အပိုင်း (၃၁၆) ကြီးမြတ်လှတဲ့သခင်လေး
သည်တစ်ကြိမ်တွင်တော့ သွေးများစီးကျလာတော့သည်။
ပြဿနာလာရှာသောထိုလူများသည် ဖူကျို့၏တိုက်ခိုက်မှုကို ကာကွယ်ချိန်ပင်မရလိုက်ချေ။
သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားသော ဂိုဏ်းစတားများထဲမှတစ်ယောက်ကို ကန်လိုက်လေသည်။ သူမ၏လှုပ်ရှားမှုများသည် လျင်မြန်ကာ ရက်စက်လှပြီး သူမ၏မျက်လုံးများသည်လည်း အေးခဲနေလေသည်။ သူမသည် ထိုလူကို ဆက်တိုက် ကန်ကျောက်နေလိုက်ပြီး ရပ်တန့်ရန် အတွေး တစ်စက်ကလေးမှမရှိချေ။
ထိုကောင်လေးသည် ထိုမျှလောက်ရက်စက်မည်ဟု မည်သူမှ မတွေးမိကြချေ။
ဂျွန်ကို၏မျက်နှာသည် ထိုအရာကို မြင်လိုက်ပြီးနောက် ဖျော့တော့သွားတော့သည်။
သူမသည် ဘေးကလူများကို ပြောလိုက်လေသည်။
“ဘာလုပ်နေကြတာလဲ၊ မြန်မြန် ပြန်ချလေ”
ထိုဂိုဏ်းစတားများသည် ဖူကျို့ဆီသို့ ဝင်စီးကြတော့သည်။
သို့သော် ကောင်လေးဆီမရောက်လိုက်မီ လေပြင်းတစ်ချက်သည် သူတို့၏မျက်နှာပေါ်မှ ဖြတ်ပြေးသွားတော့သည်။
ချင်မော့ ဖြစ်လေသည်။ သူသည် သူ့ညာဖက်လက်ထဲတွင် သစ်သားစားပွဲပေါ်မှ ဝိုင်ပုလင်းတစ်လုံးကို ဆွဲယူလိုက်ပြီး လူတစ်ယောက်၏ခေါင်းကို ရိုက်ချလိုက်တော့သည်။
သူ့လှုပ်ရှားမှုများသည် ဖူကျို့ထက်ပင် ကြောက်စရာပိုကောင်းနေတော့သည်။
သူ့လက်ချောင်းများပေါ်တွင် သွေးများစီးနေပြီး ထိုအရာသည် သူ့တည်ငြိမ်မှုကို မသက်ရောက်နေပေ။
သူဝမ်းဗိုက်ကြွက်သားများသည် ထင်းရှင်းနေလေသည်။ သူ့လက်ထဲမှ ပုလင်းကို သုံးပြီး ဝေ့ယမ်းလိုက်ပြီးနောက်တွင် လူအုပ်ကြားထဲမှ အားပေးသံများနှင့် အော်သံများသည် ထွက်ပေါ်လာတော့သည်။
တစ်စုံတစ်ယောက်သည် တိုက်ခိုက်နေစဥ်မှာပင် အလွန်ချောမောသည်ဆိုလျှင် သူသည် အမှန်စင်စစ် လူချောလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။
ချင်မော့သည် ထိုသို့သော တစ်စုံတစ်ယောက်ဖြစ်လေသည်။
သူ၏မြင့်မားပိန်ပါးသောခန္ဓာကိုယ်နှင့်အတူ သူမျက်ဝန်းနက်များနှင့် တည်ငြိမ်သောမျက်နှာသည် ရန်သူများ၏အသဲနှလုံးအတွင်းအထိ အေးခဲသွားနိုင်စေသည်။
