Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်

22 0 0
By Novella_1001

ဒီအပိုင်းမှာပါဝင်တဲ့ အကြောင်းအရာတွေက main story နဲ့ ကွဲလွဲနေနိုင်သလို အဓိပ္ပာယ်လည်း ရှိချင်မှရှိပါမယ်။ Special Chapter တစ်ခုအဖြစ် ထည့်သွင်းထားခြင်း သက်သက်ဖြစ်တာမို့ သတင်းစာအချပ်ပိုလို သဘောထားပြီး ပေါ့ပေါ့ပါးပါး ဖတ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ Please enjoy the chaos and unhinged jokes as it is. Things may be cute and/or cringy 'cause this is HD!
_________________^ x ^________________

🎃🎃🎃

ဒီအကြောင်းကိုပြောဖို့ဆို ကျွန်တော်ကိုကို့အချစ်ကိုရဖို့ ကြိုးပမ်းကြံဆနေခဲ့တဲ့ တစ်နှစ်တာထဲက ဆောင်းဦးရာသီ လတစ်လဆီ ပြန်သွားရလိမ့်မယ်။

အနောက်ကောင်းကင်မှာ ဆေးနီတွေ လင်းမလိုပြယ်မလိုဖြစ်နေတဲ့ အောက်တိုဘာ ၃၁ ရက်ရဲ့ ညနေခင်း။ ကျွန်တော့်ပြိုင်ဘီးနီလေးကို ဗာဒံပင်နားမှာထောင်ခဲ့ပြီး ‌လှေကားထစ်တွေကို ခပ်သွက်သွက်တက်လို့ လက်ထဲပါလာတဲ့ အဝတ်စဖြူကို ဖြန့်ပြီးခြုံလိုက်တယ်။ အိမ်ကခန်းဆီးစကိုဖြုတ်ယူပြီး မျက်လုံးပေါက်ဖောက်လာခဲ့တာမို့ ပြန်ရောက်ရင်တော့ အမေနဲ့ရှင်းရမယ်။ ကိစ္စမရှိပါဘူး။ Halloween Day ဆိုတာ ကျွန်တော့်အိမ်ရဲ့သုံးလမ်းကျော်မှာနေတဲ့ ရေခဲတောင်သခင်ရဲ့ ချိတ်ပိတ်ထားတဲ့နှလုံးသားကို သွားသိမ်းပိုက်ဖို့ရာ သင့်တော်တဲ့ ရက်ကောင်းတစ်ရက်ပဲ။

လှေကားထိပ်အခန်းကနေ convenience store သွားဖို့ထွက်လာပုံရတဲ့ ခေါင်းစုတ်ဖွားနဲ့လူက ခန်းဆီးစဖြူကြီးရွေ့လာတာမြင်ပြီး အော်ဖို့ပြင်တော့ သူ့ပါးစပ်ကိုဆွဲပိတ်၊ အသာနေဖို့ပြောရင်း နောက်တစ်ခန်းရဲ့တံခါးရှေ့ကို ဆက်ချီတက်ခဲ့တယ်။

"အဟမ်း..."

"ဒေါက် ဒေါက် ဒေါက်..."

တစ်ခါတံခါးခေါက်လို့ပေါ်မလာသေးရင် နောက်တစ်ခါထပ်ခေါက်တာပေါ့။

"ဒေါက် ဒေါက် ဒေါက်..."

ဒုတိယတစ်ခါမှာ တံခါးချပ်အဖြူရောင်ဟာ ကျွီခနဲပွင့်သွားမယ်။ ကျွန်တော်လက်ကလေးဖြန့်ပြီး တစ်ခုခုအော်ဖို့ ပြင်လိုက်မယ်။

"ခဏလေး..."

"ဗျာ..."

တံခါးပြန်ပိတ်ပြီးဝင်သွားရာက ခဏအကြာမှာ ဆွယ်တာအဖြူလေးနဲ့ အိမ်ရှင်ဖြစ်သူပြန်ထွက်လာမယ်။

"ရော့ ချိုချဉ်... အိမ်ပြန်တော့..."

"ကိုကိုကလည်းဗျာ... Trick or Treat လေးတော့ ပြောခွင့်ပေးသင့်..."

"ဂျိန်း"

အဖိုးအခအနည်းဆုံး သရဲဝတ်စုံကတောင် သူ့ကိုသတိပေးသလိုဖြစ်သွားပြီး ခန်းဆီးစနဲ့မျက်ရည်သုတ်လို့ ချိုချဉ်လက်တစ်ဆုပ်နဲ့ ခြေဆောင့်ပြန်ခဲ့ရတယ်ဆိုတာမျိုးက နပိုလီယံ ဝါတာလူးတိုက်ပွဲမှာစစ်ရှုံးတာထက် ခံစားချက်ဆိုးနိုင်သေးတယ်လို့ ပြောရင် ဘယ်သူယုံမှာလဲ။ ကျွန်တော်လည်း မယုံပါဘူး။

ကျွန်တော် ကိုယ်ပေါ်ခြုံထားတဲ့အဝတ်ဖြူစကို ဆွဲဖယ်လိုက်တယ်။ ဒီအတိုင်းလှည့်ပြန်လို့ကတော့ ရှက်ဖွယ်ပဲဖြစ်သွားလိမ့်မယ်။ ကျွန်တော်တကယ်လိုချင်တာ ချိုချဉ်မှမဟုတ်ဘဲ။ ကိစ္စမရှိဘူး။ ကျွန်တော့်မှာ plan B က အမြဲရှိပြီးသား။

"ဒီအိမ်က အစ်ကိုလေး! တံခါးဖွင့်ပေးဗျနော်!
မပေးရင် သရဲကြီးညရဲ့တစ္ဆေတွေက ပိုးဟပ်အကောင်တစ်ထောင်ကို တံခါးကြားထဲကထည့်ပေးပြီး နှောင့်ယှက်ကြလိမ့်မယ်"

"..."

"ကိုကို!! ကျွန်တော့်မှာ တကယ်ပိုးဟပ်မပါဘူးလို့ထင်နေလား... နေ့လည်ကအိမ်စတိုခန်းထဲကနေ ဖမ်းလာတဲ့မိသားစုကို တံခါးကြားထဲက‌နေ တစ်ကောင်ချင်း ထည့်ပေးလိုက်ရမလား..."

"ကျွီ..."

ဟော... တွေ့လား...။ ဒီသေနင်္ဂဗျူဟာက အမြဲလုပ်ဖြစ်တယ်။

"Trick or Treat!"

"ငါမင်းကို ချိုချဉ်ပေးပြီးပြီလေ... ဘာလုပ်ဦးမှာလဲ"

"စိတ်မရှိပါနဲ့ ကိုကို... ကျွန်တော်က ချေးများတဲ့သရဲမို့ ချိုချဉ်နဲ့ကျေနပ်ပြီး ပြန်မသွားနိုင်ဘူး"

"အဲ့တော့..."

"ကိုကိုကျွန်တော့်ကို ကိုကိုကိုယ်တိုင်လုပ်ထားတဲ့ အချိုမုန့်ပေးရမယ်၊ အဲ့လောက်မှမပေးရင်..."

"ဘာလုပ်မှာလဲ"

"ကလိကြားထိုးမယ်"

"ထောက်..."

