အပိုင်း (၃၀၁) အနမ်းတဲ့လား
အမှန်ပင် ဖူကျို့သည် ချင်မော့၏လှုပ်ရှားမှုများကို တွေ့လိုက်၏။ သူမကို နှာခေါင်းအထိ တကိုယ်လုံးကို ဖုံးအုပ်ထားသော်လည်း သူမ မြင်ဖြစ်အာင် မြင်လိုက်သေးသည်။
ထို့ကြောင့် သူမသည် ကြီးမြတ်လှသည့် သခင်လေး၏မျက်နှာအမူအရာကို တိတိကျကျ မြင်လိုက်ရသည်။
သူဤမျှလောက် သုန်မှုန်နေသည်ကို ကြည့်လိုက်မိပြီး ဖူကျို့သည် သူ့ကို စနောက်ချင်စိတ် အနည်းငယ် ရုတ်တရက် ဖြစ်သွားတော့သည်။ ထို့ကြောင့် သူမသည် သူမ၏မာဖလာကို ပြင်လိုက်ပြီး သူတို့ကို ဝိုင်းရံထားသည့် အထက်တန်းကျောင်းက ကလေးများဘက်လှည့်လိုက်သည်။ သူမသည် နှုတ်ခမ်းကို ကွေးထားလိုက်ပြီး ချောမောကာ အီစီကလီအထာနှင့် စနောက်လိုက်တော့သည်။
“ နင်တို့တွေ ငါတို့ နမ်းတာကို ကြည့်ချင်လား”
သူမသည် မျက်နှာအပြည့်ဖော်ထားရန် မဆိုထားနှင့် တစ်ဝက်သာဖော်ထားလျှင်တောင် ချောမောနေပြီး ဖြစ်သည်။
တိုကျိုမြို့မှ မိန်းကလေးများပင် ထိုသွေးဆောင်မှုကို မခံစားနိုင်တော့ချေ။
ထို့အပြင် ကောင်လေးပြောလိုက်သောစကားမှာ တမင်လာစနေသလို ဖြစ်လွန်းနေသည်။
သူတို့က သူ့ကို နားလည်မှုမလွဲဘူးဆိုရင်...
သူတို့က သူတို့နမ်းတာကိုမြင်ချင်တာဆိုရင် သူတို့က တကယ်လုပ်ပြမှာမလို့လား။
အဲလိုလား။
ထို အထက်တန်းကျောင်းသူနှစ်ယောက်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မူးမေ့တော့မယောင် ဖြစ်သွားတော့သည်။ ထိုနောက် သူတို့သည် သူတို့စိတ်ကူးကို အခိုင်အမာ ဖော်ပြလိုက်ပြီး ခေါင်းညိတ်ပြ လိုက်ကြသည်။
ကောင်လေးပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက် ချင်မော့၏ကိုယ်ရောင်ကိုယ်ဝါသည် ပို၍ အေးစက်လာတော့သည်။ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး သူ့အကြည့်ဖြင့်ဖူကျို့ကို အေးခဲသွားစေကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်လောက်အောင် အလွန် အေးစက်စွာ ကြည့်နေတာ့သည်။
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးချင် ထိုသို့ဖြစ်သွားတိုင်း တစ်ခါလေးမှ မကြောက်ခဲ့ချေ။ ထို့ကြောင့် သူမသည် သူမ၏နှုတ်ခမ်းပါးလေးများကို ကွေးတင်ထားလိုက်ပြီး ထိုလူ၏ကော်လံကို ဆောင့်ဆွဲ လိုက်လေသည်။ နှစ်လိုဖွယ်အရိုင်းဆန်ပြီး ချစ်ခင်ရင်းနှီးသောအမူအရာနှင့် သူမ လက်တစ်ဖက်သည် ချင်မော့၏ မေးစေ့ကို အထူးတလည် ဖျစ်ထားပြီး သူမ၏မျက်နှာချောချောလေးကို လှည့်ကာ သူ့ကို နမ်းတော့မည့်ဟန် လုပ်လိုက်လေသည်။
