နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.7K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 56

803 105 1
By BlackLily_WhiteLily

အခန်း ၅၆ အလည်အပတ်ရောက်လာခြင်း

  ပျင်းတယ်!

  သေလောက်အောင် ပျင်းစရာကောင်းနေတယ်!

  ကျွော့ချင်းက သူမကိုယ်သူမ တကယ်ကို တန်ဖိုးမရှိတဲ့ ငပျင်းတစ်ယောက်လို ခံစားနေရတယ်။

  အရင်က သူမ အလုပ်စဝင်တုန်းက သုံးရက်တာ အပန်းဖြေခရီးသွားရဖို့ အလုပ်ပတ်ရက်ကို စောင့်ဆိုင်းရတာက ကောင်းကင်ဘုံကို သွားရသလို ခက်ခဲလွန်းလှသည်။ သူမလက်ထဲမှာ အဆုံးမရှိသော အလုပ်ကိစ္စရပ်များ အမြဲရှိနေခဲ့သည်။ တစ်ခါတလေ အားလုံးကို ပစ်ထားပြီး အိမ်မှာ သုံးရက်လောက် အိပ်နေချင်ခဲ့ဖူးသည်။

အခုတော့ ကောင်းရော... သူမ အိပ်ချင်ရင်တောင် သေတဲ့ အထိအိပ်နေနိုင်သော်လည်း သူမခန္ဓာကိုယ်ကြီးက ပိုးကောင်သန်းပေါင်းများစွာ အကိုက်ခံရသလို မသက်မသာ ခံစားနေရသည်။

ခုနစ်ရက် . . . . . ခုနစ်ရက်ရှိပြီ...

သူမ နန်းတော်ကနေ ပြန်ရောက်တဲ့နေ့ကနေ အခုအချိန်အထိဆိုရင် ခုနစ်ရက်ရှိသွားပြီ။

  အဲ့ရက်တွေအတွင်း ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး၊ အတိအကျပြောရရင် ဖြစ်နေရင်တောင် သူမ မသိနိုင်ဘူး။

  ယန်းဟုန်ထျန်းက သူမကို ဒုက္ခမပေးခဲ့သလို လို့ရှီးယန်ကလည်း နေ့တိုင်း မနက်စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာလေ့ရှိသည်။ သူမကတော့ အပြင်ထွက်တာကလွဲရင် ဝန်ကြီးချုပ်အိမ်တော်မှာ သူမ ကြိုက်တာ ဘာမဆို လုပ်နိုင်သည်။ ဒါပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ??? ဤနေရာတွင် အလောင်းစစ်ဆေးခြင်းဆိုင်ရာ စာအုပ်များ မရှိသလို သူမကလည်း ကဗျာ သို့မဟုတ် သမိုင်းဆိုင်ရာ အတ္ထုပ္ပတ္တိများကို စိတ်မဝင်စားသောကြောင့် သူမ၏နေ့စဉ် အချိန်ဖြုန်းသောနည်းလမ်းမှာ သူမရှေ့မှ ရေကန်ကျယ်ကြီးကို ငေးမောကြည့်နေခြင်းပင် ဖြစ်နေတော့သည်။

"ဟေး၊ နင်က အိမ်ထဲမှာနေပြီး ဒီလိုပဲ စိတ်ကူးယဥ်နေလေ့ရှိတာလား" ကြည်လင်ပြီး ကျယ်ပြန့်တဲ့ရေပြင်က လူတွေကို ခံစားချက်ကောင်းကောင်းလေးတွေ ပေးနိုင်ပေမယ့် သူမရဲ့ လောကဆန်မှုကတော့ သာမာန်ပါပဲ။ ဘယ်လောက်ပဲ ရှုခင်းတွေလှနေပါစေ အဲဒါကို အချိန်အကြာကြီး ကြည့်ပြီးရင် ပင်ပန်းနေလိမ့်မယ်။

  သူမ၏ပါးကို ကိုင်ထားရင်း အချိန်အကြာကြီး တွေဝေနေသော လို့ရှီးဝူက နောက်ဆုံးတွင် သူမ၏ အာရုံခံစားမှုများ ပြန်ထွက်ပေါ်လာပြီး "နင်ကြောင့် အတွေးပျက်သွားပြီ!"

  ငါက စိတ်ကူးယဥ်နေတာ မဟုတ်ပါဘူးနော်...ငါက စဉ်းစားနေတာ... ဟုတ်ပြီလား???

ကျွော့ချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူမနှင့် စကားပြောရန် လူမရှိသောကြောင့် သူမက လို့ရှီးဝူကို ဒေါသထွက်အောင် မလုပ်ချင်ခဲ့ပေ။ ကျွော့ချင်းက နှိမ့်ချစွာနဲ့ မေးလိုက်သည်။ "ဒါဆို ပုံမှန်ဆိုရင် နင်ဘာတွေ လုပ်လေ့ရှိလဲ"

ငါ တကယ် သိချင်နေတယ်လို့....

