အပိုင်း (၃၀၅) ကြီးမြတ်လှသည့်သခင်လေးချင်၏သည်းခံနိုင်စွမ်း
“မလှုပ်ရတော့ နေရတာ အဆင်မပြေဘူး”
ဖူကျို့သည်သက်ပြင်းချလိုက်သော်လည်း ကြီးမြတ်လှသည့်သခင်လေးကို မဆန့်ကျင်နိုင်ပေ။
ချင်မော့သည် ကောင်လေး၏စကားကို နားမထောင်ဘဲ သူမ၏ညာဖက်မျက်လုံးထဲသို့ ဒုတိယဆေးရည်စက်ကို ညစ်ထည့်လိုက်သည်။
ဖူကျို့သည် မလှုပ်ချေ။ စပ်ဖျဥ်းဖျဥ်း ခံစားလိုက်သည်။
“ နာရင် ဆေးအာနိသင်ပြတာပဲ”
ချင်မော့သည် ကောင်လေး၏ခေါင်းကို သပ်လိုက်ကာ ပြောလိုက်သည်။
ဖူကျို့သည် သဘောတူသည့်ဟန် အသံတစ်ခုပြုလိုက်သည်။ သူမသည် ကြီးမြတ်လှသည့်သခင်လေးကို ခက်ခဲအောင်မလုပ်ချင်ပါ။ အကြောင်းမှာ သူသည် လူများကို ကောင်းကောင်း မနှစ်သိမ့်တတ်သည်ကို သိထားပြီး ဖြစ်သောကြောင့်ပင်။
အမှန်တွင် ချင်မော့သည် ကောင်လေး ဤကဲ့သို့ဖြစ်နေသည်ကို မမြင်လိုချေ။
သူသည် ကောင်လေး၏မျက်လုံးအတွက် ကောင်းစေမည့် အစားအစာများကို တိတ်တဆိတ် ပြင်ဆင်ထားပေးခဲ့သည်။
သို့မှသာ ဤကဲ့သို့ညိုးငယ်နေပုံကို ထပ်မတွေ့ရတော့မည် ဖြစ်သည်။
တတိယဆေးရည်စက်မှာ ဘယ်ဖက်မျက်လုံးအတွက်ဖြစ်သည်။
သူမ၏ဘယ်ဖက်မျက်လုံးအခြေအနေသည် သိပ်မပြင်းထန်သောကြောင့် ဆေးတစ်စက်နှင့် လုံလောက်လေသည်။
ထိုနောက် ဆေးလိမ်းရမည့်အချိန် ရောက်လာသည်။ သည်ဆေးကို တိုကျိုတွင် ရနိုင်သည်က အထူးအဆန်းတစ်ခုပင်။
သူမ၏မျက်လုံးများသည် သူက မျက်လုံးလိမ်းဆေးလိမ်းပေးလိုက်သည်နှင့် လုံးဝဖုံးထားရပေလိမ့်မည်။
ဆေးသည် အလွန်စေးကပ်လွန်းသည်။
ဖူကျို့သည် သူမ၏မျက်လုံးများကို ဖွင့်ကာ အလင်းရောင်ကို ကြည့်လိုသည်။
“အနားပေးထားပြီး မျက်လုံးတွေကို မှိတ်ထားလိုက်”
ချင်မော့၏အသံသည် ပုံမှန်အတိုင်းဖြစ်နေပြီး သူ့လက်ချာင်းများသည် ဖူကျို့ သက်သာလာစေရန် သူမ၏မျက်လုံးများကို နှိပ်နှယ်ပေးနေသည်။
သို့သော် ဖူကျို့သည် အလိုအလျောက် တခြားလူများထက် ပိုသတိကြီးနေမိသည်။
