အပိုင်း (၃၀၃) ချိုမြိန်လွန်းတဲ့စုံတွဲသကြားလုံး
ဖူကျို့က မျက်လုံးလိမ်းခရင်မ်နှင့် မျက်စဥ်းဆေးကိုသာ တောင်းလိုက်သော်လည်း တိုကျိုမှ ဆရာဝန်များသည် အလွန်ဂရုစိုက်တတ်ကြသည်။
ထိုဆရာဝန်သည် အလွန်တာဝန်သိစွာ သူမအတွက် အရောင်ကျဆေးအပါအဝင် ဆေးအများအပြားကို ညွှန်းပေးလိုက်သည်။
သူသည် ဆေးညွှန်းများကို ထပ်ကာထပ်ပေးနေလေလေ ဖူကျို့၏မျက်နှာမှာ ပို၍စိတ်ပျက်လာပုံပေါ်နေလေ ဖြစ်နေတော့သည်။
မျက်စဥ်းဆေးတစ်ပုလင်းသည် သူမ၏မျက်လုံးပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်သော်လည်း အရည်အသွေးမြင့် ကီးဘုတ်တစ်ခုဝယ်နိုင်လောက်သည့် ပမာဏကို ထုတ်ရှင်းလိုက်ရလေသည်။
ကြီးမြတ်လှသည့်သခင်လေးက သူမကို ဆေးရုံသို့ အမှန်တကယ် ခေါ်မလာချင်ခဲ့လျှင် သူသည် သူမအတွက် ကျင်းတစ်ခုတူးကာ ပစ်ချလိမ့်မည် ထင်ရသည်။
သို့သော် ကြီးမြတ်လှသည့်သခင်လေး စိတ်ရင်းနှင့် စိုးရိမ်နေပုံပေါက်နေသေးသည်။
ထို့အပြင် သူသည် တကယ့် အစ်ကိုကြီးတစ်ယောက်လိုပြုမူနေပြီး သူ့ကြည်လင်သောအသံဖြင့် မေးခွန်းမျိုးစုံကို မေးနေလေသည်။
တိုကျိုမှဆရာဝန်များသည် အသေးစားဖျားနာမှုကို ဂရုတစိုက်ရှိသည့်သူများကို သဘောကျကြသည်။ သူသည် သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး သေချာချာမှာလိုက်လေသည်။
“ကွန်ပျူတာနဲ့ ဖုန်းဂိမ်းတွေကို အရမ်းမဆော့နဲ့နော်၊ ဒီနေ့ခေတ် လူငယ်တွေက ဒီလို အီလက်ထရွန်နစ် ပစ္စည်းကိုပဲ ကြိုက်ကြတာ”
ကွန်ပျူတာမကိုင်ရဘူးဟုတ်လား
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ကွန်ပျူတာကိုင်ခွင့် ဆုံးရှုံးလိုက်ရတာက ဖူကျို့လို ဟက်ကာတစ်ယောက်တွက် အစာဖြတ်ခံရတာထက် ဆိုးသေးတယ်။
ကြီးမြတ်လှတဲ့သခင်လေးလဲ ဘယ်လိုမှ သဘောတူမှာမဟုတ်ဘူး။
သူတို့ရဲ့ချစ်ကြည်ရေးပွဲကလဲ နောက်နှစ်ရက်လောက်နေရင် လုပ်တော့မှာလေ။
ဒါပေမဲ့ ဘယ်သူထင်မိမှာလဲ...
ကြီးမြတ်လှတဲ့သခင်လေးက သူ့အံ့ဩမှုတွေကို ဖုံးကွယ်ထားလိုက်ပြီး...
သုန်မှုန်တဲ့လေသံနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ် ‘ဟုတ်ကဲ့ပါ’တဲ့လေ။
ထိုဆရာဝန်ကြီးသည် သူ့ကို တလေးတစားနှင့် ချစ်ခင်စွာ သတိပေးလိုက်လေသည်။
“သူ့ အစားအသောက်ကိုလဲ ဂရုစိုက်ပေးလိုက်နော်၊ သူ အမဲသား သိုးသား စားလို့မရဘူး၊ အစပ်စာတွေရောပဲ”
ဖူကျို့ : “...”
