အပိုင်း (၂၄၁) ဂိမ်းလေးတစ်ခုနဲ့ ဂုဏ်ပြုလိုက်တယ်
“ဟင်းးး အဲလောက်လဲမဟုတ်ပါဘူး”
ဖူကျို့သည် နှိမ့်ကျပြောဆိုဟန် ပြုလိုက်သည်။
အတွင်းရေးမှူးလျန်သည် တစ်စုံတစ်ယောက်သည် ညတိုင်းနီးပါး နိုက်ကလပ်ကို သွားလေ့ရှိပြီး တောကျသည့်အတွက် နိုက်ကလပ်မှ နှင်ထုတ်ခံရသည့် မှတ်တမ်းရှိကြောင်းကို သိရှိထားရာ သူသည် တိုးတိုးတိတ်တိတ် ရွတ်လိုက်လေသည်။
သခင်လေးကျို့ရယ် မင်းရဲ့ ဂုဏ်ယူစရာအတိတ်ကြီးကို ‘အဲလောက်လဲမဟုတ်ပါဘူး’ ဆိုတာလောက်နဲ့ အလွယ်တကူ ခပ်တိုတိုပဲ ပြောနိုင်ရသလား.....
လင်းဖုန်းသည် ပျော်ရွှင်နေပြီး ဖူကျို့နှင့် စကားလက်ဆုံ ကျနေတော့သည်။ သူသည် နောက်တစ်ခွန်းထပ်မပြောမီ တစ်စုံတစ်ယောက်သည် ဖူကျို့ကို ဖက်ထားသော သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တော့သည်။
“ ခေါင်း - ခေါင်းဆောင် လား”
လင်းဖုန်းသည် ချင်မော့မှလွဲ၍ မည်သူ့ကိုမျှ မကြောက်တတ်ချေ။ သူတို့ခေါင်းဆောင်၏ နည်းလမ်းများသည် မည်သူမျှ မစဥ်းစား တတ်လောက်အောင် ကြောက်စရာကောင်းလေသည်။ အဓိကအချက်မှာ သူ့ခေါင်းဆောင်သည် မည်သည့်အကြောင်းကြောင့် သူ့မျက်လုံးများ ဤကဲ့သို့ အေးစက်နေရသည့်အကြောင်းကို လုံးဝမသိဖြစ်နေတော့သည်။
“ ဒီနေ့အတွက် ငါမင်းကို သတ်မှတ်ပေးထားတဲ့ လက်အမြန်နှုန်း လေ့ကျင့်ခန်း အခုထိ မပြီးသေးဆိုတာ ငါသိနေတယ်နော်”
ချင်မော့၏ ခပ်ဩဩလေသံသည် ခံစားချက် အတော်မဲ့နေလေသည်။
လင်းဖုန်းသည် တောင့်တင်းသွားလေသည်။
“မဟုတ်သေးပါဘူး ခေါင်းဆောင်ရယ် ကျွန်တော်တို့ ဒီနေ့မှာတောင် လုပ်ရအုံးမှာလားဟင်”
“ တခြားလူတွေ မပါဘူး ၊ မင်းတစ်ယောက်ပဲ”
ချင်မော့သည် ကောင်လေးကို ကိုင်ထားသော လင်းဖုန်း၏လက်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားပြီး အေးစက်စက်နှင့် ပြောလိုက်သည်။
လင်းဖုန်း : “.....”
ဘာလို့လဲ လို့ သူ မနေနိုင်လာက်အောင် မေးချင်နေတော့တယ်။
ဒါပေမဲ့ ခေါင်းဆောင်က မေးခွန်းထုတ်ခံရတာ မကြိုက်ဘူးရယ်။
သူ့ကို မေးခွန်းထုတ်တဲ့သူတိုင်း ရက်ရက်စက်စက် အဆုံးသတ်သွားခဲ့ရတာလေ။
COCO နဲ့ ဖက်တီးလိုပေါ့။ သူတို့တွေ ဒီလိုနေ့မှာတောင်မှ အသင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ပေးနေရတာလေ..... ဒါကြောင့်ပဲ သူတို့ခေါင်းဆောင်ကို သွားရှုပ်ရတာထက် စိတ်ပုတ်တဲ့လူတွေကိုပဲ ပြဿနာရှာ တာပိုကောင်းတာပေါ့....
