နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

102K 10.7K 328

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 18
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚

CH- 31

917 102 4
By BlackLily_WhiteLily

အပိုင်း ၃၁ ကံဆိုးမှု (အပိုင်း ၁)

  ညမိုးချုပ်လာပြီး လမင်းကြီးက သစ်ကိုင်းထိပ်ဖျားသို့ရောက်လာကာ အချိန်က ဟိုင်ရှီ(ည ၉နာရီမှ ၁၁နာရီအထိ)ဖြစ်နေသော်လည်း ခန်းမဆောင်ကြီးထဲတွင် မီးလုံးများက လင်းထိန်နေသေးသည်။ လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေပြီး သစ်သားကုလားထိုင်၏လက်ကိုင်ကို လက်ညိုးဖြင့် ညင်သာစွာ တောက်နေတာကြောင့် အသံများထွက်နေသည်။ အသံက အကျယ်ကြီး မဟုတ်ပေမယ့် တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာတော့ ထူးထူးခြားခြား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လို့ရှီးဝူက ခေါင်းကို အနည်းငယ်မော့ကာ လို့ရှီးယန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ အစ်ကိုကြီးက သူမကို စကားမပြော၊ မအော် မငေါက်ဘဲ၊ သူ့၏ မျက်နှာပေါ်တွင် စိတ်ခံစားမှုနှင့် ဒေါသများ ကင်းမဲ့နေသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူမ ခေါင်းမှခြေဖျားအထိ စိုစွတ်နေသည်။ ယခုအခါ သူမက အအေးဒဏ်နှင့် ဆာလောင်မှုကြောင့် တုန်လှုပ်နေသည်။ သို့သော် လို့ရှီးဝူက စကားတစ်ခွန်းမှ မပြောရဲဘဲ နာခံစွာ ခေါင်းငုံ့ထားဆဲဖြစ်သည်။

  သူမ စာတစ်စောင်ကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့တာက စိတ်အားထက်သန်နေသော တွန်းအားတစ်ခုကြောင့်သာ ဖြစ်ခဲ့သည်။ ပြီးတော့ သူမ မပြန်တက်တော့ပေ။ ကျင်းစနဲ့ သူမအစ်ကိုက မကြာခင်မှာ သူမကို ရှာတွေ့တော့မယ်လို့ သူမ မှန်းဆပြီး တကယ်လဲ လာရှာမည်ဟု တွေးထားခဲ့သည်။ ဒီလိုမိုးသည်းစွာရွာမယ်ဆိုတာနဲ့ သူမအစ်ကိုကြီးက ဒီလောက်ကြောက်စရာကောင်းမှန်းသိခဲ့ရင် သူမ အပြင်မထွက်ရဲပါဘူး။ အခုလည်း သေတောင် မပြေးရဲတော့ဘူး!

"မော့ဘိုင်" လို့ရှီးယန်၏ လေးနက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြီး လို့ရှီးဝူကို ထိတ်လန့်စေသည်။ သူမ နောက်တစ်ကြိမ် ချောင်းကြည့်သောအခါ လို့ရှီးယန်က သူမကို လုံးဝမကြည့်တော့သည်ကို တွေ့လိုက်ရသည်။ သူက အနားရှိ မော့ဘိုင်အား တိုးတိုးလေးနဲ့ "ချင်းဖုန့်၊ ထျန်းယုနဲ့ တခြားသူတွေကို သွားပြောလိုက်ပါ။ ရှီဝူကို ရှာတွေ့ပြီလို့၊ ထပ်ရှာစရာ မလိုတော့ဘူး"

  "ဟုတ်ကဲ့" မော့ဘိုင်က ကျင်းစဘေးမှ ဖြတ်သွားသောအခါ တည်ငြိမ်သောအကြည့်ပေးကာ ချက်ခြင်းထွက်လာခဲ့သည်။

  လို့ရှီးဝူက လေထဲမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်လို တုန်နေတာကို မြင်တော့ ကျင်းစက တစ်ခုခု ပြောချင်ပေမယ့် မော့ဘိုင်ရဲ့ အကြည့်ကြောင့် နောက်ဆုံးတော့ ပြန်မျိုချလိုက်သည်။

  ခန်းမကြီးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

  နာရီဝက်လောက်ကြာတော့ လို့ရှီးဝူက သည်းမခံနိုင်တော့ဘူး။ သူမကို သူ ကျေနပ်သလောက် ရိုက်တာ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းတာကို ခံနိုင်တယ်။ ဒီလိုမျိုး ထပ်ပြီး မခံစားချင်တော့ဘူး။ လို့ရှီးဝူက ခေါင်းကို မြှောက်လိုက်ပြီး ပါးစပ်ကို ဖွင့်လိုက်ကာ "အစ်ကို..."

  ကံမကောင်းစွာနဲ့ သူမ စကားတစ်ခွန်းတည်းပြောပြီးနောက် လို့ရှီးယန်က ရုတ်တရက် အသံထွက်လာပြီး "လာကြ၊ သခင်မလေးကို အနားယူဖို့ သူ့(မ)အခန်းထဲပြန်သွားနိုင်အောင် ကူညီပေးလိုက်။ ငါ့အမိန့်မပါဘဲ သူ့ကို အခန်းထဲကနေ ထွက်ခွင့်မပေးဘူး!"

  ကိုယ်ရံတော်များက ဝင်လာပြီး လို့ရှီးဝူနောက်မှာ ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လို့ရှီးဝူကို ထွက်သွားရန် တွန်းအားပေးနေသည်။

  "အစ်ကို!! အစ်ကို ကျွန်မကို ဒီလို ပိတ်လှောင်မထားလို့ မရဘူးဘူး?!" လို့ရှီးဝူက သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ကံမကောင်းစွာနဲ့ပဲ လို့ရှီးယန်က သူမကို အစကနေ အဆုံးအထိ လှည့်တောင် မကြည့်ခဲ့ဘူး။

  လို့ရှီးယန်က လူအများရှေ့တွင် အမြဲတည်ငြိမ်နေပြီး ဒေါသအရိပ်အယောင်မပြသော်လည်း ကျင်းစက သူ အလွန်ဒေါသထွက်နေမှန်း သိထားပြီးဖြစ်သည်။ ကျင်းစက ရှေ့ကို တိုးလာပြီး "သခင်၊ ဒီအဖြစ်အပျက်က ဒီလက်အောက်ငယ်သားကြောင့်ဖြစ်ပြီး သခင်မလေးနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒီလက်အောက်ငယ်သားကို အပြစ်ပေးပါ..."

