ္ျဖစ္ၿပီး လူေပါင္း ေသာင္းနဲ႔ခ်ီကို အုပ္ခ်ဳပ္ေနခဲ့သည္။ သူ႔အေဖက ဘာလို႔ နယ္စပ္ကို ကာကြယ္ဖို႔ သြားေနရတာလဲ?! သူ႔အေဖကိုယ္တိုင္က ေတာင္းဆိုတာလား?? ထူးဆန္းလိုက္တာ...

  လို႔ရွီးယန္က ေအးစက္စြာ ျပန္ေျဖလိုက္သည္။ "နားလည္ၿပီ"

  ေကြၽာ့ခ်င္းက သူမမွာ ဘာမွလုပ္စရာမရွိဘူးလို႔ ခံစားလိုက္ရၿပီး သူမ ထြက္ခါနီးမွာ ႐ႊယ္ရွန္းရွင္းက ေကာင္းမြန္တဲ့ ျပဇာတ္ေကာင္းေကာင္းတစ္ခုကို ၾကည့္ေနတဲ့အမူအရာနဲ႔ သူမရဲ႕လမ္းကို ပိတ္လိုက္ျပန္သည္။ "ခဏေနဦး၊ နင္ ထြက္သြားလို႔ မရဘူး၊ သခင္ႀကီးက နင့္ကို ေတြ႕ခ်င္ေနတယ္"

  သူမကို ေတြ႕ခ်င္တယ္! ေကြၽာ့ခ်င္းက သူမကို ေစာင့္ေမွ်ာ္ေနတဲ့အရာက ဘာမွ မေကာင္းႏိုင္ဘူးဟု မွန္းဆမိေနသည္။

  ေကြၽာ့ခ်င္းက ေနရာမွ ထြက္သြားေသာ လို႔ရွီးယန္ကို စိုက္ၾကည့္ကာ ကူကယ္ရာမဲ့ သက္ျပင္းရႈိက္လိုက္ၿပီး "ေကာင္းၿပီေလ၊ သြားၾကရေအာင္"

  သူတို႔ႏွစ္ဦးက အလြန္စိတ္လႈပ္ရွားေနေသာ ႐ႊယ္ရွန္းရွင္းႏွင့္အတူ အိမ္ေရွ႕ခန္းမဆီသို႔ လိုက္သြားခဲ့ၾကသည္။ တိတ္ဆိတ္ေသာ အိမ္ေတာ္ႀကီး၏ ေမွာင္မိုက္ေသာညတြင္ အိမ္ေရွ႕ခန္းမက လင္းထိန္ေနၿပီး ဖေယာင္းတိုင္မီးမ်ား တဖ်ပ္ဖ်ပ္ ခတ္ေနသည္။

  ပင္မထိုင္ခုံတြင္ ထိုင္ေနသည့္ အသက္ငါးဆယ္ေက်ာ္ အမ်ိဳးသားက မီးခိုးျပာေရာင္၀တ္႐ုံကို ဝတ္ဆင္ထားၿပီး ေလးေထာင့္ပုံစံမ်က္ႏွာႏွင့္ က်ားမ်က္လုံး၊ နဖူးျပည့္ျပည့္၊ အနည္းငယ္ ေအးစက္ေသာ အသားအရည္ႏွင့္ ပိန္ပိန္သြယ္သြယ္ျဖစ္သည္။ ေနေလာင္ထားေသာ အသားအေရ၊ သန္မာေသာ ခႏၶာကိုယ္၊ အၾကမ္းခံႏိုင္ပုံရေသာ အသြင္အျပင္က လူမ်ားကို ထိတ္လန႔္ေစခဲ့သည္။ 

 အိမ္ေရွ႕ခန္းထဲသို႔ဝင္ၿပီးေနာက္ ႐ႊယ္ရွန္းရွင္းက ေဖ်ာ္ေျဖပြဲေကာင္းကို ေစာင့္ဆိုင္းေနသကဲ့သို႔ ေပ်ာ္႐ႊင္စြာျဖင့္ ထိုလူထံသို႔ ေလွ်ာက္သြားေတာ့သည္။

  လို႔ရွီးယန္ကေတာ့ သူရဲ႕မူပိုင္အၿပဳံးျဖင့္ ထိုလူ႔ထံသို႔ ျဖည္းညႇင္းစြာ ေလွ်ာက္သြားကာ "အေဖ ျပန္လာမယ္ဆိုတာကို ဘာလို႔ ႀကိဳမေျပာခဲ့တာလဲ"

  ဒီလူက လို႔ရွီးယန္ရဲ႕အေဖလား?! ေကြၽာ့ခ်င္းက တိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ ႏူးညံ့သိမ္ေမြ႕ၿပီး ေအးေဆးတဲ့လူ လို႔ရွီးယန္နဲ႔ ဘာမွမဆိုင္ဘဲ၊ ဒီလူက ေအးစက္မာေၾကာၿပီး ေခါင္းမာတဲ့လူလို႔ ထင္ေနရသည္။

