အပိုင်း (၃၂၃) ခေါင်းစဥ်မပါသော
နောက်တစ်နေ့တွင် ကောင်းကင်သည် အပြည့်အဝ မလင်းရှင်းသေးချေ။
ဖူကျို့သည် ရေချိုးခန်းထဲတွင် ရပ်နေလိုက်ပြီး သူမကိုယ်သူမ စတင်စစ်ဆေးလိုက်လေသည်။
မနေ့ကအဖြစ်အပျက်ကိုတွေ့ကြုံပြီးနောက်တွင် သူမသည် ပိုသတိဝီရီယရှိလာသည်။
သူမသည် တံခါးကို လော့ချထားပြီး မှန်ကိုမျက်နှာမူကာ သူမ၏ခန္ဓာကိုယ်ကို စည်းနှောင်လိုက်ပြီးနောက် ဆွယ်တာနှင့် ကုတ်အင်္ကျီကို ဝတ်လိုက်သည်။
ခေါင်းလျှော်ပြီးနောက် ဆံပင် ပွယောင်းယောင်းပိုဖြစ်နေလေသည်။
သူမသည် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အေးချမ်းစွာအိပ်မောကျနေသည့် ကြီးမြတ်လှသည့် သခင်လေး၏မျက်နှာကိုသာ တွေ့လိုက်ရသည်။
သူမသည် သူ့အသွင်အပြင်ကို မြင်လိုက်ရသည်။ သူသည် ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို တင်ထားသည်။ သူ့မျက်လွှာများချထားချိန် ကျရောက်နေသောအရိပ်သည် သူ့ကို အလွန်ခံ့ညားနေစေလေသည်။
ဤမျှလောက်ကောင်းသည့် မျိုးရိုးဗီဇ၏ကျေးဇူးကြောင့် ကြီးမြတ်လှသည့် သခင်လေ၏ အသွင်အပြင်သည် ဤသို့ဖြစ်နေခြင်းဖြစ်သည်။
မည်သို့ဆိုစေ ကြီးမြတ်လှသည့်သခင်လေးအိပ်နေစဥ် ဖူကျို့လုပ်ရမည့်အလုပ်မှာ သူမ၏ဖုန်းကို ယူကြည့်ရန်ပင်ဖြစ်သည်။
သူမသည် မနေ့က WeChatတွင် ဖုန်းလေးပို့ထားသည့်စာကို မပြန်ရသေးချေ။
သို့သော်ငြား လုံးဝမထင်ထားသည်မှာ သူမ၏ဖုန်းလက်ထဲရောက်လာသည်နှင့် စခရင်ပေါ်တွင် ဖုန်းလေး၏ အရေးပေါ်ခေါ်ဆိုမှုမဟုတ်ဘဲ ထိုအစား သူ့အစ်ကိုကြီး မန်နေဂျာဖုန်း၏ ခေါ်ဆိုမှုကို တွေ့လိုက်ရသည်။
မန်နေဂျာဖုန်းသည် တဲ့တိုးပြောထားလေသည်။
“Z မင်း Weiboထဲ ဝင်ပြီး ပုံနည်းနည်းလောက်တင်လိုက်၊ စီအီးအိုချင်ကို ကြည့်မနေနဲ့၊ အဲကောင်က သူ့Weiboကို လွှတ်ထားတာကြာပြီ”
ဖူကျို့သည် ထပ်စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“ သူ ပိုစ့်တင်ရတာ မကြိုက်ဘူးဆိုရင် ငါလေး သူ့အတွက်တင်ပေးမယ်လေ၊ ဘယ်လိုသဘောရလဲ”
