အပိုင်း (၃၄၁) အတိတ်က သဲလွန်စပြန်ပေါ်လာတယ်
နောက်တစ်စက္ကန့်တွင် ဖူကျို့၏ခြေလှမ်းများသည် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မလှမ်းတော့ချေ။
နေ့လယ်ခင်း၏နေရောင်ခြည်သည် လူများထံသို့ ဤသို့သောနွေးထွေးမှုကို သယ်ဆောင်လာခဲ့၏။
စည်ကားလှသည့်လမ်းပေါ်ရှိ လူအချို့သည် မော့ကြည့်လိုက်ကြ၏။
လူတချို့က အံ့ဩနေပြီး တချို့မှာ ရယ်မောနေကြကာ တချို့က စကားစမြည်ပြောနေကြလေသည်။
“ ဘုရားရေး အဲဒါ ငါတို့ရဲ့ နံပါတ်တစ်လေးပဲ”
“ ဆာဗာတစ်ခုလုံးမှာ နံပါတ်တစ် ငါ့ရဲ့အချစ်ရဆုံး ဟိုရှီနို ချောလိုက်တာဟယ်”
“ငါ မနေ့တုန်းကတောင် ကြီးမြတ်လှတဲ့ ဟိုရှီနိုရဲ့ ကုန်ပစ္စည်းခွဲလေးတချို့ ဝယ်ခဲ့သေးတယ်၊ မနေနိုင်ဘူးလေ၊ ပစ္စည်းတွေက အရမ်းချစ်စရာကောင်းတာပဲ၊ အများစုက ပစ္စည်းတောင် ပြတ်သွားပြီတဲ့”
“ အဲဒီအပြုံးလေးကို တွေ့လိုက်လား၊ ငါ့နှလုံးသားလေး လှုပ်ခါသွားပြီဟယ်”
ထိုစကားကို ပြောလိုက်သူမှာ ဖူကျို့ဘေးတွင် ရပ်နေသည့် မိန်းကလေး ဖြစ်၏။ သူမသည် လှည့်ကြည့်လိုက်ရာ ဟိုရှီနို၏ ချောမောမှုနှင့် ယှဥ်နိုင်သည့် ချောမောသည့် ငွေရောင်ဆံပင်နှင့် ကောင်လေးကို တွေ့သွားပြီး ချက်ချင်းလိုပင် တောင့်တင်းသွားတော့သည်။
ဖူကျို့၏မျက်လုံးများသည် စည်ကားနေသည့်လမ်းပေါ်က LED စခရင်ကြီးပေါ်သို့ ကျရောက်နေလေသည်။
သူမသည် ထိုလူကို သိလေသည်။
သူမသည် သူ့ကို ကောင်းကောင်းသိနေသဖြင့် လှမ်းကြည့်ရန် ရပ်လိုက်ခြင်းဖြစ်၏။
ချင်မော့သည် ကောင်လေးက သူ့နောက်တွင် မရှိတော့သည်ကို သိသွားတော့သည်။ သူသည် နောက်လှည့်ကြည့်လိုက်စဥ် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး မော့ကြည့်နေသည့် ကောင်လေးကို တွေ့လိုက်တော့သည်။ စခရင်ကို အာရုံစိုက်နေသည့် သူ့မျက်လုံးများသည် အလွန်နူးညံ့နေ၏။
နူးညံ့နေတာပဲလား။
အဲဒါတင် မဟုတ်ဘူး၊ သူ့မျက်လုံးထဲမှာ ပိုသာတဲ့ခံစားချက်တွေ ရှိနေတယ်။
သူ့ဆီက ဒီလို လေးနက်တဲ့အကြည့်ကို ထိုက်ထိုက်တန်တန် ရသွားတဲ့သူက ဘယ်လိုလူများလဲ။
ချင်မော့လည်း စခရင်ကို ကြည့်လိုက်၏။
ဟိုရှီနို ဒီနှစ်နှစ်အတွင်းမှာ ပေါ်လာတဲ့ အွန်လိုင်းဂိမ်းကစားသမား၊ တိုကျိုမှာ ယှဥ်လို့မရနိုင်လောက်အောင်ကို နာမည်ကြီးတယ်။
သူ အရမ်းနာမည်ကြီးလာရတဲ့ အကြောင်းအရင်းက ပြိုင်ပွဲဝင်ရလာဒ်ကောင်းရှိရုံတင်မကဘူး သူ့ချောမောတဲ့ရုပ်ရည်က ရုပ်ရှင်မင်းသားတစ်ယောက်ထက်တောင် သာသေးတယ်။
“ မင်း သူ့ကို သိတယ်လား”
ဒါသည် ချင်မော့၏ ပထမမေးခွန်းဖြစ်၏။
ဖူကျို့သည် လှည့်လာပြီး သူမ၏ငွေရောင်ဆံပင်သည် ဘေးတွင် ကျနေ၏။
“ ဟင့်အင်း သူက ချောတယ်လို့ တွေးမိသွားလို့”
“ဟုတ်လား”
ချင်မော့သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။