လင်းဖုန်းသည် မျက်လုံးမှ မျက်ရည်စနှင့်အတူ ခေါင်းလေးကို စောင်းထားလိုက်လေသည်။ သူသည် အလွန်တရာ ဝမ်းနည်းကာဖြင့် သူ၏လက်အမြန်နှုန်း လေ့ကျင့်ခန်းကို စလုပ်လိုက်တော့သည်။
သူ့အကျပ်အတည်း ဖြစ်နေပုံကိုကြည့်ကာ အားလုံးက ဝိုင်းရယ်လိုက်ကြတော့သည်။
<Supreme>အသင်းသည် အမြဲတစေ ဖော်ရွေသော ပတ်ဝန်းကျင်ဖြစ်ပြီး အသင်းသားများသည်လည်း အချင်းချင်း အလွန် သင့်မြတ်ကြလေသည်။
သူတို့သည် စားချင်သည့်အရာကို ဆုံးဖြတ်ပြီးနောက်တွင် အတွင်းရေးမှူးလျန်သည် ထိုင်ခုံနေရာများကို သီးသန့် စီစဥ်ပေးလိမ့်မည်။ ထိုနေရာသည် သူတို့လက်ရှိနေရာမှ မိနစ်သုံးဆယ်သာ ဝေးသည်။ ချင်မော့သည် ကောင်လေးကို ကော်လံမှကိုင်၍ ဆွဲထုတ်လာပြီး သူ့ဘေးတွင် ထိုင်ခိုင်းလိုက်လေသည်။ သူ၏ ဘေးတခြမ်းမျက်နှာ အနေအထားသည် လွန်စွာ ခံ့ညားပြီး ချောမောနေတော့သည်။
ဖူကျို့သည် ဇဝေဇဝါဖြစ်နေဆဲ ဖြစ်သော်လည်း သူမ၏ အကျင့်ပါနေသော အထားပေးတတ်သည့် မျက်လုံးများကိုတော့ သက်ရောက်မှု မရှိချေ။ သူမသည် ချင်မော့ကို မော့ကြည့်လိုက်ပြီး စွဲမက်ဖွယ်အပြုံလေးတစ်ခုကို မရည်ရွယ်ဘဲ လျှပ်တစ်ပြက် ပြုံးပြလိုက်လေသည်။
ချင်မော့သည် ကောင်လေး၏ပြဿနာနှင့် ပတ်သက်ပြီး သင်ကြားပေးရန် စိတ်အနှောင့်အယှက်ထပ် မဖြစ်တော့ချေ။ သူသည် အနက်ရောင် လယ်သာထိုင်ခုံကို အဝေးသို့ တွန်းထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကွန်ပျူတာစခရင်ဘက်သို့ အနည်းငယ် လှည့်လိုက်သည်။ တစ်ချိန်ထဲတွင် သူ၏အသံမှာ လွန်စွာတိုးညင်းကာ ဆွဲဆောင်မှု ရှိနေတော့သည်။
“ မင်းတို့ အားလုံး လိုင်းပေါ်တက်ခဲ့ကြ၊ ငါတို့တွေ ဒါကို အရင်ဆုံး လိုင်းပေါ်မှာ ဂုဏ်ပြုပွဲ လုပ်ကြမယ်”
ကြီးမြတ်လှသောသခင်လေးချင် ကျင်းပသောမည်ဆိုသော ဂုဏ်ပြုပွဲသည် သာမန်ဂုဏ်ပြုပွဲမျိုး မဟုတ်ချေ။
သူတို့သည် ထိုစကားကို ကြားလိုက်သည်နှင့် <Supreme> အသင်းသားအားလုံး၏ မျက်လုံးများသည် တောက်ပ သွားကြတော့သည်။
ဝှစ်
သူတို့အားလုံးသည် ကိုယ်ပိုင်ထိုင်ခုံများကို ဆွဲထုတ်လိုက်ကြပြီး ကိုယ်ပိုင် ဒီဇိုင်းထုတ်ထားသော ထိုင်ခုံများပေါ်တွင် ဝင်ထိုင် လိုက်ကြသည်။