  လို့ရှီးယန်က သူပြောနေတဲ့စကားကို ရပ်တန့်ဖို့ သူ့လက်ကို ညင်သာစွာ မြှောက်ကာ အချက်ပြလိုက်ပြီး "ငါ့မှာ ကိုယ်ပိုင်ဉာဏ်ရှိတယ်။ မင်း ထွက်သွားပြီး အနားယူလို့ရတယ်"

  "ဟုတ်ကဲ့" သခင်က သူ ပြောတာကို မကြားချင်ဘူး။ ကျင်းစရဲ့ နှလုံးသားက တုန်လှုပ်သွားပြီး သူ ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

  ကျင်းစက တောင့်တောင့်တင်းတင်း လှည့်ထွက်သွားပြီး သူ့နောက်ကျောများပင် အေးစက်နေခဲ့သည်။ လို့ရှီးယန်က သူခေါင်းကို အားအင်မဲ့စွာ ခါယမ်းလိုက်သည်။ ရှီးဝူက ကျင်းစကို သဘောကျနေသည်။ ကျင်းစက ထိုမိန်းကလေးကို စိတ်မဝင်စားကြောင်း သူ အချိန်အတော်ကြာကတည်းက သိနေခဲ့သည်။ ပြီးတော့ သူက ကလေးဆန်သူ မဟုတ်ပေ၊ သူတို့ တကယ်ချစ်ပြီး လက်ထပ်လိုက်မယ်ဆိုရင် လှပတဲ့ အရာတစ်ခုဖြစ်လာမှာပါ၊ ဒါပေမယ့် ကျင်းစရဲ့ ခေါင်းမာတဲ့စိတ်က သခင်နဲ့ ကျွန်ကြားက ခြားနားမှုကို အခိုင်အမာ စည်းခြားထားသည်။ သူက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးရင်တောင် ကျင်းစက သဘောတူမှာ မဟုတ်ဘူး။ သူက ဒီကိစ္စကို အားလုံးမြင်နေရပေမယ့် ရှီးဝူက စိတ်အားထက်သန်လွန်းနေတာကြောင့် သူ့ကို ခေါင်းမကိုက်စေဖို့ ခဲယဉ်းလွန်းလှသည်။

  သူ၏ပုခုံးများကို ညင်သာစွာပွတ်သပ်ရင်း လို့ရှီးယန်က မတ်တပ်ထရပ်ကာ သူ့အခန်းထဲသို့ ပြန်သွားတော့မည်ဖြစ်သော်လည်း မော့ဘိုင်က အလျင်စလို လျှောက်လာသည်ကို သူမြင်လိုက်ရသည်၊ သူ့ခြေလှမ်းများက အနည်းငယ် လျင်မြန်နေပုံရပြီး ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုက နားမလည်နိုင်စွာ ထွက်ပေါ်လာသည်။ လို့ရှီးယန်က "ဘာဖြစ်တာလဲ?"

  "ချင်းဖုန့် ပျောက်သွားပြီ"

  ပျောက်သွားတာလား?! လို့ရှီးယန်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေသည်။

  လို့ရှီးယန်က သေသေချာချာမေးဖို့တောင် မလိုတော့ပါဘူး၊ မော့ဘိုင်က "ရေပူစမ်း ဥယျာဉ်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် သဲလွန်စ မတွေ့ခဲ့ဘူး။ နေ့ခင်းပိုင်းမှာတော့ အိမ်ဝန်းထဲက လူတွေအားလုံးက သခင်မလေးရှီးဝူကို ရှာဖို့ အပြင်ထွက်ခဲ့ကြတယ်။ သူ(မ) ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိလိုက်ကြဘူး။ အခု ပျောက်နေတယ်"

  သူမ ထွက်ပြေးသွားတာဖြစ်နိုင်လား? မဖြစ်နိုင်ဘူး... သူမက မိုက်မဲတဲ့သူ မဟုတ်ပေ။ သူမ ထွက်ပြေးချင်ရင် တခြား အခွင့်အလမ်းတွေ ရှာနိုင်ပြီး ဒီလို လူနေကျဲပါးတဲ့ နေရာကို သူမ ရွေးချယ်မှာ မဟုတ်ပါဘူး။ အဲ့တာအပြင် သူမ ဒီလို ထွက်ပြေးသွားရင် သူမရဲ့ညီအစ်မတွေကို တွေ့ဖို့ ပိုခက်လိမ့်မည်ပင်။ ဒါမှမဟုတ် သူမကို တစ်ယောက်ယောက်က ဖမ်းသွားတာလား?! ဒါကို တွေးပြီး လို့ရှီးယန်ရဲ့မျက်နှာက မည်းမှောင်သွားကာ သူ့ရဲ့အသံက အနည်းငယ် အလောတကြီး ထွက်ပေါ်လာသည်။ "ငါတို့ ဒီကိုခေါ်လာတဲ့ အစောင့်တွေကို စုပြီး သူ(မ)ကို ရှာဖို့ တောင်ဘက်ကို သွားရှာကြ"

  "ဟုတ်ကဲ့" မော့ဘိုင်က အမှတ်တမဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤချင်းဖုန့်က သူ့သခင်၏စိတ်ကို တုန်လှုပ်နိုင်စေပုံရသည်။

*

  သူမက ဝက်တစ်ကောင်ဖြစ်သည်။

  သူမက ငတုံးတစ်‌ယောက်သာဖြစ်သည်။

  သူမက တုံးအမိုက်မဲသော ဝက်တစ်ကောင်သာ ဖြစ်နေသည်။

  သူမက ပြန်ကုသနိုင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့ တုံးအမိုက်မဲသော ဝက်တစ်ကောင်သာ ဖြစ်နေသည်။

  လို့ရှီးဝူရဲ့ အသက်နဲ့ သေခြင်းတရားကို သူမ ဘာကြောင့် ဂရုစိုက်ချင်ရတာလဲ? သတင်းရဖို့ အတွက် ဥယျာဉ်ငယ်လေးမှာ အေးအေးဆေးဆေး စောင့်ဆိုင်းမနေဘဲ ဥယျာဉ်ငယ်လေးတစ်ဝိုက်မှာ ဘာလို့ အလုပ်မရှိ အလုပ်ရှာပြီး လိုက်ရှာခဲ့တာလဲ? ကောင်းကင်ကရော ဘာကြောင့် ရုတ်တရက် မိုးသည်းထန်စွာရွာလာရတာလဲ။ သူမကရော ဘာလို့ လမ်းပျောက်နေရတာလဲ? !

