နာကြည်းမှုတွေ လွင့်ပျယ်စေ...

By BlackLily_WhiteLily

120K 11.9K 366

"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun)... More

Just Information
Description
CH- 1
CH- 2
CH- 3
CH- 4
CH- 5
CH- 6
CH- 7
CH- 8
CH- 9
CH- 10
CH- 11
CH-12
CH- 13
CH- 14
CH- 15
Ch- 16
CH- 17
CH- 19
CH- 20
CH- 21
CH- 22
CH- 23
CH- 24
CH- 25
CH- 26
CH-27
CH- 28
CH- 29
CH- 30
CH- 31
CH- 32
CH- 33
CH- 34
CH- 35
CH- 36
CH- 37
CH- 38
CH- 39
CH- 40
CH- 41
CH- 42
CH- 43
CH-44
CH- 45
CH- 46
CH- 47
CH- 48
CH- 49
CH- 50
CH- 51
🎆🎆🎆Happy New Year🎆🎆🎆
CH-52
CH- 53
CH- 54
CH-55
CH- 56
Ch-57
CH- 58
CH-59
CH-60
CH-61
CH-62
CH- 63
CH-64
CH- 65
CH- 66
CH-67
CH-68
CH-69
CH-70
CH- 71
CH-72
CH- 73
CH- 74
CH- 75
CH-76
CH- 77
CH- 78
CH- 79
CH- 80
CH- 81
CH- 82
!!!!PAID GP!!!! (Complete)
Character list
CH- 83
CH- 84
CH- 85
CH- 86
CH- 87
CH-88
CH- 89
CH- 90
CH- 91
CH- 92
CH- 93
CH- 94
CH- 95
CH- 96
CH- 97
CH- 98
CH- 99
CH- 100
CH- 101
CH-102
CH-103
CH- 104
CH- 105
CH- 106
CH- 107
CH- 108
CH- 109
CH- 110
CH- 111
CH- 112 (part 1)
CH -112 (part 2)-Final
Book 1 Complete
📢📢📢Complete PDF 📚📚📚
About Mistaken Marriage Match Series

CH- 18

1.2K 133 2
By BlackLily_WhiteLily

အခန်း ၁၈ မြေခွေး၀န်ကြီးချုပ်

  ရထားလုံးတံခါးဘေးမှာ အေးခဲနေတဲ့ ကျွော့ချင်းက ​​အကျပ်ရိုက်နေတော့သည်။ သူမက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ထားလိုက်သည်။ သူမခါးမှာ ချည်ထားတဲ့ အစိမ်းရောင်ဖျော့ဖျော့ စကတ်ကို ပြန်သတိရလိုက်လိုက်တဲ့အခါမှာတော့ ကျွော့ချင်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမကိုယ်သူမ တိတ်တိတ်လေး သတိပေးနေသည်။ စိတ်အေးအေးထား၊ သူ သတိမထားမိလောက်ပါဘူး။

  ရထားလုံးအပေါ်ရှိ ရှီးယန်၏ သွယ်လျသော မျက်လုံးများကို မော့ကြည့်ရင်း ကျွော့ချင်းက သူမဘာသာ ထပ်တွေးမိပြန်သည်။ အဲ့တာကို သူ သတိမထားမိဘူးပြောရင် သရဲပဲ ယုံလိုက်မယ်။ သူမက သူမကိုယ်သူမ လှည့်စားနေမိမှန်း သူမ သိသော်လည်း ကျွော့ချင်းက ချောင်းအနည်းငယ်ဟန့်လိုက်ကာ သူမ၏ စကတ်ကို ဆွဲချရင်း နောက်သို့ ဆုတ်သွားလိုက်ပြီး သူမတက်နိုင်သလောက် အနူးညံအပျော့ဆုံးအသံဖြင့် "တောင်းပန်ပါတယ် ကျွန်မ... ရထားလုံးမှားသွားလို့ပါ"

  လို့ရှီးယန်က သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ ရှင်းလင်းသော အသံတိုးတိုးက အပြုံးရိပ်များဖြင့် ပြည့်နှက်နေကာ "မင်းက ဖြတ်သွားမိတာလို့ ငါလည်း ထင်ပါတယ်~"

  ကျွော့ချင်းရဲ့မျက်နှာက တင်းမာနေပြီး လို့ရှီးယန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

  သူမ ခေါင်းကို မော့လိုက်သောအခါ သူမလည်ပင်းတွင် အနီရောင်တောက်တောက်များ စွန်းထင်းနေသော သွေးကွက်များက ထင်ရှားစွာ ထွက်ပေါ်လာသည်။ လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး "မင်း ဒဏ်ရာ ရလာတာလား"

 ကျွော့ချင်းက မနာကျင်တော့ဘဲ လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပြီးနောက် သွေးများ ခဲလုနီးပါး တောင့်တင်းသွားကာ "ရပါတယ်၊ အရေပြားကို ချစ်မိရုံပါပဲ" ဟု အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။ ယခု သူမအတွက် အနာကျင်ဆုံးက ခါးဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ကုယွင်ကဲ့သို့သော မျိုးရိုးဗီဇပြောင်းလဲထားသော အမျိုးသမီးများမှလွဲ၍ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုအပြည့်နှင့် တိုက်ခိုက်မှုများက အမျိုးသမီးများအတွက် အမှန်တကယ် သင့်တော်မှု မရှိပေ။

  ကျွော့ချင်းက စိတ်ထဲမှာ ကျိန်ဆဲနေတုန်း တစ်စုံတစ်ယောက်က သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သလို ခံစားလိုက်ရသည်။ သူမ သတိဝင်လာတဲ့အချိန်မှာတော့ လို့ရှီးယန်က သူမကို ရထားလုံးရဲ့ ပျော့ပျောင်းတဲ့ ကုတင်ပေါ်ကို ဆွဲတင်ခံလိုက်ရတော့သည်။ သူမရဲ့လည်ပင်းနောက်ဘက်မှာ သွေးတွေအများကြီးရှိနေတာကို တွေ့ရတော့ လို့ရှီးယန်၏နှလုံးသားက တင်းကျပ်လာသည်။