“အရူး”
ဂိုဏ်းစတားတစ်ယောက်သည် ကျိန်ဆဲလိုက်လေသည်။
ဂျွန်ကိုသည် သည်တစ်ကြိမ်တွင် သူမ သွားဆွမိသည့်သူကို မသိခဲ့ချေ။
သူတို့တွေက ကိုင်တွယ်ရခက်လှချည်လား။
တရုတ်လူမျိုးတွေအားလုံးက ပုစွန်လေးတွေလို အားမရှိကြတဲ့သူမဟုတ်ဘူးလား။
ထိုဂိုဏ်းစတားများသည် သူတို့ခန္ဓာကိုယ်မှ ပြင်းထန်သောနာကျင်မှုတို့ကြောင့် ကမ္ဘာကြီးမှာ ပတ်ချာလည်နေပြီး မှောင်မှိက်သွားသည်ဟု ခံစားလိုက်ရတော့သည်။
သို့ရာတွင် ထိုလူ၏စိတ်အာရုံသည် သူတို့ထံတွင် လုံးဝရှိမနေချေ။
အကြောင်းမှာ သူသည် သူတို့ကိုလုပ်လိုက်သည့်အရာထက် ထိုငွေရောင်ဆံပင်နှင့်ကောင်လေးကိုသာ ပိုဂရုစိုက်သောကြောင့်ပင်။
ထိုနောက်တွင် ထိုလူများသည် ကောင်လေးက ရန်ပွဲကိုစလိုက်သည်နှင့် တစ်စက္ကန့်ပင် မရပ်တန့်လိုတော့ကြောင်း သဘောပေါက်သွားတော့သည်။
သူ ကူမာမိုတိုကို တရစပ်ကန်ကျောက်ပြီး သတ်ချင်နေတာလား။
ထိုကူမာမိုတိုသည် လူကောင်ကြီးသူတစ်ယောက်ဖြစ်ပြီး သူသည် သူ့ -င်ကို ဤကဲ့သို့ တစ်ခါမှ ကန်ကျောက်ခြင်းမခံခဲ့ရဖူးချေ။
သူသည် ပြန်မချနိုင်သဖြင့် သူ့ခေါင်းကို လက်နှင့်ကာထားလေသည်။ သို့သော် သူသည် ရောက်လာသည့်နာကျင်မှုကိုတော့ မတားဆီးနိုင်ခဲ့ချေ။
ဖူကျို့၏အားနှင့်ကန်ချက်များသည် အလွန်ကြောက်စရာကောင်းသလို ရက်စက်လွန်းလေသည်။
ချီးပဲ။
သူ့ကျောပြင်သည် ဒဏ်ရာရပြီးဖြစ်နေသည်မှု သေချာလေသည်။
“ ရပ်တော့ ရပ်တော့”
ကူမာမိုတိုသည် သူ့ကိုကန်နေသည်ကို ရပ်ရန် သူမကို တောင်းပန်နေတော့သည်။
ဖူကျို့သည် သူ့နှုတ်ခမ်းများကို ကွေးတက်သွားသည်အထိပြုံးလိုက်ပြီး ‘ဝုန်း’ ခနဲမြည်အောင် ထပ်ကန်လိုက်တော့သည်။
ထို့နောက် သူမသည် ကိုယ်ကို ခံ့ညားစွာ ညွှတ်လိုက်ပြီး ကူမာမိုတိုကို ဆွဲ,မလိုက်ကာ လက်သီးတစ်လုံး ကျွေးလိုက်ပြန်သည်။
“ မင်းက ငါ့ကို ရပ်ဖို့ တောင်းဆိုနေတာလား၊ မင်း အိပ်မက်မက်နေတာလား”
ဖူကျို့သည် သူမကိုယ်သူမ ထိန်းချုပ်မှုလွတ်သွားသည်ကို ဝန်ခံရပေမည်။
