အပိုင်း(၂၉၅) ကြီးမြတ်လှတဲ့သခင်လေးချင် လှုပ်ရှားခြင်း
သို့သော်ငြား အထာပေးခံရသည့် သူတစ်ယောက်အနေဖြင့် ချင်မော့သည် သူ့မျက်ခုံးများကို ဘာမှမဖြစ်ဟန်နှင့် ပင့်ထားလိုက်ပြီးနောက် ပြုစားခံနေရာဟန်ရှိသည့် ဖုန်းရှန်ဆီမှ ကုတ်အင်္ကျီကို ယူလိုက်ပြီး ပုံမှန်အတိုင်း ကောင်လေးဆီသို့ ပစ်ပေးလိုက်လေသည်။
“ သင်ပေးတာ တော်တယ်၊ အပြင်မှာ အေးနေပြီ၊ ဝတ်ထားလိုက်၊ ခဏနေ ပြန်ကြမယ်”
နောက်တဖန်ချီးမွှမ်းခံလိုက်ရပြီးနောက် ဖူကျို့သည့် အလွန်ပျော်သွားတော့သည်။ ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကိုငုံလျက် သူမနောက်တွင်ရှိသော ရှူဂျိမျက်နှာထားကို ဂရုမစိုက်ဘဲ ကုတ်အင်္ကျီကို ဝတ်လိုက်၏။
“ရှန်းနန်အသင်းကကောင်တွေက ရပ်လိုက်”
ဆာကူရာအသင်းမှ ကစားသမားနှစ်ယောက်သည် သူတို့ကို ထွက်သွားလို့မရအောင် တားထားလေသည်။ ယနေ့ပြဿနာသာ အပြင်ကို ပျံ့သွားလျှင် သူတို့အသင်း၏ဂုဏ်သိက္ခာသည် ပျက်စီးပေတော့မည်။ သူတို့မျက်နှာကို ပြန်အဖတ်ဆယ်ရန်လုပ်ရမည်။
ဖူကျိူ့သည် လှည့်ကာ ပြုံးပြလိုက်ပြီး မသိမသာ သရော်လိုက်လေသည်။
“ ငါတို့က ရှန်းနန်အသင်းကလို့ မင်းကို ဘယ်သူပြောလဲ၊ ကြည့်ရတာ ဆာကူရာအသင်းကရထားတဲ့သတင်းက လုံးဝမတိကျတဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်သည်နှင့် ရှူဂျိသည် ရုတ်တရက် အရှုံးမှပြန်နိုးထကာ သတိလည်လာလေသည်။ သူမျက်လုံးကိုများကို ချက်ချင်း ကျဥ်းမြောင်းထားလိုက်ပြီး သူ့သူငယ်အိမ်များမှာလဲ ရှော့ခ်ရသွားသဖြင့် လည်နေတော့သည်။
“ရှန်းနန်အသင်းကမဟုတ်ဘူးတဲ့လား”
မဖြစ်နိုင်တာ။
ပြိုင်ပွဲမစခင်ကတောင် ဒီကောင် မောက်စ့်ကို ကိုင်ထားပြီး တချိန်လုံးဂိမ်းကစားနေတာ သူတွေ့ခဲ့တာပဲ။
အရမ်းလက်ရာမြောက်တာ။ အသိသာဆုံးအချက်က ကောင်လေးရဲ့လက်အမြန်နှုန်းပဲလေ။
အရမ်းမြန်ပြီး အရမ်းလဲလှတာ။
ကောင်လေေး စတားဂိမ်း ကစားတာကို ကြည့်ပြီးနောက်မှာတော့ သူက ဒီကောင်လေးနဲ့ သူရဲကောင်ဂိမ်းကို တစ်ပွဲလောက်ဆော့ချင်စိတ်တွေ တိုးလာတော့တာပဲ။
ပြီးတော့ တစ်ယောက်ချင်းပြိုင်ပဲမှာ သူ ဒီကောင်လေးနဲ့ ရင်ဆိုင်ရမယ်။
ဒါပေမဲ့ တရုတ်မှာ ရှန်းနန်က အရည်အချင်းအရှိဆုံးအသင်း မဟုတ်ဘူးလား။
ဒါဆို ဘယ်သူ ဖြစ်မှာတဲ့လဲ။
ထိုအရာများကိုစဥ်စားပြီးသည့်နောက် ရှူဂျိသည် မအော်ပဲမနေနိုင်တော့ပေ။
“ဒါဆိုရင် မင်းတို့ တကယ်ပဲ ဘယ်အသင်းကလဲကွ”
ဖူကျို့သည် ပြန်လှည့်မလာသေးပဲ သူမ၏ဘယ်ဖက်လက်ကို မြှောက်ကာ သူမ၏ကျောဘက်ကို ညွှန်ပြလိုက်လေသည်။
