နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Oleh Lazy_Little_Meow

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Lebih Banyak

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [81]

813 104 5
Oleh Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၈၁)

စစ်ဆေးရေးမှူး၏ မေးခွန်းကြောင့် ပိုမိုဖိအားများလာဟန်တူသော နဉ်ရှီ၏အပြုံးကို ကြည့်ရင်း ရဲမေလေးမှာ နဉ်ရှီကို သနားလာမိသည်။ ထို့ကြောင့် ပိုညင်ညင်သာသာလေး မေးမြန်းပေးမလား မျှော်လင့်ချက်ဖြင့် သူမ၏ ခေါင်းဆောင်ကို လှည့်ကြည့်လိုက်မိ၏။ ယခင်က အမှုများစွာ ကိုင်တွယ်ဖူးခဲ့ပြီး စိတ်လှုပ်ရှားလွန်း၍ စစ်ဆေးသူများအပေါ် ဒေါသပုံချတတ်ကြသော အမှုသည်များကိုပင် သူမ မြင်တွေ့ခဲ့ဖူးသည်။

“ဟုတ်တယ်..” နဉ်ရှီက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးရိပ်မရှိတော့ပေ။ ချန်းရှီကွေ့က သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ အပြုံးဖြင့် နှစ်သိမ့်ပေးသည်။

နဉ်ရှီ၏ မျက်နှာအမူအရာက အနည်းငယ် ပြန်တည်ငြိမ်လာခဲ့သည်။ “အဲ့နေ့က ကျွန်မအမေက အိမ်သန့်ရှင်းရေးလုပ်နေတာ.. ကျွန်မက ပစ္စည်းဝယ်မလို့ ကုန်စုံဆိုင်သွားခဲ့တယ်.. ဈေးဆိုင်ကနေ ပြန်လာပြီးတော့ အိမ်ရှေ့လှေကားပေါ် ရောက်ရုံရှိသေးတယ်….” နဉ်ရှီက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်သည်။ သူမ၏ မျက်ဝန်းသားများလည်း နီရဲလာခဲ့သည်။ ပြီးနောက် သူမက မျက်နှာလွှဲကာ ဆက်ပြောခဲ့သည်။ “အဲလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်မ အဲ့နေ့က အပြင်ထွက်မှာမဟုတ်ဘူး..”

“ကျွန်တော် သိထားသလောက်ဆို အဲ့နေ့က ကျောင်းပိတ်ရက်မဟုတ်ဘူးနော်.. အဲ့အချိန်တုန်းက မစ်နဉ်က အထက်တန်း ဒုတိယနှစ်ပဲ ရှိသေးတာဆိုတော့ ကျောင်းတက်နေသင့်တယ်မလား..? ဘာလို့ ကျောင်းမသွားတာလဲ..?” စစ်ဆေးရေးမှူးလီက မှတ်စုစာအုပ်ပေါ်တွင် စာကြောင်းတချို့ ချရေးလိုက်သည်။ သူက နဉ်ရှီ၏ မျက်နှာအမူအရာကို အသေးစိတ် အကဲခတ်လိုက်ရင်း သူမ လိမ်ညာနေတာမဟုတ်မှန်း သေချာသွားတော့မှ ဆက်ပြောလာသည်။ “အဲ့အကြောင်း ပြောပြပေးနိုင်မလား..?”

“ခေါင်းဆောင်..” ရဲမေက မကြည့်ရက်တော့ဟန်ဖြင့် လီဟောင်၏နာမည်ကို ခေါ်လိုက်သည်။

သို့သော် လီဟောင်က သူမကို လျစ်လျူရှုထားပြီး နဉ်ရှီကိုသာ စိုက်ကြည့်နေခဲ့သည်။

“ပြောရရင် ကျွန်မ ကျောင်းမသွားဖြစ်ခဲ့တာ တစ်လလောက်ရှိပြီလေ..” နဉ်ရှီက ခါးသက်သက်ပြုံးရင်း.. “အဲ့မတိုင်ခင် ကျွန်မ ကျောင်းမှာ အနိုင်ကျင့်ခံရပြီး စတိုခန်းထဲ သော့ပိတ်ခံခဲ့ရတယ်.. ကျွန်မအဖေက ကျွန်မကို လိုက်ရှာရင်း ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားရတယ်.. အဲ့ကိစ္စတွေဖြစ်ပြီးတော့ ကျွန်မရဲ့ စိတ်အခြေအနေက သိပ်အဆင်မပြေခဲ့ဘူး.. အဲတာကြောင့် ကျွန်မရဲ့အမေက ကျွန်မကို စိတ်ပူပြီး ကျောင်းနားခိုင်းခဲ့တာ..”

ထိုစဉ်ကဖြစ်ရပ်များကို ကြိမ်ဖန်များစွာ ပြန်တွေးကြည့်ခဲ့ဖူးသည်။ သူမသာ စတိုခန်းထဲ အပိတ်မခံခဲ့ရလျှင် သူမ၏ဖခင်သည် ကားအက်စီးဒန့်ကြောင့် အသက်ဆုံးပါးရမည် မဟုတ်ပေ။ သူမ၏ မိခင်ဖြစ်သူလည်း ယခုလို သံသယဖြစ်ဖွယ်အခြေအနေမျိုးဖြင့် သေဆုံးရလိမ့်မည် မဟုတ်ပေ။

ထိုအတန်းဖော်များကို အရမ်းမုန်းသလို သူမကိုယ်သူမလည်း မုန်းတီးမိသည်။ စိတ်ထိခိုက်ခြင်းများနှင့်အတူ အနှီအမုန်းတရားက ကြီးထွားလာရ၏။ ထို့အတွက် သူမ လက်စားပြန်ချေရလိမ့်မည်။

ရုပ်ရည်က တကယ်ပဲ အရေးကြီးလား။ အသွင်အပြင် ခန္ဓာကိုယ်အချိုးအစားက အရေးကြီးလို့လား။ ဒီနှစ်ချက်တည်းနဲ့ လူတစ်ယောက်ကို ဆုံးဖြတ်မယ်ဆိုရင် ရူးမိုက်လွန်းရာမကျဘူးလား။ ပေါ့ပျက်ပျက်မနိုင်လွန်းဘူးလား။

စုံစမ်းရေးမှူးလီက အရာရှိလျိုကို လှည့်ကြည့်လိုက်သည်။ အရာရှိလျိုက ဘာမှမပြောဘဲ အသာခေါင်းညိတ်ပြလိုက်သည်။ စစ်ဆေးရေးမှူးလီက အခြေအနေကို အကဲခတ်ပြီးနောက် လက်ထဲမှဘောပင်ကို အောက်ချလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလာသည်။

“ကျွန်တော် စိတ်မကောင်းပါဘူး မစ်နဉ်.. အဲ့အကြောင်းတွေ ပြန်တွေးမိပြီး ဝမ်းနည်းစေမိပြီ..”

“ရပါတယ်.. အမှုအတွက် မေးမြန်းရတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်..” နဉ်ရှီက ခေါင်းခါယမ်းကာ မျက်နှာအမူအရာ ထိန်းလိုက်သည်။

“လူသေမှုဖြစ်ပြီးနောက်မှာ အရင်ဆုံးရောက်လာတဲ့ ဆွေမျိုးသားချင်းကို မှတ်မိသေးလား..?” စစ်ဆေးရေးမှူးလီက ဓာတ်ပုံတစ်ထပ် ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထိုဓာတ်ပုံများသည် နဉ်ရှီ၏ ဆွေမျိုးသားချင်းများ ဖြစ်နေသည်။ ထိုဓာတ်ပုံများကို ဘယ်အချိန်က ရိုက်ကူးထားသလဲ မသိပါသော်ငြား ဓာတ်ပုံထဲမှလူများသည် သူမ၏မှတ်ဉာဏ်ထဲမှ ပုံရိပ်များနှင့် အတော်လေး ကွာခြားကာ ရုပ်ရင့်သွားကြကြောင်း နဉ်ရှီ သတိထားမိလိုက်သည်။

နဉ်ရှီက ဓာတ်ပုံတချို့ ရွေးချယ်ကာ စစ်ဆေးရေးမှူးလီ၏ အရှေသို့ ပို့ပေးလိုက်သည်။ ထို့နောက် တိကျသေချာစွာ ပြောလိုက်သည်။

“အရင်ရောက်လာတဲ့လူတွေပါ..”

စစ်ဆေးရေးမှူးလီက ဓာတ်ပုံများကို ကြည့်လိုက်သည်။ ထိုလူများတွင် နဉ်ရှီ၏ ဖခင်ဘက်မှတော်စပ်သော ဦးလေး၊ ဒေါ်လေး၊ ဘွားလေးနှင့် ဒုတိယဦးလေးလည်း ပါဝင်နေသည်။ သူရရှိထားသော သက်သေများအရ သေဆုံးသူ၏ သမီးဖြစ်သူ နဉ်ရှီသည် ထိုစဉ်က အသက်မပြည့်သေးပေ။ ကနဦးတွင် အုပ်ထိန်းပိုင်ခွင့်ကို သူမ၏ အဘိုးအဘွားများ ရရှိထားသော်လည်း နောက်ပိုင်းမှာတော့ အဘိုးအဘွားများက သူမကို မစောင့်ရှောက်ပေးနိုင်သဖြင့် အငယ်ဆုံးဒေါ်လေးက သူမ၏ အုပ်ထိန်းသူ ဖြစ်လာခဲ့သည်။

“မစ်နဉ်က အရမ်းမှတ်ဉာဏ်ကောင်းတာပဲ..” ခေါင်းဆောင်လီက ဓာတ်ပုံများကို အိတ်ထဲ ပြန်သိမ်းလိုက်ကာ ဆက်ပြောလာသည်။ “အဲ့အချိန်တုန်းက မူမမှန်တာတစ်ခုခု သတိထားမိခဲ့သေးလား..?”