  သူမ၏လက်ကောက်ဝတ်က အနည်းငယ်နာကျင်လာသဖြင့် ကျွော့ချင်းက လို့ရှီးယန်ကို ကြည့်လိုက်ရာ သူမ၏လည်ပင်းနောက်ဘက်သို့ နက်နက်နဲနဲ စိုက်ကြည့်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ မုတ်ဆိတ်မွေးနဲ့လူသားက သူမ တစ်ကိုယ်လုံးကို သွေးများဖြန်းပေးလိုက်သည်ကို သတိရသွားတော့ ကျွော့ချင်းက ခပ်မြန်မြန်ပြောလိုက်သည်၊ "ဒါက ကျွန်မရဲ့သွေးမဟုတ်ဘူး..!"

  လို့ရှီးယန်က သူမ၏ လည်ပင်းကို ညင်သာစွာ ပင့်တင်လိုက်ရာ သူမ၏ သွေးများသာမက ဒဏ်ရာများကိုပါ မြင်တွေ့ခဲ့ရသည်။

 ကျွော့ချင်းက လည်ပင်း အနည်းငယ် ယားယံသလို ခံစားလိုက်ရသည်။

  "မလှုပ်နဲ့" ကျွော့ချင်း၏ ပခုံးများက နစ်ဝင်သွားပြီး လို့ရှီးယန်က ပျော့ပျောင်းသော ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့၏ ကြည်လင်သောအသံက ယခင်ကလို နူးညံ့သိမ်မွေ့နေပေမယ့် အနည်းငယ် လေးနက်နေသည်။ လို့ရှီးယန်က ရထားလုံးပေါ်မှ အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကို ရှာတွေ့သွားပြီး သူက သူမမေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်ကာ အခြားလက်တစ်ဖက်ဖြင့် ပိုးလက်ကိုင်ပုဝါကို သူမလည်ပင်းတွင် ညင်သာစွာ ပတ်ပေးလိုက်သည်။ သူ့လက်က အနည်းငယ် အေးစက်နေသည်။ နှစ်ယောက်သားနီးကပ်လွန်းနေသဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ သင်းပျံ့နေသော စန္ဒကူးနံ့သာရနံ့ကိုပင် ခံစားမိနေကာ သာမန်အမျိုးသားသုံး ရေမွှေးများထက် အနံ့ပိုကောင်းနေသည်။ လို့ရှီးယန်၏ ပြီးပြည့်စုံလုနီးပါးရှိသော ပုံရိပ်က သူမ၏မျက်လုံးများရှေ့တွင် ပုံပေါ်နေပြီး ကျွော့ချင်းက အနည်းငယ် အသက်ရှုရခက်သလို ခံစားလိုက်ရသည်။ ဒါပေမယ့် အလှတရားကြောင့် သူမ လှည့်စားခံရတာကိုတော့ ဘယ်တော့မှ ဝန်မခံချင်ပါဘူး။ တင်းတင်းကြပ်ကြပ် ပတ်ပေးနေတဲ့ ပိုးလက်ကိုင်ပုဝါကြောင့်လို့ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်သည်။

ကျွော့ချင်းရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာပြီးရင်း တောင့်တင်းလာသလို ခံစားနေရချိန်တွင် လို့ရှီးယန်ရဲ့ နူတ်ခမ်းများက အနည်းငယ် ပျော့ပျောင်းလာပြီး ပင့်တက်သည်။ လို့ရှီးယန်ရဲ့ လှုပ်ရှားမှုတွေက ပိုနူးညံ့လာပြီး လက်ကိုင်ပဝါကိုချည်ဖို့ အချိန်အတော်ကြာနေသည်။

ကျွော့ချင်းက တိတ်တိတ်လေး ကျိန်ဆဲနေသည်။ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်နိုင်တယ်လေ။ ဒဏ်ရာကို ပတ်တီးနဲ့ စည်းဖို့ အချိန်အဲ့လောက် လိုအပ်လို့လား။! နောက်ဆုံးတွင် ပတ်တီးစည်းပြီးနောက် ကျွော့ချင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထကာ မတ်တပ်ထရပ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရင်သွားလိုက်တော့မယ်"

သူမက မီးခိုးရောင် ၀တ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ကြောင်း သူ သိထားရင်တောင်မှ သူမကို တားစရာအကြောင်းမရှိပါဘူး။

ဒါပေမယ့်......

  "ချင်းဖုန့်၊ မင်း ဒီလိုထွက်သွားတာကို ဧကရာဇ်မင်းသိသွားရင် မင်းရဲ့ညီမတွေ ထိခိုက်မှာကို ငါ ကြောက်တယ်၊ ဟောင်ယွဲ့တိုင်ပြည်လည်း အဆုံးသတ်သွားလိမ့်မယ်"

ကျွော့ချင်းတစ်ယောက် ရူးသွပ်လုမတတ်ဖြစ်သွားသည်။

  ကျွော့ချင်းက ဝမ်းနည်းပြီး ဒေါသထွက်နေသည်။ အဲဒီရွာသားတွေက လုံးဝကို မယုံကြည်နိုင်ဘူးဆိုတာ သူမ သိတယ်။ တကယ်ပဲ သူမကို သစ္စာဖောက်ခဲ့တယ်။ သူတို့ကို အရမ်းကာရော ကူညီတဲ့အတွက် ကျေးဇူးဆပ်လိုက်ကြတာပေါ့လေ။

 ကျွော့ချင်းက ဒေါသတကြီး ပြန်လှည့်ကြည့်လာပြီး အေးစက်စက်နဲ့ "ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား?"