  ေကြၽာ့ခ်င္း ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုလူက စကားေျပာလာသည့္အခါတြင္ စိတ္လႈပ္ရွားမႈမရွိဘဲ စီးပြားေရးဆန္ဆန္ေလသံျဖင့္ "မင္း အရမ္းအလုပ္မ်ားေနတယ္ဆိုတာ ငါ သိတယ္။ ငါက အလုပ္ကိစၥအတြက္ ျပန္လာခဲ့တာ။ ဒီရက္ပိုင္းအတြင္း ငါ ျပန္သြားမွာ"

လို႔ရွီးယန္က ဒါကို က်င့္သားရေနပုံရၿပီး "ကြၽန္ေတာ္ နားလည္ပါၿပီ၊ အခု အရမ္းေနာက္က်ေနၿပီ၊ ေစာေစာအနားယူတာ ပိုေကာင္းပါတယ္"

  "အခု အရမ္းေနာက္က်ေနၿပီဆိုတာ မင္း သိေသးတယ္လား!!" ေနာက္ဆုံးေတာ့ ေဒါသေတြထြက္ေနေပမယ့္ ဒီစာေၾကာင္းမွာ ခံစားခ်က္တစ္ခ်ိဳ႕ရွိေနေသးသည္။

  ေကြၽာ့ခ်င္းက တိတ္တိတ္ဆိတ္ဆိတ္ ေစာင့္ၾကည့္ေနၿပီး လို႔မူဟိုင္၏မ်က္လုံးမ်ားက ႐ုတ္တရက္ လွည့္လာၿပီး သူမကို စိုက္ၾကည့္လာကာ "မင္းက ခ်င္းလင္ မဟုတ္လား?"

  ေမးခြန္းေတြေျဖတဲ့အခါ တျခားသူေတြရဲ႕ မ်က္လုံးေတြကို ၾကည့္ၿပီးေျဖတာက ယဥ္ေက်းေသာ အျပဳအမႈဟု ယူဆထားေသာ ေကြၽာ့ခ်င္းက သူ႔၏ၿခိမ္းေျခာက္မႈမ်ားပါေသာ အၾကည့္မ်ားကို မေရွာင္ဘဲ ႐ိုး႐ိုးသားသား ျပန္ေျဖလိုက္သည္။ "ကြၽန္မက ခ်င္းလင္ပါ"

  လို႔မူဟိုင္က ညေနခင္းက ရွန္းရွင္း သူကို ေျပာျပခဲ့ေသာ မိန္းခေလးကို ေတြ႕လိုက္ရၿပီျဖစ္သည္။ သူမက ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနေသာ္လည္း ၾကည့္ေကာင္းေနဆဲပင္။ သူမသည္ သူ႔ကို ေလးေလးနက္နက္ ရင္ဆိုင္ရဲေသာေၾကာင့္ အနည္းငယ္ သတၱိရွိၿပီး ထိုးထြင္းသိျမင္မႈ ရွိႏိုင္သည္ဟု ေတြးလိုက္သည္။ လို႔မူဟိုင္က သူ႔စိတ္ထဲမွာ အနည္းငယ္ကို လက္ခံႏိုင္ေပမယ့္ ေအးစက္စြာ ေျပာလိုက္သည္။ "မင္းအရင္က ဘယ္လိုပဲ ေနခဲ့ ေနခဲ့၊ အခု မင္းက လို႔မိသားစုထဲကို ဝင္ၿပီးသြားၿပီ၊ အဲ့တာေၾကာင့္ မင္းက လို႔မိသားစုရဲ႕ စည္းမ်ဥ္းေတြကို လိုက္နာရမယ္။ မင္းရဲ႕ အေျပာအဆိုေတြကို သတိထားၿပီး အမ်ိဳးသမီးက်င့္ဝတ္ေတြကို ဂ႐ုတစိုက္ လိုက္နာပါ!"

  မင္းရဲ႕ အေျပာအဆိုေတြကို သတိထားၿပီး အမ်ိဳးသမီးက်င့္ဝတ္ေတြကို ဂ႐ုတစိုက္ လိုက္နာပါ.. တဲ့လား??? ေကြၽာ့ခ်င္းက မ်က္ခုံးပင့္လိုက္ၿပီး "ပိုရွင္းေအာင္ ေျပာေပးလို႔ ရမလား"

  လို႔မူဟိုင္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူက လူႀကီးတစ္ေယာက္အေနနဲ႔ ဒီလိုကိစၥမ်ိဳးေတြ ေျပာဖို႔ မသင့္ေပမယ့္ လို႔မိသားစုရဲ႕ အႀကီးအကဲတစ္ေယာက္အေနနဲ႔ သူမကို ဒီေနရာမွာ သတိေပးဖို႔ စဥ္းစားခဲ့သည္။ သူမက ဘယ္လိုေတာင္ ရွင္းရွင္းလင္းလင္း နားမလည္ႏိုင္ရတာလဲ?! သူမက အမွန္တကယ္ပင္ မသိနားမလည္ေသာ မိန္းကေလးတစ္ေယာက္ျဖစ္ေနသည္။ ခုနက ျမင္ျမင္ခ်င္းမွာ ေတြးမိတဲ့ ခံစားခ်က္ေကာင္းေတြေတာင္ ေပ်ာက္ကြယ္သြားေတာ့သည္။