“ငယ်ငယ်လေးထဲက မှတ်ဉာဏ်ကောင်းခဲ့တာပါ..”

နဉ်ရှီမှာ ‘ငါတို့သမီးလေးက အရမ်းတော်တာပဲ.. ကြီးလာရင် ထိပ်ဆုံးတက္ကသိုလ်တက်ပြီး အရမ်းထက်မြက်တဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်လာမှာ’ ဟူ၍ သူမ၏မိဘများ ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် အချိန်ကာလများကို ပြန်လည်အမှတ်ရသွားလေ၏။

ယခုလို အသုံးမကျသည့် သမီးတစ်ယောက် ဖြစ်လာသည်မှာ စိတ်ပျက်စရာပင်။ သူမ နိုင်ငံခြားထွက်သွားချိန်၌ အထက်တန်းကျောင်းပင် မပြီးခဲ့သလို သိပ္ပံပညာရှင်ကြီးလည်း မဖြစ်နိုင်ခဲ့ပေ။ ထိုအစား ရုပ်ရှင်မင်းသမီးသာ ဖြစ်လာရသည်။

“ကျွန်မ နိုင်ငံခြားမသွားခင်က အိမ်နီးချင်းအဘွားတစ်ယောက် ပြောဖူးတယ်.. အဲ့နေ့က ကျွန်မ ဈေးသွားဝယ်နေတဲ့အချိန် အိမ်ကို လူတစ်ယောက် လာလည်ခဲ့တယ်တဲ့.. အိမ်ထဲက စကားပြောသံတွေ ကြားလိုက်ရတယ်လို့ ပြောတယ်..” နဉ်ရှီသည် စားပွဲပေါ်ရှိ ဓာတ်ပုံများထံမှ လုံးဝအကြည့်မလွှဲခဲ့ပေ။ ထိုဆွေမျိုးဟုခေါ်သော လူများသည် ဘာမှမဟုတ်သော်လည်း မုန်းစရာကောင်းအောင် ဂုတ်သွေးစုပ်လွန်းသည့် သွေးစုပ်ဖုတ်ကောင်များလိုပင်။ ထိုနှစ်က သူမ၏အဖေ ကွယ်လွန်သွားပြီးနောက် သူမအဖေ၏ မောင်နှမများသည် အဘိုးအဘွားများကို သွားရှာပြီး လျော်ကြေးရထားသည့်ငွေကို သူမ၏အမေထံမှ သွားတောင်းရန် သွေးထိုးခဲ့ကြသည်။ သူတို့က သူမအဖေ၏ အသက်နှင့်ရင်းပြီး ရထားသည့်ငွေများနှင့် ကျန်ရစ်ခဲ့သည့်အိမ်ကို သူမ၏အမေက တခြားယောက်ျားတစ်ယောက်နှင့် သုံးဖြုန်းနေမှာစိုးလို့ပါ ဟူသော စကားကိုပင် ဆင်ခြေအဖြစ် သုံးလိုက်သေးသည်။

ထိုလူများသည် သူတို့မည်မျှစိုးရိမ်ကြောင်း စာစီကုံးကာ နဉ်ရှီအား မအောင့်အည်းနိုင်အောင် ပြောခဲ့ကြသေး၏။ ပထွေးရလာခဲ့လျှင် သူမ၏ အမေက သူမကို ဂရုစိုက်တော့မည်မဟုတ်ကြောင်း၊ သူမ၏အဖေက သားလိမ္မာတစ်ဦး ဖြစ်သည့်အတွက် လူအိုကြီးများ၏ စိတ်နှလုံးနာကျင်မှုကို နှစ်သိမ့်ပေးနိုင်ရန် လျော်ကြေးငွေများ ပေးအပ်သင့်ကြောင်း စသဖြင့် ပိုက်ဆံအတွက် အမျိုးမျိုး ဒရမ်မာခင်းခဲ့ကြသည်။

နောက်ပိုင်း သူမ၏မိခင် ‘သက်သေ’သွားသောအခါ ထိုလူများက သစ္စာကြီးမားလိုက်တာ၊ သံယောဇဉ်ကြီးလိုက်တာ စသည်ဖြင့် ပြောကြပြန်သည်။ သူမ၏ အမေ့ဘက်မှ အဘိုးအဘွားများပင် အဖေ့ဘက်မှ အဘိုးအဘွားများနှင့် အကြီးအကျယ် အချင်းများခဲ့ရပြီး နောက်ဆုံး လျော်ကြေးငွေ ဒေါ်လာ 10,000 ကျော်ရသွားမှ ထိုဆွေမျိုးဆိုသူများလည်း ကျေကျေနပ်နပ်ဖြင့် ပြန်သွားကြတော့သည်။

သူမ၏မိခင် သေဆုံးမှုနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ် အရာများကို မည်သူကမျှ အရေးတယူ စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ပေ။ အသက်မပြည့်သေးသည့် ဤမိန်းမငယ်လေး၏ စိတ်အခြေအနေကိုလည်း မည်သူကမျှ ဂရုမစိုက်ခဲ့ပေ။ သူတို့စိတ်ထဲရှိသည်ကား သူမမိဘများ ချန်ရစ်ခဲ့သည့် အိမ်၊ ပိုင်ဆိုင်မှုများနှင့် လျော်ကြေးငွေသာ။ နိဂုံးချုပ်ရလျှင် ဤဖြစ်ရပ်များက သူမ၏ စိတ်ကျန်းမာရေး အခြေအနေအပေါ် သက်ရောက်မှုရှိသွားမလား ဟူ၍ စိုးရိမ်ပေးသူက အမှုစစ်တစ်ဦးသာ ရှိခဲ့သည်။ သူက သူ၏ အထက်လူကြီးထံသို့ မိန်းမငယ်လေးအတွက် ကျွမ်းကျင်သူများနှင့် စိတ်ကျန်းမာရေး အခမဲ့ဆွေးနွေးတိုင်ပင်ခွင့်ပေးရန်ပင် အထူးတလည် တောင်းဆိုပေးခဲ့သည်။ နောက်ပိုင်းတွင်မူ ဆရာမယောင်က အထုပ်အပိုးများမှအစ လိုအပ်သည့် စာရွက်စာတမ်းများ၊ Visa နှင့် နိုင်ငံခြားရောက်သည်အထိ လိုအပ်သည့် အကူအညီများကို လိုက်လံစုံစမ်းပေးခဲ့သဖြင့် နဉ်ရှီမှာ ပြည်ပနိုင်ငံသို့ ထွက်သွားနိုင်ခဲ့သည်။

ထိုနယ်မြေတွင် ကြောက်စရာကောင်းသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရသလို အလွန်စိတ်ကောင်းထားသည့် လူများနှင့်လည်း ဆုံဆည်းခဲ့ရသည်။ အင်တာနက်ပေါ်မှ လူအများ ပြောနေကြသည့်အတိုင်း သူမဘဝအတွက် ကံကောင်းမှုတချို့ ရရှိနိုင်ခဲ့သည်။ စိတ်ထားကောင်းသည့် ထိုသူငယ်ချင်းများသည် သူမဘဝ၏ ကံကောင်းမှုများဖြစ်ပြီး ချန်းရှီကွေ့နှင့် ဆုံတွေ့ခဲ့ရခြင်းကတော့ အကြီးမားဆုံး ကံကောင်းမှုပင် ဖြစ်ပေလိမ့်မည်။

“ကျွန်တော်တို့ကို အဲ့အိမ်နီးချင်းရဲ့ အချက်အလက်တွေ ပေးလို့ရနိုင်မလား..?” ခေါင်းဆောင်လီက နဉ်ရှီပြောလိုက်သည့် စကားထဲမှ အချက်အလက်ကို ဖမ်းမိလိုက်သည်။

နဉ်ရှီက ခေါင်းညိတ်ပြကာ ထိုအိမ်နီးချင်း၏ လက်ရှိလိပ်စာကို ခေါင်းဆောင်လီအား ပြောပြလိုက်သည်။ “အဲ့အဘွားက လောလောဆယ် သူ့ရဲ့သားနဲ့ အတူနေနေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စကားပြောဖြစ်သေးတယ်..”

စစ်ဆေးရေးမှူးလီက နဉ်ရှီကို အံ့ဩတကြီး ကြည့်လိုက်၏။ နဉ်ရှီကဲ့သို့ နာမည်ကြီးရုပ်ရှင်မင်းသမီးက သူမ၏ အိမ်နီးချင်းဟောင်းတစ်ဦးနှင့် အဆက်အသွယ်မပျက် ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ခေါင်းဆောင်လီ၏ အကြည့်ကို နဉ်ရှီက စိတ်မကွက်ခဲ့ပေ။ သူမက ဆွေမျိုးသားရင်းများအပေါ် အေးစက်သော်ငြား အိမ်နီးချင်းဟောင်းအပေါ်တော့ နွေးထွေးရင်းနှီးနေသည်။ ထိုကိစ္စက တခြားလူများအမြင်တွင် အလွယ်တကူ ခံစားနားလည်နိုင်သည့် အရာမျိုးမဟုတ်ပေ။ “ကျွန်မ နိုင်ငံခြားသွားမယ်ဆိုတော့ အဲ့အဘွားနဲ့ မိသားစုတွေက ကျွန်မမှာ ပိုက်ဆံအလုံအလောက်မရှိမှာကို စိုးရိမ်ပေးကြတယ်.. နိုင်ငံခြားမှာ အေးတယ်ဆိုပြီး ကျွန်မအတွက် အင်္ကျီအသစ်တွေ တကူးတက ဝယ်ပေးခဲ့တယ်.. စာအိတ်နီအထူကြီးလည်း ပေးခဲ့တယ်..”