  ဟုတ်တယ်၊ သူမ လမ်းပျောက်နေခဲ့တယ်။ သူမဘဝမှာ ပထမဆုံးအကြိမ် လမ်းပျောက်ဆုံးသွားခြင်းပင်။ မှတ်မိနိုင်စွမ်းမြင့်မားလွန်းတဲ့ သူမက တကယ်ကို လမ်းပျောက်ဆုံးသွားနိုင်တဲ့ မှတ်ဉာဏ်တစ်ခုရှိနေတယ်ပေါ့! @#$#%......

  ကျွော့ချင်းက သူမ နှလုံးသားထဲတွင် ကျိန်ဆဲနေသော်လည်း သူမခြေလှမ်းများကို မရပ်တန့်ဝံ့ပေ။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်တန်းများက မြူခိုးများဖြင့် ပြည့်နေပြီး သူမကို မြင့်မားသောသစ်ပင်များဖြင့် ဝန်းရံထားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး၊ ဘာမှ မမြင်နိုင်လောက်အောင်ဖြစ်နေကာ သူမကို တုန်လှုပ်ချောက်ချားသွားစေသည်။ သူမက ရှေ့သို့သာ တိုးဝင်သွားနေရတော့သည်။ ရေပူစမ်းဥယျာဉ်၏ တောင်ပေါ်တွင် ရှိနေတာကြောင့် တောရိုင်းတိရိစ္ဆာန်ကြီးများနှင့် တွေ့ကြုံရန် မဖြစ်နိုင်ပေ။ ရေပူစမ်းများရှိလျှင် ဤနေရာ၌ ရေရှိရမည်။ ရေထွက်နေတဲ့ နေရာကို တွေ့တာနဲ့ သူမ ဆက်လျောက်နိုင်မည်ဖြစ်သည်။

  ညလေညင်းက အေးစိမ့်စိမ့်ဖြစ်နေပြီး သူမဗိုက်က ဆာလောင်နေသည်။ သူမ အမှောင်ထဲမှာ ဘယ်လောက်ကြာကြာ လျှောက်လှမ်းနေမိလဲ ဘယ်သူမှ မသိနိုင်ပေ။ နောက်ဆုံး အဝေးက မီးရောင်တစ်ခုကို တောက်ပနေတာကို မြင်ချိန်မှာ ကျွော့ချင်းက ငိုချင်နေပြီဖြစ်သည်။ မီးရှိရင် တစ်ယောက်ယောက် ရှိမှာ သေချာတယ်! ကျွော့ချင်းက သူမ၏အရှိန်ကို အရှိန်မြှင့်လိုက်ပြီး မီးအရင်းအမြစ်ရှိရာဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

  နီးကပ်လာသည်နှင့်အမျှ ကျွော့ချင်းက သူမရှေ့တွင် မျှော်လင့်ချက်ရှိနေသည်ကို ခံစားလိုက်ရချိန်တွင် အော်ငေါက်သံတစ်ခုက သူမကို ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားကာ သူမ မလှုပ်ဝံ့တော့ပေ၊ "ပါးစပ်ပိတ်ထား၊ မင်း ထပ်ငိုရင် ငါ မင်းကို သတ်ပစ်မယ်!"

  ကျွော့ချင်းတစ်ယောက် အေးခဲသွားတော့သည်။ မိုးနတ်မင်းရေ... ငါ ကံမကောင်းပါလား?

နောက်ဆုံးတွင် သူမက မျှော်လင့်ချက်ကို မြင်ခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြင့် အဆုံးသတ်သွားသည်။ ကျွော့ချင်းက မီးအလင်းရောင်ထွက်နေသည့် တောင်ထိပ်နှင့် အလွန်နီးကပ်နေသည်။ အတွင်းမှလူများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ကျွော့ချင်းက အသက်ပြင်းပြင်းရှူကာ ခနလောက်ငြိမ်သက်နေပြီးမှ သူမခြေထောက်များကို ညင်သာစွာမြှောက်ကာ အပေါ့ဆုံးခြေလှမ်းများဖြင့် ပြန်ထွက်လာခဲ့သည်။

 သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်၊ ကြမ်းတမ်းသော အမျိုးသားအသံက "မင်းတို့ ချီမိသားစုက လူတွေ ဘယ်သူမှ မကောင်းဘူး။ မင်းတို့က လောင်းကစားရုံဖွင့်ပြီး ငါ့ပိုက်ဆံတွေကို လိမ်တယ်။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မထင်နဲ့။ ငါ ဘယ်သူလဲဆိုတာ မမေးနဲ့။ ချီမိသားစုက မင်းကို ရွေးဖို့ ပိုက်ဆံကို နာခံစွာ ယူလာစေဖို့ ဆုတောင်းတာက မင်းအတွက် အကောင်းဆုံးပဲ၊ မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့!"

  ချီမိသားစု?! ဒီလို တိုက်ဆိုင်မှုက မဖြစ်နိုင်ဘူး မဟုတ်လား?! ဒီလူက ချီထျန်းယုက ချမ်ကျင်းကို ဖမ်းပေးဖို့ တောင်းဆိုတဲ့လူ ဖြစ်နိုင်မလား? ဒီလူက မတုံးဘူး။ ဒီလူက သူ့နှာခေါင်းအောက်မှာ ပုန်းနေမယ်လို့ ချီထျန်းယုက ဘယ်လိုတွေးမိမှာလဲ? ပြီးတော့ ထူထပ်နေတဲ့တောတောင်က လူတစ်ယောက် နှစ်ယောက်လောက်လောက်ပုန်းနေဖို့ မခက်ခဲစေပေ။

   ထိတ်လန့်နေပုံရသော အမျိုးသမီးအသံ တိုးတိုးလေးတစ်ခုက "ငါ့ကို မသတ်ပါနဲ့ ငါ့အစ်ကိုက ငါ့ကို ပြန်ရွေးမှာပါ!"