  လို့ရှီးဝူက သူမမေးစေ့ကို ဆက်ကိုင်ထားရင်း ပျင်းရိစွာနဲ့ "လက်ရေးလှ လေ့ကျင့်တယ်၊ ဇီသာ အတီးလေ့ကျင့်တယ်၊ စစ်တုရင် ကစားတယ်၊ ပန်းချီဆွဲတယ်၊ နောက်ထပ်လုပ်စရာတွေ အများကြီးရှိသေးတယ်"

  အိုး အိုး~

  ကျွော့ချင်းက "ငါ အဲ့တာတွေကို မမြင်နိုင်ပေမယ့် နင်က အရည်အချင်းရှိတဲ့ မိန်းကလေးလို့တော့ ပြောနိုင်သေးတယ်"

သူမ မချီးမွှမ်းဘဲ မနေနိုင်လောက်အောင်ပါပဲ၊ ချမ်းသာတဲ့အိမ်က သခင်မလေးတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူလှပါဘူး။

  သူမက ကြင်နာသော ချီးမွမ်းစကားကို ပြောပေးခဲ့သော်လည်း လို့ရှီးဝူက "လျောက်ပြော မနေပါနဲ့၊ ငါက နင့်လောက် မကျွမ်းကျင်ဘူးဆိုတာ ငါ သိပါတယ်၊ နင်က စစ်တုရင် ကစားတာတွေ ဇီသာတီးတာတွေ လက်ရေးလှရေးတာတွေ ပန်းချီဆွဲတာတွေ အကုန်လုံးမှာ ကျွမ်းကျင်နေပေမယ့် ဒီလိုမျိုး တခြားသူတွေကို လှောင်ပြောင်နေစရာ မလိုပါဘူး!"

  ကျွော့ချင်းက အံ့အားသင့်သွားပြီး မချိပြုံး ပြုံးလိုက်မိသည်။ ဘာလို့လဲဆို​တော့ သူမက အဲ့တာတွေကို တစ်ခုမှ မသိပါဘူး။

ကျွော့ချင်းက ပခုံးတွန့်ကာ "ငါ မှတ်ဥာဏ်တွေက ပျောက်သွားပြီ။ အဲ့တာကြောင့် ငါ ဘာမှ မမှတ်မိတော့ဘူး၊ နင် ပြောခဲ့တဲ့ အရည်အချင်းတွေ အားလုံးကို ငါ မေ့သွားပြီ၊ အဲ့တာကြောင့် ငါက နင့်နောက်မှာ ရှိနေပြီဆိုမှတော့ ငါက နင့်ကို ဘယ်လို လှောင်ပြောင်နိုင်မှာလဲ!"

  "ငါ..." ကျွော့ချင်းက သူမကိုယ်သူမ အေးအေးဆေးဆေး လှောင်ပြောင်နေတာကို မြင်တော့ လို့ရှီးဝူက ရှက်ရွံ့သလို ခံစားလိုက်ရသည်။ "ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး"

လို့ရှီးဝူက ထိုအရည်အချင်းများကို ပြုစုပျိုးထောင်ရန် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားရတယ်ဆိုတာကို နားလည်ပေးနိုင်သည်။ သူမက ထိုအရာများကို မေ့သွားတာကတောင် အရမ်းသနားစရာကောင်းနေပြီဖြစ်ကာ အခု သူမက သူမကိုယ်တိုင် ထုတ်ဖော်ပြောနေတာကြောင့် တစ်စုံတစ်ယောက်ရဲ့နာကျင်မှုကို သူမက ထပ်ပြီး ထုတ်ဖော် မပြောသင့်တော့ပါဘူး။

  ရိုးရိုးသားသားပြောရလျှင် ကျွော့ချင်းက လို့ရှီးဝူ၏ မာနကြီးသောမျက်ဝန်းများကို နှစ်သက်သည်။ ကျွော့ချင်းက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး "ရပါတယ် တခြားအကြောင်းပြောကြရအောင်"

  လို့ရှီးဝူက သူမကို ကြည့်လိုက်ပြီး "နင်က ဘာတွေပြောချင်တာလဲ?"

  "နင်က ဧကရာဇ်နဲ့ အရမ်းရင်းနှီးတယ်လို့ ငါ ကြားတယ်"

ဘာပဲဖြစ်ဖြစ် သူမက အရမ်းပျင်းနေတာကြောင့် ဤအကြောင်းအရာကို မေးရန် အခွင့်အရေးယူလိုက်သင့်သည်။

  လို့ရှီးဝူက ရှက်ရွံ့စွာ ပြုံးနေကာ "ငါ သူ့ကို ကောင်းကောင်း မသိပါဘူး၊ ငါ ငယ်ငယ်က ပျင်းနေရင် ငါနဲ့ အစ်ကိုနဲ့က အဒေါ်နဲ့အတူ နန်းတော်ကို လိုက်သွားကြတယ်၊ အဲ့တာကြောင့် အစ်ကိုတော်ဧကရာဇ်ကို မကြာခဏ တွေ့ဖူးတယ်"

  "နောက်ဆုံးအကြိမ် နန်းတော်ထဲကို လိုက်သွားတုန်းက သူက အရမ်းရက်စက်တယ်လို့ ထင်ခဲ့မိတယ်" ကျွော့ချင်းက သွေးတိုးစမ်းတဲ့ အနေနဲ့ ညည်းညူပြလိုက်သည်။

 လို့ရှီးဝူက အထပ်ထပ်အခါခါ ခေါင်းညိတ်ရင်း စိုးရိမ်သောကရောက်နေသော အမူအရာဖြင့် ပြန်ပြောလာသည်။ "ငါလည်း သူ့ရဲ့ ဒေါသက အရမ်း ဆိုးဝါးတယ်လို့ ခံစားရတယ်၊ သူ ဒေါသထွက်တဲ့အခါ လူတွေကို သေတဲ့အထိ ကြောက်လန့်စေပေမယ့် သူက ငါ့အစ်ကိုကိုတော့ ဒေါသထွက်ခဲတယ်"

  "ဘာလို့လဲ၊ နင့်အစ်ကိုနဲ့ သူက ဝမ်းကွဲတွေ ဖြစ်နေလို့လား" ယန်းဟုန်ထျန်းက လို့ရှီးယန်အပေါ် အထူးသည်းခံနေပုံရတယ်လို့ သူမလည်း ခံစားမိခဲ့တယ်။

 လို့ရှီးဝူက နှုတ်ခမ်းစူရင်း ဂုဏ်ယူစွာနဲ့ "မဟုတ်ဘူး၊ သူက တခြားညီအကိုတွေအပေါ်မှာလည်း အရမ်းရက်စက်တယ်။ တကယ်က ငါ့အစ်ကိုက ထက်မြက်ပြီး အရည်အချင်းရှိလို့"

  ငါမှာ ပြောစရာ စကားမရှိတော့ဘူးဟေ့....