သူမသည် အရာရာကို ဤကဲ့သို့ မတွေ့မမြင်နိုင်သည့်အခြေအနေ မရှိခဲ့ဖူးချေ။
အထူးသဖြင့် သူမသည် ဟက်ကာတစ်ယောက် ဖြစ်သောအခါ သူမသည် တစ်ချိန်လုံး အရာအားလုံးကို မြင်တွေ့ချင်နေသည်။
ဒါသည် သူမက တစ်နှစ်ပတ်လုံး တစ်ချိန်လုံး လွတ်မြောက်နိုင်သည့် အကြောင်းအရင်းဖြစ်သည်။
ဟိုရှီနိုမှလွဲလျှင် သူမသည် မည်သူနှင့်မှ မတွေ့ချေ။
မည်သူ့ကိုမှလဲ မယုံချေ။
သို့သော် သူမ ပြန်လည်မွေးဖွားလာပြီးကတည်းက သူမသည် အရင်ကနှင့် မတူတော့ချေ။
စကားလုံးနှင့် မည်သို့ဖော်ပြရမည်မသိပေ။
ယခုမူ သူမသည် ပိုချုပ်ချယ်ခံနေရသည့်နှယ်။
သို့သော် ဤအဆုံးမရှိသောအမှောင်ထုက ဖူကျို့ကို မသေချာမရေရာနှင့် လုံခြုံမှုမရှိသည့် ခံစားချက်ကို ပေးနေသေးသည်။
သူမနှာခေါင်းမှ ရှူရှိုက်မိသော စီးကရက်နံ့ပါးပါးလေးသည်... ကြီးမြတ်လှသည့်သခင်လေးထံမှ လာဟန်တူသည်။
ဒါသည် ဖူကျို့ကို သူ့တည်နေရာကို သိရှိစေမည့် တစ်ခုတည်းသောအရာဖြစ်လေသည်။
သူမ၏နှလုံးသားကိုလည်း ခံစားမိစေသည်။
ဖူကျို့သည် အီစီကလီလုပ်နေသည်ဟု ထပ်စွပ်စွဲမခံလိုသဖြင့် သူမနှင့် လက်မအနည်းငယ်အကွာရှိ ထိုလူကို မထိမိရန် ခက်ခက်ခဲခဲကြိုးလိုက်ရသည်။ ဒါသည် လွန်စွာမျှတမှုမရှိချေ။
ထို့အပြင် လက်ရှိတွင် သူမသည် ကြီးမြတ်လှသည့်သခင်လေး၏မျက်လုံးများကို မမြင်ရချေ။
သူမသည် သူမ၏သရုပ်မှန်နှင့်ပတ်သတ်ပြီး လုံခြုံမှုမရှိသည်ကို ခံစားနေရသည်။ အကြောင်းမှာ ကြီးမြတ်လှသည့်သခင်လေးသည် ထိုအချိန်အပိုင်းအခြားအတွင်း တစ်စုံတစ်ခုကို သတိပြုသွားလိမ့်မည်လား သူမ သေချာမသိချေ။
ထို့ကြောင့် သူမသည် တစ်ချက်ကလေးမှ သတိလွတ်၍မဖြစ်ချေ။
“စိတ်လှုပ်ရှားနေတာလား”
ထို ခပ်ဩဩ တည်ကြည်သည့် အသံက ပဲ့တင်ထွက်လာသည်။
ဖူကျို့က အော်ရယ်လိုက်သည်။
“ဘာလို့ ဖြစ်ရမှာလဲ”
“မင်းရဲ့ကျောက တောင့်တင်းနေပြီးတော့ စိတ်မလှုပ်ရှားဘူးလို့ ပြောနေသေးတယ်”