သူမက ချင်းဖုန့်မဟုတ်ဘူး၊ ဒါကြောင့် သူမကို မခြိမ်းခြောက်တာက ပိုကောင်းပါတယ်။ သူမ ခြိမ်းခြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

  ရထားလုံးကို မှီပြီး တင်ပျဉ်ခွေထိုင်နေသော လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးကာ "ချင်းမိန်းခလေးက ငါ့ကို မှားယွင်းစွပ်စွဲနေတာပါ၊ ငါက လက်တွေ့မကျတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်တော့မှ မလုပ်ဘူး"

ဒီလို ပေါ့ပေါ့ပါးပါး အပြုအမူနဲ့ လို့ရှီးယန်က အောက်တန်းကျဟန်တူနေသော်လည်း ဆန့်ကျင်ဘက်တွင် သူက ပြေပြစ်ပြီး လွတ်လပ်ပေါ့ပါးနေသည်။

  ကံမကောင်းစွာနဲ့ပဲ ကျွော့ချင်းက အဲ့တာကို စိတ်မဝင်စားတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒီလူက ရန်လိုလွန်းတယ်။ သူမပြောသမျှကို မှတ်ထားပြီး အကုန် ပြန်ပြောနေသည်။

  စိတ်အေးအေးထား! စိတ်ကို ရှည်ရှည်ထား! ကျွော့ချင်းက မတည်မငြိမ်ဖြစ်တော့မည့် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း အသက်ကို ခပ်ပြင်းကြင်းရှူထုတ်လိုက်သည်။ သူမက လို့ရှီးယန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။ "ဒါဆိုရင်သခင်ကြီးလို့က ဘာကို ဆိုလိုချင်တာလဲ"

  သူမက ဒေါသကို ချုပ်တည်းဖို့ အစွမ်းကုန် ကြိုးစားနေတာကို မြင်တော့ လို့ရှီးယန်က တိတ်တိတ်လေး ကြည်နူးနေပြီး "တကယ်တော့ ချင်းသခင်မလေးက အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ မင်းကို ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ လာနေဖို့ ကိုယ် ဖိတ်ခေါ်ပါတယ်။ ကိုယ်က မင်းကို အရှက်မရစေချင်ပေမယ့် ဧကရာဇ်မင်းရဲ့ ကြင်နာမှုက အရမ်းကြီးမားတယ်။ ကိုယ်တို့ လို့မိသားစုက အဲ့တာကိုလက်ခံရမှာပါ၊ ခု ချင်းသခင်မလေးက ဒဏ်ရာရထားတယ်၊ အဲ့တာကို ကောင်းကောင်းဂရုစိုက်ဖို့ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို လိုက်ခဲ့ရပါမယ်၊ ဒီဝန်ကြီးချုပ်က မင်းရဲ့ညီမတွေနဲ့တွေ့ဖို့ စီစဉ်ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ၊ အဆင်​​ပြေတယ်မလား"

  ညီမတွေလား? သူမနဲ့ ကုယွင်က အတူတူ မူးလဲသွားခဲ့သည်။ ချင်းညီအစ်မတွေထဲက တစ်ယောက်က ကုယွင်ဖြစ်နိုင်မလား? အဲ့တာက ဖြစ်နိုင်ချေမများရင်တောင် ကျွော့ချင်းက သူမတို့ကို တွေ့ချင်နေတုန်းပဲ၊ သူမက အခွင့်အရေးကို လက်လွတ်မခံတက်ပါဘူး။ သူမက လို့ရှီးယန်ကို တိုက်ရိုက်ကြည့်လိုက်ကာ လေးလေးနက်နက် အသံနဲ့ မေးလိုက်သည်။ "သူတို့နဲ့ တွေ့ခွင့်ပေးမှာလား?"

  ငါးက ငါးမျှားချိတ်ကို လာချိတ်ပြီလေ။

  လို့ရှီးယန်က မျက်ခုံးမွှေးကို နူးညံ့သိမ်မွေ့စွာပင့်ကာ အလွန်လေးနက်သော လေသံဖြင့် ကျယ်လောင်စွာ ပြန်ပြောလာသည်။ "ဒီဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားပေးမှာပါ"

  ကျွော့ချင်းက မျက်လုံးများကို မှိတ်ထားပြီး ထိုကဲ့သို့ မပြည့်စုံသော အဖြေကို သူမ မည်သို့ ယုံရမည်ကို တွေးနေသည်။ "ကျွန်မသိချင်တာက တွေ့နိုင်မလား? မတွေ့နိုင်ဘူးလား"

  သူ့မျက်လုံးထဲမှာ စိတ်ဝင်စားပုံပေါ်တဲ့ အလင်းတန်းတွေ ပေါ်လာသည်။ ဒီကောင်မလေးက မတုံးဘူးပဲ။

 လို့ရှီးယန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး "တွေ့နိုင်တယ်"ဟု အခိုင်အမာ ပြန်ဖြေလိုက်သည်။ အဲဒါက မကြာခင်ပဲဖြစ်ဖြစ် နောက်ပိုင်းမှပဲဖြစ်ဖြစ် နောက်မှဖြစ်လာမယ့်ကိစ္စတွေပဲ ဖြစ်နေသည်။

  ခဏလောက်စဉ်းစားပြီးနောက် ကျွော့ချင်းက "ဝန်ကြီးချုပ်အိမ်တော်ကြီးကို ရောက်တဲ့အခါ ရှင့်ရဲ့ကိုယ်လုပ်တော်လုပ်ရမှာလား?"

