နာကြည်းမှုတွေ လွင့်ပျယ်စေ...

Av BlackLily_WhiteLily

103K 10.7K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... Mer

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 46

846 117 6
Av BlackLily_WhiteLily

  အခန်း ၄၆ ၊ ခွဲစိတ်မှု

  "မင်း...မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"

ကျွော့ချင်း၏ စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

နောက်ဆုံးတွင် ရှရွှင်းစစ်၏ အရပ်ရှည်ရှည်နှင့် ပိန်လှီသော အသွင်အပြင်က စိတ်လှုပ်ရှားနေသော အော်ဟစ်သံနှင့်အတူ ကျွော့ချင်းထံသို့ ချဉ်းကပ်လာသည်။ "ရယ်စရာကောင်းလိုက်တာ!! ငါက ဘယ်လိုလုပ် ငါ့ရဲ့သွေးရင်းသားရင်းညီမလေးကို ဒုက္ခပေးနိုင်မှာလဲ!"

  ကျွော့ချင်းက သူမ၏ ပခုံးပေါ်တွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး လို့ရှီးယန်က သူမကို သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်ခြင်းပင်။ သူ၏ ထူးခြားရှင်းလင်းသော အသံက သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။ "တတိယမင်းသား၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

  ရှရွှင်းစစ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ မကျေနပ်မှုများကို မျိုသိပ်လိုက်သည်။ သူက လို့ရှီးယန်နှင့် ထိပ်တိုက် ရင်မဆိုင်ရဲတာကြောင့် နောက်ပြန်လှည့်ကာ လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ရပ်နေလိုက်သည်။ ဒါပေမယ့် သူ့လေသံက အလွန် ပြင်းထန်နေသေးသည်။ "ဘာပဲဖြစ်ဖြစ် သူ(မ)က သေပြီးနေပြီ၊ အဲ့တာကို မင်းတို့က သူ(မ)ကို အဲ့လို ဆက်ဆံကြတယ်ပေါ့၊ မင်းတို့အားလုံးက သူ(မ)ကို ဒီလို ရက်စက်တဲ့ လုပ်ရက်မျိုး လုပ်ချင်နေတယ်၊ သူ(မ) သေပြီးတာတောင် အရှက်ရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေနိုင်မှာ မဟုတ်ဘူး၊ ပန်းဝမ်က (ဒီမင်းသားက) လုံးဝ သဘောမတူဘူး"

  အချိန်အတော်ကြာအောင် လေထုက တင်းမာနေတာကြောင့် ရှန်ယုလန်၏ တည်ကြည်သောမျက်နှာတွင် ရှားရှားပါးပါး စိုးရိမ်သောကရိပ်များ ပေါ်လာခဲ့သည်။ မင်းသမီးလေး၏ ဦးခေါင်းနောက်ဘက်ရှိ အပေါက်ကြောင့် သေဆုံးခြင်း ဟုတ်မဟုတ် ဆိုသည်မှာ ကျွော့ချင်း၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်နေသည်။ တတိယမင်းသားက အရမ်းပြတ်သားနေတာကြောင့် သူတို့က အလောင်းကို ခွဲစိပ်စစ်ဆေးရန် အတင်းအကြပ် လုပ်လို့ မရပေ။ နောက်ဆုံးတွင် တခြားနိုင်ငံက မင်းသမီးက သေဆုံးခဲ့တာ အမှန်ပါပဲ။ အခု သူတို့ ဘာလုပ်သင့်သလဲ!?

  ကျွော့ချင်းက သူမနောက်ရှိ ပိတ်စကန့်လန့်ကာကို ငုံ့ကြည့်လိုက်ပြီး ထိုသူ၏ မမေ့နိုင်အောင် လှပသော အကကို ပြန်တွေးနေမိချိန်တွင် ထိုသူကတော့ တဖြည်းဖြည်း အေးစက်တောင့်တင်းလာကာ မြေပြင်ပေါ် လဲလျောင်းနေပြီး ခုနက ရုပ်ပုံလွှာများက မှုန်ဝါးပျောက်ကွယ်သွားခဲ့ပြီပင်။ ကျွော့ချင်းက သူမကို ကာကွယ်ပေးထားသော လို့ရှီးယန်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ လို့ရှီးယန်က သူမအပြုအမူကြောင့် အံ့သြနေစဥ်တွင် သူမက ရှရွှင်းစစ်ဆီသို့ သွားနေသည်။

 သူမက ရှရွှင်းစစ်ရှေ့မှာ ရပ်လိုက်ပြီး သူ့၏ရွံရှာနေသော အမူအရာများကို လျစ်လျူရှုကာ ကန့်လန့်ကာကို ညွှန်ပြရင်း အေးစက်စက်ပြောလိုက်သည်။ "တတိယမင်းသားရဲ့ညီမတော်က သွေးရိုးသားရိုး မဟုတ်ဘဲ သေသွားရတယ်၊ ဆိုလိုတာက သူ(မ)ကို တစ်ယောက်ယောက်က သတ်လိုက်တာ၊ မတရားသဖြင့် သေသွားရတာ၊ သူ(မ)က မတရားသေသွားရပေမယ့် လူသတ်သမားက လွတ်မြောက်သွားနိုင်တယ်။ ဒီလို သေခြင်းတရားကပဲ သူ(မ)အတွက် အရှက်တရားကို ဖြစ်စေမှာ၊ နာကျည်းမှုကြောင့် သူ(မ)က မျက်လုံးပိတ်ပြီး အေးအေးချမ်းချမ်း သေဆုံးနိုင်မှာမဟုတ်ဘူး၊ အလောင်းကို စစ်ဆေးတာ ဒါမှမဟုတ် ခွဲစိတ်စစ်ဆေးတာက သေဆုံးသူကို မရိုသေ မလေးစားတာမျိုး စော်ကားတာမျိုး မဟုတ်ဘူး။ အဲ့ဒိအစား သူ(မ)ကို ကူညီပြီး သူမ ပြောချင်တဲ့အရာတွေကို ပြောပြပေးတာမျိုးပဲ။ သူ(မ)သေဆုံးသွားပုံကို ပြောပြပေးဖို့ သူ(မ)ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတယ်လို့ ပြောနိုင်တယ်! သူ(မ)ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အခု မင်းသားက သူမကို ကာကွယ်နေတာ မဟုတ်ဘူး၊ သူ(မ)အတွက် အမှန်တရားကို မပြောနိုင်ဖို့ တားဆီးနေတာ"

