နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.7K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 32

908 97 3
By BlackLily_WhiteLily

အခန်း ၃၂ ကံဆိုးမှု (အပိုင်း ၂)

  ကျွော့ချင်းက ကောင်းမွန်သော အကြံဥာဏ်ကို မစဉ်းစားနိုင်သေးမီတွင် သူမ၏ နားရွက်ဘေးမှ လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး ကျယ်လောင်သော ဆူညံသံများကို ဆက်တိုက်ကြားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်တော့ လက်သီးအရွယ်အစားရှိတဲ့ ကျောက်တုံးတစ်တုံးက ဂူဝင်ပေါက်ဆီ လှိမ့်ဝင်သွားသည်။ ကျွော့ချင်းက ​​ကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမ ရှင်းရှင်းလင်းလင်းကို မလှုပ်ရှားခဲ့ဘူးလေ။ ကျောက်တုံးက ဘယ်ကနေ ပေါ်လာတာလဲ?!

  "ဘယ်သူလဲ" ဂူထဲမှ လူက အော်မေးလိုက်သည်။

  ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားကာ အနီးနားရှိ ချုံပုတ်များထဲသို့ အမြန်ပြန်ပြေးသွားခဲ့သည်။ ရုတ်တရက် လက်ကြီးတစ်စုံက သူမပုခုံးကို ဆုပ်ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်က သူမပါးစပ်ကို ဖုံးကာ ဘေးသို့ ဆွဲခေါ်သွားသည်။ ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး အသဲအသန် ရုန်းကန်နေချိန်တွင် ထူးဆန်းသော်လည်း ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားအသံတစ်ခုက သူမနားနားမှာ တိုးတိုးလေး ထွက်ပေါ်လာသည်။ "ငါ သူ့ကို အပြင်ခေါ်ထုတ်မယ်၊ မင်းက လူကယ်ဖို့ ဝင်သွားလိုက်"

  ဒီအသံ? အဲ့ဒါက. . . ချမ်ကျင်း? ကျွော့ချင်းက ရုန်းကန်မှုကို ရပ်လိုက်ပြီး နောက်ဆုံးတော့ သူမကို ကိုင်ထားတဲ့ လက်ကို ဖြေလျော့သွားသည်။ ကျွော့ချင်းက လျင်မြန်စွာ လှည့်ကြည့်လိုက်တော့ မှုန်ဝါးနေသော မိုးရေနှင့် မြူခိုးများကြားတွင် ရေကန်လို နက်ရှိုင်းသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ရောက်လာသူမှာ ချမ်ကျင်းဖြစ်သည်။ ဤအချိန်တွင် သူက မျက်လုံးများ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေပြီး၊ သူ၏ သာမာန်အချိန်များမှ ဂရုမစိုက်သော အမူအရာနှင့် လုံးဝမတူတာကြောင့် ကျွော့ချင်းက ခဏမျှ တွေဝေသွားခဲ့သည်။

  ချမ်ကျင်းက သူမကို ဂူဘေးရှိ ကျောက်ဆောင်များနောက်သို့ ညင်သာစွာ တွန်းထုတ်ကာ ဂူပေါက်ဝဆီသို့ ပြေးသွားခဲ့သည်။ ဂူအပြင်ဘက်တွင် ရပ်နေသော ချမ်ကျင်းက သူ့တင်ပါးကို လက်နှစ်ဖက်တင်ကာ "နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းကင်အောက်မှာ၊ မင်းက အရပ်သားမိန်းကလေးကို အနိုင်ကျင့်နေတယ်ပေါ၊ ဒီသခင်ကြီးက တကယ်ကို သည်းမခံနိုင်တော့ဘူး၊ မင်း ဘာလို့ ထွက်လာပြီး အသေမခံသေးတာလဲ?"

  ကျွော့ချင်း၏ ဦးခေါင်းတွင် ရုတ်တရက် အနက်ရောင် လိုင်းများ ဖုံးလွှမ်းသွားသည်မှာ သေချာသည်။ တိမ်ညိုတိမ်မည်းများကြောင့် လရောင်က မှောင်မိုက်နေကာ လေပြင်းများတိုက်ခိုက်နေသည်။ နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းင်က ဘယ်ကနေရောက်လာတာလဲ? သူက အမှန်ပင် သူမ သိသော အရူးကောင်ဖြစ်သည်။ ကျွော့ချင်းက တစ်ယောက်တည်း စိတ်ထဲတွင် ရေရွတ်နေရင်း ကျောက်နံရံတွင် တွယ်ကပ်ကာ ဂရုတစိုက် ပုန်းနေလိုက်သည်။ ရုတ်တရက် ဂူပေါက်ဝမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချမ်ကျင်းက တစ်ဘက်သို့ခုန်ကာ ဘေးတိုက်ရှောင်ထွက်သွားသည်။ မမျှော်လင့်ဘဲ ငွေရောင်အလင်းတန်းက တစ်ဖန်ထွက်ပေါ်လာပြန်သည်။

  "ညစ်ပတ်နံစော်နေတဲ့ အကောင်ငယ်လေး၊ ဒီအဘိုးကြီးက မင်းကို ခုတ်နိုင် မခုတ်နိုင် ကြည့်လိုက်ရအောင်!" ကြမ်းတမ်းသော အော်ဟစ်သံနှင့်အတူ ဂူပေါက်ဝတွင် အရပ်ရှည်ပြီး သန်မာသော လူတစ်ယောက် ပေါ်လာသည်။ သူ၏ သန်မာသော ကိုယ်လုံးကိုယ်ပေါက်က အနည်းငယ် ကြောက်စရာကောင်းနေပုံရသည်။ ကျွော့ချင်းက ဂရုတစိုက် ကြည့်လိုက်သည်။ သူ့လက်ထဲမှာ သံကြိုးအဝိုင်းပေါင်းများစွာကို သူ့လက်နှစ်ဖက်မှာ ရစ်ပတ်ထားတာကို တွေ့လိုက်ရသည်။ သံကြိုးအောက်တွင် လက်သီးထက် အနည်းငယ်သေးငယ်သော သံလုံးတစ်လုံးကို ချိတ်ဆွဲထားသည်။ ထိမှန်လျှင် သွေးထွက်သံယို ဖြစ်စေမည်ပင်။

  ကျွော့ချင်းက အသက်ရှုကြပ်သွားပြီး သူမကိုယ်ကို ကျုံလိုက်စဥ် ချမ်ကျင်း၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်။ "ဒါဆို ဘယ်သူ အရင်သေမလဲ ကြည့်လိုက်ရအောင်!"