  လို႔မူဟိုင္၏အမူအရာကို ျမင္လိုက္ေတာ့ ႐ႊယ္ရွန္းရွင္းက သူေတြးေနသည့္အရာကို ခန႔္မွန္းႏိုင္လိုက္ၿပီး ျပႆနာမ်ားကို ႏႈိးေဆာ္ရန္ အခြင့္အေရးယူကာ "နင္ကို ပ်ားေတြ၊ လိပ္ျပာေတြကို ဆြဲေဆာင္ဖို႔ အျပင္မထြက္ေစခ်င္ဘူး၊ အဲ့အျပအမူက ရွီးယန္ကို အရွက္ရေစတယ္!"

  ဟုတ္ပါတယ္၊ သူမက ျပႆနာရွာေနတာပါ! ပင္ပန္းႏြမ္းနယ္မႈက ေကြၽာ့ခ်င္းကို ပိုလို႔ေတာင္ စိတ္မရွည္ေစေတာ့ဘူး။ ေကြၽာ့ခ်င္းက ႐ႊယ္ရွန္းရွင္းကို ေအးစက္စြာၾကည့္ရင္း ေအးစက္တဲ့ေလသံနဲ႔ "အမွားအမွန္ကို မသိဘဲ အတင္းအဖ်င္းေတြ ေျပာေနတာက ရွင့္ရဲ႕ တစ္ဘဝလုံးစာ အလုပ္လား? ေျပာတာေတြက အဓိပၸါယ္ရွိရင္ေတာင္ စကားေျပာတဲ့အခါ သက္ေသရွိရမယ္။ ကြၽန္မကို ဘာလို႔ ဒီလိုေျပာရတာလဲ? ကြၽန္မက ပ်ားနဲ႔ လိပ္ျပာေတြကို ဆြဲေဆာင္ေနရေအာင္ ကြၽန္မက ပ်ားေမြးျမဴေရးသမားလား?"

  ေကြၽာ့ခ်င္းရဲ႕ စူးစူးရွရွ အၾကည့္ေတြက ႐ႊယ္ရွန္းရွင္းရဲ႕ ႏွလုံးသားကို တုန္လႈပ္သြားေစေပမယ့္ လို႔မူဟိုင္က သူမေနာက္မွာ ရွိေနၿပီး သူမမွာ ေက်ာေထာက္ေနာက္ခံ ရွိတယ္လို႔ ခံစားရေစခဲ့သည္။

  ထိုေၾကာင့္ သူမက အသံက်ယ္က်ယ္နဲ႔ "ဒီေန႔ ရာဇ၀တ္႐ုံးကတရားသူႀကီး အိမ္ကို ေရာက္လာတယ္၊ ၿပီးေတာ့ နင္နဲ႔ဧကရာဇ္က ႏွစ္ေယာက္အတူ ျမင္းစီးၿပီး ၿမိဳ႕ကို ျဖတ္ေလွ်ာက္ေနၾကတာကို ဘယ္သူမွ မျမင္ဘူးထင္ေနတာလား? မ်က္စိရွိတဲ့ သူတိုင္း ျမင္ႏိုင္တယ္! လူတိုင္းကို ငတုံးေတြလို႔ ထင္မေနနဲ႔။ အခု ျပည္သူေတြက ေျပာေနၾကၿပီ။ ရွီးယန္က နင္က သူ႔မိန္းမလို႔ လူသိရွင္ၾကား ေျပာဖူးတယ္။ ဒါေပမယ့္ နင္က အခု ျမန္ျမန္ဆန္ဆန္ ေလ်ာ့ရဲေနၿပီ၊ နင္ သူ႔မ်က္ႏွာကို ဘယ္နားသြား ထားမွာလဲ?"

  ေကြၽာ့ခ်င္း၏ မ်က္ႏွာ မည္းေမွာင္သြားကာ မ်က္ခုံးမ်ားက အနည္းငယ္ ေမွးက်ဥ္းသြားၿပီး သူမ ေတြးေတာေနပုံ ရသည္။ သူမက ႏႈတ္ဆိတ္ေနၿပီး ယခင္က ေမာက္မာမႈ ေပ်ာက္ကြယ္သြားသည္ကို ျမင္လိုက္ရသျဖင့္ ႐ႊယ္ရွန္းရွင္းက ဂုဏ္ယူစြာ ထပ္ေျပာလာသည္။ "နင္ အခုန မာနႀကီးေနတာ မဟုတ္ဘူးလား ၊ အခု ငါ့ကို ေျပာစရာ မရွိေတာ့ဘူးလား!"