  အေးစက်စက်အသံက စိတ်အားထက်သန်နေတာမျိုး မဟုတ်ပေမယ့် ခန်းမထဲက လူတိုင်း ရှင်းရှင်းလင်းလင်းကြားရလောက်အောင် လုံလောက်နေသည်။ ဒီအချိန်မှာ တိုက်ဆိုင်မှုလား၊ သဘာဝလွန်အရာတခုခုရှိနေတာလား မပြောနိုင်ပေမယ့် ရုတ်တရတ် ခန်းမအဝင်ဝမှ အေးစက်သောလေစီးကြောင်းတစ်ခုက ခန်းမတစ်လျှောက် ဝင်ရောက်လာပြီး ခန်းမဆောင်၏ ရွှေကော်ဇော တစ်ဖက်တစ်ချက်စီနှင့် အနီးဆုံး ဖယောင်းတိုင်တန်းမှ ဖယောင်းတိုင်များအားလုံး မီးငြိမ်းသွားခဲ့သည်။ လေက အလောင်းရှိရာ ဒုတိယစင်မြင့်ကို ရောက်တာတောင် မရပ်သွားသေးဘဲ ကာထားသော ပိတ်စများကို လွင့်မျောနေစေခဲ့သည်။

  ရုတ်တရက် အခြေအနေကြောင့် နန်းတွင်းမှ အမျိုးသမီးတော်တော်များများက ကြောက်လန့်တကြားနဲ့ မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်ကြသည်။ ဧကရီ၏မျက်နှာမှာလည်း သိသိသာသာ ဖြူဖျော့သွားကာ လက်ချောင်းတွေက ထိန်းမနိုင် သိမ်းမရ တုန်ယင်နေတော့သည်။

  ပင်မခန်းမမှာရှိတဲ့ လူတိုင်းက တုန်လှုပ်သွားကြပြီး ကျွော့ချင်းကတော့ အေးစက်စက်အမူအရာနဲ့ မတ်တပ်ရပ်နေခဲ့သည်။ တကယ်တော့ သူမလည်း မှင်သက်နေတာပါပဲ။ သူမ အလောင်းများကို ခွဲစိပ်စစ်ဆေးခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ထူးဆန်းသည့်အရာများကို သူမ ကြားဖူးခဲ့သော်လည်း ၎င်းတို့ကို သူမကိုယ်တိုင် မကြုံဖူးခဲ့ပေ။ သူမက ဘာသာမဲ့တစ်ဦးဖြစ်ပြီး သိပ္ပံနှင့် အထောက်အထားများကိုသာ ယုံကြည်တက်သည်။ ခိုင်လုံမှုရှိတဲ့ အကြောင်းပြချက်ကို မဖော်ထုတ်နိုင်ရန် ပတ်ဝန်းကျင်ကို ကြောက်လန့်အောင် တမင်ပြုလုပ်သော လှည်းစားမှုတွေအဖြစ်သာ သတ်မှတ်ခဲ့သည်။ သဘာဝအတိုင်း သရဲတစ္ဆေတွေ တကယ်ရှိရင်တောင်မှ သူမက မကြောက်ပါဘူး။ သူမကိုယ်သူမ ဖြောင့်မတ်မှန်ကန်တယ်လို့ မပြောချင်ပေမယ့် သူမက အကြောင်းအရင်းမသိရဘဲ သေဆုံးသွားရတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် မတရားမှုတွေကို ဓားကိုင်ပြီး မှန်မှန်ကန်ကန် ဖြေရှင်းပေးနေတဲ့သူပါ၊ သူတို့က ဘာလို့ သူမကို တိုက်ခိုက်မှာတုန်း။

  အလွန်တိုတောင်းသော လေအေးများက ခနတာအတွင်း ဖြတ်သန်းသွားပြီး ခန်းမက လျင်မြန်စွာ ငြိမ်သက်သွားသော်လည်း လူတိုင်း၏ မျက်နှာမှာတော့ ငြိမ်သက်ခြင်း မရှိတော့ပေ၊ အထူးသဖြင့် ရှရွှင်းစစ်၏ ချောမောသော မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး မျက်ခုံးများက လေးနက်စွာ ပင့်တက်နေကာ သူ့မျက်လုံးများက ကန့်လန့်ကာအတွင်းမှ ချစ်စရာကောင်းသော ရုပ်ပုံလွှာကို အနီးကပ် စိုက်ကြည့်နေသည်။ သူ့အမူအရာကတော့ ရှုပ်ထွေးနေပုံရသည်။

  ရှန်ယုလန်က ကျွော့ချင်းကို အဓိပ္ပယ်တစ်ချို့ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအချိန်က တတိယမင်းသားကို ဆွဲဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ကျွော့ချင်းက သူ့ကို မကြည့်ဘဲ အဝေးကို လှမ်းကြည့်နေသည်။ အခုန ပရမ်းပတာဖြစ်ပြီးနောက် အားလုံးက သူမကို အလွန်ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူမက မှုခင်းဆရာဝန်တစ်ဦးဖြစ်ပြီး မှော်ဆရာတစ်ဦး မဟုတ်ပေ။ သူမ ပြောသင့်သောအရာများကိုသာ ပြောပြခဲ့ခြင်းပင်။

