Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး

15 2 0
By Novella_1001

❄️❄️❄️

ဖူးစာပါလာတဲ့လူနှစ်ယောက်ဟာ ဘယ်လိုအနှောက်အယှက်ပဲရှိရှိ သေချာပေါက် ပေါင်းဖက်ကြရတယ်။ ဘယ်လောက်ပဲ ဝေးကွာသွားပါစေ သေချာပေါက်ပြန်ဆုံစည်းကြရတယ်။ နှစ်ဦးစလုံးရဲ့လက်သန်းမှာ ချည်ထားတာက မမြင်ရတဲ့ကြိုးနီလေးတစ်ချောင်းရယ်။ အဲ့ဒါကပဲ အခိုင်မြဲဆုံးချည်နှောင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြားဖူးတဲ့ အယူအဆတစ်ခုပေါ့။

ကြိုးနီလေးတွေက လက်သန်းမှာပဲချည်တယ်လို့ ဘယ်သူပြောလဲ။ ကျွန်တော့်အတွက်တော့ လည်ပင်းမှာလာချည်ခဲ့တာ။ ပြီးတော့ အဲ့ဒီကြိုးက ရိုးရိုးကြိုးမဟုတ်ဘဲ လည်ပတ်ကြိုးလေ။

"ကိုကို ကျွန်တော်တို့ လမ်းလျှောက်ထွက်ရအောင်..."

"မင်းဒီနေ့ အရမ်းတက်ကြွနေပါလား ခန့်ငယ်...
မနက်အစောကြီး တံခါးလာထုနေတယ်"

"ဟဲဟဲ... ဒီနေ့က အပြည်ပြည်ဆိုင်ရာဗုဒ္ဓဟူးနေ့လေ...
ခါတိုင်းထက် ပိုပြီးအားပြည့်လန်းဆန်းနေသလို ခံစားရတယ်၊ ကိုကိုမြန်မြန်လုပ်ပြီးထွက်ခဲ့..."

"အင်း၊ ခဏ‌စောင့်..."

ကိုကို ဩစတြေးလျကိုမသွားခင်က ဆောင်းနှောင်းရက်လေးတွေမှာ ကျွန်တော်တို့နေ့တိုင်း လမ်းလျှောက်ထွက်ဖြစ်ခဲ့ကြတယ်။ ချစ်သူဖြစ်ပြီးကာစမို့ လက်ကလေးဘာလေးတွဲရင်း ဘေးလူအမြင်ကပ်အောင် ကြည်နူးပူးကပ်လို့သွားကြမယ့်ပုံစံမျိုးကို မြင်ယောင်နေရင် အခုပဲ စိတ်ကူးထဲကနေ ယပ်ခပ်ထုတ်လိုက်ပါ။ (L.K)² ရဲ့ လမ်းလျှောက်ထွက်ပုံက လည်ပတ်ကြိုးအနီပတ်ထားတဲ့ မြောက်ကြွကြွခွေးတစ်ကောင်ရယ်၊ မာဖလာအဖြူဆွယ်တာအဖြူနဲ့ နောက်ကပါလာတဲ့သခင်ဖြစ်သူရယ်။ အဲ့ဒီထက် ဘာမှမပိုဘူး။

အခေါက်တိုင်း ကျွန်တော်က ရှေ့ကနေဦးဆောင်သွားနိုင်ဖို့ ကြိုးစားပေမယ့် ကိုကိုကလမ်းလျှောက်အရမ်းမြန်တဲ့သူမို့ ခဏချင်း ကျွန်တော့်ကိုလိုက်မီတယ်။ ပြီးရင် ကျွန်တော်ငေးနေတုန်း ချန်ထားခဲ့ပြီး ဆက်လျှောက်သွားရော...။

"ကိုကို!! ကျွန်တော့်ကို‌‌စောင့်ဦးလေ!!"

"မြန်မြန်လာ... မင်းက အရမ်းနှေးတယ်"

"ဟွန့်... ကိုကိုကကျွန်တော့်ကိုကျ ခဏတိုင်းစောင့်ခိုင်းပြီးတော့... အဲ့ဒါအပြင် လောလောလတ်လတ်ချစ်သူဖြစ်ထားပြီးမှ အတူတူနေခွင့် ကြာကြာမရတဲ့ကိစ္စကိုသည်းခံပြီး သူ့ပညာတော်သင်သွားတာကို နှစ်ပေါင်းရှည်ကြာ စောင့်ပေးဖို့ရာအထိ ဆုံးဖြတ်ပြီးသားဟာကို ဒါလေးတောင်စိတ်မရှည်ရင် မလိုက်တော့ဘူး၊ လမ်းမပေါ်ထိုင်ပြီး ငိုတော့မယ်... ခွေးပေါက်စလေးကို အနိုင်ကျင့်ရက်တဲ့သူကြီး ဒီမှာရှိနေကြောင်း မန္တလေးတစ်မြို့လုံးသိအောင်လို့..."