အကြောင်းမှာ သူမသည် ကြီးမြတ်လှသည့်သခင်လေးကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်နာကျင်အောင် လုပ်လိမ့်မည်ဟု ဘယ်တုန်းမှ မတွေးခဲ့ဖူးသောကြောင့်ပင်။ ထိုအပြင် သူဒဏ်ရာရသွားလျှင် သူမသည် မည်သို့တုံ့ပြန်မိမည်ကို တစ်ခါမှ မတွေးခဲ့ဖူးချေ။ သို့ရာတွင် ယခုမူ သူမ သိသွားလေသည်။
သူသည် သူမကို ကာကွယ်ရန်ကြိုးစားရင်း ဒဏ်ရာရသွားသည်ဆိုလျှင် ပြောစရာပင်မလိုတော့ချေ။ သူမသည် သည်အရာကို လက်မခံနိုင်ပေ။
“ အခု မင်းရဲ့ ဘယ်ဖက်လက်ကို သုံးလိုက်တာလဲ”
ဖူကျို့သည် ကြမ်းပြင်ပေါ်တွင်လူးလွန့်နေသည့်လူကို ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများမှာ လှုပ်ရှားသွားပြီး ရုပ်ပြကာတွန်းထဲမှ မိစ္ဆာတစ်ကောင်ကဲ့သို့ မည်သူမျှမကြားနိုင်သည့် လေသံဖြင့် သူ့ကို မေးလိုက်လေသည်။
“ ဒီဖက်လား”
သူမသည် ပြောနေရင်း ကူမာမိုတို၏ညာဖက်လက်ဆီသို့ အကြည့်ရောက်သွားပြန်သည်။
“ဒါမှမဟုတ် ဒီဖက်လား”
“ ဪ ဟုတ်သားပဲ ငါ မင်းရဲ့ ကျောကိုပဲ ရိုက်ချိုးလိုက်သင့်တာပေါ့ ဘာလို့လဲဆိုတော့ မင်း ငါ့အစ်ကိုကြီးရဲ့ ကျောကို တိုက်ခိုက်ခဲ့တာလေ ဟုတ်တယ်မလား”
ဖူကျို့က ထိုသို့ပြောလိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဟစ်ကြွေးနေတော့သည်။
“ ငါ မင်းကို သတ်မယ်”
သူမသည် သည်ကိစ္စကို နောက်ပြောင်နေခြင်းမဟုတ်ပေ။
သူမ၏လူသတ်ချင်စိတ်သည် အမှန်ပင်ဖြစ်လေသည်။
ထိုအခိုက်တွင် ကူမာမိုတိုသည် သူသေတော့မှာသေချာသည်ဟု တွေးလိုက်တော့သည်။
ဖူကျို့သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဆောင်ရင်း သူမ၏သွယ်လျသော ခြေထောက်ကို မ,လိုက်လေသည်။
သို့သော် ထိုအချိန်တွင် သူမကို လက်တစ်ဖက်က လှမ်းဆွဲကာ တားလိုက်တော့သည်။
သူမသည် နောက်သို့ ပြန်ဆွဲခံလိုက်ရပြီး သူမ၏မျက်လုံးများကို တစ်စုံတစ်ယောက်၏လက်က ညင်သာစွာဖုံးထားလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူမသည် အေးမြသောပွေ့ဖက်မှုတစ်ခု၏ ဝန်းရံခြင်းခံလိုက်ရတော့သည်။
...