  သူမ ထင်ခဲ့တာက သူမအတွင်း ဇာတ်လမ်းတစ်ချို့ကို သိနိုင်မယ်လို့ ထင်ခဲ့မိတာပါ။ သူမက ဒီကောင်မလေးကို မေးလိုက်မိတော့ လို့ရှီးဝူက လို့ရှီးယန်ကိုပဲ ချီးမွမ်းတက်ပုံရသည်။ ကျွော့ချင်းက အဲဒါကို စဉ်းစားမိလိုက်တာကြောင့် တခြားလူတစ်ယောက်အကြောင်း အတင်းအဖျင်းပြောဖို့ ကြိုးစားလိုက်ပြီး "နင် စစ်သူကြီး စုလင်းကို သိလား"

  "သူ?" လို့ရှီးဝူက သူမမျက်နှာကို ရွံရှာသလို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "မသိဘူး၊ သူက အေးစက်တယ်၊ မာနကြီးတယ်၊ ကိုယ်ကျိုးရှာတက်တဲ့လူလို့တော့ ငါ ကြားဖူးတယ်"

  "ဘာလို့ အဲ့လိုပြောကြတာလဲ" သူမလည်း သူ့ကို တွေ့ဖူးပြီး သူက အေးစက်ကာ မာနကြီးပုံပေါ်သည်။ သို့သော် ကိုယ်ကျိုးရှာတက်ပုံတော့ မပေါ်ပေ။

  လို့ရှီးဝူက လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်နဲ့အတူ အသံတိုးတိုးလေးဖြင့် "သူ့မျက်လုံးထဲမှာ အမျိုးသမီးတွေက ဒုက္ခနဲ့ အဆင်မပြေမှုကို ကိုယ်စားပြုတယ်၊ ပိုလို့တောင် လွဲမှားနေတာက သူ့မိသားစုမှာ မိန်းမ မရှိဘူး တဲ့"

  "ဘာလဲ? မဖြစ်နိုင်ပါဘူး!" ဒီလို စစ်ဗိုလ်ချုပ်ကြီးရဲ့ အိမ်တော်မှာ မိန်းမတွေ မရှိဘူးလား။ ကျွော့ချင်းက "အစေခံတွေတော့ မဖြစ်မနေ ရှိမှာပေါ့၊ ပြီးတော့ သူ့မှာ အမေ၊ ညီမ၊ ဇနီး၊ ကိုယ်လုပ်တော် အဲ့လိုမျိုးတွေ မရှိဘူးလား?"

  လို့ရှီးဝူက "မရှိဘူး!"

  ဟုတ်ပါတယ်၊ အတင်းအဖျင်းပြောတာက ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ရင်းနှီးဖို့ အလွယ်ကူဆုံး လူမှုဆက်ဆံ‌ရေးပါပဲ။ အခုန ကျွော့ချင်းကို ငြူဆူနေတဲ့ လို့ရှီးဝူက ပြေပြေလည်လည်ပုံစံနဲ့ ဆက်ပြောပြနေသည်။ "သူ့အဖေက စစ်ပွဲမှာ စောစောသေသွားပြီး သူ့အမေကလည်း ဖျားနာပြီး သေဆုံးသွားတယ်။ သူ့တို့မှာ သူတို့ညီအစ်ကို သုံးယောက်ပဲ ကျန်တော့တယ်၊ ဘယ်သူမှ အိမ်ထောင်မရှိဘူး၊ သူတို့မိသားစုမှာ အစေခံတွေ မရှိဘူး၊ မော့မော့တွေတောင် မရှိဘူး၊ ယောက်ျားတွေပဲရှိတယ်၊ သူက ဒီနှစ် အသက်သုံးဆယ်နီးပါးရှိပြီဆိုတော့ အစ်ကိုတော်ဧကရာဇ်က နင့်ညီမကို ပေးလိုက်တာ ဖြစ်မယ်!"

  "ဘယ်လိုမှ မဖြစ်ဘူး..." ကျွော့ချင်းရဲ့ခေါင်းတစ်ခုလုံးမှာ အနက်ရောင်လိုင်းတွေ တဖျပ်ဖျပ်ခပ်နေတော့သည်။ အဲ့ဒီလို လူရှိတယ်လား???! တကယ်ကို နည်းနည်းတော့ လွဲနေပြီ... အဲ့ဒါဆိုရင် ချင်းမော့က အဲ့ယောက်ျားတွေ ကြားထဲမှာ ဘယ်လို နေထိုင်နေရမလဲ????