  ကျွော့ချင်းက သူ့ကို လုံးဝ လျစ်လျူရှုနေခဲ့တာကြောင့် ရှန်ယုလန်က ရွေးချယ်စရာမရှိတော့ဘဲ ရှေ့တိုးလာပြီး ရှရွှင်းစစ်ရဲ့နောက်မှာ မတ်တပ်ရပ်လိုက်ကာ "သတ္တမမင်းသမီးလေး သေဆုံးမှုက ချုံယွဲ့နဲ့ ပိုင်ချီ အတွက် ဝမ်းနည်းစရာပါပဲ။ သေဆုံးရတဲ့ အကြောင်းအရင်းကို နားလည်သွားရင် သူ(မ)အတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်ပါတယ်၊ အဲ့တာက မင်းသမီးလေးအတွက် အရေးကြီးဆုံးအရာပါ၊ ကျေးဇူးပြုပြီး တတိယမင်းသားက လေးလေးနက်နက် စဉ်းစားပေးပါ"

ရှရွှင်းစစ်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ လွန်ခဲ့သော အခိုက်အတန့်က အပြင်းအထန် ဆန့်ကျင်နေသော သူရဲ့သဘောထားက အခုတော့ ပြောင်းလဲသွားပုံရသည်။ သူက သူ၏လက်များကို အားမရှိသလို ဝှေ့ယမ်းလိုက်ကာ သက်ပြင်းချလိုက်ပြီး "လုပ်မယ်"

  ကျွော့ချင်းက သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။ ရှေးခေတ်လူတွေက သရဲနဲ့ နတ်တွေကို ပိုပြီး ယုံကြည်ပုံရတယ်။   ကျွော့ချင်းက ဘာကြောင့်မှန်း မသိတိုက်လာတဲ့ အဲ့ဒိလေကို တကယ်ကို ကျေးဇူးတင်မိတော့တယ်။

ကျွော့ချင်းက နောက်ပြန်လှည့်ပြိး ပိတ်စကို ဆွဲဖယ်လိုက်ရင်း ရှန်ယုလန်ကို ခွဲစိတ်ကိရိယာများ ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ "ရှန်လူကြီးမင်း၊ အရွယ်အစား မတူညီတဲ့ ချွန်ထက်တဲ့ ဓားပါးသုံးချောင်း၊ ကတ်ကြေးအသေးတစ်ချောင်း၊ သန့်ရှင်းတဲ့ လက်ကိုင်ပုဝါအနည်းငယ်နဲ့ ကြွေပန်းကန်ခွက်အနည်းငယ် လိုအပ်တယ်။ အပ်နဲ့ အပ်ချည်၊ ရေအင်တုံတစ်ခု၊ နောက်ပြိး လက်အိတ်အသစ်တစ်စုံပါ ယူပေးပါ"

ဒီနေရာက ဒီအခြေအနေနဲ့ကတော့ ဒီလောက်ပဲ ရနိုင်တာမို့ ရှိတာနဲ့ ဖြစ်အောင်လုပ်ရမှာပါပဲ။

  "မင်း ခွဲမှာလား?" သူမနောက်က ရှန်ယုလန်ကတော့ တကယ်ကို ထိတ်လန့်သွားခဲ့ပြီ!

  ကျွော့ချင်းက နောက်လှည့်ကြည့်လိုက်သည်။ ခွဲစိပ်ခြင်းက ဤမျှ ထူးဆန်းသည်ဟု သူမကတော့ မထင်ပေ။ သူမ တစ်နေ့ကို ခွဲစိတ်မူများ အကြိမ်ပေါင်းများစွာ ပြုလုပ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ရှန်ယုလန်၏အံ့အားသင့်မှုကို သူမ နားမလည်နိုင်ပေ။ သူမက ပေါ့ပေါ့တန်တန် ပခုံးတွန့်ကာ "ရှင် ခွဲချင်ရင် ရှင်ကိုယ်ကိုယ်တိုင်ဘဲ ခွဲစိပ်စမ်းကြည့်လို့ရတယ်၊ ကျွန်မ ကြည့်ဘဲ ကြည့်နေမယ်"

ရှေးခေတ်လူတွေက ဘယ်လိုခွဲခြမ်းစိပ်ဖြာပြီး ခေတ်သစ်ခန္ဓာဗေဒနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာ သူမ မမြင်ဖူးသေးတဲ့အတွက် သူမအတွက် နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေးပင်။

  သူမ......???? ကြည့်ချင်နေသေးတာလား???! !

  ကျွော့ချင်းက ပေါ့ပေါ့တန်တန် ပြောနေပေမယ့် အရွယ်ရောက်ပြီးတဲ့ အမျိုးသားတစ်စုမှာ သံသယတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို သူမ မသိခဲ့ပါဘူး။ အလောင်းကို ခွဲစိပ်ဖို့ဆိုတာ ယောက်ျားတွေအတွက်တောင် သွေးထွက်သံယိုကိစ္စဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခုပါ။ ဒီတစ်ခါတော့ သူတို့မှာ တူညီတဲ့အတွေးတစ်ခု ရှိနေခဲ့သည်။

သူ(မ)က မိန်းခလေး‌ရော ဟုတ်ရဲ့လား?