ဓားပျံက ထိုလူကြီးဆီသို့ ပျံသန်းလာပြီး လူကြီး၏သံလုံးကို ထိမှန်သွားသည်။ ဓားနှင့်သံလုံးထိသွားသောအခါ မီးပွားများထွက်လာသည်။ တစ်ခုထိသွားကာ လူကြီးသည် အားနည်းချက်ကိုမပြဘဲ သူလက်ထဲတွင်ရှိသော သံကြိုးကိုဝှေ့ယမ်းကာ ချမ်ကျင်း၏မျက်နှာကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက နောက်သို့ပြန်ဆုတ်ကာ ခုန်ထွက်သွားလေသည်။ လူကြီးက အခွင့်ကောင်းယူကာ ပြေးလိုက်သွားပြီး လက်နက်များ ထိပ်တိုက်တွေ့သံနှင့် ကြမ်းတမ်းသော လှုပ်ရှားသံများက ဝေးကွာသွားသည်။ ကျွော့ချင်းက သူမ၏ စကတ်ရှည်ကြီးကို မလိုက်ပြီး ဂူဝင်ပေါက်ဆီသို့ ပြေးဝင်သွားသည်။

  လှိုဏ်ဂူကြီးက ကြီးမားပြီး အလယ်တွင် မီးရောင်တစ်ခု ထိန်ထိန်လင်းနေသည်။ သေးငယ်သော ထောင့်တစ်နေရာတွင် ဆံပင်များပြန့်ကျဲနေသော အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေကာ ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါနေသည်။

  ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "မြန်မြန်ထပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"

  အမျိုးသမီးက မတ်တပ်ထရပ်ရမည့်အစား ကြောက်စိတ်ကြောင့် နောက်ဆုတ်သွားသည်။ ကျွော့ချင်းက အမျိုးသမီးရဲ့လက်မောင်းကို ဆွဲထူလိုက်ပြီး "မင်းက ရှုအာ မဟုတ်လား၊ ချီထျန်းယုက မင်းကို ကယ်တင်ဖို့ ငါတို့ကို ပြောခဲ့တယ်၊ မေးခွန်းတွေ အများကြီး မမေးနဲ့၊ ဒီကနေ အရင်ထွက်ရအောင်"

  နောက်ဆုံးတွင် ကျွော့ချင်းက ထိုအမျိုးသမီးကို ဆွဲထူလိုက်သော်လည်း သူမက ကွော့ချင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ လှုပ်ခါနေဆဲဖြစ်သည်။ ကျွော့ချင်းက စိတ်တိုနေပြီး စကားထပ်မပြောရသေးခင်မှာ ထိုအမျိုးသမီးက မျက်ရည်များဝဲနေကာ သနားစဖွယ် တုန်တုန်ယင်ယင်ဖြင့် "ခြေထောက်တွေ မလှုပ်နိုင်တော့ဘူး..."

  မလှုပ်နိုင်ဘူးလား? ကျွော့ချင်းက သူမ၏ စကပ်ကို ညင်သာစွာ မြှောက်လိုက်သည်။ မီးရောင်အောက်တွင် ထိုအမျိုးသမီး၏ ညာဖက်ခြေဖဝါးတွင် သိသိသာသာ ပွင့်ထွက်နေသော ဒဏ်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

  "သေစမ်း!" ကျွော့ချင်းက ကျိန်ဆဲလိုက်သည်။ ဒဏ်ရာက အရမ်းကြီးပြီး ခြေသလုံးကြွက်သားတွေက အထိရောက်အောင် ပြင်းပြင်းထန်ထန် စုတ်ပြဲနေသည်။ အချိန်မီ မကုသနိုင်ရင် ပိုးဝင်တာကြောင့် ဒီမိန်းကလေးရဲ့ ခြေထောက်က အသုံးမဝင်နိုင်တော့သလို၊ ဒဏ်ရာက သူမကို သေစေနိုင်သည်။ ဒီလူက သူမကို ဂူထဲမှာ တစ်ယောက်တည်း ထားခဲ့ရဲတာ အံ့ဩစရာ မရှိတော့ပါဘူး။ သူမခြေထောက်က ကျိုးနေတာ ကြာပြီလေ။ ပြေးဖို့နေနေသာသာ ဂူထဲကနေတောင် မထွက်နိုင်ဘူး!

  ဒဏ်ရာ၏ မျက်နှာပြင် အနေအထားနှင့် အမျိုးသမီး၏ အနည်းငယ်ထုံကျဉ်သော အသွင်အပြင်ကို ကြည့်ပြီး ဒဏ်ရာက ဆယ့်နှစ်နာရီကျော် ကြာလောက်ပြီဟု ခန့်မှန်းနိုင်သည်။ ကျွော့ချင်းက ထိန်းမနိုင်သိမ်းမရဖြစ်သွားကာ ဝေးဝေးမသွားနိုင်မှာကို စိုးရိမ်တာကြောင့် သူမကို ဆွဲခေါ်လာခဲ့သည်။ အပြင်မှာ ပေါင်းပင်များနှင့် တောတွင်းသစ်ပင်များ၏ အကိုင်းအခက်များ ရှိနေသည်။ နောက်တစ်ခါ ကူးစက်ခံရရင် ပိုပြီး ဒုက္ခရောက်သွားနိုင်သည်။ ကျွော့ချင်းက အခြေအနေကို လျင်မြန်စွာ ဆုံးဖြတ်ပြီး အမျိုးသမီးကို ထိုင်ခိုင်းကာ မီးပုံနားတွင် သစ်ကိုင်းခြောက်နှစ်ခုကို တွေ့သွားပြီး အမျိုးသမီး၏ အနားသို့ ပြန်သွားကာ သူမစကတ်ကို ဆုတ်ဖြဲလိုက်ရင်း အသံတိုးတိုးလေးနဲ့ "နည်းနည်းတော့ သည်းခံပါ!"

  ရူအာ မတုံ့ပြန်နိုင်ခင်မှာ ကျွော့ချင်းက သူမရဲ့ ခြေသလုံးကြွက်သားတွေကို ဆွဲကိုင်ပြီး အရိုးတွေကို မြန်မြန်ဆန်ဆန် ဆွဲဆန့်ပြီးနေရာမှန်ရောက်အောင် ပြန်ပြုပြင်လိုက်သည်။

  "အား————" အရိုးပြန်လည်နေရာချထားခြင်း ဝေဒနာကြောင့် ရူအာက မူးမေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ အနည်းငယ် ပြန်လည်သက်သာလာပြီး ကျွော့ချင်းက သစ်ကိုင်းများကိုသုံးကာ ဒဏ်ရာကို ပြုပြင်ပေးခဲ့သည်။ ထိုနောက် ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ကျွော့ချင်းက သူမကို ထပ်မံဆွဲထူကာ သူမကို မတ်တပ်ထရပ်စေလိုက်ပြီး "လှုပ်လို့ရပြီလား"

အရာအားလုံးက ခနတာအတွက် ယာယီပါပဲ။ ညာဘက်ခြေထောက်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားတာကြောင့် ဒုတိယအကြိမ် ထပ်မကျိုးတော့ဘူးလို့ အာမခံနိုင်သည်။ သူမ ကျော်ဖြတ်နိုင်မယ်လို့တော့ ကျွော့ချင်းက မျှော်လင့်နေမိသည်။

   ရှုအာက သူမ၏ညာဘက်ခြေထောက်ကို နည်းနည်းရွှေ့ကြည့်လိုက်တော့ နာကျင်နေသေးပေမယ့် ခွန်အားကို အသုံးချနိုင်နေပြီ။ ရှုအာက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကာ "ငါ လုပ်နိုင်တယ်၊ သွားရအောင်!"