ဖူကျို့က အော်ရယ်လိုက်၏။
“ တကယ်တော့ ငါလေး သူ့ကို သိတယ်၊ဒါပေမဲ့ သူက ငါလေးကို မသိပါဘူး၊ အရင် သူ့ဂိမ်းတွေကို ကြည့်ခဲ့တယ်လေ၊ အရမ်းမိုက်တယ်”
ချင်မော့သည် ကောင်လေးကို အနည်းငယ်ထပ်ကြည့်လိုက်ပြီး ဘာမှမမဖြစ်ဟန်ဖြင့် ပြောလိုက်လေသည်။
“သိပြီ”
ကြီးမြတ်လှသည့်သခင်လေးသည် အပြင်ပန်း၌ လက်ခံလိုက်သော်လည်း အမှန်တွင်တော့ သူမကို မယုံချေ။
ဖူကျို့သည် သူမ အလွန်သိသာသွားသည်ကို သိလိုက်၏။
ဟိုရှီနိုက စခရင်ပေါ်တွင် ရုတ်တရက်ပေါ်လာသောကြောင့် ရပ်လိုက်မိလေသည်။
သို့သော် သူမသည် ဘာတစ်ခုမှ လုပ်ရန်အစီအစဥ်မရှိပေ။
နင်လည်း ဘဝကို ဆက်လျှောက်ရမှာပဲလေ။
ဟိုရှီနိုလည်း အခုလောက်ဆိုရင် တော်တော်ပျော်စရာကောင်းတဲ့ဘဝတစ်ခု ရနေလောက်မှာပါ။
ပြီးတော့ ဒါကို သိရင်ပဲ လုံလောက်နေပြီလေ။
သူမသည် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ရန် အရင်ကသုံးခဲ့သည့် ကတ်များနှင့် ဘဏ်အကောင့်အားလုံးကိုပင် မထိခဲ့ချေ။
ကိစ္စများကို တစ်ခုပြီး တစ်ခု သေချာဂရုစိုက်ရန် လိုပေသည်။
သို့သော် ဖူကျို့သည် သူမ၏မျက်နှာထားမှာ အပြင်လူ၏အမြင်တွင် ပြောင်းလဲနေသည်ကိုတော့ မသိခဲ့ချေ။
ချင်မော့သည် ကောင်လေးကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဘာခံစားချက်မှ ဖော်ပြမထားပေ။ သူ့လက်ချောင်းများသည် မသိမသာ ရပ်တန့်သွားပြီး ထိုရှည်လျားကျဥ်းမြောင်းသည့်မျက်လုံးများသည် ပုံမှန်အပူချိန်တွင် ရှိမနေချေ။
နောက်ဆုံးတွင် သူတို့သည် အလွန်ဝေးသည်အထိ လျှောက်သွားလိုက်ကြပြီးနောက် အပြန်တွင် ကားစီးလာကြ၏။
သို့သော် ဤနေရာတွင် လမ်းအခြေအနေကြောင့် အများပြည်သူသုံးယာဥ်သာရှိလေသည်။
တိုကျိုထရော်လီဘတ်စ်သည် အတွင်းပိုင်းတွင် အပူပေးစနစ်ရှိပြီး အလွန်သန့်ရှင်း၏။
သို့သော် အများပြည်သူသုံးယာဥ်ဖြစ်သည်နှင့်အညီ လူများပြည့်ကျပ်နေသည်။
ဘတ်စ်ကားအပြင်ဘက် မြင်ကွင်းသည် ဆက်တိုက်ပြောင်းနေ၏။
ဖူကျို့သည် အတွင်းပိုင်းတွင် ဖျစ်ညှစ်ခံထားရသကဲ့သို့ ခံစားနေရသည်။
ချင်မော့သည်ပင် ဤသို့သော ပတ်ဝန်းကျင်မျိုးနှင့် အသားမကျပေ။
ကြီးမြတ်လှသည့်သခင်လေး၏ ဘဝတစ်လျှောက်လုံးတွင် ဒါသည် အများပြည်သူသုံးယာဥ်ကို အသုံးပြုဖူးသည့် ပထမဆုံးအကြိမ်ဖြစ်မည်မှာ ဖူကျို့ သေချာသိနေလေသည်။
အကြောင်းမှာ သူမသည် ထိုချောမော နူးညံ့လှသည့် မျက်နှာကို အချိန်အကြာကြီး ကြည့်နေမိသောကြောင့်ပင်။ ဦးလေးကြီးတစ်ယောက်သည် ကားပေါ်တက်လာပြီး ဖူကျို့ကို တိုက်မိလို ဖြစ်သွား၏။
ချင်မော့သည် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ပြီး ကောင်လေးကို ဆွဲသွင်းလိုက်ကာ သူ့ရင်ဘတ်ကျယ်ကြီးထဲတွင် ဖိသိပ်ထားလိုက်တော့သည်။
...