သူတို့အားလုံးသည် အနက်သန့်သန့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ထိုအခိုက်အတန့်တွင် ‘ချောမောခြင်း’ ဟူသော စကားလုံးကိုသာလျှင် ရွှယ်ယောင်ယောင် စဥ်းစားမိလိုက်တော့၏။
တက်-တက်
သူတို့အားလုံးသည် enter ကီးကို တပြိုင်နက်တည်း နှိပ်လိုက်ကြသည်။
အားလုံးတွင် အံ့ဩဖွယ် နိုင်ငံအဆင့်အဆင့် မြန်နှုန်းများ ရှိကြလေသည်။
သူတို့အားလုံးသည် အေလီယမ် လက်ပ်တော့ကို သုံးထားကြပြီး ဖန်သားပြင်ကြီးတစ်ခုနှင့် ချိတ်ဆက်ထားသည်။ အနီရောင်ကီးဘုတ်များသည် သူတို့ကို အသုံးပြုနေချိန်တွင် ကိုယ်ပိုင်အလင်းရောင်များ ထွက်လာလေသည်။
တစ်စက္ကန့်အပိုင်းအခြားလေးတွင် <သူရဲကောင်း>ဂိမ်း၏ ဇုံစီသည် ပေါက်ကွဲသွားတော့သည်။
“ သောက်ကျိုးနည်း အခုလေးတင် ငါဘာကို တွေ့လိုက်တာတဲ့လဲ”
“တိမ်ကျားလား”
“လင်းဖုန်းလား”
“ပြီးတော့.... နတ်ဘုရားချင်”
“Supremeအသင်း ဘာဖြစ်နေတာလဲ၊ သူတို့အားလုံး လိုင်းပေါ်မှာတဲ့လား၊ အားလုံးလိုင်းပေါ်မှာ ဟုတ်လား၊ ဒီလို အံ့သြစရာကိစ္စများ တခါမှမကြုံမဖူးပါဘူး”
“ သူတို့အားလုံး တကယ်ကြီး လိုင်းပေါ်မှာဟ၊ နောက်ပြီး.... ငါ့ရဲ့ ကြီးမြတ်တဲ့ SPADE Zကြီးကောဟ”
“ကြီးမြတ်တဲ့ Spade Zကြီးရဲ့ခေါင်းစည်းက ပြောင်းသွားပြီဟ”
အမှန်ပင်ဖြစ်လေသည်။ သူ့ IDနှင့် ဝတ်စုံ ပေါ်တွင် ရွှေရောင်အလင်း နောက်တစ်ခု ထပ်လင်းနေလေသည်။
“သွားစို့”
ချင်မော့သည် မိုက်အနေအထားကို လက်တစ်ဖက်ဖြင့် ညှိလိုက်ပြီး စကားခွန်းသာ ပြောလိုက်သည်။
ဂိမ်းဇာတ်ကောင် ဆယ့်တစ်ယောက်သည် ကိုယ်ပိုင် လက်နက်များကို သယ်ဆောင်ထားသည်။ သူတို့သည် မသေမျိုးတိုက်ခိုက်သူများက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်ဟန်နှင့် ရပ်နေကြလေတော့သည်။
...
Zawgyi
အပိုင္း (၂၄၁) ဂိမ္းေလးတစ္ခုနဲ႕ ဂုဏ္ျပဳလိုက္တယ္
“ဟင္းးး အဲေလာက္လဲမဟုတ္ပါဘူး”
ဖူက်ိဳ႕သည္ ႏွိမ့္က်ေျပာဆိုဟန္ ျပဳလိုက္သည္။
အတြင္းေရးမႉးလ်န္သည္ တစ္စုံတစ္ေယာက္သည္ ညတိုင္းနီးပါး နိုက္ကလပ္ကို သြားေလ့ရွိၿပီး ေတာက်သည့္အတြက္ နိုက္ကလပ္မွ ႏွင္ထုတ္ခံရသည့္ မွတ္တမ္းရွိေၾကာင္းကို သိရွိထားရာ သူသည္ တိုးတိုးတိတ္တိတ္ ႐ြတ္လိုက္ေလသည္။
သခင္ေလးက်ိဳ႕ရယ္ မင္းရဲ႕ ဂုဏ္ယူစရာအတိတ္ႀကီးကို ‘အဲေလာက္လဲမဟုတ္ပါဘူး’ ဆိုတာေလာက္နဲ႕ အလြယ္တကူ ခပ္တိုတိုပဲ ေျပာနိုင္ရသလား.....