ထို့နောက်တွင် ဖူကျို့သည် တစ်စုံတစ်ယောက်က သူမခေါင်းကို ထိလိုက်သည်ကို ခံစားလိုက်ရသည်။
ကြီးမြတ်လှသည့်သခင်လေးသည် လေသံတိုးတိုးနှင့် ပြောလိုက်သည်။
“မင်းမေ့သွားတာလား၊ မင်းအစ်ကိုကြီးက စိတ်ပညာကို လေ့လာခဲ့တယ်ဆိုတာကိုလေ”
ဖူကျို့ ဝန်ခံလိုက်တော့သည်။
“အင်းပါ၊ ဟုတ်တယ်၊ ဘာမှမမြင်ရတော့ နေလို့အဆင်မပြေဘူးလေ”
ချင်မော့သည် သူ့မျက်လုံးများကို နိမ့်ချလိုက်ပြီး သူ့ရှေ့တွင် ညည်းညူနေသောကောင်လေးကို ကြည့်နေလိုက်ကာ ရယ်ချင်စိတ်ဖြစ်သွားသဖြင့် သူ့နှုတ်ခမ်းကို ကွေးကာ မသိမသာပြုံးလိုက်လေသည်။
“အစ်ကိုမော့ နင်လေး ပြုံးနေတာလား”
ဖူကျို့သည် သူမခေါင်းကို စောင်းလိုက်ပြီး သူမ၏နားကို စွင့်ထားလိုက်သည်။
ချင်မော့သည် ‘အင်း’ဟုသာ ပြန်ဖြေလိုက်သည်။
သူသည် အရာရာကို လုံးဝ ဖုံးကွယ်ဖို့မကြိုးစားနေချေ။ စိတ်ပညာကို လေ့လာသောသူများသည် စကားမပြောတတ်သူများဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။
သူမသည် မသက်မသာဖြစ်လာသည်နှင့်အမျှ တစ်စုံတစ်ခုက သူမ၏နားကို လာထိလိုက်သည်ကို ခံစားလိုက်ရသည်။ ခံစားချက်သည် အေးစိမ့်နေသဖြင့် သူမသည် ထိုအရာမှ ချက်ချင်း ဖယ်ခွာလိုစိတ် ဖြစ်သွားတော့သည်။
သို့သော် သူသည် သူမကို ပြန်ဆွဲထားလိုက်သည်။
နားကြပ်တစ်ခုဖြစ်နေသည်။
သူက သူမကို ဘာလို့ သူ့နားကြပ်ကို ပေးတာပါလိမ့်။
ချင်မော့သည် ကောင်လေး၏ တွေဝေသွားသည့်မျက်နှာကို ကြည့်လိုက်လေသည်။
ထိုနောက် သူသည် သူ၏သွယ်လျသောလက်ချောင်းဖြင့် သီချင်းဖွင့်သည့်ခလုတ်ကို ဖိလိုက်ပြီး အသံကို အမြင့်ဆုံး တင်ထားလိုက်သည်။
နားကြပ်မှလာသော ချိုမြိန်ဖွယ်သီချင်းသံတစ်ခုသည် ချက်ချင်းပင် အမှောင်ထုကို ပျယ်လွင့်သွားစေပြီး အပြစ်ဆိုဖွယ်မရှိသော ခပ်ဩဩအသံတစ်ခုက သူမ၏ခေါင်းထဲ ဝင်လာတော့သည်။ အီစွန်းချန်၏ သီချင်းဖြစ်ပြီး စိတ်အာရုံကို ပြေလျော့စေလေသည်။
...