ခေါင်းဆောင်လီ အသံတိတ်သွား၏။ စစ်ဆေးမှုမစတင်ခင် နဉ်ရှီ၏ ဆွေမျိုးများအကြောင်း အထူးတလည် စုံစမ်းခဲ့သေးသည်။ ထိုစုံစမ်းမှု၏ ရလဒ်ကား သူ့လို သေရေးရှင်ရေး အခြေအနေမျိုးစုံကို မျက်မြင်တွေ့ခဲ့ဖူးသော လူတစ်ယောက်ပင် ဒေါသထွက်လာရသည်။ တစ်ဆွေလုံးတစ်မျိုးလုံးက မိန်းမငယ်လေး၏ အမွေပစ္စည်းများကို ဂုတ်သွေးစုပ်ယူကြခဲ့ပြီး တကယ့်ကို ယုတ်မာရက်စက်လွန်းကြသည်။

နှိုင်းယှဉ်ကြည့်လျှင် နဉ်ရှီ ပြောပြခဲ့သည့် အိမ်နီးချင်းကမှ ပို၍ကြင်နာတတ်သေးသည်။ သို့ဖြစ်ရာ နဉ်ရှီက ဆွေမျိုးသားချင်းများ မရှိသလို သဘောထားပြီး အိမ်နီးချင်းဟောင်းနှင့် ရင်းနှီးနေသည်မှာ မထူးဆန်းတော့ပါချေ။ သူသာ သူမနေရာမှာဆိုလျှင် နဉ်ရှီကဲ့သို့ စိတ်လျော့ထားနိုင်မည် မဟုတ်လောက်ပေ။

စစ်ဆေးရေးမှူးလီက နဉ်ရှီကို မေးခွန်းတချို့ ထပ်မေးခဲ့ပြီး နဉ်ရှီကလည်း တတ်စွမ်းသမျှ ပြန်ဖြေခဲ့သည်။ သူမ၏ ပူးပေါင်းဆောင်ရွက်မှုက ရက်အနည်းငယ်ခန့် ညလုံးပေါက် အလုပ်လုပ်ခဲ့ရသော လီဟောင်ကို စိတ်ကြည်လင်လာစေသည်။ နဉ်ရှီ၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လီဟောင်က အရာရှိစွန်းထံ ကားသော့ပစ်ပေးလိုက်သည်။

သူ၏ ကားသေးသေးလေးထဲတွင် လူလေးယောက်လုံး ဝင်ထိုင်လိုက်ကြ၏။ ခေါင်းဆောင်လီက သမ်းဝေလိုက်ရင်း..

“မင်းတို့ သတိထားမိလား..?”

အရာရှိစွန်းက ကားစက်နှိုးလိုက်ရင်း တုံ့ဆိုင်းစွာ မေးလာသည်။ “ဘာကိုလဲ..?”

အရာရှိစွန်း၏ အူတိအူကြောင် မျက်နှာအမူအရာကိုကြည့်ပြီး ခေါင်းဆောင်လီမှာ သူ့လက်ထဲမှ စာရွက်လိပ်ဖြင့် အရာရှိစွန်း၏ ခေါင်းကို ထုမိလုမတတ် ဖြစ်သွားရသည်။ “ငါ့နောက်လိုက်နေတာ တစ်နှစ်မကတော့ဘူး.. ဒါလေးတောင် အကဲမခတ်နိုင်သေးဘူးလား..?”

အရာရှိစွန်းက ဇတ်ပုလိုက်ရင်း ဘာမှပြန်မပြောရဲခဲ့ပေ။

ရဲမေလေးလည်း အရာရှိစွန်း အပြစ်တင်ခံနေရပုံကို ကြည့်ပြီး အသံပင်မထွက်ရဲခဲ့ပေ။ အရာရှိလျိုက အငယ်နှစ်ယောက် ကြောက်လန့်နေပုံကိုကြည့်ပြီး ရယ်သွမ်းသွေးလိုက်သည်။ “သူတို့က ငယ်သေးတယ်လေ.. ထပ်ပြီး သင်ကြားပေးလို့ရပါတယ်..”

ခေါင်းဆောင်လီက မျက်လုံးပြူးပြလိုက်သော်လည်း ဘာမှထပ်မပြောခဲ့ပေ။

အရာရှိလျိုက ပန်းပွင့်အသွင် ပုံဖော်ထားသော တန်ဖိုးကြီးဂိတ်တံခါးကြီးကို လှည့်ကြည့်လိုက်ရင်း တွေးတွေးဆဆ ပြောလာသည်။ “ဒီမင်းသမီးက မရိုးရှင်းဘူး..”

နိုင်ငံရပ်ခြားတွင် ခုနစ်နှစ်ခန့် တစ်ယောက်တည်း ရုန်းကန်ခဲ့ပြီး မွေးရပ်မြေပြန်လာချိန်နောက် ရုပ်ရှင်မင်းသမီး ဖြစ်လာရသည့် ဤမိန်းကလေးက အောင်မြင်မှုအထွတ်အထိပ်ရောက်ချိန်မှ သက်သေအမြောက်အမြား ယူချလာပြီး အတိတ်မှ အမှုဟောင်းကို ပြန်လည်အစဖော်ခဲ့သည်။

ထိုသက်သေအားလုံးကို မည်သို့ စုဆောင်းခဲ့ပါသနည်း။ ထို့အပြင် နိုင်ငံခြားသရုပ်ဆောင်များ တရုတ်ပြည်သို့ ရောက်မလာခင်အထိ ‘The Unrivalled 2’တွင် သူမ ပါဝင်သရုပ်ဆောင်ထားမှန်း မည်သူမျှ မသိခဲ့ပေ။ သူမက မည်သည့်အရာကို စောင့်မျှော်နေသနည်း။ အောင်မြင်မှုအထွတ်အထိပ် ရောက်လာမည့် အချိန်ကာလကို စောင့်မျှော်နေခြင်းလော။

သိသာနေသည်၊ ထိုမတိုင်ခင်တွင် ဘာသတင်းမှ မကြားခဲ့ရသော်လည်း အရမ်းအောင်မြင်သွားချိန်မှာတော့ သတင်းထွက်ပေါ်လာခဲ့သည်။

ဤသို့ဆိုလျှင် နဉ်ရှီက စိတ်ရှည်လွန်းသည်ဟု ဆိုရပေမည်။ သူမက ဉာဏ်ကောင်းသည်၊ ထက်မြက်လှပပြီး သရုပ်ဆောင်ကောင်းသည်။ သူမလိုလူတစ်ယောက်သာ ရာဇဝတ်သားဖြစ်လာလျှင် သူမ၏လှည့်ကွက်အောက် လူဘယ်လောက်များများ လှည့်စားခံနေရမလဲဆိုတာ တွေးကြည့်ရန်ပင် ခက်လှသည်။

“ရှီရှီ..” ချန်းရှီကွေ့က နဉ်ရှီကို ပွေ့ဖက်လိုက်ရင်း.. : “နောက်ဆို မင်းအတွက် ကိုယ်ရှိနေမယ်နော်..”

နဉ်ရှီက ချန်းရှီကွေ့၏ ရင်ခွင်ထဲ တိုးဝင်ကာ သူမသိပြီဖြစ်ကြောင်း အသံပြုလိုက်သည်။ ချစ်ရသူ၏ အားကောင်းလွန်းသော ရင်ခုန်သံစည်းချက်ကြောင့် နဉ်ရှီလည်း စိတ်သက်သာရာရလာခဲ့၏။

“Ring…”

ချန်းရှီကွေ့၏ အလုပ်ဖုန်းသံဖြစ်ကြောင်း နဉ်ရှီ သိလိုက်သည်။ သူ၏ အင်္ကျီအိတ်ထဲမှ ဖုန်းကိုယူကာ ချန်းရှီကွေ့၏ လက်ထဲ ကမ်းပေးလိုက်သည်။ “ဖုန်းကိုင်လိုက်ဦး..”

ချန်းရှီကွေ့က ဖုန်းကိုင်လိုက်သည်။ တစ်ဖက်လူ တင်ပြတာကို နားထောင်ပြီးနောက် သူက နဉ်ရှီကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ရင်း.. : “သိပြီ.. နောက်မှလာခဲ့မယ်..”

နဉ်ရှီက သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး.. : “အလုပ်သွားပြီး ဖြေရှင်းစရာရှိတာ ဖြေရှင်းပေးလိုက်ဦး.. ကျွန်မက ကလေးမှမဟုတ်တာ၊ အနားမှာပဲ နေပေးစရာမလိုပါဘူး..” သူမကို အဖော်ပြုပေးနိုင်ရန်အတွက် နေ့တိုင်း အားလပ်ချိန်ရအောင် ကြိုးစားရသည်မှာ ချန်းရှီကွေ့အတွက် မလွယ်ကူပါချေ။ သူမ ဆေးရုံတက်စဉ်ကလည်း အနားမှာ ရှိနေပေးခဲ့သေးသည်။ သို့ဖြစ်ရာ သူ ကိုင်တွယ်ဖြေရှင်းပေးရမည့် စာရွက်စာတမ်းများ စုပုံလာချေပြီ။

သူ့လိုအဆင့်အတန်းနှင့် လူတစ်ယောက်အတွက် လုပ်ငန်းကိစ္စများက မရိုးရှင်းနိုင်ပါချေ။ ဘာမှမလုပ်ဘဲ ဥပဒေကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပြီး‌ ဘော်ကြော့နေနိုင်သည်က Idol Drama ထဲမှ အမျိုးသားဇာတ်လိုက်များသာ ရှိပေလိမ့်မည်။

ချန်းရှီကွေ့က နဉ်ရှီ၏ နှုတ်ခမ်းထောင့်စွန်းလေးကို အသာနမ်းရှိုက်လိုက်ရင်း.. “မင်းက ကလေးလေးထက်တောင် ပိုပြီး ချစ်ဖို့ကောင်းသေးတယ်..”

