အပိုင်း(၃၀၀) နှစ်လိုဖွယ်စုံတွဲ
သည်ဘက်တွင်...
ဖူကျို့သည် ဂိမ်းကစားနေဆဲဖြစ်ပြီး သူမသည် ချင်မော့ကို မကြာခဏ စစ်ဆေးနေလေသည်။
အစပိုင်းတွင် ကြီးမြတ်လှသည့်သခင်လေးချင်သည် ဖုန်းကို တခြားနေရာတွင် သွားပြောရသည့်အကြောင်းအရင်းကို နားမလည်ခဲ့ချေ။
ယခုမူ သူသည် သူမကို သူပြောနေသည့်စကားများကို မကြားစေချင်သည်ကို သိလိုက်ရသည်။
ဟင်း....
သို့သော် သူမသည် နားပါးသူဖြစ်သဖြင့် တချို့အရာများကို ကြားလိုက်ရသေးသည်။
အလှမယ်လေး အန်း တဲ့လား။
ဒီလိုအခေါ်အဝေါ်မျိုးက ကြီးမြတ်လှတဲ့သခင်လေးချင်က တစ်စုံတစ်ယောက်ကို ပုံမှန်အတိုင်း ခေါ်တဲ့ပုံမျိုးတော့ မဟုတ်လေဘူး။
သူ အခု ဖုန်းပြောနေတဲ့ပုံကလဲ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့မျက်လုံးတွေက ထူးထူးခြား ပြောင်းလဲသွားတာလဲမရှိဘူး။
သူ့မျက်လုံးတွေထဲမှာ နူးညံ့မှုတွေ မသိမသာဖြစ်နေတာကပဲ ထူးဆန်းနေသလိုလို။
သူ့ရည်းစားများလား။
ဖူကျို့သည် သူမ၏ခေါင်းကို ငဲ့ပြီး စဥ်းစားနေလေသည်။
သူမ သတိပြန်ဝင်လာသောအခါ သူမ၏ရှေ့တွင် အခွံခွာပြီးသား တုတ်ထိုးချိုချဥ်ကို မြင်လိုက်ရသည်။ ထို့အပြင် ချောကလက်အရသာဖြစ်နေသည်။
ကြီးမြတ်လှသည့်သခင်လေးချင်၏လှည့်ကွက်သည် သူမကို မကြာခဏ ချိုချဥ်ကျွေးခြင်းဖြစ်လေသည်....
မည်သို့ဆိုစေ ဖူကျို့သည် ထိုကိစ္စမှာ အမြတ်ထုတ်ရပေလိမ့်မည်။ သူမသည် ဘေးကို ကြည့်လိုက်ပြီး ချိုချုဥ်ကို သူမပါးစပ်ထဲထည့်ရန်ပြင်လိုက်သည်။
သို့သော် ကြီးမြတ်လှသည့်သခင်လေးချင်သည် ရုတ်တရက် သူမ၏မေးစေ့ကို ပင့်လိုက်လေသည်။
ဖူကျို့ မျက်မှောင်ကျုံ့သွား၏။ သူမသည် သူ့ကို ရှောင်ချင်ပါသော်လည်း သူ့အကြည့်အောက်တွင် အချိန်ကြာကြာ ပိတ်မိနေလေသည်။
ထို့အခိုက်အတန့်တွင် သူမ နှလုံးခုန်းနှုန်း ရပ်သွားတော့သည်။
သူ သိသွားပြီလား။
မဖြစ်နိုင်ဘူး။
ငါ ဘာမှ မှ မလုပ်ထားတာ။
သို့သော် သူမျက်လုံးများသည် အဖြေရှာမရနိုင်လောက်အောင် သူမ၏မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
ဖူကျို့သည် သူမတကိုယ်လုံး ကျဥ်တက်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် သူမ၏မျက်နှာနှင့် နီးကပ်လွန်းသဖြင့် သူရှူထုတ်လိုက်သည့်လေကိုပင် ခံစားနေမိသည်။
အချိန်ရပ်သွားပြီး အရာအားလုံး အနှေးပြကွက်တခုနှယ် ဖြစ်သွားတော့သည်။