"အ... ကိုကို.....
ကျွန်တော်တောင်းတာ အချိုမုန့်လေ... ဘာလို့နဖူးတောက်တာလဲဗျ"

"အရူးလေး... မင်းပုံက တကယ်သရဲနဲ့မှမတူဘဲ"

"တူတယ်လေ... ပွဲတော်နေ့အတွက် တစ္ဆေဒီဇိုင်နာဆီမှာအပ်ထားတဲ့ အထူး costume က အချိန်မီမရလို့ တော်ရုံ skin နဲ့ပဲ ခါတော်မှီလမ်းထွက်လာတာ..."

"တော်ရုံ skin နဲ့လာတဲ့သရဲဟာ တော်ရုံ treat နဲ့ပဲ အိမ်ပြန်ရမယ်"

'လစ်' ဆိုတဲ့သဘောနဲ့ တိုက်ခန်းရှေ့လမ်းဘက်ကို မျက်စပစ်ပြပြီး တံခါးပြန်ပိတ်သွားဖို့လုပ်တော့...။

"ခဏလေး... ကိုကိုပြောတာက special skin နဲ့လာရင် special treat ပေးမယ်ဆိုတဲ့ သဘောလား..."

"ဘာ skin နဲ့မှ ပေါ်မလာရင် ကျေးဇူးတင်မိမှာ..."

Plan B ကျရှုံးပြန်ပြီ။ ဒါပေမယ့် treat ကောင်းကောင်းရဖို့ မျှော်လင့်ချက်လုံးဝမရှိတာတော့ မဟုတ်ဘူး။

ကျွန်တော့်အိမ်ကိုလှစ်ခနဲပြန်ပြီး ပိုက်ဆံအိတ်သွားယူလာတဲ့နောက် စီးတော်ယာဉ်ပြိုင်ဘီးနီလေးဟာ လေလိုအဟုန်နဲ့ မြို့ထဲကိုပတ်သွားတယ်။ ဝယ်စရာရှိတာတွေ ဝယ်လာပြီးတဲ့နောက် အိမ်ကို နောက်တစ်ခေါက်ထပ်ဝင်တယ်။

"မမ... မမလက်သည်းနီဘူးတွေနဲ့ make up box ကျွန်တော့်ကိုခဏငှား..."

"ဘာရယ်..."

အဲ့စကားကြားကြားချင်း အစ်မက ကျွန်တော့်လက်မောင်းကို လာဆွဲပြီး သူ့အခန်းတံ‌ခါးရှေ့က ပိတ်ရပ်တယ်။

"ဟဲ့ ဟဲ့ ခဏနေဦး... လင်းခန့်... နင် နင်က သံချောင်းကွေးဘဝကနေ ဆေးရောင်လှလှဆိုးထားတဲ့ သံချောင်းကွေးအဆင့်ထိ level up သွားပြီလား... ငါ့ကောက်ချက်ချမှုက မှားသွားတာလား..."

"ဘာတွေပြောနေတာလဲ... သုံးလမ်းကျော်ကို treat သွားတောင်းတာ အဆင်မပြေလို့ impression ပြောင်းနိုင်ဖို့ရာ Halloween costume play ကို အတည်လုပ်ကြည့်မလို့..."

"ဟမ်... costume play လုပ်မှာတဲ့လား... ကိုကိုကလေ..."

စာကလေးသံတစ်သံကြောင့် မျက်ခုံးတစ်ဖက်ပင့်ရသေးတယ်။

"ဘာဖြစ်လို့လဲ... မဖြစ်နိုင်ဘူးထင်လို့လား..."

"ဘယ်ဖြစ်နိုင်မလဲ... ကိုကိုက ပြင်တတ်တာကျနေတာပဲ"

"ငါကြိုးစားမှာပေါ့..."

"ကြိုးစားတဲ့သူတိုင်း ချောချောမောမောလုပ်တတ်သွားတာ မဟုတ်ဘူးဟဲ့၊ ပညာတစ်ခုမှာက စိတ်ဝင်စားမှုရှိရတယ်၊ အထုံပါရမီပါရတယ်၊ passion ရှိရတယ်၊ လေ့လာမှုရှိရတယ်..."

"အဲ့တော့ မမပြင်ပေးမှာလား၊ ဒီမှာအလျင်လိုပါတယ်ဆို..."

"နင်အဲ့လေသံနဲ့ပြောပြီး ငါ့ make up box ကို ထိ‌ခွင့်ရမယ်များထင်လို့လား..."

နတ်ဆိုးအစ်မရဲ့ကူညီမှုကိုရဖို့ တကယ်လိုအပ်နေတော့လည်း အလိမ္မာသုံးပြီး သူ့သဘောကျ queen treatment ပေးရတာပေါ့။

"ချစ်ကြည်လေးစားရပါတဲ့ မမနုယဉ်ခင်ဗျာ... မမရဲ့မောင်လေးက သူတစ်ဖက်စောင်း ကြိုက်နှစ်သက်ရတဲ့သူနဲ့ intimacy level မြှင့်နိုင်ဖို့ရာ အစွမ်းကုန်ကြိုးစားနေတာမို့ သနားစိတ်လေးများရှိရင်..."

" 'ကျေးဇူးပြုပြီး' ပါထည့်ပြော..."

"ကျေးဇူးပြုပြီး ကူညီပေးပါဦး၊ treat ကောင်းကောင်းရရင် ကျေးဇူးမမေ့ပါဘူး"

မျက်နှာငယ်လုပ်ပြီး လက်အုပ်ကလေးပါချီလိုက်တော့မှ "လာခဲ့" ဆိုပြီး ဝင်ခွင့်ပေးတော့တာပဲ။ အငယ်မကတော့ မလွတ်တမ်းစပ်စုဖို့ လိုက်လာတာပေါ့။

ပထမတစ်ခါက ဗျူဟာမကျမှုကြောင့် ရှုံးခဲ့ရတယ်။ ဒုတိယတစ်ခါက စစ်ဝတ်တန်ဆာ မပြည့်စုံမှုကြောင့် ရှုံးခဲ့ရတယ်။ ဒီတစ်ခါတော့ တွေ့ကြတာပေါ့ ခင်ဗျားရယ်။

"လင်းခန့်... ဒီတစ်ခါတော့ နင့်ရဲ့အချစ်အတွက်ကြိုးစားမှုကို ငါအသိအမှတ်ပြုတယ်၊ မလုပ်ဖူးတာတွေပါလုပ်ပြီး crush ဆီက အသိအမှတ်ပြုခံရချင်တာက အချစ်စစ်ရဲ့ လက္ခဏာပဲလေ... အစ်မဖြစ်သူကို ယုံလိုက်... ငါ online ကနေ make up tutorial တွေကြည့်ထားတာ cosplayers တွေကို လိုက် follow ထားတာ အလကားမဟုတ်ဘူး... ဒီည အဖြစ်မရှိတဲ့ငါ့မောင်ရဲ့ ခွေးပေါက်စ energy ကို ငါကိုယ်တိုင် upgrade လုပ်ပေးမယ်"

တကယ်ပါ။ ဒါပထမဆုံးအကြိမ်ပဲ။ နတ်ဆိုးအစ်မရဲ့ မမြင်ရတဲ့အတောင်တွေ အဖြူရောင်ပြောင်းပြီး သူ့နောက်မှာ ရောင်ခြည်တော်စက်ဝန်း လင်းလာသလို ခံစားလာရတာ။

မထင်မှတ်ပါဘဲ supportive ဖြစ်လာတဲ့အစ်မတော်ကို အားကိုးလိုက်ပြီးတဲ့နောက် ကျွန်တော် ကိုကို့အိမ်တံ‌ခါးရှေ့ကို စစ်ဝတ်တန်ဆာအပြည့်အစုံနဲ့ ပြန်ရောက်လာခဲ့တယ်။

"ဒေါက် ဒေါက် ဒေါက်..."