Zawgyi
အပိုင္း (၃၁၆) ႀကီးျမတ္လွတဲ့သခင္ေလး
သည္တစ္ႀကိမ္တြင္ေတာ့ ေသြးမ်ားစီးက်လာေတာ့သည္။
ျပႆနာလာရွာေသာထိုလူမ်ားသည္ ဖူက်ိဳ႕၏တိုက္ခိုက္မႈကို ကာကြယ္ခ်ိန္ပင္မရလိုက္ေခ်။
သူမသည္ ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္က်သြားေသာ ဂိုဏ္းစတားမ်ားထဲမွတစ္ေယာက္ကို ကန္လိုက္ေလသည္။ သူမ၏လႈပ္ရွားမႈမ်ားသည္ လ်င္ျမန္ကာ ရက္စက္လွၿပီး သူမ၏မ်က္လုံးမ်ားသည္လည္း ေအးခဲေနေလသည္။ သူမသည္ ထိုလူကို ဆက္တိုက္ ကန္ေက်ာက္ေနလိုက္ၿပီး ရပ္တန့္ရန္ အေတြး တစ္စက္ကေလးမွမရွိေခ်။
ထိုေကာင္ေလးသည္ ထိုမွ်ေလာက္ရက္စက္မည္ဟု မည္သူမွ မေတြးမိၾကေခ်။
ဂြၽန္ကို၏မ်က္ႏွာသည္ ထိုအရာကို ျမင္လိုက္ၿပီးေနာက္ ေဖ်ာ့ေတာ့သြားေတာ့သည္။
သူမသည္ ေဘးကလူမ်ားကို ေျပာလိုက္ေလသည္။
“ဘာလုပ္ေနၾကတာလဲ၊ ျမန္ျမန္ ျပန္ခ်ေလ”
ထိုဂိုဏ္းစတားမ်ားသည္ ဖူက်ိဳ႕ဆီသို႔ ဝင္စီးၾကေတာ့သည္။
သို႔ေသာ္ ေကာင္ေလးဆီမေရာက္လိုက္မီ ေလျပင္းတစ္ခ်က္သည္ သူတို႔၏မ်က္ႏွာေပၚမွ ျဖတ္ေျပးသြားေတာ့သည္။
ခ်င္ေမာ့ ျဖစ္ေလသည္။ သူသည္ သူ႕ညာဖက္လက္ထဲတြင္ သစ္သားစားပြဲေပၚမွ ဝိုင္ပုလင္းတစ္လုံးကို ဆြဲယူလိုက္ၿပီး လူတစ္ေယာက္၏ေခါင္းကို ရိုက္ခ်လိဳက္ေတာ့သည္။
သူ႕လႈပ္ရွားမႈမ်ားသည္ ဖူက်ိဳ႕ထက္ပင္ ေၾကာက္စရာပိုေကာင္းေနေတာ့သည္။
သူ႕လက္ေခ်ာင္းမ်ားေပၚတြင္ ေသြးမ်ားစီးေနၿပီး ထိုအရာသည္ သူ႕တည္ၿငိမ္မႈကို မသက္ေရာက္ေနေပ။
သူဝမ္းဗိုက္ႂကြက္သားမ်ားသည္ ထင္းရွင္းေနေလသည္။ သူ႕လက္ထဲမွ ပုလင္းကို သုံးၿပီး ေဝ့ယမ္းလိုက္ၿပီးေနာက္တြင္ လူအုပ္ၾကားထဲမွ အားေပးသံမ်ားႏွင့္ ေအာ္သံမ်ားသည္ ထြက္ေပၚလာေတာ့သည္။
တစ္စုံတစ္ေယာက္သည္ တိုက္ခိုက္ေနစဥ္မွာပင္ အလြန္ေခ်ာေမာသည္ဆိုလွ်င္ သူသည္ အမွန္စင္စစ္ လူေခ်ာေလးတစ္ေယာက္ ျဖစ္ေပလိမ့္မည္။
ခ်င္ေမာ့သည္ ထိုသို႔ေသာ တစ္စုံတစ္ေယာက္ျဖစ္ေလသည္။
သူ၏ျမင့္မားပိန္ပါးေသာခႏၶာကိုယ္ႏွင့္အတူ သူမ်က္ဝန္းနက္မ်ားႏွင့္ တည္ၿငိမ္ေသာမ်က္ႏွာသည္ ရန္သူမ်ား၏အသဲႏွလုံးအတြင္းအထိ ေအးခဲသြားနိုင္ေစသည္။