“မြင်မြန်သွားတော့.. သွား..” နဉ်ရှီက သူ့ကို ယင်မောင်းသလို မောင်းထုတ်လိုက်သည်။

တည်ငြိမ်သည့် အမျိုးသားတစ်ဦးက တီတီတာတာ စကားချိုချိုလေးများ ပြောလာသောအခါ ထိုစကားလုံးများဖြင့်ပင် လူတစ်ယောက်ကို ပိတီဖြာဝေသွားစေနိုင်သည်။

နေ့လည်ပိုင်းတွင် နဉ်ရှီတစ်ယောက်တည်း အိမ်မှာ ကျန်ရစ်လေသည်။ နေ့လည်စာကို ရိုးရိုးရှင်းရှင်း စားလိုက်ပြီးနောက် တစ်ရေးအိပ်စက်တော့မည့်အချိန် မထင်မှတ်ထားသည့် ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။

“ကျူးမိုလီ..?” နဉ်ရှီက ဖုန်းကိုင်ပြီးနောက် Phone Recording (အသံဖမ်းခလုတ်)ကို ဖွင့်လိုက်သည်။ ထိုအမျိုးသမီးသည် သူမအပေါ် ဘယ်သောအခါမှ အကျိုးမပေးခဲ့ရာ စိတ်ချလက်ချ နေလို့ရနိုင်သည့် လူမျိုးမဟုတ်ပေ။

“နဉ်ရှီ..” ဖုန်းထဲမှ ကျူးမိုလီ၏ ချောင်းဆိုးသံ ပေါ်ထွက်လာသည်။ သူမ၏လေသံက အတော်လေး ဂနာမငြိမ်ဖြစ်နေပြီး အတုန်တုန်အယင်ယင်ဖြင့် အက်ကွဲနေလေသည်။ “နဉ်ရှီ.. ငါတောင်းပန်ပါတယ်.. ငါ မှားခဲ့တာပါ.. မီဒီယာတွေ ရှေ့မှာလည်း တောင်းပန်ပါ့မယ်.. နင်ဖြစ်စေချင်တဲ့အတိုင်း အကုန်လုပ်ပေးပါ့မယ်.. ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါနော်..!”

ကျူးမိုလီ၏အသံက တော်လေး စိုးရိမ်သောကများနေကြောင်း နဉ်ရှီ သိလိုက်သည်။ သို့သော် သံသယတချို့ ရှိနေသဖြင့်.. “ဘာဖြစ်တာလဲ..? သေသေချာချာရှင်းပြ.. နင်ပြောတာ ငါနားမလည်ဘူး..”

“ကျင်းဟုန်ခိုင်က ငါ့ကို သတ်ချင်နေတယ်.. နေ့တိုင်း ငါ့နောက်ကို လူတွေလိုက်နေတယ်..” ကျူးမိုလီ၏အသံက စိတ်မမှန်သူလိုပင်။ ပစ္စည်းကျကွဲသံများကိုလည်း ဖုန်းမှတဆင့် ကြားနေရသည်။ ထို့နောက် ကျူးမိုလီက အသံတိုးတိုးဖြင့် ဆက်ပြောလာသည်။ “သူ ငါ့အိမ်ထဲမှာ ကင်မရာတွေ တပ်ထားတယ်.. သူ့ရဲ့လျှို့ဝှက်ချက် အဖော်ခံရမှာ ကြောက်နေတာ..”

‘လျှို့ဝှက်ချက်’ ဟူသော စကားကြောင့် နဉ်ရှီမှာ သံသယပိုဝင်လာမိ၏။ ကျူးမိုလီက သရုပ်ဆောင်နေခြင်းလော။ သို့တည်းမဟုတ် တကယ်ပဲ စိတ်လွတ်နေခြင်းလော။

ပို၍ထူးဆန်းနေသည့်အချက်က ကျူးမိုလီထံတွင် သူမ၏ ဤဖုန်းနံပါတ် ရှိနေခြင်းပင်။ အေဂျင်စီမှ ဝန်ထမ်းများနှင့် ဆက်သွယ်ရန် အသုံးပြုသော ဤဖုန်းနံပါတ်ကို ကျူးမိုလီက အဘယ်သို့ ရရှိခဲ့သနည်း။ ကုမ္ပဏီက သူမ၏ ဖုန်းနံပါတ်ကို ပေါက်ကြားစေခဲ့ခြင်းလော။

နဉ်ရှီ ပြန်မပြောခင်မှာပင် ကျူးမိုလီက ရုတ်တရက် အော်ဟစ်လာသည်။ “နင်တစ်ယောက်ပဲ ငါ့ကို ကူညီပေးနိုင်မှာ..! မစ္စတာချန်းကို တောင်းဆိုပေးရင် သူ ငါ့ကို ကယ်ပေးနိုင်မှာပါ.. ငါ မသေချင်ဘူး.. ငါ မသေချင်သေးဘူး.. နင်သိလား.. ဟိုတုန်းက ချန်ကျန်းကျန်း…..”

“တူ… တူ… တူ…” ဖုန်းလိုင်းက ရုတ်တရက် ပြတ်တောက်သွားသည်။ နဉ်ရှီ ထိုဖုန်းနံပါတ်ကို ပြန်ဆက်သောအခါ ကျူးမိုလီ၏ ဖုန်းက စက်ပိတ်သွားချေပြီ။

နဉ်ရှီလည်း တစ်ခဏစဉ်းစားကြည့်ပြီးနောက် သူမ၏ ဖုန်းတွင် နံပါတ်တချို့ ရိုက်နှိပ်လိုက်၏။

ထူးဆန်းသည့် ကိစ္စတစ်ခုခု ဖြစ်ပျက်လာလျှင် ရဲစခန်းနှင့် ဆက်သွယ်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်း  ဖြစ်ပေသည်။

………………………………..

[Zawgyi]

အခန္း - (၈၁)

စစ္ေဆးေရးမွဴး၏ ေမးခြန္းေၾကာင့္ ပိုမိုဖိအားမ်ားလာဟန္တူေသာ နဉ္ရွီ၏အၿပံဳးကို ၾကၫ့္ရင္း ရဲေမေလးမွာ နဉ္ရွီကို သနားလာမိသည္။ ထို႔ေၾကာင့္ ပိုညင္ညင္သာသာေလး ေမးျမန္းေပးမလား ေမ်ွာ္လင့္ခ်က္ျဖင့္ သူမ၏ ေခါင္းေဆာင္ကို လွၫ့္ၾကၫ့္လိုက္မိ၏။ ယခင္က အမႈမ်ားစြာ ကိုင္တြယ္ဖူးခဲ့ၿပီး စိတ္လႈပ္ရွားလြန္း၍ စစ္ေဆးသူမ်ားအေပၚ ေဒါသပံုခ်တတ္ၾကေသာ အမႈသည္မ်ားကိုပင္ သူမ ျမင္ေတြ့ခဲ့ဖူးသည္။

“ဟုတ္တယ္..” နဉ္ရွီက ေခါင္းညိတ္ျပလိုက္သည္။ သူမ၏ မ်က္ႏွာေပၚတြင္ အၿပံဳးရိပ္မရိွေတာ့ေပ။ ခ်န္းရွီေကြ့က သူမ၏ လက္ဖဝါးေလးကို ဆုပ္ကိုင္ကာ အၿပံဳးျဖင့္ ႏွစ္သိမ့္ေပးသည္။

နဉ္ရွီ၏ မ်က္ႏွာအမူအရာက အနည္းငယ္ ျပန္တည္ၿငိမ္လာခဲ့သည္။ “အဲ့ေန့က ကြၽန္မအေမက အိမ္သန႔္ရွင္းေရးလုပ္ေနတာ.. ကြၽန္မက ပစၥည္းဝယ္မလို႔ ကုန္စံုဆိုင္သြားခဲ့တယ္.. ေဈးဆိုင္ကေန ျပန္လာၿပီးေတာ့ အိမ္ေရ႔ွေလွကားေပၚ ေရာက္ရံုရိွေသးတယ္….” နဉ္ရွီက ႏႈတ္ခမ္းႏွစ္လႊာကို တင္းတင္းေစ့လိုက္သည္။ သူမ၏ မ်က္ဝန္းသားမ်ားလည္း နီရဲလာခဲ့သည္။ ၿပီးေနာက္ သူမက မ်က္ႏွာလႊဲကာ ဆက္ေျပာခဲ့သည္။ “အဲလိုျဖစ္မယ္ဆိုတာ ႀကိဳသိခဲ့ရင္ ကြၽန္မ အဲ့ေန့က အျပင္ထြက္မွာမဟုတ္ဘူး..”