နာရီ၏ တစ်ချက်ချက်မြည်သံသည် သူမ၏နှလုံးခုန်နှုန်းနှင့် စည်းကျရောနေတော့သည်။
ဖူကျို့သည် ကမန်းကတန်း နည်းလမ်းတစ်ခုကို ကြိုးစားစဥ်းစားနေတော့သည်။
ထို့နောက်တွင် ထိုလူ၏အသံသည် အနည်းအေးစက်စွာ ဟိန်းထွက်လာတော့သည်။
“ မင်းမျက်လုံးတွေက ဘာဖြစ်တာလဲ”
“ဟမ်”
ဖူကျို့သည် လက်ကိုထုတ်လိုက်ပြီး သူမ၏မျက်လုံးကို စမ်းလိုက်သည်။
“ပိုးဝင်တာများလား၊ စခရင်ကို အကြာကြီး ကြည့်လိုက်လို့ထင်တယ် ဒါကြောင့် ရောင်လာတာနေမှာ”
ဪ သူ သူမရဲ့မေးစေ့ကို မ,လိုက်တာ ဒါကြောင့်ကိုး။ ကြီးမြတ်လှတဲ့သခင်လေးချင်ကတော့ လူကို ဘယ်လိုခြောက်ရမလဲ ကောင်းကောင်း သိတယ်။
ဒါပေမဲ့ ပုံမှန်အခြေအနေမှာဆိုရင်တော့ ဒီ စကားပြောတဲ့ပုံက လူကို တကယ်ပဲ စိတ်အနှောက်အယှက် ဖြစ်စေနိုင်တယ်။
လက်ရှိတွင် ဖူကျို့၏မျက်လုံးများသည် နဂိုအတိုင်းဖြစ်နေသည်။ ချင်မော့သည် ကုတ်အင်္ကျီတစ်ထည်ကို ဆွဲလိုက်ပြီး ကောင်လေး၏လက်ထဲသို့ ထိုးထည့်လိုက်သည်။
“ ဝတ်လိုက်၊ ငါတို့ မျက်စိဆေးခန်းသွားမယ်”
“မျက်စိပိုးဝင်တာအတွက်လဲ မျက်စိဆေးခန်းသွားစရာမလိုပါဘူး”
ဖူကျို့သည် သူမ၏မျက်လုံးကို သာမန်ပိုးဝင်ခြင်းဟုသာ စဥ်းစားထားသည်။ မျက်စဥ်းခတ်ဆေးထည့်လိုက်လျှင် ကောင်းသွားလိမ့်မည်။
သို့သော် အထူးသဖြင့် ကောင်လေး၏ကျန်းမာရေးနှင့် ပတ်သက်လျှင် ကြီးမြတ်လှသည့်သခင်လေးချင်သည် မည်သူတစ်ဦးတစ်ယောက်၏ ငြင်းပယ်ခြင်းကို အလွယ်တကူ လက်မခံတတ်ပေ။
သူသည် သူမကို ဆွဲလိုက်ပြီး သူမကို ကုတ်အင်္ကျီဝတ်ပေးလိုက်သည်။
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးချင်က သူမကို ဝတ်ပေးနေသည်ကို မြင်လိုက်သောကြောင့် ကိုယ်ကို ချက်ချင်း မတ်လိုက်ပြီး သူမကိုယ်သူ လုပ်နိုင်ကြောင်း ပြလိုက်လေသည်။
မထိသင့်တဲ့နေရာကို သွားထိမိရင် ဘယ်လိုလုပ်မလဲနော်။
ဖူကျို့၏မျက်လုံးများသည် နီနေသော်လည်း အနီးကပ်ကြည့်မှသာ မြင်ရသည်။
ချင်မော့သာ ထိုထူးခြားချက်ကို မြင်နိုင်သည်။
ဖူကျို့သည် ခေါင်းကို ငုံ့ကာ အနွေးထည်ဇစ်ကို ဆွဲတင်လိုက်၏။ အနွေးထည်တွင် သားမွေးဦးထုတ်ပါသဖြင့် သူမကို အထပ်ထပ်ထုပ်ထားသလို ထင်ရသည်။
သို့သော် သူတို့ ဟိုတယ်အပြင်ကို ရောက်လာပြီးနောက် ချင်မော့က ကောင်လေးကို လှည့်ကြည့်လိုက်သည်။
သူသည် သူ့မာဖလာကို ဖူကျို့၏လည်ပင်းတွင် ပတ်ပေးလိုက်၏။