ဒီတစ်ခါတော့ တံခါးလေးချက်ချင်း ပွင့်လာပါရဲ့။

"ဘာလဲ လင်းခန့်... ပိုးဟပ်မိသားစုနဲ့ ငါ့ကိုခြိမ်းခြောက်ဦးမလို့..."

'လား' တောင် ဆက်မပြောနိုင်ဘဲ ငြိမ်သက်သွားလိုက်တာ ကြည့်ရတာဒီတစ်ခါတော့ အောင်မြင်ပြီထင်တယ်။ အဲ့လိုတွေးနေတုန်းမှာပဲ ကိုင်းအကြည်မျက်မှန်လေးနဲ့ အိမ်ရှင်က ဆတ်ခနဲမျက်ခုံးကျုံ့လိုက်တယ်။

"ဘယ်သူလဲ..."

"ဟမ်..."

"..."

"အဲ... ကိုကို ကျွန်တော့်ကို မမှတ်မိဘူးလား"

"လင်းခန့်..."

"အင်း..."

ကိုကိုက ကျွန်တော့်အသံကိုကြားမှ ခေါင်းအစခြေအဆုံးပြန်ကြည့်ပြီး အတည်ပြုနေတယ်။ နီညိုရောင် sneaker၊ ripped jeans အနက်ရောင်၊ ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး ခပ်ပါးပါးဆုတ်ဖြဲထားတဲ့ အစအနတွေတွဲလဲတွေနဲ့ မီးလောင်ရာတစ်ချို့ကြောင့် ပေါက်နေတာတွေကြောင့် အသားကို တိုးလျိုပေါက်မြင်နေရတဲ့ fit size အနီရောင်ရှပ်အင်္ကျီ၊ လည်ပင်းမှာ ဆူးချွန်ပါတဲ့ choker၊ သူပေးထားတဲ့ မာဖလာနီကတော့ ချန်ထားခဲ့လို့မရလို့ ဒီအတိုင်းဂုတ်ပေါ်တင်လာခဲ့တယ်။ ဒါတင်မကသေး လက်မှာဝတ်ထားတဲ့ accessories တွေနဲ့ အနက်ရောင် လက်သည်းဆိုးဆေးတွေ။ ဆေးမှုတ်ပုံသွင်းထားလို့ အနီရောင်လိုင်းတစ်ချို့ပြေးနေတဲ့ဆံပင်ကြားမှာ ထောင်နေတဲ့ ခပ်ချွန်ချွန်ခွေးနားရွက်၊ ကျွန်တော့်ရဲ့ ပင်ကိုညိုညက်ညက်အသားအရည်နဲ့ လိုက်ဖက်အောင်ညှိပြီး cosplayers တွေလို 2 Dimensional character ဆန်ဆန်ပြင်ထားတဲ့ make up နဲ့ အညိုရောင်မျက်ကပ်မှန်၊ ဒါ့အပြင် ခါးနောက်မှာ တလှုပ်လှုပ်ဖြစ်နေတာက...။

"အမြီး..."

ကိုကိုက ကျွန်တော့်နောက်ကျောက အစွန်းထွက်နေတဲ့ အဲ့ဒီအမွေးဖွာဖွာအရာကိုကြည့်ရင်း မျက်ခုံးကျုံ့လိုက်တယ်။ နောက်တော့ သူ့မျက်မှန်ကိုင်းကို ပင့်လိုက်ရင်း...။

"ဘာအရူးထလာတာလဲ..."

"ကိုကိုပဲ တော်ရုံ skin ဆို ချိုချဉ်ပဲရမယ်ဆိုလို့လေ...
Werewolf costume play လုပ်လာတာ... အင်္ကျီတော့ နည်းနည်းဖြဲလိုက်ရတယ်၊ ဘယ်လိုလဲ special skin က မိုက်တယ်မလား... special ပူတင်းလောက်တော့ လုပ်ပေးမယ်မလား..."

ကိုကိုက ကော်ရစ်ဒါတစ်လျှောက် ဘယ်ညာဝေ့ကြည့်နေတယ်။ နောက် ကျွန်တော့်လက်ကို ဆတ်ခနဲလှမ်းဆွဲလိုက်ပြီး...။

"ဝင်ခဲ့..."

ရုတ်တရက်ကြီး အိမ်ထဲခေါ်သွင်းခံလိုက်ရတာမို့ ခဏတော့ကြောင်နေမိတယ်။ သူတံခါးပိတ်ပြီးမှ ချောင်းလေးတစ်ချက်နှစ်ချက်ဟန့်ရင်း...။

"အဟမ်း... တောင်းမှာအကွပ်လူမှာအဝတ်ဆိုတာ မှန်နေပုံပဲ၊ ခန်းဆီးစနဲ့လာတုန်းကကျ နှင်လွှတ်ခံရပြီး အခုကျ ဇွတ်တောင်ဆွဲခေါ်နေပြီ"

"ထောက်..."

"အ..."

"အရူးလေး... မင်းဒီပုံစံနဲ့ ငါ့အိမ်ရှေ့မှာရပ်နေတာကို သူများမြင်မှာစိုးလို့ ဆွဲခေါ်ရတာ၊ ဒီဗရုတ်သုတ်ခအကြံက ဘယ်ကရတာလဲ"

"ဒီခေါင်းထဲက..."

"ထောက်..."

"အ! ကိုကို!! နာပါတယ်ဆို‌ဗျာ... ကိုကိုအဲ့လို တစ်ဆိတ်ရှိတိုင်း နဖူး‌တောက်နေရင် ကျွန်တော့်အတွေးတွေထဲကကိုကိုပါ နာသွားတော့မှာပဲ"

"ဗရုတ်သုတ်စတွေ တော်လိုက်စမ်း... ဒီလိုပြင်ဆင်ဖို့ မင်း ဘယ်လောက်သုံးလာတာလဲ"

"အာ... သိပ်မများပါဘူး၊ jean က ဟောင်းရင်ပိုပီပြင်တယ်ဆိုလို့ ရှိပြီးသားတစ်ခုကို ဘလိပ်ဓားနဲ့ခြစ်လာတာ၊ ဖိနပ်ကလည်း တလောကမှ ဝယ်ထားတာမို့ shirt နဲ့ accessories ဖိုးပဲ ကုန်တာ
ဆိုတော့... ၅ သောင်းလောက်ပါပဲ..."

