Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း

15 3 0
By Novella_1001

❄️❄️❄️

"ကိုကို ဒီချောကလက်ကနည်းနည်းခါးသလားလို့..."

"ဟုတ်လား... ငါသေချာ အချိုများအောင်လုပ်ထားတာပါ"

"အရသာမမြည်းလိုက်ဘူးမလား၊ ကိုကိုစားကြည့်လေ..."

ကျွန်တော်ကမ်းပေးတဲ့ ချောကလက်တုံးလေးကို ကိုကိုကလှမ်းယူပြီး သူ့အကျင့်အတိုင်း ခပ်သေးသေးလေးကိုက်လိုက်တုန်း ကျန်တဲ့အပိုင်းကို ဟပ်ယူလိုက်မိတော့...။

"Shiba Inu တွေက ပါးစပ်ထဲကလုစားရတာကို သဘောကျတာလား..."

"အင်း... Shiba Inu style choco kiss လေ... မလုပ်လိုက်ရရင် နောင်တရနေမိမယ်ထင်လို့..."

ချစ်သူတွေအဖြစ်နဲ့ပထမဆုံးဖြစ်သန်းရတဲ့ Valentine Day...။ ကိုကိုလုပ်ပေးတဲ့ချောကလက်ကိုမြည်းစမ်းရင်း ကျွန်တော်သူ့အနားမှာ ခုန်ဆွခုန်ဆွဖြစ်နေတယ်။ ပလီစိချောက်ချက်နည်းလမ်းတွေနဲ့ သူ့နှုတ်ခမ်းက ချောကလက်မှုန်လေးတွေကိုလျက်နိုင်ဖို့ အသည်းအသန်ကြိုးစားနေခဲ့တာလို့ ပြောရမလား။

ပန်းကန်ပြားနီနီလေးပေါ်မှာ စီရီနေတဲ့ အသည်းပုံချောကလက်တုံးလေးတွေက ဖေဖော်ဝါရီ ၁၄ ကို
ဆရာတပည့်များနေ့နဲ့မှားစရာ အကြောင်းမရှိတော့မှန်း သက်သေပြနေတယ်။ Claudius II လည်း ဝင်တားလို့မရဘူး။ တစ်ချိန်ကကျွန်တော့်ဆရာဖြစ်ခဲ့ဖူးတဲ့ အယ်လ်ခွန်းဆိုတဲ့အဲ့ဒီလူသားဟာ အခုကျွန်တော့်ချစ်သူပဲ။ ရည်းစားဟောင်းဆိုတာတွေ အရင်ကဆောင်းမှာချန်ခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းကိုချစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျွန်တော့်ရဲ့တရားဝင်ချစ်သူ။

သူကိုယ်တိုင်ဖွင့်ပြောတာကို ခံရဖူးတဲ့သူက သမိုင်းမှာ ကျွန်တော်ပထမဆုံးဖြစ်ပြီး ကျွန်တော့်နောက်မှာလည်း ဘယ်သူ့နာမည်မှ ရှိနေမှာမဟုတ်ဘူး။ ရှိခဲ့ရင် သမိုင်းရေးဆရာကို သမိုင်းတုဖန်တီးမှုနဲ့ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် ဒဏ်ကြေးတပ်မယ်။  ကိုကို့နှလုံးသားကို အပိုင်ရထားသူက အခုရောနောင်ရော ကျွန်တော်တစ်ယောက်တည်းပဲ။

"ကိုကို..."

"‌ဘာလဲ ခန့်ငယ်... ချောကလက်ကို ခွံ့ကျွေးခိုင်းဦးမလို့လား"

"ခွံ့ကျွေးရမှာပေါ့... ချစ်သူဖြစ်နေပြီးတော့ မေးစရာလိုသေးသလား..."

နောက်ကျောကတွယ်ဖက်ထားလျက်နဲ့ သူ့ပခုံးပေါ်ကိုမေးတင်ပြီးပြောလိုက်တော့ ကိုကိုက ချောကလက်တုံးလေးတစ်ခုကိုကောက်ပြီး ကျွန်တော့်နှုတ်ခမ်းရှေ့ ထိုးပေးတယ်။ ကျွန်တော် အဲ့ဒီနှလုံးသားမုန့်လေးကို ခပ်သွက်သွက်ကိုက်လိုက်ရင်း...။

"ကိုကို... နောက်တစ်ခါကျရင် ပါးစပ်ကနေကျွေးပါလား..."

"ခုဏကပဲ မင်းငါ့ပါးစပ်ကနေ ဖြတ်ကိုက်... ဖြတ်လုစားပြီးပြီမဟုတ်လား..."