  "သွားကြရအောင်" ကျွော့ချင်းက ရှုအာကို ဂူထဲမှ ထွက်နိုင်အောင် ကူညီပေးခဲ့ပြီး သူမက သန်မာပြီး ထက်မြက်သော အမျိုးသမီးဖြစ်ကြောင်း သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ချီးမွမ်းလိုက်သည်။

  "ဘယ်သွားမလို့လဲ!"

  သူမတို့ နှစ်ယောက် ဂူအဝင်ဝကို လျှောက်သွားလိုက်သည်နှင့် အပေါက်ဝတွင် လူမည်းကြီး၏ မည်းမှောင်သော အသွင်အပြင် ပေါ်လာပြီး ထိုလူက ကျေနပ်အားရစွာဖြင့် ရယ်မောကာ "မင်းက ကျားကို မောင်းထုတ်တဲ့ လှည့်ကွက်ကို သုံးချင်နေတာလား။ ဒီလူက ဒီတော ဒီတောင်မှာ နှစ်အတော်ကြာအောင် နေလာခဲ့တာ အဲဒါတွေအားလုံးက အချည်းနှီးမှ မဟုတ်တာ"

  ရှုအာ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ တုန်ခါနေပြီး ကျွော့ချင်း၏ နှလုံးသားကလည်း သူမ၏ လည်ချောင်းထဲသို့ ရောက်ရှိလာသည်။ ကျွော့ချင်းအတွက် သူမ၏ နှလုံးခုန်သံကို ယခုကဲ့သို့ ထင်ရှားစွာ ခံစားလိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက ရှုအာကို တွဲထားရင်း သူမတို့နှစ်ဦး အေးခဲနေသော ကျောက်နံရံကို နီးကပ်လာသည်အထိ နောက်ပြန်ဆုတ်သွားခဲ့သည်။

  မီးက ပိုပြင်းလာပြီး ကျွော့ချင်းရဲ့ စကတ်ကလည်း စုတ်ပြဲနေတာကာ အတွင်းထဲမှာ သူမဝတ်ထားတဲ့ ဘောင်းဘီက ပုစဉ်းရင်ကွဲတောင်ပံတွေလို ပါးလွှာနေသည်။ လူကြီးရဲ့ မျက်လုံးတွေက မဲမှောင်သွားပြီး ကျွော့ချင်းကို မျက်လုံးတွေ အပေါ်အောက် စုန်ဆန်ကြည့်နေသည်။ "ကျွတ်၊ ကျွတ်၊ ကျွတ်၊ မိုးနတ်မင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံတာပဲ၊ အာ~ ဒီအမျိုးသမီးက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်"

  ထိုလူကြီးက နီးကပ်လာပြီး သူ့လက်က ကျွော့ချင်း၏ပခုံးကို ဖမ်းကိုင်ရန် နီးကပ်လာချိန် ဓားပါးပါးလေးတစ်ချောင်းက လေထဲကနေ ဖြတ်ထွက်လာသည်။ ထိုလူကြီးက ဓားကို ရှောင်ရန် သူ့လက်ကို အမြန်ရပ်လိုက်ပြီး ကျွော့ချင်းကလည်း ရှုအာကို ဆွဲထုတ်ကာ ပြေးရန် အခွင့်အရေး ယူလိုက်သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် မမျှော်လင့်ဘဲ ပြင်းထန်သောအင်အားတစ်ခုက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆွဲယူလိုက်ပြီး သူမကို နောက်ပြန်ဆုတ်သွားခဲ့သည်။ ကျွော့ချင်းက စိတ်ပျက်အားငယ်စွာဖြင့် ရှုအာ၏အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရာကနေ သူမကို အပြင်သို့ တွန်းထုတ်လိုက်သည်။ ဂူထဲကို အပြေးအလွှားဝင်လာသော ချမ်ကျင်းက သူမကို ဖမ်းမိသွားသည်။

 လူကြီးက ကျွော့ချင်းက သူ့ရှေ့ကို ဆွဲယူလိုက်ပြီး မကြောက်မရွံ အော်ပြောလိုက်သည်။ "မင်းနဲ့ ငါနဲ့ ရန်ငြိုးဖွဲ့ထားတာ မရှိဘူး။ ငါ မင်းကို မသတ်ချင်ဘူး ၊ မင်း ငါ့ကို ဆက်ပြီးနှောက်ယှက်နေရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

  လူကြီး၏သံကြိုးက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသောကြောင့် ကျွော့ချင်းက အသက်ရှူရခက်နေပြီး မျက်နှာက နီရဲလာသည်။ ချမ်ကျင်း၏ မျက်လုံးများက ပိုအေးစက်လာပြီး သူက ရှုအာကို ဝင်ပေါက်ဆီသို့ ရောက်အောင် ကူညီပေးခဲ့သည်။ ထိုနောက် ချမ်ကျင်းက ပြန်လှည့်ကြည့်ကာ အေးစက်စွာနဲ့ "ငါနဲ့ မင်းနဲ့ အာဃာတမရှိပေမယ့် တစ်စုံတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာက တခြားလူရဲ့ ဘေးဒုက္ခလည်း ဖြစ်တယ်၊ တခြားလူတွေရဲ့ ဘေးဒုက္ခဖြေရှင်းဖို့ ငါက ပိုက်ဆံယူပြီး မင်းလို လူကို ချေမှုန်းရမယ်။ မင်းမှာ အရည်အချင်း တကယ်ရှိရင် ငါ တစ်ယောက်တည်းနဲ့ပဲ တိုက်ခိုက်လေ၊ မင်းက မိန်းမတွေကို အကာအရံအနေနဲ့ အသုံးချပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင် မင်းက ယောက်ျားမဟုတ်တော့ဘူး!"

  "အဲ့လိုနှိုးဆော်တဲ့နည်းလမ်းတွေက ဒီသခင်ကြီးအတွက် အသုံးမဝင်ဘူးကွ!" လူကြီးက သံကြိုးကို တင်းတင်းထပ်ဆွဲလိုက်သည်။ ကျွော့ချင်း၏ အသက်ရှုသံက ငြိမ်သက်သွားပြီး အသက်ရှူရအလွန်ခက်ခဲလာသည်။ ထိုလူကြီးက ချမ်ကျင်း၏လက်က လက်သီးဆုပ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူ မှန်ကန်သောလူကို ဖမ်းမိထားသည်ကို နားလည်လိုက်သည်။ သူက အသံကျယ်ကျယ်နဲ့ "မင်းလက်ထဲမှာရှိနေတဲ့ ဓားတွေအားလုံးကို နာခံမှုရှိရှိနဲ့ ပစ်ချလိုက်တာ အကောင်းဆုံးဘဲ မဟုတ်ရင် သူ့(မ)လည်ချောင်းကို ဖိချိုးပစ်လိုက်မယ်!"