Zawgyi
အပိုင္း (၃၀၅) ႀကီးျမတ္လွသည့္သခင္ေလးခ်င္၏သည္းခံနိုင္စြမ္း
“မလႈပ္ရေတာ့ ေနရတာ အဆင္မေျပဘူး”
ဖူက်ိဳ႕သည္သက္ျပင္းခ်လိဳက္ေသာ္လည္း ႀကီးျမတ္လွသည့္သခင္ေလးကို မဆန့္က်င္နိုင္ေပ။
ခ်င္ေမာ့သည္ ေကာင္ေလး၏စကားကို နားမေထာင္ဘဲ သူမ၏ညာဖက္မ်က္လုံးထဲသို႔ ဒုတိယေဆးရည္စက္ကို ညစ္ထည့္လိုက္သည္။
ဖူက်ိဳ႕သည္ မလႈပ္ေခ်။ စပ္ဖ်ဥ္းဖ်ဥ္း ခံစားလိုက္သည္။
“ နာရင္ ေဆးအာနိသင္ျပတာပဲ”
ခ်င္ေမာ့သည္ ေကာင္ေလး၏ေခါင္းကို သပ္လိုက္ကာ ေျပာလိုက္သည္။
ဖူက်ိဳ႕သည္ သေဘာတူသည့္ဟန္ အသံတစ္ခုျပဳလိုက္သည္။ သူမသည္ ႀကီးျမတ္လွသည့္သခင္ေလးကို ခက္ခဲေအာင္မလုပ္ခ်င္ပါ။ အေၾကာင္းမွာ သူသည္ လူမ်ားကို ေကာင္းေကာင္း မႏွစ္သိမ့္တတ္သည္ကို သိထားၿပီး ျဖစ္ေသာေၾကာင့္ပင္။
အမွန္တြင္ ခ်င္ေမာ့သည္ ေကာင္ေလး ဤကဲ့သို႔ျဖစ္ေနသည္ကို မျမင္လိုေခ်။
သူသည္ ေကာင္ေလး၏မ်က္လုံးအတြက္ ေကာင္းေစမည့္ အစားအစာမ်ားကို တိတ္တဆိတ္ ျပင္ဆင္ထားေပးခဲ့သည္။
သို႔မွသာ ဤကဲ့သို႔ညိုးငယ္ေနပုံကို ထပ္မေတြ႕ရေတာ့မည္ ျဖစ္သည္။
တတိယေဆးရည္စက္မွာ ဘယ္ဖက္မ်က္လုံးအတြက္ျဖစ္သည္။
သူမ၏ဘယ္ဖက္မ်က္လုံးအေျခအေနသည္ သိပ္မျပင္းထန္ေသာေၾကာင့္ ေဆးတစ္စက္ႏွင့္ လုံေလာက္ေလသည္။
ထိုေနာက္ ေဆးလိမ္းရမည့္အခ်ိန္ ေရာက္လာသည္။ သည္ေဆးကို တိုက်ိဳတြင္ ရနိုင္သည္က အထူးအဆန္းတစ္ခုပင္။
သူမ၏မ်က္လုံးမ်ားသည္ သူက မ်က္လုံးလိမ္းေဆးလိမ္းေပးလိုက္သည္ႏွင့္ လုံးဝဖုံးထားရေပလိမ့္မည္။
ေဆးသည္ အလြန္ေစးကပ္လြန္းသည္။
ဖူက်ိဳ႕သည္ သူမ၏မ်က္လုံးမ်ားကို ဖြင့္ကာ အလင္းေရာင္ကို ၾကည့္လိုသည္။
“အနားေပးထားၿပီး မ်က္လုံးေတြကို မွိတ္ထားလိုက္”
ခ်င္ေမာ့၏အသံသည္ ပုံမွန္အတိုင္းျဖစ္ေနၿပီး သူ႕လက္ခ်ာင္းမ်ားသည္ ဖူက်ိဳ႕ သက္သာလာေစရန္ သူမ၏မ်က္လုံးမ်ားကို ႏွိပ္ႏွယ္ေပးေနသည္။
သို႔ေသာ္ ဖူက်ိဳ႕သည္ အလိုအေလ်ာက္ တျခားလူမ်ားထက္ ပိုသတိႀကီးေနမိသည္။