ဟော့ပေါ့ကြိုက်တဲ့သူကို အမဲသား၊ သိုးသား နဲ့ အစပ်စာတွေမစားရဘူးလို့ ဘယ်လိုများ တောင်းဆိုရဲရတာလဲ။
ငါလေးကို အငတ်ထားဖို့ စဥ်းစားနေတာလား။
ပိုအရေးကြီးသည်က သူမသည် ကြီးမြတ်လှသည့်သခင်လေးက တစ်စုံတစ်ယောက်နှင့် ပူးပေါင်းနေသည်ကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
သူသည် အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်လေသံနှင့် လိုက်နာလိုက်လေသည်။
“ ကျွန်တော် သူ့မျက်လုံးတွေကို ဂရုစိုက်လိုက်ပါ့မယ်”
ဤသို့ဖြင့် ဖူကျို့သည် ဆေးရုံမှထွက်လားပြီးနောက် နောက်သုံးရက်အတွင်း နှိုင်းယှဥ်လို့မရနိုင်သည့် အမှောင်နှင့်မျှော်လင့်ချက်မဲ့ခြင်းတို့က သူမကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရတော့သည်။
“အစ်ကိုမော့ ဒါက အဲလောက် မပြင်းထန်ပါဘူး”
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးကို လက်တွေ့ကျကျ နားချလိုက်သည်။
“ကျန်းမြို့က မီးခိုးငွေ့တွေနဲ့ ရာသီဥတုကြောင့်ပါ၊ ဒါက မဖြစ်စလောက် ပိုးဝင်တာလေးပါ၊ နောက်ရက်တွေကျရင် မျက်စဥ်းခတ်လိုက်ရင် သက်သာသွားမှာ၊ ချစ်ကြည်ရေးပွဲကလဲ လာတော့မယ် ဒါကြောင့် ငါလေး ကစားမှဖြစ်မှာ”
ချင်မော့သည် မထူးခြားပေ။ သူသည် စီးကရက်သောက်ချင်သော်လည်း “ပိုးဝင်တယ်” ဆိုသော စကားလုံးကို ကြားလိုက်ပြီးနောက် စီးကရက်ကို ပြန်သိမ်းလိုက်လေသည်။
“ ငါ မင်းအတွက် ကစားပေးမှာပေါ့”
ကြီးမြတ်လှသည့်သခင်လေးသည် မူလက ချစ်ကြည်ရေးပွဲကို ကစားရန် ရည်ရွယ်ချက်မရှိချေ။
ဒါက ချစ်ကြည်ရေးပွဲတစ်ခုပဲလေ။
ကြီးမြတ်လှတဲ့သခင်လေး ရှေ့ထွက်စရာမှမလိုတာ။
“မရဘူး”
ဖူကျို့ မာဆတ်ဆတ်နှင့် ငြင်းလိုက်သည်။
“ အစ်ကိုမော့ရဲ့လက်နဲ့ ယှဥ်ရင် ငါလေးရဲ့မျက်လုံးပိုးဝင်တာက ဘာမှမဟုတ်ဘူး”
ချင်မော့သည် သူ့လက်အကြောင်းကို လုံးဝမပြောချင်ပေ။
“ ဘယ်လက်ပဲဖြစ်တာ၊ လက်နှစ်ဖက်လုံး မဟုတ်ဘူး”
ဖူကျို့:”...”