မန်နေဂျာဖုန်းသည် ပြည်တွင်းလေယာဥ်ကွင်းတွင်သာ ရှိသေးပြီး တိုကျိုသို့ သွားမည့် လေယာဥ်ကိုစီးရန် ပြင်ဆင်နေသည်။
ကျန်းမြို့တွင် ကိစ္စများကို ဖြေရှင်းပြီးနောက် ချစ်ကြည်ရေးပွဲကို စောင့်ကြည့်ရန် တိုကျိုသို့ သွားရမည်ဖြစ်သည်။ ချစ်ကြည်ရေးပွဲဟုဆိုသော်လည်း နိုင်ငံ၏ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နိုင်သည်ဟု တွေးမိလိုက်သည်နှင့် အဓိပ္ပာယ်သည် လုံးဝပြောင်းသွားတော့သည်။
တကယ်လို့ သူတို့သာ ဒီမှာရှုံးသွားရင် နိုင်ငံအဆင့်ပြိုင်ပွဲကို တက်ဖို့ သတ္တိရှိပါအုံးတော့မလား။
မန်နေဂျာဖုန်းသည် အစကတည်းက ထိုအကြောင်းကိုသာ စဥ်းစားထားသည်။ Wechat ကို ကြည့်လိုက်ပြီး သူချက်ချင်း ပြန်ပြောလိုက်သည်။
“ စီအီးအိုချင်အတွက်တင်ပေးမယ်ဟုတ်လား၊ မင်း သေချာလို့လား”
“သေချာတာပေါ့၊ ငါလေး ပြီးခဲ့တဲ့အခေါက်ကတည်းက ကြီးမြတ်လှတဲ့ သခင်လေးရဲ့ password ရထားတယ်လေ၊ သူ ဂိမ်း passwordနဲ့ အတူတူသုံးတာမလား”
ဖူကျို့သည် လက်ထဲတွင် ဖုန်းကိုင်ထားပြီး ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကိုငုံကာ အိပ်ရာပေါ်သို့ ပျင်းရိစွာ ပြန်လဲချလိုက်လေသည်။ သူမသည် သူနှင့် သူ့စိတ်ဝင်စားမှုများကို မြင်နှင့်ပြီးသည်ဟု တွေးထားလိုက်သည်။
မန်နေဂျာဖုန်းသည် ခဏစဥ်းစားလိုက်လေသည်။ စီအီးအိုချင်၏ Spade Z အပေါ် အလိုလိုက်ခြင်းကို စဥ်းစားလိုက်လျှင် သူ့အတွက်ပို့စ်တင်ပေးခြင်းက အဆင်ပြေလိမ့်မည်။ သို့နှင့် သူသည် ပြတ်ပြတ်သားသား သဘောတူလိုက်လေသည်။
“ မင်း တင်လိုက်၊ ပုံတွေရော ပါပါစေ”
ဖူကျို့သည် အသာအယာပြုံးကာ ပြန်ဖြေလိုက်လေသည်။
“ ပြဿနာမရှိဘူး”
ငါလေးက လက်ရာမြောက်တဲ့ဓာတ်ပုံတွေနဲ့ ပုံပါထည့်ပေးမှာပေါ့။
ကြီးမြတ်လှသည့်သခင်လေးသည် သူ့မျက်နှာကို လူရှေ့တွင်မပြချင်ပေ။ သို့ရာတွင် ချင်မော့၏ဖန်များသည် ထူးထူးခြားခြား အိပ်စက်နေသည့်သည်မျက်နှာကို မမြင်လိုက်ရသည်မှာ အလွန်နှမြောစရာကောင်းသည် ဟု ထင်ရလေသည်။
