ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Sea...

Von Bellie_Kim

81.6K 998 118

ရှုပ်ထွေးတဲ့ဘ၀ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးနဲ့အကိုဖြစ်သူရဲ့သူငယ်ချင်းကိုချစ်မိသွားတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း... Mehr

Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+Zawgyi)
Part 19(Uni+Zawgyi)
Part 20(Uni+Zawgyi)
Part 21(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Intro
Part 1(uni+Zawgyi)
Part 24(Uni+Zawgyi)
Part 2(uni+ zawgyi)
Part 27(Uni+Zawgyi)
Part 29(Uni+Zawgyi)
Part 3(uni+zawgyi)
Part 28(Uni+Zawgyi)
Part 6(Uni+Zawgyi)
Part 7(Uni+Zawgyi)
Part 4(uni+ zawgyi)
Part 8(Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 25(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 26(Uni+Zawgyi)
Part 12(Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 13(Uni+Zawgyi)
Part 14(Uni+Zawgyi)
ဇာတ်၀င်တေး/ဇာတ္၀င္ေတး
Part 30(Uni+Zawgyi)

Part 11(Uni+Zawgyi)

1.7K 25 3
Von Bellie_Kim

(Uni)

အချိန်ကား မနက် ၁၀နာရီပင်ဖြစ်သည်။လ၀န်းသည် မနက်စာစားပြီးသည်နှင့် သူမမရသည့် သချာ်တွက်စာများကို တွက်နေသည်မှာ အခုချိန်ထိပင်ဖြစ်သည်။

"ဒေါက် ဒေါက် ဒေါက်"

"ဘယ်သူလဲ"

"ငါဘဲ အုန်းမုတ်ခွက်မ"

"ဘာလုပ်ဖို့လဲ ကိုကို ညီမလေးအခု သချာ်တွက်နေတယ်"

"ဟဲ့ နင်အထဲမှာဘဲ ငါ့ကိုပြောမနေနဲ့ တံခါးလာဖွင့်ပေးဦးလေ"

"ဘာလုပ်ဖို့လဲလို့"

"စကားကြောမရှည်နဲ့ ငါကတံခါးဖွင့်ဆိုဖွင့်လိုက်"

သူမမျက်မှောင်ကြုံ့လိုက်ပြီး သူမအကိုကိုတံခါးသွားဖွင့်ပေးလိုက်သည်။

"ဘာလဲ ကိုကို မြန်မြန်ပြော ညီမလေးစာလုပ်ရဦးမယ်"

"အမယ် စာတော်တော်ကြိုးစားနေတယ်ပေါ့လေ ဟုတ်လား အုန်းမုတ်ခွက်မ"

"‌ကြိုးစားရမှာပေါ့လေ ဒီအပတ်သာ စာမေးပွဲမအောင်ပြန်ရင် တစ်ယောက်ယောက်နဲ့စော်ပလော်တီးခံရမှာကို ကြိုသိနေတာကိုး"

"အဲဒီတစ်ယောက်ယောက်ဆိုတာ င့ါကိုပြောနေတာလား အုန်းမုတ်ခွက်မ"

"ဘယ်သူရှိရဦးမှာလဲ ကဲ့ မြန်မြန်ပြော ကိုကို ညီမလေးဒီနေ့စာတွေအများကြီးလုပ်ရဦးမှာ"

"အေးပါ ငါပြောပါ့မယ် ကဲ့ အုန်းမုတ်ခွက် ညနေ၃နာရီကျရင် နင့်ကိုငါHappy Worldလိုက်ပို့ပေးမယ် အဲဒါနင်သိအောင်ငါ‌လာပြောတာ"

အမယ်လေး ဘုရားရေ!ထိုစကားကိုပြောသည့်သူက သူမ၏အကိုမှဟုတ်ရဲ့လား။သူမအကိုလိုကတ်သီးကတ်သတ်လိုလူမျိုးက သူမကိုထိုစကားပြောသည်ဆိုတော့ သူမနားကိုတောင်မယုံနိုင်ပင်ဖြစ်သည်။
သူမသည် သူမအကိုကိုအံ့ဩသည့်အကြည့်‌နဲ့ကြည့်နေစဉ်..