လေထဲတွင် လွှင့်နေသောကုတ်အင်္ကျီ၏ကျောပေါ်တွင် အလယ်တွင် စာလုံးအထူနှင့်လက်ရေးဆက်ရေးထားသော အနက်ရောင်သင်္ကေတတစ်ခုကိုရှိနေသည်။
ရှူဂျိသည် သူ့သိက္ခာကို တိမ်ဖုံးသွားအောင် လုပ်ခဲ့သည့်အသင်းကို မဆိုထားနှင့် တရုတ်စာလုံးများကိုလည်း အမှန်ပင် မသိချေ။
ဆာကူရာအသင်းကို ပြန်ရောက်ပြီးနောက် တရုတ်စာတတ်သော စီနီယာတစ်ယောက်ကို ထိုစာလုံးနှစ်လုံးကို ချရေးပြကာ မေးလိုက်လေသည်။
“Supreme အသင်း”
ထိုစီနီယာက ပြုံးလိုက်၏။
“ ဒါ ငါတို့နဲ့ ပြိုင်ရမဲ့ အသင့်မလား၊ ထူးဆန်းလိုက်တာ၊ မင်း ဘာလို့သူတို့နာမည်ကို ရေးပြတာလဲ”
ရှူဂျိသည် ပြန်မဖြေလိုက်ပဲ သူ့မျက်လုံးက စူးနက်လာကာ လက်ထဲကဘောပင်နှင့် စာရွက်ကို ခြစ်ပလိုက်တော့သည်။ ထိုနောက် သွေးဆာနေသောလေသံဖြင့် ရယ်လိုက်သည်။
“Supremeအသင်း တဲ့လား၊ အဲအသင်းက ထိပ်ဆုံး သုံးသင်းထဲတောင် မဝင်နိုင်ဘူးလား”
ဒီအရှက်ရခြင်းအတွက် လူကိုယ်တိုင် ပြန်ပေးဆပ်ရမယ်။
အမှန်တော့ ရှူဂျိက သူရဲကောင်းဂိမ်းကို စတားလိုက်ဂိမ်းထက် ပိုကောင်းကောင်း ကစားတတ်တယ်။
ဖူကျို့နဲ့ စတားလိုက်ပြိုင်ပွဲရဲ့ မူလရည်ရွယ်ချက်ကလဲ ဖူကျို့ကိုအထင်မကြီးဘူးဆိုတာကို ပြချင်လို့။
တခါတလေကျတော့လဲ မြင်းက မမျှော်လင့်ဘဲ ခွာလိပ်တတ်တာပဲ။
ဒါပေမဲ့ ဒါက အရေးမကြီးမပါဘူး၊။ တကယ့်အွန်လိုင်းဂိမ်းက ဘာလဲဆိုတာကို သူတို့သိသွားအောင် လုပ်ပေးရမှာပေါ့။
တဖက်တွက် ကာလီမိန်းကလေးများသည် Supremeအသင်းနှင့် ဟိုတယ်တစ်ခုထဲတွင် တည်းရန်သဘာတူညီမှုရထား၏။
သို့သော် အတွင်းရေးမှူးလျန်သည် သူတို့၏ခရီးစဥ် အပြောင်းအလဲအနည်းဖြစ်သွားသဖြင့် ကိုယ့်ဟာကို လေ့ကျင့်ရတော့မည်ဟု သွယ်ဝိုက်ပြောလာ၏။
ထိုသတင်းကို ကြားလိုက်သော လျိုလိသည် သူမ၏လက်ချောင်းများကို ဖြူဆွတ်သွားသည့်အထိ ဖျစ်ညစ်ထားသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးကို ဆောင်ထားသေးသည်။
“ဒါဆိုရင်တော့ ငါတို့ နိုင်ငံကို အရင်ပြန်နှင့်တော့မယ်နော်၊ နိုင်ငံအဆင့်ပြိုင်ပွဲမှာ ပြန်တွေ့ကြမယ်”
အတွင်းရေးမှူးလျန်သည် ဖူကျို့အစား ခေါင်းညိတ်ပြလိုက်ပြီး ထိုလူများကို ယဥ်ယဥ်ကျေးကျေးနှင့် အပြင်အထိ လိုက်ပို့လိုက်၏။
ဤသို့ဖြင့် ဖူကျို့သည် ပို၍သက်တောင့်သက်သာ ဖြစ်လာတော့သည်။ အဆုံးတွင် သူမသည် သူမ၏နောက်ကွယ်တွင် ကလိမ်ကကျစ်လုပ်ခဲ့သူများကို မနှစ်သက်ချေ။
တဖက်လူကသာ ထွက်မသွားခဲ့လျှင် သည်မိန်းကလေးများ၏ကွန်ပျူတာကို မဟက်ရန် အာမခံနိုင်တော့မည် မဟုတ်ချေ.....