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးချင်က ခရစ်စမတ်မရောက်သေးတာတောင် သူမကို ဝက်ဝံတစ်ကောင်တူအောင် ဆင်ပေးလေ့ရှိသည်ဟု အမြဲခံစားနေမိသည်။
တိုကျိုရှိ သူတို့၏ဟိုတယ် အနီးတွင် ဆေးရုံတစ်ခုရှိသည်။
သူတို့နေရာနှင့် မီတာ ၇၀၀ သာဝေးသောကြောင့် လှလှပပ စီတန်းနေသော စတိုးဆိုင်တန်းရှိသည့် မီးများလင်းထိန်နေသော လမ်းကို ဖြတ်သွားရန်သာလိုသည်။
နှစ်ယောက်သားသည် ဘေးချင်းယှဥ်လျှောက်လာပြီး လမ်းပေါ်မှာလူများသည် သူတို့၏ထူးခြားသော ရုပ်ရည်ကြောင့် သူတို့ကို ငေးကြည့်နေကြလေသည်။
တိုကျိုသည် အလွန်စည်ကားသောနေရာတစ်ခု ဖြစ််၏။
ပျော်ရွှင်အံ့ဩသံများကို ဟိုမှ သည်မှ ကြားနေရသည်။
သို့ရာတွင် ထိုအပြန်အလှန်ပြောစကားက ချင်မော့ကို သတိလက်လွတ်ဖြစ်သွားစေတော့သည်။
“ငါ တခါမှ ဒီလောက်ချစ်စရာကောင်းတဲ့စုံတွဲ မမြင်ဖူးသေးဘူး၊ သူတို့က အရမ်းကို လိုက်တာပဲနော်၊ အရပ်အမောင်းကလဲကွက်တိပဲ၊ သူတို့တွေ နမ်းနေတဲ့အချိန်ဆို သိပ်စိတ်ကူးယဥ်လို့ကောင်းမှာပဲ”
န....နမ်းတယ်တဲ့လား။
Zawgyi
အပိုင္း(၃၀၀) ႏွစ္လိုဖြယ္စုံတြဲ
သည္ဘက္တြင္...
ဖူက်ိဳ႕သည္ ဂိမ္းကစားေနဆဲျဖစ္ၿပီး သူမသည္ ခ်င္ေမာ့ကို မၾကာခဏ စစ္ေဆးေနေလသည္။
အစပိုင္းတြင္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္သည္ ဖုန္းကို တျခားေနရာတြင္ သြားေျပာရသည့္အေၾကာင္းအရင္းကို နားမလည္ခဲ့ေခ်။
ယခုမူ သူသည္ သူမကို သူေျပာေနသည့္စကားမ်ားကို မၾကားေစခ်င္သည္ကို သိလိုက္ရသည္။
ဟင္း....
သို႔ေသာ္ သူမသည္ နားပါးသူျဖစ္သျဖင့္ တခ်ိဳ႕အရာမ်ားကို ၾကားလိုက္ရေသးသည္။
အလွမယ္ေလး အန္း တဲ့လား။
ဒီလိုအေခၚအေဝၚမ်ိဳးက ႀကီးျမတ္လွတဲ့သခင္ေလးခ်င္က တစ္စုံတစ္ေယာက္ကို ပုံမွန္အတိုင္း ေခၚတဲ့ပုံမ်ိဳးေတာ့ မဟုတ္ေလဘူး။
သူ အခု ဖုန္းေျပာေနတဲ့ပုံကလဲ ႀကီးျမတ္လွတဲ့သခင္ေလးခ်င္ရဲ႕မ်က္လုံးေတြက ထူးထူးျခား ေျပာင္းလဲသြားတာလဲမရွိဘူး။
သူ႕မ်က္လုံးေတြထဲမွာ ႏူးညံ့မႈေတြ မသိမသာျဖစ္ေနတာကပဲ ထူးဆန္းေနသလိုလို။
သူ႕ရည္းစားမ်ားလား။
ဖူက်ိဳ႕သည္ သူမ၏ေခါင္းကို ငဲ့ၿပီး စဥ္းစားေနေလသည္။
သူမ သတိျပန္ဝင္လာေသာအခါ သူမ၏ေရွ႕တြင္ အခြံခြာၿပီးသား တုတ္ထိုးခ်ိဳခ်ဥ္ကို ျမင္လိုက္ရသည္။ ထို႔အျပင္ ေခ်ာကလက္အရသာျဖစ္ေနသည္။
ႀကီးျမတ္လွသည့္သခင္ေလးခ်င္၏လွည့္ကြက္သည္ သူမကို မၾကာခဏ ခ်ိဳခ်ဥ္ေကြၽးျခင္းျဖစ္ေလသည္....