သူတို့သည် အလွန်နီးကပ်လွန်းရာ သူတို့ကို ကြည့်နေသည့်သူတိုင်းသည် လေထဲတွင် ရင်းနှီးမှုကို ခံစားနိုင်လေသည်။
မိန်းကလေးများသည် ရူးသွားကြတော့သည်။
တိုက်ရိုက်လွှင့်တာ။ လက်ဖျားခါလောက်တဲ့အနမ်းခန်းတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗားရှင်း။
အမလေး
ဟင့်အင်း ဘာလို့ရပ်လိုက်တာလဲ။
သူ့ကို နမ်းလိုက်။ နမ်းလိုက်။
ဒါပေါ့ ဖူကျို့ သူ့ကို တကယ်နမ်းမှာမဟုတ်လေဘူး။
ကြီးမြတ်လှတဲ့သခင်လေးချင်က ရက်တွေအကြာကြီး သူမကို ဖိအားတွေပေးနေခဲ့တာ၊ ဒီတော့ သူက သူမကို အသေအလဲ စိတ်တိုနေတဲ့ သူ့မျက်နှာမဲကြီးကို လွမ်းလို့လေ။
ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး။
ကြီးမြတ်လှတဲ့သခင်လေးချင်က တစ်လက်မလေးတောင် မရွေ့သလို သူ နောက်လဲ ဆုတ်မသွားလေဘူး။
သူမသာ ကိုယ့်ဟာကိုယ် မထိန်းထားရင် သူ့ကို တကယ်နမ်းပြီးနေလောက်ပြီ...
ကြီးမြတ်လှတဲ့သခင်လေးက တကယ်ပဲ ဉာဏ်နီဉာဏ်နက်များတာပဲ။
သူက အခု အီစီကလီလုပ်ခံရပြီး စခံရတာတောင် စိတ်မဆိုးတော့ဘူးတဲ့လား။
သို့သော် သည်တစ်ကြိမ်တွင် ချင်မော့သည် မည်သည့် အကြံအစည်နှင့် အစီအစဥ်မှမရှိချေ။
သူသည် ကောင်လေး၏လက်ကောက်ဝတ်ကို ဘာကြောင့် မချိုးခဲ့မှန်း မသိတော့ချေ။
ထိုအစား သူသည် ကောင်လေးကို သူ့အနားအလွန်နီးကပ်သည်အထိ ကပ်ခွင့်ပြုထားလိုက်သေးသည်။
ဖူကျို့သည် ချိုချဥ်လေးလို ချိုမြမြ အနံ့ရှိပြီး ထိုရနံ့က သူ့ထံသို့ လေနှင့်အတူ ပါလာသောအခါ သူသည် လုံးဝ မရှောင်ရှားလိုဘဲ ပို၍သာလိုချင်နေမိသည်။
သူ့မျက်နှာ၏ဘယ်ဖက်၌ သူမက ခေါင်းကို မသိမသာ စောင်းလိုက်ချိန်တွင် သူမ၏ မြေခွေးသားမွေး ဦးထုပ်ကို ခံစားမိလိုက်သည်။ ထိုခံစားချက်သည် အလွန်သိမ်မွေ့ရာ သူသည် သည်အတိုင်း လျစ်လျူရှု လိုက်သင့်သော်လည်း နက်နက်ရှိုင်းရှိုင်း ခံစားနေမိတော့သည်။
အထူးသဖြင့် ကောင်လေး၏နှုတ်ခမ်းက သူ့နှုတ်ခမ်းပေါ် ကျလုနီးနီးအချိန်တွင် ချင်မော့၏စိတ်သည် မှိုင်းညို့နေပြီး တိမ်လို အုံ့မှိုင်းနေတော့သည်။
ချင်မော့သည် သူ့မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး သူအကြည့်က ထိုကောင်လေးဆီကို ကျရောက် သွားတော့သည်။
“သုံးအထိရေမယ် မင်းရဲ့လက်သည်းတွေကို ပြန်သိမ်းထားလိုက်.... တစ်...”