ဒီတော့ သူက လက်တစ်ဖက်ထဲနဲ့ ကစားမှာလို့ ပြောချင်တာလား။
ကြီးမြတ်လှတဲ့သခင်လေးရယ် အဲစကားကိုပြောတုန်းက တခြားလူရဲ့ခံစားချက်ကိုရော ထည့်စဥ်းစားခဲ့ရဲ့လား။
လမ်းများပေါ်မှ တောက်ပသောအလင်းရောင်များသည် တဖြည်းဖြည်း မှိန်သွားသည်။
သူတို့နှစ်ယောက် ပြန်လာသောအခါ လမ်းပေါ်တွင် လူအနည်းငယ်သာရှိတော့သည်။ သူတို့ခြေထောက်အောက်မှ အရိပ်များသည် ဘေးဖက်သို့ ဆန့်ထွက်လာသည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ဖူကျို့၏ဖုန်း မြည်လာလေသည်။ သူမသည် အသိပေးစာများကို စစ်ရန် ဖုန်းကို ဆွဲထုတ်လိုက်သော်လည်း ကြီးမြတ်လှသည့်သခင်လေးက သူမဖုန်းကို လုယူလိုက်တော့သည်။
ဖူကျို့ ပြန်လှည့်ကြည့်လိုက်သည်။
ချင်မော့၏ နတ်ဘုရားဆန်ဆန်မျက်နှာက အေးချမ်းတည်ငြိမ်နေပြီး သူ့အသံသည် ခါတိုင်းလိုပင် ကြည်လင်နေကာ လုပ်ငန်းရှင်တစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်နေလေသည်။
“ အခုလေးတင် ဆရာဝန်ပြောလိုက်တာကို မေ့သွားပြီလား၊ မင်း ဂိမ်းဆော့တာကို သုံးရက်လောက်နားလိုက်”
သူသည် ဖုန်းကို အိပ်ရာပေါ်ပစ်တင်လိုက်ပြီး စကားပြောရင်း သူ့ ကုတ်အင်္ကျီကို ဇစ် ဆွဲချလိုက်သည်။
“ အခု ဆေးသွားထည့်တော့”
...
Zawgyi
အပိုင္း (၃၀၃) ခ်ိဳၿမိန္လြန္းတဲ့စုံတြဲသၾကားလုံး
ဖူက်ိဳ႕က မ်က္လုံးလိမ္းခရင္မ္ႏွင့္ မ်က္စဥ္းေဆးကိုသာ ေတာင္းလိုက္ေသာ္လည္း တိုက်ိဳမွ ဆရာဝန္မ်ားသည္ အလြန္ဂ႐ုစိုက္တတ္ၾကသည္။
ထိုဆရာဝန္သည္ အလြန္တာဝန္သိစြာ သူမအတြက္ အေရာင္က်ေဆးအပါအဝင္ ေဆးအမ်ားအျပားကို ၫႊန္းေပးလိုက္သည္။
သူသည္ ေဆးၫႊန္းမ်ားကို ထပ္ကာထပ္ေပးေနေလေလ ဖူက်ိဳ႕၏မ်က္ႏွာမွာ ပို၍စိတ္ပ်က္လာပုံေပၚေနေလ ျဖစ္ေနေတာ့သည္။
မ်က္စဥ္းေဆးတစ္ပုလင္းသည္ သူမ၏မ်က္လုံးျပႆနာကို အလြယ္တကူ ေျဖရွင္းနိုင္ေသာ္လည္း အရည္အေသြးျမင့္ ကီးဘုတ္တစ္ခုဝယ္နိုင္ေလာက္သည့္ ပမာဏကို ထုတ္ရွင္းလိုက္ရေလသည္။
ႀကီးျမတ္လွသည့္သခင္ေလးက သူမကို ေဆး႐ုံသို႔ အမွန္တကယ္ ေခၚမလာခ်င္ခဲ့လွ်င္ သူသည္ သူမအတြက္ က်င္းတစ္ခုတူးကာ ပစ္ခ်လိမ့္မည္ ထင္ရသည္။
သို႔ေသာ္ ႀကီးျမတ္လွသည့္သခင္ေလး စိတ္ရင္းႏွင့္ စိုးရိမ္ေနပုံေပါက္ေနေသးသည္။
ထို႔အျပင္ သူသည္ တကယ့္ အစ္ကိုႀကီးတစ္ေယာက္လိုျပဳမူေနၿပီး သူ႕ၾကည္လင္ေသာအသံျဖင့္ ေမးခြန္းမ်ိဳးစုံကို ေမးေနေလသည္။
တိုက်ိဳမွဆရာဝန္မ်ားသည္ အေသးစားဖ်ားနာမႈကို ဂ႐ုတစိုက္ရွိသည့္သူမ်ားကို သေဘာက်ၾကသည္။ သူသည္ သူ႕မ်က္မွန္ကို တြန္းတင္လိုက္ၿပီး ေသခ်ာခ်ာမွာလိုက္ေလသည္။
“ကြန္ပ်ဴတာနဲ႕ ဖုန္းဂိမ္းေတြကို အရမ္းမေဆာ့နဲ႕ေနာ္၊ ဒီေန႕ေခတ္ လူငယ္ေတြက ဒီလို အီလက္ထ႐ြန္နစ္ ပစၥည္းကိုပဲ ႀကိဳက္ၾကတာ”
ကြန္ပ်ဴတာမကိုင္ရဘူးဟုတ္လား
ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ
ကြန္ပ်ဴတာကိုင္ခြင့္ ဆုံးရႈံးလိုက္ရတာက ဖူက်ိဳ႕လို ဟက္ကာတစ္ေယာက္တြက္ အစာျဖတ္ခံရတာထက္ ဆိုးေသးတယ္။
ႀကီးျမတ္လွတဲ့သခင္ေလးလဲ ဘယ္လိုမွ သေဘာတူမွာမဟုတ္ဘူး။
သူတို႔ရဲ႕ခ်စ္ၾကည္ေရးပြဲကလဲ ေနာက္ႏွစ္ရက္ေလာက္ေနရင္ လုပ္ေတာ့မွာေလ။
ဒါေပမဲ့ ဘယ္သူထင္မိမွာလဲ...