လင္းဖုန္းသည္ ေပ်ာ္႐ႊင္ေနၿပီး ဖူက်ိဳ႕ႏွင့္ စကားလက္ဆုံ က်ေနေတာ့သည္။ သူသည္ ေနာက္တစ္ခြန္းထပ္မေျပာမီ တစ္စုံတစ္ေယာက္သည္ ဖူက်ိဳ႕ကို ဖက္ထားေသာ သူ၏လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ေတာ့သည္။
“ ေခါင္း - ေခါင္းေဆာင္ လား”
လင္းဖုန္းသည္ ခ်င္ေမာ့မွလြဲ၍ မည္သူ႕ကိုမွ် မေၾကာက္တတ္ေခ်။ သူတို႔ေခါင္းေဆာင္၏ နည္းလမ္းမ်ားသည္ မည္သူမွ် မစဥ္းစား တတ္ေလာက္ေအာင္ ေၾကာက္စရာေကာင္းေလသည္။ အဓိကအခ်က္မွာ သူ႕ေခါင္းေဆာင္သည္ မည္သည့္အေၾကာင္းေၾကာင့္ သူ႕မ်က္လုံးမ်ား ဤကဲ့သို႔ ေအးစက္ေနရသည့္အေၾကာင္းကို လုံးဝမသိျဖစ္ေနေတာ့သည္။
“ ဒီေန႕အတြက္ ငါမင္းကို သတ္မွတ္ေပးထားတဲ့ လက္အျမန္ႏႈန္း ေလ့က်င့္ခန္း အခုထိ မၿပီးေသးဆိုတာ ငါသိေနတယ္ေနာ္”
ခ်င္ေမာ့၏ ခပ္ဩဩေလသံသည္ ခံစားခ်က္ အေတာ္မဲ့ေနေလသည္။
လင္းဖုန္းသည္ ေတာင့္တင္းသြားေလသည္။
“မဟုတ္ေသးပါဘူး ေခါင္းေဆာင္ရယ္ ကြၽန္ေတာ္တို႔ ဒီေန႕မွာေတာင္ လုပ္ရအုံးမွာလားဟင္”
“ တျခားလူေတြ မပါဘူး ၊ မင္းတစ္ေယာက္ပဲ”
ခ်င္ေမာ့သည္ ေကာင္ေလးကို ကိုင္ထားေသာ လင္းဖုန္း၏လက္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူ႕ႏႈတ္ခမ္းေထာင့္မ်ားသည္ အနည္းငယ္ ေကြးတက္သြားၿပီး ေအးစက္စက္ႏွင့္ ေျပာလိုက္သည္။
လင္းဖုန္း : “.....”
ဘာလို႔လဲ လို႔ သူ မေနနိုင္လာက္ေအာင္ ေမးခ်င္ေနေတာ့တယ္။
ဒါေပမဲ့ ေခါင္းေဆာင္က ေမးခြန္းထုတ္ခံရတာ မႀကိဳက္ဘူးရယ္။
သူ႕ကို ေမးခြန္းထုတ္တဲ့သူတိုင္း ရက္ရက္စက္စက္ အဆုံးသတ္သြားခဲ့ရတာေလ။
COCO နဲ႕ ဖက္တီးလိုေပါ့။ သူတို႔ေတြ ဒီလိုေန႕မွာေတာင္မွ အသင္းတစ္ခုလုံးကို လွည့္ပတ္ၾကည့္ေပးေနရတာေလ..... ဒါေၾကာင့္ပဲ သူတို႔ေခါင္းေဆာင္ကို သြားရႈပ္ရတာထက္ စိတ္ပုတ္တဲ့လူေတြကိုပဲ ျပႆနာရွာ တာပိုေကာင္းတာေပါ့....