သူမသည္ အရာရာကို ဤကဲ့သို႔ မေတြ႕မျမင္နိုင္သည့္အေျခအေန မရွိခဲ့ဖူးေခ်။
အထူးသျဖင့္ သူမသည္ ဟက္ကာတစ္ေယာက္ ျဖစ္ေသာအခါ သူမသည္ တစ္ခ်ိန္လုံး အရာအားလုံးကို ျမင္ေတြ႕ခ်င္ေနသည္။
ဒါသည္ သူမက တစ္ႏွစ္ပတ္လုံး တစ္ခ်ိန္လုံး လြတ္ေျမာက္နိုင္သည့္ အေၾကာင္းအရင္းျဖစ္သည္။
ဟိုရွီနိုမွလြဲလွ်င္ သူမသည္ မည္သူႏွင့္မွ မေတြ႕ေခ်။
မည္သူ႕ကိုမွလဲ မယုံေခ်။
သို႔ေသာ္ သူမ ျပန္လည္ေမြးဖြားလာၿပီးကတည္းက သူမသည္ အရင္ကႏွင့္ မတူေတာ့ေခ်။
စကားလုံးႏွင့္ မည္သို႔ေဖာ္ျပရမည္မသိေပ။
ယခုမူ သူမသည္ ပိုခ်ဳပ္ခ်ယ္ခံေနရသည့္ႏွယ္။
သို႔ေသာ္ ဤအဆုံးမရွိေသာအေမွာင္ထုက ဖူက်ိဳ႕ကို မေသခ်ာမေရရာႏွင့္ လုံၿခဳံမႈမရွိသည့္ ခံစားခ်က္ကို ေပးေနေသးသည္။
သူမႏွာေခါင္းမွ ရႉရွိုက္မိေသာ စီးကရက္နံ႕ပါးပါးေလးသည္... ႀကီးျမတ္လွသည့္သခင္ေလးထံမွ လာဟန္တူသည္။
ဒါသည္ ဖူက်ိဳ႕ကို သူ႕တည္ေနရာကို သိရွိေစမည့္ တစ္ခုတည္းေသာအရာျဖစ္ေလသည္။
သူမ၏ႏွလုံးသားကိုလည္း ခံစားမိေစသည္။
ဖူက်ိဳ႕သည္ အီစီကလီလုပ္ေနသည္ဟု ထပ္စြပ္စြဲမခံလိုသျဖင့္ သူမႏွင့္ လက္မအနည္းငယ္အကြာရွိ ထိုလူကို မထိမိရန္ ခက္ခက္ခဲခဲႀကိဳးလိုက္ရသည္။ ဒါသည္ လြန္စြာမွ်တမႈမရွိေခ်။
ထို႔အျပင္ လက္ရွိတြင္ သူမသည္ ႀကီးျမတ္လွသည့္သခင္ေလး၏မ်က္လုံးမ်ားကို မျမင္ရေခ်။
သူမသည္ သူမ၏သ႐ုပ္မွန္ႏွင့္ပတ္သတ္ၿပီး လုံၿခဳံမႈမရွိသည္ကို ခံစားေနရသည္။ အေၾကာင္းမွာ ႀကီးျမတ္လွသည့္သခင္ေလးသည္ ထိုအခ်ိန္အပိုင္းအျခားအတြင္း တစ္စုံတစ္ခုကို သတိျပဳသြားလိမ့္မည္လား သူမ ေသခ်ာမသိေခ်။
ထို႔ေၾကာင့္ သူမသည္ တစ္ခ်က္ကေလးမွ သတိလြတ္၍မျဖစ္ေခ်။
“စိတ္လႈပ္ရွားေနတာလား”
ထို ခပ္ဩဩ တည္ၾကည္သည့္ အသံက ပဲ့တင္ထြက္လာသည္။
ဖူက်ိဳ႕က ေအာ္ရယ္လိုက္သည္။
“ဘာလို႔ ျဖစ္ရမွာလဲ”
“မင္းရဲ႕ေက်ာက ေတာင့္တင္းေနၿပီးေတာ့ စိတ္မလႈပ္ရွားဘူးလို႔ ေျပာေနေသးတယ္”