သို့နှင့် ဖူကျို့သည် အိပ်ရာပေါ်မှ တမင်ထလိုက်ပြီး သူမ၏ကိုယ်ကို စောင်းကာ ချင်မော့၏ပုံများကို ညာမှ ဘယ်သို့ ရိုက်သွားလိုက်လေသည်။ သူ၏လှပသည့်ပုံရိပ်ကို ရောင်စုံခြယ်ပေးမည့် မနက်စောစော အလင်းရောင်ကို သုံးထားလိုက်သည်။ လူများသည် ဓာတ်ပုံကိုမြင်လိုက်သည်နှင့် ပုံထဲကလူသည် မည်မျှချောမောကြောင်း စိတ်ကူးယဥ်စေနိုင်မည့် ရှင်းလင်းသည့် ကင်မရာရှုထောင့်တစ်ခုကိုသာ ချန်ထားလိုက်သည်။
ဒါပေါ့လေ။ ဒီလိုချောမောပြီး ကျက်သရေရှိတဲ့အိပ်နေတဲ့ပုံစံကိုလဲ ထည့်ရိုက်ရတာပေါ့။
ကြီးမြတ်လှတဲ့သခင်လေးရဲ့ ဒီပုံရိပ်ကာ အရမ်းကိုဖြူစင်လွန်းလို့ မနက်ခင်းအာရုံလေးက တစ်နေ့တာနဲ့ လိုက်ဖက်နေတယ်လို့တောင် ထင်ရတယ်လေ။
အစပိုင်းတွင် ဖူကျို့၏မျက်လုံးများသည် ပြုံးနေလေသည်။ သူမရိုက်ထားသည့် ဓာတ်ပုံများကို ကြည့်လိုက်ပြီးနောက်တွင် သူမသည် ခဏတာ တုံံ့ဆိုင်းသွားလေသည်။
သူမကို ထပ်မေးရန်မလိုတော့ပေ။
ကြီးမြတ်လှသည့်သခင်လေးသည် ထိုနှစ်က လူဖြစ်သည်မှာ သူမ သေချာသလောက်ဖြစ်သွားသည်။ အကြောင်းမှာ သူ့မေးရိုးကွေးသွားသည့် ထောင့်ချိုးသည် လွန်ခဲ့သည့် သုံးနှစ်က သူမ၏မှတ်ဉာဏ်ထဲတွင် စွဲထင်နေသောကြောင့်ဖြစ်လေသည်။
သူမသည် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။ ထို့ကြောင့် သည်လူ မည်သူမည်ဝါဖြစ်သည်ကို ထပ်မေးရခြင်းဖြစ်သည်။
ယခုမူ သူမသည် အဖြေအားလုံးကို ရုတ်တရက်ရသွားတော့သည်။
သို့သော်ငြား ဖူကျို့သည် တခဏ တုံ့ဆိုင်းသွားပြန်သည်။
သူမသည် မနေ့ကကိစ္စကို ပြန်လည်အဖြေရှာပြီး စိတ်ပူနေရန် လုံးဝမလိုအပ်တော့ချေ။
အဓိကအချက်မှာ သူမသည် ကြီးမြတ်လှသည့်သခင်လေးကို မှတ်မိသွားသော်လည်း သူသည် သူမကို မမှတ်မိချေ... ထို့ကြောင့် အားလုံးအဆင်ပြေလေသည်။
ကြည်လင်သောစိတ်အခြေအနေဖြင့် ဖူကျို့သည် တရားဝင်Weibo စာမျက်နှာကို ဖွင့်လိုက်ပြီး သူမအခုလေးတင်မှ ရိုက်ထားသော ဓာတ်ပုံများကို ရိုးရှင်းသည့်စာတစ်ကြောင်းနှင့် တွဲတင်လိုက်လေသည်။
“မနက်စောစောအိပ်စက်နေတဲ့မျက်နှာလေး”
...