ကြည့်ပါဦး။ ရုပ်ကလေးက နတ်သားရှုံးအောင်ချောလျက်နဲ့ ကျုံ့သွားလိုက်တဲ့မျက်မှောင်တွေ...။ ပြီးရင် ကျွန်တော့် crush တဖြစ်လည်း ကျွန်တော်အကြောက်ရဆုံးဆရာဖြစ်သူ ကချင်တိုင်းရင်းသားလေးဟာ သူ့လေသံမဝဲတဝဲလေးနဲ့ ဆူပါငေါက်ပါလိမ့်ဦးမယ်။

"Jesus Christ... ၅ ထောင်တောင်မကျမယ့် ပူတင်းအတွက် မင်းက မိဘပိုက်ဆံဖြုန်းလာတယ်ပေါ့"

"မိဘပိုက်ဆံမဟုတ်ပါဘူး၊ အဖေ့အလုပ်တွေကူပေးရင်းနဲ့ လုပ်အားခရထားတာ... ကျွန်တော့်ပိုက်ဆံပါ၊ ကိုကိုကလည်း အနာဂတ်ကုမ္ပဏီပိုင်ရှင်ကို အထင်သေးလိုက်တာ"

"ဘယ်သူ့ပိုက်ဆံဖြစ်ဖြစ် မလိုအပ်တဲ့နေရာမှာ အလကားသုံးပစ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး"

"ကဲပါ... သုံးပြီးသားပိုက်ဆံက ကြွေပြီးသားသစ်ရွက်ပဲဟာ...
နောက်မှဆက်ဆူပါ၊ ကျွန်တော့် Halloween costume ဘယ်လိုနေလဲ... Sexy ကျတယ်မလား..."

တစ်ပတ်လှည့်ပြပြီး မေးလိုက်တော့ ကိုကိုက သူ့မျက်မှန်ကိုင်းအကြည်လေးကို လက်နှစ်ချောင်းနဲ့ပင့်တင်လိုက်ပြီး...။

"မင်းက sexy ကျချင်တာလား..."

"ဘာလို့လဲ... ကျွန်တော်လည်း တစ်ရက်တလေတော့ လူပေါ်ခုန်ခုန်ပြီး treat တောင်းနေတဲ့ခွေးပေါက်စကနေ နှလုံးဖောက်စားဖို့ ခြိမ်းခြောက်နေတဲ့ ဝံပုလွေဖြစ်ကြည့်ချင်တာပေါ့..."

"မင်းစားချင်နေလည်း ငါ့မှာ ဖောက်စားစရာ နှလုံးသားမရှိဘူးဆိုတာ မမေ့နဲ့လေ..."

လာပြန်ပြီလား ဒီလက်သုံးစကား။
ခင်ဗျားက‌တော့ တယ်ပြောရခက်တဲ့ လူသားပဲ။
ကျွန်တော်သာ တကယ်သမန်းဝံပုလွေဆို တောထဲကအိမ်ဆီ အသာချီပွေ့ခေါ်သွားပြီး ထမင်းသုံးနပ်လုံး ကြက်နှလုံး၊ ဝက်နှလုံး၊ အမဲနှလုံးတွေချည်း ကိုယ်တိုင်ချက်ပြုတ်ကျွေးပစ်မိမှာ။ နှလုံးများများစားမှ နှလုံးအားကောင်းလာပြီး ရင်ဘတ်ထဲက ခုန်နေတဲ့ကြွက်သားတုံးကြီးကို သတိထားမိလာမှာမလား။

ကျွန်တော် စိတ်ရှုပ်သလို ခေါင်းကုတ်လိုက်ပြီး သူ့ကို kabedon လုပ်ပစ်လိုက်တယ်။ ဒီတစ်ခါတော့ အရင်လိုနဖူးတောက်ပြီး ထွက်ပြေးလို့ရမယ်မကြံနဲ့။

[*kabedon (ခဘဲဒုန်) 壁ドン - shoujo manga များတွင် တွေ့ရများသော ဂျပန်အသုံးအနှုန်း။
မိမိ၏လက်‌၊ ခြေထောက်စသည်ကို နံရံမှာထောက်ကာ တစ်စုံတစ်ယောက်ကို ထွက်မပြေးနိုင်အောင်ချုပ်ထားခြင်း။ (ပုံကြည့်လိုက်ရင် ပိုရှင်းပါမယ်။ ပထမပုံက kabedon လုပ်တဲ့ pose တွေဖြစ်ပြီး ဒုတိယပုံက kabedon counter attack တွေ ဖြစ်ပါတယ်။ no. 4 ကတော့ trolling purpose သက်သက်ပါ။ who would do that, right? haha...
ခန့်ခန့်က no. 1 နဲ့ 3 ကိုလုပ်လေ့ရှိပြီး အခွန်းကတော့ ရှီဘာကောင်ရဲ့ kabedon လောက်ကို နဖူးတောက်ပြီး counter ထောက်သွားဖူးတဲ့ ရာဇဝင်ရှိပါတယ်။ အပိုင်း ၃၈ ကို ပြန်ရှုပါ။) ]

"လင်းခန့်... ဘာလုပ်နေပြန်တာလဲ"

"ကိုကို့နှလုံးသားကို ဖောက်စားမလို့..."

"အဲ့ဒါကြောင့် ပြောပြီးပြီလေ၊ ငါ့မှာ နှလုံးသားမရှိ..."

"ရှိတာမရှိတာ ဂရုမစိုက်ဘူး၊ Trick or Treat!"

"နားညီးလိုက်တာ၊ ငါမင်းကို ချိုချဉ်ပေးပြီးပြီလေ..."

"အဲ့ဒီ treat က အကျုံးမဝင်ဘူး၊ special skin အတွက် အကုန်အကျခံပြီး လာခဲ့တာမို့ special treat ပေးမှကျေနပ်မယ်၊ မပေးချင်ရင်တော့ ကျီစယ်တာခံရမှာပဲ..."

"ပူတင်းစားချင်တာမလား... လုပ်ပေးမယ်၊
ဖယ်လိုက်တော့..."

ကိုကိုက ကျွန်တော့်လက်ကိုပုတ်ပြီး ဖယ်ခိုင်းလိုက်တယ်။

"အစကတော့ ငါးထောင်တောင်မတန်တဲ့ ပူတင်းဖြစ်ဖြစ် မိုင်လိုကွတ်ကီးနဲ့ မိုင်လိုပူပူလေးဖြစ်ဖြစ်ရရင်တော်ပြီ‌ဆိုပြီး လာခဲ့တာပဲ၊ အခု စိတ်ပြောင်းသွားပြီ၊ ဒါလောက်နဲ့ မတင်းတိမ်နိုင်‌တော့ဘူး"

"မင်းက ရလေလိုလေအိုတစ္ဆေပဲ..."

"ကိုကို Halloween Day နဲ့ လိုက်တဲ့စကားကို ပြောလိုက်တာပဲ၊ ဟုတ်တယ်... ရလေလိုလေအိုတစ္ဆေလား werewolf costume ဆင်လိုက်လို့ အရိုင်းစိတ်ဝင်လာတာလားတော့ မသိဘူး... ကိုကို့နှလုံးသားကိုမှ treat အဖြစ်မရရင် ကျွန်တော်တော့ မကျေနပ်နိုင်လောက်ဘူးထင်တယ်"

"ဘာအရူးထနေပြန်တာလဲ..."

"အရူးမထဘူး၊ ကျွန်တော်က ရာသီချိန်ကိုအသုံးချပြီး အပေးအယူကောင်းလုပ်နေတာ... အဟဲ..."