ကြီးမြတ်လှသည့်သခင်လေး၏ ခက်ထန်သောမျက်နှာထားသည် ကြုံတောင့်ကြုံခဲဖြစ်ရကား ဖူကျို့သည် မလှုပ်ချေ။
“အစ်ကိုမော့ စိတ်မဆိုးပါနဲ့၊ နင်လေးစိတ်ဆိုးတဲ့အချိန်ဆို မချောတော့ဘူး”
“သုံး”
ချင်မော့သည် နံပါတ်တိုင်းကို ထုတ်မရွတ်သည်မှာ သိသာလေသည်။ နံပါတ်များကို ရွတ်ပြီးနောက် သူသည် ကောင်လေး၏ ဦးထုပ်ကို သူ့ညာလက်ကိုသုံးကာ အားနှင့် ဆွဲဖိလိုက်တော့သည်။
ချက်ချင်းလိုပင် သူသည် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ရာ သူတို့၏နှုတ်ခမ်းများမှာ ဖိမိလုနီးပါး ဖြစ်သွားတော့သည်။
သူတို့သည် ၃စင်တီမီတာအကွာလောက်သာရှိရာ သူသည် ခေတ္တရပ်လိုက်ပြီး အေးစက်စက်အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ဒါက တစ်ယောက်ယောက်ကို မင်း နမ်းတဲ့ပုံစံလား၊ မင်း သင်ချင်တယ်ဆိုရင် ဒီကအစ်ကိုကြီးက မင်းကို သင်ပေးနိုင်ပါတယ်”
...
Zawgyi
အပိုင္း (၃၀၁) အနမ္းတဲ့လား
အမွန္ပင္ ဖူက်ိဳ႕သည္ ခ်င္ေမာ့၏လႈပ္ရွားမႈမ်ားကို ေတြ႕လိုက္၏။ သူမကို ႏွာေခါင္းအထိ တကိုယ္လုံးကို ဖုံးအုပ္ထားေသာ္လည္း သူမ ျမင္ျဖစ္အာင္ ျမင္လိုက္ေသးသည္။
ထို႔ေၾကာင့္ သူမသည္ ႀကီးျမတ္လွသည့္ သခင္ေလး၏မ်က္ႏွာအမူအရာကို တိတိက်က် ျမင္လိုက္ရသည္။
သူဤမွ်ေလာက္ သုန္မႈန္ေနသည္ကို ၾကည့္လိုက္မိၿပီး ဖူက်ိဳ႕သည္ သူ႕ကို စေနာက္ခ်င္စိတ္ အနည္းငယ္ ႐ုတ္တရက္ ျဖစ္သြားေတာ့သည္။ ထို႔ေၾကာင့္ သူမသည္ သူမ၏မာဖလာကို ျပင္လိုက္ၿပီး သူတို႔ကို ဝိုင္းရံထားသည့္ အထက္တန္းေက်ာင္းက ကေလးမ်ားဘက္လွည့္လိုက္သည္။ သူမသည္ ႏႈတ္ခမ္းကို ေကြးထားလိုက္ၿပီး ေခ်ာေမာကာ အီစီကလီအထာႏွင့္ စေနာက္လိုက္ေတာ့သည္။
“ နင္တို႔ေတြ ငါတို႔ နမ္းတာကို ၾကည့္ခ်င္လား”
သူမသည္ မ်က္ႏွာအျပည့္ေဖာ္ထားရန္ မဆိုထားႏွင့္ တစ္ဝက္သာေဖာ္ထားလွ်င္ေတာင္ ေခ်ာေမာေနၿပီး ျဖစ္သည္။
တိုက်ိဳၿမိဳ႕မွ မိန္းကေလးမ်ားပင္ ထိုေသြးေဆာင္မႈကို မခံစားနိုင္ေတာ့ေခ်။
ထို႔အျပင္ ေကာင္ေလးေျပာလိုက္ေသာစကားမွာ တမင္လာစေနသလို ျဖစ္လြန္းေနသည္။
သူတို႔က သူ႕ကို နားလည္မႈမလြဲဘူးဆိုရင္...