ႀကီးျမတ္လွတဲ့သခင္ေလးက သူ႕အံ့ဩမႈေတြကို ဖုံးကြယ္ထားလိုက္ၿပီး...
သုန္မႈန္တဲ့ေလသံနဲ႕ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ေျဖလိုက္တယ္ ‘ဟုတ္ကဲ့ပါ’တဲ့ေလ။
ထိုဆရာဝန္ႀကီးသည္ သူ႕ကို တေလးတစားႏွင့္ ခ်စ္ခင္စြာ သတိေပးလိုက္ေလသည္။
“သူ႕ အစားအေသာက္ကိုလဲ ဂ႐ုစိုက္ေပးလိုက္ေနာ္၊ သူ အမဲသား သိုးသား စားလို႔မရဘူး၊ အစပ္စာေတြေရာပဲ”
ဖူက်ိဳ႕ : “...”
ေဟာ့ေပါ့ႀကိဳက္တဲ့သူကို အမဲသား၊ သိုးသား နဲ႕ အစပ္စာေတြမစားရဘူးလို႔ ဘယ္လိုမ်ား ေတာင္းဆိုရဲရတာလဲ။
ငါေလးကို အငတ္ထားဖို႔ စဥ္းစားေနတာလား။
ပိုအေရးႀကီးသည္က သူမသည္ ႀကီးျမတ္လွသည့္သခင္ေလးက တစ္စုံတစ္ေယာက္ႏွင့္ ပူးေပါင္းေနသည္ကို သူမ တစ္ခါမွ မျမင္ခဲ့ဖူးေခ်။
သူသည္ အေလးအနက္ ေခါင္းညိတ္ျပလိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ေလသံႏွင့္ လိုက္နာလိုက္ေလသည္။
“ ကြၽန္ေတာ္ သူ႕မ်က္လုံးေတြကို ဂ႐ုစိုက္လိုက္ပါ့မယ္”
ဤသို႔ျဖင့္ ဖူက်ိဳ႕သည္ ေဆး႐ုံမွထြက္လားၿပီးေနာက္ ေနာက္သုံးရက္အတြင္း ႏွိုင္းယွဥ္လို႔မရနိုင္သည့္ အေမွာင္ႏွင့္ေမွ်ာ္လင့္ခ်က္မဲ့ျခင္းတို႔က သူမကို ေစာင့္ႀကိဳေနသည္ကို ေတြ႕လိုက္ရေတာ့သည္။
“အစ္ကိုေမာ့ ဒါက အဲေလာက္ မျပင္းထန္ပါဘူး”
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလးကို လက္ေတြ႕က်က် နားခ်လိဳက္သည္။
“က်န္းၿမိဳ႕က မီးခိုးေငြ႕ေတြနဲ႕ ရာသီဥတုေၾကာင့္ပါ၊ ဒါက မျဖစ္စေလာက္ ပိုးဝင္တာေလးပါ၊ ေနာက္ရက္ေတြက်ရင္ မ်က္စဥ္းခတ္လိုက္ရင္ သက္သာသြားမွာ၊ ခ်စ္ၾကည္ေရးပြဲကလဲ လာေတာ့မယ္ ဒါေၾကာင့္ ငါေလး ကစားမွျဖစ္မွာ”
ခ်င္ေမာ့သည္ မထူးျခားေပ။ သူသည္ စီးကရက္ေသာက္ခ်င္ေသာ္လည္း “ပိုးဝင္တယ္” ဆိုေသာ စကားလုံးကို ၾကားလိုက္ၿပီးေနာက္ စီးကရက္ကို ျပန္သိမ္းလိုက္ေလသည္။