ပါးစပ်ဟရယ်လိုက်ချိန်မှာ မရှည်လွန်းပေမယ့် သိသိသာသာပေါ်လာတဲ့ သားရဲကောင်ရဲ့စွယ်သွားတွေ။ ဒါလည်း အစ်မတော် ကူတပ်ပေးလိုက်တာပဲ။

ခဏနားပြီးတော့မှ မျက်ကပ်မှန်အညိုကိုဖြတ်လို့ သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်တော့ ကိုကိုက ကျွန်တော့်ကို အထူးအဆန်းလိုပြန်ကြည့်နေရဲ့။ ကျွန်တော်နဲ့သူ့ကြားက လေထုကိုတစ်ချက်ရှိုက်ယူလိုက်ပြီး သူသင်ပေးထားလို့ ချောမွေ့စပြုနေတဲ့ British accent နဲ့ မပြီးပြတ်သေးတဲ့အပေးအယူစကားကို သူ့နားနားကပ်ပြီး ပြောလိုက်တယ်။

"ကိုကို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်... Trick or treat!"

ရှည်ရှည်လျားလျားလွင့်လာတဲ့ သက်ပြင်းချသံတစ်ခု။

"ကောင်းပြီ... မင်းလိုချင်တဲ့ special treat ပေးတာပေါ့၊ အရင်ဆုံးငါ့ကိုလွှတ်ပေး"

"ကိုကို ထွက်ပြေးဖို့ကြံနေတာမလား..."

"မဟုတ်ဘူး"

"ကလိမ်ကကျစ်ကြံတာ ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်"

"မင်းက ငါ့ကိုပြန်ပြောမနေနဲ့... ဖယ်စမ်း"

ဖယ်စမ်းဆိုတော့လည်း ဖယ်လိုက်ရတာပေါ့။
Special treat ရမယ့်အရေးပဲ။

ကျွန်တော် နံရံမှာထောက်ထားတဲ့လက်တွေကို ဖယ်ပေးလိုက်တော့ ကိုကိုက မီးဖိုချောင်ဘက်ကို ဦးတည်လိုက်တယ်။

"လိုက်ခဲ့..."

သူခေါ်တာစောင့်နေတဲ့ကျွန်တော်လည်း နားရွက်ထောင်၊ အမြီးမြှောက်ပြီး ကောက်ခနဲလိုက်သွားလိုက်တာပေါ့။

ဒီဇင်ဘာမတိုင်ခင် သူ့နှလုံးသားကို အပိုင်ရတော့မယ့် အခွင့်အရေးမျိုးရှိလာမယ်ဆိုတာ သိနေခဲ့တယ်။ ဒါပေမယ့် ဒီလိုနဲ့ အဆင်ပြေသွားမယ်လို့ ထင်မထားဘူးရယ်။ ကြည့်ရတာ ကိုကိုက ခွေးပေါက်စတွေမမွေးချင်ပေမယ့် ဝံပုလွေတွေနဲ့ပက်သက်ရင်တော့ soft spot ရှိတဲ့ပုံပဲ။ ကျွန်တော့်အကြံနဲ့ နတ်ဆိုးအစ်မရဲ့အကူအညီက အလုပ်ဖြစ်သွားတာဖြစ်ရမယ်။ Halloween ပွဲတော်ကို စလုပ်ခဲ့တဲ့ Celt လူမျိုးတွေကိုလည်း ကျေးဇူးကြွေးတော့တင်သွားပြီ။

[A/N *Soft spot - သာမန်ထက်ပိုသော သဘောကျနှစ်ခြိုက်မှု ]

ကိုကိုက ရေခဲသေတ္တာအရှေ့မှာရပ်လျက် သူ့လက်ချောင်းတွေနဲ့ထိကပ်ပြီး pattern တစ်ခုဆွဲသလို ပွတ်ဆွဲနေတယ်။ ရေခဲသေတ္တာမှာ phone lock screen လို စနစ်များ ထည့်ထားတာလား။ ဟားဟား... လျှောက်ပြောတာပါ။ ကိုကိုက အဲ့လို high tech တွေ ပိုက်ဆံအကုန်ခံဝယ်သုံးမယ့်သူမှ မဟုတ်တာ။ သူသန့်ရှင်းရေးလုပ်ထားရက်နဲ့ ဖုန်တင်နေသေးလား စမ်းကြည့်နေတာဖြစ်နိုင်တယ်။ ပြီးရင်တော့ သေချာပေါက် လက်သွားဆေးဦးမှာပဲ။

"ဒီကိုလာပြီး ရေခဲသေတ္တာဖွင့်လိုက်..."

"ကိုကို... ကျွန်တော်လိုချင်တဲ့ special treat က မုန့်မဟုတ်ဘူးနော်"

"သိတယ်၊ ငါ့နှလုံးသားမလား..."

သူခေါ်လို့ရေခဲသေတ္တာအနားမှာလာရပ်ရင်း မေးလိုက်တာကို အဲ့လိုပြန်‌ပြောလာတော့ ကျွန်တော်မျှော်လင့်ချက်အပြည့်နဲ့ ခေါင်းငြိမ့်လိုက်မိတယ်။

"ဖွင့်ကြည့်လိုက်..."

နတ်ဆိုးအစ်မကိုယ်တိုင်ဆိုးပေးလိုက်တဲ့ လက်သည်းဆိုးဆေး အနက်ရောင်ထင်းနေတဲ့ လက်ချောင်းတွေနဲ့ ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်တော့ အထဲမှာတခြားဘာမှမရှိဘဲ ရေခဲရိုက်အစားအစာတွေ ထည့်သိမ်းရတဲ့ container တစ်လုံးကို တွေ့ရတယ်။ ကိုကို့ရေခဲသေတ္တာကို ဒီလိုမိုင်လိုတစ်ဘူးတောင်မရှိဘဲ ပြောင်ရှင်းနေတဲ့ပုံစံမတွေ့ဖူးတော့ ထူးထူးဆန်းဆန်းပဲ။

"အဲ့ဒါကို ထုတ်ပြီး အဖုံးဖွင့်လိုက်..."

ကျွန်တော် သူပြောသလိုလုပ်လိုက်တယ်။ မိုင်လိုရေခဲမုန့်အရင်ကျွေးပြီးမှ အဖြေပေးမလို့များလားဆိုပြီး...။

"ကိုကို... ဒါ ဒါက..."

အဖုံးဖွင့်လိုက်တော့ အေးစက်နေတဲ့ container ထဲမှာ တစ်ချက်ချင်းလှုပ်နေတဲ့အရာတစ်ခုက သွေးကြောယှက်ဖြာလို့ ရဲရဲသည်းသည်း။

"စနစ်ကျတဲ့စုန်းတွေက သူတို့ရဲ့ပညာကိုအသုံးချပြီး နှလုံးသားကို နေရာပြောင်းသိမ်းထားတတ်ကြတယ်... ဥပမာ သေတ္တာထဲတို့၊ ကုတင်အောက်‌တို့၊ ဗီရိုအောက်အကန့်ထဲတို့ပေါ့... ဒါပေမယ့် အဲ့လိုနေရာတွေက ညစ်ပတ်ပြီး ဘက်တီးရီးယားများလို့ ငါကတော့ လျို့ဝှက်ချိပ်စည်းနဲ့ ရေခဲသေတ္တာထဲပဲထားထားတာ... ခန့်မှန်းခြေ နှစ် ၃၀၀ လောက်တော့ရှိပြီ"

"ဗျာ..."