  ေကြၽာ့ခ်င္းက စကားမေျပာေတာ့ေပ၊ ႐ႊယ္ရွန္းရွင္းကဲ့သို႔ ခါးသီးၿပီး ယုတ္မာေသာ ဗီလိန္ႏွင့္ ဆက္ဆံရာတြင္ ေကြၽာ့ခ်င္းက အခ်ိန္မေ႐ြး သူမကို ႏႈတ္ပိတ္သြားေအာင္ လုပ္ႏိုင္သည္။ သို႔ေသာ္ သူမ ေျပာေသာစကားမ်ားက သူမကို သတိေပးေနခဲ့သည္။ ယေန႔ ရွန္ယုလန္က သူမကို ေတြ႕ရန္လာခဲ့သည္မွာ တိုက္ဆိုင္မႈတစ္ခု ျဖစ္ႏိုင္သည္။ သို႔ေသာ္ ယန္းဟုန္ထ်န္း ဝန္ႀကီးခ်ဳပ္အိမ္ေတာ္သို႔ ေရာက္လာတာကေတာ့ သူ႔မွာ ႀကိဳတင္ျပင္ဆင္ထားေသာ အစီအစဥ္တစ္ခု ရွိႏိုင္သည္။ သူမွာ ရထားလုံးေတြ အမ်ားႀကီးရွိေပမယ့္ သူက မစီးဘဲ သူမနဲ႔အတူ ျမင္းစီးၿပီး ၿမိဳ႕ထဲသို႔ ထြက္ခြာခဲ့သည္။ အဲ့တာက သူမကို ရႈခင္းေတြျပၿပီး ေလွာင္ေျပာင္ဖို႔ပဲလား?! မဟုတ္ဘူး! သူက သူမ၏ဂုဏ္သိကၡာကို ဖ်က္စီးၿပီး ရွီးယန္၏မ်က္ႏွာကို အရွက္ကြဲေအာင္ျပဳလုပ္ခ်င္ခဲ့သည္။ ထိုလူက အလြန္႐ြံရွာဖြယ္ေကာင္းသည္။ ႐ႊယ္ရွန္းရွင္းက ထိုကဲ့သို႔ေသာ အခြင့္ေကာင္းတစ္ခုျဖင့္ ေကြၽာ့ခ်င္းကို ဤကဲ့သို႔ ခြင့္မျပဳႏိုင္ေၾကာင့္ ေသခ်ာေပါက္ ထပ္မံေျပာခ်င္ေနသည္။

အသံတိတ္ေနေသာ လို႔ရွီးယန္က ႐ုတ္တရတ္ ဝင္ေျပာလာသည္။ "သူ(မ) ဒီေန႔ အရမ္းပင္ပန္းေနၿပီ၊ အခု မေစာေတာ့ဘူး၊ ေစာေစာျပန္ၿပီး အနားယူသင့္တယ္"

  "ရွီးယန္၊ မင္း ဘာလို႔ အခုထိ သူ႔(မ)ဘက္ကေန ​ေျပာ​ေန​ေသးတာလဲ၊ ဒီလိုမိန္းမမ်ိဳးအတြက္ ေျပာဖို႔ မထိုက္တန္​ဘူး"

  "ဒုတိယအေမ၊ ငါ့မွာ ကိုယ္ပိုင္ စဥ္းမ်ဥ္းေတြရွိတယ္" လို႔ရွီးယန္၏ အသံက အနည္းငယ္ ေအးစက္ေနေသာ္လည္း စိတ္အားထက္သန္ေနသည့္ ႐ႊယ္ရွန္းရွင္းက သတိမထားမိေပ။ ေအးစက္စြာ ၾကည့္ေနေသာ လို႔မူဟိုင္ကေတာ့ ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။ ရွီးယန္က ဒီေကာင္မေလးကို အရမ္းဂ႐ုစိုက္တယ္၊ ထားလိုက္ေတာ့... ရွီးယန္က သူ(မ)ကို ကာကြယ္ေပးေနတာေၾကာင့္ သူက ဒီကေလးမကို မ်က္ႏွာသာ ေပးလိုက္မယ္။

 ႐ႊယ္ရွန္းရွင္းက ဆက္ေျပာေနခ်င္ေပမယ့္ လို႔မူဟိုင္က သူ႔လက္ကို ညင္သာစြာ ေဝွ႔ယမ္းလိုက္ၿပီး အသံက်ယ္က်ယ္နဲ႔ "ေကာင္းၿပီ၊ ဒီကိစၥကို ေမ့လိုက္ၾကရေအာင္၊ ခ်င္းလင္က ဒီေန႔ကစၿပီး အျပင္မထြက္ရေတာ့ဘူး၊ အိမ္မွာေနၿပီး သူမကိုယ္သူမ ျပဳစုပ်ိဳးေထာင္ဖို႔ သီလေစာင့္ရမယ္၊ စိတ္ဓာတ္၊ စည္းကမ္းနဲ႔ သီလကို ပ်ိဳးေထာင္ရမယ္"