 ကျွော့ချင်းက ငိုချင်ပေမယ့် မျက်ရည်တောင် မကျနိုင်တော့ဘူး။ အခု သူမ ခံစားနေရတာတွေကို ဖော်ပြဖို့ ဘာနဲ့မှ မလုံလောက်တော့ဘူး။ သူမ ဒီငရဲလို ကြောက်စရာကောင်းတဲ့ နေရာကို ရောက်လာကတည်းက သူမ ကံမကောင်းခဲ့ဘဲ လည်ပင်းကလည်း အကြိမ်ကြိမ် နာကျင်ခဲ့ရသည်။ ကျွော့ချင်းက အသက်ရှုရန် အတတ်နိုင်ဆုံးကြိုးစားရင်း၊ ချမ်ကျင်းက ယခင်အချိန်ကကဲ့သို့ စိတ်အေးလက်အေး ဟန်ဆောင်မည်ဟု ထင်မြင်ခဲ့ပြီး သူက ထိုလူကြီးအား ဒေါသထွက်စေကာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေမည်ဟု သူမ ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက ရှုအာကို ကယ်ဆယ်ထားပြီးဖြစ်သည်။

  ဘယ်သူသိနိုင်မလဲ???

  တိုးတိုးတိတ်တိတ် အသံများ ထွက်ပေါ်လာပြီး တောက်ပနေတဲ့ ငွေရောင်ဓားသွားတွေက မြေကြီးပေါ်သို့ တစ်ချောင်းစီ ကျလာသည်။ ကျွော့ချင်းက ချမ်ကျင်းကို စိုက်ကြည့်လိုက်သည်။၊ ​​သူ ရူးနေတာလား! ဓားမရှိရင် သူက အဲ့လူကြီးကို ဘယ်လို တိုက်ခိုက်နိုင်တော့မှာလဲ။ ဒီလိုလုပ်ခြင်းအားဖြင့် သူမတို့ကို ကယ်တင်နိုင်မှာ မဟုတ်သလို သူ့ကိုယ်သူလည်း အသက်ဆုံးရှုံးစေလိမ့်မယ်။ ဒါမှမဟုတ် တခြားနေရာမှာ ဝှက်ထားတဲ့ ဓားတွေနဲ့ ပစ်ပေါက်မှာလား?

  "မင်း ခါးပေါ်က ဓားပျံတွေအကုန်လုံးကို ပစ်ချလိုက်၊ ဘယ်လှည့်ကွက်မှ မစမ်းသပ်နဲ့!" လူကြီးကလည်း ဒါကို တွေးမိပုံရသည်။ ချမ်ကျင်းက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ထိုလူကြီးက သံကြိုးကို ထပ်တင်းလိုက်သည်။ ကျွော့ချင်းက နာကျင်စွာ ချောင်းဆိုးလိုက်သည်။

  ပစ်မချနဲ့တော့! ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို လျစ်လျူရှုရင်း ချမ်ကျင်းကို စိုက်ကြည့်ကာ "လွှင့်မပစ်နဲ့တော့!

သူတို့မျက်လုံးတွေ ခဏလောက် ဆုံလိုက်ကြပြီး ကျွော့ချင်းက သူ့မျက်လုံးနက်နက်ထဲမှာ သူ ဘာတွေတွေးနေတယ်ဆိုတာကို မပြောနိုင်ပေမယ့် သူမနားထဲမှာ ပြတ်သားတဲ့အသံတချို့ ထပ်ထွက်လာပြီး ဓားပါးပါးလေးတစ်‌ချောင်းက မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤


အခန္း ၃၂ ကံဆိုးမႈ (အပိုင္း ၂)

  ေကြၽာ့ခ်င္းက ေကာင္းမြန္ေသာ အႀကံဥာဏ္ကို မစဥ္းစားႏိုင္ေသးမီတြင္ သူမ၏ နား႐ြက္ေဘးမွ ေလတိုးသံတစ္ခုကို ၾကားလိုက္ရၿပီး က်ယ္ေလာင္ေသာ ဆူညံသံမ်ားကို ဆက္တိုက္ၾကားလိုက္ရသည္။ အနီးကပ္ၾကည့္လိုက္ေတာ့ လက္သီးအ႐ြယ္အစားရွိတဲ့ ေက်ာက္တုံးတစ္တုံးက ဂူဝင္ေပါက္ဆီ လွိမ့္ဝင္သြားသည္။ ေကြၽာ့ခ်င္းက ​​ေက်ာ႐ိုးေအာက္ေျခအထိ ေအးစက္သြားသလို ခံစားလိုက္ရသည္။ သူမ ရွင္းရွင္းလင္းလင္းကို မလႈပ္ရွားခဲ့ဘူးေလ။ ေက်ာက္တုံးက ဘယ္ကေန ေပၚလာတာလဲ?!

  "ဘယ္သူလဲ" ဂူထဲမွ လူက ေအာ္ေမးလိုက္သည္။

  ေကြၽာ့ခ်င္းက ထိတ္လန႔္တုန္လႈပ္သြားကာ အနီးနားရွိ ခ်ဳံပုတ္မ်ားထဲသို႔ အျမန္ျပန္ေျပးသြားခဲ့သည္။ ႐ုတ္တရက္ လက္ႀကီးတစ္စုံက သူမပုခုံးကို ဆုပ္ကိုင္လိုက္ကာ က်န္လက္တစ္ဖက္က သူမပါးစပ္ကို ဖုံးကာ ေဘးသို႔ ဆြဲေခၚသြားသည္။ ေကြၽာ့ခ်င္းက ထိတ္လန႔္တုန္လႈပ္သြားၿပီး အသဲအသန္ ႐ုန္းကန္ေနခ်ိန္တြင္ ထူးဆန္းေသာ္လည္း ရင္းႏွီးကြၽမ္းဝင္ေနေသာ အမ်ိဳးသားအသံတစ္ခုက သူမနားနားမွာ တိုးတိုးေလး ထြက္ေပၚလာသည္။ "ငါ သူ႔ကို အျပင္ေခၚထုတ္မယ္၊ မင္းက လူကယ္ဖို႔ ဝင္သြားလိုက္"

  ဒီအသံ? အဲ့ဒါက. . . ခ်မ္က်င္း? ေကြၽာ့ခ်င္းက ႐ုန္းကန္မႈကို ရပ္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူမကို ကိုင္ထားတဲ့ လက္ကို ေျဖေလ်ာ့သြားသည္။ ေကြၽာ့ခ်င္းက လ်င္ျမန္စြာ လွည့္ၾကည့္လိုက္ေတာ့ မႈန္ဝါးေနေသာ မိုးေရႏွင့္ ျမဴခိုးမ်ားၾကားတြင္ ေရကန္လို နက္ရႈိင္းေသာ မ်က္လုံးတစ္စုံကို ေတြ႕လိုက္ရသည္။ ေရာက္လာသူမွာ ခ်မ္က်င္းျဖစ္သည္။ ဤအခ်ိန္တြင္ သူက မ်က္လုံးမ်ား တည္ၿငိမ္မႈမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး၊ သူ၏ သာမာန္အခ်ိန္မ်ားမွ ဂ႐ုမစိုက္ေသာ အမူအရာႏွင့္ လုံးဝမတူတာေၾကာင့္ ေကြၽာ့ခ်င္းက ခဏမွ် ေတြေဝသြားခဲ့သည္။