ကျွန်တော် လက်ထဲက အေးစက်စက် container ကိုလွှတ်မချလိုက်မိဖို့ သတိထားရင်း ကိုကို့မျက်နှာကို မော့ကြည့်လိုက်တော့ ကျွန်တော့်ကို နဖူးတောက်ဖို့ချိန်လိုက်တဲ့ ကိုကို့လက်သည်းတွေက ရှည်လျားလာသယောင်။ ပြီးတော့ လက်သည်းနီဆိုးထားပုံလည်းမရဘဲ မဟူရာရောင်ခြယ်‌နေတာကို တွေ့ရတယ်။

"အဲ့ဒါကြောင့် ငါနှလုံးသားမရှိပါဘူးလို့ပြောနေတာကို မင်းကယုံမှမယုံဘဲ..."

"ထောက်..."

ကျွန်တော် "အ" လို့တောင် မအော်နိုင်တော့ဘူး။ မီးခြစ်တစ်ခြစ်စာအချိန်အတန့်မှာ ရုတ်တရက်ကြီးဆိုသလို ရှေ့မှာရပ်နေတဲ့ကိုကိုက ခုဏတုန်းကနဲ့ လုံးဝမတူတဲ့ပုံစံတစ်ခုအဖြစ် အသွင်ပြောင်းနေတာကို မြင်လာရတာကြောင့်။

သူ့ကိုယ်ပေါ်မှာ ဆွယ်တာအဖြူအစား အနက်ရောင်ဝတ်ရုံတစ်ထည် ခြုံလွှမ်းလို့။ ထူးထူးခြားခြား ပြုံးမူနေတဲ့ သူ့နှုတ်ခမ်းတွေက ပန်းသီးမှည့်လို နီမြန်းနေတုန်းပဲ။ ဒါပေမယ့် ကျွန်တော်အကြာကြီး ထိုင်ငေးနေကျဖြစ်တဲ့ ကြယ်စုံညလိုမျက်ဝန်းအိမ်ကတော့ အဖြူရောင်မျက်သားမှာ အနက်ရောင်သွေးကြောတွေ အမြစ်လိုကပ်တွယ်လျက်။ မျက်ဆံအနက်ရောင်ဟာလည်း ပျောက်ဆုံးပြီး အဲ့ဒီမှာအနီရောင်မီးလျှံတစ်ခု လင်းနေတယ်။

"ဘယ်... ဘယ်တုန်းက ကိုကို့ဆံပင်တွေ ဒီလောက်ရှည်လာတာလဲ..."

ညာဘက်ပခုံးမှာ စုလျက် ဖဲကြိုးနီတစ်စနဲ့ ချည်နှောင်ခံထားရတဲ့ စင်းဖြောင့်ဖြောင့်ဆံပင်နက်တွေဟာ ပုခုံးအောက်ထိ ရေတံခွန်လိုကျနေရဲ့။ သူ့ခေါင်းထက်မှာ ပြန့်ကားပြီး ကတော့ချွန်လိုရှည်လျားတဲ့ ဦးထုပ်နက်တစ်လုံး။

"အာ... ရာသီအလိုက် event တွေ မကြိုက်သလိုလိုနဲ့ ကိုကိုလည်း Halloween ကိုတော့ သဘောကျတယ်လား၊ ကျွန်တော့်ကိုကျ ဆူနေပြီးတော့ Warlock costume ကိုဘယ်တုန်းက ပြင်ထားတာလဲ... ဈေးကြီးမယ့်ပုံပဲ"

ကျွန်တော် container ကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရင်း ဝတ်ရုံနက်စကိုဆွဲဖြန့်ကြည့်လိုက်ပြီး သူ့ရဲ့လျိုထားတဲ့ cosplay စွမ်းရည်ကို အံ့ဩမှင်သက်ဟန်ပြဖို့ ကြိုးစားလိုက်တော့ ကိုကို့မျက်နှာပေါ်ကအပြုံးက တစ်ခြမ်းပဲ့စောင်းနေတဲ့လမင်းလို။

"ကျွန်တော်က ကိုကို့ကို နတ်သားလို့ထင်ထားတာ ဒီလို dark look နဲ့ကျတော့လည်း အရမ်းမိုက် အရမ်းပီပြင်နေတာပဲ အဟားဟား... ဒါပေမယ့် အဝတ်သွားလဲတာ မြန်လိုက်တာနော်၊ ကျွန်တော် လုံးဝမသိလိုက်..."

စကားတန်းလန်း လေထဲမှာရပ်သွားရတာက ကျွန်တော့်လည်ဂုတ်ပေါ်ကနေ ရွေ့လျားလာတဲ့ အေးစက်စက်အထိအတွေ့ကြောင့်။ ကျွန်တော်ဆင်လာခဲ့တဲ့ အတိုင်းကတော့ choker ရဲ့အောက်အနား ခပ်လျှောလျှောမှာ တင်ထားတဲ့ မြွေနီကောင်ပဲရှိတာပါ။ တွေးရင်းနဲ့ပဲ လက်မောင်းတစ်လျှောက်ကို နွယ်လိုတွယ်ရစ်ပြီးဆင်းလာတဲ့ အဲ့ဒီအရာဆီ အကြည့်ရောက်တော့...။

"မြွေနီ..."

အဟုတ်ပဲ။ မြွေနီကောင်လို့ ကျွန်တော်ခေါ်နေကျ ကိုကိုပေးထားတဲ့မာဖလာနီဟာ တကယ့်မြွေနီတစ်ကောင်လိုမျိုး ကျွန်တော့်လက်မှာ ရစ်ပတ်လျက် ခေါင်းထောင်ပြီး ကြည့်နေတယ်။ နောက်တော့ ကမ်းပေးလာတဲ့ ကိုကို့ရဲ့လက်ပေါ်ကို တွယ်တက်သွားပြီး လည်တိုင်တစ်ဝိုက်မှာ ရစ်ခွေလိုက်တယ်။ သူ့အမြီးဖျားမှာ အဖြူရောင်အရစ်တစ်ချို့နဲ့။

"ဘာကြည့်နေတာလဲ သမန်းဝံပုလွေလေး...
ငါ့နှလုံးသားကိုစားမယ်ဆို..."

"..."

ကျွန်တော့်ကျောရိုးတစ်လျှောက်လုံး အေးစိမ့်သွားလိုက်တာ အတုတပ်ထားတဲ့အမြီးပါ ရေခဲရိုက်သလိုငြိမ်သွားတဲ့အထိပဲ။
ကိုကိုက လက်တစ်ချောင်းကိုလှုပ်ရှားလိုက်တော့ ကျွန်တော်ကိုင်ထားတဲ့ အေးစက်စက် container ထဲက အနီရောင်နှလုံးဟာ မြောက်တက်လာပြီး လေထဲမှာ ကျုံ့ချည်ဆန့်ချည်ဖောင်းချည်ပိန်ချည်။

"ကိုကို... ဟို... ဟိုဟာမလား... ကိုကို့ဆီကကျ မုန့်တောင်းစားပြီး ကျွန်တော်ကကျ မုန့်ပြန်မပေးလို့ ကျွန်တော့်ကို ကျီစယ်နေတာမလား... ဒီလိုကြီးကျ ကြောက်စရာကောင်းတယ်လေ..."