  တစ္နည္းဆိုရေသာ္ သူက သူမကို အျပင္မထြက္ရန္ တားျမစ္လိုက္ျခင္းပင္၊ သူမက ရက္ေပါင္းမ်ားစြာ ပိတ္ေလွာင္ခံထားရၿပီး လြတ္လြတ္လပ္လပ္ သြားလာရန္ ခက္ခဲခဲ့သည္။ အဲ့လိုေတြသာ မျဖစ္ခဲ့ရင္ သူမက အျပင္မထြက္ရန္ သေဘာတူမိလိမ့္မည္။ သူမ အျပင္မထြက္ရင္ အကုန္ အဆင္ေျပသြားမွာလား???

မင္းက ဒုကၡကို သြားမရွာဘူးဆိုရင္ေတာင္ ဒုကၡက မင္းရဲ႕ တံခါးကို သဘာဝအတိုင္း ေရာက္လာလိမ့္မယ္။

  ေကြၽာ့ခ်င္းက လို႔မူဟိုင္ကို ထပ္မံၾကည့္လိုက္ၿပီး မဆိုင္းမတြ ျပန္ေျပာလိုက္သည္။ "စစ္သူႀကီးလို႔၊ ကြၽန္မက ဒီလို ေကာလာဟာလေတြနဲ႔ ရွီးယန္ကို ဒုကၡေပးမိပါတယ္။ ကြၽန္မ ေတာင္းပန္ပါတယ္၊ ဒါေပမယ့္ အဲဒါက ကြၽန္မ ျဖစ္ေစခ်င္တာ မဟုတ္ဘူး၊ ေနာင္မွာ ကြၽန္မ ပိုအာ႐ုံစိုက္ၿပီး ေရွာင္ႏိုင္ဖို႔ ႀကိဳးစားပါ့မယ္။ ဒီလိုမ်ိဳးေတြျဖစ္ေနရင္ေတာင္ အျပင္ထြက္ဖို႔ တားျမစ္တာနဲ႔ ပတ္သတ္ၿပီး ကြၽန္မ မလိုက္နာႏိုင္ဘူး"

  လို႔မူဟိုင္၏ မ်က္လုံးမ်ားက ျပဴးက်ယ္သြားသည္။ သူမက အမွန္တကယ္ပင္ သူ႔ကို ျငင္းဆန္ဝံ့သည္။

"သူမ မလိုက္နာႏိုင္ဘူး " ေကာင္းလိုက္တဲ့ အေျဖ...

သူက သူမကို ေလွကားထစ္ေတြကေန ဆင္းခိုင္းခဲ့ေပမယ့္ သူမက မဆင္းဘဲ သူ႔ကိုေတာင္ စိန္ေခၚေနခဲ့သည္။ (ေလွကားထစ္ေတြကေန ဆင္းခိုင္းျခင္း- ရွက္စရာေကာင္းေသာ အေျခအေနမွ ႐ုန္းထြက္ရန္ အခြင့္အေရးေပးျခင္း)

  လို႔မူဟိုင္က သူ႔ေဘးနားမွ စားပြဲနိမ့္ေလးကို ပုတ္ခ်လိုက္ရာ ကြဲအက္သံတစ္ခုၾကားလိုက္ရၿပီး စာပြဲက ႏွစ္ပိုင္းကြဲသြားကာ လက္ဖက္ရည္ပန္းကန္လုံးႏွင့္ ဆီမီးခြက္တင္ခုံတို႔က ၾကမ္းျပင္ေပၚက်သြားၿပီး ကြဲအက္ကုန္သည္။

လို႔မူဟိုင္က ထိုသို႔ေသာ ေဒါသကို ျပလာလိမ့္မည္ဟု ေကြၽာ့ခ်င္းက မေမွ်ာ္လင့္ထားခဲ့ေပ၊ ဤလူက ရွီးယန္၏ဖခင္ျဖစ္ၿပီး၊ သူမကလည္း ဤကိစၥရပ္တြင္ အမွားအယြင္းတစ္ခု ျပဳလုပ္ခဲ့မိသည္။

  ႐ႊယ္ရွန္းရွင္းက ေနာက္ဆုံးေတာ့ ထိတ္လန႔္မႈကေန ျပန္လည္သက္သာလာၿပီး ေကြၽာ့ခ်င္းကို လက္ညႇိဳးထိုးျပၿပီး "သခင္ႀကီး၊ အဲဒါကို ျမင္တယ္မလား? သူ(မ)က ရွီးယန္ရဲ႕မ်က္ႏွာသာေၾကာင့္ ထိန္းမႏိုင္ သိမ္းမရ ျဖစ္ေနၿပီ!!"