"အဲ့ဒါက မထိတထိလေးတင်လေ... မဝဘူး...
ပြီးတော့ အေးစက်စက်နဲ့ရယ်၊ ကျွန်တော်က ကိုကိုအာငွေ့နဲ့ နွေးအောင်လုပ်ထားတဲ့ ချောကလက်ကိုစားချင်တာ"

နောက်စကားစုကို နားနားလေးကပ်ပြောလိုက်တာမို့ ကိုကို့နားရွက်ဖျားက သွေးကြောလေးတွေ နီမြန်းသွားတာကို အမိဖမ်းပြီးကြည့်လိုက်ရတယ်။ ထွက်လာတဲ့တုံ့ပြန်သံကိုပဲ နားထောင်မယ်ဆိုရင်တော့ တည်ငြိမ်အောင်လုပ်ထားတဲ့ မဝဲတဝဲ tone တစ်ခုပဲ ကြားရမှာပေါ့။

"လူကိုတွယ်ကပ်ပြီး တအီအီလုပ်နေတာ ကောင်းတဲ့အကျင့်မဟုတ်ဘူး"

"မသိဘူးဗျာ... choco kiss longer version လိုချင်တယ်"

"ခန့်ငယ်... မင်းမနှစ်ကထက် ပိုဆိုးလာတာပဲ"

"ကိုကိုကလည်း ကျွန်တော်ကဘယ်တုန်းကလိမ္မာဖူးလို့လဲ... ဒါပေမယ့် ဒီတစ်ခါ ကျွန်တော့်မှာ မလိမ္မာရတဲ့အကြောင်းအရင်းရှိတယ်... ကိုကိုလည်းသိရဲ့သားနဲ့... ကျွန်တော်တို့ Valentine Day ကို ချစ်သူတွေအဖြစ်နဲ့ အနီးကပ်ဖြတ်သန်းနိုင်ဖို့က အခုပြီးတဲ့နောက် ဘယ်တော့မှလဲဆိုတာ မသေချာဘူးမလား..."

"..."

"လုပ်ပါ ကိုကိုရာ... ပါးစပ်နဲ့ခွံ့ကျွေးရတာ ဘာပင်ပန်းလို့လဲ..."

"ခန့်ငယ်..."

"ကျွေးမယ်မလား... ကျွေးနော်... မကျွေးရင် Shiba scream နဲ့ အပီအပြင်ငိုမှာ... ကိုကိုကျွန်တော့်ကို အနိုင်ကျင့်နေမှန်း မန္တလေးတစ်မြို့လုံးသိအောင်..."

"Jesus Christ..."

သက်ပြင်းချသံနဲ့အတူထွက်လာတဲ့အဲ့စကားရဲ့ နောက်ကအဓိပ္ပာယ်က 'ဘယ်သူကဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ...' ဆိုတာ ဖြစ်လောက်မယ်။

"အရင်ဆုံးငါ့ကိုလွှတ်..."

"ဟီး... ဟုတ်ကဲ့..."

လက်နှစ်ဖက်ကို သူ့ခန္ဓာကိုယ်ပေါ်ကဖယ်ပေးလိုက်တော့ ရင်စေ့ဆွယ်တာအဖြူလေးနဲ့တစ်ယောက်ဟာ သူကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်တုံးလေးတွေအထက် နှစ်စင်တီမီတာလောက်မှာ လက်ချောင်းဖျားလေးကိုရွှေ့နေရင်း သူစိတ်တိုင်းကျတဲ့တစ်ခုကို ရွေးချယ်လိုက်တယ်။ ကြည့်ရတာတော့အားလုံးက အရွယ်တူ လှတပတတွေချည်းပါပဲ။ သူ့လို OCD vision ပိုင်ဆိုင်မထားလို့ အသေးစိတ်မှာဘာကွာလဲတော့ ကျွန်တော်လည်းမသိဘူး။

"မျက်စိမှိတ်ထား..."

"Roger!"

အလေးပြုတဲ့ပုံစံအတိုင်း ရင်ကိုကော့လို့ ခပ်တောင့်တောင့်ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်တယ်။ မျက်လွှာတွေကိုမချခင်မှာ အကဲခတ်လိုက်မိတာက တွန့်ဆုတ်ဆုတ်ပုံစံနဲ့ပဲ ချောကလက်တုံးလေးကို ပါးစပ်ထဲထည့်ဝါးလိုက်တဲ့ သူ့ပုံစံ...။ ကျွန်တော့်ရဲ့ကိုကိုက... ရှက်နေတာပဲ။ သူ့ထက်အသက် ၆ နှစ်ငယ်တဲ့ ကလေးဆီမှာ အနိုင်ကျင့်ခံနေရတဲ့ပုံစံကအစ ချစ်စရာကောင်းနေလိုက်တာ။