ဖုန်းရှန်သည် ထိုကိစ္စနှင့်ပက်သက်ပြီး အများကြီးမတွေးချေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။
နောက်ဆုံးတော့ သူ့ညအိပ်ဝတ်စုံလေးနဲ့ လှေကားပေါ်တက်ပြီး သူ့အိုင်ဒေါနဲ့ အတူတူ အိပ်ရတော့မယ်လေ။
ည ၉နာရီ ၊ သူသည် သူ့ညအိပ်ဝတ်စုံကို ကျကျနနဝတ်စားလိုက်ပြီး အိပ်ရာပေါ်တွင်လဲလျေောင်းရင်း သူ့အိုင်ဒေါကို စောင့်နေလိုက်သည်။
တံခါးပွင့်လာပြီ....
Zawgyi
အပိုင္း(၂၉၅) ႀကီးျမတ္လွတဲ့သခင္ေလးခ်င္ လႈပ္ရွားျခင္း
သို႔ေသာ္ျငား အထာေပးခံရသည့္ သူတစ္ေယာက္အေနျဖင့္ ခ်င္ေမာ့သည္ သူ႕မ်က္ခုံးမ်ားကို ဘာမွမျဖစ္ဟန္ႏွင့္ ပင့္ထားလိုက္ၿပီးေနာက္ ျပဳစားခံေနရာဟန္ရွိသည့္ ဖုန္းရွန္ဆီမွ ကုတ္အကၤ်ီကို ယူလိုက္ၿပီး ပုံမွန္အတိုင္း ေကာင္ေလးဆီသို႔ ပစ္ေပးလိုက္ေလသည္။
“ သင္ေပးတာ ေတာ္တယ္၊ အျပင္မွာ ေအးေနၿပီ၊ ဝတ္ထားလိုက္၊ ခဏေန ျပန္ၾကမယ္”
ေနာက္တဖန္ခ်ီးမႊမ္းခံလိုက္ရၿပီးေနာက္ ဖူက်ိဳ႕သည့္ အလြန္ေပ်ာ္သြားေတာ့သည္။ ပါးစပ္ထဲတြင္ တုတ္ထိုးခ်ိဳခ်ဥ္ကိုငုံလ်က္ သူမေနာက္တြင္ရွိေသာ ရႉဂ်ိမ်က္ႏွာထားကို ဂ႐ုမစိုက္ဘဲ ကုတ္အကၤ်ီကို ဝတ္လိုက္၏။
“ရွန္းနန္အသင္းကေကာင္ေတြက ရပ္လိုက္”
ဆာကူရာအသင္းမွ ကစားသမားႏွစ္ေယာက္သည္ သူတို႔ကို ထြက္သြားလို႔မရေအာင္ တားထားေလသည္။ ယေန႕ျပႆနာသာ အျပင္ကို ပ်ံ့သြားလွ်င္ သူတို႔အသင္း၏ဂုဏ္သိကၡာသည္ ပ်က္စီးေပေတာ့မည္။ သူတို႔မ်က္ႏွာကို ျပန္အဖတ္ဆယ္ရန္လုပ္ရမည္။
ဖူက်ိဴ႕သည္ လွည့္ကာ ၿပဳံးျပလိုက္ၿပီး မသိမသာ သေရာ္လိုက္ေလသည္။
“ ငါတို႔က ရွန္းနန္အသင္းကလို႔ မင္းကို ဘယ္သူေျပာလဲ၊ ၾကည့္ရတာ ဆာကူရာအသင္းကရထားတဲ့သတင္းက လုံးဝမတိက်တဲ့ပုံပဲ”
ထိုစကားကို ၾကားလိုက္သည္ႏွင့္ ရႉဂ်ိသည္ ႐ုတ္တရက္ အရႈံးမွျပန္နိုးထကာ သတိလည္လာေလသည္။ သူမ်က္လုံးကိုမ်ားကို ခ်က္ခ်င္း က်ဥ္းေျမာင္းထားလိုက္ၿပီး သူ႕သူငယ္အိမ္မ်ားမွာလဲ ေရွာ့ခ္ရသြားသျဖင့္ လည္ေနေတာ့သည္။