သခင္ႀကီးက ျပန္လာရန္ မလြယ္ကူေပ။ သခင္ႀကီးရွိေနတုန္း ဒီမိန္းမကို ေသတဲ့အထိ မႏွိပ္စက္ဘူးဆိုရင္ သူမမ်ိဳး႐ိုးနာမည္က ႐ႊယ္ မဟုတ္ေတာ့ဘူး။

  "သခင္ႀကီး၊ သူ(မ)က ရွင့္ကို လုံးဝ အေလးအနက္မထားဘူး..."

  "ဒါဆို လုံေလာက္ၿပီ" ႐ႊယ္ရွန္းရွင္းက ဝမ္းသာအားရ ေျပာလိုက္ေသာ္လည္း လို႔ရွီးယန္၏ေအးစက္ေသာ ႀကိမ္းေမာင္းမႈေၾကာင့္ သူမပါးစပ္ကို ခ်က္ခ်င္း ပိတ္လိုက္ရသည္။

  "ဒီကိစၥေတြကို ကြၽန္ေတာ္ကိုယ္တိုင္ ကိုင္တြယ္မယ္။ အေဖနဲ႔ဒုတိယအေမက ေစာေစာအိပ္သင့္ၿပီ"

လို႔ရွီးယန္က ေပါ့ေပါ့တန္တန္ ေျပာၿပီးတာနဲ႔ ေကြၽာ့ခ်င္းရဲ႕လက္ကို ကိုင္ကာ ေနာက္ျပန္မလွည့္ေတာ့ဘဲ ထြက္သြားခဲ့သည္။

  သူတို႔. . . . . . သူတို႔.. ငါတို႔ကို ဒီအတိုင္းထားခဲ့တယ္...

"သခင္ႀကီး"

"ရွန္းရွင္း... ထားလိုက္ေတာ့" ႏွစ္ေယာက္သား အတူေလွ်ာက္သြားေနတဲ့ ေက်ာျပင္မ်ားကို စိုက္ၾကည့္ရင္း လို႔မူဟိုင္ရဲ႕ မ်က္လုံးေတြက နာက်င္မႈနဲ႔အတူ ေတာက္ပလာခဲ့ေပမယ့္ လ်င္ျမန္လြန္းတာေၾကာင့္ ဖမ္းမိဖို႔ အခ်ိန္မရွိသေလာက္ပါပဲ။

  လို႔ရွီးယန္၏လက္က ယခင္ကကဲ့သို႔ ေအးစက္ေနေသးေသာ္လည္း သူမ၏လက္ဖဝါးကို ဆုပ္ကိုင္ထားေသာ ခြန္အားက အနည္းငယ္ေလးလံေနၿပီး သူမကို မထိခိုက္ေစခဲ့ေပ။ ေကြၽာ့ခ်င္းက လူႏွစ္ေယာက္၏ ဆုပ္ကိုင္ထားေသာ လက္မ်ားကို တစ္ခ်က္ၾကည့္လိုက္ေသာ္လည္း အဆုံးတြင္ သူမလက္ကို မ႐ုတ္သိမ္းႏိုင္ခဲ့ေပ။ သူမက တစ္လမ္းလုံး စကားမေျပာႏိုင္ဘဲ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္၏ ဆိတ္ၿငိမ္ေသာလမ္းၾကားတြင္ လမ္းေလွ်ာက္ေနခဲ့ၾကသည္။ လို႔ရွီးယန္က သူမကို က်ိဳက္ရွင္းအေဆာင္အထိ လိုက္ပို႔ေပးၿပီး ေကြၽာ့ခ်င္းက တစ္ခုခုေျပာသင့္သည္ဟု ခံစားလိုက္ရသည္။ "ေတာင္းပန္ပါတယ္"

  လို႔ရွီးယန္က လႊတ္ေတာ့မယ့္လက္ကို ထပ္ၿပီး တင္းက်ပ္ေစလိုက္ကာ "မင္းက ဘာလို႔ေတာင္းပန္ေနတာလဲ"

  "ရွင္က ကြၽန္မကို ကူညီခဲ့တယ္၊ ဒါေပမယ့္ ကြၽန္မက ရွင့္ရဲ႕ဂုဏ္သိကၡာကို ပ်က္စီးေစခဲ့တယ္"

လို႔ရွီးယန္က သူမကို နန္းေတာ္ထဲကေန ေခၚမထုတ္ခဲ့ဘူးဆိုရင္ သူမ ယြင္နဲ႔ေတြ႕ရဖို႔ အခြင့္အေရးရွိမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ခ်မ္က်င္းနဲ႔လည္း ေတြ႕ဆုံႏိုင္ခဲ့သည္။ ဒါေပမယ့္ ယန္းဟုန္ထ်န္းက ဒီလိုလုပ္မယ္လို႔ သူမ မေမွ်ာ္လင့္ထားခဲ့ပါဘူး။ ေယာက်ာ္းတစ္ေယာက္အေနနဲ႔ ေဖာက္ျပန္မႈက အျပင္းထန္ဆုံး ေစာ္ကားမႈျဖစ္ႏိုင္သည္။ ယန္းဟုန္ထ်န္းရဲ႕လုပ္ရပ္က တကယ့္ကို ရက္စက္လြန္းေနသည္။