မကြာခင်ပဲ ကျွန်တော့်မေးဖျားက‌နေ မေးရိုးတစ်လျှောက်ကို ထိကိုင်လာတဲ့လက်ချောင်းသွယ်တွေရဲ့ ခပ်နွေးနွေးအတွေ့တစ်ခုကို စခံစားမိတယ်။ အလိုလိုပဲ ပါးစပ်ကမီလီစိတ်စာဟသွားတော့ မိုင်လိုဘူးက စက္ကူပိုက်ကလေးထက် အဆများစွာ ချောမွတ်ပျောင်းပျော့တဲ့ နူ့ညံ့မှုတစ်ခုဆီ တံဆိပ်ကပ်ခံလိုက်ရပါရဲ့။ နှုတ်ခမ်းဝကနေတိုးဝင်ပြီး လျှာဖျားကိုရောက်လာတဲ့ ချော်ရည်ပူတွေက ချောကလက်အရသာ။ မည်းမှောင်နေတဲ့ အာရုံထဲမှာ သူ့အသက်ရှူသံတွေရဲ့ရိုက်ခတ်မှုက အရောင်မျိုးစုံပြောင်းလဲ‌နေတယ်။ ချောကလက်ရည်တွေ စီးကျမသွားအောင် ကျွန်တော်သူ့နှုတ်ခမ်းကို ပြန်စုပ်ယူလိုက်တိုင်း အဲ့ဒီအသက်ရှူနှုန်းက နှစ်ဆပိုပိုတိုးလာသလိုပဲ။ ကျွန်တော့်မျက်နှာတစ်ခုလုံး လေပူတွေနဲ့ နွေးသွားတယ်။

ကျွန်တော့်ကို အနမ်းချိုချိုပေးနေသူရဲ့မျက်နှာကို ရုတ်တရက်ကြီး အရမ်းကြည့်ချင်လာတယ်။ စိတ်အတိုင်းပဲ ပွင့်သွားတဲ့မျက်လုံးက သူ့ကိုလေ့လာဖို့လုပ်လိုက်တော့ ကြိုသိနေတဲ့အတိုင်း ကျွန်တော်အမြင်အာရုံကို ပိတ်ကာလိုက်တဲ့လက်ဖဝါးပြင်တစ်ခု။

"ခွေးပေါက်လေး... ခိုးမကြည့်နဲ့လေ..."

"..."

အနမ်းပေးနေတာကိုခဏရပ်ထားရင်း အနီးကပ်ဆုံးနေရာကနေ အဲ့သလိုပြောလာတော့ ကျွန်တော့်ခန္ဓာကိုယ်က တောင့်ခဲသွားသလားလို့။ သူခိုးလူမိဖြစ်သွားတာကြောင့် ငြိမ်ငြိမ်နေပြီးဝန်ခံလိုက်တော့ သူ့ခံတွင်းထဲမှာကျန်နေတဲ့ အချိုဓာတ်လက်ကျန်‌တွေကို ကျွန်တော့်နှုတ်ခမ်းဝမှာချပေးသွားတယ်။

အရှည်ကြာဆုံးတစ်ခုပဲ။ တရားဝင်တာရော တရားမဝင်တာရောထည့်ပေါင်းရင်တောင် အခုအချိန်ထိ ကိုကို့ဆီကရဖူးသမျှ အနမ်းတွေထဲမှာ ဒီတစ်ခါကအရှည်ကြာဆုံး။

"မျက်စိဖွင့်တော့..."

ကျွန်တော်ရေခဲကျိန်စာမိနေခဲ့တာ အဲ့ဒီ spell ကို ကြားမှ လှုပ်ရှားဖို့သတိရတော့တာပဲ။ မျက်လုံးဖွင့်လိုက်တော့ ပိတ်ကာထားတဲ့လက်ဖဝါးရော နှုတ်ခမ်းသားတွေရောက ကျွန်တော့်မျက်နှာကနေ ခွာသွားကြပြီ။ ဆုံချက်ထဲရပ်နေသူဟာ တစ်ရှူးတစ်ရွက်ကိုဆွဲယူပြီး သူ့နှုတ်ခမ်းထောင့်က ချောကလက်စလေးတွေကို အသာဖိသုတ်နေတယ်။

"ကိုကိုက အနမ်းပေးတာ ကျွမ်းကျင်အဆင့်ပဲ..."

"ကျေနပ်ပြီဆိုရင် တဂျီဂျီဆက်မလုပ်နဲ့တော့..."

"တစ်ခုမေးစရာရှိတယ်... တစ်ဖက်လူရဲ့မျက်လုံးကိုပိတ်ပြီး အနမ်းပေးတာက ကိုကို့ရဲ့မူပိုင်ပုံစံလား..."

ကိုကိုက မျက်မှန်ကိုင်းအကြည်လေးကို နေရာပြန်ချနေရင်း မေးခွန်းမေးတဲ့ကျွန်တော့်ကို ပြန်ကြည့်တယ်။

"မူပိုင်ပုံစံ..."

"ဇာတ်ကားထဲကနေ ကူးချထားတာတော့ မဟုတ်ဘူးမလား..."

"ထောက်..."

"အ..."

"ကူးချစရာလား"

"ဒါဆို ကိုကိုကိုယ်တိုင်တီထွင်ထားတဲ့ အနမ်းပေးနည်းပဲပေါ့...
အဲ့လိုလုပ်ဖို့ ဘယ်လိုစိတ်ကူးရတာလဲ"

နဖူးပွတ်ရင်း ဆက်အင်တာဗျူးနေမိတော့ ကိုကို့ဆီကနေ 'လျှာရှည်လိုက်တဲ့ကလေး' ဆိုတဲ့အကြည့်ပြန်ရတယ်။

"ဘယ်လိုစိတ်ကူးနဲ့မှမဟုတ်ဘူး၊ အနမ်းပေးတဲ့အချိန် ငါ့မျက်နှာကို မမြင်စေချင်လို့..."

