အပိုင်း (၃၄၀) နှင်းထဲမှာ လမ်းလျှောက်မယ်
“ စိတ်မပူပါနဲ့ ငါတို့ နိုင်မှာပါ”
သူတို့မှာ Spade Z ရှိသေးတယ်လေ။
သူတို့သည် ထိုသို့စဥ်းစားလိုက်ရင်း ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန်တို့သည် ဖူကျို့ရှိရာဖက်သို့ တစ်စပ်တည်း ကြည့်လိုက်ကြလေသည်။
ဖူကျို့သည် သည်တစ်ကြိမ်တွင် ရယ်မောမနေချေ။ သူမသည် စခရင်ကို ကြည့်နေ၏။ သူမ စဥ်းစားနေသည့်အရာကို မည်သူမှ မသိကြပေ။
ထိုအခိုက်အတန့်တွင် ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန်တို့သည် ချင်မော့က ဖူကျို့၏ မျက်လုံးကို ကာကွယ်ရန်အတွက် သူမကို ဝင်ပြိုင်ခွင့်မပေးဖို့ ဆုံးဖြတ်ထားခဲ့သည်ကို မသိကြပေ။
ဆာကူရာအသင်း၏ ပြိုင်ပွဲဝင်ဗွီဒီယိုကို ကြည့်လိုက်ကြပြီးနောက် အသင်းပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးသည် ပြောင်းလဲသွားတော့သည်။
မျက်လုံးများထဲတွင် ပြောင်းလဲမှုတစ်ခု အစပြုသွားပြီး သင် မသိလိုက်ခင်မှာပင် သူ့အစိတ်အပိုင်းတစ်ခု ဖြစ်အောင် လုပ်လိုက်တော့သည်။
အားလုံးသည် လေ့ကျင့်နေကြစဥ် ဖူကျို့သည်လည်း အသည်းအသန် ကစားချင်နေ၏။ အစပိုင်း၌ သူမသည် ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ် ငုံကာ ထိုင်နေ၏။
ထို့နောက် သူမ၏မျက်လုံးများသည် မနေနိုင်တော့ဘဲ ကွန်ပျူတာစခရင်ကို ကြည့်လိုက်တော့သည်။
ချင်မော့သည် ဖူကျို့နှင့် အလွန်ဝေးဝေးတွင် ထိုင်နေ၏။ သူသည် စီးကရက်ကို ထုတ်လိုက်ပြီး ထရပ်လိုက်ကာ လူငယ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။
“ထတော့”
“ဟင်”
“ ဆေးထည့်ရမဲ့အချိန်ရောက်ပြီ”
ချင်မော့သည် အမှန်ပင် အစ်ကိုကြီးပီသလှပေသည်။ မျက်စဥ်းဆေးကို တစ်ချိန်လုံး သူနှင့်မကွာ ယူလာခဲ့၏။
ဆေးထည့်နေစဥ်မှာပင် ဖူကျို့သည် သူမ၏ခေါင်းကို စောင်းကာ စခရင်ကို ကြည့်နေဆဲ။
ချင်မော့၏ လက်သည် လူငယ်လေး၏မေးကို ကိုင်ထား၏။ သူ့ခေါင်းကို စောင်းထားသည်ကို မြင်လိုက်ချိန်၌ ဘာမှ မပြောလိုက်ချေ။