ပြောပြောဆိုဆို ရောက်နေတဲ့လမ်းထောင့်မှာထိုင်ချပြီး မှုန်ကုပ်နေလိုက်တော့ ကိုကိုကသက်ပြင်းချပြီး ကျွန်တော်ငုပ်တုပ်ထိုင်နေတဲ့အနားကို လျှောက်လာတယ်။ ကျွန်တော်ရှေ့မှာ ဝင်ထိုင်တယ်။

"ငါအမြဲမင်းကိုစောင့်ခိုင်းနေတာ ကောင်းတဲ့အကျင့်မဟုတ်မှန်း သိပါတယ်...
ငါ့ကိုကြည့်ဦး ခန့်ငယ်..."

"ကိုကိုက မကောင်းတဲ့သူကြီး..."

"အင်း... ငါကမကောင်းတဲ့သူကြီးပါ"

ရှေ့မှာလာထိုင်ပြီးချော့ပေးနေရင်းပဲ ဟိုဘက်လှည့်နေတဲ့ စုပုပ်ပုပ်ကျွန်တော့်မျက်နှာကို သွယ်လျလျလက်ချောင်းဖွေးဖွေးတွေနဲ့ အသာဆွဲယူပြီးဆက်ပြောလာတဲ့ မဝဲတဝဲလေသံလေးက...။

"ဒါပေမယ့် မင်းတစ်ယောက်တော့ ငါ့ကိုစိတ်ပျက်မသွားစေချင်ဘူး... တကယ်လို့ မင်းကပါငါ့ကိုစိတ်ကုန်ပြီး ဖြတ်ထားခဲ့ရင် ငါဒီတစ်သက် ထပ်ချစ်ဖို့ရာ မဖြစ်နိုင်လောက်တော့ဘူးထင်တယ်"

"အဲ့လိုကိစ္စတော့ ဖြစ်လာစရာအကြောင်းမရှိပါဘူး၊
ကျွန်တော်က ငတုံးမှ မဟုတ်တာ... Shiba Inu တွေက ဉာဏ်ကောင်းပြီးသားမို့ ကိုကိုစိတ်ပူစရာမလိုဘူး"

"ဒါဆို ဉာဏ်ကောင်းတဲ့ခွေးပေါက်လေးက ဒီလိုမျိုး လမ်းပေါ်မှာထိုင်နေရင် လူကြည့်ခံရမယ်ဆိုတာ သိမှာပေါ့..."

"သိတယ်လေ... ကိုကိုလည်း ကျွန်တော်နဲ့အတူထိုင်နေတာမို့ ဘာမှမဖြစ်ဘူး၊ အတူတူ လူကြည့်ခံကြတာပေါ့"

"အရူးလေး... အေးတယ်၊ ထတော့...
အပြန်ကျရင် ကြက်ကချင်ဟင်းနဲ့ မျှစ်ဆန်လှော်ဟင်းရည်ချက်ကျွေးမယ်"

"အစပ်လျှော့ချက်မှာလား..."

"အင်း..."

"ပြီးရင် milo cupcakes လည်း လုပ်ကျွေး..."

"Fine."

"ဟဲဟဲ... ကိုကို့ကို ကျွန်တော်ချစ်တယ်"

"ငါလည်းမင်းကိုချစ်တယ်၊ ထတော့..."

"ဝုတ်!"

နှစ်ယောက်သားအဲ့သလို လမ်းလျှောက်ရာက အပြန်ကျရင် ကိုကို့လက်ရာမနက်စာကို အခန့်သင့်ထိုင်စားရုံပဲ။ ပန်းကန်တော့ ကူဆေးပေးရတာပေါ့။

အခုက အဲ့လိုနေ့တွေထဲက တစ်ရက်အ‌ကြောင်းကို ပြောပြမလို့။ ကျွန်တော်မနက်စောစောထပြီး ကိုကို့အိမ်ကိုချီတက်ဖို့ပြင်နေတုန်းမှာ သွေးပျက်စရာကိစ္စတစ်ခုကို သိလိုက်ရတယ်။

"လည်ပတ်ကြိုးမရှိတော့ဘူး!!"

ညတုန်းကအထိ စားပွဲပေါ်မှာ‌ခွေနေခဲ့တဲ့မြွေနီကောင်က ရုတ်တရက်ကြီး နေရာမှာမရှိတာမို့ ကျွန်တော်ခေါင်းနပမ်းကြီးသွားပြီး အခန်းပတ်လည်ကို ဝေ့ဝိုက်ရှာကြည့်လိုက်တော့လည်း အစအနတောင်မတွေ့။  စောင်တွေခေါင်အုံးတွေ လှန်ရှာကြည့်တော့လည်း မရှိ။ ဗီရိုဖွင့်ရှာတော့လည်း နတ္ထိ။

"ပြဿနာပဲကွာ၊ ဘယ်ရောက်သွားတာလဲ..."