လင္းဖုန္းသည္ မ်က္လုံးမွ မ်က္ရည္စႏွင့္အတူ ေခါင္းေလးကို ေစာင္းထားလိုက္ေလသည္။ သူသည္ အလြန္တရာ ဝမ္းနည္းကာျဖင့္ သူ၏လက္အျမန္ႏႈန္း ေလ့က်င့္ခန္းကို စလုပ္လိုက္ေတာ့သည္။
သူ႕အက်ပ္အတည္း ျဖစ္ေနပုံကိုၾကည့္ကာ အားလုံးက ဝိုင္းရယ္လိုက္ၾကေတာ့သည္။
<Supreme>အသင္းသည္ အၿမဲတေစ ေဖာ္ေ႐ြေသာ ပတ္ဝန္းက်င္ျဖစ္ၿပီး အသင္းသားမ်ားသည္လည္း အခ်င္းခ်င္း အလြန္ သင့္ျမတ္ၾကေလသည္။
သူတို႔သည္ စားခ်င္သည့္အရာကို ဆုံးျဖတ္ၿပီးေနာက္တြင္ အတြင္းေရးမႉးလ်န္သည္ ထိုင္ခုံေနရာမ်ားကို သီးသန့္ စီစဥ္ေပးလိမ့္မည္။ ထိုေနရာသည္ သူတို႔လက္ရွိေနရာမွ မိနစ္သုံးဆယ္သာ ေဝးသည္။ ခ်င္ေမာ့သည္ ေကာင္ေလးကို ေကာ္လံမွကိုင္၍ ဆြဲထုတ္လာၿပီး သူ႕ေဘးတြင္ ထိုင္ခိုင္းလိုက္ေလသည္။ သူ၏ ေဘးတျခမ္းမ်က္ႏွာ အေနအထားသည္ လြန္စြာ ခံ့ညားၿပီး ေခ်ာေမာေနေတာ့သည္။
ဖူက်ိဳ႕သည္ ဇေဝဇဝါျဖစ္ေနဆဲ ျဖစ္ေသာ္လည္း သူမ၏ အက်င့္ပါေနေသာ အထားေပးတတ္သည့္ မ်က္လုံးမ်ားကိုေတာ့ သက္ေရာက္မႈ မရွိေခ်။ သူမသည္ ခ်င္ေမာ့ကို ေမာ့ၾကည့္လိုက္ၿပီး စြဲမက္ဖြယ္အၿပဳံေလးတစ္ခုကို မရည္႐ြယ္ဘဲ လွ်ပ္တစ္ျပက္ ၿပဳံးျပလိုက္ေလသည္။
ခ်င္ေမာ့သည္ ေကာင္ေလး၏ျပႆနာႏွင့္ ပတ္သက္ၿပီး သင္ၾကားေပးရန္ စိတ္အေႏွာင့္အယွက္ထပ္ မျဖစ္ေတာ့ေခ်။ သူသည္ အနက္ေရာင္ လယ္သာထိုင္ခုံကို အေဝးသို႔ တြန္းထုတ္လိုက္ၿပီး သူ၏ခႏၶာကိုယ္ကို ကြန္ပ်ဴတာစခရင္ဘက္သို႔ အနည္းငယ္ လွည့္လိုက္သည္။ တစ္ခ်ိန္ထဲတြင္ သူ၏အသံမွာ လြန္စြာတိုးညင္းကာ ဆြဲေဆာင္မႈ ရွိေနေတာ့သည္။
“ မင္းတို႔ အားလုံး လိုင္းေပၚတက္ခဲ့ၾက၊ ငါတို႔ေတြ ဒါကို အရင္ဆုံး လိုင္းေပၚမွာ ဂုဏ္ျပဳပြဲ လုပ္ၾကမယ္”
ႀကီးျမတ္လွေသာသခင္ေလးခ်င္ က်င္းပေသာမည္ဆိုေသာ ဂုဏ္ျပဳပြဲသည္ သာမန္ဂုဏ္ျပဳပြဲမ်ိဳး မဟုတ္ေခ်။
သူတို႔သည္ ထိုစကားကို ၾကားလိုက္သည္ႏွင့္ <Supreme> အသင္းသားအားလုံး၏ မ်က္လုံးမ်ားသည္ ေတာက္ပ သြားၾကေတာ့သည္။
