နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

103K 10.8K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 50

846 109 2
By BlackLily_WhiteLily

  အခန်း ၅၀ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ?!

  ကျွော့ချင်းက သူမ၏အတွေးထဲတွင် နစ်ဝင်နေပြီး လို့ရှီးယန်နှင့် ဘေးချင်းကပ်လျက် လျှောက်သွားခဲ့သည်။ လို့ရှီးယန်ကတော့ ဘာအလွဲအချော်မှ မရှိပုံရပြီး ပုံမှန်ကဲ့သို့ပင်။ ကောင်းကျင်းက ခေါင်းငုံ့နေကာ သူ့မျက်လုံးများထဲမှ ရှုပ်ထွေးနေသော အလင်းရောင်ကို ဖုံးကွယ်ထားသည်။ လူသုံးဦးက ခန်းမနောက်ဘက်သို့ ဦးတည်၍ လှည့်ပတ်သွားလာပြီးနောက် ပင်မခန်းမထက် အနည်းငယ်သေးငယ်သော နန်းတော်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ခန်းမအတွင်းတွင် ဖယောင်းတိုင်မီးများထွန်းထားသော်လည်း တံခါးများကို တင်းကျပ်စွာ ပိတ်ထားသည်။

  ကျွော့ချင်းက မျက်လုံးများကို မော့ကြည့်လိုက်သော်လည်း မမျှော်လင့်ဘဲ ပင်မခန်းမကြီးမှ ပျောက်ကွယ်သွားသည့် ချင်းလင်ကို တွေ့လိုက်ရသည်။ သူမကို သက်တော်စောင့်များက စောင့်ကြပ်နေသည်။ သူမတို့မျက်လုံးများက ခဏတာအတွင်း ဆုံမိသွားကြပြီး ချင်းလင်၏ မျက်လုံးများတွင် မေးခွန်းများစွာကို သူမမြင်သော်လည်း သူမ မတတ်နိုင်ပေ၊ မူလက အလွန်ရင်းနှီးသော ညီအစ်မများဖြစ်သော်လည်း သူမကတော့ ထိုကဲ့သို့ မဟုတ်တာကြောင့် ဘယ်လိုရှင်းပြရမလဲဆိုတာကို မတွေးတောနိုင်တော့ပါဘူး။

  "ဧကရာဇ်အရှင်က ချင်းလင်ကို နန်းတော်ထဲ ၀င်ဖို့ အမိန့်ပေးပါတယ်" ကောင်းကျင်းရဲ့ အသံက သာမန်မိန်းမစိုးများ၏ အသံနှင့် မတူဘဲ လေးလေးပင်ပင်ရှိနေသည်။

  ချင်းလင်က ကျွော့ချင်းကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် နန်းတော်ခန်းမ၏ တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ နန်းတော်ခန်းမအတွင်းမှ ကြွေထည်ကွဲအက်သံများ ရုတ်တရက် ထွက်ပေါ်လာတဲ့ အချိန်အထိ ကျွော့ချင်းက သူမစိတ်ထဲတွင် ရှုပ်ထွေးနေသော ကိစ္စများကို တွေးတောကာ တွေဝေနေဆဲဖြစ်သည်။

  သူမနှင့် လို့ရှီးယန်က နန်းတော်အပြင်ဘက် ကျောက်ခမ်းလမ်းပေါ်တွင် ရပ်နေခဲ့သည်။ အလှမ်းဝေးတာကြောင့် သူတို့ပြောနေသည့်စကားများကို မကြားနိုင်သော်လည်း အတွင်းမှ ကျယ်လောင်သော ဆူညံသံက အတွင်းမှလေထုကို ပြသရန် လုံးဝ လုံလောက်နေခဲ့သည်။

  ကျွော့ချင်းက ချင်းလင်ကို စိတ်ပူနေဆဲဖြစ်ပြီး အတွင်းမှ တံခါးက ရုတ်တရက်ပွင့်လာသည်။ ကောင်းကျင်းက ချင်းလင်ကို ကူတွဲပေးထားပြီး သူမ၏ ခန္ဓာကိုယ်တွင် ထိခိုက်မှု မရှိသော်လည်း သူမ၏မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေသည်။ ကောင်းကျင်းက ချင်းလင်ကို ကိုယ်ရံတော် တစ်ယောက်ဆီကို လွှဲပေးပြီးနောက် ကျွော့ချင်းထံသို့ရောက်လာခဲ့သည်။

  "ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး နန်းတော်ခန်းမထဲကို လိုက်ခဲ့ပေးပါ" ကျွော့ချင်းက အံ့အားသင့်သွားသည်။ ဧကရာဇ်က သူမတို့ကို တယောက်ချင်း ခေါ်တွေ့နေချင်နေသည်ဟု တွေးကာ ဒေါသထွက်သွားသည်။