“ ငါ မင္းအတြက္ ကစားေပးမွာေပါ့”
ႀကီးျမတ္လွသည့္သခင္ေလးသည္ မူလက ခ်စ္ၾကည္ေရးပြဲကို ကစားရန္ ရည္႐ြယ္ခ်က္မရွိေခ်။
ဒါက ခ်စ္ၾကည္ေရးပြဲတစ္ခုပဲေလ။
ႀကီးျမတ္လွတဲ့သခင္ေလး ေရွ႕ထြက္စရာမွမလိုတာ။
“မရဘူး”
ဖူက်ိဳ႕ မာဆတ္ဆတ္ႏွင့္ ျငင္းလိုက္သည္။
“ အစ္ကိုေမာ့ရဲ႕လက္နဲ႕ ယွဥ္ရင္ ငါေလးရဲ႕မ်က္လုံးပိုးဝင္တာက ဘာမွမဟုတ္ဘူး”
ခ်င္ေမာ့သည္ သူ႕လက္အေၾကာင္းကို လုံးဝမေျပာခ်င္ေပ။
“ ဘယ္လက္ပဲျဖစ္တာ၊ လက္ႏွစ္ဖက္လုံး မဟုတ္ဘူး”
ဖူက်ိဳ႕:”...”
ဒီေတာ့ သူက လက္တစ္ဖက္ထဲနဲ႕ ကစားမွာလို႔ ေျပာခ်င္တာလား။
ႀကီးျမတ္လွတဲ့သခင္ေလးရယ္ အဲစကားကိုေျပာတုန္းက တျခားလူရဲ႕ခံစားခ်က္ကိုေရာ ထည့္စဥ္းစားခဲ့ရဲ႕လား။
လမ္းမ်ားေပၚမွ ေတာက္ပေသာအလင္းေရာင္မ်ားသည္ တျဖည္းျဖည္း မွိန္သြားသည္။
သူတို႔ႏွစ္ေယာက္ ျပန္လာေသာအခါ လမ္းေပၚတြင္ လူအနည္းငယ္သာရွိေတာ့သည္။ သူတို႔ေျခေထာက္ေအာက္မွ အရိပ္မ်ားသည္ ေဘးဖက္သို႔ ဆန့္ထြက္လာသည္။
ဟိုတယ္သို႔ ျပန္ေရာက္ေသာအခါ ဖူက်ိဳ႕၏ဖုန္း ျမည္လာေလသည္။ သူမသည္ အသိေပးစာမ်ားကို စစ္ရန္ ဖုန္းကို ဆြဲထုတ္လိုက္ေသာ္လည္း ႀကီးျမတ္လွသည့္သခင္ေလးက သူမဖုန္းကို လုယူလိုက္ေတာ့သည္။
ဖူက်ိဳ႕ ျပန္လွည့္ၾကည့္လိုက္သည္။
ခ်င္ေမာ့၏ နတ္ဘုရားဆန္ဆန္မ်က္ႏွာက ေအးခ်မ္းတည္ၿငိမ္ေနၿပီး သူ႕အသံသည္ ခါတိုင္းလိုပင္ ၾကည္လင္ေနကာ လုပ္ငန္းရွင္တစ္ေယာက္၏ ကိုယ္ေရာင္ကိုယ္ဝါကို ထုတ္လႊတ္ေနေလသည္။
“ အခုေလးတင္ ဆရာဝန္ေျပာလိုက္တာကို ေမ့သြားၿပီလား၊ မင္း ဂိမ္းေဆာ့တာကို သုံးရက္ေလာက္နားလိုက္”
သူသည္ ဖုန္းကို အိပ္ရာေပၚပစ္တင္လိုက္ၿပီး စကားေျပာရင္း သူ႕ ကုတ္အကၤ်ီကို ဇစ္ ဆြဲခ်လိဳက္သည္။
“ အခု ေဆးသြားထည့္ေတာ့”
...