Zawgyi
အပိုင္း (၃၂၃) ေခါင္းစဥ္မပါေသာ
ေနာက္တစ္ေန႕တြင္ ေကာင္းကင္သည္ အျပည့္အဝ မလင္းရွင္းေသးေခ်။
ဖူက်ိဳ႕သည္ ေရခ်ိဳးခန္းထဲတြင္ ရပ္ေနလိုက္ၿပီး သူမကိုယ္သူမ စတင္စစ္ေဆးလိုက္ေလသည္။
မေန႕ကအျဖစ္အပ်က္ကိုေတြ႕ႀကဳံၿပီးေနာက္တြင္ သူမသည္ ပိုသတိဝီရီယရွိလာသည္။
သူမသည္ တံခါးကို ေလာ့ခ်ထားၿပီး မွန္ကိုမ်က္ႏွာမူကာ သူမ၏ခႏၶာကိုယ္ကို စည္းေႏွာင္လိုက္ၿပီးေနာက္ ဆြယ္တာႏွင့္ ကုတ္အကၤ်ီကို ဝတ္လိုက္သည္။
ေခါင္းေလွ်ာ္ၿပီးေနာက္ ဆံပင္ ပြေယာင္းေယာင္းပိုျဖစ္ေနေလသည္။
သူမသည္ တံခါးကို တြန္းဖြင့္လိုက္ခ်ိန္တြင္ ေအးခ်မ္းစြာအိပ္ေမာက်ေနသည့္ ႀကီးျမတ္လွသည့္ သခင္ေလး၏မ်က္ႏွာကိုသာ ေတြ႕လိုက္ရသည္။
သူမသည္ သူ႕အသြင္အျပင္ကို ျမင္လိုက္ရသည္။ သူသည္ ရင္ဘတ္ေပၚတြင္ လက္ႏွစ္ဖက္ကို တင္ထားသည္။ သူ႕မ်က္လႊာမ်ားခ်ထားခ်ိန္ က်ေရာက္ေနေသာအရိပ္သည္ သူ႕ကို အလြန္ခံ့ညားေနေစေလသည္။
ဤမွ်ေလာက္ေကာင္းသည့္ မ်ိဳးရိုးဗီဇ၏ေက်းဇူးေၾကာင့္ ႀကီးျမတ္လွသည့္ သခင္ေလ၏ အသြင္အျပင္သည္ ဤသို႔ျဖစ္ေနျခင္းျဖစ္သည္။
မည္သို႔ဆိုေစ ႀကီးျမတ္လွသည့္သခင္ေလးအိပ္ေနစဥ္ ဖူက်ိဳ႕လုပ္ရမည့္အလုပ္မွာ သူမ၏ဖုန္းကို ယူၾကည့္ရန္ပင္ျဖစ္သည္။
သူမသည္ မေန႕က WeChatတြင္ ဖုန္းေလးပို႔ထားသည့္စာကို မျပန္ရေသးေခ်။
သို႔ေသာ္ျငား လုံးဝမထင္ထားသည္မွာ သူမ၏ဖုန္းလက္ထဲေရာက္လာသည္ႏွင့္ စခရင္ေပၚတြင္ ဖုန္းေလး၏ အေရးေပၚေခၚဆိုမႈမဟုတ္ဘဲ ထိုအစား သူ႕အစ္ကိုႀကီး မန္ေနဂ်ာဖုန္း၏ ေခၚဆိုမႈကို ေတြ႕လိုက္ရသည္။
မန္ေနဂ်ာဖုန္းသည္ တဲ့တိုးေျပာထားေလသည္။
“Z မင္း Weiboထဲ ဝင္ၿပီး ပုံနည္းနည္းေလာက္တင္လိုက္၊ စီအီးအိုခ်င္ကို ၾကည့္မေနနဲ႕၊ အဲေကာင္က သူ႕Weiboကို လႊတ္ထားတာၾကာၿပီ”
ဖူက်ိဳ႕သည္ ထပ္စဥ္းစားလိုက္ၿပီး ျပန္ေျပာလိုက္ေလသည္။
“ သူ ပိုစ့္တင္ရတာ မႀကိဳက္ဘူးဆိုရင္ ငါေလး သူ႕အတြက္တင္ေပးမယ္ေလ၊ ဘယ္လိုသေဘာရလဲ”