  ကျွော့ချင်း တွေးထားသလိုပဲ လို့ရှီးယန် ဘာမှ မပြောနိုင်သေးခင်မှာ ကောင်းကျင်းက "ဝန်ကြီးချုပ်လို့၊ ဧကရာဇ်က ချင်းသခင်မလေးကိုပဲ ဝင်ခွင့်ပြုမယ်လို့ အမိန့်ပေးလိုက်ပါတယ်"

  ကျွော့ချင်းက မျက်မှောင်ကြုတ်နေသည်။ သူမကို တစ်ယောက်တည်း စစ်ဆေးမေးမြန်းရင် သူမက နုံအဟန်ဆောင်လို့ရပေမယ့် ထိုအရာက ခက်ခဲမည့်ပုံပေါ်နေသည်။ လို့ရှီးယန်က သူမ၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်ပြီး အသံတိုးတိုးနဲ့ "သွားလေ၊ ကိုယ် အပြင်မှာ စောင့်နေပေးမယ်"

  ကျွော့ချင်း မော့ကြည့်လိုက်ရာ ကြည်လင်အေးဆေးသော မျက်လုံးများကို တွေ့လိုက်ရသည်။ သူပြောလိုက်သည့်စကားများက ရိုးရိုးသာမာန် ပြောရိုးပြောစဥ်သာ ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ သူမကို လုံခြုံသွားသည်ဟု ခံစားရစေသည်။

နောက်ဆုံးတော့ ကောင်းကင်ကိုပဲ ကျေးဇူးတင်လိုက်တော့တယ်၊ ကောင်းကင်က သူမကို ကူးပြောင်းပေးပြီး သူနဲ့ တွေ့ဆုံခွင့်ပေးခဲ့တယ်လေ...

 နောက်ဆုံးမှာတော့ သူမက တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုနေပြီး အချို့အရာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာက မသင့်တော်ပါဘူး။

ကျွော့ချင်းက စိတ်သက်သာရာရစွာ ပြုံးကာ မဆိုင်းမတွပင် ကျွော့ချင်းလှည့်၍ နန်းတော်သို့ သွားခဲ့သည်။ သူမက ‌ရှေ့သို့ ပြတ်ပြတ်သားသား လျှောက်လှမ်းနေတာကြောင့် သူမ လှည့်ထွက်သွားပြီးနောက် လို့ရှီးယန်၏ နူးညံ့သော အပြုံးက သူ့နှုတ်ခမ်းပေါ်တွင် အေးခဲသွားသည်ကို သူမ မြင်လိုက်ရပေ။ သူ့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေကာ ယခုအချိန်တွင် သူ ဘာကို တွေးနေလဲဆိုတာကို သိနိုင်ရန် ခက်ခဲနေသည်။

  ကျွော့ချင်းက ခန်းမထဲသို့ ဝင်လာပြီး ကောင်းကျင်းက သူမနှင့်အတူ မလိုက်လာဘဲ ခန်းမအပြင်ဘက်တွင် ရပ်ကာ တံခါးကို ပိတ်ပေးလိုက်သည်။

  ထွက်သွားဖို့ မဖြစ်နိုင်မှတော့ ကျွော့ချင်းတစ်ယောက် ရှေ့ကို ဆက်လျှောက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ကြွေထည်အပိုင်းအစတချို့က အခုနက ရိုက်ချိုးခံထားရပုံပေါ်သည်။ ဤနေရာက ခုနနန်းဆောင်၏ပင်မခန်းမလောက် မကျယ်ဝန်းသော်လည်း သာမန်အစည်းအဝေးခန်းမများထက် များစွာ ကျယ်ဝန်းနေသေးသည်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန်းမအလယ်တွင် ရပ်နေသောလူကို မြင်တွေ့နိုင်ဆဲပင်။ သူ၏ရွှေအနက်ရောင်နှင့် ကျောက်စိမ်းသရဖူက မရှိတော့ပဲ အဝါရောင်တောက်တောက် ၀တ်စုံကိုလည်း လဲလှယ်ထားခဲ့သည်။ ထိုလူက အောက်ခံ အနက်ရောင် ပါသော ဘရိုကိတ်၀တ်စုံကို ၀တ်ဆင်ထားကာ မျက်လုံးများက အေးစက်နေပြီး မျက်နှာက တင်းမာနေသည်။ သူရင်ဘတ်၏ အနိမ့်အမြင့်ကြောင့်သာ ယခုအချိန်တွင် သူ၏စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေကြောင်း သိနိုင်ခြင်းဖြစ်သည်။ ခန်းမထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်တွေက သိပ်ပြီး တောက်ပမနေပါဘူး၊ အဲ့တာကြောင့် သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ ကျွော့ချင်းက ထိုလူရဲ့ ခန္ဒာကိုယ်မှ ထွက်နေသာ ခြိမ်းခြောက်နိုင်သော လွှမ်းမိုးမှုများကို နက်နက်နဲနဲ ခံစားနေပမိပြီ ဖြစ်သည်။