သူတို႔က သူတို႔နမ္းတာကိုျမင္ခ်င္တာဆိုရင္ သူတို႔က တကယ္လုပ္ျပမွာမလို႔လား။
အဲလိုလား။
ထို အထက္တန္းေက်ာင္းသူႏွစ္ေယာက္သည္ စိတ္လႈပ္ရွားလြန္းသျဖင့္ မူးေမ့ေတာ့မေယာင္ ျဖစ္သြားေတာ့သည္။ ထိုေနာက္ သူတို႔သည္ သူတို႔စိတ္ကူးကို အခိုင္အမာ ေဖာ္ျပလိုက္ၿပီး ေခါင္းညိတ္ျပ လိုက္ၾကသည္။
ေကာင္ေလးေျပာလိုက္သည့္ စကားကို ၾကားလိုက္ၿပီးေနာက္ ခ်င္ေမာ့၏ကိုယ္ေရာင္ကိုယ္ဝါသည္ ပို၍ ေအးစက္လာေတာ့သည္။ လက္တစ္ဖက္ကို အိတ္ကပ္ထဲထည့္ၿပီး သူ႕အၾကည့္ျဖင့္ဖူက်ိဳ႕ကို ေအးခဲသြားေစကာ အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္သြားေစနိုင္ေလာက္ေအာင္ အလြန္ ေအးစက္စြာ ၾကည့္ေနတာ့သည္။
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္ ထိုသို႔ျဖစ္သြားတိုင္း တစ္ခါေလးမွ မေၾကာက္ခဲ့ေခ်။ ထို႔ေၾကာင့္ သူမသည္ သူမ၏ႏႈတ္ခမ္းပါးေလးမ်ားကို ေကြးတင္ထားလိုက္ၿပီး ထိုလူ၏ေကာ္လံကို ေဆာင့္ဆြဲ လိုက္ေလသည္။ ႏွစ္လိုဖြယ္အရိုင္းဆန္ၿပီး ခ်စ္ခင္ရင္းႏွီးေသာအမူအရာႏွင့္ သူမ လက္တစ္ဖက္သည္ ခ်င္ေမာ့၏ ေမးေစ့ကို အထူးတလည္ ဖ်စ္ထားၿပီး သူမ၏မ်က္ႏွာေခ်ာေခ်ာေလးကို လွည့္ကာ သူ႕ကို နမ္းေတာ့မည့္ဟန္ လုပ္လိုက္ေလသည္။
သူတို႔သည္ အလြန္နီးကပ္လြန္းရာ သူတို႔ကို ၾကည့္ေနသည့္သူတိုင္းသည္ ေလထဲတြင္ ရင္းႏွီးမႈကို ခံစားနိုင္ေလသည္။
မိန္းကေလးမ်ားသည္ ႐ူးသြားၾကေတာ့သည္။
တိုက္ရိုက္လႊင့္တာ။ လက္ဖ်ားခါေလာက္တဲ့အနမ္းခန္းတစ္ခုရဲ႕ တိုက္ရိုက္ထုတ္လႊင့္တဲ့ဗားရွင္း။
အမေလး
ဟင့္အင္း ဘာလို႔ရပ္လိုက္တာလဲ။
သူ႕ကို နမ္းလိုက္။ နမ္းလိုက္။
ဒါေပါ့ ဖူက်ိဳ႕ သူ႕ကို တကယ္နမ္းမွာမဟုတ္ေလဘူး။
ႀကီးျမတ္လွတဲ့သခင္ေလးခ်င္က ရက္ေတြအၾကာႀကီး သူမကို ဖိအားေတြေပးေနခဲ့တာ၊ ဒီေတာ့ သူက သူမကို အေသအလဲ စိတ္တိုေနတဲ့ သူ႕မ်က္ႏွာမဲႀကီးကို လြမ္းလို႔ေလ။
ဒါေပမဲ့ ဒီတစ္ခါေတာ့ မတူဘူး။
ႀကီးျမတ္လွတဲ့သခင္ေလးခ်င္က တစ္လက္မေလးေတာင္ မေ႐ြ႕သလို သူ ေနာက္လဲ ဆုတ္မသြားေလဘူး။
သူမသာ ကိုယ့္ဟာကိုယ္ မထိန္းထားရင္ သူ႕ကို တကယ္နမ္းၿပီးေနေလာက္ၿပီ...