  မိန်းကလေးကလည်း သူမက အစေခံဆိုတာကို ထုတ်ဖော်ပြောဖို့ လုံလောက်တဲ့အထိ မမိုက်မဲပါခဲ့ဘူး၊ မဟုတ်ရင် လူဆိုးက ဒေါသထွက်ပြီး သူမ အသက်ဆုံးသွားလိမ့်မယ်။ ကျွော့ချင်းက သူမခြေထောက်တွေကို မြှောက်ပြီး ချောချောမွေ့မွေ့နဲ့ ထွက်သွားနိုင်ပါစေလို့ တိတ်တဆိတ် ဆုတောင်းပြီး နောက်တခေါက် လမ်းပြန်လျှောက်လိုက်သည်။ သူမကို ကယ်ဆယ်မယ့်သူရှာဖို့ သူမ အချိန်အကြာကြီး တောင့်ခံထားနိုင်ပါစေ။

  ကျွော့ချင်းက သူမကိုယ်သူမ နှစ်သိမ့်နေလို့မှ မပြီးသေးခင် မိန်းကလေး၏ ထိတ်လန့်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ "နင်... ဘာလုပ်ချင်လဲ! ထွက်သွား!!"

"စိတ်မပူပါနဲ့၊ ငါ မင်းကို သတ်မှာမဟုတ်ဘူး။ မင်းမှာ နူးညံ့တဲ့အသားအရည်နဲ့ နုနယ်တဲ့အသားရှိတယ်။ ငါ သခင်မလေးတွေရဲ့အရသာကို မမြည်းစမ်းဖူးသေးဘူး!"

 SHIT! ညစ်ညမ်းသော ဘာသာစကားက ကျွော့ချင်း၏ရင်တွင်းမှ ပေါက်ကွဲထွက်လာသည်။ မင်းရဲ့ခြေချောင်းတွေနဲ့ တွေးကြည့်ရင်တောင် နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ မင်း သိနိုင်တယ်။ (ဦးနှောက်နဲ့မတွေးဘဲ ခြေထောက်နဲ့တွေးရင်တောင် မှန်းလို့ရတယ်လို့ပြောချင်တာပါ)

  "နင် ငါ့ကို နာကျင်စေခဲ့ရင် ငါ့အစ်ကိုက နင့်ကို ပိုက်ဆံပေးမှာ မဟုတ်ဘူး!" မိန်းကလေးက ယောက်ျားကို ချော့မော့ဖို့ ကြိုးစားနေပေမယ့် ကံမကောင်းစွာနဲ့ ထိုယောက်ျားက မတုန်လှုပ်ဘဲ တံတွေးထွေးကာ ကျိန်ဆဲလိုက်ပြီး "ပိုက်ဆံ မပေးဘူးလား။ အဲ့တာဆိုရင် အလောင်းကို လာကောက်ပါ့လေ့စေ"

  "ကျေးဇူးပြုပြီး မလုပ်ပါနဲ့!"

  "ကူညီကြပါ----"

  အဝတ်များစုတ်ပြဲသံ၊ အမျိုးသမီးရဲ့ အော်ဟစ်သံတွေနဲ့ ယောက်ျားတစ်ယောက်ရဲ့ ရယ်မောသံတွေ ထွက်ပေါ်လာပြီး အရာအားလုံးက ပြကွက်တစ်ခုလိုဖြစ်လာပြီး ကျွော့ချင်း၏နှလုံးသားကို ကိုက်ဖြတ်နေတော့သည်။ မုဒိမ်းမှု့ဖြင့် သေဆုံးခဲ့ရသော မရေမတွက်နိုင်တဲ့ အမျိုးသမီး အလောင်းတွေက သူမစိတ်ထဲ တဖျပ်ဖျပ် ပေါ်လာပြီး ကျွော့ချင်းရဲ့ လက်တွေက ပိုတင်းကြပ်လာခဲ့သည်။

ငါ...အဲ့တာ...!

သူမ ကောင်မလေးကို ဂရုမစိုက်ဘဲ ထွက်သွားရင် သူမဘဝတစ်လျှောက်လုံး စိတ်မချမ်းမသာ ဖြစ်နိုင်ပေမယ့် ပြေးဝင်သွားခဲ့ရင်လည်း ရလဒ်က ပိုဆိုးသွားလိမ့်မည်ပင်။

ဘယ်လို လုပ်ရမလဲ? . . . . . . မြန်မြန်စဉ်းစားစမ်;!

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤


အပိုင္း ၃၁ ကံဆိုးမႈ (အပိုင္း ၁)

  ညမိုးခ်ဳပ္လာၿပီး လမင္းႀကီးက သစ္ကိုင္းထိပ္ဖ်ားသို႔ေရာက္လာကာ အခ်ိန္က ဟိုင္ရွီ(ည ၉နာရီမွ ၁၁နာရီအထိ)ျဖစ္ေနေသာ္လည္း ခန္းမေဆာင္ႀကီးထဲတြင္ မီးလုံးမ်ားက လင္းထိန္ေနေသးသည္။ လို႔ရွီးယန္က ပင္မထိုင္ခုံတြင္ ထိုင္ေနၿပီး သစ္သားကုလားထိုင္၏လက္ကိုင္ကို လက္ညိဳးျဖင့္ ညင္သာစြာ ေတာက္ေနတာေၾကာင့္ အသံမ်ားထြက္ေနသည္။ အသံက အက်ယ္ႀကီး မဟုတ္ေပမယ့္ တိတ္ဆိတ္ေနတဲ့ ခန္းမႀကီးထဲမွာေတာ့ ထူးထူးျခားျခား ရွင္းရွင္းလင္းလင္း ၾကားေနရသည္။ လို႔ရွီးဝူက ေခါင္းကို အနည္းငယ္ေမာ့ကာ လို႔ရွီးယန္ကို တိတ္တဆိတ္ စိုက္ၾကည့္ေနသည္။ သူမ အစ္ကိုႀကီးက သူမကို စကားမေျပာ၊ မေအာ္ မေငါက္ဘဲ၊ သူ႔၏ မ်က္ႏွာေပၚတြင္ စိတ္ခံစားမႈႏွင့္ ေဒါသမ်ား ကင္းမဲ့ေနသည္။ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သူမ ေခါင္းမွေျခဖ်ားအထိ စိုစြတ္ေနသည္။ ယခုအခါ သူမက အေအးဒဏ္ႏွင့္ ဆာေလာင္မႈေၾကာင့္ တုန္လႈပ္ေနသည္။ သို႔ေသာ္ လို႔ရွီးဝူက စကားတစ္ခြန္းမွ မေျပာရဲဘဲ နာခံစြာ ေခါင္းငုံ႔ထားဆဲျဖစ္သည္။

  သူမ စာတစ္ေစာင္ကို ခ်န္ထားခဲ့ကာ ထြက္ေျပးသြားခဲ့တာက စိတ္အားထက္သန္ေနေသာ တြန္းအားတစ္ခုေၾကာင့္သာ ျဖစ္ခဲ့သည္။ ၿပီးေတာ့ သူမ မျပန္တက္ေတာ့ေပ။ က်င္းစနဲ႔ သူမအစ္ကိုက မၾကာခင္မွာ သူမကို ရွာေတြ႕ေတာ့မယ္လို႔ သူမ မွန္းဆၿပီး တကယ္လဲ လာရွာမည္ဟု ေတြးထားခဲ့သည္။ ဒီလိုမိုးသည္းစြာ႐ြာမယ္ဆိုတာနဲ႔ သူမအစ္ကိုႀကီးက ဒီေလာက္ေၾကာက္စရာေကာင္းမွန္းသိခဲ့ရင္ သူမ အျပင္မထြက္ရဲပါဘူး။ အခုလည္း ေသေတာင္ မေျပးရဲေတာ့ဘူး!