ထို႔ေနာက္တြင္ ဖူက်ိဳ႕သည္ တစ္စုံတစ္ေယာက္က သူမေခါင္းကို ထိလိုက္သည္ကို ခံစားလိုက္ရသည္။
ႀကီးျမတ္လွသည့္သခင္ေလးသည္ ေလသံတိုးတိုးႏွင့္ ေျပာလိုက္သည္။
“မင္းေမ့သြားတာလား၊ မင္းအစ္ကိုႀကီးက စိတ္ပညာကို ေလ့လာခဲ့တယ္ဆိုတာကိုေလ”
ဖူက်ိဳ႕ ဝန္ခံလိုက္ေတာ့သည္။
“အင္းပါ၊ ဟုတ္တယ္၊ ဘာမွမျမင္ရေတာ့ ေနလို႔အဆင္မေျပဘူးေလ”
ခ်င္ေမာ့သည္ သူ႕မ်က္လုံးမ်ားကို နိမ့္ခ်လိဳက္ၿပီး သူ႕ေရွ႕တြင္ ညည္းၫူေနေသာေကာင္ေလးကို ၾကည့္ေနလိုက္ကာ ရယ္ခ်င္စိတ္ျဖစ္သြားသျဖင့္ သူ႕ႏႈတ္ခမ္းကို ေကြးကာ မသိမသာၿပဳံးလိုက္ေလသည္။
“အစ္ကိုေမာ့ နင္ေလး ၿပဳံးေနတာလား”
ဖူက်ိဳ႕သည္ သူမေခါင္းကို ေစာင္းလိုက္ၿပီး သူမ၏နားကို စြင့္ထားလိုက္သည္။
ခ်င္ေမာ့သည္ ‘အင္း’ဟုသာ ျပန္ေျဖလိုက္သည္။
သူသည္ အရာရာကို လုံးဝ ဖုံးကြယ္ဖို႔မႀကိဳးစားေနေခ်။ စိတ္ပညာကို ေလ့လာေသာသူမ်ားသည္ စကားမေျပာတတ္သူမ်ားျဖစ္သည္ဟု သူမ ခံစားလိုက္ရသည္။
သူမသည္ မသက္မသာျဖစ္လာသည္ႏွင့္အမွ် တစ္စုံတစ္ခုက သူမ၏နားကို လာထိလိုက္သည္ကို ခံစားလိုက္ရသည္။ ခံစားခ်က္သည္ ေအးစိမ့္ေနသျဖင့္ သူမသည္ ထိုအရာမွ ခ်က္ခ်င္း ဖယ္ခြာလိုစိတ္ ျဖစ္သြားေတာ့သည္။
သို႔ေသာ္ သူသည္ သူမကို ျပန္ဆြဲထားလိုက္သည္။
နားၾကပ္တစ္ခုျဖစ္ေနသည္။
သူက သူမကို ဘာလို႔ သူ႕နားၾကပ္ကို ေပးတာပါလိမ့္။
ခ်င္ေမာ့သည္ ေကာင္ေလး၏ ေတြေဝသြားသည့္မ်က္ႏွာကို ၾကည့္လိုက္ေလသည္။
ထိုေနာက္ သူသည္ သူ၏သြယ္လ်ေသာလက္ေခ်ာင္းျဖင့္ သီခ်င္းဖြင့္သည့္ခလုတ္ကို ဖိလိုက္ၿပီး အသံကို အျမင့္ဆုံး တင္ထားလိုက္သည္။
နားၾကပ္မွလာေသာ ခ်ိဳၿမိန္ဖြယ္သီခ်င္းသံတစ္ခုသည္ ခ်က္ခ်င္းပင္ အေမွာင္ထုကို ပ်ယ္လြင့္သြားေစၿပီး အျပစ္ဆိုဖြယ္မရွိေသာ ခပ္ဩဩအသံတစ္ခုက သူမ၏ေခါင္းထဲ ဝင္လာေတာ့သည္။ အီစြန္းခ်န္၏ သီခ်င္းျဖစ္ၿပီး စိတ္အာ႐ုံကို ေျပေလ်ာ့ေစေလသည္။
...