ႀကီးျမတ္လွတဲ့သခင္ေလးက တကယ္ပဲ ဉာဏ္နီဉာဏ္နက္မ်ားတာပဲ။
သူက အခု အီစီကလီလုပ္ခံရၿပီး စခံရတာေတာင္ စိတ္မဆိုးေတာ့ဘူးတဲ့လား။
သို႔ေသာ္ သည္တစ္ႀကိမ္တြင္ ခ်င္ေမာ့သည္ မည္သည့္ အႀကံအစည္ႏွင့္ အစီအစဥ္မွမရွိေခ်။
သူသည္ ေကာင္ေလး၏လက္ေကာက္ဝတ္ကို ဘာေၾကာင့္ မခ်ိဳးခဲ့မွန္း မသိေတာ့ေခ်။
ထိုအစား သူသည္ ေကာင္ေလးကို သူ႕အနားအလြန္နီးကပ္သည္အထိ ကပ္ခြင့္ျပဳထားလိုက္ေသးသည္။
ဖူက်ိဳ႕သည္ ခ်ိဳခ်ဥ္ေလးလို ခ်ိဳျမျမ အနံ႕ရွိၿပီး ထိုရနံ႕က သူ႕ထံသို႔ ေလႏွင့္အတူ ပါလာေသာအခါ သူသည္ လုံးဝ မေရွာင္ရွားလိုဘဲ ပို၍သာလိုခ်င္ေနမိသည္။
သူ႕မ်က္ႏွာ၏ဘယ္ဖက္၌ သူမက ေခါင္းကို မသိမသာ ေစာင္းလိုက္ခ်ိန္တြင္ သူမ၏ ေျမေခြးသားေမြး ဦးထုပ္ကို ခံစားမိလိုက္သည္။ ထိုခံစားခ်က္သည္ အလြန္သိမ္ေမြ႕ရာ သူသည္ သည္အတိုင္း လ်စ္လ်ဴရႈ လိုက္သင့္ေသာ္လည္း နက္နက္ရွိုင္းရွိုင္း ခံစားေနမိေတာ့သည္။
အထူးသျဖင့္ ေကာင္ေလး၏ႏႈတ္ခမ္းက သူ႕ႏႈတ္ခမ္းေပၚ က်လဳနီးနီးအခ်ိန္တြင္ ခ်င္ေမာ့၏စိတ္သည္ မွိုင္းညို႔ေနၿပီး တိမ္လို အုံ႕မွိုင္းေနေတာ့သည္။
ခ်င္ေမာ့သည္ သူ႕မ်က္ခုံးမ်ားကို တြန့္ခ်ိဳးလိုက္ၿပီး သူအၾကည့္က ထိုေကာင္ေလးဆီကို က်ေရာက္ သြားေတာ့သည္။
“သုံးအထိေရမယ္ မင္းရဲ႕လက္သည္းေတြကို ျပန္သိမ္းထားလိုက္.... တစ္...”
ႀကီးျမတ္လွသည့္သခင္ေလး၏ ခက္ထန္ေသာမ်က္ႏွာထားသည္ ႀကဳံေတာင့္ႀကဳံခဲျဖစ္ရကား ဖူက်ိဳ႕သည္ မလႈပ္ေခ်။
“အစ္ကိုေမာ့ စိတ္မဆိုးပါနဲ႕၊ နင္ေလးစိတ္ဆိုးတဲ့အခ်ိန္ဆို မေခ်ာေတာ့ဘူး”
“သုံး”
ခ်င္ေမာ့သည္ နံပါတ္တိုင္းကို ထုတ္မ႐ြတ္သည္မွာ သိသာေလသည္။ နံပါတ္မ်ားကို ႐ြတ္ၿပီးေနာက္ သူသည္ ေကာင္ေလး၏ ဦးထုပ္ကို သူ႕ညာလက္ကိုသုံးကာ အားႏွင့္ ဆြဲဖိလိုက္ေတာ့သည္။
ခ်က္ခ်င္းလိုပင္ သူသည္ သူ႕ခႏၶာကိုယ္ကို လွည့္လိုက္ရာ သူတို႔၏ႏႈတ္ခမ္းမ်ားမွာ ဖိမိလုနီးပါး ျဖစ္သြားေတာ့သည္။
သူတို႔သည္ ၃စင္တီမီတာအကြာေလာက္သာရွိရာ သူသည္ ေခတၱရပ္လိုက္ၿပီး ေအးစက္စက္အၿပဳံးတစ္ခုႏွင့္ ေျပာလိုက္ေလသည္။
“ဒါက တစ္ေယာက္ေယာက္ကို မင္း နမ္းတဲ့ပုံစံလား၊ မင္း သင္ခ်င္တယ္ဆိုရင္ ဒီကအစ္ကိုႀကီးက မင္းကို သင္ေပးနိုင္ပါတယ္”
...