ဆံပင်တွေဖွာသွားတဲ့အထိ ခေါင်းကုတ်ပြီး အောက်ထပ်ကို ပြေးဆင်းလာခဲ့တယ်။

"အမေ ကျွန်တော့်မာဖလာလျှော်ထားသေးလား..."

"အမေမလျှော်ပါဘူး၊ သားပဲ ကိုယ်တိုင်လျှော်မှာမို့ အဲ့မာဖလာကို ယူမ‌လျှော်ကြဖို့ရာ ပြောထားတာမလား... ဘာဖြစ်လို့လဲ"

မီးဖိုချောင်ထဲကအမေ့ကို သွားမေးတော့ သူလည်းသိပုံမရ။ ဟို‌နတ်ဆိုးအစ်မများ ကျွန်တော့်ကိုစဖို့ဖွက်ထားသလား ဆိုပြီး သံသယဝင်လာလို့ သူ့ဆီသွားတော့...။

"ကြံကြံဖန်ဖန်ဟယ်... ငါကနင့်ပစ္စည်းဖွက်ပြီး နင့်ကိုစနေရအောင် ဆယ်နှစ်ကလေးမှမဟုတ်တာ၊ ပြူးပြူးပြဲပြဲနဲ့ လူကိုလာစွပ်စွဲမနေဘဲ
ငါ့ရည်စားလို ရင့်ကျက်တည်ငြိမ်အောင်နေစမ်းပါ"

ရင့်ကျက်တည်ငြိမ်တဲ့သူ့ရည်းစားကဖြင့် ကိုကိုက သူ့ facebook acc ကို လက်ခံမပေးသေးလို့ ပြောပေးဖို့ရာ ကျွန်တော့်ကိုလာလာ လာဘ်ထိုးနေတာ ဘယ်နှစ်ခေါက်မှန်းမသိဘူး။ သူက ကိုကို့ fanboy ဆိုတာသိပြီးသားမို့ ကိုကိုမျက်စိနောက်မှာစိုးလို့ကို ကျွန်တော်ကလည်း သေချာပြောမပေးတာ။

"ဒါဆို အငယ်မကိုသွားမေးမယ်"

အငယ်မအခန်းတံခါးကို သွားထုဖို့ရာပြင်လိုက်‌တော့ အစ်မကလှမ်းဆွဲပြီးတားတယ်။

"ဟဲ့ဟဲ့... အစုလေးက ကျောင်းပိတ်ရက်မို့ အိပ်နေသေးတယ်၊ ကလေးကိုသွားပြီး နှိုးမနေနဲ့... နင့်အခန်းထဲလည်း ဘယ်သူမှမဝင်ဘူး၊ နင်ဟာနင်အထားမှားလို့ ဖြစ်မှာပေါ့"

"ကျွန်တော်က စားပွဲပေါ်မှာပဲထားတာလေဗျာ၊
မနက်ထတော့ မရှိတော့ဘူးဆိုတော့ အဲ့ဒါသရဲဖွက်တာလား"

မျက်ဆံကိုအထက်ပို့လိုက်တဲ့တုံ့ပြန့်မှုနဲ့အတူ နတ်ဆိုးအစ်မက ကျွန်တော့်ပခုံးကိုလှမ်းပုတ်ရင်း ပြန်ပြောတယ်။

"ဒီမယ် ငါ့မောင်လေး... အစ်မဖြစ်သူကပြောပြနေရင် ယုံလိုက်.. နော်... အိမ်မှာ သရဲမရှိဘူး၊ ရှိလည်း
ငါ documentary ရိုက်ပြီး YouTube မှာ တင်ပြီးပြီ"

"အဲ့တော့ ကျွန်တော့်မာဖလာက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတာလား..."

"ဟုတ်မှာပေါ့..."

ပခုံးတွန့်ပြပြီး သူထွက်သွားတော့ ကျွန်တော် အိမ်ထဲတစ်ခေါက်ပတ်တယ်။ ရှေ့လျှောက်နောက်လျှောက်၊ ဆိုဖာအောက်ကြည့်၊ စားပွဲအောက်ကြည့်နဲ့မို့ ဧည့်ခန်းထဲစာအုပ်ထိုင်ဖတ်နေတဲ့အဖေဆီကပါ လှမ်းနောက်ခံလိုက်ရသေးတယ်။

"ပျောက်တော့မှရှာမနေရအောင် ကုဒ်နံပါတ်ရွတ်လိုက်ရင် အသံပြန်ပေးတဲ့စက်ထွင်ပြီး မင်းပစ္စည်းတွေမှာ ကပ်ထားပါလားကွာ... ဒါမှမဟုတ်လည်း  တည်နေရာနဲ့တကွဖုန်းမှာပေါ်လာတဲ့ system မျိုး... မင်းကဉာဏ်ကြီးရှင်ပဲမလား"

"အဖေသာ ဘက်ဂျက်အလုံအလောက်ထောက်ပံ့မယ်ဆို အခုပဲ အဲ့ project စလိုက်မယ်"

"အေးပါ... အခုကတော့ ပျောက်တဲ့ပစ္စည်းကိုအရင် မျက်စိရှင်ရှင်ထားပြီးရှာဦး၊ ပေါ့ပေါ့လျော့လျော့နဲ့ဖြစ်နေရင် သိပ္ပံပညာရှင်မပြောနဲ့ လုပ်ငန်းရှင်တောင် လုပ်လို့မရသေးဘူး... စီးပွားရေးလုပ်ငန်းရှင် လုပ်မယ့်သူဆိုတာက..."