“ကြၽန္ေတာ္ သိထားသေလာက္ဆို အဲ့ေန့က ေက်ာင္းပိတ္ရက္မဟုတ္ဘူးေနာ္.. အဲ့အခ်ိန္တုန္းက မစ္နဉ္က အထက္တန္း ဒုတိယႏွစ္ပဲ ရိွေသးတာဆိုေတာ့ ေက်ာင္းတက္ေနသင့္တယ္မလား..? ဘာလို႔ ေက်ာင္းမသြားတာလဲ..?” စစ္ေဆးေရးမွဴးလီက မွတ္စုစာအုပ္ေပၚတြင္ စာေၾကာင္းတခ်ိဳ႕ ခ်ေရးလိုက္သည္။ သူက နဉ္ရွီ၏ မ်က္ႏွာအမူအရာကို အေသးစိတ္ အကဲခတ္လိုက္ရင္း သူမ လိမ္ညာေနတာမဟုတ္မွန္း ေသခ်ာသြားေတာ့မွ ဆက္ေျပာလာသည္။ “အဲ့အေၾကာင္း ေျပာျပေပးႏိုင္မလား..?”

“ေခါင္းေဆာင္..” ရဲေမက မၾကၫ့္ရက္ေတာ့ဟန္ျဖင့္ လီေဟာင္၏နာမည္ကို ေခၚလိုက္သည္။

သို႔ေသာ္ လီေဟာင္က သူမကို လ်စ္လ်ူရႈထားၿပီး နဉ္ရွီကိုသာ စိုက္ၾကၫ့္ေနခဲ့သည္။

“ေျပာရရင္ ကြၽန္မ ေက်ာင္းမသြားျဖစ္ခဲ့တာ တစ္လေလာက္ရိွၿပီေလ..” နဉ္ရွီက ခါးသက္သက္ၿပံဳးရင္း.. “အဲ့မတိုင္ခင္ ကြၽန္မ ေက်ာင္းမွာ အႏိုင္က်င့္ခံရၿပီး စတိုခန္းထဲ ေသာ့ပိတ္ခံခဲ့ရတယ္.. ကြၽန္မအေဖက ကြၽန္မကို လိုက္ရွာရင္း ကားအက္စီးဒန႔္ျဖစ္ၿပီး ဆံုးပါးသြားရတယ္.. အဲ့ကိစၥေတျြဖစ္ၿပီးေတာ့ ကြၽန္မရဲ့ စိတ္အေျခအေနက သိပ္အဆင္မေျပခဲ့ဘူး.. အဲတာေၾကာင့္ ကြၽန္မရဲ့အေမက ကြၽန္မကို စိတ္ပူၿပီး ေက်ာင္းနားခိုင္းခဲ့တာ..”

ထိုစဉ္ကျဖစ္ရပ္မ်ားကို ႀကိမ္ဖန္မ်ားစြာ ျပန္ေတြးၾကၫ့္ခဲ့ဖူးသည္။ သူမသာ စတိုခန္းထဲ အပိတ္မခံခဲ့ရလ်ွင္ သူမ၏ဖခင္သည္ ကားအက္စီးဒန႔္ေၾကာင့္ အသက္ဆံုးပါးရမည္ မဟုတ္ေပ။ သူမ၏ မိခင္ျဖစ္သူလည္း ယခုလို သံသယျဖစ္ဖြယ္အေျခအေနမ်ိဳးျဖင့္ ေသဆံုးရလိမ့္မည္ မဟုတ္ေပ။

ထိုအတန္းေဖာ္မ်ားကို အရမ္းမုန္းသလို သူမကိုယ္သူမလည္း မုန္းတီးမိသည္။ စိတ္ထိခိုက္ျခင္းမ်ားႏွင့္အတူ အႏွီအမုန္းတရားက ႀကီးထြားလာရ၏။ ထို႔အတြက္ သူမ လက္စားျပန္ေခ်ရလိမ့္မည္။

ရုပ္ရည္က တကယ္ပဲ အေရးႀကီးလား။ အသြင္အျပင္ ခႏၶာကိုယ္အခ်ိဳးအစားက အေရးႀကီးလို႔လား။ ဒီႏွစ္ခ်က္တည္းနဲ႔ လူတစ္ေယာက္ကို ဆံုးျဖတ္မယ္ဆိုရင္ ရူးမိုက္လြန္းရာမက်ဘူးလား။ ေပါ့ပ်က္ပ်က္မႏိုင္လြန္းဘူးလား။

စံုစမ္းေရးမွဴးလီက အရာရိွလ်ိဳကို လွၫ့္ၾကၫ့္လိုက္သည္။ အရာရိွလ်ိဳက ဘာမွမေျပာဘဲ အသာေခါင္းညိတ္ျပလိုက္သည္။ စစ္ေဆးေရးမွဴးလီက အေျခအေနကို အကဲခတ္ၿပီးေနာက္ လက္ထဲမွေဘာပင္ကို ေအာက္ခ်လိုက္ၿပီး တည္ၾကည္ေလးနက္ေသာ မ်က္ႏွာထားျဖင့္ ေျပာလာသည္။

“ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး မစ္နဉ္.. အဲ့အေၾကာင္းေတြ ျပန္ေတြးမိၿပီး ဝမ္းနည္းေစမိၿပီ..”

“ရပါတယ္.. အမႈအတြက္ ေမးျမန္းရတယ္ဆိုတာ ကြၽန္မ နားလည္ပါတယ္..” နဉ္ရွီက ေခါင္းခါယမ္းကာ မ်က္ႏွာအမူအရာ ထိန္းလိုက္သည္။

“လူေသမႈျဖစ္ၿပီးေနာက္မွာ အရင္ဆံုးေရာက္လာတဲ့ ေဆြမ်ိဳးသားခ်င္းကို မွတ္မိေသးလား..?” စစ္ေဆးေရးမွဴးလီက ဓာတ္ပံုတစ္ထပ္ ထုတ္ယူကာ စားပြဲေပၚတြင္ ျဖန႔္ခင္းလိုက္သည္။ ထိုဓာတ္ပံုမ်ားသည္ နဉ္ရွီ၏ ေဆြမ်ိဳးသားခ်င္းမ်ား ျဖစ္ေနသည္။ ထိုဓာတ္ပံုမ်ားကို ဘယ္အခ်ိန္က ရိုက္ကူးထားသလဲ မသိပါေသာ္ျငား ဓာတ္ပံုထဲမွလူမ်ားသည္ သူမ၏မွတ္ဉာဏ္ထဲမွ ပံုရိပ္မ်ားႏွင့္ အေတာ္ေလး ကြာျခားကာ ရုပ္ရင့္သြားၾကေၾကာင္း နဉ္ရွီ သတိထားမိလိုက္သည္။

နဉ္ရွီက ဓာတ္ပံုတခ်ိဳ႕ ေရြးခ်ယ္ကာ စစ္ေဆးေရးမွဴးလီ၏ အေရွသို႔ ပို႔ေပးလိုက္သည္။ ထို႔ေနာက္ တိက်ေသခ်ာစြာ ေျပာလိုက္သည္။

“အရင္ေရာက္လာတဲ့လူေတြပါ..”

စစ္ေဆးေရးမွဴးလီက ဓာတ္ပံုမ်ားကို ၾကၫ့္လိုက္သည္။ ထိုလူမ်ားတြင္ နဉ္ရွီ၏ ဖခင္ဘက္မွေတာ္စပ္ေသာ ဦးေလး၊ ေဒၚေလး၊ ဘြားေလးႏွင့္ ဒုတိယဦးေလးလည္း ပါဝင္ေနသည္။ သူရရိွထားေသာ သက္ေသမ်ားအရ ေသဆံုးသူ၏ သမီးျဖစ္သူ နဉ္ရွီသည္ ထိုစဉ္က အသက္မျပၫ့္ေသးေပ။ ကနဦးတြင္ အုပ္ထိန္းပိုင္ခြင့္ကို သူမ၏ အဘိုးအဘြားမ်ား ရရိွထားေသာ္လည္း ေနာက္ပိုင္းမွာေတာ့ အဘိုးအဘြားမ်ားက သူမကို မေစာင့္ေရွာက္ေပးႏိုင္သျဖင့္ အငယ္ဆံုးေဒၚေလးက သူမ၏ အုပ္ထိန္းသူ ျဖစ္လာခဲ့သည္။

“မစ္နဉ္က အရမ္းမွတ္ဉာဏ္ေကာင္းတာပဲ..” ေခါင္းေဆာင္လီက ဓာတ္ပံုမ်ားကို အိတ္ထဲ ျပန္သိမ္းလိုက္ကာ ဆက္ေျပာလာသည္။ “အဲ့အခ်ိန္တုန္းက မူမမွန္တာတစ္ခုခု သတိထားမိခဲ့ေသးလား..?”

“ငယ္ငယ္ေလးထဲက မွတ္ဉာဏ္ေကာင္းခဲ့တာပါ..”