မည္သို႔ဆိုေစ ဖူက်ိဳ႕သည္ ထိုကိစၥမွာ အျမတ္ထုတ္ရေပလိမ့္မည္။ သူမသည္ ေဘးကို ၾကည့္လိုက္ၿပီး ခ်ိဳခ်ဳဥ္ကို သူမပါးစပ္ထဲထည့္ရန္ျပင္လိုက္သည္။
သို႔ေသာ္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္သည္ ႐ုတ္တရက္ သူမ၏ေမးေစ့ကို ပင့္လိုက္ေလသည္။
ဖူက်ိဳ႕ မ်က္ေမွာင္က်ဳံ႕သြား၏။ သူမသည္ သူ႕ကို ေရွာင္ခ်င္ပါေသာ္လည္း သူ႕အၾကည့္ေအာက္တြင္ အခ်ိန္ၾကာၾကာ ပိတ္မိေနေလသည္။
ထို႔အခိုက္အတန႔္တြင္ သူမ ႏွလုံးခုန္းႏႈန္း ရပ္သြားေတာ့သည္။
သူ သိသြားၿပီလား။
မျဖစ္နိုင္ဘူး။
ငါ ဘာမွ မွ မလုပ္ထားတာ။
သို႔ေသာ္ သူမ်က္လုံးမ်ားသည္ အေျဖရွာမရနိုင္ေလာက္ေအာင္ သူမ၏မ်က္ႏွာကို စူးစူးရဲရဲ စိုက္ၾကည့္ေနေလသည္။
ဖူက်ိဳ႕သည္ သူမတကိုယ္လုံး က်ဥ္တက္သြားသည္ကို ခံစားလိုက္ရသည္။ သူသည္ သူမ၏မ်က္ႏွာႏွင့္ နီးကပ္လြန္းသျဖင့္ သူရႉထုတ္လိုက္သည့္ေလကိုပင္ ခံစားေနမိသည္။
အခ်ိန္ရပ္သြားၿပီး အရာအားလုံး အေႏွးျပကြက္တခုႏွယ္ ျဖစ္သြားေတာ့သည္။
နာရီ၏ တစ္ခ်က္ခ်က္ျမည္သံသည္ သူမ၏ႏွလုံးခုန္ႏႈန္းႏွင့္ စည္းက်ေရာေနေတာ့သည္။
ဖူက်ိဳ႕သည္ ကမန္းကတန္း နည္းလမ္းတစ္ခုကို ႀကိဳးစားစဥ္းစားေနေတာ့သည္။
ထို႔ေနာက္တြင္ ထိုလူ၏အသံသည္ အနည္းေအးစက္စြာ ဟိန္းထြက္လာေတာ့သည္။
“ မင္းမ်က္လုံးေတြက ဘာျဖစ္တာလဲ”
“ဟမ္”
ဖူက်ိဳ႕သည္ လက္ကိုထုတ္လိုက္ၿပီး သူမ၏မ်က္လုံးကို စမ္းလိုက္သည္။
“ပိုးဝင္တာမ်ားလား၊ စခရင္ကို အၾကာႀကီး ၾကည့္လိုက္လို႔ထင္တယ္ ဒါေၾကာင့္ ေရာင္လာတာေနမွာ”
ဪ သူ သူမရဲ႕ေမးေစ့ကို မ,လိုက္တာ ဒါေၾကာင့္ကိုး။ ႀကီးျမတ္လွတဲ့သခင္ေလးခ်င္ကေတာ့ လူကို ဘယ္လိုေျခာက္ရမလဲ ေကာင္းေကာင္း သိတယ္။
ဒါေပမဲ့ ပုံမွန္အေျခအေနမွာဆိုရင္ေတာ့ ဒီ စကားေျပာတဲ့ပုံက လူကို တကယ္ပဲ စိတ္အေႏွာက္အယွက္ ျဖစ္ေစနိုင္တယ္။
လက္ရွိတြင္ ဖူက်ိဳ႕၏မ်က္လုံးမ်ားသည္ နဂိုအတိုင္းျဖစ္ေနသည္။ ခ်င္ေမာ့သည္ ကုတ္အကၤ်ီတစ္ထည္ကို ဆြဲလိုက္ၿပီး ေကာင္ေလး၏လက္ထဲသို႔ ထိုးထည့္လိုက္သည္။
“ ဝတ္လိုက္၊ ငါတို႔ မ်က္စိေဆးခန္းသြားမယ္”
“မ်က္စိပိုးဝင္တာအတြက္လဲ မ်က္စိေဆးခန္းသြားစရာမလိုပါဘူး”
ဖူက်ိဳ႕သည္ သူမ၏မ်က္လုံးကို သာမန္ပိုးဝင္ျခင္းဟုသာ စဥ္းစားထားသည္။ မ်က္စဥ္းခတ္ေဆးထည့္လိုက္လွ်င္ ေကာင္းသြားလိမ့္မည္။