  ခ်မ္က်င္းက သူမကို ဂူေဘးရွိ ေက်ာက္ေဆာင္မ်ားေနာက္သို႔ ညင္သာစြာ တြန္းထုတ္ကာ ဂူေပါက္ဝဆီသို႔ ေျပးသြားခဲ့သည္။ ဂူအျပင္ဘက္တြင္ ရပ္ေနေသာ ခ်မ္က်င္းက သူ႔တင္ပါးကို လက္ႏွစ္ဖက္တင္ကာ "ေန႔ခင္းေၾကာင္ေတာင္ ေတာက္ပတဲ့ ေကာင္းကင္ေအာက္မွာ၊ မင္းက အရပ္သားမိန္းကေလးကို အႏိုင္က်င့္ေနတယ္ေပါ၊ ဒီသခင္ႀကီးက တကယ္ကို သည္းမခံႏိုင္ေတာ့ဘူး၊ မင္း ဘာလို႔ ထြက္လာၿပီး အေသမခံေသးတာလဲ?"

  ေကြၽာ့ခ်င္း၏ ဦးေခါင္းတြင္ ႐ုတ္တရက္ အနက္ေရာင္ လိုင္းမ်ား ဖုံးလႊမ္းသြားသည္မွာ ေသခ်ာသည္။ တိမ္ညိဳတိမ္မည္းမ်ားေၾကာင့္ လေရာင္က ေမွာင္မိုက္ေနကာ ေလျပင္းမ်ားတိုက္ခိုက္ေနသည္။ ေန႔ခင္းေၾကာင္ေတာင္ ေတာက္ပတဲ့ ေကာင္းင္က ဘယ္ကေနေရာက္လာတာလဲ? သူက အမွန္ပင္ သူမ သိေသာ အ႐ူးေကာင္ျဖစ္သည္။ ေကြၽာ့ခ်င္းက တစ္ေယာက္တည္း စိတ္ထဲတြင္ ေရ႐ြတ္ေနရင္း ေက်ာက္နံရံတြင္ တြယ္ကပ္ကာ ဂ႐ုတစိုက္ ပုန္းေနလိုက္သည္။ ႐ုတ္တရက္ ဂူေပါက္ဝမွ အလင္းတန္းတစ္ခု ထြက္ေပၚလာၿပီး ခ်မ္က်င္းက တစ္ဘက္သို႔ခုန္ကာ ေဘးတိုက္ေရွာင္ထြက္သြားသည္။ မေမွ်ာ္လင့္ဘဲ ေငြေရာင္အလင္းတန္းက တစ္ဖန္ထြက္ေပၚလာျပန္သည္။

  "ညစ္ပတ္နံေစာ္ေနတဲ့ အေကာင္ငယ္ေလး၊ ဒီအဘိုးႀကီးက မင္းကို ခုတ္ႏိုင္ မခုတ္ႏိုင္ ၾကည့္လိုက္ရေအာင္!" ၾကမ္းတမ္းေသာ ေအာ္ဟစ္သံႏွင့္အတူ ဂူေပါက္ဝတြင္ အရပ္ရွည္ၿပီး သန္မာေသာ လူတစ္ေယာက္ ေပၚလာသည္။ သူ၏ သန္မာေသာ ကိုယ္လုံးကိုယ္ေပါက္က အနည္းငယ္ ေၾကာက္စရာေကာင္းေနပုံရသည္။ ေကြၽာ့ခ်င္းက ဂ႐ုတစိုက္ ၾကည့္လိုက္သည္။ သူ႔လက္ထဲမွာ သံႀကိဳးအဝိုင္းေပါင္းမ်ားစြာကို သူ႔လက္ႏွစ္ဖက္မွာ ရစ္ပတ္ထားတာကို ေတြ႕လိုက္ရသည္။ သံႀကိဳးေအာက္တြင္ လက္သီးထက္ အနည္းငယ္ေသးငယ္ေသာ သံလုံးတစ္လုံးကို ခ်ိတ္ဆြဲထားသည္။ ထိမွန္လွ်င္ ေသြးထြက္သံယို ျဖစ္ေစမည္ပင္။

  ေကြၽာ့ခ်င္းက အသက္ရႈၾကပ္သြားၿပီး သူမကိုယ္ကို က်ဳံလိုက္စဥ္ ခ်မ္က်င္း၏ ေလွာင္ေျပာင္သံကို ၾကားလိုက္ရသည္။ "ဒါဆို ဘယ္သူ အရင္ေသမလဲ ၾကည့္လိုက္ရေအာင္!"

ဓားပ်ံက ထိုလူႀကီးဆီသို႔ ပ်ံသန္းလာၿပီး လူႀကီး၏သံလုံးကို ထိမွန္သြားသည္။ ဓားႏွင့္သံလုံးထိသြားေသာအခါ မီးပြားမ်ားထြက္လာသည္။ တစ္ခုထိသြားကာ လူႀကီးသည္ အားနည္းခ်က္ကိုမျပဘဲ သူလက္ထဲတြင္ရွိေသာ သံႀကိဳးကိုေဝွ႔ယမ္းကာ ခ်မ္က်င္း၏မ်က္ႏွာကို လွမ္း႐ိုက္လိုက္သည္။ ခ်မ္က်င္းက ေနာက္သို႔ျပန္ဆုတ္ကာ ခုန္ထြက္သြားေလသည္။ လူႀကီးက အခြင့္ေကာင္းယူကာ ေျပးလိုက္သြားၿပီး လက္နက္မ်ား ထိပ္တိုက္ေတြ႕သံႏွင့္ ၾကမ္းတမ္းေသာ လႈပ္ရွားသံမ်ားက ေဝးကြာသြားသည္။ ေကြၽာ့ခ်င္းက သူမ၏ စကတ္ရွည္ႀကီးကို မလိုက္ၿပီး ဂူဝင္ေပါက္ဆီသို႔ ေျပးဝင္သြားသည္။

  လႈိဏ္ဂူႀကီးက ႀကီးမားၿပီး အလယ္တြင္ မီးေရာင္တစ္ခု ထိန္ထိန္လင္းေနသည္။ ေသးငယ္ေသာ ေထာင့္တစ္ေနရာတြင္ ဆံပင္မ်ားျပန႔္က်ဲေနေသာ အမ်ိဳးသမီးတစ္ဦးက ေျမျပင္ေပၚတြင္ ေခြေခြေလး လဲက်ေနကာ ထိတ္လန႔္စြာ စိုက္ၾကည့္ေနသည္။ သူမ၏ ပိန္ပိန္ပါးပါး ခႏၶာကိုယ္က အဆက္မျပတ္ တုန္ခါေနသည္။