"အငယ်မ နင်ဘာလို့ငါ့ကိုအဲဒီလိုကြည့်နေတာလဲ နင့်အကြည့်ရဲ့အဓိပ္ပာယ်ကိုငါသိတယ်နော်"

"ဟုတ်တယ်လေ ကိုကိုက ညီမလေးကို ဘယ်တုန်းက ကစားကွင်းလိုက်ပို့ပေးဖူးလို့လဲ ညီမလေးကစားကွင်းသွားချင်လို့ ကိုကို့ကိုပူဆာခဲ့တာတောင် ကိုကိုကလိုက်မပို့ချင်ခဲ့ဖူးဘူးလေ အခုက ဘာစိတ်များပေါက်သွားလို့..."

"ဘာစိတ်မှမပေါက်ဘူး အရင်တုန်းက နင့်ကိုကစားကွင်းလိုက်မပို့ခဲ့ဖူးတာက ငါလည်းငါ့ကျောင်းစာနဲ့နပန်းလုံးနေရလို့ နင့်ကိုလိုက်ပို့ပေးဖို့မအားတာပါဟ အခု ငါကျောင်းပိတ်တုန်းအားနေတဲ့တစ်ခဏမှာ နင်သွားချင်တဲ့Happy Worldကိုငါလိုက်ပို့ပေးပါ့မယ် ငါလည်းနင်ထင်သလောက်တော့ ကပ်စေးမနဲသေးပါဘူးဟ"

"ကိုကို လိုက်ပို့ပေးမယ်ဆိုလို့ ‌ညီမလေး၀မ်းသာပါတယ် ဒါပေမယ့် ညီမလေးက နောက်တစ်ပတ်ကျရင် စာမေးပွဲဖြေရတော့မှာလေ စာတွေလည်းအကုန်မရသေးဘူး အခုကညီမလေးHappy Worldသွားပြီးပျော်နေရမယ့်အချိန်မဟုတ်သေးဘူးလို့ ညီမလေးထင်တယ်ကိုကို"

"ဟဲ့ ငါပြောတာနားထောင် စာမေးပွဲမဖြေခင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ပျော်စရာနေရာတစ်ခုခုကိုသွားသင့်တယ်လို့ငါထင်တယ်စာချည်းဘဲ ဖိလုပ်မနေနဲ့ ဦးနှောက်ကိုလည်းအနားပေးဦး ဒီနေ့တစ်ရက်တည်း နင်စာမလုပ်ရလို့လည်း ဘာမှဖြစ်သွားမှာမဟုတ်ဘူး"

"အဲဒါတော့ ဟုတ်ပေမယ့်..."

"ကဲ့ အတွန့်တက်မနေနဲ့ ညနေ၃နာရီကျရင် အသင့်ပြင်ထား ငါတို့ကစားကွင်းမှာကို အမေလည်းခွင့်ပြုတယ်ဆိုတော့ ဘာမှပူစရာမလိုတော့ဘူး နင်သာအသင့်ပြင်ထားရင်ပြီး"

သူမအခုချိန်မှာ ကစားကွင်းကို သူမအကိုနှင့်နှစ်ယောက်တည်းမသွားချင်ပါ။သူမအဖော်ရသွားအောင် ကြယ်စင့်ကိုခေါ်သွားရင်ကောင်းမလား။ကြယ်စင်က သူမအကိုကိုကြိုက်နေတာဆိုတော့ သူမအကိုပါရင် ကြယ်စင်သည် လိုက်လောက်မည်ထင်သည်။

"ကိုကို ညီမလေးတို့အဖော်ရသွားအောင်လေ ညီမလေးရဲ့သူငယ်ချင်းကြယ်စင့်ကိုပါခေါ်သွားရင်ကောင်းမလား"

သူမထိုသို့ပြောလိုက်တော့ သူမအကိုက...