  ကျွော့ချင်းက သူတို့ကို လျစ်လျူရှုပြီး အလုပ်စရန် ပြင်ဆင်လိုက်သည်။ သူမက ကန့်လန့်ကာထဲသို့ ဝင်သွားပြီးမှ ပြန်လှည့်ကြည့်ကာ သတိပေးလိုက်သည်။ "အလောင်းခွဲစိတ်စစ်ဆေးနေတဲ့ အချိန်အတွင်း ဆွေမျိုးတစ်ယောက်ရှိနေဖို့လိုတယ်၊ ပြီးတော့ သူထက် တဆင့်ထက်မနည်းတဲ့ ရာထူးပိုကြီးတဲ့ အရာရှိတစ်ယောက်ရှိနေဖို့ ကျွန်မ အကြံပြုချင်တယ် အဲ့လူက တရားမျှတမှု ရှိအောင် ထိန်းကျောင်းပေးရမယ်"

  သူမက အလွန်စဉ်းစားပေးခဲ့သော်လည်း ဒီခန်းမတစ်ခုလုံးတွင် တတိယမင်းသားထက် ရာထူးကြီးသောသူ အနည်းငယ်သာရှိပြီး မည်သူက ကြီးကြပ်ပေးဖို့ ဆန္ဒရှိနေမှာလဲ? ရှန်ယုလန်က သူ့စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း မြင့်မားသော နေရာတွင် ထိုင်နေသော ယန်းဟုန်ထျန်းက ရုတ်တရက် ကျယ်လောင်စွာ ပြောလာသည်။ "ကောင်းပြီ၊ တရားမျှတမှုကို ပြဖို့အတွက် ကျန်း(ငါကိုယ်တော်)ကိုယ်တိုင် ကြီးကြပ်မယ်"

  ယန်းဟုန်ထျန်းရဲ့ စကားသံဆုံးသွားတာနဲ့ ဝန်ကြီးများအားလုံးက တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဝပ်ချကာ "အရှင်မင်းကြီး၊ နှစ်ခါ ပြန်စဉ်းစားတော်မူပါ"

  နောက်ဆုံးတွင် မိဖုရားက သတိဝင်လာပြီး "အရှင်မင်းကြီး၊ ဒီသွေးစွန်းနေတဲ့ အရာတွေက အရမ်းကို ညစ်ပတ်လွန်းလှပါတယ်၊ အရှင့်ရဲ့နဂါးခန္ဓာကိုယ်ကို ထောက်ထားပြီး နှစ်ခါပြန်စဉ်းစားတော်မူပါ"

  အလွန်ညစ်ပတ်တယ်တဲ့လား?! ကျွော့ချင်းက မျက်မှောင်ကြုတ်ပြီး ဒီမိဖုရားကို ပိုပြီး ရွံရှာလာသလို ခံစားနေရသည်။

  ယန်းဟုန်ထျန်းက သူ့မိဖုရား၏ ဖြားယောင်းသွေးဆောင်မှုနှင့် မင်းမှုထမ်းများ၏ တောင်းဆိုမှုကြောင့် လုံး၀ တုံ့ဆိုင်းမနေဘဲ ရုတ်တရက် ထရပ်လိုက်သည်။ မောက်မာထောင်လွှားကာ ပိုင်စိုးပိုင်နင်း အရိပ်အယောင်များကို သယ်ဆောင်လာသော အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက ကျွော့ချင်းဆီသို့ တည့်တည့် လျှောက်သွားသည်။ သူမ ဘယ်လောက်ကြာကြာ ဟန်ဆောင်နေနိုင်လဲဆိုတာ သူ သိချင်နေခဲ့သည်။

💖💖💖Thank you for taking the time to read my translation💖💖💖


  အခန္း ၄၆ ၊ ခြဲစိတ္မႈ

  "မင္း...မင္းက ေတာ္ေတာ္ စက္ဆုပ္႐ြံရွာဖို႔ေကာင္းတာပဲ!!"

ေကြၽာ့ခ်င္း၏ စကားကို ရွင္းရွင္းလင္းလင္း ၾကားၿပီးေနာက္ ရွ႐ႊင္းစစ္က ေဒါသမထြက္ဘဲ မေနႏိုင္ေတာ့ေပ။

ေနာက္ဆုံးတြင္ ရွ႐ႊင္းစစ္၏ အရပ္ရွည္ရွည္ႏွင့္ ပိန္လွီေသာ အသြင္အျပင္က စိတ္လႈပ္ရွားေနေသာ ေအာ္ဟစ္သံႏွင့္အတူ ေကြၽာ့ခ်င္းထံသို႔ ခ်ဥ္းကပ္လာသည္။ "ရယ္စရာေကာင္းလိုက္တာ!! ငါက ဘယ္လိုလုပ္ ငါ့ရဲ႕ေသြးရင္းသားရင္းညီမေလးကို ဒုကၡေပးႏိုင္မွာလဲ!"

  ေကြၽာ့ခ်င္းက သူမ၏ ပခုံးေပၚတြင္ ေႏြးေထြးမႈတစ္ခုကို ခံစားလိုက္ရၿပီး လို႔ရွီးယန္က သူမကို သူ႔ဘက္သို႔ ညင္သာစြာ ဆြဲယူလိုက္ျခင္းပင္။ သူ၏ ထူးျခားရွင္းလင္းေသာ အသံက သူမ၏ နားထဲသို႔ ဝင္ေရာက္လာသည္။ "တတိယမင္းသား၊ ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါ"