Zawgyi
အပိုင္း (၃၄၁) အတိတ္က သဲလြန္စျပန္ေပၚလာတယ္
ေနာက္တစ္စကၠန့္တြင္ ဖူက်ိဳ႕၏ေျခလွမ္းမ်ားသည္ ရပ္တန့္သြားၿပီး ေရွ႕သို႔ ဆက္မလွမ္းေတာ့ေခ်။
ေန႕လယ္ခင္း၏ေနေရာင္ျခည္သည္ လူမ်ားထံသို႔ ဤသို႔ေသာေႏြးေထြးမႈကို သယ္ေဆာင္လာခဲ့၏။
စည္ကားလွသည့္လမ္းေပၚရွိ လူအခ်ိဳ႕သည္ ေမာ့ၾကည့္လိုက္ၾက၏။
လူတခ်ိဳ႕က အံ့ဩေနၿပီး တခ်ိဳ႕မွာ ရယ္ေမာေနၾကကာ တခ်ိဳ႕က စကားစျမည္ေျပာေနၾကေလသည္။
“ ဘုရားေရး အဲဒါ ငါတို႔ရဲ႕ နံပါတ္တစ္ေလးပဲ”
“ ဆာဗာတစ္ခုလုံးမွာ နံပါတ္တစ္ ငါ့ရဲ႕အခ်စ္ရဆုံး ဟိုရွီနို ေခ်ာလိုက္တာဟယ္”
“ငါ မေန႕တုန္းကေတာင္ ႀကီးျမတ္လွတဲ့ ဟိုရွီနိုရဲ႕ ကုန္ပစၥည္းခြဲေလးတခ်ိဳ႕ ဝယ္ခဲ့ေသးတယ္၊ မေနနိုင္ဘူးေလ၊ ပစၥည္းေတြက အရမ္းခ်စ္စရာေကာင္းတာပဲ၊ အမ်ားစုက ပစၥည္းေတာင္ ျပတ္သြားၿပီတဲ့”
“ အဲဒီအၿပဳံးေလးကို ေတြ႕လိုက္လား၊ ငါ့ႏွလုံးသားေလး လႈပ္ခါသြားၿပီဟယ္”
ထိုစကားကို ေျပာလိုက္သူမွာ ဖူက်ိဳ႕ေဘးတြင္ ရပ္ေနသည့္ မိန္းကေလး ျဖစ္၏။ သူမသည္ လွည့္ၾကည့္လိုက္ရာ ဟိုရွီနို၏ ေခ်ာေမာမႈႏွင့္ ယွဥ္နိုင္သည့္ ေခ်ာေမာသည့္ ေငြေရာင္ဆံပင္ႏွင့္ ေကာင္ေလးကို ေတြ႕သြားၿပီး ခ်က္ခ်င္းလိုပင္ ေတာင့္တင္းသြားေတာ့သည္။
ဖူက်ိဳ႕၏မ်က္လုံးမ်ားသည္ စည္ကားေနသည့္လမ္းေပၚက LED စခရင္ႀကီးေပၚသို႔ က်ေရာက္ေနေလသည္။
သူမသည္ ထိုလူကို သိေလသည္။
သူမသည္ သူ႕ကို ေကာင္းေကာင္းသိေနသျဖင့္ လွမ္းၾကည့္ရန္ ရပ္လိုက္ျခင္းျဖစ္၏။
ခ်င္ေမာ့သည္ ေကာင္ေလးက သူ႕ေနာက္တြင္ မရွိေတာ့သည္ကို သိသြားေတာ့သည္။ သူသည္ ေနာက္လွည့္ၾကည့္လိုက္စဥ္ လက္တစ္ဖက္ကို အိတ္ကပ္ထဲထည့္ထားၿပီး ေမာ့ၾကည့္ေနသည့္ ေကာင္ေလးကို ေတြ႕လိုက္ေတာ့သည္။ စခရင္ကို အာ႐ုံစိုက္ေနသည့္ သူ႕မ်က္လုံးမ်ားသည္ အလြန္ႏူးညံ့ေန၏။