သို႔ေသာ္ အထူးသျဖင့္ ေကာင္ေလး၏က်န္းမာေရးႏွင့္ ပတ္သက္လွ်င္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္သည္ မည္သူတစ္ဦးတစ္ေယာက္၏ ျငင္းပယ္ျခင္းကို အလြယ္တကူ လက္မခံတတ္ေပ။
သူသည္ သူမကို ဆြဲလိုက္ၿပီး သူမကို ကုတ္အကၤ်ီဝတ္ေပးလိုက္သည္။
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္က သူမကို ဝတ္ေပးေနသည္ကို ျမင္လိုက္ေသာေၾကာင့္ ကိုယ္ကို ခ်က္ခ်င္း မတ္လိုက္ၿပီး သူမကိုယ္သူ လုပ္နိုင္ေၾကာင္း ျပလိုက္ေလသည္။
မထိသင့္တဲ့ေနရာကို သြားထိမိရင္ ဘယ္လိုလုပ္မလဲေနာ္။
ဖူက်ိဳ႕၏မ်က္လုံးမ်ားသည္ နီေနေသာ္လည္း အနီးကပ္ၾကည့္မွသာ ျမင္ရသည္။
ခ်င္ေမာ့သာ ထိုထူးျခားခ်က္ကို ျမင္နိုင္သည္။
ဖူက်ိဳ႕သည္ ေခါင္းကို ငုံ႕ကာ အေႏြးထည္ဇစ္ကို ဆြဲတင္လိုက္၏။ အေႏြးထည္တြင္ သားေမြးဦးထုတ္ပါသျဖင့္ သူမကို အထပ္ထပ္ထုပ္ထားသလို ထင္ရသည္။
သို႔ေသာ္ သူတို႔ ဟိုတယ္အျပင္ကို ေရာက္လာၿပီးေနာက္ ခ်င္ေမာ့က ေကာင္ေလးကို လွည့္ၾကည့္လိုက္သည္။
သူသည္ သူ႕မာဖလာကို ဖူက်ိဳ႕၏လည္ပင္းတြင္ ပတ္ေပးလိုက္၏။
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလးခ်င္က ခရစ္စမတ္မေရာက္ေသးတာေတာင္ သူမကို ဝက္ဝံတစ္ေကာင္တူေအာင္ ဆင္ေပးေလ့ရွိသည္ဟု အၿမဲခံစားေနမိသည္။
တိုက်ိဳရွိ သူတို႔၏ဟိုတယ္ အနီးတြင္ ေဆး႐ုံတစ္ခုရွိသည္။
သူတို႔ေနရာႏွင့္ မီတာ ၇၀၀ သာေဝးေသာေၾကာင့္ လွလွပပ စီတန္းေနေသာ စတိုးဆိုင္တန္းရွိသည့္ မီးမ်ားလင္းထိန္ေနေသာ လမ္းကို ျဖတ္သြားရန္သာလိုသည္။
ႏွစ္ေယာက္သားသည္ ေဘးခ်င္းယွဥ္ေလွ်ာက္လာၿပီး လမ္းေပၚမွာလူမ်ားသည္ သူတို႔၏ထူးျခားေသာ ႐ုပ္ရည္ေၾကာင့္ သူတို႔ကို ေငးၾကည့္ေနၾကေလသည္။
တိုက်ိဳသည္ အလြန္စည္ကားေသာေနရာတစ္ခု ျဖစ္္၏။
ေပ်ာ္႐ႊင္အံ့ဩသံမ်ားကို ဟိုမွ သည္မွ ၾကားေနရသည္။
သို႔ရာတြင္ ထိုအျပန္အလွန္ေျပာစကားက ခ်င္ေမာ့ကို သတိလက္လြတ္ျဖစ္သြားေစေတာ့သည္။
“ငါ တခါမွ ဒီေလာက္ခ်စ္စရာေကာင္းတဲ့စုံတြဲ မျမင္ဖူးေသးဘူး၊ သူတို႔က အရမ္းကို လိုက္တာပဲေနာ္၊ အရပ္အေမာင္းကလဲကြက္တိပဲ၊ သူတို႔ေတြ နမ္းေနတဲ့အခ်ိန္ဆို သိပ္စိတ္ကူးယဥ္လို႔ေကာင္းမွာပဲ”
န....နမ္းတယ္တဲ့လား။