“ရွန္းနန္အသင္းကမဟုတ္ဘူးတဲ့လား”
မျဖစ္နိုင္တာ။
ၿပိဳင္ပြဲမစခင္ကေတာင္ ဒီေကာင္ ေမာက္စ့္ကို ကိုင္ထားၿပီး တခ်ိန္လုံးဂိမ္းကစားေနတာ သူေတြ႕ခဲ့တာပဲ။
အရမ္းလက္ရာေျမာက္တာ။ အသိသာဆုံးအခ်က္က ေကာင္ေလးရဲ႕လက္အျမန္ႏႈန္းပဲေလ။
အရမ္းျမန္ၿပီး အရမ္းလဲလွတာ။
ေကာင္ေလေး စတားဂိမ္း ကစားတာကို ၾကည့္ၿပီးေနာက္မွာေတာ့ သူက ဒီေကာင္ေလးနဲ႕ သူရဲေကာင္ဂိမ္းကို တစ္ပြဲေလာက္ေဆာ့ခ်င္စိတ္ေတြ တိုးလာေတာ့တာပဲ။
ၿပီးေတာ့ တစ္ေယာက္ခ်င္းၿပိဳင္ပဲမွာ သူ ဒီေကာင္ေလးနဲ႕ ရင္ဆိုင္ရမယ္။
ဒါေပမဲ့ တ႐ုတ္မွာ ရွန္းနန္က အရည္အခ်င္းအရွိဆုံးအသင္း မဟုတ္ဘူးလား။
ဒါဆို ဘယ္သူ ျဖစ္မွာတဲ့လဲ။
ထိုအရာမ်ားကိုစဥ္စားၿပီးသည့္ေနာက္ ရႉဂ်ိသည္ မေအာ္ပဲမေနနိုင္ေတာ့ေပ။
“ဒါဆိုရင္ မင္းတို႔ တကယ္ပဲ ဘယ္အသင္းကလဲကြ”
ဖူက်ိဳ႕သည္ ျပန္လွည့္မလာေသးပဲ သူမ၏ဘယ္ဖက္လက္ကို ျမႇောက္ကာ သူမ၏ေက်ာဘက္ကို ၫႊန္ျပလိုက္ေလသည္။
ေလထဲတြင္ လႊင့္ေနေသာကုတ္အကၤ်ီ၏ေက်ာေပၚတြင္ အလယ္တြင္ စာလုံးအထူႏွင့္လက္ေရးဆက္ေရးထားေသာ အနက္ေရာင္သေကၤတတစ္ခုကိုရွိေနသည္။
ရႉဂ်ိသည္ သူ႕သိကၡာကို တိမ္ဖုံးသြားေအာင္ လုပ္ခဲ့သည့္အသင္းကို မဆိုထားႏွင့္ တ႐ုတ္စာလုံးမ်ားကိုလည္း အမွန္ပင္ မသိေခ်။
ဆာကူရာအသင္းကို ျပန္ေရာက္ၿပီးေနာက္ တ႐ုတ္စာတတ္ေသာ စီနီယာတစ္ေယာက္ကို ထိုစာလုံးႏွစ္လုံးကို ခ်ေရးျပကာ ေမးလိုက္ေလသည္။
“Supreme အသင္း”
ထိုစီနီယာက ၿပဳံးလိုက္၏။
“ ဒါ ငါတို႔နဲ႕ ၿပိဳင္ရမဲ့ အသင့္မလား၊ ထူးဆန္းလိုက္တာ၊ မင္း ဘာလို႔သူတို႔နာမည္ကို ေရးျပတာလဲ”
ရႉဂ်ိသည္ ျပန္မေျဖလိုက္ပဲ သူ႕မ်က္လုံးက စူးနက္လာကာ လက္ထဲကေဘာပင္ႏွင့္ စာ႐ြက္ကို ျခစ္ပလိုက္ေတာ့သည္။ ထိုေနာက္ ေသြးဆာေနေသာေလသံျဖင့္ ရယ္လိုက္သည္။
“Supremeအသင္း တဲ့လား၊ အဲအသင္းက ထိပ္ဆုံး သုံးသင္းထဲေတာင္ မဝင္နိုင္ဘူးလား”
ဒီအရွက္ရျခင္းအတြက္ လူကိုယ္တိုင္ ျပန္ေပးဆပ္ရမယ္။