  ကျွော့ချင်းက သူတို့နှစ်ဦးကို အဆက်မပြတ် မေးမြန်းပြီးချိန်တွင် နောက်ဆုံးတွင် လို့ရှီးဝူက သူမထံသို့ ပြတ်သားသောအကြည့်ဖြင့် တုံ့ပြန်လာကာ "အဆုံးမှာတော့ နင်က အရမ်းကံကောင်းတယ်လို့ မခံစားရဘူးလား။ နင်တို့မိသားစုမှာ နင် ကံအကောင်းဆုံးပဲ၊ နင်က ငါ့အစ်ကို‌နောက်ကို လိုက်ခွင့်ရခဲ့တာ"

လာပြန်ပြီ.... ဒီလို မျက်ကန်းကိုးကွယ်မှုက ကောင်းမွန်သော အရာမဟုတ်သော်လည်း ယခုတစ်ကြိမ်တွင် ကျွောချင်းက သူမ၏အမြင်ကို မငြင်းဆိုချင်ခဲ့ပေ။ နှိုင်းယှဉ်လျှင် ထိုယောကျာ်းသုံယောက်တွင် လို့ရှီးယန်က သာမန်အဆန်ဆုံးဖြစ်သည်။

  သူမတို့နှစ်ယောက် စကားစမြည်ပြောနေကြချိန်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုပေါ်လာပြီး သူမတို့ဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းလာခဲ့သည်။

  လို့ရှီးဝူက ဒေါသတကြီးနဲ့ တဖက်ကို လှည့်သွားခဲ့သည်။ နောက်ဆုံးတော့ သူက သူမဆီကို လာဖို့ ဆန္ဒရှိပြီပေါ့လေ...ဟွန့်...

  ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး အပြုံးလေးနဲ့ "ငါ ရေငတ်နေတယ်၊ ​​ရေသွားသောက်လိုက်ဦးမယ်"

  ကျွော့ချင်းက မတ်တပ်ထရပ်လိုက်သော်လည်း ကျင်းစက သူမဆီသို့ တည့်တည့်လျှောက်လာပြီး အေးစက်စွာနဲ့ "ချင်းသခင်မလေး၊ အိမ်ရှေ့ခန်းမှာ ဧည့်သည်တစ်ယောက်ရှိနေတယ်"

  "ငါ့ကို လိုက်ရှာနေတာလာ?? ဘယ်သူလဲ" ကျွော့ချင်းက အနည်းငယ် အံအားသင့်သွားပေမယ့် သူမထက် ပိုဆိုးနေကာ ဒေါသမျက်လုံးများဖြင့် ပူလောင်နေသည့် သူမဘေးနားရှိ အမျိုးသမီးလေးကို ကြည့်ရင်း ကျွော့ချင်းက ရယ်မောလိုက်သည်။

  "ပြစ်မှုဌာနက လူကြီးမင်းယုလန်"

  သူ???? သူက ဘာလို့ သူမကို လာရှာတာလဲ??? အလောင်းခွဲစိတ်ဖို့ အတွက်လား? ဘာပဲဖြစ်ဖြစ် သူမက ပျင်းရိ ငြီးငွေ့နေတာကြောင့် သူမ သူနဲ့ သွားတွေ့လိုက်မယ်။

ကျွော့ချင်းက ကျင်းစနောက်ကနေ လိုက်သွားခဲ့သည်။

  ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးနောက်၊ ကျွော့ချင်းက ရပ်လိုက်ပြီး "ကျွန်မ ဒီကနေ သွားလို့ရပါပြီ၊ ရှီးဝူက ဗိုက်နာနေတယ်၊ သူ့(မ)ကို သွားကြည့်ပေးလိုက်ပါဦး"

ကျင်းစ၏ မျက်လုံးများက အရောင်လက်သွားပြီး လို့ရှီးဝူက မနေနိုင်တော့ဘဲ သူတို့ကို လှည့်ကြည့်ကာ "ဘာလို့ ငါက ဗိုက်နာနေတာလဲ?"

  "နင် တစ်နေ့လုံး ရှာလကာရည်တွေ အများကြီး သောက်နေတာလေ၊ ဗိုက်နာတာ အံ့သြစရာ မဟုတ်ဘူး!"

ကျွော့ချင်းက အေးအေးဆေးဆေး ထွက်သွားပြီး သူမ၏ ရယ်မောသံတွေ ပျောက်ကွယ်သွားချိန်တွင် လို့ရှီးဝူတစ်ယောက်ထဲသာ ရှက်ရွံ့နေသော မျက်နှာဖြင့် ကျန်ရစ်နေခဲ့သည်။ သူမက သူမအင်္ကျီမှ ချည်သားအစကို ဆွဲလိမ်နေရုံသာ တက်နိုင်တော့သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၅၆ အလည္အပတ္ေရာက္လာျခင္း

  ပ်င္းတယ္!

  ေသေလာက္ေအာင္ ပ်င္းစရာေကာင္းေနတယ္!

  ေကြၽာ့ခ်င္းက သူမကိုယ္သူမ တကယ္ကို တန္ဖိုးမရွိတဲ့ ငပ်င္းတစ္ေယာက္လို ခံစားေနရတယ္။

  အရင္က သူမ အလုပ္စဝင္တုန္းက သုံးရက္တာ အပန္းေျဖခရီးသြားရဖို႔ အလုပ္ပတ္ရက္ကို ေစာင့္ဆိုင္းရတာက ေကာင္းကင္ဘုံကို သြားရသလို ခက္ခဲလြန္းလွသည္။ သူမလက္ထဲမွာ အဆုံးမရွိေသာ အလုပ္ကိစၥရပ္မ်ား အၿမဲရွိေနခဲ့သည္။ တစ္ခါတေလ အားလုံးကို ပစ္ထားၿပီး အိမ္မွာ သုံးရက္ေလာက္ အိပ္ေနခ်င္ခဲ့ဖူးသည္။

အခုေတာ့ ေကာင္းေရာ... သူမ အိပ္ခ်င္ရင္ေတာင္ ေသတဲ့ အထိအိပ္ေနႏိုင္ေသာ္လည္း သူမခႏၶာကိုယ္ႀကီးက ပိုးေကာင္သန္းေပါင္းမ်ားစြာ အကိုက္ခံရသလို မသက္မသာ ခံစားေနရသည္။

ခုနစ္ရက္ . . . . . ခုနစ္ရက္ရွိၿပီ...