ဝွစ္
သူတို႔အားလုံးသည္ ကိုယ္ပိုင္ထိုင္ခုံမ်ားကို ဆြဲထုတ္လိုက္ၾကၿပီး ကိုယ္ပိုင္ ဒီဇိုင္းထုတ္ထားေသာ ထိုင္ခုံမ်ားေပၚတြင္ ဝင္ထိုင္ လိုက္ၾကသည္။
သူတို႔အားလုံးသည္ အနက္သန့္သန့္ ဝတ္စုံမ်ားကို ဝတ္ဆင္ထားၾကသည္။
ထိုအခိုက္အတန့္တြင္ ‘ေခ်ာေမာျခင္း’ ဟူေသာ စကားလုံးကိုသာလွ်င္ ႐ႊယ္ေယာင္ေယာင္ စဥ္းစားမိလိုက္ေတာ့၏။
တက္-တက္
သူတို႔အားလုံးသည္ enter ကီးကို တၿပိဳင္နက္တည္း ႏွိပ္လိုက္ၾကသည္။
အားလုံးတြင္ အံ့ဩဖြယ္ နိုင္ငံအဆင့္အဆင့္ ျမန္ႏႈန္းမ်ား ရွိၾကေလသည္။
သူတို႔အားလုံးသည္ ေအလီယမ္ လက္ပ္ေတာ့ကို သုံးထားၾကၿပီး ဖန္သားျပင္ႀကီးတစ္ခုႏွင့္ ခ်ိတ္ဆက္ထားသည္။ အနီေရာင္ကီးဘုတ္မ်ားသည္ သူတို႔ကို အသုံးျပဳေနခ်ိန္တြင္ ကိုယ္ပိုင္အလင္းေရာင္မ်ား ထြက္လာေလသည္။
တစ္စကၠန့္အပိုင္းအျခားေလးတြင္ <သူရဲေကာင္း>ဂိမ္း၏ ဇုံစီသည္ ေပါက္ကြဲသြားေတာ့သည္။
“ ေသာက္က်ိဳးနည္း အခုေလးတင္ ငါဘာကို ေတြ႕လိုက္တာတဲ့လဲ”
“တိမ္က်ားလား”
“လင္းဖုန္းလား”
“ၿပီးေတာ့.... နတ္ဘုရားခ်င္”
“Supremeအသင္း ဘာျဖစ္ေနတာလဲ၊ သူတို႔အားလုံး လိုင္းေပၚမွာတဲ့လား၊ အားလုံးလိုင္းေပၚမွာ ဟုတ္လား၊ ဒီလို အံ့ၾသစရာကိစၥမ်ား တခါမွမႀကဳံမဖူးပါဘူး”
“ သူတို႔အားလုံး တကယ္ႀကီး လိုင္းေပၚမွာဟ၊ ေနာက္ၿပီး.... ငါ့ရဲ႕ ႀကီးျမတ္တဲ့ SPADE Zႀကီးေကာဟ”
“ႀကီးျမတ္တဲ့ Spade Zႀကီးရဲ႕ေခါင္းစည္းက ေျပာင္းသြားၿပီဟ”
အမွန္ပင္ျဖစ္ေလသည္။ သူ႕ IDႏွင့္ ဝတ္စုံ ေပၚတြင္ ေ႐ႊေရာင္အလင္း ေနာက္တစ္ခု ထပ္လင္းေနေလသည္။
“သြားစို႔”
ခ်င္ေမာ့သည္ မိုက္အေနအထားကို လက္တစ္ဖက္ျဖင့္ ညွိလိုက္ၿပီး စကားခြန္းသာ ေျပာလိုက္သည္။
ဂိမ္းဇာတ္ေကာင္ ဆယ့္တစ္ေယာက္သည္ ကိုယ္ပိုင္ လက္နက္မ်ားကို သယ္ေဆာင္ထားသည္။ သူတို႔သည္ မေသမ်ိဳးတိုက္ခိုက္သူမ်ားက ေကာင္းကင္ဘုံမွ ဆင္းသက္လာသည့္ဟန္ႏွင့္ ရပ္ေနၾကေလေတာ့သည္။
...