  ကျွော့ချင်းက ရှေ့သို့ လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အပြောင်းအလဲအားလုံးကို မမြင်သလို သဘောထားကာ ဘာအမူအရာမှ မပြဘဲ တုန့်ပြန်ရန် ကြံရွယ်ကာ ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။

  နှစ်ယောက်လုံးက စကားမပြောတာကြောင့် သူမတို့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ယန်းဟုန်ထျန်းထံမှသာ အသက်ရှူသံ အနည်းငယ် ကြားနေရသည်။ ကျွော့ချင်းကတော့ ဒီအတိုင်းပဲ ခေါင်းငုံ့နေပြီး ဘာမှ မပြောပါဘူး။ ယန်းဟုန်ထျန်းက အဲ့လောက် စိတ်မရှည်တာကတော့ စိတ်မကောင်းစရာပေါ့လေ!

  "ခေါင်းကို မော့လိုက်" ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ခုကြားလိုက်ရတာနဲ့ တပြိုင်နက် ကျွော့ချင်းက သူမရဲ့ မေးရိုးဆီကနေ နာကျင်မှုကို ခံစားလိုက်ရသည်။ လက်ကြီးကြီးတစ်ခုက သူမရဲ့ မေးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကရုဏာမရှိပဲ သူမမျက်နှာကို ဆွဲမော့လိုက်သည်။ "တခြားတစ်ယောက်ကို နန်းတွင်းကိုဝင်ခိုင်းလိုက်တာနဲ့ ကျန်း(ငါကိုယ်တော်)ကို ရှောင်နိုင်မယ်လို့ မင်းထင်နေတာလား? ဒီတစ်သက်မှာ မင်းက ကျန်းရဲ့မိန်းမပဲ ဖြစ်ရမယ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ထဲက ကျန်း ပြောခဲ့ပြီးသား၊ မင်း မလွတ်မြောက်နိုင်ဘူး"

  နက်နဲသောအသံက ကျယ်လောင်ခြင်းမရှိသော်လည်း နားထောင်သူ၏နှလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်နေသည်။ သူ့မျက်လုံးများမှ ပြင်းထန်သော ဂနာမငြိမ်မှုများက ကျွော့ချင်း၏နှလုံးသားကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။ ဤလူက ရန်လိုပြီး ပိုင်စုးပိုင်နင်းဆန်လွန်းလှသည်။ သူမမေးရိုးက နာကျင်နေသော်လည်း ကျွော့ချင်းက ငြိမ်သက်နေဆဲ ဖြစ်သည်။ ဘာတွေဖြစ်နေမှန်း မသိခင်မှာ တိတ်တိတ်နေလိုက်တာက ပိုကောင်းတာပေါ့၊ သူက သူမကို အင်အားအများကြီးမသုံးဘဲ လည်ပင်းညှစ်သတ်နိုင်တယ်လေ။

  ကျွော့ချင်းရဲ့ တိတ်ဆိတ်မှုက ယန်းဟုန်ထျန်းကို ပိုပြီး ဒေါသထွက်ခဲ့သည်။ "ဘာလဲ၊ မင်း အခုန နန်းတော်ခန်းမမှာတုန်းက အရမ်း စကားကြွယ်နေပြီး မယဉ်ကျေးနေဘူး မဟုတ်လား ၊ အခု ဆွံ့အသွားပြီလား"

  ဒေါသကြောင့် ယန်းဟုန်ထျန်း၏ လက်များက တဖြည်းဖြည်း ပိုမို တင်းကျပ်လာတာကို ခံစားလိုက်ရတာကြောင့် ကျွော့ချင်းက သတိကြီးကြီးနဲ့ ပြန်ပြောလိုက်သည်။ "ချင်းဖုန့်မှာ ပြောစရာ မရှိပါဘူး။ ချင်းဖုန့်က ဧကရာဇ်မင်းမြတ်ရဲ့ ချီးမြှင့်မှုကြောင့် ဝန်ကြီးချုပ်ရဲ့ အိမ်တော်ထဲကို ဝင်လိုက်ရတာပါ"

  "ကောင်းတယ်..အရမ်းကောင်းတယ်!"

ကျွော့ချင်း စကားဆုံးသွားတာနဲ့ ယန်းဟုန်ထျန်းရဲ့ ဒေါသတွေက ပိုမို တောက်လောင်လာပြီး အံကြိတ်သံတွေနဲ့ "ဟုတ်တယ်၊ ကျန်းက ချင်းဖုန့်ကို ဝန်ကြီးချုပ်အိမ်တော်ကို သွားဖို့ ခွင့်ပြုခဲ့တယ်၊ ဒါပေမယ့် မင်း... ချင်းလင်ကို မဟုတ်ဘူး"

  ချင်းလင်?!! ကျွော့ချင်းက သူမ၏ မေးရိုးမှ နာကျင်မှုကို မသိနိုင်တော့လောက်အောင် အံ့အားသင့်သွားခဲ့သည်။ သူမက ချင်းလင်??? မဖြစ်နိုင်ဘူးမလား?!