နဉ္ရွီမွာ ‘ငါတို႔သမီးေလးက အရမ္းေတာ္တာပဲ.. ႀကီးလာရင္ ထိပ္ဆံုးတကၠသိုလ္တက္ၿပီး အရမ္းထက္ျမက္တဲ့ သိပၸံပညာရွင္ႀကီး ျဖစ္လာမွာ’ ဟူ၍ သူမ၏မိဘမ်ား ဂုဏ္ယူဝင့္ႂကြားခဲ့ရသၫ့္ အခ်ိန္ကာလမ်ားကို ျပန္လည္အမွတ္ရသြားေလ၏။

ယခုလို အသံုးမက်သၫ့္ သမီးတစ္ေယာက္ ျဖစ္လာသည္မွာ စိတ္ပ်က္စရာပင္။ သူမ ႏိုင္ငံျခားထြက္သြားခ်ိန္၌ အထက္တန္းေက်ာင္းပင္ မၿပီးခဲ့သလို သိပၸံပညာရွင္ႀကီးလည္း မျဖစ္ႏိုင္ခဲ့ေပ။ ထိုအစား ရုပ္ရွင္မင္းသမီးသာ ျဖစ္လာရသည္။

“ကြၽန္မ ႏိုင္ငံျခားမသြားခင္က အိမ္နီးခ်င္းအဘြားတစ္ေယာက္ ေျပာဖူးတယ္.. အဲ့ေန့က ကြၽန္မ ေဈးသြားဝယ္ေနတဲ့အခ်ိန္ အိမ္ကို လူတစ္ေယာက္ လာလည္ခဲ့တယ္တဲ့.. အိမ္ထဲက စကားေျပာသံေတြ ၾကားလိုက္ရတယ္လို႔ ေျပာတယ္..” နဉ္ရွီသည္ စားပြဲေပၚရိွ ဓာတ္ပံုမ်ားထံမွ လံုးဝအၾကၫ့္မလႊဲခဲ့ေပ။ ထိုေဆြမ်ိဳးဟုေခၚေသာ လူမ်ားသည္ ဘာမွမဟုတ္ေသာ္လည္း မုန္းစရာေကာင္းေအာင္ ဂုတ္ေသြးစုပ္လြန္းသၫ့္ ေသြးစုပ္ဖုတ္ေကာင္မ်ားလိုပင္။ ထိုႏွစ္က သူမ၏အေဖ ကြယ္လြန္သြားၿပီးေနာက္ သူမအေဖ၏ ေမာင္ႏွမမ်ားသည္ အဘိုးအဘြားမ်ားကို သြားရွာၿပီး ေလ်ာ္ေၾကးရထားသၫ့္ေငြကို သူမ၏အေမထံမွ သြားေတာင္းရန္ ေသြးထိုးခဲ့ၾကသည္။ သူတို႔က သူမအေဖ၏ အသက္ႏွင့္ရင္းၿပီး ရထားသၫ့္ေငြမ်ားႏွင့္ က်န္ရစ္ခဲ့သၫ့္အိမ္ကို သူမ၏အေမက တျခားေယာက္်ားတစ္ေယာက္ႏွင့္ သံုးျဖဳန္းေနမွာစိုးလို႔ပါ ဟူေသာ စကားကိုပင္ ဆင္ေျခအျဖစ္ သံုးလိုက္ေသးသည္။

ထိုလူမ်ားသည္ သူတို႔မည္မ်ွစိုးရိမ္ေၾကာင္း စာစီကံုးကာ နဉ္ရွီအား မေအာင့္အည္းႏိုင္ေအာင္ ေျပာခဲ့ၾကေသး၏။ ပေထြးရလာခဲ့လ်ွင္ သူမ၏ အေမက သူမကို ဂရုစိုက္ေတာ့မည္မဟုတ္ေၾကာင္း၊ သူမ၏အေဖက သားလိမၼာတစ္ဦး ျဖစ္သၫ့္အတြက္ လူအိုႀကီးမ်ား၏ စိတ္ႏွလံုးနာက်င္မႈကို ႏွစ္သိမ့္ေပးႏိုင္ရန္ ေလ်ာ္ေၾကးေငြမ်ား ေပးအပ္သင့္ေၾကာင္း စသျဖင့္ ပိုက္ဆံအတြက္ အမ်ိဳးမ်ိဳး ဒရမ္မာခင္းခဲ့ၾကသည္။

ေနာက္ပိုင္း သူမ၏မိခင္ ‘သက္ေသ’သြားေသာအခါ ထိုလူမ်ားက သစၥာႀကီးမားလိုက္တာ၊ သံေယာဇဉ္ႀကီးလိုက္တာ စသည္ျဖင့္ ေျပာၾကျပန္သည္။ သူမ၏ အေမ့ဘက္မွ အဘိုးအဘြားမ်ားပင္ အေဖ့ဘက္မွ အဘိုးအဘြားမ်ားႏွင့္ အႀကီးအက်ယ္ အခ်င္းမ်ားခဲ့ရၿပီး ေနာက္ဆံုး ေလ်ာ္ေၾကးေငြ ေဒၚလာ 10,000 ေက်ာ္ရသြားမွ ထိုေဆြမ်ိဳးဆိုသူမ်ားလည္း ေက်ေက်နပ္နပ္ျဖင့္ ျပန္သြားၾကေတာ့သည္။

သူမ၏မိခင္ ေသဆံုးမႈႏွင့္ပတ္သက္သၫ့္ သံသယျဖစ္ဖြယ္ အရာမ်ားကို မည္သူကမ်ွ အေရးတယူ စံုစမ္းစစ္ေဆးျခင္း မရိွခဲ့ေပ။ အသက္မျပၫ့္ေသးသၫ့္ ဤမိန္းမငယ္ေလး၏ စိတ္အေျခအေနကိုလည္း မည္သူကမ်ွ ဂရုမစိုက္ခဲ့ေပ။ သူတို႔စိတ္ထဲရိွသည္ကား သူမမိဘမ်ား ခ်န္ရစ္ခဲ့သၫ့္ အိမ္၊ ပိုင္ဆိုင္မႈမ်ားႏွင့္ ေလ်ာ္ေၾကးေငြသာ။ နိဂံုးခ်ဳပ္ရလ်ွင္ ဤျဖစ္ရပ္မ်ားက သူမ၏ စိတ္က်န္းမာေရး အေျခအေနအေပၚ သက္ေရာက္မႈရိွသြားမလား ဟူ၍ စိုးရိမ္ေပးသူက အမႈစစ္တစ္ဦးသာ ရိွခဲ့သည္။ သူက သူ၏ အထက္လူႀကီးထံသို႔ မိန္းမငယ္ေလးအတြက္ ကြၽမ္းက်င္သူမ်ားႏွင့္ စိတ္က်န္းမာေရး အခမဲ့ေဆြးေနြးတိုင္ပင္ခြင့္ေပးရန္ပင္ အထူးတလည္ ေတာင္းဆိုေပးခဲ့သည္။ ေနာက္ပိုင္းတြင္မူ ဆရာမေယာင္က အထုပ္အပိုးမ်ားမွအစ လိုအပ္သၫ့္ စာရြက္စာတမ္းမ်ား၊ Visa ႏွင့္ ႏိုင္ငံျခားေရာက္သည္အထိ လိုအပ္သၫ့္ အကူအညီမ်ားကို လိုက္လံစံုစမ္းေပးခဲ့သျဖင့္ နဉ္ရွီမွာ ျပည္ပႏိုင္ငံသို႔ ထြက္သြားႏိုင္ခဲ့သည္။

ထိုနယ္ေျမတြင္ ေၾကာက္စရာေကာင္းသၫ့္ လူအမ်ိဳးမ်ိဳးႏွင့္ ေတြ့ႀကံဳခဲ့ရသလို အလြန္စိတ္ေကာင္းထားသၫ့္ လူမ်ားႏွင့္လည္း ဆံုဆည္းခဲ့ရသည္။ အင္တာနက္ေပၚမွ လူအမ်ား ေျပာေနၾကသၫ့္အတိုင္း သူမဘဝအတြက္ ကံေကာင္းမႈတခ်ိဳ႕ ရရိွႏိုင္ခဲ့သည္။ စိတ္ထားေကာင္းသၫ့္ ထိုသူငယ္ခ်င္းမ်ားသည္ သူမဘဝ၏ ကံေကာင္းမႈမ်ားျဖစ္ၿပီး ခ်န္းရွီေကြ့ႏွင့္ ဆံုေတြ့ခဲ့ရျခင္းကေတာ့ အႀကီးမားဆံုး ကံေကာင္းမႈပင္ ျဖစ္ေပလိမ့္မည္။

“ကြၽန္ေတာ္တို႔ကို အဲ့အိမ္နီးခ်င္းရဲ့ အခ်က္အလက္ေတြ ေပးလို႔ရႏိုင္မလား..?” ေခါင္းေဆာင္လီက နဉ္ရွီေျပာလိုက္သၫ့္ စကားထဲမွ အခ်က္အလက္ကို ဖမ္းမိလိုက္သည္။

နဉ္ရွီက ေခါင္းညိတ္ျပကာ ထိုအိမ္နီးခ်င္း၏ လက္ရိွလိပ္စာကို ေခါင္းေဆာင္လီအား ေျပာျပလိုက္သည္။ “အဲ့အဘြားက ေလာေလာဆယ္ သူ႔ရဲ့သားနဲ႔ အတူေနေနပါတယ္.. လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္က စကားေျပာျဖစ္ေသးတယ္..”