ႏူးညံ့ေနတာပဲလား။
အဲဒါတင္ မဟုတ္ဘူး၊ သူ႕မ်က္လုံးထဲမွာ ပိုသာတဲ့ခံစားခ်က္ေတြ ရွိေနတယ္။
သူ႕ဆီက ဒီလို ေလးနက္တဲ့အၾကည့္ကို ထိုက္ထိုက္တန္တန္ ရသြားတဲ့သူက ဘယ္လိုလူမ်ားလဲ။
ခ်င္ေမာ့လည္း စခရင္ကို ၾကည့္လိုက္၏။
ဟိုရွီနို ဒီႏွစ္ႏွစ္အတြင္းမွာ ေပၚလာတဲ့ အြန္လိုင္းဂိမ္းကစားသမား၊ တိုက်ိဳမွာ ယွဥ္လို႔မရနိုင္ေလာက္ေအာင္ကို နာမည္ႀကီးတယ္။
သူ အရမ္းနာမည္ႀကီးလာရတဲ့ အေၾကာင္းအရင္းက ၿပိဳင္ပြဲဝင္ရလာဒ္ေကာင္းရွိ႐ုံတင္မကဘူး သူ႕ေခ်ာေမာတဲ့႐ုပ္ရည္က ႐ုပ္ရွင္မင္းသားတစ္ေယာက္ထက္ေတာင္ သာေသးတယ္။
“ မင္း သူ႕ကို သိတယ္လား”
ဒါသည္ ခ်င္ေမာ့၏ ပထမေမးခြန္းျဖစ္၏။
ဖူက်ိဳ႕သည္ လွည့္လာၿပီး သူမ၏ေငြေရာင္ဆံပင္သည္ ေဘးတြင္ က်ေန၏။
“ ဟင့္အင္း သူက ေခ်ာတယ္လို႔ ေတြးမိသြားလို႔”
“ဟုတ္လား”
ခ်င္ေမာ့သည္ ထိုအေၾကာင္းအရာကို ဆက္မေျပာေတာ့ေပ။
ဖူက်ိဳ႕က ေအာ္ရယ္လိုက္၏။
“ တကယ္ေတာ့ ငါေလး သူ႕ကို သိတယ္၊ဒါေပမဲ့ သူက ငါေလးကို မသိပါဘူး၊ အရင္ သူ႕ဂိမ္းေတြကို ၾကည့္ခဲ့တယ္ေလ၊ အရမ္းမိုက္တယ္”
ခ်င္ေမာ့သည္ ေကာင္ေလးကို အနည္းငယ္ထပ္ၾကည့္လိုက္ၿပီး ဘာမွမမျဖစ္ဟန္ျဖင့္ ေျပာလိုက္ေလသည္။
“သိၿပီ”
ႀကီးျမတ္လွသည့္သခင္ေလးသည္ အျပင္ပန္း၌ လက္ခံလိုက္ေသာ္လည္း အမွန္တြင္ေတာ့ သူမကို မယုံေခ်။
ဖူက်ိဳ႕သည္ သူမ အလြန္သိသာသြားသည္ကို သိလိုက္၏။
ဟိုရွီနိုက စခရင္ေပၚတြင္ ႐ုတ္တရက္ေပၚလာေသာေၾကာင့္ ရပ္လိုက္မိေလသည္။
သို႔ေသာ္ သူမသည္ ဘာတစ္ခုမွ လုပ္ရန္အစီအစဥ္မရွိေပ။
နင္လည္း ဘဝကို ဆက္ေလွ်ာက္ရမွာပဲေလ။
ဟိုရွီနိုလည္း အခုေလာက္ဆိုရင္ ေတာ္ေတာ္ေပ်ာ္စရာေကာင္းတဲ့ဘဝတစ္ခု ရေနေလာက္မွာပါ။
ၿပီးေတာ့ ဒါကို သိရင္ပဲ လုံေလာက္ေနၿပီေလ။