  လို႔ရွီးယန္က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးၿပီး "ကိုယ္က ေယာက္်ားပါ၊ ဒီအရာေတြက ကိုယ့္အေပၚ သက္ေရာက္မႈရွိမွာ မဟုတ္ဘူး။ မင္းလည္း အရမ္းႀကီး စဥ္းစား မေနပါနဲ႔၊ အဲ့တာေတြကို ကိုယ္ ဂ႐ုစိုက္လိုက္ပါ့မယ္"

  သူ႔ရဲ႕အၿပဳံးမပ်က္ တည္ၿငိမ္ေနတဲ့ မ်က္လုံးေတြနဲ႔ ႏူးညံေသာ အသံတိုးတိုးမွာ ျငင္းဆန္လို႔ မရႏိုင္တဲ့စြမ္းအားေတြ ပါဝင္ေနသလို မသိစိတ္ကေန သူ႔ကို အားကိုးမိၿပီး ယုံၾကည္မႈေတြ တိုးလာေစတယ္လို႔ ေကြၽာ့ခ်င္းက ဝန္ခံခ်င္ခဲ့သည္။ ၿပီးေတာ့ ေကြၽာ့ခ်င္းက သူမ်ားေတြက သူမကို ခ်ီးမႊမ္းတာ ဒါမဟုတ္ ႏွိမ္ုခ်တာေတြကို လုံးဝ ဂ႐ုစိုက္တဲ့သူ မဟုတ္ပါဘူး။ အဲ့တာေၾကာင့္ ေကြၽာ့ခ်င္းက ေခါင္းကို ယမ္းကာ ေပါ့ေပါ့ပါးပါး ရယ္လိုက္ၿပီး "ရွင္ ကြၽန္မကို စိတ္ပူစရာ မလိုပါဘူး၊ ကြၽန္မက ဒီလို ရယ္စရာေကာင္းတဲ့ ေကာလာဟလေတြကို ဂ႐ုမစိုက္ပါဘူး၊ သူမ်ားေတြ ကြၽန္မကို ဘယ္လိုထင္ထင္ ကြၽန္မ ဂ႐ုမစိုက္ဘူး"

  အနည္းငယ္ က်ယ္ဝန္းေသာ သူမ၏မ်က္လုံးမ်ားတြင္ ၾကယ္မ်ားထက္ ပို၍ စူးရွေသာ အလင္းတန္းတစ္ခု ရွိေနၿပီး သူမ၏ ႏႈတ္ခမ္းေထာင့္မ်ားက သူမ၏ သူတပါးေပၚ အထင္အျမင္ေသးမႈႏွင့္ မထီမဲ့ျမင္ျပဳမႈတို႔ကို ျပသေနသည္။ လို႔ရွီးယန္က သူမ တမင္ ျပသရန္ ႀကိဳးစားေနတာ မဟုတ္ေၾကာင္း ခံစားႏိုင္သည္။ အဲ့တာေတြက သူမ၏ကိုယ္ပိုင္ ယုံၾကည္မႈႏွင့္ ေမာက္မာမႈပင္။

လို႔ရွီးယန္က သူမလက္ကို ထပ္ၿပီး တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ရင္း ေခါင္းညိတ္ကာ ေလးေလးနက္နက္ ေျပာလိုက္သည္။ "တကယ္ေတာ့ အဲ့ဒါက ေကာင္းပါတယ္"

  သူတို႔လက္ဖဝါးေတြက တစ္ေယာက္ကိုတစ္ေယာက္ ထိမိေနတာာေၾကာင့္ ေကြၽာ့ခ်င္းက သတိလြတ္ေနၿပီး "ဘာေကာင္းတာလဲ?"

  "မင္းက ဘယ္ေလာက္ေကာင္းမြန္လဲဆိုတာ ဘယ္သူမွ မသိႏိုင္ေတာ့ဘူး၊ ဒါေၾကာင့္ ဘယ္သူမွ ကိုယ္ဆီကေန လာမလုေတာ့ဘူးေပါ့"

အဲ့ဒိ အသံတိုးတိုးက ေလထဲမွာ လြင့္ေမ်ာလုနီးပါးျဖစ္ေနတာေၾကာင့္ ေကြၽာ့ခ်င္းက သူမ နားၾကားမွားေနတယ္လို႔ ထင္ေနခဲ့သည္။

  "ရွင္........"##,##,##,#

ေကြၽာ့ခ်င္းပါးစပ္ကို ဖြင့္လိုက္ေသာ္လည္း သူမ ဘာေျပာခ်င္မွန္း မသိေလာက္ေအင္ ေအးခဲေနမိသည္။