"သူသွားနိုင်မှာ မဟုတ်ဘူး"

"ဟင် ဘာရယ်"

"သူသွားနိုင်မှာ မဟုတ်ဘူးလို့"

"ဘာလဲ သူကဘာလို့မသွားနိုင်ရမှာလဲ ပြီးတော့ သူမသွားနိုင်မှန်းကိုကိုက ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ"

"အေး ဘာလို့လဲဆိုတော့ သူအခုခြေထောက်နာနေလို့ ဘယ်မှသွားနိုင်မှာ မဟုတ်ဘူး"

"ဟင် ဘယ်လို ကြယ်စင်ကခြေထောက်နာနေတယ်ဟုတ်လား ကိုကို ကိုကိုက သူအဲဒီလိုဖြစ်နေမှန်းဘယ်လိုလုပ်ပြီးသိနေတာလဲ"

"အေး ဒီလိုဟာ$#&#$&#$&#$&...."

နေလရောင်သည် မနေ့က ကြယ်စင်ဆိုသည့်ကောင်မလေး ကားကိုရှောင်လိုက်ပြီးလမ်းဘေးမှာ ခြေခေါက်လဲသွားပြီး သူကိုယ်တိုင်ဆေးခန်းလိုက်ပို့ပေးလိုက်ရသည့်အကြောင်းအလုံးစုံပြောပြလိုက်သည်။တကယ်တော့ သူညီမလေး လ၀န်းမေ ကစားကွင်းလိုက်ပို့သည့်Ideaကို ဇိုင်းက အကြံပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူမညီမလေး၏သူငယ်ချင်းဖြစ်သည့် ကြယ်စင်သန့်ဆိုသည့်ကောင်မလေးကိုပါစဉ်းစားမိသွားသည်။သို့ပေမယ့် ထိုကောင်မလေးက မနေ့က ခြေခေါက်လဲပြီး ခြေထောက်နာနေ၍ လမ်းမလျှောက်နိုင်သည်ကို သတိရပြီး မခေါ်ဖြစ်တော့ပါ။တကယ်တော့ ထိုကောင်မလေးကို သူတို့နှင့်အတူ မခေါ်သွားနိုင်သည်ကို ဘာကြောင့်မှန်းမသိ စိတ်မကောင်းဖြစ်မိနေသည်။

"အော် အဲဒါကြောင့် မနေ့က ညီမလေးတို့နဲ့အတူ စာလုပ်ဖို့ မသွားနိုင်တာကိုး ဒါဆိုကြယ်စင်ကခြေထောက်နာနေတာပေါ့နော်ကိုကို"

"အေးပါဆို ကဲ့ နင်စာလုပ်စရာရှိတာ သွားလုပ်တော့ ငါအောက်ဆင်းပြီး Game ဆော့လိုက်ဦးမယ်"

"အင်းပါ သွားဆော့ ညီမလေးလည်း စာလုပ်လိုက်ဦးမယ်"
*
*
*
ညနေ ၂နာရီခွဲသို့ရောက်သော် သူမရေအမြန်ချိုးပြီး ပြင်ဆင်ရတော့သည်။ဗီဒိုထဲမှ သူနှင့်လိုက်ဖက်တော့ စပို့ရှပ်ခါးတိုနှင့် ဒူးဖုံးရုံရှိသည့် ဂျင်းစကပ်တစ်ထည်ကိုရွေးပြီး၀တ်လိုက်သည်။သူမ၏ဆံပင်ကို ချစ်စရာကောင်းအောင် ကလစ်လှလှကလေးနှင့် ချိတ်၍အလှဆင်လိုက်သည်။သူမ၏မျက်နှာကို Tonerနှင့်နို့ရည်လေးသာလိမ်းလိုက်ပြီး နှုတ်ခမ်းကို ပန်းရောင့် ရင့်ရင့်အတွင်းဆိုးဆိုးလိုက်သည်။
သူမ၏တစ်ကိုယ်လုံးကို မှန်ထဲမှာ ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်၍ သူမ၏ဘေးလွယ် ပိုက်ဆံအိတ်တစ်လုံးကို လွယ်ပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။