"ေမာ့ဘိုင္" လို႔ရွီးယန္၏ ေလးနက္ေသာအသံက ႐ုတ္တရက္ ထြက္ေပၚလာၿပီး လို႔ရွီးဝူကို ထိတ္လန႔္ေစသည္။ သူမ ေနာက္တစ္ႀကိမ္ ေခ်ာင္းၾကည့္ေသာအခါ လို႔ရွီးယန္က သူမကို လုံးဝမၾကည့္ေတာ့သည္ကို ေတြ႕လိုက္ရသည္။ သူက အနားရွိ ေမာ့ဘိုင္အား တိုးတိုးေလးနဲ႔ "ခ်င္းဖုန႔္၊ ထ်န္းယုနဲ႔ တျခားသူေတြကို သြားေျပာလိုက္ပါ။ ရွီဝူကို ရွာေတြ႕ၿပီလို႔၊ ထပ္ရွာစရာ မလိုေတာ့ဘူး"

  "ဟုတ္ကဲ့" ေမာ့ဘိုင္က က်င္းစေဘးမွ ျဖတ္သြားေသာအခါ တည္ၿငိမ္ေသာအၾကည့္ေပးကာ ခ်က္ျခင္းထြက္လာခဲ့သည္။

  လို႔ရွီးဝူက ေလထဲမွာ ေႂကြက်ေနတဲ့ သစ္႐ြက္ေျခာက္လို တုန္ေနတာကို ျမင္ေတာ့ က်င္းစက တစ္ခုခု ေျပာခ်င္ေပမယ့္ ေမာ့ဘိုင္ရဲ႕ အၾကည့္ေၾကာင့္ ေနာက္ဆုံးေတာ့ ျပန္မ်ိဳခ်လိုက္သည္။

  ခန္းမႀကီးက တိတ္တိတ္ဆိတ္ဆိတ္ ၿငိမ္သက္သြားျပန္သည္။

  နာရီဝက္ေလာက္ၾကာေတာ့ လို႔ရွီးဝူက သည္းမခံႏိုင္ေတာ့ဘူး။ သူမကို သူ ေက်နပ္သေလာက္ ႐ိုက္တာ ဒါမွမဟုတ္ ဆူပူႀကိမ္းေမာင္းတာကို ခံႏိုင္တယ္။ ဒီလိုမ်ိဳး ထပ္ၿပီး မခံစားခ်င္ေတာ့ဘူး။ လို႔ရွီးဝူက ေခါင္းကို ေျမႇာက္လိုက္ၿပီး ပါးစပ္ကို ဖြင့္လိုက္ကာ "အစ္ကို..."

  ကံမေကာင္းစြာနဲ႔ သူမ စကားတစ္ခြန္းတည္းေျပာၿပီးေနာက္ လို႔ရွီးယန္က ႐ုတ္တရက္ အသံထြက္လာၿပီး "လာၾက၊ သခင္မေလးကို အနားယူဖို႔ သူ႔(မ)အခန္းထဲျပန္သြားႏိုင္ေအာင္ ကူညီေပးလိုက္။ ငါ့အမိန႔္မပါဘဲ သူ႔ကို အခန္းထဲကေန ထြက္ခြင့္မေပးဘူး!"

  ကိုယ္ရံေတာ္မ်ားက ဝင္လာၿပီး လို႔ရွီးဝူေနာက္မွာ ရပ္ကာ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ လို႔ရွီးဝူကို ထြက္သြားရန္ တြန္းအားေပးေနသည္။

  "အစ္ကို!! အစ္ကို ကြၽန္မကို ဒီလို ပိတ္ေလွာင္မထားလို႔ မရဘူးဘူး?!" လို႔ရွီးဝူက သတိျပန္ဝင္လာၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ ကံမေကာင္းစြာနဲ႔ပဲ လို႔ရွီးယန္က သူမကို အစကေန အဆုံးအထိ လွည့္ေတာင္ မၾကည့္ခဲ့ဘူး။

  လို႔ရွီးယန္က လူအမ်ားေရွ႕တြင္ အၿမဲတည္ၿငိမ္ေနၿပီး ေဒါသအရိပ္အေယာင္မျပေသာ္လည္း က်င္းစက သူ အလြန္ေဒါသထြက္ေနမွန္း သိထားၿပီးျဖစ္သည္။ က်င္းစက ေရွ႕ကို တိုးလာၿပီး "သခင္၊ ဒီအျဖစ္အပ်က္က ဒီလက္ေအာက္ငယ္သားေၾကာင့္ျဖစ္ၿပီး သခင္မေလးနဲ႔ ဘာမွ မဆိုင္ပါဘူး၊ ဒီလက္ေအာက္ငယ္သားကို အျပစ္ေပးပါ..."