  လို့ရှီးယန်က စိတ်ရင်းမှန်နဲ့ ပြုံးပြီး "ဟုတ်ပါတယ်၊ မင်းက ထူးထူးခြားခြား ဧည့်သည်တစ်ယောက်ပါ"

ဧကရာဇ်က သူ့ကို ဆုချပြီးပြီဖြစ်ကာ သူ့ဘက်ကလည်း ကိုယ်လုပ်တော်အဖြစ် အတည်ပြုပြီးသားပါ။ သူ့မှာ ဘာမှထပ်လုပ်ပေးနိုင်စရာ မရှိတော့ပါဘူး။

  "ဝန်ကြီးချုပ်အိမ်တော်တော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရမှာလား"

  လို့ရှီးယန်က အရာအားလုံးကို လျစ်လျူရှုထားကာ သဘောထားကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"

သူရဲ့ ကြီးကြပ်မှုအောက်ကနေ လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရနိင်ပါတယ်။

  ကျွော့ချင်းက တက်ကြွစွာနဲ့ "ကတိ!"

  သူမမှာ ရွေးချယ်စရာ လုံးဝမရှိပေ။သူမက ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး လို့ရှီးယန်က စက်ဝိုင်းကြီးတစ်ခုပြုလုပ်ကာ သူမကို ပိတ်ဆို့ရန်လာသည်ဟု ပြောစရာမလိုဘဲ သိနိုင်သည်။ သူမကို လွှတ်ပေးဖို့က လုံးဝ မဖြစ်နိုင်ပေ။ သူမကို လွှတ်ပေးလိုက်ရင်တောင် သူမ အေးအေအးဆေးဆေး မနေနိုင်ဘဲ ပိုက်ဆံရှာရမည်ဖြစ်သည်။ မျက်မှောက်ရေးရာကို သိတဲ့သူကသာ သူရဲကောင်းဆိုတဲ့ စကားအတိုင်း သူမ ခဏတာ စွန့်စားတာလိုက်တာက ပိုကောင်းနိုင်သည်။

  လို့ရှီးယန်၏ ထပ်လောင်းရှင်းပြချက်ကို ကြားပြီးနောက် ကျွော့ချင်းက သူမ အလွန်ပျော်ရွှင်နေမိသည်လားဟု တွေးမိသော်လည်း ယခုအချိန်တွင် သူမ ဘာမှ မပြောနိုင်သေးပါဘူး။

  "အိမ်တော်ကို ပြန်မယ်" စူးရှသော အသံက သခင်၏ခိုင်မာသော စိတ်နေသဘောထားကို ပြသနေသည်။

  "ဟုတ်ကဲ့"

  ရထားလုံးအပြင်ကနေ ထွက်လာတဲ့အသံကို ကြားတော့ ကျွော့ချင်းက အေးခဲသွားပြီး ကန့်လန့်ကာကို ညင်သာစွာ ဖွင့်လိုက်သည်။ ရထားလုံးအပြင်ဘက်မှာ မော့ဘိုင်က ဂုဏ်ယူစွာ ရပ်နေခဲ့သည်။ ကျွော့ချင်းကို မြင်လိုက်တဲ့အခါမှာတော့ သူ့မျက်နှာမှာ ဘာမှမထူးခြားတဲ့အမူအရာ ရှိပေမယ့် သူ့မျက်လုံးထဲမှာ စမတ်ကျတဲ့ လှောင်ပြောင်ချင်တဲ့ အရိပ်အယောင်တွေနဲ့ ရယ်မြူးရိပ်တွေ ရှိနေသည်။

  ယနေ့ဖြစ်ပျက်နေသော အရာအားလုံးက လို့ရှီးယန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်နိုင်လား... အေးစက်မှုတစ်ခုက သူမကျောရိုးအထိ ပြေးဆင်းသွားပြီး ကျွော့ချင်းက သူမ လှည့်စားခံရကြောင်း နားလည်လိုက်ရသည်။

  သူမသည် ကျားပါးစပ်ကနေ ထွက်လာပြီး ဝံပုလွေတွင်းသို့ ထပ်မံရောက်ရှိခဲ့သည် မဟုတ်လား...။

💖💖💖Thank you for taking the time to read my translation💖💖💖

အခန္း ၁၈ ေျမေခြး၀န္ႀကီးခ်ဳပ္

  ရထားလုံးတံခါးေဘးမွာ ေအးခဲေနတဲ့ ေကြၽာ့ခ်င္းက ​​အက်ပ္႐ိုက္ေနေတာ့သည္။ သူမက စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္းငုံ႔ထားလိုက္သည္။ သူမခါးမွာ ခ်ည္ထားတဲ့ အစိမ္းေရာင္ေဖ်ာ့ေဖ်ာ့ စကတ္ကို ျပန္သတိရလိုက္လိုက္တဲ့အခါမွာေတာ့ ေကြၽာ့ခ်င္းရဲ႕ မ်က္လုံးေတြ ေတာက္ပလာၿပီး သူမကိုယ္သူမ တိတ္တိတ္ေလး သတိေပးေနသည္။ စိတ္ေအးေအးထား၊ သူ သတိမထားမိေလာက္ပါဘူး။

  ရထားလုံးအေပၚရွိ ရွီးယန္၏ သြယ္လ်ေသာ မ်က္လုံးမ်ားကို ေမာ့ၾကည့္ရင္း ေကြၽာ့ခ်င္းက သူမဘာသာ ထပ္ေတြးမိျပန္သည္။ အဲ့တာကို သူ သတိမထားမိဘူးေျပာရင္ သရဲပဲ ယုံလိုက္မယ္။ သူမက သူမကိုယ္သူမ လွည့္စားေနမိမွန္း သူမ သိေသာ္လည္း ေကြၽာ့ခ်င္းက ေခ်ာင္းအနည္းငယ္ဟန႔္လိုက္ကာ သူမ၏ စကတ္ကို ဆြဲခ်ရင္း ေနာက္သို႔ ဆုတ္သြားလိုက္ၿပီး သူမတက္ႏိုင္သေလာက္ အႏူးညံအေပ်ာ့ဆုံးအသံျဖင့္ "ေတာင္းပန္ပါတယ္ ကြၽန္မ... ရထားလုံးမွားသြားလို႔ပါ"