  ရွ႐ႊင္းစစ္က အသက္ကို ျပင္းျပင္းရႉလိုက္ၿပီး သူ႔စိတ္ထဲမွ မေက်နပ္မႈမ်ားကို မ်ိဳသိပ္လိုက္သည္။ သူက လို႔ရွီးယန္ႏွင့္ ထိပ္တိုက္ ရင္မဆိုင္ရဲတာေၾကာင့္ ေနာက္ျပန္လွည့္ကာ လက္ႏွစ္ဖက္ေနာက္ပစ္ၿပီး မတ္တပ္ရပ္ေနလိုက္သည္။ ဒါေပမယ့္ သူ႔ေလသံက အလြန္ ျပင္းထန္ေနေသးသည္။ "ဘာပဲျဖစ္ျဖစ္ သူ(မ)က ေသၿပီးေနၿပီ၊ အဲ့တာကို မင္းတို႔က သူ(မ)ကို အဲ့လို ဆက္ဆံၾကတယ္ေပါ့၊ မင္းတို႔အားလုံးက သူ(မ)ကို ဒီလို ရက္စက္တဲ့ လုပ္ရက္မ်ိဳး လုပ္ခ်င္ေနတယ္၊ သူ(မ) ေသၿပီးတာေတာင္ အရွက္ရၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေသႏိုင္မွာ မဟုတ္ဘူး၊ ပန္းဝမ္က (ဒီမင္းသားက) လုံးဝ သေဘာမတူဘူး"

  အခ်ိန္အေတာ္ၾကာေအာင္ ေလထုက တင္းမာေနတာေၾကာင့္ ရွန္ယုလန္၏ တည္ၾကည္ေသာမ်က္ႏွာတြင္ ရွားရွားပါးပါး စိုးရိမ္ေသာကရိပ္မ်ား ေပၚလာခဲ့သည္။ မင္းသမီးေလး၏ ဦးေခါင္းေနာက္ဘက္ရွိ အေပါက္ေၾကာင့္ ေသဆုံးျခင္း ဟုတ္မဟုတ္ ဆိုသည္မွာ ေကြၽာ့ခ်င္း၏ ခန႔္မွန္းခ်က္ သက္သက္သာ ျဖစ္ေနသည္။ တတိယမင္းသားက အရမ္းျပတ္သားေနတာေၾကာင့္ သူတို႔က အေလာင္းကို ခြဲစိပ္စစ္ေဆးရန္ အတင္းအၾကပ္ လုပ္လို႔ မရေပ။ ေနာက္ဆုံးတြင္ တျခားႏိုင္ငံက မင္းသမီးက ေသဆုံးခဲ့တာ အမွန္ပါပဲ။ အခု သူတို႔ ဘာလုပ္သင့္သလဲ!?

  ေကြၽာ့ခ်င္းက သူမေနာက္ရွိ ပိတ္စကန႔္လန႔္ကာကို ငုံ႔ၾကည့္လိုက္ၿပီး ထိုသူ၏ မေမ့ႏိုင္ေအာင္ လွပေသာ အကကို ျပန္ေတြးေနမိခ်ိန္တြင္ ထိုသူကေတာ့ တျဖည္းျဖည္း ေအးစက္ေတာင့္တင္းလာကာ ေျမျပင္ေပၚ လဲေလ်ာင္းေနၿပီး ခုနက ႐ုပ္ပုံလႊာမ်ားက မႈန္ဝါးေပ်ာက္ကြယ္သြားခဲ့ၿပီပင္။ ေကြၽာ့ခ်င္းက သူမကို ကာကြယ္ေပးထားေသာ လို႔ရွီးယန္ကို ညင္သာစြာ တြန္းထုတ္လိုက္သည္။ လို႔ရွီးယန္က သူမအျပဳအမူေၾကာင့္ အံ့ၾသေနစဥ္တြင္ သူမက ရွ႐ႊင္းစစ္ဆီသို႔ သြားေနသည္။

 သူမက ရွ႐ႊင္းစစ္ေရွ႕မွာ ရပ္လိုက္ၿပီး သူ႔၏႐ြံရွာေနေသာ အမူအရာမ်ားကို လ်စ္လ်ဴရႈကာ ကန႔္လန႔္ကာကို ၫႊန္ျပရင္း ေအးစက္စက္ေျပာလိုက္သည္။ "တတိယမင္းသားရဲ႕ညီမေတာ္က ေသြး႐ိုးသား႐ိုး မဟုတ္ဘဲ ေသသြားရတယ္၊ ဆိုလိုတာက သူ(မ)ကို တစ္ေယာက္ေယာက္က သတ္လိုက္တာ၊ မတရားသျဖင့္ ေသသြားရတာ၊ သူ(မ)က မတရားေသသြားရေပမယ့္ လူသတ္သမားက လြတ္ေျမာက္သြားႏိုင္တယ္။ ဒီလို ေသျခင္းတရားကပဲ သူ(မ)အတြက္ အရွက္တရားကို ျဖစ္ေစမွာ၊ နာက်ည္းမႈေၾကာင့္ သူ(မ)က မ်က္လုံးပိတ္ၿပီး ေအးေအးခ်မ္းခ်မ္း ေသဆုံးႏိုင္မွာမဟုတ္ဘူး၊ အေလာင္းကို စစ္ေဆးတာ ဒါမွမဟုတ္ ခြဲစိတ္စစ္ေဆးတာက ေသဆုံးသူကို မ႐ိုေသ မေလးစားတာမ်ိဳး ေစာ္ကားတာမ်ိဳး မဟုတ္ဘူး။ အဲ့ဒိအစား သူ(မ)ကို ကူညီၿပီး သူမ ေျပာခ်င္တဲ့အရာေတြကို ေျပာျပေပးတာမ်ိဳးပဲ။ သူ(မ)ေသဆုံးသြားပုံကို ေျပာျပေပးဖို႔ သူ(မ)ရဲ႕ခႏၶာကိုယ္ကို အသုံးျပဳတယ္လို႔ ေျပာႏိုင္တယ္! သူ(မ)ရဲ႕အစ္ကိုတစ္ေယာက္အေနနဲ႔ အခု မင္းသားက သူမကို ကာကြယ္ေနတာ မဟုတ္ဘူး၊ သူ(မ)အတြက္ အမွန္တရားကို မေျပာႏိုင္ဖို႔ တားဆီးေနတာ"