  လို႔ရွီးယန္က သူေျပာေနတဲ့စကားကို ရပ္တန႔္ဖို႔ သူ႔လက္ကို ညင္သာစြာ ေျမႇာက္ကာ အခ်က္ျပလိုက္ၿပီး "ငါ့မွာ ကိုယ္ပိုင္ဉာဏ္ရွိတယ္။ မင္း ထြက္သြားၿပီး အနားယူလို႔ရတယ္"

  "ဟုတ္ကဲ့" သခင္က သူ ေျပာတာကို မၾကားခ်င္ဘူး။ က်င္းစရဲ႕ ႏွလုံးသားက တုန္လႈပ္သြားၿပီး သူ ဦးၫႊတ္ၿပီး ထြက္သြားခဲ့သည္။

  က်င္းစက ေတာင့္ေတာင့္တင္းတင္း လွည့္ထြက္သြားၿပီး သူ႔ေနာက္ေက်ာမ်ားပင္ ေအးစက္ေနခဲ့သည္။ လို႔ရွီးယန္က သူေခါင္းကို အားအင္မဲ့စြာ ခါယမ္းလိုက္သည္။ ရွီးဝူက က်င္းစကို သေဘာက်ေနသည္။ က်င္းစက ထိုမိန္းကေလးကို စိတ္မဝင္စားေၾကာင္း သူ အခ်ိန္အေတာ္ၾကာကတည္းက သိေနခဲ့သည္။ ၿပီးေတာ့ သူက ကေလးဆန္သူ မဟုတ္ေပ၊ သူတို႔ တကယ္ခ်စ္ၿပီး လက္ထပ္လိုက္မယ္ဆိုရင္ လွပတဲ့ အရာတစ္ခုျဖစ္လာမွာပါ၊ ဒါေပမယ့္ က်င္းစရဲ႕ ေခါင္းမာတဲ့စိတ္က သခင္နဲ႔ ကြၽန္ၾကားက ျခားနားမႈကို အခိုင္အမာ စည္းျခားထားသည္။ သူက သူတို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ေပးရင္ေတာင္ က်င္းစက သေဘာတူမွာ မဟုတ္ဘူး။ သူက ဒီကိစၥကို အားလုံးျမင္ေနရေပမယ့္ ရွီးဝူက စိတ္အားထက္သန္လြန္းေနတာေၾကာင့္ သူ႔ကို ေခါင္းမကိုက္ေစဖို႔ ခဲယဥ္းလြန္းလွသည္။

  သူ၏ပုခုံးမ်ားကို ညင္သာစြာပြတ္သပ္ရင္း လို႔ရွီးယန္က မတ္တပ္ထရပ္ကာ သူ႔အခန္းထဲသို႔ ျပန္သြားေတာ့မည္ျဖစ္ေသာ္လည္း ေမာ့ဘိုင္က အလ်င္စလို ေလွ်ာက္လာသည္ကို သူျမင္လိုက္ရသည္၊ သူ႔ေျခလွမ္းမ်ားက အနည္းငယ္ လ်င္ျမန္ေနပုံရၿပီး ဆိုး႐ြားေသာ ႀကိဳတင္သတိေပးခ်က္တစ္ခုက နားမလည္ႏိုင္စြာ ထြက္ေပၚလာသည္။ လို႔ရွီးယန္က "ဘာျဖစ္တာလဲ?"

  "ခ်င္းဖုန႔္ ေပ်ာက္သြားၿပီ"

  ေပ်ာက္သြားတာလား?! လို႔ရွီးယန္က ႐ုတ္တရက္ ေခါင္းကို ေမာ့လိုက္ၿပီး သူ႔မ်က္လုံးမ်ားတြင္ ရႈပ္ေထြးမႈ အရိပ္အေယာင္မ်ား ရွိေနသည္။

  လို႔ရွီးယန္က ေသေသခ်ာခ်ာေမးဖို႔ေတာင္ မလိုေတာ့ပါဘူး၊ ေမာ့ဘိုင္က "ေရပူစမ္း ဥယ်ာဥ္တစ္ခုလုံးကို ရွာေဖြခဲ့ေပမယ့္ သဲလြန္စ မေတြ႕ခဲ့ဘူး။ ေန႔ခင္းပိုင္းမွာေတာ့ အိမ္ဝန္းထဲက လူေတြအားလုံးက သခင္မေလးရွီးဝူကို ရွာဖို႔ အျပင္ထြက္ခဲ့ၾကတယ္။ သူ(မ) ဘာျဖစ္သြားမွန္း ဘယ္သူမွ မသိလိုက္ၾကဘူး။ အခု ေပ်ာက္ေနတယ္"

  သူမ ထြက္ေျပးသြားတာျဖစ္ႏိုင္လား? မျဖစ္ႏိုင္ဘူး... သူမက မိုက္မဲတဲ့သူ မဟုတ္ေပ။ သူမ ထြက္ေျပးခ်င္ရင္ တျခား အခြင့္အလမ္းေတြ ရွာႏိုင္ၿပီး ဒီလို လူေနက်ဲပါးတဲ့ ေနရာကို သူမ ေ႐ြးခ်ယ္မွာ မဟုတ္ပါဘူး။ အဲ့တာအျပင္ သူမ ဒီလို ထြက္ေျပးသြားရင္ သူမရဲ႕ညီအစ္မေတြကို ေတြ႕ဖို႔ ပိုခက္လိမ့္မည္ပင္။ ဒါမွမဟုတ္ သူမကို တစ္ေယာက္ေယာက္က ဖမ္းသြားတာလား?! ဒါကို ေတြးၿပီး လို႔ရွီးယန္ရဲ႕မ်က္ႏွာက မည္းေမွာင္သြားကာ သူ႔ရဲ႕အသံက အနည္းငယ္ အေလာတႀကီး ထြက္ေပၚလာသည္။ "ငါတို႔ ဒီကိုေခၚလာတဲ့ အေစာင့္ေတြကို စုၿပီး သူ(မ)ကို ရွာဖို႔ ေတာင္ဘက္ကို သြားရွာၾက"

  "ဟုတ္ကဲ့" ေမာ့ဘိုင္က အမွတ္တမဲ့ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဤခ်င္းဖုန႔္က သူ႔သခင္၏စိတ္ကို တုန္လႈပ္ႏိုင္ေစပုံရသည္။

*

  သူမက ဝက္တစ္ေကာင္ျဖစ္သည္။

  သူမက ငတုံးတစ္‌ေယာက္သာျဖစ္သည္။

  သူမက တုံးအမိုက္မဲေသာ ဝက္တစ္ေကာင္သာ ျဖစ္ေနသည္။

  သူမက ျပန္ကုသႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ တုံးအမိုက္မဲေသာ ဝက္တစ္ေကာင္သာ ျဖစ္ေနသည္။

  လို႔ရွီးဝူရဲ႕ အသက္နဲ႔ ေသျခင္းတရားကို သူမ ဘာေၾကာင့္ ဂ႐ုစိုက္ခ်င္ရတာလဲ? သတင္းရဖို႔ အတြက္ ဥယ်ာဥ္ငယ္ေလးမွာ ေအးေအးေဆးေဆး ေစာင့္ဆိုင္းမေနဘဲ ဥယ်ာဥ္ငယ္ေလးတစ္ဝိုက္မွာ ဘာလို႔ အလုပ္မရွိ အလုပ္ရွာၿပီး လိုက္ရွာခဲ့တာလဲ? ေကာင္းကင္ကေရာ ဘာေၾကာင့္ ႐ုတ္တရက္ မိုးသည္းထန္စြာ႐ြာလာရတာလဲ။ သူမကေရာ ဘာလို႔ လမ္းေပ်ာက္ေနရတာလဲ? !