ဖူကျို့သည် စကားစပြောလိုက်၏။ သူမသည် ဆေးကြောင့် မျက်လုံးစပ်သွားသဖြင့် ခပ်မြန်မြန် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးတစ်လုံးထဲကို ဖွင့်ထားကာ
“ မနက်ဖြန် ငါလေးကို ပေးဆော့၊ ငါမပါရင် အဲဒီရှူဂျိကို တားနိုင်ဖို့မလွယ်မှာ စိုးတယ်”
သူ့မှာ အံ့ဩစရာကောင်းတဲ့ လက်အမြန်နှုန်းရှိနေတယ်။ အဲဒါတင်မက အရေးအကြီးဆုံးက သူ ဘယ်အချိန်ထွက်လာပြီး တိုက်ခိုက်မလဲဆိုတာ မသိနိုင်ဘူး။
ဂိမ်းထဲမှာ သစ်တောထဲမှာ ပုန်းလို့ရတယ်လေ ပြီးတော့ ဘယ်သူမှ တွေ့မှာမဟုတ်ဘူး။
သူ့ကို တားဖို့ဆိုရင် နေရာယူမှန်ဖို့နဲ့ အမြန်နှုန်း နှစ်ခုလုံးရှိဖို့လိုတယ်၊ ပြီးတော့ အဓိကအချက်က ခြုံခိုတိုက်ခိုက်တယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပာယ်ကို သိဖို့ပဲ။
ဖူကျို့သည် ဟက်ကာ တစ်ယောက်ဖြစ်၏။ ရှူဂျိနှင့်ယှဥ်လျှင် သူမသည် အယောင်ဆောင် တိုက်ခိုက်ရာတွင် ပိုတော်ပြီး ထိုအချက်အကြောင့်ပင် သူမသည် သူ့ကို ကိုင်တွယ်နိုင်လိမ့်မည်။
ချင်မော့၏လေသံမှာ မပြောင်းလဲပေ။
“ ငါ ရှိနေမှာပဲ ၊ စိတ်မပူနဲ့”
ဖူကျို့သည် ထပ်ပြောချင်သေး၏။
ချင်မော့သည် မျက်ခုံးကို ပင့်လိုက်ပြီး
“ ဘာလဲ ငါ သူ့ကို မကိုင်တွယ်နိုင်ဘူးလို့ မင်းထင်နေတာလား”
ထိုစကားကို ကြားပြီးနောက် ဖူကျို့သည် အော်ရယ်လိုက်တော့သည်။
“ ယုံတာပေါ့၊ အစ်ကိုမော့ကို အားပေးဖို့ အဲမှာ ရှိနေမယ်နော်”
ဘယ်တုန်းက အဲနှစ်ယောက် အဲလောက် ရင်းနှီးသွားတာတဲ့တုံး။
သူတို့၏ အပြန်အလှန် ဆက်ဆံရေးသည် ကြီးမားလာသည်မှု သိပ်မကြာသေးသလို သူတို့သည် လုံးဝ ပြေလည်သွားကြသည်လည်း မဟုတ်ပေ။
သို့သော် သူတို့သည် အချင်းချင်း အလွန်သိနေကြဟန် ပေါ်နေလေသည်။
သူတို့ကြားက အားကောင်းသည့် ယုံကြည်မှုသည် ဘယ်တုန်းကမှ ရှင်းပြရန် မလိုအပ်ပေ။
ဒါကိုပင် ဖူကျို့သည် နှမြောတသဖြစ်မိ၏။