  လို႔ရွီးယန္က သူ႔မ်က္ခုံးမ်ားကို အနည္းငယ္ ပင့္တင္လိုက္ၿပီး သူ၏ ရွင္းလင္းေသာ အသံတိုးတိုးက အၿပဳံးရိပ္မ်ားျဖင့္ ျပည့္ႏွက္ေနကာ "မင္းက ျဖတ္သြားမိတာလို႔ ငါလည္း ထင္ပါတယ္~"

  ေကြၽာ့ခ်င္းရဲ႕မ်က္ႏွာက တင္းမာေနၿပီး လို႔ရွီးယန္ကို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္။

  သူမ ေခါင္းကို ေမာ့လိုက္ေသာအခါ သူမလည္ပင္းတြင္ အနီေရာင္ေတာက္ေတာက္မ်ား စြန္းထင္းေနေသာ ေသြးကြက္မ်ားက ထင္ရွားစြာ ထြက္ေပၚလာသည္။ လို႔ရွီးယန္၏ မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းသြားကာ သူ႔မ်က္ႏွာက အနည္းငယ္ ေျပာင္းလဲသြားၿပီး "မင္း ဒဏ္ရာ ရလာတာလား"

 ေကြၽာ့ခ်င္းက မနာက်င္ေတာ့ဘဲ လည္ပင္းကို ညင္သာစြာ ပြတ္သပ္ၿပီးေနာက္ ေသြးမ်ား ခဲလုနီးပါး ေတာင့္တင္းသြားကာ "ရပါတယ္၊ အေရျပားကို ခ်စ္မိ႐ုံပါပဲ" ဟု အမွတ္တမဲ့ ျပန္ေျဖလိုက္သည္။ ယခု သူမအတြက္ အနာက်င္ဆုံးက ခါးျဖစ္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း၊ ကုယြင္ကဲ့သို႔ေသာ မ်ိဳး႐ိုးဗီဇေျပာင္းလဲထားေသာ အမ်ိဳးသမီးမ်ားမွလြဲ၍ ထိုကဲ့သို႔ ရက္စက္ၾကမ္းၾကဳတ္မႈအျပည့္ႏွင့္ တိုက္ခိုက္မႈမ်ားက အမ်ိဳးသမီးမ်ားအတြက္ အမွန္တကယ္ သင့္ေတာ္မႈ မရွိေပ။

  ေကြၽာ့ခ်င္းက စိတ္ထဲမွာ က်ိန္ဆဲေနတုန္း တစ္စုံတစ္ေယာက္က သူမရဲ႕ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္သလို ခံစားလိုက္ရသည္။ သူမ သတိဝင္လာတဲ့အခ်ိန္မွာေတာ့ လို႔ရွီးယန္က သူမကို ရထားလုံးရဲ႕ ေပ်ာ့ေပ်ာင္းတဲ့ ကုတင္ေပၚကို ဆြဲတင္ခံလိုက္ရေတာ့သည္။ သူမရဲ႕လည္ပင္းေနာက္ဘက္မွာ ေသြးေတြအမ်ားႀကီးရွိေနတာကို ေတြ႕ရေတာ့ လို႔ရွီးယန္၏ႏွလုံးသားက တင္းက်ပ္လာသည္။

  သူမ၏လက္ေကာက္ဝတ္က အနည္းငယ္နာက်င္လာသျဖင့္ ေကြၽာ့ခ်င္းက လို႔ရွီးယန္ကို ၾကည့္လိုက္ရာ သူမ၏လည္ပင္းေနာက္ဘက္သို႔ နက္နက္နဲနဲ စိုက္ၾကည့္ေနေသာ မ်က္လုံးမ်ားကို ေတြ႕လိုက္ရသည္။ မုတ္ဆိတ္ေမြးနဲ႔လူသားက သူမ တစ္ကိုယ္လုံးကို ေသြးမ်ားျဖန္းေပးလိုက္သည္ကို သတိရသြားေတာ့ ေကြၽာ့ခ်င္းက ခပ္ျမန္ျမန္ေျပာလိုက္သည္၊ "ဒါက ကြၽန္မရဲ႕ေသြးမဟုတ္ဘူး..!"

  လို႔ရွီးယန္က သူမ၏ လည္ပင္းကို ညင္သာစြာ ပင့္တင္လိုက္ရာ သူမ၏ ေသြးမ်ားသာမက ဒဏ္ရာမ်ားကိုပါ ျမင္ေတြ႕ခဲ့ရသည္။