စစ္ေဆးေရးမွဴးလီက နဉ္ရွီကို အံ့ဩတႀကီး ၾကၫ့္လိုက္၏။ နဉ္ရွီကဲ့သို႔ နာမည္ႀကီးရုပ္ရွင္မင္းသမီးက သူမ၏ အိမ္နီးခ်င္းေဟာင္းတစ္ဦးႏွင့္ အဆက္အသြယ္မပ်က္ ရိွေနလိမ့္မည္ဟု သူ လံုးဝမထင္ထားခဲ့ေပ။

ေခါင္းေဆာင္လီ၏ အၾကၫ့္ကို နဉ္ရွီက စိတ္မကြက္ခဲ့ေပ။ သူမက ေဆြမ်ိဳးသားရင္းမ်ားအေပၚ ေအးစက္ေသာ္ျငား အိမ္နီးခ်င္းေဟာင္းအေပၚေတာ့ ေနြးေထြးရင္းႏွီးေနသည္။ ထိုကိစၥက တျခားလူမ်ားအျမင္တြင္ အလြယ္တကူ ခံစားနားလည္ႏိုင္သၫ့္ အရာမ်ိဳးမဟုတ္ေပ။ “ကြၽန္မ ႏိုင္ငံျခားသြားမယ္ဆိုေတာ့ အဲ့အဘြားနဲ႔ မိသားစုေတြက ကြၽန္မမွာ ပိုက္ဆံအလံုအေလာက္မရိွမွာကို စိုးရိမ္ေပးၾကတယ္.. ႏိုင္ငံျခားမွာ ေအးတယ္ဆိုၿပီး ကြၽန္မအတြက္ အက်ႌအသစ္ေတြ တကူးတက ဝယ္ေပးခဲ့တယ္.. စာအိတ္နီအထူႀကီးလည္း ေပးခဲ့တယ္..”

ေခါင္းေဆာင္လီ အသံတိတ္သြား၏။ စစ္ေဆးမႈမစတင္ခင္ နဉ္ရွီ၏ ေဆြမ်ိဳးမ်ားအေၾကာင္း အထူးတလည္ စံုစမ္းခဲ့ေသးသည္။ ထိုစံုစမ္းမႈ၏ ရလဒ္ကား သူ႔လို ေသေရးရွင္ေရး အေျခအေနမ်ိဳးစံုကို မ်က္ျမင္ေတြ့ခဲ့ဖူးေသာ လူတစ္ေယာက္ပင္ ေဒါသထြက္လာရသည္။ တစ္ေဆြလံုးတစ္မ်ိဳးလံုးက မိန္းမငယ္ေလး၏ အေမြပစၥည္းမ်ားကို ဂုတ္ေသြးစုပ္ယူၾကခဲ့ၿပီး တကယ့္ကို ယုတ္မာရက္စက္လြန္းၾကသည္။

ႏိႈင္းယွဉ္ၾကၫ့္လ်ွင္ နဉ္ရွီ ေျပာျပခဲ့သၫ့္ အိမ္နီးခ်င္းကမွ ပို၍ၾကင္နာတတ္ေသးသည္။ သို႔ျဖစ္ရာ နဉ္ရွီက ေဆြမ်ိဳးသားခ်င္းမ်ား မရိွသလို သေဘာထားၿပီး အိမ္နီးခ်င္းေဟာင္းႏွင့္ ရင္းႏွီးေနသည္မွာ မထူးဆန္းေတာ့ပါေခ်။ သူသာ သူမေနရာမွာဆိုလ်ွင္ နဉ္ရွီကဲ့သို႔ စိတ္ေလ်ာ့ထားႏိုင္မည္ မဟုတ္ေလာက္ေပ။

စစ္ေဆးေရးမွဴးလီက နဉ္ရွီကို ေမးခြန္းတခ်ိဳ႕ ထပ္ေမးခဲ့ၿပီး နဉ္ရွီကလည္း တတ္စြမ္းသမ်ွ ျပန္ေျဖခဲ့သည္။ သူမ၏ ပူးေပါင္းေဆာင္ရြက္မႈက ရက္အနည္းငယ္ခန႔္ ညလံုးေပါက္ အလုပ္လုပ္ခဲ့ရေသာ လီေဟာင္ကို စိတ္ၾကည္လင္လာေစသည္။ နဉ္ရွီ၏ အိမ္မွ ထြက္လာခဲ့ၿပီးေနာက္ လီေဟာင္က အရာရိွစြန္းထံ ကားေသာ့ပစ္ေပးလိုက္သည္။

သူ၏ ကားေသးေသးေလးထဲတြင္ လူေလးေယာက္လံုး ဝင္ထိုင္လိုက္ၾက၏။ ေခါင္းေဆာင္လီက သမ္းေဝလိုက္ရင္း..

“မင္းတို႔ သတိထားမိလား..?”

အရာရိွစြန္းက ကားစက္ႏိႈးလိုက္ရင္း တံု႔ဆိုင္းစြာ ေမးလာသည္။ “ဘာကိုလဲ..?”

အရာရိွစြန္း၏ အူတိအူေၾကာင္ မ်က္ႏွာအမူအရာကိုၾကၫ့္ၿပီး ေခါင္းေဆာင္လီမွာ သူ႔လက္ထဲမွ စာရြက္လိပ္ျဖင့္ အရာရိွစြန္း၏ ေခါင္းကို ထုမိလုမတတ္ ျဖစ္သြားရသည္။ “ငါ့ေနာက္လိုက္ေနတာ တစ္ႏွစ္မကေတာ့ဘူး.. ဒါေလးေတာင္ အကဲမခတ္ႏိုင္ေသးဘူးလား..?”

အရာရိွစြန္းက ဇတ္ပုလိုက္ရင္း ဘာမျွပန္မေျပာရဲခဲ့ေပ။

ရဲေမေလးလည္း အရာရိွစြန္း အျပစ္တင္ခံေနရပံုကို ၾကၫ့္ၿပီး အသံပင္မထြက္ရဲခဲ့ေပ။ အရာရိွလ်ိဳက အငယ္ႏွစ္ေယာက္ ေၾကာက္လန႔္ေနပံုကိုၾကၫ့္ၿပီး ရယ္သြမ္းေသြးလိုက္သည္။ “သူတို႔က ငယ္ေသးတယ္ေလ.. ထပ္ၿပီး သင္ၾကားေပးလို႔ရပါတယ္..”

ေခါင္းေဆာင္လီက မ်က္လံုးျပဴးျပလိုက္ေသာ္လည္း ဘာမွထပ္မေျပာခဲ့ေပ။

အရာရိွလ်ိဳက ပန္းပြင့္အသြင္ ပံုေဖာ္ထားေသာ တန္ဖိုးႀကီးဂိတ္တံခါးႀကီးကို လွၫ့္ၾကၫ့္လိုက္ရင္း ေတြးေတြးဆဆ ေျပာလာသည္။ “ဒီမင္းသမီးက မရိုးရွင္းဘူး..”

ႏိုင္ငံရပ္ျခားတြင္ ခုနစ္ႏွစ္ခန႔္ တစ္ေယာက္တည္း ရုန္းကန္ခဲ့ၿပီး ေမြးရပ္ေျမျပန္လာခ်ိန္ေနာက္ ရုပ္ရွင္မင္းသမီး ျဖစ္လာရသၫ့္ ဤမိန္းကေလးက ေအာင္ျမင္မႈအထြတ္အထိပ္ေရာက္ခ်ိန္မွ သက္ေသအေျမာက္အျမား ယူခ်လာၿပီး အတိတ္မွ အမႈေဟာင္းကို ျပန္လည္အစေဖာ္ခဲ့သည္။

ထိုသက္ေသအားလံုးကို မည္သို႔ စုေဆာင္းခဲ့ပါသနည္း။ ထို႔အျပင္ ႏိုင္ငံျခားသရုပ္ေဆာင္မ်ား တရုတ္ျပည္သို႔ ေရာက္မလာခင္အထိ ‘The Unrivalled 2’တြင္ သူမ ပါဝင္သရုပ္ေဆာင္ထားမွန္း မည္သူမ်ွ မသိခဲ့ေပ။ သူမက မည္သၫ့္အရာကို ေစာင့္ေမ်ွာ္ေနသနည္း။ ေအာင္ျမင္မႈအထြတ္အထိပ္ ေရာက္လာမၫ့္ အခ်ိန္ကာလကို ေစာင့္ေမ်ွာ္ေနျခင္းေလာ။

သိသာေနသည္၊ ထိုမတိုင္ခင္တြင္ ဘာသတင္းမွ မၾကားခဲ့ရေသာ္လည္း အရမ္းေအာင္ျမင္သြားခ်ိန္မွာေတာ့ သတင္းထြက္ေပၚလာခဲ့သည္။

ဤသို႔ဆိုလ်ွင္ နဉ္ရွီက စိတ္ရွည္လြန္းသည္ဟု ဆိုရေပမည္။ သူမက ဉာဏ္ေကာင္းသည္၊ ထက္ျမက္လွပၿပီး သရုပ္ေဆာင္ေကာင္းသည္။ သူမလိုလူတစ္ေယာက္သာ ရာဇဝတ္သားျဖစ္လာလ်ွင္ သူမ၏လွၫ့္ကြက္ေအာက္ လူဘယ္ေလာက္မ်ားမ်ား လွၫ့္စားခံေနရမလဲဆိုတာ ေတြးၾကၫ့္ရန္ပင္ ခက္လွသည္။

“ရွီရွီ..” ခ်န္းရွီေကြ့က နဉ္ရွီကို ေပြ့ဖက္လိုက္ရင္း.. : “ေနာက္ဆို မင္းအတြက္ ကိုယ္ရိွေနမယ္ေနာ္..”

နဉ္ရွီက ခ်န္းရွီေကြ့၏ ရင္ခြင္ထဲ တိုးဝင္ကာ သူမသိၿပီျဖစ္ေၾကာင္း အသံျပဳလိုက္သည္။ ခ်စ္ရသူ၏ အားေကာင္းလြန္းေသာ ရင္ခုန္သံစည္းခ်က္ေၾကာင့္ နဉ္ရွီလည္း စိတ္သက္သာရာရလာခဲ့၏။

“Ring…”

ခ်န္းရွီေကြ့၏ အလုပ္ဖုန္းသံျဖစ္ေၾကာင္း နဉ္ရွီ သိလိုက္သည္။ သူ၏ အက်ႌအိတ္ထဲမွ ဖုန္းကိုယူကာ ခ်န္းရွီေကြ့၏ လက္ထဲ ကမ္းေပးလိုက္သည္။ “ဖုန္းကိုင္လိုက္ဦး..”