သူအဟောအပြောတွေမစခင် ကျွန်တော်အပေါ်ထပ်ကို အမြန်လစ်ပြေးလာလိုက်တယ်။ ကိုယ့်အခန်းထဲကိုယ်ပြန်သွားပြီး နောက်တစ်ခေါက်ထပ်ရှာတယ်။ ဘယ်လိုမှ ရှာမရဘူး။ နောက်ဆုံးတော့...။ 

"ဟယ်လို... ကိုကို......."

"အသံက ဘယ်လိုဖြစ်နေတာလဲ ခန့်ငယ်... မင်းငိုနေတာလား..."

ဖုန်းကိုင်ကိုင်ချင်းကြားရတဲ့ တအီအီနဲ့အသံကြောင့် ကိုကိုကအဲ့လိုမေးလိုက်တော့မှ ပိုပြီးငိုချင်လာတာပဲ။

"အီးဟီး... ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကိုကို...
ကိုကို့မြွေက ကျွန်တော့်ကိုပေါက်ပြီး ထွက်ပြေးသွားပြီ"

"ဘာအဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ...
ငါမင်းကို ဘာမှမလုပ်ဘူး"

"ကိုကိုပေးထားတဲ့ မာဖလာပျောက်သွားတယ်လို့ပြောတာ..."

"မာဖလာလား... မင်းတစ်နေရာရာမှာ ကျခဲ့တာမဟုတ်ဘူးလား"

"ဘယ်နေရာမှာမှ မကျခဲ့တာသေချာလို့ ထူးဆန်းနေတာပေါ့... ထားနေကျနေရာမှာပဲထားပြီး အိပ်လိုက်တာကို မနက်ကျ ကိုကို့ဆီလာဖို့လုပ်တော့ မရှိတော့ဘူး"

"သေချာရှာပြီးပြီလား..."

"မြေကြီးလှန်ရှာဖို့ပဲ ကျန်တော့တယ်.. အိမ်ထဲလည်းနှံ့နေပြီ၊ ဘယ်မှာမှလည်း ရှာလို့မတွေ့ဘူး... ဘယ်လိုလုပ်ရမလဲ... အဟင့်... ကိုကိုပေးထားတဲ့ဟာကျမှ ဘာလို့ပျောက်ရတာလဲ... လည်ပတ်မရှိတော့ လမ်းလျှောက်ထွက်လို့မရတော့ဘူးမလား... အီးဟီးဟီး..."

"ခန့်ငယ်... မငိုနဲ့... မင်းအထားမမှားတာသေချာရင် တစ်နေရာရာမှာရှိမှာပါ... ခေါင်းအေးအေးထားပြီးမှ နောက်တစ်ခေါက်ပြန်ရှာ၊ ပြာနေရင် ရှာလို့တွေ့ဦးမှာမဟုတ်ဘူး"

သူကဖုန်းတစ်ဖက်လိုင်းကနေ ကျွန်တော့်ကိုနှစ်သိမ့်ဖို့လုပ်လေ ကျွန်တော်က ငိုချင်ရက်လက်တို့ဆိုသလိုဖြစ်လာလေပဲ။

"ကိုကို... ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့... လည်ပတ်ကြိုးလေးတစ်ခုတောင် ကောင်းကောင်းထိန်းသိမ်းမထားနိုင်တာ ကျွန်တော်က တော်တော်အ‌နေအထိုင်ပေါ့လျော့တဲ့ခွေးပဲဖြစ်ရမယ်၊ ကိုကိုက အနေအထိုင်ပေါ့လျော့တာမျိုးကို မုန်းတယ်မလား... ကျွန်တော်... ကျွန်တော် ကိုကိုမုန်းတဲ့သူတွေထဲပါသွားပြီ.. အီးဟီး..."