"ကိုကိုရေ ညီမလေးပြီးပြီး"

သူမအောက်ထပ်ကိုဆင်းလာတော့ သူမအကိုကို အော်ခေါ်လိုက်သည်။

"သမီးရေ ခနစောင့်ဦး သမီးအကိုက သူ့အခန်းထဲမှာ ရွှိုင်းနေတုန်းဘဲရှိသေးတယ်"

သူမအမေသည် မီးဖိုဆောင်ခန်းမှ ထွက်လာတုန်း သူမကိုပြောလိုက်ခြင်းဖြစ်သည်။

"လာပါပြီး အမေရဲ့ "

သူမအကိုသည် သူ့အခန်းထဲက ထွက်လာပြီးသူမတို့၏အမေကိုပြန်ပြောလိုက်သည်။

"အေး လာပြီးလား သားကြီး ကဲ့ သားနဲ့သမီးတို့သွားစရာရှိတာသွားကြတော့ မိုးမချုပ်ခင်ပြန်လာခဲ့ကြနော် သမီးလည်း ကိုကိုရဲ့စကားကိုလည်းနားထောင်နော်"

"ဟုတ်ကဲ့ပါမေမေရဲ့"

"အမေ ဒါဆိုသားနဲ့ညီမလေးတို့သွားပြီးနော် သားတို့အပြင်သွားတုန်း ဘာမှာဦးမလဲ"

"အခြားတော့မဟုတိပါဘူး ညီမလေးကိုဘဲဂရုစိုက်ပေးဖို့အမေမှာချင်တယ်သား"

"စိတ်ချပါ အမေ သား ညီမလေးကိုဂရုစိုက်ပါ့မယ် ဒါဆို သားတို့သွားတော့မယ်နော်"

"အေးကွယ် သွား သွား"

သူမတို့၏အမေကိုနှုတ်ဆက်ပြီးနောက် သူမအကိုသည် သူမအားကားတံခါးဖွင့်ပေး၍ ကားပေါ်သိုအရင်တက်စေပြီး သူလည်းကားပေါ်သို့တက်၍မောင်းသူနေရာမှာထိုင်လိုက်ပြီး ကားစက်နှိုး၍ အိမ်ထဲကနေမောင်းထွက်လာခဲ့သည်။

*
*
*
သူမအကိုသည် ကားမောင်းနေရင်း သူမကိုဘာစကားမှမပြောပေ။သူမလည်း ကားမှန်အပြင်ကနေရှုခင်းတွေကို ကြည့်နေသည်။သူမအကိုသည် ကားမောင်နေရာက Happy Worldကိုသွားသည့်လမ်းမဟုတ်ဘဲ အခြားလမ်းကိုမောင်းသွားနေသည်။

"ကိုကို ကိုကိုဘယ်ကိုမောင်းနေတာလဲဟင် ဒါ Happy Worldကိုသွားတဲ့လမ်းမဟုတ်ဘူးလေ"

"အေးပါ ငါသိပါတယ်ဟ Happy Worldမသွားခင်မှာ ငါလူတစ်ယောက်ကို ၀င်ခေါ်ဖို့ရှိလို့ပါဟ နင်က ဘာကြောက်နေတာလဲ"

"မသိဘူးလေ ကိုကိုက ညီမလေးကို ဘယ်ကိုခေါ်သွားမယ်မှန်းမှမသိတာ ဒါနဲ့ ကိုကိုက ဘယ်သူ့ကို၀င်ခေါ်မလို့လဲ"

"ဘယ်သူဖြစ်ရမှာလဲ ဇိုင်းပေါ့"

"ဟင် ကိုကိုဇိုင်းလား"

"ဟုတ်တယ် နင့်ကို ကစားကွင်းလိုက်ပို့ပေးဖို့အကြံ သူဘဲ ငါ့ကိုပေးခဲ့တာ ငါလည်းနင်နဲ့နှစ်ယောက်တည်းသွားရမှာပျင်းနေတာနဲ့ သူ့ပါအဖော်ခေါ်လိုက်တာ သူ့အကြံကြောင့် နင်ကစားကွင်းကိုသွားရတာနော် ကျေးဇူးတင်ချင်ရင် သူ့ကိုကျေးဇူးတင်ရမယ်"