 ေကြၽာ့ခ်င္းက လည္ပင္း အနည္းငယ္ ယားယံသလို ခံစားလိုက္ရသည္။

  "မလႈပ္နဲ႔" ေကြၽာ့ခ်င္း၏ ပခုံးမ်ားက နစ္ဝင္သြားၿပီး လို႔ရွီးယန္က ေပ်ာ့ေပ်ာင္းေသာ ကုတင္ေပၚတြင္ ျပန္ထိုင္လိုက္သည္။ သူ႔၏ ၾကည္လင္ေသာအသံက ယခင္ကလို ႏူးညံ့သိမ္ေမြ႕ေနေပမယ့္ အနည္းငယ္ ေလးနက္ေနသည္။ လို႔ရွီးယန္က ရထားလုံးေပၚမွ အျဖဴေရာင္လက္ကိုင္ပုဝါတစ္ထည္ကို ရွာေတြ႕သြားၿပီး သူက သူမေမးေစ့ကို လက္တစ္ဖက္ျဖင့္ ပင့္ကာ အျခားလက္တစ္ဖက္ျဖင့္ ပိုးလက္ကိုင္ပုဝါကို သူမလည္ပင္းတြင္ ညင္သာစြာ ပတ္ေပးလိုက္သည္။ သူ႔လက္က အနည္းငယ္ ေအးစက္ေနသည္။ ႏွစ္ေယာက္သားနီးကပ္လြန္းေနသျဖင့္ သူ႔ခႏၶာကိုယ္ေပၚမွ သင္းပ်ံ႕ေနေသာ စႏၵကူးနံ႔သာရနံ႔ကိုပင္ ခံစားမိေနကာ သာမန္အမ်ိဳးသားသုံး ေရေမႊးမ်ားထက္ အနံ႔ပိုေကာင္းေနသည္။ လို႔ရွီးယန္၏ ၿပီးျပည့္စုံလုနီးပါးရွိေသာ ပုံရိပ္က သူမ၏မ်က္လုံးမ်ားေရွ႕တြင္ ပုံေပၚေနၿပီး ေကြၽာ့ခ်င္းက အနည္းငယ္ အသက္ရႈရခက္သလို ခံစားလိုက္ရသည္။ ဒါေပမယ့္ အလွတရားေၾကာင့္ သူမ လွည့္စားခံရတာကိုေတာ့ ဘယ္ေတာ့မွ ဝန္မခံခ်င္ပါဘူး။ တင္းတင္းၾကပ္ၾကပ္ ပတ္ေပးေနတဲ့ ပိုးလက္ကိုင္ပုဝါေၾကာင့္လို႔ ျပတ္ျပတ္သားသား ေကာက္ခ်က္ခ်လိုက္သည္။

ေကြၽာ့ခ်င္းရဲ႕ ခႏၶာကိုယ္က ေတာင့္တင္းလာၿပီးရင္း ေတာင့္တင္းလာသလို ခံစားေနရခ်ိန္တြင္ လို႔ရွီးယန္ရဲ႕ ႏူတ္ခမ္းမ်ားက အနည္းငယ္ ေပ်ာ့ေပ်ာင္းလာၿပီး ပင့္တက္သည္။ လို႔ရွီးယန္ရဲ႕ လႈပ္ရွားမႈေတြက ပိုႏူးညံ့လာၿပီး လက္ကိုင္ပဝါကိုခ်ည္ဖို႔ အခ်ိန္အေတာ္ၾကာေနသည္။

ေကြၽာ့ခ်င္းက တိတ္တိတ္ေလး က်ိန္ဆဲေနသည္။ သူ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာျဖစ္ႏိုင္တယ္ေလ။ ဒဏ္ရာကို ပတ္တီးနဲ႔ စည္းဖို႔ အခ်ိန္အဲ့ေလာက္ လိုအပ္လို႔လား။! ေနာက္ဆုံးတြင္ ပတ္တီးစည္းၿပီးေနာက္ ေကြၽာ့ခ်င္းက ရွက္ကိုးရွက္ကန္းျဖင့္ ျပန္ထကာ မတ္တပ္ထရပ္လိုက္ၿပီး "ေက်းဇူးတင္ပါတယ္၊ ကြၽန္မ အရင္သြားလိုက္ေတာ့မယ္"

သူမက မီးခိုးေရာင္ ၀တ္စုံဝတ္ထားတဲ့ လူငယ္တစ္ေယာက္ျဖစ္ေၾကာင္း သူ သိထားရင္ေတာင္မွ သူမကို တားစရာအေၾကာင္းမရွိပါဘူး။

ဒါေပမယ့္......

  "ခ်င္းဖုန႔္၊ မင္း ဒီလိုထြက္သြားတာကို ဧကရာဇ္မင္းသိသြားရင္ မင္းရဲ႕ညီမေတြ ထိခိုက္မွာကို ငါ ေၾကာက္တယ္၊ ေဟာင္ယြဲ႕တိုင္ျပည္လည္း အဆုံးသတ္သြားလိမ့္မယ္"

ေကြၽာ့ခ်င္းတစ္ေယာက္ ႐ူးသြပ္လုမတတ္ျဖစ္သြားသည္။

  ေကြၽာ့ခ်င္းက ဝမ္းနည္းၿပီး ေဒါသထြက္ေနသည္။ အဲဒီ႐ြာသားေတြက လုံးဝကို မယုံၾကည္ႏိုင္ဘူးဆိုတာ သူမ သိတယ္။ တကယ္ပဲ သူမကို သစၥာေဖာက္ခဲ့တယ္။ သူတို႔ကို အရမ္းကာေရာ ကူညီတဲ့အတြက္ ေက်းဇူးဆပ္လိုက္ၾကတာေပါ့ေလ။

 ေကြၽာ့ခ်င္းက ေဒါသတႀကီး ျပန္လွည့္ၾကည့္လာၿပီး ေအးစက္စက္နဲ႔ "ရွင္ ကြၽန္မကို ၿခိမ္းေျခာက္ေနတာလား?"