"ခန့်ငယ်... မင်းကလူပါ၊ ပျောက်သွားတာကလည်း လည်ပတ်ကြိုးမဟုတ်ဘူး၊ မာဖလာ... ပြီးတော့ ငါမင်းကိုမမုန်းပါဘူး"

"ဘာပဲဖြစ်ဖြစ် အဲ့လောက်အရေးကြီးတဲ့ပစ္စည်းကျမှ ပျောက်ရလားဗျာ... လူပါပျောက်သွားလိုက်ချင်လာပြီ"

"အဲ့လိုမပြောနဲ့... ဘာမှမဖြစ်ဘူး၊
အရင်ဆုံး ငါ့ဆီလာခဲ့... စိတ်ငြိမ်သွားအောင် ပူတင်းလုပ်ပေးမယ်"

ဒီအခြေအနေမှတော့ ပူတင်းလည်း ကျွန်တော့်ကိုမကယ်နိုင်တော့တာ သေချာပါတယ် ခင်ဗျားရယ်...။

အဲ့အတိုင်းတွေးရင်းပဲ ကျွန်တော်ကိုကို့တိုက်ခန်းရှေ့ကို ရောက်လာခဲ့တယ်။

"ကိုကို...... ကျွန်တော့်.. လည်ပတ်ကြိုးလေးက... အဟင့်..."

"..."

"မရှိတော့ဘူး... အီးဟီးဟီး..."

တံခါးဖွင့်ပေးလာတဲ့သူ့ကိုကုန်းဖက်ပြီး တစ်ခါငိုပွဲဆင်ပြီးတဲ့နောက်
သူပေးတဲ့တစ်ရှူးဘူးလေးပိုက်ပြီး ကော်ဇောနီညိုပေါ်ဝင်ထိုင်လိုက်တယ်။ တရှုံ့ရှုံ့နဲ့ဖြစ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး ကိုကိုက စိတ်မသက်သာတဲ့ပုံစံနဲ့ အနားမှာဝင်ထိုင်ရင်း...။

"ရှာမတွေ့လည်းကိစ္စမရှိဘူး ခန့်ငယ်...
ငါမင်းကို အသစ်တစ်ခုပေးပါ့မယ်၊ မငိုနဲ့တော့..."

"အသစ်တစ်ခုနဲ့မဆိုင်ဘူး ကိုကိုရ... အခုပြောနေတာက အဲ့ဒီမာဖလာအကြောင်း‌လေ... အဲ့ဒီမာဖလာက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးတဲ့ ပစ္စည်းမို့လို့လဲ၊ အစားထိုးလို့ရစရာလားဗျ"

"အေးပါ၊ ငါသိပါတယ်... ရှာတွေ့မှာပါ၊
အခုမဟုတ်လည်း တစ်ချိန်ချိန်ပေါ့"

"ရှာတွေ့တဲ့တစ်ချိန်ချိန်ကျရင် ကြွက်ကိုက်ပြီးသားတွေဖြစ်ပြီး စုတ်ပြတ်နေရင်ရော... ခြပုံထဲရောက်ပြီး အပိုင်းအစစဖြစ်နေရင်ရော..."

"မဖြစ်ပါဘူး၊ မင်းရဲ့အကောင်းမြင်စိတ်နဲ့ ယုံကြည်ချက်တွေကို ဒီလိုအချိန်မှာသုံးလေ..."

"မရဘူး ကိုကို... အဲ့ဒီအကောင်းမြင်စိတ်နဲ့ယုံကြည်ချက်က လည်ပတ်ပတ်ထားမှ buff ရပြီး strong ဖြစ်တာ၊ အခုလည်ပတ်မရှိတော့ သုံးစားလို့မရတော့ဘူး... အူးဝူး..."

တွေးတွေးပြီး လက်ပေါ်မျက်နှာအပ်လို့  နောက်တစ်ကျော့ပြန်ငိုဖြစ်သွားတဲ့ကျွန်တော့်ကို ကိုကိုကဖက်ထားရင်း ကျောကို တစ်ချက်ချင်းပုတ်ပေးတယ်။

"It's okay. Don't cry.
Everything's gonna be fine."

"I... I'm not definitely fine though."

"Then I'll give you a kiss."

ပြောပြောဆိုဆိုနဲ့ ကိုကိုက ကျွန်တော့်ကို ဖက်ထားရာကနေခဏလွှတ်၊ ကျွန်တော့်နဖူးပေါ်က ဆံပင်စတွေကိုသပ်တင်ပေးပြီး ဖွဖွလေးနမ်းတယ်။

"Do you feel a little better now?"

ကျွန်တော်နှာရည်ရှုံ့ရင်း ခေါင်းညိတ်လိုက်တယ်။ ကိုကို့လက်ချောင်းတွေက ကျွန်တော့်မျက်ရည်လည်ရွှဲမျက်နှာကို ထိကိုင်ပြီး ခြောက်သွေ့တဲ့အထိ သေချာသုတ်သင်ပေးနေကြတယ်။

"ခဏစောင့်... ငါပူတင်းသွားယူခဲ့မယ်...
အဲ့ဒါစားပြီးမှ မာဖလာရှာဖို့ကိစ္စ စဉ်းစားရအောင်...
မနက်စာလည်း မစားရသေးဘူးမလား"

ခေါင်းကိုပုတ်ပေးပြီး သူထသွားတော့ ကျွန်တော်သူ့နောက်ကနေ ဆွယ်တာအင်္ကျီစကိုဆွဲပြီး လိုက်လာခဲ့တယ်။

"ကိုကို... ကျွန်တော် မာဖလာပြန်ရှာတွေ့ပါ့မလား..."