“ ငါလေးထင်တာက နောက်ဆုံးတော့ အစ်ကိုမော့နဲ့ ဘေးချင်းယှဥ်ထိုင်ပြီး ကစားနိုင်တော့မယ်လို့ ထင်ထားတာ၊ နှမြောစရာကောင်းလိုက်တာ”
လူငယ်လေးသည် ထိုသို့ပြောရင်း ပြုံးပြလိုက်လေသည်။
ချင်မော့သည် မျက်စဥ်းဆေးကို ပြန်ကြည့်လိုက်၏။ သူသည် လက်တစ်ဖက်ကို သူ့အိတ်ကပ်ထဲ လျှောထည့်လိုက်ပြီး ကျန်တစ်ဖက်က ဖူကျို့၏ငွေရောင်ဆံပင်ကို ဖွလိုက်လေသည်။
“မင်းအဲစကားမပြောရင် ပိုပြီး ယုံချင်စရာကောင်းမှာ သိလား”
ဒါက ဒီကောင်လေး အမြဲပြောနေကြစကားလေ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်၊ ပြီးတော့ သူ့ တစ်ချိန်လုံးပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိနေဖို့ မဖြစ်နိုင်ဘူး။
ဘာလို့လဲ သူက ရုပ်ချောလို့လား။
ဖူကျို့သည် အမှန်ပင် ချောမောလေသည်။ သူမသည် သူမ၏နှုတ်ခမ်းပါးလေးများကို ကွေးထားလိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ ချင်မော့၏ပခုံးပေါ်တင်လိုက်လေသည်။
“အစ်ကိုမော့ ငါလေးရဲ့ ဖြူစင်တဲ့မျက်လုံးလေးတွေကို ကြည့်ပါအုံး”
“ ပိုးဝင်ထားလို့ နီနေတာပဲ တွေ့တယ်”
ချင်မော့သည် မျက်မှောင်ကျုံ့လိုက်၏။
“ မင်း အခန်းထဲမှာ တစ်ချိန်လုံး မနေသင့်ဘူး၊ လမ်းလျှောက်ထွက်ရအောင် ငါ မင်းကို ခေါ်သွားပေးမယ်၊ ငါတို့ ပန်းတိုင်က နိုင်ငံတံခွန်စိုက်ပြိုင်ပွဲလေ၊ ဒီတော့ အဲအချိန်အထိ မင်းမျက်လုံးတွေ ပြန်မကောင်းလာရင် တကယ်ပြဿနာတက်ပြီ”
ဖူကျို့သည် အမှန်ပင် ဤနေတွင် ရှိမနေသင့်ပေ။ ကွန်ပျူတာစခရင်ကို ကြည့်နေရသည်မှာ သူမ၏မျက်လုံးကို ကို၍ ထိခိုက်စေလေသည်။
ချင်မော့သည် ထိုသို့ပြောလိုက်ပြီးနောက် ဖူကျို့သည် ပြင်းထန်သည့်အခြေအနေကို နားလည်သွားတော့သည်။ သူမ၏ အနက်ရောင်သားမွေးကုတ်ကို ဝတ်လိုက်ပြီး ချင်မော့နောက် လိုက်ထွက်လာခဲ့လိုက်၏။
သည်တစ်ကြိမ်တွင်တော့.... အတွင်းရေးမှူးလျန်သည် ထပ်လိုက်မသွားရဲတော့ပေ။
တိုကျိုအပြင်ဘက်လေသည် အလွန်လန်းဆန်း၏။
အပူချိန်အေးအေးနှင့် နှင်းများကျနေရာ အရာအားလုံးသည် အလွန်လှပ နေတော့သည်။