သူမ နန္းေတာ္ကေန ျပန္ေရာက္တဲ့ေန႔ကေန အခုအခ်ိန္အထိဆိုရင္ ခုနစ္ရက္ရွိသြားၿပီ။

  အဲ့ရက္ေတြအတြင္း ဘာတစ္ခုမွ ထူးထူးျခားျခား မျဖစ္ခဲ့ဘူး၊ အတိအက်ေျပာရရင္ ျဖစ္ေနရင္ေတာင္ သူမ မသိႏိုင္ဘူး။

  ယန္းဟုန္ထ်န္းက သူမကို ဒုကၡမေပးခဲ့သလို လို႔ရွီးယန္ကလည္း ေန႔တိုင္း မနက္ေစာေစာထြက္သြားၿပီး ေနာက္က်မွ ျပန္လာေလ့ရွိသည္။ သူမကေတာ့ အျပင္ထြက္တာကလြဲရင္ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွာ သူမ ႀကိဳက္တာ ဘာမဆို လုပ္ႏိုင္သည္။ ဒါေပမယ့္ သူမ ဘာလုပ္ႏိုင္မွာလဲ??? ဤေနရာတြင္ အေလာင္းစစ္ေဆးျခင္းဆိုင္ရာ စာအုပ္မ်ား မရွိသလို သူမကလည္း ကဗ်ာ သို႔မဟုတ္ သမိုင္းဆိုင္ရာ အတၳဳပၸတၱိမ်ားကို စိတ္မဝင္စားေသာေၾကာင့္ သူမ၏ေန႔စဥ္ အခ်ိန္ျဖဳန္းေသာနည္းလမ္းမွာ သူမေရွ႕မွ ေရကန္က်ယ္ႀကီးကို ေငးေမာၾကည့္ေနျခင္းပင္ ျဖစ္ေနေတာ့သည္။

"ေဟး၊ နင္က အိမ္ထဲမွာေနၿပီး ဒီလိုပဲ စိတ္ကူးယဥ္ေနေလ့ရွိတာလား" ၾကည္လင္ၿပီး က်ယ္ျပန႔္တဲ့ေရျပင္က လူေတြကို ခံစားခ်က္ေကာင္းေကာင္းေလးေတြ ေပးႏိုင္ေပမယ့္ သူမရဲ႕ ေလာကဆန္မႈကေတာ့ သာမာန္ပါပဲ။ ဘယ္ေလာက္ပဲ ရႈခင္းေတြလွေနပါေစ အဲဒါကို အခ်ိန္အၾကာႀကီး ၾကည့္ၿပီးရင္ ပင္ပန္းေနလိမ့္မယ္။

  သူမ၏ပါးကို ကိုင္ထားရင္း အခ်ိန္အၾကာႀကီး ေတြေဝေနေသာ လို႔ရွီးဝူက ေနာက္ဆုံးတြင္ သူမ၏ အာ႐ုံခံစားမႈမ်ား ျပန္ထြက္ေပၚလာၿပီး "နင္ေၾကာင့္ အေတြးပ်က္သြားၿပီ!"

  ငါက စိတ္ကူးယဥ္ေနတာ မဟုတ္ပါဘူးေနာ္...ငါက စဥ္းစားေနတာ... ဟုတ္ၿပီလား???

ေကြၽာ့ခ်င္းက ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္သည္။ သူမႏွင့္ စကားေျပာရန္ လူမရွိေသာေၾကာင့္ သူမက လို႔ရွီးဝူကို ေဒါသထြက္ေအာင္ မလုပ္ခ်င္ခဲ့ေပ။ ေကြၽာ့ခ်င္းက ႏွိမ့္ခ်စြာနဲ႔ ေမးလိုက္သည္။ "ဒါဆို ပုံမွန္ဆိုရင္ နင္ဘာေတြ လုပ္ေလ့ရွိလဲ"

ငါ တကယ္ သိခ်င္ေနတယ္လို႔....

  လို႔ရွီးဝူက သူမေမးေစ့ကို ဆက္ကိုင္ထားရင္း ပ်င္းရိစြာနဲ႔ "လက္ေရးလွ ေလ့က်င့္တယ္၊ ဇီသာ အတီးေလ့က်င့္တယ္၊ စစ္တုရင္ ကစားတယ္၊ ပန္းခ်ီဆြဲတယ္၊ ေနာက္ထပ္လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္"

  အိုး အိုး~

  ေကြၽာ့ခ်င္းက "ငါ အဲ့တာေတြကို မျမင္ႏိုင္ေပမယ့္ နင္က အရည္အခ်င္းရွိတဲ့ မိန္းကေလးလို႔ေတာ့ ေျပာႏိုင္ေသးတယ္"

သူမ မခ်ီးမႊမ္းဘဲ မေနႏိုင္ေလာက္ေအာင္ပါပဲ၊ ခ်မ္းသာတဲ့အိမ္က သခင္မေလးတစ္ေယာက္ျဖစ္ဖို႔ကလည္း မလြယ္ကူလွပါဘူး။

  သူမက ၾကင္နာေသာ ခ်ီးမြမ္းစကားကို ေျပာေပးခဲ့ေသာ္လည္း လို႔ရွီးဝူက "ေလ်ာက္ေျပာ မေနပါနဲ႔၊ ငါက နင့္ေလာက္ မကြၽမ္းက်င္ဘူးဆိုတာ ငါ သိပါတယ္၊ နင္က စစ္တုရင္ ကစားတာေတြ ဇီသာတီးတာေတြ လက္ေရးလွေရးတာေတြ ပန္းခ်ီဆြဲတာေတြ အကုန္လုံးမွာ ကြၽမ္းက်င္ေနေပမယ့္ ဒီလိုမ်ိဳး တျခားသူေတြကို ေလွာင္ေျပာင္ေနစရာ မလိုပါဘူး!"