"သိပါတယ် ကိုကို့လိုလူမျိုးက ညီမလေးကို ဒီလိုနေရာမျိုးတွေ လိုက်ပို့ပေးချင်မယ့်လူမဟုတ်ဘူးဆိုတာ"

"သိရင်ပြီးရော အုန်းမုတ်ခွက်မ"

"ဟွန့် ကိုကိုဇိုင်းရေ အရမ်းကျေးဇူးတင်တယ်သိလား လ၀န်းရဲ့စိတ်ပုပ်တဲ့အကိုကို လ၀န်းကို ကစားကွင်းပို့ပေးအောင် ပြောပေးလို့"

သူမသည် သူမ၏အနားသို့ကပ်ပြီး အော်ပစ်လိုက်သည်။

"ဟဲ့ တိုးတိုးအော်စမ်းပါဟ ငါ့နားကွဲတော့မယ် နင့်အသံကလည်း ကျယ်လိုက်တာ အုန်းမုတ်ခွက်မရဲ့"

"အဟာ့"

သူမသည် သူမအကိုပြောသည်ကို သဘောကျ၍ ရယ်လိုက်မိသည်။သူမသည် အခုချိန်မှာ အရမ်းကိုပျော်နေမိသည်။သူမတို့နှင့်သူမ၏Crushဇိုင်းပါအတူသွားမယ်တဲ့။ဇိုင်းပါမှတော့ သူမမှာ ပျင်းစရာအကြောင်းမရှိတော့ပါ။

သူမအကိုသည် ကားမောင်းနေရင်း အဆောက်အဦးတစ်လုံးကြီးရှေ့သို့ ကားကိုရပ်ပစ်လိုက်သည်။

"ဝါး ဒါကိုကိုဇိုင်းနေနေတဲ့ကွန်ဒိုအဆောက်အဦးကြီးလား သူဘယ်အခန်းမှာနေတာပါ့လိမ့် ငါသိရင် သူ့ဆီသွားလည်လို့ရရအောင်"

"ဟဲ့ အုန်းမုတ်ခွက်မ နင်ဒီမှာခနစောင့်နေ ငါဇိုင်းကိုတက်ခေါ်လိုက်ဦးမယ်"

"ဟင် ညီမလေးလည်း လိုက်လို့မရဘူးလားကိုကို"

"ဟဲ့ နင်က ဘာလိုက်လုပ်မှာလဲ"

"ညီမလေးလည်း ကိုကိုဇိုင်းကဘယ်အခန်းမှာနေတာလဲဆိုတာ သိချင်လို့ပေါ့လို့"

"မသိချင်နဲ့ နင်က ဇိုင်းအခန်းကိုသိပြီးတော့ရော ဘာလုပ်မှာလဲ အုန်းမုတ်ခွက်မ"

"ဘာမှတော့မလုပ်ချင်ပါဘူး ဒီအတိုင်းကိုကို့သူငယ်ချင်းမို့..."

"တော်တန်တိတ် ပါးစပ်ပိတ် ငါက ဒီမှာစောင့်ဆိုစောင့်နေလိုက် လျှာမရှည်နဲ့"

သူမအကိုဟိန်းဟောက်လိုက်သည်ကြောင့် သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ထို့နောက် သူမအကိုသည် ဇိုင်းကိုသွားခေါ်ရန် ထိုအဆောက်အဉီးထဲသို့၀င်သွားလိုက်သည်။

"ဟင့် တော်တော်ကပ်စေးနဲတဲ့အကို တွန့်တိုစရာရှားလို့ သူ့သူငယ်ချင်းကိုတောင်တွန့်တိုနေသေးတယ် ကိုကိုဇိုင်းရဲ့အခန်းဆီ ငါ့ကိုအတူခေါ်သွားလို့ရော ဘာဖြစ်သွားမှာ မို့လို့လဲ အံ့ဩပါ့"