  ကျွော့ချင်း၏ စိတ်ထဲတွင် ရုတ်တရက် ချင်းလင်၏ ရှုပ်ထွေးသော မျက်လုံးများ ပေါ်လာသည်။ သူမသာ ချင်းလင်ဖြစ်နေပါက၊ ယခုန ထိုအမျိုးသမီးက ချင်းဖုန့်ဖြစ်နိုင်တယ်လေ?

  ယန်းဟုန်ထျန်းက သူမကို မြင်သောအခါ အလွန်ထူးဆန်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူက တစ်ချိန်လုံးမမှားခဲ့ဘဲ သူလိုချင်သောအရာမှာ ချင်းလင်သာ ဖြစ်နေသည်။

  ဘုရားသခင်! ငါ တကယ်ကို မူးလဲချင်လာပြီလို့! မဟုတ်သေးဘူး စိတ်အေးအေးထား! စိတ်ကို အေးအေးထား!

  သူ့ရှေ့မှ အေးခဲနေသော အမျိုးသမီးကို စိုက်ကြည့်ရင်း ယန်းဟုန်ထျန်းက ရုတ်တရက် လှောင်ပြောင်လိုက်သည်။ "ကျန်း မင်းကို မတွေ့ရတာ သုံးနှစ်လောက်ရှိပြီ၊ ဒါပေမယ့် မင်းက မမျှော်လင့်ပဲ တကယ်ကို အစွမ်းထက်တဲ့လူဖြစ်လာတာပဲ၊ မင်းညီမကို မင်းကိုယ်စား နန်းတော်ထဲဝင်ဖို့ စည်းရုံးနိုင်တယ်၊ ပြီးတော့ ဒီလိုအချိန်တိုလေးအတွင်းမှာ ရှီးယန်ကို စိတ်ရှုပ်ထွေးစေပြီး အမှုကို ဖြေရှင်းဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးနိုင်တယ်၊ တကယ့်ကို အံ့သြစရာကောင်းပါပေတယ်"

 ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ ငြိမ်သက်သွားပြီး "ရှင်က လူမှားနေတာ၊ ကျွန်မက ချင်းလင် မဟုတ်ဘူး၊ ချင်းဖုန့်..."

အရာအားလုံးက သူ့စကားတွေပဲလေ...သူ့ဘာသာ တစ်ဖက်သတ်ပြောနေတာ။ သူမက ချင်းလင်ဆိုတာ သက်သေမပြနိုင်ရင် ဘယ်လိုလုပ်မလဲ!

  သူမက ဝန်မခံဘူးပေါ့... ကောင်းပြီလေ.. အဲ့တာဆိုရင် သူ့ကို အပြစ်မတင်နဲ့တော့....

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

  အခန္း ၅၀ အဲ့တာက ဘယ္လိုျဖစ္ႏိုင္မွာလဲ?!

  ေကြၽာ့ခ်င္းက သူမ၏အေတြးထဲတြင္ နစ္ဝင္ေနၿပီး လို႔ရွီးယန္ႏွင့္ ေဘးခ်င္းကပ္လ်က္ ေလွ်ာက္သြားခဲ့သည္။ လို႔ရွီးယန္ကေတာ့ ဘာအလြဲအေခ်ာ္မွ မရွိပုံရၿပီး ပုံမွန္ကဲ့သို႔ပင္။ ေကာင္းက်င္းက ေခါင္းငုံ႔ေနကာ သူ႔မ်က္လုံးမ်ားထဲမွ ရႈပ္ေထြးေနေသာ အလင္းေရာင္ကို ဖုံးကြယ္ထားသည္။ လူသုံးဦးက ခန္းမေနာက္ဘက္သို႔ ဦးတည္၍ လွည့္ပတ္သြားလာၿပီးေနာက္ ပင္မခန္းမထက္ အနည္းငယ္ေသးငယ္ေသာ နန္းေတာ္ေရွ႕တြင္ ရပ္တန႔္လိုက္ၾကသည္။ ခန္းမအတြင္းတြင္ ဖေယာင္းတိုင္မီးမ်ားထြန္းထားေသာ္လည္း တံခါးမ်ားကို တင္းက်ပ္စြာ ပိတ္ထားသည္။