“အ႐ူး”
ဂိုဏ္းစတားတစ္ေယာက္သည္ က်ိန္ဆဲလိုက္ေလသည္။
ဂြၽန္ကိုသည္ သည္တစ္ႀကိမ္တြင္ သူမ သြားဆြမိသည့္သူကို မသိခဲ့ေခ်။
သူတို႔ေတြက ကိုင္တြယ္ရခက္လွခ်ည္လား။
တ႐ုတ္လူမ်ိဳးေတြအားလုံးက ပုစြန္ေလးေတြလို အားမရွိၾကတဲ့သူမဟုတ္ဘူးလား။
ထိုဂိုဏ္းစတားမ်ားသည္ သူတို႔ခႏၶာကိုယ္မွ ျပင္းထန္ေသာနာက်င္မႈတို႔ေၾကာင့္ ကမာၻႀကီးမွာ ပတ္ခ်ာလည္ေနၿပီး ေမွာင္မွိက္သြားသည္ဟု ခံစားလိုက္ရေတာ့သည္။
သို႔ရာတြင္ ထိုလူ၏စိတ္အာ႐ုံသည္ သူတို႔ထံတြင္ လုံးဝရွိမေနေခ်။
အေၾကာင္းမွာ သူသည္ သူတို႔ကိုလုပ္လိုက္သည့္အရာထက္ ထိုေငြေရာင္ဆံပင္ႏွင့္ေကာင္ေလးကိုသာ ပိုဂ႐ုစိုက္ေသာေၾကာင့္ပင္။
ထိုေနာက္တြင္ ထိုလူမ်ားသည္ ေကာင္ေလးက ရန္ပြဲကိုစလိုက္သည္ႏွင့္ တစ္စကၠန့္ပင္ မရပ္တန့္လိုေတာ့ေၾကာင္း သေဘာေပါက္သြားေတာ့သည္။
သူ ကူမာမိုတိုကို တရစပ္ကန္ေက်ာက္ၿပီး သတ္ခ်င္ေနတာလား။
ထိုကူမာမိုတိုသည္ လူေကာင္ႀကီးသူတစ္ေယာက္ျဖစ္ၿပီး သူသည္ သူ႕ -င္ကို ဤကဲ့သို႔ တစ္ခါမွ ကန္ေက်ာက္ျခင္းမခံခဲ့ရဖူးေခ်။
သူသည္ ျပန္မခ်နိဳင္သျဖင့္ သူ႕ေခါင္းကို လက္ႏွင့္ကာထားေလသည္။ သို႔ေသာ္ သူသည္ ေရာက္လာသည့္နာက်င္မႈကိုေတာ့ မတားဆီးနိုင္ခဲ့ေခ်။
ဖူက်ိဳ႕၏အားႏွင့္ကန္ခ်က္မ်ားသည္ အလြန္ေၾကာက္စရာေကာင္းသလို ရက္စက္လြန္းေလသည္။
ခ်ီးပဲ။
သူ႕ေက်ာျပင္သည္ ဒဏ္ရာရၿပီးျဖစ္ေနသည္မႈ ေသခ်ာေလသည္။
“ ရပ္ေတာ့ ရပ္ေတာ့”
ကူမာမိုတိုသည္ သူ႕ကိုကန္ေနသည္ကို ရပ္ရန္ သူမကို ေတာင္းပန္ေနေတာ့သည္။
ဖူက်ိဳ႕သည္ သူ႕ႏႈတ္ခမ္းမ်ားကို ေကြးတက္သြားသည္အထိၿပဳံးလိုက္ၿပီး ‘ဝုန္း’ ခနဲျမည္ေအာင္ ထပ္ကန္လိုက္ေတာ့သည္။
ထို႔ေနာက္ သူမသည္ ကိုယ္ကို ခံ့ညားစြာ ၫႊတ္လိုက္ၿပီး ကူမာမိုတိုကို ဆြဲ,မလိုက္ကာ လက္သီးတစ္လုံး ေကြၽးလိုက္ျပန္သည္။
“ မင္းက ငါ့ကို ရပ္ဖို႔ ေတာင္းဆိုေနတာလား၊ မင္း အိပ္မက္မက္ေနတာလား”
ဖူက်ိဳ႕သည္ သူမကိုယ္သူမ ထိန္းခ်ဳပ္မႈလြတ္သြားသည္ကို ဝန္ခံရေပမည္။