"မကျီစယ်ပါဘူး... တစ္ဆေဝတ်စုံဝတ်၊ အိမ်တံခါးလိုက်ခေါက်ပြီး Trick or Treat ပြောတာက လူသားကလေးတွေအတွက် လူသားတွေက ဖန်တီးပေးထားတဲ့ ကစားနည်းသက်သက်ပဲ၊ ငါ့အတွက်မလိုဘူး... ငါက မင်းလိုချင်တယ်ဆိုတဲ့ treat ကိုပေးနေတာ"

"ဗျာ..."

"There you are, the very special treat.
Have a taste!"

ကျွန်တော်ပြေးပေါက်ရှာလိုက်တုန်းမှာပဲ ကိုကို့လက်တစ်ဖက်က ရေခဲသေတ္တာမှာလာကပ်ပြီး kabedon ပြန်အလုပ်ခံလိုက်ရတဲ့နောက် အဲ့ဒီ စိုရဲနေတဲ့ ကြွက်သားအစိုင်အခဲက လေမှာဝဲပြီး ကျွန်တော့်မျက်နှာရှေ့ကို တိုးဝင်လာနေပြီ။

"ဟင့်အင်း... မစားဘူး... ကျွန်တော်ပြောတာက စကားသက်သက်သဘောနဲ့လေ... ဘယ်သူက နှလုံးသားကို တကယ်စားလို့လဲ..."

"ကိုကို ကျွန်တော့်ကို အဲ့လိုကြီးခြောက်မလွှတ်ပါနဲ့... တကယ်တော့ ကျွန်တော်က ဝံပုလွေယောင်ဆောင်ထားတဲ့ ခွေးပေါက်စပဲလေ၊ Treat က ပူတင်းနဲ့တင်ရပြီ၊ မဟုတ်ဘူး မိုင်လိုပဲသောက်မယ်လေ... ကိုကို... အဲ့ဒါကို ဖယ်လိုက်ပါတော့... ကျ... ကျွန်တော့်ဆီလာနေပြီ၊ ကျွန်တော် ကိုကို့နှလုံးသားကို တကယ်မစားရဲပါဘူး... မစားဘူး! အား!!!"

ကျွန်တော့်မျက်နှာကိုကပ်လာတဲ့ အေးစက်စက်ခံစားမှုကြောင့် အော်ရင်းဟစ်ရင်းနဲ့ မျက်လုံးဆတ်ခနဲပွင့်လာတော့ ဆေးရုံခန်းကုတင်ပေါ်မှာ ခေါင်းအပ်လျက်ရှိနေခဲ့တယ်။ ခြောက်ကပ်နေတဲ့ လည်ချောင်းထဲ တံတွေးဂလင်းလက်ကျန်တွေကို မြိုချလိုက်ရင်း ခေါင်းထောင်ကြည့်လိုက်တော့...။

"ကိုကို..."

ဆေးရုံဝတ်စုံနဲ့ ကုတင်မှာထိုင်နေတဲ့ကိုကိုက ကျွန်တော့်မျက်နှာကို သူ့လက်နဲ့ထိကိုင်ထားလျက်။ အဲ့ဒီအနေအထားအတိုင်းပဲ ကျွန်တော် ချွေးစေးတွေကိုသုတ်ရင်း အသက်ဝဝရှူနေတာကို ကြည့်နေတယ်။ ကျွန်တော့်လည်တိုင်က‌ ပြေကျနေတဲ့အနီရောင်ကို ငုံ့ကြည့်လိုက်တော့ L.K ဆိုတဲ့စာလုံးနဲ့ မာဖလာတစ်ထည်ဟာ မလှုပ်မယှက်။

"ဒီနေ့ ဘယ်နှစ်ရက်လဲ..."

ကျွန်တော် ပြက္ကဒိန်ကို ယူကြည့်လိုက်တော့ မင်ခြစ်ထားတဲ့ရက်စွဲ ၁၄ ခုရဲ့နောက် အောက်တိုဘာလစာမျက်နှာမှာ တစ်ခုတည်းကျန်နေတဲ့ ရက်တစ်ရက်။ ဒီနေ့က အောက်တိုဘာ ၃၁။ ကိုကို ကိုမာကနေ နိုးလာခဲ့တဲ့နေ့ရဲ့ နောက်တစ်ရက်။

ကျွန်တော်ပြက္ကဒိန်ကိုစစ်ဆေးနေတုန်း ကိုကိုက စားပွဲခုံပေါ်က note စာအုပ်နဲ့ဘောပင်ဆီ လက်လှမ်းယူလိုက်ရင်း တစ်ခုခု ကြိုးစားပမ်းစား ချရေးနေတယ်။

'အိပ်မက်ဆိုး မက်နေတာလား'

ကျွန်တော့်ဘက်လှည့်ပြလာတဲ့ စာရွက်ပေါ်က သူ့လက်ရေးလေးက ယိုင်တိယိုင်တိုင်။ ကိုမာဝင်နေတုန်းက ventilator သွင်းထားရတဲ့ side effect ကြောင့် စကားမပြောနိုင်သေးတဲ့အပြင် အက်စီးဒင့်ဖြစ်တုန်းက လက်မှာထိတဲ့ဒဏ်ကြောင့် စာတစ်ကြောင်း ဖြောင့်ဖြောင့်ရေးဖို့ မလွယ်ကူသေးတဲ့အခြေအနေမှာတောင် ကျွန်တော့်ကိုစိတ်ပူပေးနေသေးတာက ကိုကိုမဆန်လိုက်တာ။

"ခုဏက ကျွန်တော့်ကိုထိတုန်းက ကိုကို့လက်တွေအေးနေတယ်..."

ကျွန်တော် သူ့လက်ကိုလှမ်းကိုင်ပြီး ဆုပ်ညှစ်ထားလိုက်မိတယ်။ အအေးဓာတ်တွေ ပျောက်သွားတဲ့အထိ။

ကိုကိုကတော့ ကျွန်တော့်ခေါင်းကို အသာဖိပုတ်လိုက်ရင်း စာရွက်ပေါ်က မဖြေရသေးတဲ့မေးခွန်းကို မျက်စပစ်ပြပြန်တယ်။

"အင်း... ဘယ်လိုပြောရမလဲ... အိပ်မက်ဆိုးလို့ဆိုရမှာလည်း အိပ်မက်ထဲမှာမြင်ရတဲ့ကိုကိုက အရမ်းလှလွန်းတယ်၊ ပြီး‌တော့ အရမ်းဆွဲညို့အားကောင်းတယ်... အိပ်မက်ကောင်းလို့ ခေါင်းစဉ်တပ်ဖို့ကျတော့လည်း ကပြောင်းကပြန်ဆန်တဲ့ ကိစ္စလေးတွေပါနေတယ်..."

"..."

နားမလည်သလိုပုံစံနဲ့ကြည့်လာတော့ ကျွန်တော်သူ့လက်ကို ကိုင်ထားရာက ခဏလွှတ်ပြီး note စာအုပ်ကိုတစ်ရွက်လှန်လို့ စာချရေးလိုက်တယ်။

'Trick or Treat?'