  ေကြၽာ့ခ်င္းက မ်က္လုံးမ်ားကို ေမာ့ၾကည့္လိုက္ေသာ္လည္း မေမွ်ာ္လင့္ဘဲ ပင္မခန္းမႀကီးမွ ေပ်ာက္ကြယ္သြားသည့္ ခ်င္းလင္ကို ေတြ႕လိုက္ရသည္။ သူမကို သက္ေတာ္ေစာင့္မ်ားက ေစာင့္ၾကပ္ေနသည္။ သူမတို႔မ်က္လုံးမ်ားက ခဏတာအတြင္း ဆုံမိသြားၾကၿပီး ခ်င္းလင္၏ မ်က္လုံးမ်ားတြင္ ေမးခြန္းမ်ားစြာကို သူမျမင္ေသာ္လည္း သူမ မတတ္ႏိုင္ေပ၊ မူလက အလြန္ရင္းႏွီးေသာ ညီအစ္မမ်ားျဖစ္ေသာ္လည္း သူမကေတာ့ ထိုကဲ့သို႔ မဟုတ္တာေၾကာင့္ ဘယ္လိုရွင္းျပရမလဲဆိုတာကို မေတြးေတာႏိုင္ေတာ့ပါဘူး။

  "ဧကရာဇ္အရွင္က ခ်င္းလင္ကို နန္းေတာ္ထဲ ၀င္ဖို႔ အမိန႔္ေပးပါတယ္" ေကာင္းက်င္းရဲ႕ အသံက သာမန္မိန္းမစိုးမ်ား၏ အသံႏွင့္ မတူဘဲ ေလးေလးပင္ပင္ရွိေနသည္။

  ခ်င္းလင္က ေကြၽာ့ခ်င္းကို ေလးေလးနက္နက္ ေစ့ေစ့ၾကည့္ၿပီးေနာက္ နန္းေတာ္ခန္းမ၏ တံခါးဆီသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္သြားခဲ့သည္။ နန္းေတာ္ခန္းမအတြင္းမွ ေႂကြထည္ကြဲအက္သံမ်ား ႐ုတ္တရက္ ထြက္ေပၚလာတဲ့ အခ်ိန္အထိ ေကြၽာ့ခ်င္းက သူမစိတ္ထဲတြင္ ရႈပ္ေထြးေနေသာ ကိစၥမ်ားကို ေတြးေတာကာ ေတြေဝေနဆဲျဖစ္သည္။

  သူမႏွင့္ လို႔ရွီးယန္က နန္းေတာ္အျပင္ဘက္ ေက်ာက္ခမ္းလမ္းေပၚတြင္ ရပ္ေနခဲ့သည္။ အလွမ္းေဝးတာေၾကာင့္ သူတို႔ေျပာေနသည့္စကားမ်ားကို မၾကားႏိုင္ေသာ္လည္း အတြင္းမွ က်ယ္ေလာင္ေသာ ဆူညံသံက အတြင္းမွေလထုကို ျပသရန္ လုံးဝ လုံေလာက္ေနခဲ့သည္။

  ေကြၽာ့ခ်င္းက ခ်င္းလင္ကို စိတ္ပူေနဆဲျဖစ္ၿပီး အတြင္းမွ တံခါးက ႐ုတ္တရက္ပြင့္လာသည္။ ေကာင္းက်င္းက ခ်င္းလင္ကို ကူတြဲေပးထားၿပီး သူမ၏ ခႏၶာကိုယ္တြင္ ထိခိုက္မႈ မရွိေသာ္လည္း သူမ၏မ်က္ႏွာမွာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ျဖဴေဖ်ာ့ေနသည္။ ေကာင္းက်င္းက ခ်င္းလင္ကို ကိုယ္ရံေတာ္ တစ္ေယာက္ဆီကို လႊဲေပးၿပီးေနာက္ ေကြၽာ့ခ်င္းထံသို႔ေရာက္လာခဲ့သည္။

  "ခ်င္းသခင္မေလး၊ ေက်းဇူးျပဳၿပီး နန္းေတာ္ခန္းမထဲကို လိုက္ခဲ့ေပးပါ" ေကြၽာ့ခ်င္းက အံ့အားသင့္သြားသည္။ ဧကရာဇ္က သူမတို႔ကို တေယာက္ခ်င္း ေခၚေတြ႕ေနခ်င္ေနသည္ဟု ေတြးကာ ေဒါသထြက္သြားသည္။

  ေကြၽာ့ခ်င္း ေတြးထားသလိုပဲ လို႔ရွီးယန္ ဘာမွ မေျပာႏိုင္ေသးခင္မွာ ေကာင္းက်င္းက "ဝန္ႀကီးခ်ဳပ္လို႔၊ ဧကရာဇ္က ခ်င္းသခင္မေလးကိုပဲ ဝင္ခြင့္ျပဳမယ္လို႔ အမိန႔္ေပးလိုက္ပါတယ္"

  ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္ေနသည္။ သူမကို တစ္ေယာက္တည္း စစ္ေဆးေမးျမန္းရင္ သူမက ႏုံအဟန္ေဆာင္လို႔ရေပမယ့္ ထိုအရာက ခက္ခဲမည့္ပုံေပၚေနသည္။ လို႔ရွီးယန္က သူမ၏ ပုခုံးကို ပုတ္ကာ ၿပဳံးျပလိုက္ၿပီး အသံတိုးတိုးနဲ႔ "သြားေလ၊ ကိုယ္ အျပင္မွာ ေစာင့္ေနေပးမယ္"