နှစ်ယောက်သားသည် ရှေ့ဆင့် နောက်ဆင့် အတွဲညီညီလျှောက်လာကြရာ ကြည်နူးဖွယ်ရာ ပန်းချီကားတစ်ချပ် ဖြစ်နေတော့သည်။
...
Zawgyi
အပိုင္း (၃၄၀) ႏွင္းထဲမွာ လမ္းေလွ်ာက္မယ္
“ စိတ္မပူပါနဲ႕ ငါတို႔ နိုင္မွာပါ”
သူတို႔မွာ Spade Z ရွိေသးတယ္ေလ။
သူတို႔သည္ ထိုသို႔စဥ္းစားလိုက္ရင္း ႐ႊယ္ေယာင္ေယာင္ႏွင့္ ဖုန္းရွန္တို႔သည္ ဖူက်ိဳ႕ရွိရာဖက္သို႔ တစ္စပ္တည္း ၾကည့္လိုက္ၾကေလသည္။
ဖူက်ိဳ႕သည္ သည္တစ္ႀကိမ္တြင္ ရယ္ေမာမေနေခ်။ သူမသည္ စခရင္ကို ၾကည့္ေန၏။ သူမ စဥ္းစားေနသည့္အရာကို မည္သူမွ မသိၾကေပ။
ထိုအခိုက္အတန့္တြင္ ႐ႊယ္ေယာင္ေယာင္ႏွင့္ ဖုန္းရွန္တို႔သည္ ခ်င္ေမာ့က ဖူက်ိဳ႕၏ မ်က္လုံးကို ကာကြယ္ရန္အတြက္ သူမကို ဝင္ၿပိဳင္ခြင့္မေပးဖို႔ ဆုံးျဖတ္ထားခဲ့သည္ကို မသိၾကေပ။
ဆာကူရာအသင္း၏ ၿပိဳင္ပြဲဝင္ဗြီဒီယိုကို ၾကည့္လိုက္ၾကၿပီးေနာက္ အသင္းပတ္ဝန္းက်င္ရွိ ေလထုတစ္ခုလုံးသည္ ေျပာင္းလဲသြားေတာ့သည္။
မ်က္လုံးမ်ားထဲတြင္ ေျပာင္းလဲမႈတစ္ခု အစျပဳသြားၿပီး သင္ မသိလိုက္ခင္မွာပင္ သူ႕အစိတ္အပိုင္းတစ္ခု ျဖစ္ေအာင္ လုပ္လိုက္ေတာ့သည္။
အားလုံးသည္ ေလ့က်င့္ေနၾကစဥ္ ဖူက်ိဳ႕သည္လည္း အသည္းအသန္ ကစားခ်င္ေန၏။ အစပိုင္း၌ သူမသည္ ပါးစပ္ထဲတြင္ တုတ္ထိုးခ်ိဳခ်ဥ္ ငုံကာ ထိုင္ေန၏။
ထို႔ေနာက္ သူမ၏မ်က္လုံးမ်ားသည္ မေနနိုင္ေတာ့ဘဲ ကြန္ပ်ဴတာစခရင္ကို ၾကည့္လိုက္ေတာ့သည္။
ခ်င္ေမာ့သည္ ဖူက်ိဳ႕ႏွင့္ အလြန္ေဝးေဝးတြင္ ထိုင္ေန၏။ သူသည္ စီးကရက္ကို ထုတ္လိုက္ၿပီး ထရပ္လိုက္ကာ လူငယ္ေလးဆီသို႔ ေလွ်ာက္သြားလိုက္ေလသည္။
“ထေတာ့”
“ဟင္”
“ ေဆးထည့္ရမဲ့အခ်ိန္ေရာက္ၿပီ”
ခ်င္ေမာ့သည္ အမွန္ပင္ အစ္ကိုႀကီးပီသလွေပသည္။ မ်က္စဥ္းေဆးကို တစ္ခ်ိန္လုံး သူႏွင့္မကြာ ယူလာခဲ့၏။
ေဆးထည့္ေနစဥ္မွာပင္ ဖူက်ိဳ႕သည္ သူမ၏ေခါင္းကို ေစာင္းကာ စခရင္ကို ၾကည့္ေနဆဲ။
ခ်င္ေမာ့၏ လက္သည္ လူငယ္ေလး၏ေမးကို ကိုင္ထား၏။ သူ႕ေခါင္းကို ေစာင္းထားသည္ကို ျမင္လိုက္ခ်ိန္၌ ဘာမွ မေျပာလိုက္ေခ်။