မန္ေနဂ်ာဖုန္းသည္ ျပည္တြင္းေလယာဥ္ကြင္းတြင္သာ ရွိေသးၿပီး တိုက်ိဳသို႔ သြားမည့္ ေလယာဥ္ကိုစီးရန္ ျပင္ဆင္ေနသည္။
က်န္းၿမိဳ႕တြင္ ကိစၥမ်ားကို ေျဖရွင္းၿပီးေနာက္ ခ်စ္ၾကည္ေရးပြဲကို ေစာင့္ၾကည့္ရန္ တိုက်ိဳသို႔ သြားရမည္ျဖစ္သည္။ ခ်စ္ၾကည္ေရးပြဲဟုဆိုေသာ္လည္း နိုင္ငံ၏ဂုဏ္သိကၡာကို က်ဆင္းေအာင္ လုပ္နိုင္သည္ဟု ေတြးမိလိုက္သည္ႏွင့္ အဓိပၸာယ္သည္ လုံးဝေျပာင္းသြားေတာ့သည္။
တကယ္လို႔ သူတို႔သာ ဒီမွာရႈံးသြားရင္ နိုင္ငံအဆင့္ၿပိဳင္ပြဲကို တက္ဖို႔ သတၱိရွိပါအုံးေတာ့မလား။
မန္ေနဂ်ာဖုန္းသည္ အစကတည္းက ထိုအေၾကာင္းကိုသာ စဥ္းစားထားသည္။ Wechat ကို ၾကည့္လိုက္ၿပီး သူခ်က္ခ်င္း ျပန္ေျပာလိုက္သည္။
“ စီအီးအိုခ်င္အတြက္တင္ေပးမယ္ဟုတ္လား၊ မင္း ေသခ်ာလို႔လား”
“ေသခ်ာတာေပါ့၊ ငါေလး ၿပီးခဲ့တဲ့အေခါက္ကတည္းက ႀကီးျမတ္လွတဲ့ သခင္ေလးရဲ႕ password ရထားတယ္ေလ၊ သူ ဂိမ္း passwordနဲ႕ အတူတူသုံးတာမလား”
ဖူက်ိဳ႕သည္ လက္ထဲတြင္ ဖုန္းကိုင္ထားၿပီး ပါးစပ္ထဲတြင္ တုတ္ထိုးခ်ိဳခ်ဥ္ကိုငုံကာ အိပ္ရာေပၚသို႔ ပ်င္းရိစြာ ျပန္လဲခ်လိဳက္ေလသည္။ သူမသည္ သူႏွင့္ သူ႕စိတ္ဝင္စားမႈမ်ားကို ျမင္ႏွင့္ၿပီးသည္ဟု ေတြးထားလိုက္သည္။
မန္ေနဂ်ာဖုန္းသည္ ခဏစဥ္းစားလိုက္ေလသည္။ စီအီးအိုခ်င္၏ Spade Z အေပၚ အလိုလိုက္ျခင္းကို စဥ္းစားလိုက္လွ်င္ သူ႕အတြက္ပို႔စ္တင္ေပးျခင္းက အဆင္ေျပလိမ့္မည္။ သို႔ႏွင့္ သူသည္ ျပတ္ျပတ္သားသား သေဘာတူလိုက္ေလသည္။
“ မင္း တင္လိုက္၊ ပုံေတြေရာ ပါပါေစ”
ဖူက်ိဳ႕သည္ အသာအယာၿပဳံးကာ ျပန္ေျဖလိုက္ေလသည္။
“ ျပႆနာမရွိဘူး”
ငါေလးက လက္ရာေျမာက္တဲ့ဓာတ္ပုံေတြနဲ႕ ပုံပါထည့္ေပးမွာေပါ့။
ႀကီးျမတ္လွသည့္သခင္ေလးသည္ သူ႕မ်က္ႏွာကို လူေရွ႕တြင္မျပခ်င္ေပ။ သို႔ရာတြင္ ခ်င္ေမာ့၏ဖန္မ်ားသည္ ထူးထူးျခားျခား အိပ္စက္ေနသည့္သည္မ်က္ႏွာကို မျမင္လိုက္ရသည္မွာ အလြန္ႏွေျမာစရာေကာင္းသည္ ဟု ထင္ရေလသည္။