ခ်န္းရွီေကြ့က ဖုန္းကိုင္လိုက္သည္။ တစ္ဖက္လူ တင္ျပတာကို နားေထာင္ၿပီးေနာက္ သူက နဉ္ရွီကို တစ္ခ်က္ငဲ့ၾကၫ့္လိုက္သည္။ ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္ရင္း.. : “သိၿပီ.. ေနာက္မွလာခဲ့မယ္..”

နဉ္ရွီက သူ႔ရင္ခြင္ထဲမွ ရုန္းထြက္လိုက္ၿပီး.. : “အလုပ္သြားၿပီး ေျဖရွင္းစရာရိွတာ ေျဖရွင္းေပးလိုက္ဦး.. ကြၽန္မက ကေလးမွမဟုတ္တာ၊ အနားမွာပဲ ေနေပးစရာမလိုပါဘူး..” သူမကို အေဖာ္ျပဳေပးႏိုင္ရန္အတြက္ ေန့တိုင္း အားလပ္ခ်ိန္ရေအာင္ ႀကိဳးစားရသည္မွာ ခ်န္းရွီေကြ့အတြက္ မလြယ္ကူပါေခ်။ သူမ ေဆးရံုတက္စဉ္ကလည္း အနားမွာ ရိွေနေပးခဲ့ေသးသည္။ သို႔ျဖစ္ရာ သူ ကိုင္တြယ္ေျဖရွင္းေပးရမၫ့္ စာရြက္စာတမ္းမ်ား စုပံုလာေခ်ၿပီ။

သူ႔လိုအဆင့္အတန္းႏွင့္ လူတစ္ေယာက္အတြက္ လုပ္ငန္းကိစၥမ်ားက မရိုးရွင္းႏိုင္ပါေခ်။ ဘာမွမလုပ္ဘဲ ဥပေဒကို လႊမ္းမိုးခ်ဳပ္ကိုင္ထားႏိုင္ၿပီး‌ ေဘာ္ေၾကာ့ေနႏိုင္သည္က Idol Drama ထဲမွ အမ်ိဳးသားဇာတ္လိုက္မ်ားသာ ရိွေပလိမ့္မည္။

ခ်န္းရွီေကြ့က နဉ္ရွီ၏ ႏႈတ္ခမ္းေထာင့္စြန္းေလးကို အသာနမ္းရိႈက္လိုက္ရင္း.. “မင္းက ကေလးေလးထက္ေတာင္ ပိုၿပီး ခ်စ္ဖို႔ေကာင္းေသးတယ္..”

“ျမင္ျမန္သြားေတာ့.. သြား..” နဉ္ရွီက သူ႔ကို ယင္ေမာင္းသလို ေမာင္းထုတ္လိုက္သည္။

တည္ၿငိမ္သၫ့္ အမ်ိဳးသားတစ္ဦးက တီတီတာတာ စကားခ်ိဳခ်ိဳေလးမ်ား ေျပာလာေသာအခါ ထိုစကားလံုးမ်ားျဖင့္ပင္ လူတစ္ေယာက္ကို ပိတီျဖာေဝသြားေစႏိုင္သည္။

ေန့လည္ပိုင္းတြင္ နဉ္ရွီတစ္ေယာက္တည္း အိမ္မွာ က်န္ရစ္ေလသည္။ ေန့လည္စာကို ရိုးရိုးရွင္းရွင္း စားလိုက္ၿပီးေနာက္ တစ္ေရးအိပ္စက္ေတာ့မၫ့္အခ်ိန္ မထင္မွတ္ထားသၫ့္ ဖုန္းတစ္ေကာလ္ ဝင္လာခဲ့သည္။

“က်ူးမိုလီ..?” နဉ္ရွီက ဖုန္းကိုင္ၿပီးေနာက္ Phone Recording (အသံဖမ္းခလုတ္)ကို ဖြင့္လိုက္သည္။ ထိုအမ်ိဳးသမီးသည္ သူမအေပၚ ဘယ္ေသာအခါမွ အက်ိဳးမေပးခဲ့ရာ စိတ္ခ်လက္ခ် ေနလို႔ရႏိုင္သၫ့္ လူမ်ိဳးမဟုတ္ေပ။

“နဉ္ရွီ..” ဖုန္းထဲမွ က်ူးမိုလီ၏ ေခ်ာင္းဆိုးသံ ေပၚထြက္လာသည္။ သူမ၏ေလသံက အေတာ္ေလး ဂနာမၿငိမ္ျဖစ္ေနၿပီး အတုန္တုန္အယင္ယင္ျဖင့္ အက္ကြဲေနေလသည္။ “နဉ္ရွီ.. ငါေတာင္းပန္ပါတယ္.. ငါ မွားခဲ့တာပါ.. မီဒီယာေတြ ေရ႔ွမွာလည္း ေတာင္းပန္ပါ့မယ္.. နင္ျဖစ္ေစခ်င္တဲ့အတိုင္း အကုန္လုပ္ေပးပါ့မယ္.. ေက်းဇူးျပဳျပီး ငါ့ကို ကယ္ေပးပါေနာ္..!”

က်ူးမိုလီ၏အသံက ေတာ္ေလး စိုးရိမ္ေသာကမ်ားေနေၾကာင္း နဉ္ရွီ သိလိုက္သည္။ သို႔ေသာ္ သံသယတခ်ိဳ႕ ရိွေနသျဖင့္.. “ဘာျဖစ္တာလဲ..? ေသေသခ်ာခ်ာရွင္းျပ.. နင္ေျပာတာ ငါနားမလည္ဘူး..”

“က်င္းဟုန္ခိုင္က ငါ့ကို သတ္ခ်င္ေနတယ္.. ေန့တိုင္း ငါ့ေနာက္ကို လူေတြလိုက္ေနတယ္..” က်ူးမိုလီ၏အသံက စိတ္မမွန္သူလိုပင္။ ပစၥည္းက်ကြဲသံမ်ားကိုလည္း ဖုန္းမွတဆင့္ ၾကားေနရသည္။ ထို႔ေနာက္ က်ူးမိုလီက အသံတိုးတိုးျဖင့္ ဆက္ေျပာလာသည္။ “သူ ငါ့အိမ္ထဲမွာ ကင္မရာေတြ တပ္ထားတယ္.. သူ႔ရဲ့လ်ိႈ႔ဝွက္ခ်က္ အေဖာ္ခံရမွာ ေၾကာက္ေနတာ..”

‘လ်ိႈ႔ဝွက္ခ်က္’ ဟူေသာ စကားေၾကာင့္ နဉ္ရွီမွာ သံသယပိုဝင္လာမိ၏။ က်ူးမိုလီက သရုပ္ေဆာင္ေနျခင္းေလာ။ သို႔တည္းမဟုတ္ တကယ္ပဲ စိတ္လြတ္ေနျခင္းေလာ။

ပို၍ထူးဆန္းေနသၫ့္အခ်က္က က်ူးမိုလီထံတြင္ သူမ၏ ဤဖုန္းနံပါတ္ ရိွေနျခင္းပင္။ ေအဂ်င္စီမွ ဝန္ထမ္းမ်ားႏွင့္ ဆက္သြယ္ရန္ အသံုးျပဳေသာ ဤဖုန္းနံပါတ္ကို က်ူးမိုလီက အဘယ္သို႔ ရရိွခဲ့သနည္း။ ကုမၸဏီက သူမ၏ ဖုန္းနံပါတ္ကို ေပါက္ၾကားေစခဲ့ျခင္းေလာ။

နဉ္ရွီ ျပန္မေျပာခင္မွာပင္ က်ူးမိုလီက ရုတ္တရက္ ေအာ္ဟစ္လာသည္။ “နင္တစ္ေယာက္ပဲ ငါ့ကို ကူညီေပးႏိုင္မွာ..! မစၥတာခ်န္းကို ေတာင္းဆိုေပးရင္ သူ ငါ့ကို ကယ္ေပးႏိုင္မွာပါ.. ငါ မေသခ်င္ဘူး.. ငါ မေသခ်င္ေသးဘူး.. နင္သိလား.. ဟိုတုန္းက ခ်န္က်န္းက်န္း…..”

“တူ… တူ… တူ…” ဖုန္းလိုင္းက ရုတ္တရက္ ျပတ္ေတာက္သြားသည္။ နဉ္ရွီ ထိုဖုန္းနံပါတ္ကို ျပန္ဆက္ေသာအခါ က်ူးမိုလီ၏ ဖုန္းက စက္ပိတ္သြားေခ်ၿပီ။

နဉ္ရွီလည္း တစ္ခဏစဉ္းစားၾကၫ့္ၿပီးေနာက္ သူမ၏ ဖုန္းတြင္ နံပါတ္တခ်ိဳ႕ ရိုက္ႏိွပ္လိုက္၏။

ထူးဆန္းသၫ့္ ကိစၥတစ္ခုခု ျဖစ္ပ်က္လာလ်ွင္ ရဲစခန္းႏွင့္ ဆက္သြယ္လိုက္ျခင္းက အေကာင္းဆံုးနည္းလမ္း  ျဖစ္ေပသည္။

………………………………..

Lanjutkan Membaca

Kamu Akan Menyukai Ini

3.1M 236K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
7.1K 244 20
Author - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures up...
230K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024