အမွန္ေတာ့ ရႉဂ်ိက သူရဲေကာင္းဂိမ္းကို စတားလိုက္ဂိမ္းထက္ ပိုေကာင္းေကာင္း ကစားတတ္တယ္။
ဖူက်ိဳ႕နဲ႕ စတားလိုက္ၿပိဳင္ပြဲရဲ႕ မူလရည္႐ြယ္ခ်က္ကလဲ ဖူက်ိဳ႕ကိုအထင္မႀကီးဘူးဆိုတာကို ျပခ်င္လို႔။
တခါတေလက်ေတာ့လဲ ျမင္းက မေမွ်ာ္လင့္ဘဲ ခြာလိပ္တတ္တာပဲ။
ဒါေပမဲ့ ဒါက အေရးမႀကီးမပါဘူး၊။ တကယ့္အြန္လိုင္းဂိမ္းက ဘာလဲဆိုတာကို သူတို႔သိသြားေအာင္ လုပ္ေပးရမွာေပါ့။
တဖက္တြက္ ကာလီမိန္းကေလးမ်ားသည္ Supremeအသင္းႏွင့္ ဟိုတယ္တစ္ခုထဲတြင္ တည္းရန္သဘာတူညီမႈရထား၏။
သို႔ေသာ္ အတြင္းေရးမႉးလ်န္သည္ သူတို႔၏ခရီးစဥ္ အေျပာင္းအလဲအနည္းျဖစ္သြားသျဖင့္ ကိုယ့္ဟာကို ေလ့က်င့္ရေတာ့မည္ဟု သြယ္ဝိုက္ေျပာလာ၏။
ထိုသတင္းကို ၾကားလိုက္ေသာ လ်ိဳလိသည္ သူမ၏လက္ေခ်ာင္းမ်ားကို ျဖဴဆြတ္သြားသည့္အထိ ဖ်စ္ညစ္ထားေသာ္လည္း သူမ၏မ်က္ႏွာေပၚတြင္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးကို ေဆာင္ထားေသးသည္။
“ဒါဆိုရင္ေတာ့ ငါတို႔ နိုင္ငံကို အရင္ျပန္ႏွင့္ေတာ့မယ္ေနာ္၊ နိုင္ငံအဆင့္ၿပိဳင္ပြဲမွာ ျပန္ေတြ႕ၾကမယ္”
အတြင္းေရးမႉးလ်န္သည္ ဖူက်ိဳ႕အစား ေခါင္းညိတ္ျပလိုက္ၿပီး ထိုလူမ်ားကို ယဥ္ယဥ္ေက်းေက်းႏွင့္ အျပင္အထိ လိုက္ပို႔လိုက္၏။
ဤသို႔ျဖင့္ ဖူက်ိဳ႕သည္ ပို၍သက္ေတာင့္သက္သာ ျဖစ္လာေတာ့သည္။ အဆုံးတြင္ သူမသည္ သူမ၏ေနာက္ကြယ္တြင္ ကလိမ္ကက်စ္လုပ္ခဲ့သူမ်ားကို မႏွစ္သက္ေခ်။
တဖက္လူကသာ ထြက္မသြားခဲ့လွ်င္ သည္မိန္းကေလးမ်ား၏ကြန္ပ်ဴတာကို မဟက္ရန္ အာမခံနိုင္ေတာ့မည္ မဟုတ္ေခ်.....
ဖုန္းရွန္သည္ ထိုကိစၥႏွင့္ပက္သက္ၿပီး အမ်ားႀကီးမေတြးေခ်။ သူ႕စိတ္ထဲတြင္ အေတြးတစ္ခုသာရွိသည္။
ေနာက္ဆုံးေတာ့ သူ႕ညအိပ္ဝတ္စုံေလးနဲ႕ ေလွကားေပၚတက္ၿပီး သူ႕အိုင္ေဒါနဲ႕ အတူတူ အိပ္ရေတာ့မယ္ေလ။
ည ၉နာရီ ၊ သူသည္ သူ႕ညအိပ္ဝတ္စုံကို က်က်နနဝတ္စားလိုက္ၿပီး အိပ္ရာေပၚတြင္လဲေလ်ောင္းရင္း သူ႕အိုင္ေဒါကို ေစာင့္ေနလိုက္သည္။
တံခါးပြင့္လာၿပီ....