  ေကြၽာ့ခ်င္းက ေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ "ျမန္ျမန္ထၿပီး ငါ့ေနာက္ကို လိုက္ခဲ့ပါ"

  အမ်ိဳးသမီးက မတ္တပ္ထရပ္ရမည့္အစား ေၾကာက္စိတ္ေၾကာင့္ ေနာက္ဆုတ္သြားသည္။ ေကြၽာ့ခ်င္းက အမ်ိဳးသမီးရဲ႕လက္ေမာင္းကို ဆြဲထူလိုက္ၿပီး "မင္းက ရႈအာ မဟုတ္လား၊ ခ်ီထ်န္းယုက မင္းကို ကယ္တင္ဖို႔ ငါတို႔ကို ေျပာခဲ့တယ္၊ ေမးခြန္းေတြ အမ်ားႀကီး မေမးနဲ႔၊ ဒီကေန အရင္ထြက္ရေအာင္"

  ေနာက္ဆုံးတြင္ ေကြၽာ့ခ်င္းက ထိုအမ်ိဳးသမီးကို ဆြဲထူလိုက္ေသာ္လည္း သူမက ေကြာ့ခ်င္းကို ဆုပ္ကိုင္ထားဆဲျဖစ္ၿပီး ထိန္းမႏိုင္သိမ္းမရ လႈပ္ခါေနဆဲျဖစ္သည္။ ေကြၽာ့ခ်င္းက စိတ္တိုေနၿပီး စကားထပ္မေျပာရေသးခင္မွာ ထိုအမ်ိဳးသမီးက မ်က္ရည္မ်ားဝဲေနကာ သနားစဖြယ္ တုန္တုန္ယင္ယင္ျဖင့္ "ေျခေထာက္ေတြ မလႈပ္ႏိုင္ေတာ့ဘူး..."

  မလႈပ္ႏိုင္ဘူးလား? ေကြၽာ့ခ်င္းက သူမ၏ စကပ္ကို ညင္သာစြာ ေျမႇာက္လိုက္သည္။ မီးေရာင္ေအာက္တြင္ ထိုအမ်ိဳးသမီး၏ ညာဖက္ေျခဖဝါးတြင္ သိသိသာသာ ပြင့္ထြက္ေနေသာ ဒဏ္ရာတစ္ခုကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။

  "ေသစမ္း!" ေကြၽာ့ခ်င္းက က်ိန္ဆဲလိုက္သည္။ ဒဏ္ရာက အရမ္းႀကီးၿပီး ေျခသလုံးႂကြက္သားေတြက အထိေရာက္ေအာင္ ျပင္းျပင္းထန္ထန္ စုတ္ၿပဲေနသည္။ အခ်ိန္မီ မကုသႏိုင္ရင္ ပိုးဝင္တာေၾကာင့္ ဒီမိန္းကေလးရဲ႕ ေျခေထာက္က အသုံးမဝင္ႏိုင္ေတာ့သလို၊ ဒဏ္ရာက သူမကို ေသေစႏိုင္သည္။ ဒီလူက သူမကို ဂူထဲမွာ တစ္ေယာက္တည္း ထားခဲ့ရဲတာ အံ့ဩစရာ မရွိေတာ့ပါဘူး။ သူမေျခေထာက္က က်ိဳးေနတာ ၾကာၿပီေလ။ ေျပးဖို႔ေနေနသာသာ ဂူထဲကေနေတာင္ မထြက္ႏိုင္ဘူး!

  ဒဏ္ရာ၏ မ်က္ႏွာျပင္ အေနအထားႏွင့္ အမ်ိဳးသမီး၏ အနည္းငယ္ထုံက်ဥ္ေသာ အသြင္အျပင္ကို ၾကည့္ၿပီး ဒဏ္ရာက ဆယ့္ႏွစ္နာရီေက်ာ္ ၾကာေလာက္ၿပီဟု ခန႔္မွန္းႏိုင္သည္။ ေကြၽာ့ခ်င္းက ထိန္းမႏိုင္သိမ္းမရျဖစ္သြားကာ ေဝးေဝးမသြားႏိုင္မွာကို စိုးရိမ္တာေၾကာင့္ သူမကို ဆြဲေခၚလာခဲ့သည္။ အျပင္မွာ ေပါင္းပင္မ်ားႏွင့္ ေတာတြင္းသစ္ပင္မ်ား၏ အကိုင္းအခက္မ်ား ရွိေနသည္။ ေနာက္တစ္ခါ ကူးစက္ခံရရင္ ပိုၿပီး ဒုကၡေရာက္သြားႏိုင္သည္။ ေကြၽာ့ခ်င္းက အေျခအေနကို လ်င္ျမန္စြာ ဆုံးျဖတ္ၿပီး အမ်ိဳးသမီးကို ထိုင္ခိုင္းကာ မီးပုံနားတြင္ သစ္ကိုင္းေျခာက္ႏွစ္ခုကို ေတြ႕သြားၿပီး အမ်ိဳးသမီး၏ အနားသို႔ ျပန္သြားကာ သူမစကတ္ကို ဆုတ္ၿဖဲလိုက္ရင္း အသံတိုးတိုးေလးနဲ႔ "နည္းနည္းေတာ့ သည္းခံပါ!"

  ႐ူအာ မတုံ႔ျပန္ႏိုင္ခင္မွာ ေကြၽာ့ခ်င္းက သူမရဲ႕ ေျခသလုံးႂကြက္သားေတြကို ဆြဲကိုင္ၿပီး အ႐ိုးေတြကို ျမန္ျမန္ဆန္ဆန္ ဆြဲဆန႔္ၿပီးေနရာမွန္ေရာက္ေအာင္ ျပန္ျပဳျပင္လိုက္သည္။

  "အား————" အ႐ိုးျပန္လည္ေနရာခ်ထားျခင္း ေဝဒနာေၾကာင့္ ႐ူအာက မူးေမ့လဲလုနီးပါး ျဖစ္သြားခဲ့သည္။ ေနာက္ဆုံးတြင္ သူမ အနည္းငယ္ ျပန္လည္သက္သာလာၿပီး ေကြၽာ့ခ်င္းက သစ္ကိုင္းမ်ားကိုသုံးကာ ဒဏ္ရာကို ျပဳျပင္ေပးခဲ့သည္။ ထိုေနာက္ ေကြၽာ့ခ်င္းက သက္ျပင္းရွည္ႀကီးကို မႈတ္ထုတ္လိုက္သည္။ ေကြၽာ့ခ်င္းက သူမကို ထပ္မံဆြဲထူကာ သူမကို မတ္တပ္ထရပ္ေစလိုက္ၿပီး "လႈပ္လို႔ရၿပီလား"

အရာအားလုံးက ခနတာအတြက္ ယာယီပါပဲ။ ညာဘက္ေျခေထာက္ကို တင္းတင္းၾကပ္ၾကပ္ ရစ္ပတ္ထားတာေၾကာင့္ ဒုတိယအႀကိမ္ ထပ္မက်ိဳးေတာ့ဘူးလို႔ အာမခံႏိုင္သည္။ သူမ ေက်ာ္ျဖတ္ႏိုင္မယ္လို႔ေတာ့ ေကြၽာ့ခ်င္းက ေမွ်ာ္လင့္ေနမိသည္။

   ရႈအာက သူမ၏ညာဘက္ေျခေထာက္ကို နည္းနည္းေ႐ႊ႕ၾကည့္လိုက္ေတာ့ နာက်င္ေနေသးေပမယ့္ ခြန္အားကို အသုံးခ်ႏိုင္ေနၿပီ။ ရႈအာက သူမ၏ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ျပင္းျပင္းထန္ထန္ ေခါင္းညိတ္ကာ "ငါ လုပ္ႏိုင္တယ္၊ သြားရေအာင္!"