"ရှက်လို့လား..."

"..."

"ကိုကိုရှက်လို့ ပေးမမြင်ချင်တာလား... ဒါမှမဟုတ် နမ်းနေတဲ့အချိန် ကိုကို့မျက်နှာကိုကြည့်ရင် ရေခဲရုပ်ဖြစ်သွားတဲ့ကျိန်စာမျိုး သင့်မှာစိုးလို့လား..."

"နှစ်ခုစလုံးပဲ၊ ရပြီလား..."

ကိုကိုက ဖဲကြိုးစကိုကတ်ကြေးနဲ့ကိုက်သလို တိခနဲဖြေချလိုက်ရင်း ဧည့်ခန်းထံသွားဖို့ပြင်တော့ သူ့လက်ကို ကျွန်တော်လှမ်းဆွဲလိုက်တယ်။

"တကယ်လို့ခိုးကြည့်မိရင် တကယ်ရေခဲရုပ်ဖြစ်သွားလား စမ်းသပ်လို့ရအောင် ကိုကိုကျွန်တော့်ကို နောက်တစ်ခါထပ်နမ်းပါလား..."

"ချောကလက်စားဖို့လာတာဆို ချောကလက်စားပြီးအသာနေတော့ ခန့်ငယ်... နောက်ဆုံးစစ်ပေးထားတဲ့ test အတွက် ငါစာစစ်စရာရှိသေးတယ်"

"ဟွန့်... official ချစ်သူဖြစ်တာတောင် ကိုကို့အချိန်တွေကိုအပိုင်မရဘူးလား... Valentine Day မှာ အတူလျှောက်လည်ရမှာကို..."

"အဲ့ဒါကြောင့်ပေါ့... ညနေကစပြီး အတူလျှောက်လည်လို့ရအောင် နေ့ခင်းပိုင်းမှာ ခဏသည်းခံခိုင်းနေတာ၊ လုပ်စရာတွေအကုန်ပြီးမှ မင်းကိုအပြည့်အဝအချိန်ပေးချင်တယ်"

ပြောရင်း ကျွန်တော့်ဘက်လှည့်လို့ ခေါင်းကိုပုတ်လိုက်တာကြောင့် ဘယ်နှစ်ခါမြောက်မှန်းမသိတဲ့အကြိမ်ရေအနေနဲ့ ကျွန်တော်ဟာ သူ့ခွေးပေါက်စလေးပုံစံပေါက်သွားပြန်တယ်။

"စိတ်မပူပါနဲ့ ခန့်ငယ်... ငါ့အားလပ်ချိန်တွေက မင်းအတွက်ပါပဲ"

ပြီးတော့ ချောကလက်ထက်ချိုတဲ့ အဲ့ဒီအပြုံးနဲ့ ညင်သာမှုစွက်တဲ့စကားလုံးတွေ...။ မကျေနပ်နိုင်သေးတဲ့ကျွန်တော်က
မျက်ခုံးကိုပင့်လိုက်တယ်။

"ဒါဆို ကိုကို့ဆိုင်ကယ်နောက်က နေရာကရော..."

"မင်းအတွက်..."

"ကိုကို အသစ်ဖုတ်ထားတဲ့ကွတ်ကီးတွေကရော..."

"အဲ့ဒါလည်းမင်းအတွက်..."

"ဒါဆို ကိုကို့နှလုံးသားကရော..."

"မင်းဆီမှာလို့ ပြောပြီးသားပဲလေ..."

တစ်ပင်နှစ်ပင်မကဘဲ ချည်တစ်ခင်စာမကရ‌အောင်ထိ သူ့ကိုရစ်နေတဲ့ ချည်စက်ရုံလုပ်ငန်းရှင်ရဲ့သားကို ပါးနှစ်ဖက်ဆွဲမညစ်သေးဘဲ ကိုကိုကစိတ်ရှည်ရှည်ဖြေပေးနေတယ်။ ဒါပေါ့...။ ချစ်သူများနေ့မှာ အတူအချိန်ဖြုန်းဖို့လာတဲ့ ချစ်သူကောင်လေးတစ်‌ယောက်လုံးကို ငုပ်တိုင်ထိုင်စောင့်ခိုင်းပြီး သူ့တပည့်တွေအတွက် စာစစ်ပေးဖို့လုပ်တာ အရစ်မခံရဘဲ ကျော်သွားလို့ရရိုးလား။ ဘယ်လိုပဲခင်ဗျားဆိုဦးတော့... လွယ်လွယ်စောင့်ပေးလိုက်ရင် Shiba image ကျတာပေါ့။

"ချောကလက်လည်းစားပြီးပြီ၊ လိုချင်တာလည်းရပြီးပြီ...
မကျေနပ်သေးဘူးလား ခန့်ငယ်..."

"မကျေနပ်သေးဘူး၊ ကျွန်တော့်ကိုချစ်တယ်လို့ပြော..."