"ရှာတွေ့မှာဆိုတာ ၁၂၀ ရာခိုင်နှုန်းသေချာတယ်"

"အဲ့ဒါကျွန်တော့်စကားကြီးလေ..."

"ခါတိုင်းဒီစကားပြောနေကျဖြစ်တဲ့မင်းက တစ်မနက်တည်းနဲ့ ယုံကြည်ချက်ပျောက်ဆုံးသွားတော့ ငါကပဲဖြစ်ဖြစ် ပိုပြီးယုံကြည်စိတ်ထားရမှာပေါ့"

ကိုကိုကလက်ဆေးရင်း ပုံမှန်ထက်ချိုသာတဲ့လေသံနဲ့ အေးဆေးသက်သာပြောပြီး ပူတင်းပန်းကန်ကို ကျွန်တော့်လက်ထဲ ထည့်ပေးတယ်။

"အဲ့ဒီမာဖလာက ငါ့အတွက်လည်းအရေးကြီးတယ်လေ...
မင်းနဲ့ငါ့ကြားက ကြိုးနီလေးပဲမလား..."

"..."

"ကြိုးနီလေးတွေက ပျောက်သွားရိုးထုံးစံမရှိဘူးလေ...
သေချာပေါက်တစ်နေရာရာမှာရှိနေမှာမို့ မကြာခင်ပြန်ရှာတွေ့မှာပါ၊
ရှာတွေ့တဲ့အခါ လမ်းလျှောက်ပြန်ထွက်ကြမယ်"

ကျွန်တော့်ခေါင်းပေါ်တစ်ခါပြန်ရောက်လာတဲ့ သူ့လက်ဖဝါး...။

"မငိုနဲ့တော့ ခွေးပေါက်လေး... နှာသီးဖျားတွေရဲနေပြီ"

"မငိုတော့ပါဘူး...
ကိုကိုကျွန်တော့်ကို ပူတင်းခွံကျွေးမှာမလား"

ကိုကိုက မျက်တောင်တွေကိုတစ်ဝက်ချလိုက်တယ်။ ရှေ့ဧည့်ခန်းက စားပွဲခုံပုလေးဘက်ဆီ အသာမေးငေါ့ပြရင်း...။

"သွား... ငြိမ်ငြိမ်ထိုင်စောင့်နေ၊
ငါဇွန်းအသေးလေးရှာပြီးလာခဲ့မယ်"

"ဟီး... မြန်မြန်နော်"

* * *

အဲ့ဒီနေ့က လည်ပတ်ကြိုးပျောက်တဲ့ကိစ္စအပေါ် ကျွန်တော်အာရုံလွှဲနိုင်အောင်ဆိုပြီး ကိုကိုက ကျွန်တော်နဲ့အတူ တစ်နေ့လုံး moba game ဆော့ပေးတယ်။

ဆော့ရင်းနဲ့ သူမဟုတ်တဲ့ teammate တစ်ချို့က n00b လွန်းနေလို့ ကျွန်တော်ဆဲမိရင်တော့ ဂိမ်းထဲမှာရုန်းကန်ရရုံလောက်နဲ့ထဆဲတာ ကောင်းတဲ့အကျင့်မဟုတ်ကြောင်း ဘေးနားကနေ တရားဟောတယ်။ သူလည်း Spy RED တစ်ပုလင်းလောက် သောက်ပြီးတာနဲ့ အဆဲလုံးတွေ အလွယ်တကူလွှတ်တတ်တာပဲဟာကို။ အင်းပါ။ ထုတ်တော့မပြောလိုက်ပါဘူး။ နဖူးပွတ်နေရရင် ဂိမ်းကို carry နိုင်မှာမဟုတ်ဘူးလေ။ ကျွန်တော်က အမြဲလှုပ်ရှားနေရတဲ့ damage dealer တွေ ကိုင်ရတာ ကြိုက်တာကိုး။ ကိုကိုကတော့ tank ယူပြီး strategy ကျကျနဲ့ ကျွန်တော့်ကိုလိုက်ကာကွယ်ပေးတယ်။
ဒါပေါ့ ဒါပေါ့။ ဒီလောက်ကောင်းတဲ့ခွေးသခင်နဲ့ချစ်သူမျိုး ၃၁ဘုံနဲ့စကြဝဠာတစ်သောင်းက ဘယ်နေရာမှာ ထပ်ရှာတွေ့နိုင်ဦးမလဲ။

[ A/N *n00b - (ဂိမ်းနယ်ပယ် အသုံးအနှုန်း) မိမိ၏ skill မပိုင်နိုင်မှုနှင့် ကစားပုံညံ့ဖျင်းခြင်းကို လက်မခံ၊ တိုးတက်လာအောင် သင်ယူ‌လေ့ကျင့်ခြင်းမရှိဘဲ အခြားကစားသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူ၊ အပြောအဆိုမျိုး လုပ်လေ့ရှိသောကစားသမား။ ]