  "သြားၾကရေအာင္" ေကြၽာ့ခ်င္းက ရႈအာကို ဂူထဲမွ ထြက္ႏိုင္ေအာင္ ကူညီေပးခဲ့ၿပီး သူမက သန္မာၿပီး ထက္ျမက္ေသာ အမ်ိဳးသမီးျဖစ္ေၾကာင္း သူမ၏ ႏွလုံးသားထဲတြင္ တိတ္တဆိတ္ ခ်ီးမြမ္းလိုက္သည္။

  "ဘယ္သြားမလို႔လဲ!"

  သူမတို႔ ႏွစ္ေယာက္ ဂူအဝင္ဝကို ေလွ်ာက္သြားလိုက္သည္ႏွင့္ အေပါက္ဝတြင္ လူမည္းႀကီး၏ မည္းေမွာင္ေသာ အသြင္အျပင္ ေပၚလာၿပီး ထိုလူက ေက်နပ္အားရစြာျဖင့္ ရယ္ေမာကာ "မင္းက က်ားကို ေမာင္းထုတ္တဲ့ လွည့္ကြက္ကို သုံးခ်င္ေနတာလား။ ဒီလူက ဒီေတာ ဒီေတာင္မွာ ႏွစ္အေတာ္ၾကာေအာင္ ေနလာခဲ့တာ အဲဒါေတြအားလုံးက အခ်ည္းႏွီးမွ မဟုတ္တာ"

  ရႈအာ၏ ခႏၶာကိုယ္က အထိန္းအကြပ္မဲ့ တုန္ခါေနၿပီး ေကြၽာ့ခ်င္း၏ ႏွလုံးသားကလည္း သူမ၏ လည္ေခ်ာင္းထဲသို႔ ေရာက္ရွိလာသည္။ ေကြၽာ့ခ်င္းအတြက္ သူမ၏ ႏွလုံးခုန္သံကို ယခုကဲ့သို႔ ထင္ရွားစြာ ခံစားလိုက္ျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သူမက ရႈအာကို တြဲထားရင္း သူမတို႔ႏွစ္ဦး ေအးခဲေနေသာ ေက်ာက္နံရံကို နီးကပ္လာသည္အထိ ေနာက္ျပန္ဆုတ္သြားခဲ့သည္။

  မီးက ပိုျပင္းလာၿပီး ေကြၽာ့ခ်င္းရဲ႕ စကတ္ကလည္း စုတ္ၿပဲေနတာကာ အတြင္းထဲမွာ သူမဝတ္ထားတဲ့ ေဘာင္းဘီက ပုစဥ္းရင္ကြဲေတာင္ပံေတြလို ပါးလႊာေနသည္။ လူႀကီးရဲ႕ မ်က္လုံးေတြက မဲေမွာင္သြားၿပီး ေကြၽာ့ခ်င္းကို မ်က္လုံးေတြ အေပၚေအာက္ စုန္ဆန္ၾကည့္ေနသည္။ "ကြၽတ္၊ ကြၽတ္၊ ကြၽတ္၊ မိုးနတ္မင္းက ငါ့ကို ေကာင္းေကာင္း ဆက္ဆံတာပဲ၊ အာ~ ဒီအမ်ိဳးသမီးက ပိုစိတ္လႈပ္ရွားစရာေကာင္းတယ္"

  ထိုလူႀကီးက နီးကပ္လာၿပီး သူ႔လက္က ေကြၽာ့ခ်င္း၏ပခုံးကို ဖမ္းကိုင္ရန္ နီးကပ္လာခ်ိန္ ဓားပါးပါးေလးတစ္ေခ်ာင္းက ေလထဲကေန ျဖတ္ထြက္လာသည္။ ထိုလူႀကီးက ဓားကို ေရွာင္ရန္ သူ႔လက္ကို အျမန္ရပ္လိုက္ၿပီး ေကြၽာ့ခ်င္းကလည္း ရႈအာကို ဆြဲထုတ္ကာ ေျပးရန္ အခြင့္အေရး ယူလိုက္သည္။ ေျခလွမ္းအနည္းငယ္ေျပးၿပီးေနာက္ မေမွ်ာ္လင့္ဘဲ ျပင္းထန္ေသာအင္အားတစ္ခုက ေကြၽာ့ခ်င္း၏လည္ပင္းကို တင္းတင္းၾကပ္ၾကပ္ ဆြဲယူလိုက္ၿပီး သူမကို ေနာက္ျပန္ဆုတ္သြားခဲ့သည္။ ေကြၽာ့ခ်င္းက စိတ္ပ်က္အားငယ္စြာျဖင့္ ရႈအာ၏အက်ႌလက္ကို တင္းတင္းၾကပ္ၾကပ္ ကိုင္ထားရာကေန သူမကို အျပင္သို႔ တြန္းထုတ္လိုက္သည္။ ဂူထဲကို အေျပးအလႊားဝင္လာေသာ ခ်မ္က်င္းက သူမကို ဖမ္းမိသြားသည္။

 လူႀကီးက ေကြၽာ့ခ်င္းက သူ႔ေရွ႕ကို ဆြဲယူလိုက္ၿပီး မေၾကာက္မ႐ြံ ေအာ္ေျပာလိုက္သည္။ "မင္းနဲ႔ ငါနဲ႔ ရန္ၿငိဳးဖြဲ႕ထားတာ မရွိဘူး။ ငါ မင္းကို မသတ္ခ်င္ဘူး ၊ မင္း ငါ့ကို ဆက္ၿပီးေႏွာက္ယွက္ေနရင္ ငါ့ကို ရက္စက္တယ္လို႔ အျပစ္မတင္နဲ႔"