သူမသည်ကားထဲမှာတစ်ယောက်တည်း သူမ၏အကိုကို မကျေနပ်စွာ ပြောနေမိသည်။ခနအကြာမှာ ထိုအဆောက်အဦးထဲကနေ သူမအကိုနှင့်ဇိုင်းက ထွက်လာခဲ့သည်။

"ကိုကိုဇိုင်းလာပြီး အဟိ"

ဇိုင်းသည် ကားနောက်ခန်းတံခါးကိုဖွင့်လိုက်ပြီး ကားနောက်ခန်းရှိထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။

သူမသည် ကားရှေ့ခုံမှာထိုင်နေပြီး ကားနောက်ခန်းမှာရှိသည့်ဇိုင်းဘက်ကိုလှည့်၍ ပြုံး၍ နှုတ်ဆက်လိုက်သည်။

"Hi ကိုကိုဇိုင်း"

သူမနှုတ်ဆက်လိုက်သည်နှင့်ဇိုင်းသည် သူမကို ပြုံးပြလိုက်၍...

"အင်း ကလေး"

"ကိုကိုဇိုင်း လ၀န်းရဲကိုကိုစိတ်ပုပ်ကို လ၀န်းကိုကစားကွင်းပို့ပေးဖို့ပြောပေးတဲ့အတွက်ကျေးဇူးဘဲနော် ကိုကိုဇိုင်းသာမပြောရင် သူ့လိုကပ်စေးနဲက လ၀န်းကို ပို့ပေးမှာမဟုတ်ဘူး"

"ဟဲ့ နင်ငါ့ကိုဇိုင်းအရှေ့မှာထားပြီး ဖြုတ်နေတာလား အုန်းမုတ်ခွက်မ"

"ဟော ညီမလေးကို အုန်းမုတ်ခွက်လို့ခေါ်ပြန်ပြီး အဲဒီလိုမခေါ်နဲ့ မကြိုက်ပါဘူးဆို"

"ခေါ်မှာဘဲ အိမ်မှာလည်းခေါ်နေကြတာဘဲကို"

"မခေါ်နဲ့ မခေါ်နဲ့ မကြိုက်ဘူး"

သူမအကိုသည် ဇိုင်း၏အရှေ့မှာ "အုန်းမုတ်ခွက်မ"ဆိုသည့်နာမည်ပြောင်ကိုခေါ်လိုက်သည်ကြောင့်သူမစိတ်အလွန်တိုသွားရသည်။အဲဒီနာမည်ပြောင်ကို အခြားနေရာမှာ သူမအကိုကြိုက်သလောက်ခေါ်ပါစေ သူမအတွက် ကိစ္စမရှိပေမယ့် အခုဟာက ဇိုင်းအရှေ့မှာ သူမကိုထိုနာမည်ပြောင်ခေါ်ပြီးဖြုတ်နေသည်ကြောင့်သူမအလွန်ပင်ရှက်သွားရသည်။

"ကဲ့ တော်ကြပါတော့ကွာ သွားကြစို့နော် ‌လရောင် မင်းလည်း ကိုယ့်ညီမလေးကို အဲဒီနာမည်ပြောင်တွေနဲ့မခေါ်စမ်းပါနဲ့ ကလေးရှက်နေပါဦးမယ်"

"ဟုတ်တယ် ကိုကိုဇိုင်း ပြောပြလိုက် သူ့ကို"

"အေးပါ မိလ၀န်းမေ နင့်ဘက်မှာဇိုင်းရှိနေတော့ နင်သက်သာသွားတယ်မှတ်ပါ မဟုတ်ရင် နင်..."