မသိမသာကွေးသွားတဲ့နှုတ်ခမ်းသားတွေနဲ့အတူ ကျွန်တော့်ရှေ့မှာရပ်နေသူရဲ့ နက်ရွှန်းတဲ့မျက်လုံးက ပြုံးရောင်ခြယ်နေတာ တွေ့ရတယ်။

"ငါမင်းကိုချစ်တယ်..."

"နားနားလေး ကပ်ပြော..."

ကိုကိုက ကျွန်တော့်နားနားကိုကပ်လာပြီး လေသံကလေးနဲ့ပြောတယ်။

"ငါမင်းကိုချစ်တယ် ခန့်ငယ်..."

"ကျွန်တော့်ကို နဖူးချင်းထိပြီးပြော..."

ကျွန်တော့်မျက်နှာကိုအသာအယာကိုင် နဖူးကိုထိပြီးထပ်ပြောတယ်။

"ငါမင်းကိုချစ်တယ်... ခွေးပေါက်လေး..."

"မြန်မြန်အလုပ်ပြီးအောင်လုပ်ပြီး ကျွန်တော့်ကိုအချိန်ပေးပါ့မယ်လို့ ကတိပေး..."

"ကတိပေးတယ်၊ ငါကမင်းလိုတော့ မကျိန်တတ်ဘူး...
ဒါပေမယ့် တစ်ခါကတိပေးထားရင် ဘာအကြောင်းရှိရှိမဖျက်တတ်တာ မင်းသိပါတယ်"

အင်းပေါ့...။ စောင့်ရပြန်ဦးမှာပေါ့လေ... ချောကလက်စားရင်း...။ အဲ့ဒီမှန်ပါးလေးအောက်က လေးနက်တဲ့အကြည့်တွေကို ငြင်းမှမငြင်းနိုင်ဘဲ။

ကျွန်တော့်လို သဘောထားကြီးတဲ့ချစ်သူရထားတာ ခင်ဗျားကံကောင်းလွန်းတယ်ကိုကို...။

* * *

ညနေပိုင်းမှာတော့ ကိုကိုကသူ့ကတိအတိုင်း အားလပ်ချိန်တွေကို ကျွန်တော်နဲ့လမ်းလျှောက်ထွက်တဲ့နေရာမှာ အကုန်သုံးပေးခဲ့ပါတယ်။

မြို့ထဲလမ်းတွေ၊ ကုန်တိုက်တွေနဲ့ ပန်းခြံတွေ နေရာတကာမှာ ချစ်သူများနေ့အတွက် အပြင်အဆင်တွေက ကြီးစိုးထားတယ်။

"ကိုကို ဟိုကီးချိန်းလေးတွေလှတယ်နော် ဝယ်မလား..."

"အသုံးမှမလိုတာ... မဝယ်ဘူး"

"ဒါဆို ဟိုဘက်က လျှာထိုးဦးထုတ်လေးတွေရော..."

"ငါလျှာထိုးဦးထုပ်မဆောင်းတတ်ဘူး"

"ကိုကိုတကယ် ဆင်တူပစ္စည်းဝယ်ဖို့စိတ်ကူးမရှိဘူးလား... ဘာရယ်ညာရယ်မဟုတ်ပဲ အမှတ်တရအဖြစ်နဲ့ တစ်ခုခုလေ..."

"ဒီလိုပွဲတွေမှာရောင်းတဲ့ပစ္စည်းတွေက trend အတွက် လူစိတ်ဝင်စားအောင် ဖန်တီးထားရုံသက်သက်ပဲ၊ သူလိုငါလိုပုံစံတွေပဲမို့ ဝယ်လည်းမထူးခြားသလို မဝယ်လည်းမထူးခြားဘူး..."

"ဒါဆို ဘယ်လိုကျရင် ထူးခြားသွားမှာလဲ..."

Valentine Day အတွက်ပြင်ဆင်ထားတဲ့ ဆိုင်တန်းတွေကြားမှာ မဝယ်ဖြစ်ဘဲ ဒီအတိုင်းလျှောက်ကြည့်ရင်း event မျိုးစုံကို မျက်လုံးနဲ့လေ့လာရုံကလွဲ ပိုက်ဆံတစ်ပြားမှ မသုံးဖြစ်ကြသေးတဲ့အတွက် ဆွေးနွေးပွဲအသေးစားလေးလုပ်ပြီး သူ့သဘောထားကိုမေးဖို့ ဆုံးဖြတ်လိုက်တော့ ကျွန်တော့်ရဲ့ဘူးနွယ်ပင်နတ်သားလေးက ဒီလိုရှင်းပြတယ်။

"လူတွေပစ္စည်းတစ်ချို့ကို နှစ်ရှည်ကြာသိမ်းထားကြတယ်ဆိုတာ အဲ့ဒီပစ္စည်းနဲ့ဆက်နွယ်နေတဲ့ အမှတ်တရတွေကို မပျောက်ပျက်စေလိုတာကြောင့်၊ အမြဲသတိရနေချင်တာကြောင့်ပဲ မဟုတ်လား... ငါကတော့ အမှတ်တရဖြစ်ဖို့ တကူးတကဝယ်ရတဲ့ပစ္စည်းထက် ကိုယ်မသိလိုက်ခင်မှာပဲ တန်ဖိုးမဖြတ်နိုင်လောက်တဲ့ မှတ်ဉာဏ်တွေစုပုံလာပြီး အမှတ်တရဖြစ်လာတဲ့ပစ္စည်းက ပိုပြီးထူးခြားတယ်လို့ထင်တယ်"

"ဥပမာ ဒီကောင်လိုလား..."