"ကိုကို ပြန်ကောင်းလာရင် ကျွန်တော့်ကိုအချိုမုန့် treat ပေးမှာလား၊ ဒါဆို အိပ်မက်အကြောင်း ပြောပြမယ်"

စာကိုသူ့ဘက်ထောင်ပြလိုက်ရင်း ပြောလိုက်တော့ ကိုကိုက မျက်ခုံးကျုံ့လိုက်တယ်။ ဒါပေမယ့် ခုဏက ကျွန်တော်အိပ်မက်မက်ရင်း ယောင်နေတဲ့အရာတွေအကြောင်း သိချင်စိတ်က သူ့ကိုစိုးမိုးသွားပုံပဲ ခေါင်းညိတ်ပြလာရဲ့။

"‌Deal... ဒါဆိုရင် ခဏလေး၊ ကျွန်တော် ရေသောက်လိုက်ဦးမယ်"

ကိုကိုက ကျွန်တော်ရေသောက်တာကိုလည်း စိတ်ရှည်ရှည်စောင့်ပေးပါတယ်။

"အိပ်မက်ထဲမှာ ကိုကိုကအကောင်းပကတိအတိုင်းပဲ အိမ်မှာရှိနေတာ၊ ‌အဲ့ဒီကိုကို့ကို Halloween Day အကြောင်းပြပြီး နှောင့်ယှက်ဖို့ ကျွန်တော်ရောက်လာရာက စတာပဲ..."

ဆေးရုံခန်းကုတင်ဘေးမှာထိုင်လျက်၊ သူ့လက်ကို အနွေးဓာတ်ကူးစေဖို့ ကျွန်တော့်လက်ထဲ ထည့်ဆုပ်ကိုင်ထားလျက်နဲ့ပဲ comedy လိုလို horror လိုလို သရဲကြီးညရဲ့ ဗရုတ်သုတ်ခ အိပ်မက်ဇာတ်လမ်းအကြောင်း ကိုကိုကို စီကာပတ်ကုံးပြောပြခဲ့တယ်။ ကိုကိုကလည်း စိတ်ဝင်တစား နားထောင်ပေးခဲ့ပါတယ်။ ‌အဲ့ဒီအိပ်မက်ပုံပြင်လည်း ပြောပြီးရော သုံးသပ်ချက်အနေနဲ့ စာတစ်ကြောင်းရေးပြတယ်။

'Seriously Funny'

ကျွန်တော့်ဆရာပီသစွာပဲ ကိုမာကနိုးလာစ ဒုတိယရက်မှာတောင် သူ့ဦးနှောက်ဆဲလ်တွေက အလုပ်လုပ်ပုံသိပ်ကောင်းတာ။ ကြည့်တော့...။ ဇာတ်လမ်းနဲ့လိုက်ဖက်လိုက်တဲ့ Oxymoron လေး။

[A/N *Oxymoron - အဓိပ္ပာယ်လုံးဝ ဆန့်ကျင်နေသော စကားလုံးနှစ်ခုကိုပေါင်းစပ်၍ ဖြစ်လာသောအသုံးအနှုန်းများ။
seriously - 'တကယ့်ကို၊ အလေးအနက်' နဲ့
funny - 'ရယ်ချင်စရာကောင်းသော၊ ခပ်ကြောင်ကြောင်' ‌ဆိုတဲ့ ဆန့်ကျင်ဘက်စကားနှစ်လုံးသုံးပြီး seriously funny - 'တကယ်ရယ်ရတယ်' လို့ အခွန်းက ပြောသွားတာပါ။ A little too much (နည်းနည်းတော့များတာပေါ့)၊ Finally started (နောက်ဆုံးတော့စပြီ) စသဖြင့် oxymoron အများကြီးရှိပါတယ်။ OSS မှာသုံးထားတဲ့ alone together (အတူတူအထီးကျန်တယ်) ဆိုတာကလည်း oxymoron ပါပဲ။ ]

'Are you talking about my love story?'

ကျွန်တော်ပြန်ချရေးပြတဲ့စာကို ဖတ်ပြီးတဲ့နောက်တော့ ဖြူ‌ဖျော့ဖျော့နှုတ်ခမ်းလေးတွေနဲ့တောင် ဆွဲဆောင်မှုအား လျော့မသွားတဲ့သူဟာ နှာသီးဖျားကထွက်လာတဲ့ ရယ်သံလေးနဲ့ရယ်ရင်း ပခုံးတွန့်ပြလေရဲ့။

ပြန်တွေးမိတိုင်း ချစ်စရာကောင်းလို့ အောင်းမထားတော့ဘဲ လာပြောပြရတာ။ ကျွန်တော့်အချစ်ဇာတ်လမ်းထဲက ဖြတ်ထုတ်ထားတဲ့ အချပ်ပိုအကြောင်းပါ။ ပါစရာမလိုပေမယ့် ပါလိုက်တော့လည်း ရောင်စုံစာမျက်နှာပေါ့။

ကိုကိုကတကယ်ပဲ သူ့နှလုံးသားကို ရေခဲသေတ္တာထဲထည့်ထားတဲ့ နှစ်ရာကျော်အသက်ရှင်လာပြီးသား စုန်းထီးတစ်ယောက်ဆိုရင်တောင် အံ့ဩစရာမရှိဘူး။ တစ်ခုသောဒီဇင်ဘာကတည်းက ပြုစားခံရသလိုမျိုး သူ့အနားမှာချည်း ကပ်နေချင်မိတဲ့အကြောင်းအရင်းက သူပေးတဲ့မြွေနီကောင် ကျွန်တော့်လည်ပင်းကို ပေါက်သွားတာကြောင့်ဆိုရင်လည်း မယုံနိုင်စရာမရှိဘူး။ ဂါတာမန္တရားနဲ့ ပြုစားခံထားရတယ်ပဲ ဆိုကြဦးတော့ ကျွန်တော့်လည်ပင်းက လည်ပတ်ကြိုးကို ဘယ်သူမှလာဖြေမပေးရင် အကောင်းဆုံးပဲ။ မမြင်ရတဲ့အမြီးကို ယမ်းရင်းပုတ်ရင်း တစ်သက်လုံး သူ့ခွေးလေးလုပ်ဖို့ ‌ခေါင်းပုတ်စာချုပ်က ချုပ်ပြီးနေပြီလေ။

____________________________________

❤️❤️❤️

💬 Halloween Day မှာ ပေးရမယ့် Special Chapter ကို အခုမှလာပေးတာပါ။ ကျွန်တော့်ရဲ့ ဓာတ်ခဲပျက်နေတဲ့နာရီအကြောင်း သိတယ်မလား။ နောက်ထပ် Extra ကိုတော့ ရေးပြီးတဲ့ရက် လာ up ပေးပါမယ်။ ဆိုကာမှ မုန့်ချပ်အိမ်ထဲကဒါလင်တို့ရေ ဒီဇင်ဘာရောက်တော့မယ်နော်...။

[ I've been like this from the start so i guess my regular readers may already be used to it but don't mind me calling you guys darling. I have that one kink and I simply think it's fun ( • • ). However, do tell me if any of you don't like it.]

Spell အဟောင်းတွေ ပြန်ထုတ်ရောင်းနေတဲ့
Novella✒️

Continue Reading

You'll Also Like

1.6M 92.6K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
717 98 24
KaoEarth (FanFiction) အချစ်ဆိုတာမျိုးကလေ..တကယ့်အချစ်စစ်နဲ့ကြုံဆုံလာရတဲ့အခါယောကျ်ားမိန်းမလိင်သဘာဝတွေ.အသက်အရွယ်ကွာခြားချက်တွေကသိပ်အဓိကမကျတော့ပဲချစ်တဲ့စ...
11K 223 28
အချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လာ...
711K 101K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...