ဖူက်ိဳ႕သည္ စကားစေျပာလိုက္၏။ သူမသည္ ေဆးေၾကာင့္ မ်က္လုံးစပ္သြားသျဖင့္ ခပ္ျမန္ျမန္ မ်က္ေတာင္ခတ္လိုက္ၿပီး မ်က္လုံးတစ္လုံးထဲကို ဖြင့္ထားကာ
“ မနက္ျဖန္ ငါေလးကို ေပးေဆာ့၊ ငါမပါရင္ အဲဒီရႉဂ်ိကို တားနိုင္ဖို႔မလြယ္မွာ စိုးတယ္”
သူ႕မွာ အံ့ဩစရာေကာင္းတဲ့ လက္အျမန္ႏႈန္းရွိေနတယ္။ အဲဒါတင္မက အေရးအႀကီးဆုံးက သူ ဘယ္အခ်ိန္ထြက္လာၿပီး တိုက္ခိုက္မလဲဆိုတာ မသိနိုင္ဘူး။
ဂိမ္းထဲမွာ သစ္ေတာထဲမွာ ပုန္းလို႔ရတယ္ေလ ၿပီးေတာ့ ဘယ္သူမွ ေတြ႕မွာမဟုတ္ဘူး။
သူ႕ကို တားဖို႔ဆိုရင္ ေနရာယူမွန္ဖို႔နဲ႕ အျမန္ႏႈန္း ႏွစ္ခုလုံးရွိဖို႔လိုတယ္၊ ၿပီးေတာ့ အဓိကအခ်က္က ၿခဳံခိုတိုက္ခိုက္တယ္ဆိုတဲ့ စကားလုံးရဲ႕ တကယ့္အဓိပၸာယ္ကို သိဖို႔ပဲ။
ဖူက်ိဳ႕သည္ ဟက္ကာ တစ္ေယာက္ျဖစ္၏။ ရႉဂ်ိႏွင့္ယွဥ္လွ်င္ သူမသည္ အေယာင္ေဆာင္ တိုက္ခိုက္ရာတြင္ ပိုေတာ္ၿပီး ထိုအခ်က္အေၾကာင့္ပင္ သူမသည္ သူ႕ကို ကိုင္တြယ္နိုင္လိမ့္မည္။
ခ်င္ေမာ့၏ေလသံမွာ မေျပာင္းလဲေပ။
“ ငါ ရွိေနမွာပဲ ၊ စိတ္မပူနဲ႕”
ဖူက်ိဳ႕သည္ ထပ္ေျပာခ်င္ေသး၏။
ခ်င္ေမာ့သည္ မ်က္ခုံးကို ပင့္လိုက္ၿပီး
“ ဘာလဲ ငါ သူ႕ကို မကိုင္တြယ္နိုင္ဘူးလို႔ မင္းထင္ေနတာလား”
ထိုစကားကို ၾကားၿပီးေနာက္ ဖူက်ိဳ႕သည္ ေအာ္ရယ္လိုက္ေတာ့သည္။
“ ယုံတာေပါ့၊ အစ္ကိုေမာ့ကို အားေပးဖို႔ အဲမွာ ရွိေနမယ္ေနာ္”
ဘယ္တုန္းက အဲႏွစ္ေယာက္ အဲေလာက္ ရင္းႏွီးသြားတာတဲ့တုံး။
သူတို႔၏ အျပန္အလွန္ ဆက္ဆံေရးသည္ ႀကီးမားလာသည္မႈ သိပ္မၾကာေသးသလို သူတို႔သည္ လုံးဝ ေျပလည္သြားၾကသည္လည္း မဟုတ္ေပ။
သို႔ေသာ္ သူတို႔သည္ အခ်င္းခ်င္း အလြန္သိေနၾကဟန္ ေပၚေနေလသည္။
သူတို႔ၾကားက အားေကာင္းသည့္ ယုံၾကည္မႈသည္ ဘယ္တုန္းကမွ ရွင္းျပရန္ မလိုအပ္ေပ။
ဒါကိုပင္ ဖူက်ိဳ႕သည္ ႏွေျမာတသျဖစ္မိ၏။
“ ငါေလးထင္တာက ေနာက္ဆုံးေတာ့ အစ္ကိုေမာ့နဲ႕ ေဘးခ်င္းယွဥ္ထိုင္ၿပီး ကစားနိုင္ေတာ့မယ္လို႔ ထင္ထားတာ၊ ႏွေျမာစရာေကာင္းလိုက္တာ”