ကျွန်တော့်လည်ပင်းမှာရစ်ခွေနေတဲ့ မြွေနီကောင်ကို လက်ညိုးထိုးပြလိုက်တော့ ကိုကိုက ကျွန်တော့်ကိုကြည့်ရင်း သက်ပြင်းဖွဖွလေးချတယ်။

"ဖေဖော်ဝါရီလလယ်ထိ မာဖလာပတ်ထားတာ ဒီပတ်ဝန်းကျင်မှာမင်းပဲရှိတယ် ခန့်ငယ်..."

"အဲ့ဒါကတော့ လမ်းလျှောက်ထွက်တဲ့အခါ လည်ပတ်မေ့ခဲ့လို့မရဘူးလေ... ဖြစ်နိုင်ရင် ကျွန်တော်က ၁၂ ရာသီလုံး ဒီဇင်ဘာဖြစ်နေစေချင်တာ..."

"အရူးလေး... အဲ့လိုဖြစ်နေရင် ကမ္ဘာအနောက်ခြမ်းမှာ ရေခဲခေတ်ပြန်ရောက်သွားမှာပေါ့"

"ကိစ္စမရှိဘူးကိုကို... Shiba Inu တွေက နှင်းတောထဲမှာလည်း ကောင်းကောင်းအသက်ရှင်နိုင်တယ်"

လက်မထောင်ပြီးပြောနေတဲ့ကျွန်တော့်ကို အထူးအဆန်းလိုကြည့်နေရာက ကိုကိုက နှာဝကနေ လေကလေးထုတ်ပြီးပြုံးရယ်လိုက်တယ်။

ပန်းခြံထဲကိုရောက်တော့ game အစီအစဉ်တစ်ချို့ရှိတဲ့နေရာတွေဆီ ကျွန်တော်ကရှေ့ကပြေးသွားတာကြောင့် သူပါပါလာပေမယ့် အထူးဆု ဝက်ဝံရုပ်ကြီးရဖို့ဝေးစွ ကျွန်တော်ပစ်သမျှဘောလုံးက လွဲချည်းပဲလွဲနေပါရော။

"ငါပစ်ပေးရမလား..."

ကိုကို့ဆီကအဲ့ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့နောက် လက်ဖြောင့်သေနတ်သမားဆီ စနိုက်ပါအပ်လိုက်မိသလိုပဲ ပထမတစ်ချက်မှာပဲ ‌ထောင်ထားတဲ့နံပါတ်ဘုတ်ပြားထဲက အထူးဆုနံပါတ်ဖြစ်တဲ့ ၁၄ ကိုထိသွားတယ်။

"Wow! ကိုကိုကတော်လိုက်တာ... ဆိုင်မှာဆော့နေကျ shooting game ထဲမှာတင် aiming ကျွမ်းတာမဟုတ်ဘူးပဲ"

အဲ့ဒီအချိန်မှာပဲ ကျွန်တော်အကြံတစ်ခုရလိုက်တယ်။ ကိုကို့ကို
နောက်ထပ် game တစ်ခုဆီ ဆွဲခေါ်သွားပြီး စမ်းသပ်ခိုင်းလိုက်တော့ ထင်တဲ့အတိုင်း ထပ်ပြီး နို့ဆီဘူးခွံတွေ all clear...။
လင်းလက်နေတဲ့မျက်လုံးဝိုင်းတွေနဲ့ အားကိုးမှုကိုဖော်ပြရင်း ကျွန်တော့်ရဲ့ဟီးရိုးကို အသာလက်ခုပ်တီးပြီး အားပေးလိုက်တယ်။

"ကျွန်တော်တော့ ချစ်သူရကံကောင်းပြီ၊ ကိုကိုကအရမ်းမိုက်တာပဲ... အေးဂျင့် L.K 1 ကိုအလေးပြုပါတယ်... နောက်တစ်နေရာမှာလည်း victory ယူပေးပါဦး"

ပန်းခြံထဲက လူကြီးမင်းတို့အားလုံး အမျက်အဤတော့ မရှိကြနဲ့ခင်ဗျာ။ ဒီနေ့အတွက် အထူးဆုတွေမှန်သမျှကို (L.K)² ကပတ်သိမ်းပါမယ်။  ဟားဟားဟား...။