"ကဲ့ လရောင်ရာ စကားမများနေပါနဲ့တော့ သွားရအောင်ကွာ"

"အေးပါကွ မင်းကလည်း"

ထိုအချိန် သူမသည် ဇိုင်းဘက်ကိုလှည့်၍ လက်မထောင်ပြလိုက်သည်။ဇိုင်းကလည်းသူမကိုပြုံးပြလိုက်၍ ခေါင်းညိတ်ပြလိုက်သည်။
*
*
*
သူမတို့သည် Happy Worldသို့ရောက်သော် သူမအကိုသည် သူမကို ဇိုင်းနှင့်ထားခဲ့ပြီး တစ်နေရာရာမှာ ကားသွားအပ်လိုက်သည်။

သူမသည် ဇိုင်းကို ကြည့်လိုက်သော် ဇိုင်းသည် Happy World၏ရှုခင်းတွေကို ငေးကြည့်နေသည်။အရပ်အရမ်းရှည်သည့် ဇိုင်းကိုသူမငေးကြည့်နေရင်း နောက်ကိုတစ်လှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး သူမအိတ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်။

စတိုင်ရှပ်အဖြူရောင်နှင့် ဂျင်းဘောင်းဘီကို ၀တ်ထားသည့် ဇိုင်းသည် အရပ်အရမ်းရှည်စတိုင်ကျပြီးချောမော နေသည်။ဇိုင်း၏ဤချောမောနေသည့်ပုံကို ယခုချိန်တွင် သူမဖုန်းနှင့် အမိအရ ရိုက်ယူလိုက်သည်။

သူမသည် ဇိုင်း၏ ဤ ပုံကိုဇိုင်းမသိအောင်အမြန်ခိုးပြီရိုက်ယူလိုက်သည်။
ဇိုင်းသည် ရှုခင်းတွေကိုကြည့်ပြီး သူမကို ငုံ့၍ ကြည့်လိုက်သည်။

"ကလေး ကလေးအကိုကလည်းကြာလိုက်တာ အခုထိမလာသေးဘူး"

"အင်းနော် ကိုကိုဇိုင်း ကိုကိုကလည်းကားသွားထားတာ အဲ့လောက်ကြာရလား"

"ဒီ ဒီ ဒီ"

သူမညည်းညူနေရင်းမှ ဇိုင်းဖုန်းမှာ မြည်လာခဲ့သည်။
ဇိုင်းသည် သူဖုန်းကို ထုတ်လိုက်၍ ကိုင်လိုက်သည်။

"ဟယ်လို လရောင် မင်းမလာသေးဘူးလား ကားသွားထားတာ အဲဒီလောက်ကြာရလားဒီမှာ ငါနဲ့မင်းညီမလေးစောင့်နေတယ်နော်"

"........"

"ဘာ မင်းမလာနိုင်တော့ဘူး ဟုတ်လား ဘာလို့လဲ"

"........"

ထိုအချိန် ဇိုင်းသည် ဖုန်းကိုနားမှာ ကပ်ထားရင်း သူမကိုကြည့်လိုက်သည်။
သူမကလည်း "ဘာလဲ" ဟူသော အထာဖြင့် ဇိုင်းကိုမျက်နှာထားဖြင့်မေးလိုက်သည်။

"အေးပါ အဲဒီလိုဆိုတော့လည်း ဘယ်တတ်နိုင်တော့မလဲ ငါကဘဲမင်းညီမလေးကိုစောင့်ရှောက်ပေးလိုက်ပါ့မယ်"

"......"

"အေးပါ စိတ်ချ ငါကိုယ်တိုင်ဘဲ မင်းညီမလေးကို အိမ်ပြန်ပြီးလိုက်ပို့ပေးလိုက်ပါ့မယ်ကွာ မင်းကတော့...အင်း "

ဇိုင်းသည် တစ်ဖက်က သူမအကိုကိုတစ်ခုခုပြောဖို့ပြင်လိုက်ရင်း သူမကိုတစ်ချက်ကြည့်ပြီး နှုတ်ဆိတ်လိုက်သည်ကြောင့် သူမစိတ်ရှုပ်စွာ မျက်မှောင်ကြုံ့လိုက်သည်။

ထိုအချိန် ဇိုင်းက ဖုန်းချလိုက်ပြီး သူမကိုကြည့်၍...