  ေကြၽာ့ခ်င္းက အံ့အားသင့္သြားၿပီး မခ်ိၿပဳံး ၿပဳံးလိုက္မိသည္။ ဘာလို႔လဲဆို​ေတာ့ သူမက အဲ့တာေတြကို တစ္ခုမွ မသိပါဘူး။

ေကြၽာ့ခ်င္းက ပခုံးတြန႔္ကာ "ငါ မွတ္ဥာဏ္ေတြက ေပ်ာက္သြားၿပီ။ အဲ့တာေၾကာင့္ ငါ ဘာမွ မမွတ္မိေတာ့ဘူး၊ နင္ ေျပာခဲ့တဲ့ အရည္အခ်င္းေတြ အားလုံးကို ငါ ေမ့သြားၿပီ၊ အဲ့တာေၾကာင့္ ငါက နင့္ေနာက္မွာ ရွိေနၿပီဆိုမွေတာ့ ငါက နင့္ကို ဘယ္လို ေလွာင္ေျပာင္ႏိုင္မွာလဲ!"

  "ငါ..." ေကြၽာ့ခ်င္းက သူမကိုယ္သူမ ေအးေအးေဆးေဆး ေလွာင္ေျပာင္ေနတာကို ျမင္ေတာ့ လို႔ရွီးဝူက ရွက္႐ြံ႕သလို ခံစားလိုက္ရသည္။ "ငါက အဲဒီလို ဆိုလိုတာ မဟုတ္ပါဘူး"

လို႔ရွီးဝူက ထိုအရည္အခ်င္းမ်ားကို ျပဳစုပ်ိဳးေထာင္ရန္ မည္မွ် ခက္ခက္ခဲခဲ ႀကိဳးစားရတယ္ဆိုတာကို နားလည္ေပးႏိုင္သည္။ သူမက ထိုအရာမ်ားကို ေမ့သြားတာကေတာင္ အရမ္းသနားစရာေကာင္းေနၿပီျဖစ္ကာ အခု သူမက သူမကိုယ္တိုင္ ထုတ္ေဖာ္ေျပာေနတာေၾကာင့္ တစ္စုံတစ္ေယာက္ရဲ႕နာက်င္မႈကို သူမက ထပ္ၿပီး ထုတ္ေဖာ္ မေျပာသင့္ေတာ့ပါဘူး။

  ႐ိုး႐ိုးသားသားေျပာရလွ်င္ ေကြၽာ့ခ်င္းက လို႔ရွီးဝူ၏ မာနႀကီးေသာမ်က္ဝန္းမ်ားကို ႏွစ္သက္သည္။ ေကြၽာ့ခ်င္းက အေၾကာင္းအရာကို လ်င္ျမန္စြာ ေျပာင္းလိုက္ၿပီး "ရပါတယ္ တျခားအေၾကာင္းေျပာၾကရေအာင္"

  လို႔ရွီးဝူက သူမကို ၾကည့္လိုက္ၿပီး "နင္က ဘာေတြေျပာခ်င္တာလဲ?"

  "နင္က ဧကရာဇ္နဲ႔ အရမ္းရင္းႏွီးတယ္လို႔ ငါ ၾကားတယ္"

ဘာပဲျဖစ္ျဖစ္ သူမက အရမ္းပ်င္းေနတာေၾကာင့္ ဤအေၾကာင္းအရာကို ေမးရန္ အခြင့္အေရးယူလိုက္သင့္သည္။

  လို႔ရွီးဝူက ရွက္႐ြံ႕စြာ ၿပဳံးေနကာ "ငါ သူ႔ကို ေကာင္းေကာင္း မသိပါဘူး၊ ငါ ငယ္ငယ္က ပ်င္းေနရင္ ငါနဲ႔ အစ္ကိုနဲ႔က အေဒၚနဲ႔အတူ နန္းေတာ္ကို လိုက္သြားၾကတယ္၊ အဲ့တာေၾကာင့္ အစ္ကိုေတာ္ဧကရာဇ္ကို မၾကာခဏ ေတြ႕ဖူးတယ္"

  "ေနာက္ဆုံးအႀကိမ္ နန္းေတာ္ထဲကို လိုက္သြားတုန္းက သူက အရမ္းရက္စက္တယ္လို႔ ထင္ခဲ့မိတယ္" ေကြၽာ့ခ်င္းက ေသြးတိုးစမ္းတဲ့ အေနနဲ႔ ညည္းညဴျပလိုက္သည္။

 လို႔ရွီးဝူက အထပ္ထပ္အခါခါ ေခါင္းညိတ္ရင္း စိုးရိမ္ေသာကေရာက္ေနေသာ အမူအရာျဖင့္ ျပန္ေျပာလာသည္။ "ငါလည္း သူ႔ရဲ႕ ေဒါသက အရမ္း ဆိုးဝါးတယ္လို႔ ခံစားရတယ္၊ သူ ေဒါသထြက္တဲ့အခါ လူေတြကို ေသတဲ့အထိ ေၾကာက္လန႔္ေစေပမယ့္ သူက ငါ့အစ္ကိုကိုေတာ့ ေဒါသထြက္ခဲတယ္"

  "ဘာလို႔လဲ၊ နင့္အစ္ကိုနဲ႔ သူက ဝမ္းကြဲေတြ ျဖစ္ေနလို႔လား" ယန္းဟုန္ထ်န္းက လို႔ရွီးယန္အေပၚ အထူးသည္းခံေနပုံရတယ္လို႔ သူမလည္း ခံစားမိခဲ့တယ္။

 လို႔ရွီးဝူက ႏႈတ္ခမ္းစူရင္း ဂုဏ္ယူစြာနဲ႔ "မဟုတ္ဘူး၊ သူက တျခားညီအကိုေတြအေပၚမွာလည္း အရမ္းရက္စက္တယ္။ တကယ္က ငါ့အစ္ကိုက ထက္ျမက္ၿပီး အရည္အခ်င္းရွိလို႔"

  ငါမွာ ေျပာစရာ စကားမရွိေတာ့ဘူးေဟ့....