  ေကြၽာ့ခ်င္း ေမာ့ၾကည့္လိုက္ရာ ၾကည္လင္ေအးေဆးေသာ မ်က္လုံးမ်ားကို ေတြ႕လိုက္ရသည္။ သူေျပာလိုက္သည့္စကားမ်ားက ႐ိုး႐ိုးသာမာန္ ေျပာ႐ိုးေျပာစဥ္သာ ျဖစ္ေသာ္လည္း ဘာေၾကာင့္မွန္းမသိ သူမကို လုံၿခဳံသြားသည္ဟု ခံစားရေစသည္။

ေနာက္ဆုံးေတာ့ ေကာင္းကင္ကိုပဲ ေက်းဇူးတင္လိုက္ေတာ့တယ္၊ ေကာင္းကင္က သူမကို ကူးေျပာင္းေပးၿပီး သူနဲ႔ ေတြ႕ဆုံခြင့္ေပးခဲ့တယ္ေလ...

 ေနာက္ဆုံးမွာေတာ့ သူမက တစ္စုံတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို အသုံးျပဳေနၿပီး အခ်ိဳ႕အရာေတြကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားေနတာက မသင့္ေတာ္ပါဘူး။

ေကြၽာ့ခ်င္းက စိတ္သက္သာရာရစြာ ၿပဳံးကာ မဆိုင္းမတြပင္ ေကြၽာ့ခ်င္းလွည့္၍ နန္းေတာ္သို႔ သြားခဲ့သည္။ သူမက ‌ေရွ႕သို႔ ျပတ္ျပတ္သားသား ေလွ်ာက္လွမ္းေနတာေၾကာင့္ သူမ လွည့္ထြက္သြားၿပီးေနာက္ လို႔ရွီးယန္၏ ႏူးညံ့ေသာ အၿပဳံးက သူ႔ႏႈတ္ခမ္းေပၚတြင္ ေအးခဲသြားသည္ကို သူမ ျမင္လိုက္ရေပ။ သူ႔၏ မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းေနကာ ယခုအခ်ိန္တြင္ သူ ဘာကို ေတြးေနလဲဆိုတာကို သိႏိုင္ရန္ ခက္ခဲေနသည္။

  ေကြၽာ့ခ်င္းက ခန္းမထဲသို႔ ဝင္လာၿပီး ေကာင္းက်င္းက သူမႏွင့္အတူ မလိုက္လာဘဲ ခန္းမအျပင္ဘက္တြင္ ရပ္ကာ တံခါးကို ပိတ္ေပးလိုက္သည္။

  ထြက္သြားဖို႔ မျဖစ္ႏိုင္မွေတာ့ ေကြၽာ့ခ်င္းတစ္ေယာက္ ေရွ႕ကို ဆက္ေလွ်ာက္ဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။ ေျမျပင္ေပၚမွာ ျပန႔္က်ဲေနတဲ့ ေႂကြထည္အပိုင္းအစတခ်ိဳ႕က အခုနက ႐ိုက္ခ်ိဳးခံထားရပုံေပၚသည္။ ဤေနရာက ခုနနန္းေဆာင္၏ပင္မခန္းမေလာက္ မက်ယ္ဝန္းေသာ္လည္း သာမန္အစည္းအေဝးခန္းမမ်ားထက္ မ်ားစြာ က်ယ္ဝန္းေနေသးသည္။ သို႔ေသာ္ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ ခန္းမအလယ္တြင္ ရပ္ေနေသာလူကို ျမင္ေတြ႕ႏိုင္ဆဲပင္။ သူ၏ေ႐ႊအနက္ေရာင္ႏွင့္ ေက်ာက္စိမ္းသရဖူက မရွိေတာ့ပဲ အဝါေရာင္ေတာက္ေတာက္ ၀တ္စုံကိုလည္း လဲလွယ္ထားခဲ့သည္။ ထိုလူက ေအာက္ခံ အနက္ေရာင္ ပါေသာ ဘ႐ိုကိတ္၀တ္စုံကို ၀တ္ဆင္ထားကာ မ်က္လုံးမ်ားက ေအးစက္ေနၿပီး မ်က္ႏွာက တင္းမာေနသည္။ သူရင္ဘတ္၏ အနိမ့္အျမင့္ေၾကာင့္သာ ယခုအခ်ိန္တြင္ သူ၏စိတ္အေျခအေနက မတည္မၿငိမ္ ျဖစ္ေနေၾကာင္း သိႏိုင္ျခင္းျဖစ္သည္။ ခန္းမထဲမွာ ထြန္းထားတဲ့ ဖေယာင္းတိုင္ေတြက သိပ္ၿပီး ေတာက္ပမေနပါဘူး၊ အဲ့တာေၾကာင့္ သူ႔အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ရဘူး၊ ေကြၽာ့ခ်င္းက ထိုလူရဲ႕ ခႏၵာကိုယ္မွ ထြက္ေနသာ ၿခိမ္းေျခာက္ႏိုင္ေသာ လႊမ္းမိုးမႈမ်ားကို နက္နက္နဲနဲ ခံစားေနပမိၿပီ ျဖစ္သည္။