  ေအးစက္စက္အသံက စိတ္အားထက္သန္ေနတာမ်ိဳး မဟုတ္ေပမယ့္ ခန္းမထဲက လူတိုင္း ရွင္းရွင္းလင္းလင္းၾကားရေလာက္ေအာင္ လုံေလာက္ေနသည္။ ဒီအခ်ိန္မွာ တိုက္ဆိုင္မႈလား၊ သဘာဝလြန္အရာတခုခုရွိေနတာလား မေျပာႏိုင္ေပမယ့္ ႐ုတ္တရတ္ ခန္းမအဝင္ဝမွ ေအးစက္ေသာေလစီးေၾကာင္းတစ္ခုက ခန္းမတစ္ေလွ်ာက္ ဝင္ေရာက္လာၿပီး ခန္းမေဆာင္၏ ေ႐ႊေကာ္ေဇာ တစ္ဖက္တစ္ခ်က္စီႏွင့္ အနီးဆုံး ဖေယာင္းတိုင္တန္းမွ ဖေယာင္းတိုင္မ်ားအားလုံး မီးၿငိမ္းသြားခဲ့သည္။ ေလက အေလာင္းရွိရာ ဒုတိယစင္ျမင့္ကို ေရာက္တာေတာင္ မရပ္သြားေသးဘဲ ကာထားေသာ ပိတ္စမ်ားကို လြင့္ေမ်ာေနေစခဲ့သည္။

  ႐ုတ္တရက္ အေျခအေနေၾကာင့္ နန္းတြင္းမွ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက ေၾကာက္လန႔္တၾကားနဲ႔ မ်က္လုံးေတြကို တင္းတင္းမွိတ္ထားလိုက္ၾကသည္။ ဧကရီ၏မ်က္ႏွာမွာလည္း သိသိသာသာ ျဖဴေဖ်ာ့သြားကာ လက္ေခ်ာင္းေတြက ထိန္းမႏိုင္ သိမ္းမရ တုန္ယင္ေနေတာ့သည္။

  ပင္မခန္းမမွာရွိတဲ့ လူတိုင္းက တုန္လႈပ္သြားၾကၿပီး ေကြၽာ့ခ်င္းကေတာ့ ေအးစက္စက္အမူအရာနဲ႔ မတ္တပ္ရပ္ေနခဲ့သည္။ တကယ္ေတာ့ သူမလည္း မွင္သက္ေနတာပါပဲ။ သူမ အေလာင္းမ်ားကို ခြဲစိပ္စစ္ေဆးခဲ့သည္မွာ ႏွစ္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ထူးဆန္းသည့္အရာမ်ားကို သူမ ၾကားဖူးခဲ့ေသာ္လည္း ၎တို႔ကို သူမကိုယ္တိုင္ မႀကဳံဖူးခဲ့ေပ။ သူမက ဘာသာမဲ့တစ္ဦးျဖစ္ၿပီး သိပၸံႏွင့္ အေထာက္အထားမ်ားကိုသာ ယုံၾကည္တက္သည္။ ခိုင္လုံမႈရွိတဲ့ အေၾကာင္းျပခ်က္ကို မေဖာ္ထုတ္ႏိုင္ရန္ ပတ္ဝန္းက်င္ကို ေၾကာက္လန႔္ေအာင္ တမင္ျပဳလုပ္ေသာ လွည္းစားမႈေတြအျဖစ္သာ သတ္မွတ္ခဲ့သည္။ သဘာဝအတိုင္း သရဲတေစၦေတြ တကယ္ရွိရင္ေတာင္မွ သူမက မေၾကာက္ပါဘူး။ သူမကိုယ္သူမ ေျဖာင့္မတ္မွန္ကန္တယ္လို႔ မေျပာခ်င္ေပမယ့္ သူမက အေၾကာင္းအရင္းမသိရဘဲ ေသဆုံးသြားရတဲ့ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြအတြက္ မတရားမႈေတြကို ဓားကိုင္ၿပီး မွန္မွန္ကန္ကန္ ေျဖရွင္းေပးေနတဲ့သူပါ၊ သူတို႔က ဘာလို႔ သူမကို တိုက္ခိုက္မွာတုန္း။

  အလြန္တိုေတာင္းေသာ ေလေအးမ်ားက ခနတာအတြင္း ျဖတ္သန္းသြားၿပီး ခန္းမက လ်င္ျမန္စြာ ၿငိမ္သက္သြားေသာ္လည္း လူတိုင္း၏ မ်က္ႏွာမွာေတာ့ ၿငိမ္သက္ျခင္း မရွိေတာ့ေပ၊ အထူးသျဖင့္ ရွ႐ႊင္းစစ္၏ ေခ်ာေမာေသာ မ်က္ႏွာက အနည္းငယ္ျဖဴေဖ်ာ့ေနၿပီး မ်က္ခုံးမ်ားက ေလးနက္စြာ ပင့္တက္ေနကာ သူ႔မ်က္လုံးမ်ားက ကန႔္လန႔္ကာအတြင္းမွ ခ်စ္စရာေကာင္းေသာ ႐ုပ္ပုံလႊာကို အနီးကပ္ စိုက္ၾကည့္ေနသည္။ သူ႔အမူအရာကေတာ့ ရႈပ္ေထြးေနပုံရသည္။