အေၾကာင္းမွာ သူမသည္ ႀကီးျမတ္လွသည့္သခင္ေလးကို မည္သူတစ္ဦးတစ္ေယာက္ကမွ ထိခိုက္နာက်င္ေအာင္ လုပ္လိမ့္မည္ဟု ဘယ္တုန္းမွ မေတြးခဲ့ဖူးေသာေၾကာင့္ပင္။ ထိုအျပင္ သူဒဏ္ရာရသြားလွ်င္ သူမသည္ မည္သို႔တုံ႕ျပန္မိမည္ကို တစ္ခါမွ မေတြးခဲ့ဖူးေခ်။ သို႔ရာတြင္ ယခုမူ သူမ သိသြားေလသည္။
သူသည္ သူမကို ကာကြယ္ရန္ႀကိဳးစားရင္း ဒဏ္ရာရသြားသည္ဆိုလွ်င္ ေျပာစရာပင္မလိုေတာ့ေခ်။ သူမသည္ သည္အရာကို လက္မခံနိုင္ေပ။
“ အခု မင္းရဲ႕ ဘယ္ဖက္လက္ကို သုံးလိုက္တာလဲ”
ဖူက်ိဳ႕သည္ ၾကမ္းျပင္ေပၚတြင္လူးလြန့္ေနသည့္လူကို ၾကည့္လိုက္ေလသည္။ သူမ၏မ်က္လုံးမ်ားမွာ လႈပ္ရွားသြားၿပီး ႐ုပ္ျပကာတြန္းထဲမွ မိစာၦတစ္ေကာင္ကဲ့သို႔ မည္သူမွ်မၾကားနိုင္သည့္ ေလသံျဖင့္ သူ႕ကို ေမးလိုက္ေလသည္။
“ ဒီဖက္လား”
သူမသည္ ေျပာေနရင္း ကူမာမိုတို၏ညာဖက္လက္ဆီသို႔ အၾကည့္ေရာက္သြားျပန္သည္။
“ဒါမွမဟုတ္ ဒီဖက္လား”
“ ဪ ဟုတ္သားပဲ ငါ မင္းရဲ႕ ေက်ာကိုပဲ ရိုက္ခ်ိဳးလိုက္သင့္တာေပါ့ ဘာလို႔လဲဆိုေတာ့ မင္း ငါ့အစ္ကိုႀကီးရဲ႕ ေက်ာကို တိုက္ခိုက္ခဲ့တာေလ ဟုတ္တယ္မလား”
ဖူက်ိဳ႕က ထိုသို႔ေျပာလိုက္ခ်ိန္တြင္ သူမ၏ခႏၶာကိုယ္တစ္ခုလုံးသည္ ဟစ္ေႂကြးေနေတာ့သည္။
“ ငါ မင္းကို သတ္မယ္”
သူမသည္ သည္ကိစၥကို ေနာက္ေျပာင္ေနျခင္းမဟုတ္ေပ။
သူမ၏လူသတ္ခ်င္စိတ္သည္ အမွန္ပင္ျဖစ္ေလသည္။
ထိုအခိုက္တြင္ ကူမာမိုတိုသည္ သူေသေတာ့မွာေသခ်ာသည္ဟု ေတြးလိုက္ေတာ့သည္။
ဖူက်ိဳ႕သည္ မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခုေဆာင္ရင္း သူမ၏သြယ္လ်ေသာ ေျခေထာက္ကို မ,လိုက္ေလသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ သူမကို လက္တစ္ဖက္က လွမ္းဆြဲကာ တားလိုက္ေတာ့သည္။
သူမသည္ ေနာက္သို႔ ျပန္ဆြဲခံလိုက္ရၿပီး သူမ၏မ်က္လုံးမ်ားကို တစ္စုံတစ္ေယာက္၏လက္က ညင္သာစြာဖုံးထားလိုက္ေလသည္။ ေနာက္တစ္စကၠန့္တြင္ သူမသည္ ေအးျမေသာေပြ႕ဖက္မႈတစ္ခု၏ ဝန္းရံျခင္းခံလိုက္ရေတာ့သည္။
...