  ေကြၽာ့ခ်င္းက ေရွ႕သို႔ လွမ္းေနေသာ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္ၿပီး အေျပာင္းအလဲအားလုံးကို မျမင္သလို သေဘာထားကာ ဘာအမူအရာမွ မျပဘဲ တုန႔္ျပန္ရန္ ႀကံ႐ြယ္ကာ ေခါင္းကို အနည္းငယ္ ငုံ႔ထားလိုက္သည္။

  ႏွစ္ေယာက္လုံးက စကားမေျပာတာေၾကာင့္ သူမတို႔ပတ္ဝန္းက်င္မွာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ယန္းဟုန္ထ်န္းထံမွသာ အသက္ရႉသံ အနည္းငယ္ ၾကားေနရသည္။ ေကြၽာ့ခ်င္းကေတာ့ ဒီအတိုင္းပဲ ေခါင္းငုံ႔ေနၿပီး ဘာမွ မေျပာပါဘူး။ ယန္းဟုန္ထ်န္းက အဲ့ေလာက္ စိတ္မရွည္တာကေတာ့ စိတ္မေကာင္းစရာေပါ့ေလ!

  "ေခါင္းကို ေမာ့လိုက္" ခပ္တိုးတိုး ဟိန္းေဟာက္သံ တစ္ခုၾကားလိုက္ရတာနဲ႔ တၿပိဳင္နက္ ေကြၽာ့ခ်င္းက သူမရဲ႕ ေမး႐ိုးဆီကေန နာက်င္မႈကို ခံစားလိုက္ရသည္။ လက္ႀကီးႀကီးတစ္ခုက သူမရဲ႕ ေမးေစ့ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး က႐ုဏာမရွိပဲ သူမမ်က္ႏွာကို ဆြဲေမာ့လိုက္သည္။ "တျခားတစ္ေယာက္ကို နန္းတြင္းကိုဝင္ခိုင္းလိုက္တာနဲ႔ က်န္း(ငါကိုယ္ေတာ္)ကို ေရွာင္ႏိုင္မယ္လို႔ မင္းထင္ေနတာလား? ဒီတစ္သက္မွာ မင္းက က်န္းရဲ႕မိန္းမပဲ ျဖစ္ရမယ္လို႔ လြန္ခဲ့တဲ့ သုံးႏွစ္ထဲက က်န္း ေျပာခဲ့ၿပီးသား၊ မင္း မလြတ္ေျမာက္ႏိုင္ဘူး"

  နက္နဲေသာအသံက က်ယ္ေလာင္ျခင္းမရွိေသာ္လည္း နားေထာင္သူ၏ႏွလုံးကို တုန္လႈပ္သြားေစဖို႔ လုံေလာက္ေနသည္။ သူ႔မ်က္လုံးမ်ားမွ ျပင္းထန္ေသာ ဂနာမၿငိမ္မႈမ်ားက ေကြၽာ့ခ်င္း၏ႏွလုံးသားကို အနည္းငယ္ တုန္ခါသြားေစခဲ့သည္။ ဤလူက ရန္လိုၿပီး ပိုင္စုးပိုင္နင္းဆန္လြန္းလွသည္။ သူမေမး႐ိုးက နာက်င္ေနေသာ္လည္း ေကြၽာ့ခ်င္းက ၿငိမ္သက္ေနဆဲ ျဖစ္သည္။ ဘာေတြျဖစ္ေနမွန္း မသိခင္မွာ တိတ္တိတ္ေနလိုက္တာက ပိုေကာင္းတာေပါ့၊ သူက သူမကို အင္အားအမ်ားႀကီးမသုံးဘဲ လည္ပင္းညႇစ္သတ္ႏိုင္တယ္ေလ။

  ေကြၽာ့ခ်င္းရဲ႕ တိတ္ဆိတ္မႈက ယန္းဟုန္ထ်န္းကို ပိုၿပီး ေဒါသထြက္ခဲ့သည္။ "ဘာလဲ၊ မင္း အခုန နန္းေတာ္ခန္းမမွာတုန္းက အရမ္း စကားႂကြယ္ေနၿပီး မယဥ္ေက်းေနဘူး မဟုတ္လား ၊ အခု ဆြံ႕အသြားၿပီလား"

  ေဒါသေၾကာင့္ ယန္းဟုန္ထ်န္း၏ လက္မ်ားက တျဖည္းျဖည္း ပိုမို တင္းက်ပ္လာတာကို ခံစားလိုက္ရတာေၾကာင့္ ေကြၽာ့ခ်င္းက သတိႀကီးႀကီးနဲ႔ ျပန္ေျပာလိုက္သည္။ "ခ်င္းဖုန႔္မွာ ေျပာစရာ မရွိပါဘူး။ ခ်င္းဖုန႔္က ဧကရာဇ္မင္းျမတ္ရဲ႕ ခ်ီးျမႇင့္မႈေၾကာင့္ ဝန္ႀကီးခ်ဳပ္ရဲ႕ အိမ္ေတာ္ထဲကို ဝင္လိုက္ရတာပါ"

  "ေကာင္းတယ္..အရမ္းေကာင္းတယ္!"