သူမက ခ်င္းဖုန႔္မဟုတ္ဘူး၊ ဒါေၾကာင့္ သူမကို မၿခိမ္းေျခာက္တာက ပိုေကာင္းပါတယ္။ သူမ ၿခိမ္းေျခာက္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ။

  ရထားလုံးကို မွီၿပီး တင္ပ်ဥ္ေခြထိုင္ေနေသာ လို႔ရွီးယန္က ေပါ့ေပါ့ပါးပါး ၿပဳံးကာ "ခ်င္းမိန္းခေလးက ငါ့ကို မွားယြင္းစြပ္စြဲေနတာပါ၊ ငါက လက္ေတြ႕မက်တဲ့ ၿခိမ္းေျခာက္မႈေတြကို ဘယ္ေတာ့မွ မလုပ္ဘူး"

ဒီလို ေပါ့ေပါ့ပါးပါး အျပဳအမူနဲ႔ လို႔ရွီးယန္က ေအာက္တန္းက်ဟန္တူေနေသာ္လည္း ဆန႔္က်င္ဘက္တြင္ သူက ေျပျပစ္ၿပီး လြတ္လပ္ေပါ့ပါးေနသည္။

  ကံမေကာင္းစြာနဲ႔ပဲ ေကြၽာ့ခ်င္းက အဲ့တာကို စိတ္မဝင္စားတာကေတာ့ စိတ္မေကာင္းစရာပါပဲ။ ဒီလူက ရန္လိုလြန္းတယ္။ သူမေျပာသမွ်ကို မွတ္ထားၿပီး အကုန္ ျပန္ေျပာေနသည္။

  စိတ္ေအးေအးထား! စိတ္ကို ရွည္ရွည္ထား! ေကြၽာ့ခ်င္းက မတည္မၿငိမ္ျဖစ္ေတာ့မည့္ သူမ၏ စိတ္ကို တည္ၿငိမ္ေအာင္ ထိန္းထားရင္း အသက္ကို ခပ္ျပင္းၾကင္းရႉထုတ္လိုက္သည္။ သူမက လို႔ရွီးယန္၏ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ေဒါသတႀကီး ေမးလိုက္သည္။ "ဒါဆိုရင္သခင္ႀကီးလို႔က ဘာကို ဆိုလိုခ်င္တာလဲ"

  သူမက ေဒါသကို ခ်ဳပ္တည္းဖို႔ အစြမ္းကုန္ ႀကိဳးစားေနတာကို ျမင္ေတာ့ လို႔ရွီးယန္က တိတ္တိတ္ေလး ၾကည္ႏူးေနၿပီး "တကယ္ေတာ့ ခ်င္းသခင္မေလးက အရမ္းႀကီး စိတ္ပူေနစရာ မလိုပါဘူး။ မင္းကို ဝန္ႀကီးခ်ဳပ္ရဲ႕ အိမ္ေတာ္မွာ လာေနဖို႔ ကိုယ္ ဖိတ္ေခၚပါတယ္။ ကိုယ္က မင္းကို အရွက္မရေစခ်င္ေပမယ့္ ဧကရာဇ္မင္းရဲ႕ ၾကင္နာမႈက အရမ္းႀကီးမားတယ္။ ကိုယ္တို႔ လို႔မိသားစုက အဲ့တာကိုလက္ခံရမွာပါ၊ ခု ခ်င္းသခင္မေလးက ဒဏ္ရာရထားတယ္၊ အဲ့တာကို ေကာင္းေကာင္းဂ႐ုစိုက္ဖို႔ ဝန္ႀကီးခ်ဳပ္ရဲ႕အိမ္ေတာ္ကို လိုက္ခဲ့ရပါမယ္၊ ဒီဝန္ႀကီးခ်ဳပ္က မင္းရဲ႕ညီမေတြနဲ႔ေတြ႕ဖို႔ စီစဥ္ေပးႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားေပးမွာပါ၊ အဆင္​​ေျပတယ္မလား"

  ညီမေတြလား? သူမနဲ႔ ကုယြင္က အတူတူ မူးလဲသြားခဲ့သည္။ ခ်င္းညီအစ္မေတြထဲက တစ္ေယာက္က ကုယြင္ျဖစ္ႏိုင္မလား? အဲ့တာက ျဖစ္ႏိုင္ေခ်မမ်ားရင္ေတာင္ ေကြၽာ့ခ်င္းက သူမတို႔ကို ေတြ႕ခ်င္ေနတုန္းပဲ၊ သူမက အခြင့္အေရးကို လက္လြတ္မခံတက္ပါဘူး။ သူမက လို႔ရွီးယန္ကို တိုက္႐ိုက္ၾကည့္လိုက္ကာ ေလးေလးနက္နက္ အသံနဲ႔ ေမးလိုက္သည္။ "သူတို႔နဲ႔ ေတြ႕ခြင့္ေပးမွာလား?"

  ငါးက ငါးမွ်ားခ်ိတ္ကို လာခ်ိတ္ၿပီေလ။

  လို႔ရွီးယန္က မ်က္ခုံးေမႊးကို ႏူးညံ့သိမ္ေမြ႕စြာပင့္ကာ အလြန္ေလးနက္ေသာ ေလသံျဖင့္ က်ယ္ေလာင္စြာ ျပန္ေျပာလာသည္။ "ဒီဝန္ႀကီးခ်ဳပ္က အေကာင္းဆုံး ႀကိဳးစားေပးမွာပါ"

  ေကြၽာ့ခ်င္းက မ်က္လုံးမ်ားကို မွိတ္ထားၿပီး ထိုကဲ့သို႔ မျပည့္စုံေသာ အေျဖကို သူမ မည္သို႔ ယုံရမည္ကို ေတြးေနသည္။ "ကြၽန္မသိခ်င္တာက ေတြ႕ႏိုင္မလား? မေတြ႕ႏိုင္ဘူးလား"

  သူ႔မ်က္လုံးထဲမွာ စိတ္ဝင္စားပုံေပၚတဲ့ အလင္းတန္းေတြ ေပၚလာသည္။ ဒီေကာင္မေလးက မတုံးဘူးပဲ။

 လို႔ရွီးယန္က ျဖည္းညင္းစြာ ေခါင္းညိတ္ျပလိုက္ၿပီး "ေတြ႕ႏိုင္တယ္"ဟု အခိုင္အမာ ျပန္ေျဖလိုက္သည္။ အဲဒါက မၾကာခင္ပဲျဖစ္ျဖစ္ ေနာက္ပိုင္းမွပဲျဖစ္ျဖစ္ ေနာက္မွျဖစ္လာမယ့္ကိစၥေတြပဲ ျဖစ္ေနသည္။

  ခဏေလာက္စဥ္းစားၿပီးေနာက္ ေကြၽာ့ခ်င္းက "ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ႀကီးကို ေရာက္တဲ့အခါ ရွင့္ရဲ႕ကိုယ္လုပ္ေတာ္လုပ္ရမွာလား?"