ညနေရောက်တော့ ကိုကိုကကျွန်တော့်ကို အိမ်ပြန်လိုက်ပို့တယ်။ မာဖလာကို အပူတပြင်းလိုက်ရှာမနေဖို့၊ ခေါင်းအေးအေးထားပြီးမှ ရှိလောက်မယ့်နေရာကို ပြန်စဉ်းစားကြည့်ဖို့ အိမ်ရှေ့ပေါက်မှာရပ်ပြီး မှာသေးတယ်။

"ကိုကို အိမ်ထဲမဝင်တော့ဘူးလား..."

"မဝင်တော့ဘူး၊ ငါ ဟိုဘက်ကျောင်းကိုတင်ရမယ့် စာရွက်စာတမ်းတချို့ ပြင်ဆင်စရာလေးရှိသေးလို့..."

သူမအားဘဲနဲ့ ကျွန်တော်စိတ်ပြေအောင် အမျိုးမျိုးလုပ်ပေးနေခဲ့တာသိရတော့ အားနာသွားမိသား။

"ငါသွားတော့မယ် ခန့်ငယ်... မာဖလာရှာတွေ့ရင် ငါ့ကိုလှမ်းပြော..."

ကိုကိုကျွန်တော့်ခေါင်းကိုပုတ်ပေးပြီး နှုတ်ဆက်ရင်း သူ့ Scoopy အနက်လေးထွက်သွားတော့ ကျွန်တော့်ကအိမ်ရှေ့ပေါက်မှာ မတ်တပ်ရပ်လျက်။ အိမ်ထဲကနေထွက်လာတဲ့ စာကလေးအငယ်မရဲ့ စုပ်သပ်သံကိုမကြားခင်အထိပဲ။

"ကျစ်ကျစ်... မာဖလာပျောက်လို့ သုံးလမ်းကျော်ကသူ့ဆရာဆီ သွားငိုနေတာတဲ့... အစ်ကိုတစ်ယောက်ရှိပါတယ်၊ ကလေးကျနေတာပဲ"

"ငါက ချော့မယ်လူရှိလို့ သွားငိုတာလေ...
မမနင့်ကိုပြောထားတယ်ဆိုလည်း ပွစိပွစိနဲ့လာမဆွဘဲနဲ့ ငါ့မာဖလာကို ကူရှာထားပါလား၊ အားနေတာပဲမဟုတ်လား..."

"ရှာစရာမလိုပါဘူး၊ တွေ့ပြီလေ..."

အဲ့စကားကြားကြားချင်း အိမ်ထဲကို တ‌စ်ရွေ့ချင်းသယ်‌ယူလာခဲ့တဲ့ ကျွန်တော်ခြေလှမ်းတွေ နှစ်ဆသွက်သွားတယ်။

"ဘာ... တွေ့ပြီလား၊ ဘယ်ကပြန်တွေ့တာလဲ!"

"ဟိုဘက်အိမ်က ကြောင်ဝါကြီးချီသွားတာလေ... သူ့ကြောင်သယ်လာတဲ့မာဖလာက ဒီအိမ်က သားအလတ်လေး ပတ်ထားနေကျတစ်ခုဖြစ်မယ်ထင်လို့တဲ့ နေ့လည်တုန်းက အဲ့အန်တီကပြန်လာပေးတာ... လျှော်တာ အခြောက်ခံတာတော့ သူဟာသူပြန်လာမှ ကြိုက်သလိုကြည့်လုပ်လိမ့်မယ်၊ ဒီအတိုင်းထားထားလိုက်လို့ အမေကပြောလို့ ကိုကို့အခန်းထဲပဲ သွားထားတယ်..."

"..."

ဖြစ်ရမယ်...။ ဒီမှာတော့တမြတ်တနိုးထားရတဲ့ လည်ပတ်ကြိုးလေးပျောက်လို့ ဒေါင်းတောက်နေအောင် ရှာလိုက်ရတာ။ လက်စသတ်တော့ အဲ့ဒီငါးကြော်သူခိုးလက်ချက် ဖြစ်‌နေတာပဲ။

ကျွန်တော့်အခန်းပြတင်းပေါက်က ဆင်ဝင်နဲ့နီးတော့ ကိုယ်ဖော့သိုင်းသမားတွေ ဝင်ရလွယ်တဲ့ကိစ္စကို မေ့နေတာ။
မြွေစိမ်းတွေချီချီသွားပြီး သူ့သခင်အန်တီကြီးကို သွေးတိုးအောင်လုပ်ရတာပျင်းလာလို့ ဒီတစ်ခါ ကျွန်တော့်မြွေနီကောင်ကို ပစ်မှတ်ထားတယ်ပေါ့လေ။