ေကြၽာ့ခ်င္း စကားဆုံးသြားတာနဲ႔ ယန္းဟုန္ထ်န္းရဲ႕ ေဒါသေတြက ပိုမို ေတာက္ေလာင္လာၿပီး အံႀကိတ္သံေတြနဲ႔ "ဟုတ္တယ္၊ က်န္းက ခ်င္းဖုန႔္ကို ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကို သြားဖို႔ ခြင့္ျပဳခဲ့တယ္၊ ဒါေပမယ့္ မင္း... ခ်င္းလင္ကို မဟုတ္ဘူး"

  ခ်င္းလင္?!! ေကြၽာ့ခ်င္းက သူမ၏ ေမး႐ိုးမွ နာက်င္မႈကို မသိႏိုင္ေတာ့ေလာက္ေအာင္ အံ့အားသင့္သြားခဲ့သည္။ သူမက ခ်င္းလင္??? မျဖစ္ႏိုင္ဘူးမလား?!

  ေကြၽာ့ခ်င္း၏ စိတ္ထဲတြင္ ႐ုတ္တရက္ ခ်င္းလင္၏ ရႈပ္ေထြးေသာ မ်က္လုံးမ်ား ေပၚလာသည္။ သူမသာ ခ်င္းလင္ျဖစ္ေနပါက၊ ယခုန ထိုအမ်ိဳးသမီးက ခ်င္းဖုန႔္ျဖစ္ႏိုင္တယ္ေလ?

  ယန္းဟုန္ထ်န္းက သူမကို ျမင္ေသာအခါ အလြန္ထူးဆန္းေနသည္မွာ အံ့ဩစရာ မဟုတ္ေတာ့ေပ။ သူက တစ္ခ်ိန္လုံးမမွားခဲ့ဘဲ သူလိုခ်င္ေသာအရာမွာ ခ်င္းလင္သာ ျဖစ္ေနသည္။

  ဘုရားသခင္! ငါ တကယ္ကို မူးလဲခ်င္လာၿပီလို႔! မဟုတ္ေသးဘူး စိတ္ေအးေအးထား! စိတ္ကို ေအးေအးထား!

  သူ႔ေရွ႕မွ ေအးခဲေနေသာ အမ်ိဳးသမီးကို စိုက္ၾကည့္ရင္း ယန္းဟုန္ထ်န္းက ႐ုတ္တရက္ ေလွာင္ေျပာင္လိုက္သည္။ "က်န္း မင္းကို မေတြ႕ရတာ သုံးႏွစ္ေလာက္ရွိၿပီ၊ ဒါေပမယ့္ မင္းက မေမွ်ာ္လင့္ပဲ တကယ္ကို အစြမ္းထက္တဲ့လူျဖစ္လာတာပဲ၊ မင္းညီမကို မင္းကိုယ္စား နန္းေတာ္ထဲဝင္ဖို႔ စည္း႐ုံးႏိုင္တယ္၊ ၿပီးေတာ့ ဒီလိုအခ်ိန္တိုေလးအတြင္းမွာ ရွီးယန္ကို စိတ္ရႈပ္ေထြးေစၿပီး အမႈကို ေျဖရွင္းဖို႔ အေလာင္းကို ခြဲစိပ္စစ္ေဆးႏိုင္တယ္၊ တကယ့္ကို အံ့ၾသစရာေကာင္းပါေပတယ္"

 ေကြၽာ့ခ်င္းက အသက္ကို ျပင္းျပင္းရႉကာ ၿငိမ္သက္သြားၿပီး "ရွင္က လူမွားေနတာ၊ ကြၽန္မက ခ်င္းလင္ မဟုတ္ဘူး၊ ခ်င္းဖုန႔္..."

အရာအားလုံးက သူ႔စကားေတြပဲေလ...သူ႔ဘာသာ တစ္ဖက္သတ္ေျပာေနတာ။ သူမက ခ်င္းလင္ဆိုတာ သက္ေသမျပႏိုင္ရင္ ဘယ္လိုလုပ္မလဲ!

  သူမက ဝန္မခံဘူးေပါ့... ေကာင္းၿပီေလ.. အဲ့တာဆိုရင္ သူ႔ကို အျပစ္မတင္နဲ႔ေတာ့....

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
471K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
60.4K 6.4K 92
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...