လူငယ္ေလးသည္ ထိုသို႔ေျပာရင္း ၿပဳံးျပလိုက္ေလသည္။
ခ်င္ေမာ့သည္ မ်က္စဥ္းေဆးကို ျပန္ၾကည့္လိုက္၏။ သူသည္ လက္တစ္ဖက္ကို သူ႕အိတ္ကပ္ထဲ ေလွ်ာထည့္လိုက္ၿပီး က်န္တစ္ဖက္က ဖူက်ိဳ႕၏ေငြေရာင္ဆံပင္ကို ဖြလိုက္ေလသည္။
“မင္းအဲစကားမေျပာရင္ ပိုၿပီး ယုံခ်င္စရာေကာင္းမွာ သိလား”
ဒါက ဒီေကာင္ေလး အၿမဲေျပာေနၾကစကားေလ။ အရမ္းစိတ္ရႈပ္ဖို႔ေကာင္းတယ္၊ ၿပီးေတာ့ သူ႕ တစ္ခ်ိန္လုံးျပႆနာေတြကို ဘယ္လိုေျဖရွင္းရမလဲဆိုတာ သိေနဖို႔ မျဖစ္နိုင္ဘူး။
ဘာလို႔လဲ သူက ႐ုပ္ေခ်ာလို႔လား။
ဖူက်ိဳ႕သည္ အမွန္ပင္ ေခ်ာေမာေလသည္။ သူမသည္ သူမ၏ႏႈတ္ခမ္းပါးေလးမ်ားကို ေကြးထားလိုက္ၿပီး လက္တစ္ဖက္ကို ျမႇောက္ကာ ခ်င္ေမာ့၏ပခုံးေပၚတင္လိုက္ေလသည္။
“အစ္ကိုေမာ့ ငါေလးရဲ႕ ျဖဴစင္တဲ့မ်က္လုံးေလးေတြကို ၾကည့္ပါအုံး”
“ ပိုးဝင္ထားလို႔ နီေနတာပဲ ေတြ႕တယ္”
ခ်င္ေမာ့သည္ မ်က္ေမွာင္က်ဳံ႕လိုက္၏။
“ မင္း အခန္းထဲမွာ တစ္ခ်ိန္လုံး မေနသင့္ဘူး၊ လမ္းေလွ်ာက္ထြက္ရေအာင္ ငါ မင္းကို ေခၚသြားေပးမယ္၊ ငါတို႔ ပန္းတိုင္က နိုင္ငံတံခြန္စိုက္ၿပိဳင္ပြဲေလ၊ ဒီေတာ့ အဲအခ်ိန္အထိ မင္းမ်က္လုံးေတြ ျပန္မေကာင္းလာရင္ တကယ္ျပႆနာတက္ၿပီ”
ဖူက်ိဳ႕သည္ အမွန္ပင္ ဤေနတြင္ ရွိမေနသင့္ေပ။ ကြန္ပ်ဴတာစခရင္ကို ၾကည့္ေနရသည္မွာ သူမ၏မ်က္လုံးကို ကို၍ ထိခိုက္ေစေလသည္။
ခ်င္ေမာ့သည္ ထိုသို႔ေျပာလိုက္ၿပီးေနာက္ ဖူက်ိဳ႕သည္ ျပင္းထန္သည့္အေျခအေနကို နားလည္သြားေတာ့သည္။ သူမ၏ အနက္ေရာင္သားေမြးကုတ္ကို ဝတ္လိုက္ၿပီး ခ်င္ေမာ့ေနာက္ လိုက္ထြက္လာခဲ့လိုက္၏။
သည္တစ္ႀကိမ္တြင္ေတာ့.... အတြင္းေရးမႉးလ်န္သည္ ထပ္လိုက္မသြားရဲေတာ့ေပ။
တိုက်ိဳအျပင္ဘက္ေလသည္ အလြန္လန္းဆန္း၏။
အပူခ်ိန္ေအးေအးႏွင့္ ႏွင္းမ်ားက်ေနရာ အရာအားလုံးသည္ အလြန္လွပ ေနေတာ့သည္။
ႏွစ္ေယာက္သားသည္ ေရွ႕ဆင့္ ေနာက္ဆင့္ အတြဲညီညီေလွ်ာက္လာၾကရာ ၾကည္ႏူးဖြယ္ရာ ပန္းခ်ီကားတစ္ခ်ပ္ ျဖစ္ေနေတာ့သည္။
...