"ကလေး ကလေးအကိုက အခုအရေးတကြီးကိစ္စပေါ်လာလို့ မလာနိုင်တော့တဲ့ ကိုယ်နဲ့ကလေးနှစ်ယောက်တည်းဘဲသွားလိုက်တော့တဲ့ ကလေးကိုလည်းစောင့်ရှေက်ပေးဖို့ ကိုယ့်ကိုမှာလိုက်တယ်"

ဇိုင်းထိုသို့ပြောလိုက်တော့ သူမဧာ်သွားတွေအကုန်လုံးပေါ်အောင် သဘောကျစွာပြုံးရယ်လိုက်သည်။အခုချိန်မှာ ရုတ်တရတ်ကြီးအရေးတကြီးကိစ္စပေါ်လာပြီး သူမနှင့်ဇိုင်းကိုနှစ်ယောက်တည်းHappy World"ထဲလျှောက်လည်နိုင်အောင် ထားခဲ့သော သူမအကိုကိုကျေးဇူးတင်မိသည်။သူမအပေါ်တွင် သူမအကိုလုပ်ခဲ့သည့် လုပ်ရပ်တွေထဲမှာ ထိုလုပ်ရပ်သည် အသုံးကျဆုံးဖြစ်သည်။အခုချိန်မှာ သူမနဲ့ဇိုင်းနဲ့နှစ်ယောက်တည်းဘဲ ကျန်ခဲ့သည့်ဆိုတော့ သူမတို့နှစ်ယောက်တည်းဘဲလျှောက်လည်လို့ရပြီးပေါ့။

"အခုဆို ငါနဲ့ကိုကိုဇိုင်းနဲ့နှစ်ယောက်တည်းဘဲကျန်တော့တာပေါ့နော် ဒါဆို ငါနဲ့သူနှစ်ယောက်တည်းဘဲလျှောက်လည်ရမှာဆိုတော့ သူနဲ့နီးစပ်အောင် ကြိုးစားရမယ် အဟိ ပျော်လိုက်တာ"

သူမသဘောကျစွာ ရယ်လိုက်ရင်း ဇိုင်းကိုသူမမော့ကြည့်လိုက်သည်။

"ကိုကိုဇိုင်း လ၀န်းရဲ့အကိုလည်းမလာနိုင်တော့ဘူးဆိုတော့ လ၀န်းတို့နှစ်ယောက်တည်းဘဲလျှောက်လည်ကြတာပေါ့လေ လာ အထဲ၀င်ရအောင်"

သူမသည် ပြောပြောချင်း ဇိုင်းလက်ကိုဆွဲလိုက်၍ Happy Worldထဲသို့ ၀င်ကြေးပေးပြီး ၀င်လာခဲ့သည်။
ဇိုင်းမှာတော့ သူ့လက်ကိုရုတ်တရတ်ကြီးဆွဲလိုက်သည့် သူမ၏လက်သေးသေးကိုတစ်လှည့် သူမကိုတစ်လှည့်အံ့သြစွာကြည့်ပြီး သူမ‌ဆွဲခေါ်ရာနောက်‌ကိုယောင်လည်လည်နှင့်လိုက်ပါလာခဲ့ရသည်။

အမှားပါရင်ခွင့်လွှတ်ပါ။
အပိုင်း၁၂ဆက်ရန်❤️❤️❤️
နောက်အပိုင်းတွေကျရင် ဆက်တိုက် ရိုလာတော့မှာပါနော်
မင်မင်ရေးတာ ဖတ်လို့အဆင်မပြေဖြစ်သွားရင်တောင်းပန်ပါတယ်နော်

(Zawgyi)

















"အငယျမ နငျဘာလို့ငါ့ကိုအဲဒီလိုကွည့ျနတောလဲ နင့ျအကွည့ျရဲ့အဓိပ်ပာယျကိုငါသိတယျနောျ"




















*
*
*














*
*
*











































*
*
*









"........"


"........"



"......"











Weiterlesen

Das wird dir gefallen

2.7M 178K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.1M 26.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1M 13.6K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
1.5M 90K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...