  ဟုတ္တယ္၊ သူမ လမ္းေပ်ာက္ေနခဲ့တယ္။ သူမဘဝမွာ ပထမဆုံးအႀကိမ္ လမ္းေပ်ာက္ဆုံးသြားျခင္းပင္။ မွတ္မိႏိုင္စြမ္းျမင့္မားလြန္းတဲ့ သူမက တကယ္ကို လမ္းေပ်ာက္ဆုံးသြားႏိုင္တဲ့ မွတ္ဉာဏ္တစ္ခုရွိေနတယ္ေပါ့! @#$#%......

  ေကြၽာ့ခ်င္းက သူမ ႏွလုံးသားထဲတြင္ က်ိန္ဆဲေနေသာ္လည္း သူမေျခလွမ္းမ်ားကို မရပ္တန႔္ဝံ့ေပ။ မိုးသည္းထန္စြာ႐ြာသြန္းၿပီးေနာက္ ေတာင္တန္းမ်ားက ျမဴခိုးမ်ားျဖင့္ ျပည့္ေနၿပီး သူမကို ျမင့္မားေသာသစ္ပင္မ်ားျဖင့္ ဝန္းရံထားသည္။ ပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္မိုက္ေနၿပီး၊ ဘာမွ မျမင္ႏိုင္ေလာက္ေအာင္ျဖစ္ေနကာ သူမကို တုန္လႈပ္ေခ်ာက္ခ်ားသြားေစသည္။ သူမက ေရွ႕သို႔သာ တိုးဝင္သြားေနရေတာ့သည္။ ေရပူစမ္းဥယ်ာဥ္၏ ေတာင္ေပၚတြင္ ရွိေနတာေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္ႀကီးမ်ားႏွင့္ ေတြ႕ႀကဳံရန္ မျဖစ္ႏိုင္ေပ။ ေရပူစမ္းမ်ားရွိလွ်င္ ဤေနရာ၌ ေရရွိရမည္။ ေရထြက္ေနတဲ့ ေနရာကို ေတြ႕တာနဲ႔ သူမ ဆက္ေလ်ာက္ႏိုင္မည္ျဖစ္သည္။

  ညေလညင္းက ေအးစိမ့္စိမ့္ျဖစ္ေနၿပီး သူမဗိုက္က ဆာေလာင္ေနသည္။ သူမ အေမွာင္ထဲမွာ ဘယ္ေလာက္ၾကာၾကာ ေလွ်ာက္လွမ္းေနမိလဲ ဘယ္သူမွ မသိႏိုင္ေပ။ ေနာက္ဆုံး အေဝးက မီးေရာင္တစ္ခုကို ေတာက္ပေနတာကို ျမင္ခ်ိန္မွာ ေကြၽာ့ခ်င္းက ငိုခ်င္ေနၿပီျဖစ္သည္။ မီးရွိရင္ တစ္ေယာက္ေယာက္ ရွိမွာ ေသခ်ာတယ္! ေကြၽာ့ခ်င္းက သူမ၏အရွိန္ကို အရွိန္ျမႇင့္လိုက္ၿပီး မီးအရင္းအျမစ္ရွိရာဆီသို႔ လ်င္ျမန္စြာ ေလွ်ာက္သြားလိုက္သည္။

  နီးကပ္လာသည္ႏွင့္အမွ် ေကြၽာ့ခ်င္းက သူမေရွ႕တြင္ ေမွ်ာ္လင့္ခ်က္ရွိေနသည္ကို ခံစားလိုက္ရခ်ိန္တြင္ ေအာ္ေငါက္သံတစ္ခုက သူမကို ျပင္းျပင္းထန္ထန္ ထိတ္လန႔္တုန္လႈပ္သြားကာ သူမ မလႈပ္ဝံ့ေတာ့ေပ၊ "ပါးစပ္ပိတ္ထား၊ မင္း ထပ္ငိုရင္ ငါ မင္းကို သတ္ပစ္မယ္!"

  ေကြၽာ့ခ်င္းတစ္ေယာက္ ေအးခဲသြားေတာ့သည္။ မိုးနတ္မင္းေရ... ငါ ကံမေကာင္းပါလား?

ေနာက္ဆုံးတြင္ သူမက ေမွ်ာ္လင့္ခ်က္ကို ျမင္ခဲ့ေသာ္လည္း စိတ္ပ်က္လက္ပ်က္ျဖင့္ အဆုံးသတ္သြားသည္။ ေကြၽာ့ခ်င္းက မီးအလင္းေရာင္ထြက္ေနသည့္ ေတာင္ထိပ္ႏွင့္ အလြန္နီးကပ္ေနသည္။ အတြင္းမွလူမ်ားကို အေႏွာင့္အယွက္ျဖစ္ေစမည္ကို စိုးရိမ္ေသာေၾကာင့္ ေကြၽာ့ခ်င္းက အသက္ျပင္းျပင္းရႉကာ ခနေလာက္ၿငိမ္သက္ေနၿပီးမွ သူမေျခေထာက္မ်ားကို ညင္သာစြာေျမႇာက္ကာ အေပါ့ဆုံးေျခလွမ္းမ်ားျဖင့္ ျပန္ထြက္လာခဲ့သည္။

 သူမ ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္၊ ၾကမ္းတမ္းေသာ အမ်ိဳးသားအသံက "မင္းတို႔ ခ်ီမိသားစုက လူေတြ ဘယ္သူမွ မေကာင္းဘူး။ မင္းတို႔က ေလာင္းကစား႐ုံဖြင့္ၿပီး ငါ့ပိုက္ဆံေတြကို လိမ္တယ္။ ငါက အႏိုင္က်င့္ဖို႔ လြယ္တယ္လို႔ မထင္နဲ႔။ ငါ ဘယ္သူလဲဆိုတာ မေမးနဲ႔။ ခ်ီမိသားစုက မင္းကို ေ႐ြးဖို႔ ပိုက္ဆံကို နာခံစြာ ယူလာေစဖို႔ ဆုေတာင္းတာက မင္းအတြက္ အေကာင္းဆုံးပဲ၊ မဟုတ္ရင္ ရက္စက္တဲ့အတြက္ ငါ့ကို အျပစ္မတင္နဲ႔!"