  လူႀကီး၏သံႀကိဳးက ေကြၽာ့ခ်င္း၏လည္ပင္းကို တင္းတင္းက်ပ္က်ပ္ ခ်ည္ေႏွာင္ထားေသာေၾကာင့္ ေကြၽာ့ခ်င္းက အသက္ရႉရခက္ေနၿပီး မ်က္ႏွာက နီရဲလာသည္။ ခ်မ္က်င္း၏ မ်က္လုံးမ်ားက ပိုေအးစက္လာၿပီး သူက ရႈအာကို ဝင္ေပါက္ဆီသို႔ ေရာက္ေအာင္ ကူညီေပးခဲ့သည္။ ထိုေနာက္ ခ်မ္က်င္းက ျပန္လွည့္ၾကည့္ကာ ေအးစက္စြာနဲ႔ "ငါနဲ႔ မင္းနဲ႔ အာဃာတမရွိေပမယ့္ တစ္စုံတစ္ေယာက္ရဲ႕ စည္းစိမ္ဥစၥာက တျခားလူရဲ႕ ေဘးဒုကၡလည္း ျဖစ္တယ္၊ တျခားလူေတြရဲ႕ ေဘးဒုကၡေျဖရွင္းဖို႔ ငါက ပိုက္ဆံယူၿပီး မင္းလို လူကို ေခ်မႈန္းရမယ္။ မင္းမွာ အရည္အခ်င္း တကယ္ရွိရင္ ငါ တစ္ေယာက္တည္းနဲ႔ပဲ တိုက္ခိုက္ေလ၊ မင္းက မိန္းမေတြကို အကာအရံအေနနဲ႔ အသုံးခ်ၿပီး ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနရင္ မင္းက ေယာက္်ားမဟုတ္ေတာ့ဘူး!"

  "အဲ့လိုႏႈိးေဆာ္တဲ့နည္းလမ္းေတြက ဒီသခင္ႀကီးအတြက္ အသုံးမဝင္ဘူးကြ!" လူႀကီးက သံႀကိဳးကို တင္းတင္းထပ္ဆြဲလိုက္သည္။ ေကြၽာ့ခ်င္း၏ အသက္ရႈသံက ၿငိမ္သက္သြားၿပီး အသက္ရႉရအလြန္ခက္ခဲလာသည္။ ထိုလူႀကီးက ခ်မ္က်င္း၏လက္က လက္သီးဆုပ္ထားသည္ကို ေတြ႕လိုက္ရသျဖင့္ သူ မွန္ကန္ေသာလူကို ဖမ္းမိထားသည္ကို နားလည္လိုက္သည္။ သူက အသံက်ယ္က်ယ္နဲ႔ "မင္းလက္ထဲမွာရွိေနတဲ့ ဓားေတြအားလုံးကို နာခံမႈရွိရွိနဲ႔ ပစ္ခ်လိုက္တာ အေကာင္းဆုံးဘဲ မဟုတ္ရင္ သူ႔(မ)လည္ေခ်ာင္းကို ဖိခ်ိဳးပစ္လိုက္မယ္!"

 ေကြၽာ့ခ်င္းက ငိုခ်င္ေပမယ့္ မ်က္ရည္ေတာင္ မက်ႏိုင္ေတာ့ဘူး။ အခု သူမ ခံစားေနရတာေတြကို ေဖာ္ျပဖို႔ ဘာနဲ႔မွ မလုံေလာက္ေတာ့ဘူး။ သူမ ဒီငရဲလို ေၾကာက္စရာေကာင္းတဲ့ ေနရာကို ေရာက္လာကတည္းက သူမ ကံမေကာင္းခဲ့ဘဲ လည္ပင္းကလည္း အႀကိမ္ႀကိမ္ နာက်င္ခဲ့ရသည္။ ေကြၽာ့ခ်င္းက အသက္ရႈရန္ အတတ္ႏိုင္ဆုံးႀကိဳးစားရင္း၊ ခ်မ္က်င္းက ယခင္အခ်ိန္ကကဲ့သို႔ စိတ္ေအးလက္ေအး ဟန္ေဆာင္မည္ဟု ထင္ျမင္ခဲ့ၿပီး သူက ထိုလူႀကီးအား ေဒါသထြက္ေစကာ တန္ျပန္တိုက္ခိုက္ရန္ အခြင့္အေရးကို ရွာေဖြမည္ဟု သူမ ထင္ခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ သူက ရႈအာကို ကယ္ဆယ္ထားၿပီးျဖစ္သည္။

  ဘယ္သူသိႏိုင္မလဲ???

  တိုးတိုးတိတ္တိတ္ အသံမ်ား ထြက္ေပၚလာၿပီး ေတာက္ပေနတဲ့ ေငြေရာင္ဓားသြားေတြက ေျမႀကီးေပၚသို႔ တစ္ေခ်ာင္းစီ က်လာသည္။ ေကြၽာ့ခ်င္းက ခ်မ္က်င္းကို စိုက္ၾကည့္လိုက္သည္။၊ ​​သူ ႐ူးေနတာလား! ဓားမရွိရင္ သူက အဲ့လူႀကီးကို ဘယ္လို တိုက္ခိုက္ႏိုင္ေတာ့မွာလဲ။ ဒီလိုလုပ္ျခင္းအားျဖင့္ သူမတို႔ကို ကယ္တင္ႏိုင္မွာ မဟုတ္သလို သူ႔ကိုယ္သူလည္း အသက္ဆုံးရႈံးေစလိမ့္မယ္။ ဒါမွမဟုတ္ တျခားေနရာမွာ ဝွက္ထားတဲ့ ဓားေတြနဲ႔ ပစ္ေပါက္မွာလား?

  "မင္း ခါးေပၚက ဓားပ်ံေတြအကုန္လုံးကို ပစ္ခ်လိုက္၊ ဘယ္လွည့္ကြက္မွ မစမ္းသပ္နဲ႔!" လူႀကီးကလည္း ဒါကို ေတြးမိပုံရသည္။ ခ်မ္က်င္းက ခဏေလာက္ တုံ႔ဆိုင္းသြားၿပီးေနာက္ ထိုလူႀကီးက သံႀကိဳးကို ထပ္တင္းလိုက္သည္။ ေကြၽာ့ခ်င္းက နာက်င္စြာ ေခ်ာင္းဆိုးလိုက္သည္။

  ပစ္မခ်နဲ႔ေတာ့! ေကြၽာ့ခ်င္းက သူမ၏လည္ပင္းမွ နာက်င္မႈကို လ်စ္လ်ဴရႈရင္း ခ်မ္က်င္းကို စိုက္ၾကည့္ကာ "လႊင့္မပစ္နဲ႔ေတာ့!

သူတို႔မ်က္လုံးေတြ ခဏေလာက္ ဆုံလိုက္ၾကၿပီး ေကြၽာ့ခ်င္းက သူ႔မ်က္လုံးနက္နက္ထဲမွာ သူ ဘာေတြေတြးေနတယ္ဆိုတာကို မေျပာႏိုင္ေပမယ့္ သူမနားထဲမွာ ျပတ္သားတဲ့အသံတခ်ိဳ႕ ထပ္ထြက္လာၿပီး ဓားပါးပါးေလးတစ္‌ေခ်ာင္းက ေျမျပင္ေပၚသို႔ က်သြားခဲ့သည္။

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

Continue Reading

You'll Also Like

99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
15.7K 1.3K 73
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
6.2K 529 14
ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