သူမသည္ သူမ၏သ႐ုပ္မွန္ကို ဖုံးကြယ္ရန္ အရင္ကသုံးခဲ့သည့္ ကတ္မ်ားႏွင့္ ဘဏ္အေကာင့္အားလုံးကိုပင္ မထိခဲ့ေခ်။
ကိစၥမ်ားကို တစ္ခုၿပီး တစ္ခု ေသခ်ာဂ႐ုစိုက္ရန္ လိုေပသည္။
သို႔ေသာ္ ဖူက်ိဳ႕သည္ သူမ၏မ်က္ႏွာထားမွာ အျပင္လူ၏အျမင္တြင္ ေျပာင္းလဲေနသည္ကိုေတာ့ မသိခဲ့ေခ်။
ခ်င္ေမာ့သည္ ေကာင္ေလးကို ၾကည့္လိုက္၏။ သူ႕မ်က္ႏွာေပၚတြင္ ဘာခံစားခ်က္မွ ေဖာ္ျပမထားေပ။ သူ႕လက္ေခ်ာင္းမ်ားသည္ မသိမသာ ရပ္တန့္သြားၿပီး ထိုရွည္လ်ားက်ဥ္းေျမာင္းသည့္မ်က္လုံးမ်ားသည္ ပုံမွန္အပူခ်ိန္တြင္ ရွိမေနေခ်။
ေနာက္ဆုံးတြင္ သူတို႔သည္ အလြန္ေဝးသည္အထိ ေလွ်ာက္သြားလိုက္ၾကၿပီးေနာက္ အျပန္တြင္ ကားစီးလာၾက၏။
သို႔ေသာ္ ဤေနရာတြင္ လမ္းအေျခအေနေၾကာင့္ အမ်ားျပည္သူသုံးယာဥ္သာရွိေလသည္။
တိုက်ိဳထေရာ္လီဘတ္စ္သည္ အတြင္းပိုင္းတြင္ အပူေပးစနစ္ရွိၿပီး အလြန္သန့္ရွင္း၏။
သို႔ေသာ္ အမ်ားျပည္သူသုံးယာဥ္ျဖစ္သည္ႏွင့္အညီ လူမ်ားျပည့္က်ပ္ေနသည္။
ဘတ္စ္ကားအျပင္ဘက္ ျမင္ကြင္းသည္ ဆက္တိုက္ေျပာင္းေန၏။
ဖူက်ိဳ႕သည္ အတြင္းပိုင္းတြင္ ဖ်စ္ညွစ္ခံထားရသကဲ့သို႔ ခံစားေနရသည္။
ခ်င္ေမာ့သည္ပင္ ဤသို႔ေသာ ပတ္ဝန္းက်င္မ်ိဳးႏွင့္ အသားမက်ေပ။
ႀကီးျမတ္လွသည့္သခင္ေလး၏ ဘဝတစ္ေလွ်ာက္လုံးတြင္ ဒါသည္ အမ်ားျပည္သူသုံးယာဥ္ကို အသုံးျပဳဖူးသည့္ ပထမဆုံးအႀကိမ္ျဖစ္မည္မွာ ဖူက်ိဳ႕ ေသခ်ာသိေနေလသည္။
အေၾကာင္းမွာ သူမသည္ ထိုေခ်ာေမာ ႏူးညံ့လွသည့္ မ်က္ႏွာကို အခ်ိန္အၾကာႀကီး ၾကည့္ေနမိေသာေၾကာင့္ပင္။ ဦးေလးႀကီးတစ္ေယာက္သည္ ကားေပၚတက္လာၿပီး ဖူက်ိဳ႕ကို တိုက္မိလို ျဖစ္သြား၏။
ခ်င္ေမာ့သည္ ျမန္ျမန္ဆန္ဆန္ တုံ႕ျပန္လိုက္ၿပီး ေကာင္ေလးကို ဆြဲသြင္းလိုက္ကာ သူ႕ရင္ဘတ္က်ယ္ႀကီးထဲတြင္ ဖိသိပ္ထားလိုက္ေတာ့သည္။
...