  ရွန္ယုလန္က ေကြၽာ့ခ်င္းကို အဓိပၸယ္တစ္ခ်ိဳ႕ပါေသာ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ ဤအခ်ိန္က တတိယမင္းသားကို ဆြဲေဆာင္ရန္ အေကာင္းဆုံးအခ်ိန္ ျဖစ္သည္။ ေကြၽာ့ခ်င္းက သူ႔ကို မၾကည့္ဘဲ အေဝးကို လွမ္းၾကည့္ေနသည္။ အခုန ပရမ္းပတာျဖစ္ၿပီးေနာက္ အားလုံးက သူမကို အလြန္ထူးဆန္းေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။ သူမက မႈခင္းဆရာဝန္တစ္ဦးျဖစ္ၿပီး ေမွာ္ဆရာတစ္ဦး မဟုတ္ေပ။ သူမ ေျပာသင့္ေသာအရာမ်ားကိုသာ ေျပာျပခဲ့ျခင္းပင္။

  ေကြၽာ့ခ်င္းက သူ႔ကို လုံးဝ လ်စ္လ်ဴရႈေနခဲ့တာေၾကာင့္ ရွန္ယုလန္က ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ေရွ႕တိုးလာၿပီး ရွ႐ႊင္းစစ္ရဲ႕ေနာက္မွာ မတ္တပ္ရပ္လိုက္ကာ "သတၱမမင္းသမီးေလး ေသဆုံးမႈက ခ်ဳံယြဲ႕နဲ႔ ပိုင္ခ်ီ အတြက္ ဝမ္းနည္းစရာပါပဲ။ ေသဆုံးရတဲ့ အေၾကာင္းအရင္းကို နားလည္သြားရင္ သူ(မ)အတြက္ တရားမွ်တမႈကို ရွာေဖြေပးႏိုင္ပါတယ္၊ အဲ့တာက မင္းသမီးေလးအတြက္ အေရးႀကီးဆုံးအရာပါ၊ ေက်းဇူးျပဳၿပီး တတိယမင္းသားက ေလးေလးနက္နက္ စဥ္းစားေပးပါ"

ရွ႐ႊင္းစစ္က အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္၊ လြန္ခဲ့ေသာ အခိုက္အတန႔္က အျပင္းအထန္ ဆန႔္က်င္ေနေသာ သူရဲ႕သေဘာထားက အခုေတာ့ ေျပာင္းလဲသြားပုံရသည္။ သူက သူ၏လက္မ်ားကို အားမရွိသလို ေဝွ႔ယမ္းလိုက္ကာ သက္ျပင္းခ်လိုက္ၿပီး "လုပ္မယ္"

  ေကြၽာ့ခ်င္းက သူမ၏ မ်က္လုံးမ်ားကို မွိတ္ခ်လိုက္သည္။ ေရွးေခတ္လူေတြက သရဲနဲ႔ နတ္ေတြကို ပိုၿပီး ယုံၾကည္ပုံရတယ္။   ေကြၽာ့ခ်င္းက ဘာေၾကာင့္မွန္း မသိတိုက္လာတဲ့ အဲ့ဒိေလကို တကယ္ကို ေက်းဇူးတင္မိေတာ့တယ္။

ေကြၽာ့ခ်င္းက ေနာက္ျပန္လွည့္ၿပိး ပိတ္စကို ဆြဲဖယ္လိုက္ရင္း ရွန္ယုလန္ကို ခြဲစိတ္ကိရိယာမ်ား ျပင္ဆင္ေပးရန္ ေတာင္းဆိုလိုက္သည္။ "ရွန္လူႀကီးမင္း၊ အ႐ြယ္အစား မတူညီတဲ့ ခြၽန္ထက္တဲ့ ဓားပါးသုံးေခ်ာင္း၊ ကတ္ေၾကးအေသးတစ္ေခ်ာင္း၊ သန႔္ရွင္းတဲ့ လက္ကိုင္ပုဝါအနည္းငယ္နဲ႔ ေႂကြပန္းကန္ခြက္အနည္းငယ္ လိုအပ္တယ္။ အပ္နဲ႔ အပ္ခ်ည္၊ ေရအင္တုံတစ္ခု၊ ေနာက္ၿပိး လက္အိတ္အသစ္တစ္စုံပါ ယူေပးပါ"

ဒီေနရာက ဒီအေျခအေနနဲ႔ကေတာ့ ဒီေလာက္ပဲ ရႏိုင္တာမို႔ ရွိတာနဲ႔ ျဖစ္ေအာင္လုပ္ရမွာပါပဲ။

  "မင္း ခြဲမွာလား?" သူမေနာက္က ရွန္ယုလန္ကေတာ့ တကယ္ကို ထိတ္လန႔္သြားခဲ့ၿပီ!

  ေကြၽာ့ခ်င္းက ေနာက္လွည့္ၾကည့္လိုက္သည္။ ခြဲစိပ္ျခင္းက ဤမွ် ထူးဆန္းသည္ဟု သူမကေတာ့ မထင္ေပ။ သူမ တစ္ေန႔ကို ခြဲစိတ္မူမ်ား အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ေလ့ရွိသည္။ ပုံမွန္အားျဖင့္ ရွန္ယုလန္၏အံ့အားသင့္မႈကို သူမ နားမလည္ႏိုင္ေပ။ သူမက ေပါ့ေပါ့တန္တန္ ပခုံးတြန႔္ကာ "ရွင္ ခြဲခ်င္ရင္ ရွင္ကိုယ္ကိုယ္တိုင္ဘဲ ခြဲစိပ္စမ္းၾကည့္လို႔ရတယ္၊ ကြၽန္မ ၾကည့္ဘဲ ၾကည့္ေနမယ္"

ေရွးေခတ္လူေတြက ဘယ္လိုခြဲျခမ္းစိပ္ျဖာၿပီး ေခတ္သစ္ခႏၶာေဗဒနဲ႔ ဘယ္ေလာက္ကြာျခားတယ္ဆိုတာ သူမ မျမင္ဖူးေသးတဲ့အတြက္ သူမအတြက္ ႏႈိင္းယွဥ္ၾကည့္ဖို႔ အခြင့္အေရးပင္။

  သူမ......???? ၾကည့္ခ်င္ေနေသးတာလား???! !