  ခ်ီမိသားစု?! ဒီလို တိုက္ဆိုင္မႈက မျဖစ္ႏိုင္ဘူး မဟုတ္လား?! ဒီလူက ခ်ီထ်န္းယုက ခ်မ္က်င္းကို ဖမ္းေပးဖို႔ ေတာင္းဆိုတဲ့လူ ျဖစ္ႏိုင္မလား? ဒီလူက မတုံးဘူး။ ဒီလူက သူ႔ႏွာေခါင္းေအာက္မွာ ပုန္းေနမယ္လို႔ ခ်ီထ်န္းယုက ဘယ္လိုေတြးမိမွာလဲ? ၿပီးေတာ့ ထူထပ္ေနတဲ့ေတာေတာင္က လူတစ္ေယာက္ ႏွစ္ေယာက္ေလာက္ေလာက္ပုန္းေနဖို႔ မခက္ခဲေစေပ။

   ထိတ္လန႔္ေနပုံရေသာ အမ်ိဳးသမီးအသံ တိုးတိုးေလးတစ္ခုက "ငါ့ကို မသတ္ပါနဲ႔ ငါ့အစ္ကိုက ငါ့ကို ျပန္ေ႐ြးမွာပါ!"

  မိန္းကေလးကလည္း သူမက အေစခံဆိုတာကို ထုတ္ေဖာ္ေျပာဖို႔ လုံေလာက္တဲ့အထိ မမိုက္မဲပါခဲ့ဘူး၊ မဟုတ္ရင္ လူဆိုးက ေဒါသထြက္ၿပီး သူမ အသက္ဆုံးသြားလိမ့္မယ္။ ေကြၽာ့ခ်င္းက သူမေျခေထာက္ေတြကို ေျမႇာက္ၿပီး ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ထြက္သြားႏိုင္ပါေစလို႔ တိတ္တဆိတ္ ဆုေတာင္းၿပီး ေနာက္တေခါက္ လမ္းျပန္ေလွ်ာက္လိုက္သည္။ သူမကို ကယ္ဆယ္မယ့္သူရွာဖို႔ သူမ အခ်ိန္အၾကာႀကီး ေတာင့္ခံထားႏိုင္ပါေစ။

  ေကြၽာ့ခ်င္းက သူမကိုယ္သူမ ႏွစ္သိမ့္ေနလို႔မွ မၿပီးေသးခင္ မိန္းကေလး၏ ထိတ္လန႔္စြာ ေအာ္ဟစ္သံကို ၾကားလိုက္ရသည္။ "နင္... ဘာလုပ္ခ်င္လဲ! ထြက္သြား!!"

"စိတ္မပူပါနဲ႔၊ ငါ မင္းကို သတ္မွာမဟုတ္ဘူး။ မင္းမွာ ႏူးညံ့တဲ့အသားအရည္နဲ႔ ႏုနယ္တဲ့အသားရွိတယ္။ ငါ သခင္မေလးေတြရဲ႕အရသာကို မျမည္းစမ္းဖူးေသးဘူး!"

 SHIT! ညစ္ညမ္းေသာ ဘာသာစကားက ေကြၽာ့ခ်င္း၏ရင္တြင္းမွ ေပါက္ကြဲထြက္လာသည္။ မင္းရဲ႕ေျခေခ်ာင္းေတြနဲ႔ ေတြးၾကည့္ရင္ေတာင္ ေနာက္ထပ္ ဘာျဖစ္လာမယ္ဆိုတာ မင္း သိႏိုင္တယ္။ (ဦးေႏွာက္နဲ႔မေတြးဘဲ ေျခေထာက္နဲ႔ေတြးရင္ေတာင္ မွန္းလို႔ရတယ္လို႔ေျပာခ်င္တာပါ)

  "နင္ ငါ့ကို နာက်င္ေစခဲ့ရင္ ငါ့အစ္ကိုက နင့္ကို ပိုက္ဆံေပးမွာ မဟုတ္ဘူး!" မိန္းကေလးက ေယာက္်ားကို ေခ်ာ့ေမာ့ဖို႔ ႀကိဳးစားေနေပမယ့္ ကံမေကာင္းစြာနဲ႔ ထိုေယာက္်ားက မတုန္လႈပ္ဘဲ တံေတြးေထြးကာ က်ိန္ဆဲလိုက္ၿပီး "ပိုက္ဆံ မေပးဘူးလား။ အဲ့တာဆိုရင္ အေလာင္းကို လာေကာက္ပါ့ေလ့ေစ"

  "ေက်းဇူးျပဳၿပီး မလုပ္ပါနဲ႔!"

  "ကူညီၾကပါ----"

  အဝတ္မ်ားစုတ္ၿပဲသံ၊ အမ်ိဳးသမီးရဲ႕ ေအာ္ဟစ္သံေတြနဲ႔ ေယာက္်ားတစ္ေယာက္ရဲ႕ ရယ္ေမာသံေတြ ထြက္ေပၚလာၿပီး အရာအားလုံးက ျပကြက္တစ္ခုလိုျဖစ္လာၿပီး ေကြၽာ့ခ်င္း၏ႏွလုံးသားကို ကိုက္ျဖတ္ေနေတာ့သည္။ မုဒိမ္းမႈ႕ျဖင့္ ေသဆုံးခဲ့ရေသာ မေရမတြက္ႏိုင္တဲ့ အမ်ိဳးသမီး အေလာင္းေတြက သူမစိတ္ထဲ တဖ်ပ္ဖ်ပ္ ေပၚလာၿပီး ေကြၽာ့ခ်င္းရဲ႕ လက္ေတြက ပိုတင္းၾကပ္လာခဲ့သည္။

ငါ...အဲ့တာ...!

သူမ ေကာင္မေလးကို ဂ႐ုမစိုက္ဘဲ ထြက္သြားရင္ သူမဘဝတစ္ေလွ်ာက္လုံး စိတ္မခ်မ္းမသာ ျဖစ္ႏိုင္ေပမယ့္ ေျပးဝင္သြားခဲ့ရင္လည္း ရလဒ္က ပိုဆိုးသြားလိမ့္မည္ပင္။

ဘယ္လို လုပ္ရမလဲ? . . . . . . ျမန္ျမန္စဥ္းစားစမ္;!

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

Continue Reading

You'll Also Like

99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
74.8K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
59.8K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...