တယ်ဒုက္ခပေးတဲ့ ကြောင်သူတော်လည်ပတ်သူခိုး
နောက်တစ်ခါ ‌ငါးကြော်လာခိုးရင် အရိုးနင်ပါစေဗျာ။

အပြေးအလွှားအခန်းတံခါးသွားဖွင့်ပြီး စားပွဲပေါ်မှာ ပြန်လာခွေနေတဲ့မြွေနီကောင်ကို ပြန်တွေ့မှ စိတ်အေးရတော့တယ်။ ဒဏ်ရာအနာတရရှိမရှိ စစ်ဆေးလိုက်ရင်းပြီးတဲ့နောက်တော့ ဖုန်းကိုကောက်ကိုင်လို့ လိုရင်းတိုရှင်းစာစီရိုက်ရင်း သက်ဆိုင်သူဆီ သတင်းပို့ဖြစ်တယ်။

'L.K 2 မှ L.K 1 သို့...
လည်ပတ်ကြိုးပြန်တွေ့ရှိ။ ဘေးအိမ်ကငါးကြော်သူခိုးထံ ပြန်ပေးဆွဲခံရခြင်းဟုသတင်းရ။ ဝါတာတာကြောင်မွှေးတစ်ချို့ ကပ်နေတာကလွဲရင် အန္တရာယ်ကင်းကြောင်း အတည်ပြုပြီး။ မနက်ဖြန်ကစ ပုံမှန်အတိုင်း လမ်းလျှောက်ထွက်နိုင်ပြီဖြစ်ပါကြောင်း။'

ရိုက်ယူထားတဲ့မာဖလာပုံနဲ့တွဲလျက် မက်‌ဆေ့ခ်ျပို့လိုက်ပြီးတဲ့နောက် ချက်ချင်းပဲ ကိုကို့ဆီကပြန်စာကို လက်ခံရရှိခဲ့ပါတယ်။

'Good for you, doggo'

____________________________________

💖💖💖

Nice to meet you all again!

💬 ကြားဖြတ်တင်ပြချက် (၁)
တချို့လည်း ကြားပြီးသားဖြစ်လောက်မှာပေမယ့် မပြောရသေးလို့...။ bonk meme နဲ့ အင်တာနက်ပေါ်မှာ လူသိများတဲ့ Shiba Inu ခွေးလေး Cheems က အရင်လကဆုံးသွားပါပြီ။ Cheems ကပြီးခဲ့တဲ့ August လ ၁၈ ရက် အသက် ၁၂ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ နှုတ်ဆက်သွားတာပါ။ ခွဲစိတ်မှုအပြီးမှာ chemotherapy ဆက်ခံယူဖို့ ပြင်ထားရာက အချိန်မမီလိုက်တာလို့ သခင်ဖြစ်သူက ပြောပါတယ်။

အင်တာနက်မှာပျံ့နှံ့ရာကနေ meme အဖြစ်သုံးလာကြတဲ့ Cheems ရဲ့ original ပုံပါ

သူ့သခင်ကဖွင့်ပေးထားတဲ့ acc မှာ မြင်ရတဲ့ Balltze a.k.a Cheems (bonk boi လေးက အချောလေးပါ)

ကမ္ဘာ‌ကျော် meme icon လေးရဲ့ နောက်ဆုံးခရီး

ခန့်ခန့်ကတော့ Shiba ဇာတ်ရုပ်အတွက် audition အောင်ထားရုံဖြစ်တဲ့ ဖြတ်တုန်းလတ်တုန်း ၂၃ ဟူးမန်းလေးမို့လို့ ၆နှစ်ကြီးတဲ့သခင်ထက် အရင်သွားရတာမျိုး ဖြစ်စရာမရှိလောက်ပါဘူး။ နဖူးတောက်ခံလိုက် ခေါင်းပုတ်ပေးတာခံလိုက်နဲ့ပဲ လည်ပတ်ကြိုးလည်းထပ်မပျောက်ဘဲ ကိုကိုနဲ့အတူ မိုင်လိုသောက်ရင်း ပျော်ပျော်ရွှင်ရွှင်အသက်ကြီးလာဖို့ မင်းကိုဘူလီနေကျစာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

💬 ကြားဖြတ်တင်ပြချက် (၂)
Extra တွေမှာ ခွေးစာလေးတွေပေးချင်ပါတယ်။
ပြဿနာက (L.K)² ကို ခွေးပေါက်စနဲ့ခွေးသခင်လို့ပဲ မြင်နေတဲ့ကိစ္စ။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ တွေးလိုက်တော့လည်း ဘယ်လိုမှမလုပ်ချင်ဘူး ^^ ။

ခွေးစာဖိုးမတတ်နိုင်တဲ့
Novella✒️

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
734K 105K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
4.3M 287K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
399K 28.6K 107
After loosing his parents All Arhan Ahmed khan had was his baby sister. Can he fall in love with tons of responsibilities on his young shoulders? Fol...