  ေကြၽာ့ခ်င္းက ေပါ့ေပါ့တန္တန္ ေျပာေနေပမယ့္ အ႐ြယ္ေရာက္ၿပီးတဲ့ အမ်ိဳးသားတစ္စုမွာ သံသယေတြနဲ႔ ျပည့္ႏွက္ေနတယ္ဆိုတာကို သူမ မသိခဲ့ပါဘူး။ အေလာင္းကို ခြဲစိပ္ဖို႔ဆိုတာ ေယာက္်ားေတြအတြက္ေတာင္ ေသြးထြက္သံယိုကိစၥျဖစ္ၿပီး ေၾကာက္စရာေကာင္းတဲ့ အရာတစ္ခုပါ။ ဒီတစ္ခါေတာ့ သူတို႔မွာ တူညီတဲ့အေတြးတစ္ခု ရွိေနခဲ့သည္။

သူ(မ)က မိန္းခေလး‌ေရာ ဟုတ္ရဲ႕လား?

  ေကြၽာ့ခ်င္းက သူတို႔ကို လ်စ္လ်ဴရႈၿပီး အလုပ္စရန္ ျပင္ဆင္လိုက္သည္။ သူမက ကန႔္လန႔္ကာထဲသို႔ ဝင္သြားၿပီးမွ ျပန္လွည့္ၾကည့္ကာ သတိေပးလိုက္သည္။ "အေလာင္းခြဲစိတ္စစ္ေဆးေနတဲ့ အခ်ိန္အတြင္း ေဆြမ်ိဳးတစ္ေယာက္ရွိေနဖို႔လိုတယ္၊ ၿပီးေတာ့ သူထက္ တဆင့္ထက္မနည္းတဲ့ ရာထူးပိုႀကီးတဲ့ အရာရွိတစ္ေယာက္ရွိေနဖို႔ ကြၽန္မ အႀကံျပဳခ်င္တယ္ အဲ့လူက တရားမွ်တမႈ ရွိေအာင္ ထိန္းေက်ာင္းေပးရမယ္"

  သူမက အလြန္စဥ္းစားေပးခဲ့ေသာ္လည္း ဒီခန္းမတစ္ခုလုံးတြင္ တတိယမင္းသားထက္ ရာထူးႀကီးေသာသူ အနည္းငယ္သာရွိၿပီး မည္သူက ႀကီးၾကပ္ေပးဖို႔ ဆႏၵရွိေနမွာလဲ? ရွန္ယုလန္က သူ႔စိတ္ထဲကေန တိတ္တဆိတ္ သက္ျပင္းခ်လိုက္ေသာ္လည္း ျမင့္မားေသာ ေနရာတြင္ ထိုင္ေနေသာ ယန္းဟုန္ထ်န္းက ႐ုတ္တရက္ က်ယ္ေလာင္စြာ ေျပာလာသည္။ "ေကာင္းၿပီ၊ တရားမွ်တမႈကို ျပဖို႔အတြက္ က်န္း(ငါကိုယ္ေတာ္)ကိုယ္တိုင္ ႀကီးၾကပ္မယ္"

  ယန္းဟုန္ထ်န္းရဲ႕ စကားသံဆုံးသြားတာနဲ႔ ဝန္ႀကီးမ်ားအားလုံးက တုန္လႈပ္သြားၿပီး ၾကမ္းျပင္ေပၚသို႔ ဝပ္ခ်ကာ "အရွင္မင္းႀကီး၊ ႏွစ္ခါ ျပန္စဥ္းစားေတာ္မူပါ"

  ေနာက္ဆုံးတြင္ မိဖုရားက သတိဝင္လာၿပီး "အရွင္မင္းႀကီး၊ ဒီေသြးစြန္းေနတဲ့ အရာေတြက အရမ္းကို ညစ္ပတ္လြန္းလွပါတယ္၊ အရွင့္ရဲ႕နဂါးခႏၶာကိုယ္ကို ေထာက္ထားၿပီး ႏွစ္ခါျပန္စဥ္းစားေတာ္မူပါ"

  အလြန္ညစ္ပတ္တယ္တဲ့လား?! ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္ၿပီး ဒီမိဖုရားကို ပိုၿပီး ႐ြံရွာလာသလို ခံစားေနရသည္။

  ယန္းဟုန္ထ်န္းက သူ႔မိဖုရား၏ ျဖားေယာင္းေသြးေဆာင္မႈႏွင့္ မင္းမႈထမ္းမ်ား၏ ေတာင္းဆိုမႈေၾကာင့္ လုံး၀ တုံ႔ဆိုင္းမေနဘဲ ႐ုတ္တရက္ ထရပ္လိုက္သည္။ ေမာက္မာေထာင္လႊားကာ ပိုင္စိုးပိုင္နင္း အရိပ္အေယာင္မ်ားကို သယ္ေဆာင္လာေသာ အရပ္ျမင့္ျမင့္ပုံရိပ္တစ္ခုက ေကြၽာ့ခ်င္းဆီသို႔ တည့္တည့္ ေလွ်ာက္သြားသည္။ သူမ ဘယ္ေလာက္ၾကာၾကာ ဟန္ေဆာင္ေနႏိုင္လဲဆိုတာ သူ သိခ်င္ေနခဲ့သည္။

💖💖💖Thank you for taking the time to read my translation💖💖💖

Fortsätt läs

Du kommer också att gilla

99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
74.8K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...