အပြန်ကျတော့ နိုင်လာသမျှဆုပစ္စည်းတွေ တပွေ့တစ်ပိုက်နဲ့ ဆိုင်ကယ်တစ်စီးတည်းမဆံ့တော့တာကြောင့် သူ့အသိုက်ထဲတိုးခွေအိပ်နေတဲ့ ကြွက်မင်းသားကို ဖုန်းဆက်လှမ်းနှိုးပြီး ကယ်ရီခေါ်ရသေးတယ်။ အဲ့ဒီအစား ဝက်ဝံရုပ်အကြီးကြီးကိုတော့ ဖက်စရာရည်းစားမရှိရှာတဲ့သူ့အတွက် ဒါနပြုလိုက်ပါတယ်။

ပစ္စည်းတွေချထားပြီးတဲ့နောက် ကျွန်တော်ဝရန်တာဘက် ထွက်ရပ်နေတုန်း နောက်ကရောက်လာတဲ့ကိုကိုက မိုင်လိုတစ်ဘူး ကမ်းပေးလာတယ်။

"ကျေးဇူး ကိုကို..."

ဆောင်းနှောင်းရာသီကုန်သွားတဲ့အခါ နွေဦးရောက်လာမယ်။ အဲ့ဒီနောက်တော့ ကျွန်တော်တို့ရဲ့ LDRS ဘဝစတင်ရလိမ့်မယ်။ ‌နောက်ထပ်နွေမိုးဆောင်းတွေကုန်သွားပြီး ပြန်တွေ့ကြရင် ကိုကိုကကျွန်တော့်ရဲ့ချစ်သူနေရာမှာ ကြည်ကြည်ဖြူဖြူရှိနေဦးမယ်ဆိုတာတော့ ဘာမှန်းမသိတဲ့ ယုံကြည်ချက်တစ်ခုကြောင့် သေချာနေမိသလိုပဲ။

"ကိုကိုပြန်လာရင် ကျွန်တော်တို့ ဆောင်းတွင်းမှာလက်ထပ်ကြရအောင်..."

"ဆောင်းတွင်းလား..."

"အင်း... ဒီဇင်ဘာလထဲဆိုရင် ပိုကောင်းမယ်"

"ခန့်ငယ်... မင်းတကယ်အဆင်ပြေလား..."

"ဘာကိုလဲ ကိုကို..."

"မင်းကွယ်ရာမှာ ငါက တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံနေရမှာ... မလုပ်ရဘူးလို့ တားမြစ်ချင်တဲ့အချက်တွေဘာတွေ မရှိဘူးလား"

"တားမြစ်ချင်တဲ့အချက်လား... အင်းနော်...
Please don't let anyone steal your heart."

"ဒါပဲလား..."

"အင်း... သတိပေးချင်တဲ့အချက်က
ကိုကို့ကို ကျွန်တော်ချစ်တာကို မေ့မသွားနဲ့..."

"မေ့သွားရင် ဩစတြေးလျကိုပြေးလာပြီး ငါ့ရှေ့လာအော်ပြမလို့လား..."

"စမ်းကြည့်ပေါ့..."

ကိုကိုကပြုံးရင်း တစ်ဖက်လှည့်သွားပြီး သူ့လက်ထဲကမိုင်လိုဘူးလေးကို ဖောက်လိုက်တယ်။ ကျွန်တော့်လက်ထဲကတစ်ဘူးကတော့ အစအနမကျန်တော့ဘူး။

"စိတ်ချလို့ရတယ်... မင်းက ငါ့ဘက်က‌နေ ပထမဆုံးဖွင့်ပြောခဲ့တဲ့သူဖြစ်သလို ငါ့တစ်သက်လုံး ချစ်ဖို့ဆုံးဖြတ်ထားတဲ့ နောက်ဆုံးချစ်သူပဲ..."

"ကျွန်တော် ကိုကို့ကိုပဲ ယုံလိုက်တော့မယ်..."

"အင်း..."

မိုင်လိုဘူးလေးကိုစုပ်ရင်း ခေါင်းညိတ်ကတိပေးနေတဲ့ပုံစံက တစ်ဘဝလုံးပုံအပ်ပစ်ချင်စရာကောင်းလိုက်တာ။ ဘာမှမလုပ်ဘဲနဲ့တောင် အလိုလိုနေရင်း ဆွဲငင်အားကောင်းနေတဲ့လူက ခင်ဗျားပဲရှိမယ်ထင်ရဲ့။ စောစောစီးစီး ကျွန်တော့်လူဖြစ်လာခဲ့လို့ တော်သေးတာပေါ့။ ဒီစူပါသံလိုက်ရဲ့ပိုင်ရှင်မဲ့တည်ရှိမှုက ကမ္ဘာပေါ်က သံမှုန်၊ သံချောင်းတွေအတွက် အန္တရာယ်များလွန်းအားကြီးတယ်။

"ကိုကို ကျွန်တော့်ကိုမိုင်လိုတိုက်..."

"လာပြန်ပြီလား... မနက်က ချောကလက်နဲ့တင်မရဘူးလား"

"တစ်စက်ပဲဖြစ်ဖြစ်ရတယ်... အေးနေလို့..."