  သူမ ထင္ခဲ့တာက သူမအတြင္း ဇာတ္လမ္းတစ္ခ်ိဳ႕ကို သိႏိုင္မယ္လို႔ ထင္ခဲ့မိတာပါ။ သူမက ဒီေကာင္မေလးကို ေမးလိုက္မိေတာ့ လို႔ရွီးဝူက လို႔ရွီးယန္ကိုပဲ ခ်ီးမြမ္းတက္ပုံရသည္။ ေကြၽာ့ခ်င္းက အဲဒါကို စဥ္းစားမိလိုက္တာေၾကာင့္ တျခားလူတစ္ေယာက္အေၾကာင္း အတင္းအဖ်င္းေျပာဖို႔ ႀကိဳးစားလိုက္ၿပီး "နင္ စစ္သူႀကီး စုလင္းကို သိလား"

  "သူ?" လို႔ရွီးဝူက သူမမ်က္ႏွာကို ႐ြံရွာသလို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "မသိဘူး၊ သူက ေအးစက္တယ္၊ မာနႀကီးတယ္၊ ကိုယ္က်ိဳးရွာတက္တဲ့လူလို႔ေတာ့ ငါ ၾကားဖူးတယ္"

  "ဘာလို႔ အဲ့လိုေျပာၾကတာလဲ" သူမလည္း သူ႔ကို ေတြ႕ဖူးၿပီး သူက ေအးစက္ကာ မာနႀကီးပုံေပၚသည္။ သို႔ေသာ္ ကိုယ္က်ိဳးရွာတက္ပုံေတာ့ မေပၚေပ။

  လို႔ရွီးဝူက လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ အသြင္အျပင္နဲ႔အတူ အသံတိုးတိုးေလးျဖင့္ "သူ႔မ်က္လုံးထဲမွာ အမ်ိဳးသမီးေတြက ဒုကၡနဲ႔ အဆင္မေျပမႈကို ကိုယ္စားျပဳတယ္၊ ပိုလို႔ေတာင္ လြဲမွားေနတာက သူ႔မိသားစုမွာ မိန္းမ မရွိဘူး တဲ့"

  "ဘာလဲ? မျဖစ္ႏိုင္ပါဘူး!" ဒီလို စစ္ဗိုလ္ခ်ဳပ္ႀကီးရဲ႕ အိမ္ေတာ္မွာ မိန္းမေတြ မရွိဘူးလား။ ေကြၽာ့ခ်င္းက "အေစခံေတြေတာ့ မျဖစ္မေန ရွိမွာေပါ့၊ ၿပီးေတာ့ သူ႔မွာ အေမ၊ ညီမ၊ ဇနီး၊ ကိုယ္လုပ္ေတာ္ အဲ့လိုမ်ိဳးေတြ မရွိဘူးလား?"

  လို႔ရွီးဝူက "မရွိဘူး!"

  ဟုတ္ပါတယ္၊ အတင္းအဖ်င္းေျပာတာက ဘယ္ေခတ္မွာပဲျဖစ္ျဖစ္ ရင္းႏွီးဖို႔ အလြယ္ကူဆုံး လူမႈဆက္ဆံ‌ေရးပါပဲ။ အခုန ေကြၽာ့ခ်င္းကို ျငဴဆူေနတဲ့ လို႔ရွီးဝူက ေျပေျပလည္လည္ပုံစံနဲ႔ ဆက္ေျပာျပေနသည္။ "သူ႔အေဖက စစ္ပြဲမွာ ေစာေစာေသသြားၿပီး သူ႔အေမကလည္း ဖ်ားနာၿပီး ေသဆုံးသြားတယ္။ သူ႔တို႔မွာ သူတို႔ညီအစ္ကို သုံးေယာက္ပဲ က်န္ေတာ့တယ္၊ ဘယ္သူမွ အိမ္ေထာင္မရွိဘူး၊ သူတို႔မိသားစုမွာ အေစခံေတြ မရွိဘူး၊ ေမာ့ေမာ့ေတြေတာင္ မရွိဘူး၊ ေယာက္်ားေတြပဲရွိတယ္၊ သူက ဒီႏွစ္ အသက္သုံးဆယ္နီးပါးရွိၿပီဆိုေတာ့ အစ္ကိုေတာ္ဧကရာဇ္က နင့္ညီမကို ေပးလိုက္တာ ျဖစ္မယ္!"

  "ဘယ္လိုမွ မျဖစ္ဘူး..." ေကြၽာ့ခ်င္းရဲ႕ေခါင္းတစ္ခုလုံးမွာ အနက္ေရာင္လိုင္းေတြ တဖ်ပ္ဖ်ပ္ခပ္ေနေတာ့သည္။ အဲ့ဒီလို လူရွိတယ္လား???! တကယ္ကို နည္းနည္းေတာ့ လြဲေနၿပီ... အဲ့ဒါဆိုရင္ ခ်င္းေမာ့က အဲ့ေယာက္်ားေတြ ၾကားထဲမွာ ဘယ္လို ေနထိုင္ေနရမလဲ????