  လို႔ရွီးယန္က စိတ္ရင္းမွန္နဲ႔ ၿပဳံးၿပီး "ဟုတ္ပါတယ္၊ မင္းက ထူးထူးျခားျခား ဧည့္သည္တစ္ေယာက္ပါ"

ဧကရာဇ္က သူ႔ကို ဆုခ်ၿပီးၿပီျဖစ္ကာ သူ႔ဘက္ကလည္း ကိုယ္လုပ္ေတာ္အျဖစ္ အတည္ျပဳၿပီးသားပါ။ သူ႔မွာ ဘာမွထပ္လုပ္ေပးႏိုင္စရာ မရွိေတာ့ပါဘူး။

  "ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ေတာ္ကို လြတ္လြတ္လပ္လပ္ ဝင္ထြက္လို႔ရမွာလား"

  လို႔ရွီးယန္က အရာအားလုံးကို လ်စ္လ်ဴရႈထားကာ သေဘာထားႀကီးစြာျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး ျပန္ေျဖလိုက္သည္။ "ေကာင္းၿပီ"

သူရဲ႕ ႀကီးၾကပ္မႈေအာက္ကေန လြတ္လြတ္လပ္လပ္ ဝင္ထြက္လို႔ရနိင္ပါတယ္။

  ေကြၽာ့ခ်င္းက တက္ႂကြစြာနဲ႔ "ကတိ!"

  သူမမွာ ေ႐ြးခ်ယ္စရာ လုံးဝမရွိေပ။သူမက ဒဏ္ရာမ်ားျဖင့္ျပည့္ႏွက္ေနၿပီး လို႔ရွီးယန္က စက္ဝိုင္းႀကီးတစ္ခုျပဳလုပ္ကာ သူမကို ပိတ္ဆို႔ရန္လာသည္ဟု ေျပာစရာမလိုဘဲ သိႏိုင္သည္။ သူမကို လႊတ္ေပးဖို႔က လုံးဝ မျဖစ္ႏိုင္ေပ။ သူမကို လႊတ္ေပးလိုက္ရင္ေတာင္ သူမ ေအးေအအးေဆးေဆး မေနႏိုင္ဘဲ ပိုက္ဆံရွာရမည္ျဖစ္သည္။ မ်က္ေမွာက္ေရးရာကို သိတဲ့သူကသာ သူရဲေကာင္းဆိုတဲ့ စကားအတိုင္း သူမ ခဏတာ စြန႔္စားတာလိုက္တာက ပိုေကာင္းႏိုင္သည္။

  လို႔ရွီးယန္၏ ထပ္ေလာင္းရွင္းျပခ်က္ကို ၾကားၿပီးေနာက္ ေကြၽာ့ခ်င္းက သူမ အလြန္ေပ်ာ္႐ႊင္ေနမိသည္လားဟု ေတြးမိေသာ္လည္း ယခုအခ်ိန္တြင္ သူမ ဘာမွ မေျပာႏိုင္ေသးပါဘူး။

  "အိမ္ေတာ္ကို ျပန္မယ္" စူးရွေသာ အသံက သခင္၏ခိုင္မာေသာ စိတ္ေနသေဘာထားကို ျပသေနသည္။

  "ဟုတ္ကဲ့"

  ရထားလုံးအျပင္ကေန ထြက္လာတဲ့အသံကို ၾကားေတာ့ ေကြၽာ့ခ်င္းက ေအးခဲသြားၿပီး ကန႔္လန႔္ကာကို ညင္သာစြာ ဖြင့္လိုက္သည္။ ရထားလုံးအျပင္ဘက္မွာ ေမာ့ဘိုင္က ဂုဏ္ယူစြာ ရပ္ေနခဲ့သည္။ ေကြၽာ့ခ်င္းကို ျမင္လိုက္တဲ့အခါမွာေတာ့ သူ႔မ်က္ႏွာမွာ ဘာမွမထူးျခားတဲ့အမူအရာ ရွိေပမယ့္ သူ႔မ်က္လုံးထဲမွာ စမတ္က်တဲ့ ေလွာင္ေျပာင္ခ်င္တဲ့ အရိပ္အေယာင္ေတြနဲ႔ ရယ္ျမဴးရိပ္ေတြ ရွိေနသည္။

  ယေန႔ျဖစ္ပ်က္ေနေသာ အရာအားလုံးက လို႔ရွီးယန္၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနျခင္းျဖစ္ႏိုင္လား... ေအးစက္မႈတစ္ခုက သူမေက်ာ႐ိုးအထိ ေျပးဆင္းသြားၿပီး ေကြၽာ့ခ်င္းက သူမ လွည့္စားခံရေၾကာင္း နားလည္လိုက္ရသည္။

  သူမသည္ က်ားပါးစပ္ကေန ထြက္လာၿပီး ဝံပုေလြတြင္းသို႔ ထပ္မံေရာက္ရွိခဲ့သည္ မဟုတ္လား...။

💖💖💖Thank you for taking the time to read my translation💖💖💖

Continue Reading

You'll Also Like

137K 16.1K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
119K 10.1K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
10.4K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
321K 11.6K 21
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...