သို႔ႏွင့္ ဖူက်ိဳ႕သည္ အိပ္ရာေပၚမွ တမင္ထလိုက္ၿပီး သူမ၏ကိုယ္ကို ေစာင္းကာ ခ်င္ေမာ့၏ပုံမ်ားကို ညာမွ ဘယ္သို႔ ရိုက္သြားလိုက္ေလသည္။ သူ၏လွပသည့္ပုံရိပ္ကို ေရာင္စုံျခယ္ေပးမည့္ မနက္ေစာေစာ အလင္းေရာင္ကို သုံးထားလိုက္သည္။ လူမ်ားသည္ ဓာတ္ပုံကိုျမင္လိုက္သည္ႏွင့္ ပုံထဲကလူသည္ မည္မွ်ေခ်ာေမာေၾကာင္း စိတ္ကူးယဥ္ေစနိုင္မည့္ ရွင္းလင္းသည့္ ကင္မရာရႈေထာင့္တစ္ခုကိုသာ ခ်န္ထားလိုက္သည္။
ဒါေပါ့ေလ။ ဒီလိုေခ်ာေမာၿပီး က်က္သေရရွိတဲ့အိပ္ေနတဲ့ပုံစံကိုလဲ ထည့္ရိုက္ရတာေပါ့။
ႀကီးျမတ္လွတဲ့သခင္ေလးရဲ႕ ဒီပုံရိပ္ကာ အရမ္းကိုျဖဴစင္လြန္းလို႔ မနက္ခင္းအာ႐ုံေလးက တစ္ေန႕တာနဲ႕ လိုက္ဖက္ေနတယ္လို႔ေတာင္ ထင္ရတယ္ေလ။
အစပိုင္းတြင္ ဖူက်ိဳ႕၏မ်က္လုံးမ်ားသည္ ၿပဳံးေနေလသည္။ သူမရိုက္ထားသည့္ ဓာတ္ပုံမ်ားကို ၾကည့္လိုက္ၿပီးေနာက္တြင္ သူမသည္ ခဏတာ တုံံ့ဆိုင္းသြားေလသည္။
သူမကို ထပ္ေမးရန္မလိုေတာ့ေပ။
ႀကီးျမတ္လွသည့္သခင္ေလးသည္ ထိုႏွစ္က လူျဖစ္သည္မွာ သူမ ေသခ်ာသေလာက္ျဖစ္သြားသည္။ အေၾကာင္းမွာ သူ႕ေမးရိုးေကြးသြားသည့္ ေထာင့္ခ်ိဳးသည္ လြန္ခဲ့သည့္ သုံးႏွစ္က သူမ၏မွတ္ဉာဏ္ထဲတြင္ စြဲထင္ေနေသာေၾကာင့္ျဖစ္ေလသည္။
သူမသည္ သူ႕မ်က္ႏွာကို ရွင္းရွင္းလင္းလင္းမျမင္လိုက္ရေပ။ ထို႔ေၾကာင့္ သည္လူ မည္သူမည္ဝါျဖစ္သည္ကို ထပ္ေမးရျခင္းျဖစ္သည္။
ယခုမူ သူမသည္ အေျဖအားလုံးကို ႐ုတ္တရက္ရသြားေတာ့သည္။
သို႔ေသာ္ျငား ဖူက်ိဳ႕သည္ တခဏ တုံ႕ဆိုင္းသြားျပန္သည္။
သူမသည္ မေန႕ကကိစၥကို ျပန္လည္အေျဖရွာၿပီး စိတ္ပူေနရန္ လုံးဝမလိုအပ္ေတာ့ေခ်။
အဓိကအခ်က္မွာ သူမသည္ ႀကီးျမတ္လွသည့္သခင္ေလးကို မွတ္မိသြားေသာ္လည္း သူသည္ သူမကို မမွတ္မိေခ်... ထို႔ေၾကာင့္ အားလုံးအဆင္ေျပေလသည္။
ၾကည္လင္ေသာစိတ္အေျခအေနျဖင့္ ဖူက်ိဳ႕သည္ တရားဝင္Weibo စာမ်က္ႏွာကို ဖြင့္လိုက္ၿပီး သူမအခုေလးတင္မွ ရိုက္ထားေသာ ဓာတ္ပုံမ်ားကို ရိုးရွင္းသည့္စာတစ္ေၾကာင္းႏွင့္ တြဲတင္လိုက္ေလသည္။
“မနက္ေစာေစာအိပ္စက္ေနတဲ့မ်က္ႏွာေလး”
...