သူရဲ႕ ၿပီးျပည့္စုံတဲ့ မ်က္ႏွာသြင္ျပင္က လေရာင္ေၾကာင့္ ၾကည္လင္ၿပီး မ်က္လုံးက်ဥ္းက်ဥ္းေလးေတြက စိုစြတ္ေနကာ ႏႈတ္ခမ္းေတြက ေပါ့ေပါ့ပါးပါး အၿပဳံးက မပ်က္မယြင္းရွိေနသည္။ ညေလညင္းက သူတို႔၏ တြဲက်လုနီးပါးျဖစ္ေနသာ အဝတ္အစားမ်ားကို လြင့္ပ်ံေနေစသည္။ ေလထဲတြင္ စီးဆင္းေနေသာ မသဲကြဲေသာ အေငြ႕အသက္မ်ားက ေကြၽာ့ခ်င္းကို အခ်ိန္အေတာ္ၾကာေအာင္ တုံ႔ဆိုင္းေစၿပီး သူမက ဘာဆက္ေျပာရမွန္း မသိျဖစ္ေနသည္။

  "သြားအိပ္ေတာ့၊ ကိုယ္က အရာရာကို ဂ႐ုစိုက္ေပးပါ့မယ္" သူက တိုးတိုးေလး ထပ္‌ေျပာလာၿပီး ထိုလွပေသာ မ်က္ႏွာေလးက သူမဆီသို႔ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာသည္ကို သူမ သိေနေသာ္လည္း တုံ႔ျပန္ရန္ ေႏွးေကြးေနၿပီး သူမ မလႈပ္ရွားႏိုင္ေတာ့ေပ။ တကယ္က မလႈပ္ရွားႏိုင္တာ မဟုတ္ဘူး မလႈပ္ရွားခ်င္တာ...

သူက သူမႏႈတ္ခမ္းေတြကို နမ္းမယ္လို႔ သူမ ထင္ေပမယ့္ သူမ ႏႈတ္ခမ္းေထာင့္စြန္းကို ႏူးညံ့တဲ့ အနမ္းတစ္ခု က်ေရာက္လာခဲ့သည္။ သူ႔ရဲ႕ ေႏြးေထြးတဲ့ အသက္ရႈသံေတြက သူမရဲ႕ ပါးျပင္ေပၚကို ထိမိသြားၿပီး သူမကို ဖ်န္းခနဲ ဖ်န္းခနဲ ခံစားရေစခဲ့သည္။ သူမ ရင္ဘတ္ထဲက ႏွလုံးသားက အျပင္ကို ခုန္ထြက္လုမတတ္ ျဖစ္သြားခဲ့သည္။ ထိုကဲ့သို႔ ႏူးညံ့သိမ္ေမြ႕ေသာ အနမ္းက လူအမ်ား၏ ႏွလုံးသားကို တုန္လႈပ္သြားေစရန္ လုံေလာက္ေၾကာင္း ပထမဆုံးအႀကိမ္ သူမ သိလိုက္ရသည္။

  သူမစိတ္ေတြ ခဏေလာက္ လြတ္သြားခ်ိန္တြင္ သူက သူမလက္ကို ျဖည္းညႇင္းစြာ လႊတ္လိုက္ၿပီး ေနာက္လွည့္ကာ ျဖည္းညင္းစြာ ထြက္ခြာသြားသည္။ ေကြၽာ့ခ်င္းက သူမ မ်က္လုံးေရွ႕မွ သူ႔အရိပ္ ေပ်ာက္ကြယ္သြားမွသာ အသိျပန္ဝင္လာခဲ့သည္။

တစ္ခ်ိန္တည္းမွာပင္ သူမ ကူကယ္ရာမဲ့ ေအာ္ငိုခ်င္ေနမိေတာ့သည္။

သူမ ဘာေတြ လုပ္ေနမိတာလဲ???

နမ္း႐ုံေလးပဲ မဟုတ္ဘူးလား... အဲ့တာက ႏႈတ္ခမ္းကို မဟုတ္တာေတာင္ သူမက မ်က္ႏွာေတြ နီရဲေနေအာင္ၿပီး ရွက္ေနၿပီး ႏွလုံးသားက ခုန္ေပါက္ေနလိုက္တာ ဆိုတာမွ...

ေနာက္ဆုံးေတာ့ အဲ့တာက လို႔ရွီးယန္ရဲ႕ အျပစ္ေတြခ်ည္းပဲ... သူက မထင္မွတ္ပဲ နမ္းလိုက္ၿပီး စကားမေျပာဘဲ ထြက္သြားတယ္...

  .(T/N: ယြင္တို႔ ၊ ခ်င္းတို႔ကေလ မွားေရးတာမဟုတ္ပါဘူး၊ E-tran မွာေရာ မူရင္းမွာပါ အဲ့လိုေလးေတြ ေရးထားတာပါ၊ ကိုယ္လဲခ်စ္လို႔ အဲ့လိုေလးေတြပဲ ေရးလိုက္တယ္ေနာ္)

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

6.2K 529 14
ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍
99.7K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
232K 37.4K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...