  ေကြၽာ့ခ်င္းက သူတို႔ႏွစ္ဦးကို အဆက္မျပတ္ ေမးျမန္းၿပီးခ်ိန္တြင္ ေနာက္ဆုံးတြင္ လို႔ရွီးဝူက သူမထံသို႔ ျပတ္သားေသာအၾကည့္ျဖင့္ တုံ႔ျပန္လာကာ "အဆုံးမွာေတာ့ နင္က အရမ္းကံေကာင္းတယ္လို႔ မခံစားရဘူးလား။ နင္တို႔မိသားစုမွာ နင္ ကံအေကာင္းဆုံးပဲ၊ နင္က ငါ့အစ္ကို‌ေနာက္ကို လိုက္ခြင့္ရခဲ့တာ"

လာျပန္ၿပီ.... ဒီလို မ်က္ကန္းကိုးကြယ္မႈက ေကာင္းမြန္ေသာ အရာမဟုတ္ေသာ္လည္း ယခုတစ္ႀကိမ္တြင္ ေကြၽာခ်င္းက သူမ၏အျမင္ကို မျငင္းဆိုခ်င္ခဲ့ေပ။ ႏႈိင္းယွဥ္လွ်င္ ထိုေယာက်ာ္းသုံေယာက္တြင္ လို႔ရွီးယန္က သာမန္အဆန္ဆုံးျဖစ္သည္။

  သူမတို႔ႏွစ္ေယာက္ စကားစျမည္ေျပာေနၾကခ်ိန္တြင္ အရပ္ရွည္ရွည္ ပုံရိပ္တစ္ခုေပၚလာၿပီး သူမတို႔ဆီသို႔ ခပ္မွန္မွန္ေလွ်ာက္လွမ္းလာခဲ့သည္။

  လို႔ရွီးဝူက ေဒါသတႀကီးနဲ႔ တဖက္ကို လွည့္သြားခဲ့သည္။ ေနာက္ဆုံးေတာ့ သူက သူမဆီကို လာဖို႔ ဆႏၵရွိၿပီေပါ့ေလ...ဟြန႔္...

  ေကြၽာ့ခ်င္းက ေပါ့ေပါ့ပါးပါး ေခ်ာင္းဟန႔္လိုက္ၿပီး အၿပဳံးေလးနဲ႔ "ငါ ေရငတ္ေနတယ္၊ ​​ေရသြားေသာက္လိုက္ဦးမယ္"

  ေကြၽာ့ခ်င္းက မတ္တပ္ထရပ္လိုက္ေသာ္လည္း က်င္းစက သူမဆီသို႔ တည့္တည့္ေလွ်ာက္လာၿပီး ေအးစက္စြာနဲ႔ "ခ်င္းသခင္မေလး၊ အိမ္ေရွ႕ခန္းမွာ ဧည့္သည္တစ္ေယာက္ရွိေနတယ္"

  "ငါ့ကို လိုက္ရွာေနတာလာ?? ဘယ္သူလဲ" ေကြၽာ့ခ်င္းက အနည္းငယ္ အံအားသင့္သြားေပမယ့္ သူမထက္ ပိုဆိုးေနကာ ေဒါသမ်က္လုံးမ်ားျဖင့္ ပူေလာင္ေနသည့္ သူမေဘးနားရွိ အမ်ိဳးသမီးေလးကို ၾကည့္ရင္း ေကြၽာ့ခ်င္းက ရယ္ေမာလိုက္သည္။

  "ျပစ္မႈဌာနက လူႀကီးမင္းယုလန္"

  သူ???? သူက ဘာလို႔ သူမကို လာရွာတာလဲ??? အေလာင္းခြဲစိတ္ဖို႔ အတြက္လား? ဘာပဲျဖစ္ျဖစ္ သူမက ပ်င္းရိ ၿငီးေငြ႕ေနတာေၾကာင့္ သူမ သူနဲ႔ သြားေတြ႕လိုက္မယ္။

ေကြၽာ့ခ်င္းက က်င္းစေနာက္ကေန လိုက္သြားခဲ့သည္။

  ေျခလွမ္းႏွစ္လွမ္းေလာက္လွမ္းၿပီးေနာက္၊ ေကြၽာ့ခ်င္းက ရပ္လိုက္ၿပီး "ကြၽန္မ ဒီကေန သြားလို႔ရပါၿပီ၊ ရွီးဝူက ဗိုက္နာေနတယ္၊ သူ႔(မ)ကို သြားၾကည့္ေပးလိုက္ပါဦး"

က်င္းစ၏ မ်က္လုံးမ်ားက အေရာင္လက္သြားၿပီး လို႔ရွီးဝူက မေနႏိုင္ေတာ့ဘဲ သူတို႔ကို လွည့္ၾကည့္ကာ "ဘာလို႔ ငါက ဗိုက္နာေနတာလဲ?"

  "နင္ တစ္ေန႔လုံး ရွာလကာရည္ေတြ အမ်ားႀကီး ေသာက္ေနတာေလ၊ ဗိုက္နာတာ အံ့ၾသစရာ မဟုတ္ဘူး!"

ေကြၽာ့ခ်င္းက ေအးေအးေဆးေဆး ထြက္သြားၿပီး သူမ၏ ရယ္ေမာသံေတြ ေပ်ာက္ကြယ္သြားခ်ိန္တြင္ လို႔ရွီးဝူတစ္ေယာက္ထဲသာ ရွက္႐ြံ႕ေနေသာ မ်က္ႏွာျဖင့္ က်န္ရစ္ေနခဲ့သည္။ သူမက သူမအက်ႌမွ ခ်ည္သားအစကို ဆြဲလိမ္ေန႐ုံသာ တက္ႏိုင္ေတာ့သည္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
6.2K 529 14
ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