"ငါအပူဖျော်ပေးမယ်"

"ကိုကို့အာငွေ့လေးပါတဲ့ဟာက ပိုနွေးတယ်..."

"တစ်ခါတလေငါ မင်းကြီးလာမှာကို စိတ်မကူးရဲဘူး ခန့်ငယ်..."

"ဘာလို့လဲ ခေါင်းမာတဲ့ခွေးပေါက်လေးကနေ ခေါင်းမာတဲ့ အရွယ်ရောက်ပြီးသားခွေးဖြစ်လာရင် ကိုကိုကျွန်တော့်ကို မနိုင်တော့မှာစိုးလို့လား..."

"..."

ကိုကိုကကျွန်တော့်မျက်လုံးကိုကြည့်နေရာက အကြည့်လွှဲပြီး သက်ပြင်းချတယ်။ သူမနိုင်တော့တဲ့ သင်္ကေတလေ...။

အတိုချုံ့ရရင်တော့ Milo kiss လည်း ဖြစ်သွားခဲ့ပါတယ်။ မနက်ကထက် အချိန်တိုတောင်းပေမယ့် နွေးထွေးမှုအနေနဲ့ကတော့ လုံးဝမလျော့ဘူး။

ချစ်သူများနေ့ဆိုတာက ဆင်ခြေပေးစရာနေ့ရက်တစ်ခုပါပဲ။ တစ်စုံတစ်ယောက်ကိုချစ်တာက ရက်ရွေးနေစရာလိုတဲ့အရာမျိုး မဟုတ်ဘူးမလား။

"ကိုကို့ကိုကျေးဇူးတင်တယ်... ကျွန်တော့်သခင်ဖြစ်လာပေးလို့..."

"ငါလည်းမင်းကို ကျေးဇူးတင်တယ်... လိုအပ်ချက်တွေအများကြီးရှိတဲ့ငါ့ကို ချစ်သူအဖြစ်လက်ခံပေးလို့..."

နောက်ဆုံးတော့ ကျွန်တော့်‌ရေခဲကျွန်းမြောကြီးလည်း  ခံစားချက်ကိုဖွင့်ပြတတ်လာပြီပဲ။

ကျွန်တော်မိုင်လိုဘူးခွံတွေ သွားပစ်ရင်းနဲ့ ဘောင်းဘီအိပ်ကပ်ထဲကနေ sticky note တစ်အုပ်ကိုထုတ်ပြီး စာရေးခဲ့တယ်။

'You are my valentine.
- L.K 2'

ကျွန်တော်သူ့ကိုပေးထားတဲ့ ပုံတူခဲပန်းချီစာအုပ်လေးရဲ့ နောက်ကျောဘက်စာမျက်နှာအလွတ်တစ်ခုထဲ အဲ့စာရွက်ကိုကပ်လာခဲ့ပြီး သူ့ကိုပြလိုက်တော့ ကိုကိုကဘောပင်တစ်ချောင်းသွားယူတယ်။ ပြီးတော့ ကျွန်တော်ကပ်ထားတဲ့အနီရောင် note လေးရဲ့ဘေးမှာ သူ့လက်ရေးလှလှလေးနဲ့ စာတစ်ကြောင်းရေးပေးပါရဲ့။

'You will always be my valentine.
- L.K 1'

_____________________________________

💖💖💖

ခွေးစာလေးတွေ လာပေးတာပါ 🍫🥛။
V-day special အဖြစ်တင်ရမှာကို ဖေဖော်ဝါရီလည်းမဟုတ်ဘဲ ဘယ်လိုတွေလာတင်သလဲ မမေးပါနဲ့။ စာရေးသူကစိတ်မမှန်ပါဘူး~။

💬 Extra တွေကဆက်ရေးနေပါတယ်ဗျ။ စာကလည်းတစ်ဖက် L.A.S.T ကလည်းတစ်ဖက်မို့ စိတ်ပါသလောက် မြန်မြန်မပြီးတာပါ။ ခန့်ခန့်လိုစိတ်ရှည်ပြီးသားအဖွဲ့မို့ ကိစ္စတော့မရှိဘူးမလား။

cover လေးချိန်းထားတာ သတိထားမိလားမသိဘူး။ ဘာလိုလိုနဲ့ အခွန်းရဲ့မွေးလကိုတောင်ရောက်လာပြီ။ မကြာခင်ဆောင်းဝင်တော့မယ်။ Wish you a happy September, darlings! 🍀✨

timing တလွဲနဲ့
Novella✒️

Continue Reading

You'll Also Like

15.9K 633 18
ဒီfic​လေးcocoရဲ့ပထမဆုံး​သောfic​လေးတစ်ခုပါ​နော် sweetတာပဲ​ရေးမယ်roဆန်ဆန်​လေး​ကြည့်နူးရမဲ့ fic​လေးဆစ်ခုပါ​နော်အား​ပေးကြပါအုုံးရှင့်😘😘
397K 28.3K 106
After loosing his parents All Arhan Ahmed khan had was his baby sister. Can he fall in love with tons of responsibilities on his young shoulders? Fol...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
22.5K 1.7K 33
Oh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြ...