To be a Heartthrob in a Horro...

By Kuro_Fuyu

427K 87.1K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 104

1.1K 257 10
By Kuro_Fuyu


Chapter 104: သော့ဖွင့်ခြင်း

ဒီစကားလုံးတွေက အဓိပ္ပါယ်အတော်လေးရှိသည်။

စုမင်ကိုယ်တိုင်က သူဘာကြောင့်ဒီလိုပြောလဲဆိုတာကို မရှင်းပြနိုင်တာကြောင့် သူ့ကိုယ်သူ မရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အခန်းကိုပြန်ပြီးနောက် မကြာခင်ညစာစားချိန်ရောက်လာလေသည်။

ညစာသည် နေ့လည်စာနှင့်အတူတူပင်။ ဆွေးနွေးမှုအများစုမှာ ယနေ့ဧည့်တွေ့ခြင်းနှင့်သာ ပတ်သတ်နေပြီး တစ်ယောက်ယောက်က သူ့ကိုခြံခုန်ခံလိုက်ရတယ်ဟု ပြောလာ၍ ငိုနေတဲ့သူတောင်ရှိသေးသည်။

သက်သေအထောက်ထားမရှိသော်လည်း သံသယရှိရုံနဲ့ စိတ်မကောင်းဝမ်းနည်းမှုသည် လုံလောက်၏။

တစ်ဖက်တွင် စုမင်သည် သူ့အစာစားချင်စိတ်ပြောင်းလဲမှုတစ်စုံတစ်ရာ မခံစားရပေ။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ သူ့အနီးတွင်ထိုင်နေသော အခြားသူများထက် အစားအသောက်သည် သိသိသာသာ ပိုကောင်းနေခြင်းဖြစ်သည်။ ဒါကို မြင်တဲ့ သူတွေတိုင်း အထူးသဖြင့် မနာလိုအားကျကြတယ်။

တစ်စုံတစ်ယောက်သည် မနာလိုဝန်တိုမှုများနှင့် မပျော်ရွှင်စွာ ညည်းညူလာ၏ .."သူက ဘာလို့ဒီလောက်ကောင်းတဲ့ဟာရတာလဲ?"

အနီးအနားရှိ ထောင်စောင့်သည်အမူအရာကင်းမဲ့စွာဖြင့် .."မင်း သူ့ထက်ကောင်းအောင် အလုပ်လုပ်နိုင်လို့လား?"

မေးမြန်းခဲ့သော အကျဉ်းသားမှာ.. “………..”

မေ့လိုက်တော့ ... သူ့မှာ စုမင်လိုမြက်ရိတ်စက်ကဲ့သို့ အရည်ချင်းမရှိပေ။

သူတို့စားနေစဉ် စုမင်က ထောင်စောင့်တွေကို တစ်ချိန်‌လုံးစောင့်ကြည့်နေ၏။ သူတို့သည် အမြဲလိုလို တစ်ယောက်နဲ့တစ်ယောက်နေရာရွေ့ပြောင်းစောင့်ကြသလို ဒါမှမဟုတ် တာဝန်ကျသည့်အခြားနေရာမှအစောင့်က ရောက်လာတတ်သည်။

အစားစားချိန် အကျဉ်းသားအားလုံး တစ်စုတစ်စည်းရှိနေတာကြောင့်လား မသိပေမဲ့ အခန်း၏ထောင့်တိုင်းမှာ ထောင်စောင့်တွေရှိနေ၍ ထွက်ပြေးခြင်းမှာ ခက်ခဲသည့်စွမ်းဆောင်မှုပင်။

အခန်းထဲပြန်ရောက်ပြီးနောက် စုမင် မှတ်စုချရေးပြန်၏။ တံခါးမှ နှစ်ယောက်တည်းသာရပ်နေကြသည်။

ထောင်စောင့်နှစ်ယောက်ဆိုလျှင် အလွယ်တကူလွတ်မြောက်နိုင်သည်။

သူသာ တံခါးကိုဖွင့်နိုင်လျှင် ပြဿနာမဟုတ်ပေ။

ထိုကိစ္စနဲ့ပတ်သတ်ပြီး ယင်းဇီက .."အဓိကက ငါတို့အခန်းထဲကထွက်လို့မရတာပဲ ... ထွက်လို့ရရင်တော့ ဒီ့ထက်ပိုပြီးတောင်လုပ်နိုင်ဦးမှာ"

အမှန်တကယ် သူတို့အခန်းထဲကထွက်ဖို့သည် အရေးကြီးသည့်အချက်ပင်။

စုမင် တံခါးထံလျှောက်သွားပြီး လော့ကိုသေချာစစ်ဆေးကြည့်သည်။ ကလော်ဖွင့်ဟဖို့မဖြစ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ပေ။ တစ်ခုတည်းသောပြဿနာမှာ သူတို့အတွက် သင့်လျော်သောကိရိယာများ မရှိခြင်းပင်ဖြစ်သည်။

မိဘမဲ့ဂေဟာမှာတုန်းက ရွှီရီရှောင်ရှိနေ၍ ကလပ်ကိုအသုံးပြုရန်လွယ်ကူခဲ့သည်။ ဒီမှာက သုံးရန် သေးငယ်ပြီး ချွန်သောအရာမျိုးမရှိပေ။

ဝါယာဆိုရင် ရှာရတာပိုတောင်ခဲယဉ်းသေး၏။

စုမင် လော့ခလောက်ကိုခဏကြာ စူးစိုက်ကြည့်နေခဲ့သည်။

သူ့ရဲ့ဒဏ်ရာရထားသောလက်ကို ထောက်ကူကာ ဖုန်းရှုကျွမ့်လျှောက်လာသည် .."မင်း ဒီလော့ကိုကြည့်နေတာ ကလော်ဖွင့်ချင်လို့လား? သိပ်တော့လက်တွေ့မကျဘူးနော်"

ဒါ့အပြင် လော့ကိုအလွယ်တကူဖွင့်နိုင်ခဲ့ရင်တောင် သူတို့တွက်အခွင့်ရေးရှိမှာမဟုတ်ပေ။

စုမင် လော့ကိုညွှန်ပြပြီး .."ငါတစ်ခုတွေးမိပြီ ... ဒါကိုဖွင့်နိုင်သင့်တယ်ဖြစ်ပေမဲ့ ငါတို့လက်တွေကတစ်ခုခုကိုတော့ ကိုင်ထားဖို့သာလိုတယ်"

ဖုန်းရှုကျွမ့်မေး၏ .."ဘာလိုတာလဲ?"

စုမင်အသံနိမ့်နိမ့်ဖြင့် .."သတ္တုပြား"

သတ္တုပြားကိုဘယ်မသိသူမရှိစလောက်ဖြစ်သော်လည်း ထိုအရာနဲ့ လော့ဖွင့်ရတယ်ဆိုတာ တော်တော်များများမသိကြပေ။ သတ္တုပြား၏လက္ခဏာကြောင့် သော့ခလောပ်များကိုအသုံးပြုကြသည်။

သူ ဘာလို့ ဤနည်းလမ်းကိုသိခဲ့လဲဆိုရင် ယခင်က သတင်းတွေမှာကြည့်ဖူးတာကြောင့်ဖြစ်သည်။

သတင်းကြေညာချက်တွင် တစ်ကြိမ်ပင်မက ဖော်ပြထားပြီး ရဲဌာနဆိုင်ရာတွေကပင် အထူးသဖြင့်ထို့သော့အကြောင်းကို သတိပေးနှိုးဆော်ခဲ့သည်။ လော့အဟောင်းများ၌ ဤနည်းလမ်းသည်အလွန်အသုံးဝင်သည်။

သတ္တုပြားပုံစံအမျိုးမျိုးရှိပြီး သာမန်တစ်ခုကိုသုံးမယ်ဆိုလျှင် အချိန်ပိုကြာနိုင်သည်။ ဒီက အကျဉ်းထောင်သည် ရုပ်ရှင်ထဲကအကျဉ်းထောင်ဖြစ်၍ ဖွင့်ဖို့သိပ်မခက်ခဲသင့်ပေ။

"ရနိုင်မယ်လို့ မင်းထင်လား?" ဖုန်းရှုကျွမ့်ပြော၏ .."မင်းလုပ်နိုင်မယ်ဆိုရင် အဲ့တစ်ခုကိုငါတို့ဘယ်လိုရှာရမလဲ စဉ်းစားကြမယ်"

အနောက်မှ ယင်းဇီလျှောက်လာပြီး .."ထောင်ထဲမှာ သူတို့သိပ်မသုံးကြဘူး"

သတ္တုပြားသည် ပုံမှန်သုံးနေကျအရာမဟုတ်၍ ထိုအရာကိုရရှိရန် ဘာလိုလုပ်ရမည်ကို သဘာဝကျကျ မသိနိုင်ပေ။

စုမင်လည်း တုန့်ဆိုင်းမှုဖြစ်မိသည်။

သတ္တုပြားအလိုရှိတာလည်း ဆံညှပ်ကလပ်ကိုရှာရသလိုပင်။ ထိုအရာတွေကို လွယ်လွယ်ရှာမရပေ။

ဖုန်းရှုကျွမ့်က .."အခြားနည်းလမ်းရော မရှိတော့ဘူးလား?"

ယင်းဇီခေါင်းခါယမ်း၏။

သော့ခလောက်များကို အကဲခတ်မ ကလိကြည့်ရသေး၍ သာမာန်သော့ကို ဘယ်လိုစစ်ဆေးရမည်ကိုပင် မသိခဲ့ကြပေ။ ဖွင့်ရန် သော့လိုအပ်ပြီး သော့မပိုင်ဆိုင်ထားသောကြောင့် သူတို့ထိုကိစ္စကို မေ့ထားသည်ပင်။

"ငါတို့ပုံမှန်ဆို ဘယ်မှာသတ္တုပြားရှိတတ်လဲ? ငါတို့ကြိုးစားပြီး သွယ်ဝိုက်နည်းနဲ့ယူလို့ရတယ်လေ" ဖုန်းရှုကျွမ့်‌တဖန်မေးပြန်၏။

သူထိုသို့မေးလာတော့ စုမင်ရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိသွားသည်။

သူမော့ကြည့်လာကာ .."ငါအကြံရပြီ"

တံခါးနဲ့ပြတင်းပေါက်များက လုံးဝအပိတ်မဟုတ်ဘဲ သံတိုင်ချောင်းဖြင့်သာ ကာရံတားဆီးထားတာမို့ သူတို့သုံးယောက်စလုံး ထိုနေရာမှခပ်ခွာခွာရွေ့သွားသည်။

"မင်းအရင်က နို့သောက်ဖူးလား?" စုမင်မေးတယ်။

ယင်းဇီက .."ဒါပေါ့ ... အရင်က ဘယ်နို့မဆိုသောက်ဖူးတာပေါ့"

"‌ဒါဆို မင်းအံ့ဩစရာကောင်းသွားပြီ" ဖုန်းရှုကျွမ့်သာမန်ကာလျှံကာ ပြောလိုက်သည် .."မင်း ဖန်ပုလင်းနဲ့ကိုပြောတာလား ဒါမှမဟုတ် သီးခြားတံဆိပ်လား"

"ကတ်ထူနဲ့ထည့်တဲ့နို့ဗူး" စုမင်က .."ပုံမှန်ဆိုရင် အထဲမှာ နို့တွေလတ်ဆတ်အောင်ထိန်းသိမ်းတဲ့ သတ္တုပြားအလွှာပါတတ်တယ်"

ဖုန်းရှုကျွမ့်တခဏတွေးတောပြီး .."မင်းမှန်တယ်လို့ ငါထင်တယ်"

ထိုကတ်ထူဗူး၌ အပေါက်ဖောက်ရာတွင် စုပ်တံကိုအသုံးပြုမယ့်အစား ထောင့်ကတစ်နေရာကို ညှပ်လိုက်ပြီးသောက်လေ့ရှိသည်။ ထိုအပေါက်နေရာမှ အတွင်းထဲ၌ သတ္တုပြားအလွှာမြင်နေရသည်ကို သူမှတ်မိသွားခဲ့သည်။

ယင်းဇီလည်း မှတ်မိသည် .."မင်းဒီလိုတွေးမိလိမ့်မယ်လို့ ငါမထင်မိပါလား"

စုမင်လည်းထပ်ပေါင်းပြော၏ .."ဒါ‌မယ့် ငါတို့မှာနို့ဗူးမရှိဘူးလေ"

ထို့ကြောင့် သူတို့တဖန် ဆုတ်မသာတိုးမသာသောအခြေနေကိုပြန်ရောက်သွားသည်။

ယင်းဇီရုတ်တရက်ပြောလာ၏ .."ဘယ်လိုယူရမလဲ ငါသိပြီ ... အရင် အကိုဟောင်သောက်တာမြင်ဖူးတယ် ... မင်းတို့နှစ်ယောက်မလာခင်ကပဲ ငါတွေ့လိုက်တာ"

ဒါကိုကြားတော့ စုမင်ပြုံးသွား၍ .."ဒါဆို ပိုလွယ်သွားတာပေါ့"

ဒါ့အပြင် သူကိုယ်တိုင်က သူ့(အကိုဟောင်)ရဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်နေလေသည်။

ညအချိန်မှ စလှုပ်ရှားတာအကောင်းဆုံးပင်။ နောက်ထပ်အက်ဆီးဒင့်‌ဖြစ်မယ့်ပုံပေါ်တာ‌မို့ စုမင်‌ဒီ့ထက်ပိုပြီး အချိန်မနှောင့်နှေးစေလိုတော့။ သံပူနေတုန်း ထုရိုက်တာအကောင်းဆုံးဖြစ်သည်။

ထောင်စောင့်ကို သူခေါ်လိုက်၏။ ယခင်က အကိုဟောင်နဲ့ လူမှုတွေ့ဆုံမှု အ‌ဖြစ်အပျက်တွေကြောင့် ထောင်စောင့်မှာ သူ့ကိုခေါ်သွားဖို့ မတုန့်ဆုတ်ခဲ့ပေ။

လီဟောင်သည် ကုတင်၌လှဲလှောင်းနေကာ သူ့ကိုမြင်သည်နှင့် ပြုတ်ကျမတတ်ဖြစ်သွားရသည်။

ကျောင့်ကျန်အမြန် သူ့ကို ထူမပေးပြီး .."အကိုဟောင် ... ၄၈၈ သူ့ဘာသူတံခါးဝရောက်လာတယ် ... ဒီလောက် ညအချိန်မတော်လာမှတော့ ကြည့်ရတာပျော်စရာလာရှာတာဖြစ်မယ်"

လီဟောင် သူ့ကိုချက်ချင်းရိုက်ချလိုက်၏။

ထောင်စောင့်ထွက်သွားတဲ့အချိန် စုမင်ချည်းကပ်ကာ .."အစ်ကိုဟောင် ... ဒီည ကျွန်တော် ခင်ဗျားကိုအကူညီတစ်ခုတောင်းချင်လို့"

ကျောင့်ကျန်စိတ်အတွင်း၌ 'ထင်တဲ့အတိုင်းပဲ' ဟု တွေးလိုက်သည်။

လီဟောင် သူ့ထံရောက်လာပြီး မသင်္ကာစွာမေး၏ .."ဘာကိစ္စလဲ?"

စုမင်ကိုယ်တိုင်ရောက်လာပြီး အကူညီတောင်းရတဲ့အကြောင်းအရာကို သူဘာမှတွေးလို့မရပေ။

အခန်းထဲရှိအခြားသူများကြားမည်စိုး၍ စုမင်အသံနိမ့်လိုက်ပြီး .."အစ်ကိုဟောင် ... နွားနို့ကိုရဖို့ နည်းလမ်းရှိလား? ဖန်ပုလင်းနဲ့မဟုတ်ဘဲ ကလေးတွေသောက်တဲ့ ကတ်ထူဗူးလိုမျိုး"

လီဟောင်စိတ်ဝင်တစား စပ်စပ်စုစုမေးလိုက်၏ .."ဘာအတွက် လိုချင်ရတာလဲ?"

"သောက်ဖို့ပဲပေါ့ ... ကျွန်တော့်အခန်းဖော်က ဒဏ်ရာရထားတယ်လေ ... အဲ့ဒါသူအားပြန်ပြည့်ဖို့တွက် သူ့ကိုကူညီပေးချင်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်းသောက်ချင်နေလို့ ဒါပေမယ့် အကျဉ်းထောင်က ဒါတွေမပေးဘူးလေ" စုမင်လိမ်ပြောလိုက်သည်။

သူ့ရှေ့ရှိလူသည် နောက်ဆုံးတခေါက်က သူ့အသက်ကယ်တင်ခဲ့သည်ကိုသတိရကာ သူ့(စုမင်)ကို အကြွေးဆပ်ဖို့အခွင့်ရေးမရခဲ့ပေ။ အခု သူ့အတွက် ကတ်ထူနို့ဗူးတစ်ဘူး ယူပေးရုံဖြစ်၍ ပြဿနာကြီးကြီးမားမားမရှိဟု လီဟောင်ခံစားမိသည်။

သူတွေးပြီးနောက် .."ဒါဆိုကောင်းပြီ။ နောက်မှ ကျုပ်‌တောင်းလိုက်မယ်"

စုမင်မျက်ဝန်းလင်းလတ်သွားပြီး .."ကောင်းပြီ"

ဒီအတိုင်းဆို သူတို့နောက်ဆုံးအခန်းထဲကထွက်ဖို့ အခွင့်ရေးရမည်ပင်။

စုမင်လည်း သူ့အခန်းထဲပြန်ဝင်ဖို့ တောင်းဆိုလိုက်သည်။ ထောင်စောင့် စိတ်ပျက်သွားတယ်။ လီဟောင်ကိုကြည့်ရင်း သူ့မျက်လုံးအကြည့်တွေပြောင်းသွားပြီး အခု သူ့ကို Flash လို့ မှတ်ယူလိုက်သည်။

လီဟောင်အတော်လေး မှားသလိုခံစားမိသည်။

သူမြန်မြန်လှုပ်ရှားကာ မကြာ ထောင်စောင့်ကိုလှမ်းခေါ်လိုက်သည်။ သူ့အတိတ်ကို ထည့်သွင်းစဉ်းစားခဲ့တာကြောင့် အချို့ညှိနှိုင်းမှုပြုပြီးနောက် လက်ထဲ၌နို့ဗူးနှစ်ဗူးရရှိခဲ့သည်။

ထို့နောက် အခန်းနံပါတ်ရှစ်ကို ပို့ပေးလိုက်သည်။

၄၈၈သည် အစ်ကိုဟောင်ကို အလွန်ကောင်းမွန်သော ပစ္စည်းတွေ‌ပေးပို့စေရန် လုပ်နိုင်ခဲ့သည်ကို ထောင်စောင့်စိတ်ထဲ၌ အံ့အားသင့်ခဲ့သည်။

ထိုသို့လုပ်နိုင်ရန် သူ သေချာပေါက်အခြားဖြစ်နိုင်‌ချေကို တွေဝေမစဉ်းစားခဲ့တော့ပေ။

သူထွက်သွားတော့ နို့‌သောက်ရန်ဖုန်းရှုကျွမ့်ရောက်လာသည်။ တစ်ဗူးလုံးကုန်ရန် မိနစ်အနည်းငယ်သာကြာလိုက်၏။ အကုန်သောက်ပြီးနောက် သူက .."အခုငါတို့ဖွင့်လို့ရပြီ ... ညရောက်ရင် တစ်ခုအရင်သုံးကြည့်ကြမယ် ... မရတော့မှ နှစ်ခုပေါင်းကြိုးစားကြည့်မယ်"

စုမင်ခေါင်းငြိမ့်၍ .."အင်း"

အကြည့်များစွာက သူတို့ထံရှိနေ၍ အခုအချိန်ဘာမှလုပ်လို့မရပေ။ သူတို့ကိုတွေ့သွားပါက သူတို့ကြိုးစားထားသမျှ အချည်းနှီးသာဖြစ်သွားလိမ့်မည်။

°°°°°

ညဘက်နောက်ကျသောအချိန်၌ စုမင် တစ်ချိန်လုံးမအိပ်ဘဲ နိုးနေသည်။

ချန်စုလည်း မလာခဲ့ပေ။ ဘာလို့ဆိုသူသည် လူခန္ဓာကိုယ်ဖြစ်နေ၍ ဘယ်နေရာမဆိုပေါ်လာလို့မရပေ။ ထို့ကြောင့်သာ နာခံစွာ ပုံမှန်လူတစ်ယောက်ကဲ့သို့ နေခဲ့တာကြောင့်ဖြစ်နိုင်သည်။

ခဏတာမျှ စုမင်မျက်လုံးကျယ်ကျယ်ဖွင့်ထားပြီးနောက် တံခါးလော့ထံချည်းကပ်ကာ အရင်ဆုံးကြိုးစားကြည့်ပြီးမှ အဆင်ပြေတာကိုသိလိုက်သည်။ ထို့နောက် သူ့လှုပ်ရှားမှုကိုရပ်လိုက်၍ ဖုန်းရှုကျွမ့်ကုတင်ဆီလျှောက်သွားသည်။

အကြောင်းအချို့ကြောင့် တဖန်သူတို့နှစ်ဦးသား အပေါ်ထပ်အိပ်ယာတွင် အတူတူပြန်အိပ်နေကြသည်။

စုမင်သည် သူမမြင်သင့်သောအရာကို မတော်တဆတွေ့မြင်ရမှာကိုပင် ကြောက်နေမိသည်။

ကံကောင်းစွာပင် ယင်းဇီသည် ဖုန်းရှုကျွမ့်၏ဒဏ်ရာရထားသောလက်မောင်းထက်၌ မှီလျက် နှစ်ဦးသားနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေကြသည်။

အပြင်ဘက်ခြမ်းမှာ အိပ်နေတဲ့ယင်းဇီကို စုမင် တို့ထိ၍နှိုးလိုက်သည်။

ယင်းဇီ အိပ်ချင်မူးတူးနှင့်နိုးလာသည် .."ဘာဖြစ်လို့လဲ?"

စုမင်က .."ငါတို့လုပ်ငန်းစဖို့အချိန်ကျပြီ"

ထိုသို့ပြောအပြီး ယင်းဇီလျင်မြန်စွာပင် အသိဝင်လာသည်။ သူ ထထိုင်ဖို့လုပ်လိုက်စဉ် ဖုန်းရှုကျွမ့်၏လက်မောင်းတစ်ဖက်က သူ့ကိုဖက်ထားလျက်ရှိနေသေးသည်ကို သတိရသွား၍ သူ့ကိုပါ လှုပ်နှိုးလိုက်သည်။

ဖုန်းရှုကျွမ့်အမြန်နိုးလာပြီး ချက်ချင်းထထိုင်သည်။

စုမင်တဖန်ထပ်ပြော၏ .."ငါကြိုးစားကြည့်ပြီးပြီ ... အဆင်ပြေတယ်"

"အိုခေ ငါတို့အခုဆင်းလာခဲ့မယ်" ဖုန်းရှုကျွမ့်စိတ်လှုပ်ရှားမှုက ဖုံးကွယ်လို့ပင် မရတော့။
ဒီလို အကျဉ်းထောင်က ထွက်ပြေးတဲ့မြင်ကွင်းမျိုးဟာ စိတ်လှုပ်ရှားစရာကောင်းလွန်းပြီး ဒါ သူအရင်က မလုပ်ဖူးတဲ့အရာတစ်ခုပင်။

သူတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်တဲ့အခါ စုမင်ထပ်ပြီး တံခါးဖွင့်ရန်ကြိုးစားသည်။

အစောက သူလုပ်ကြည့်တုန်းက အလွယ်လေးလုပ်လို့ရသွားသော်လည်း အခုသူထပ်ကြိုးစားကြည့်တော့ ပြဿနာဖြစ်နေသည်။ အလွန်မှောင်နေတာကြောင့်လည်း ဖြစ်သည်။

ကော်ရစ်ဒါစင်္ကြ့လမ်းဟာ မှောင်မိုက်နေပြီး အခန်းထဲတွင်အလင်းရောင်တစ်စိုးတစ်စဉ်မျှမရှိချေ။ ပြတင်းပေါက်အပြင်ဘက်ရှိ လရောင်တန်းသည်လည်း အခန်းရှိဤနေရာကို ဝင်ရောက်မထိုးဖောက်နိုင်ပေ။ မြင်ရသည်ဆိုလို့ လော့၏ပုံရိပ်ဘောင်ပြိန်းကြောင်းသာ မြင်နိုင်သည်။

စုမင် သုန်မှုန်စွာ .."အလင်းမရှိလို့ သေချာမမြင်ရဘူး"

ဒါကိုတွေ့တော့ ဖုန်းရှုကျွမ့်အကြံပြု၏ .."ငါတို့ ဘာလို့နေ့ဘက်မှ မကြိုစားကြည့်တာလဲ ပြီးမှ လော့ခတ်ထားသလို ဟန်ဆောင်နေလိုက်မယ်လေ?"

ကြည့်ရသည်မှာ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်နေပြီဖြစ်သည်။

စုမင် အနည်းငယ်စိတ်ပျက်သွားသည်။ သူ မနေနိုင်စွာ သက်ပြင်းချမိသည်။

ကော်ရစ်ဒါတစ်လျှောက်တွင် အကျဉ်းသားများ၏ ဟောက်သံများသာ ပြည့်နှက်နေကာ လေးလံသော အသက်ရှူသံများနှင့် ဟောက်သံများကို ကြားလိုက်ရသည်နှင့် ပို၍ပင် စိတ်အနှောင့်ယှက်ဖြစ်လာသည်။

ထိုအခိုက်တန့် ကော်ရစ်ဒါ‌အ‌ပေါ်ရှိ အစိမ်းရောင်သတိပေးအချက်ပြသည့်မီးသည် ရုတ်တရက် လျှပ်တပြတ် စတင်လင်းလာသည်။

စုမင်တုန်လှုပ်သွားပြီး အမြန်အပေါ်မော့ကြည့်လိုက်၏။

မသိရင် လိုင်းမကောင်းသကဲ့သို့ မီးစိမ်းမှာ တလက်လက်ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေပြီး မကြာ အသံတစ်ခုထွက်လာသည်။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ?" ယင်းဇီမေး၏။

ထိုအသံမှာ ပုံမှန်အသံနှင့်မတူဘဲ အနည်းငယ်ကွဲပြားနေသည်။

စုမင် မီးစိမ်း ဆိုင်းဘုတ်သင်္ကေတကိုညွှန်ပြပြီး တစ်ခုခုမပြောခင်မှာပဲ ထိုဆိုင်းဘုတ်ပြုတ်ကျသွားသည်။

စုမင်: “…………”

အဲ့ဒါ ရုတ်တရက်ပျက်သွားတာလား?

မီးစိမ်းဆိုင်းဘုတ်သည် ဖြည်းညှင်းစွာကျလာပြီး ရုတ်ခြည်း လေထဲမှာရပ်သွားသည်။

စုမင်စောင့်ကြည့်နေကာ သရဲတစ္ဆေကြောင့်ဆိုတာ သတိထားမိသွား၏။ သို့သော် ထိုသရဲကို ဆိုင်းဘုတ်က ဖုံးကာနေတာဖြစ်၍ ထိုသရဲ ဘယ်လိုပုံသဏ္ဍာန်လဲဆိုသည်ကိုတော့ စုမင်မမြင်နိုင်ပေ။

ထိုအရာသည် သရဲဆိုတာ သူ့ခန့်မှန်းရသည့်အကြောင်းရင်းမှာ သူအေးစိမ့်စိမ့်ခံစားချက်ကို ခံစားနေရတာကြောင့်ပင်။ ဒါ့အပြင် ထိုကဲ့သို့ပေါ်လာဖို့ကလည်း ရိုးရိုးသာမန်လူမဖြစ်နိုင်ချေ။

ကော်ရစ်ဒါကအဆုံးဖက်မှာ တံခါးရှိသည်။ တံခါးအပြင်၌ စောင့်နေတဲ့ထောင်စောင့်တွေက ထိုတံခါးဖွင့် ဝင်မလာမချင်း အထဲမှာဘာဖြစ်နေလဲ မတွေ့နိုင်ပေ။

ဖုန်းရှုကျွမ့်တုန်လှုပ်သွားတယ် .."အဲ့ဒါဘာကြီးလဲ?"

ယင်းဇီမျက်မှောင်ကျုံ့ကာ .."ဒါက ရုပ်ပိုင်းဆိုင်ရာ ဥပဒေတွေကို မလိုက်နာနေဘူး"

စုမင်မြင်ရတာက ဆိုင်းဘုတ်ကိုမြေပေါ်မချခင် အခန်းရှစ်ထံ ဆိုင်းဘုတ်ကိုင်ထားရင်း ပြေးလာတဲ့ သရဲတစ္ဆေတစ်ကောင်ဖြစ်သည်။ ဆိုင်းဘုတ်နောက်မှာ ကေဘယ်ကြိုးတွေနဲ့ဝိုင်ယာကြိုးတွေတောင် တန်းလန်းရှိနေသေးသသည်။ ဆိုင်းဘုတ်မှာ ပြဿနာတစ်ခုရှိခဲ့ပြီး မပိတ်ခင်၌ အကြိမ်အနည်းငယ် မီးလင်းသွားတယ်။

ရုတ်တရက် လော့ကို မီးထွန်းပေးသကဲ့သို့ အစိမ်းရောင်မီးလင်းထိန်သွားသည်။

မီးလုံးအကြီးစားပဲ!

စုမင်ရှော့ခ်ရသွားသည်။ ထိုသို့ဖြစ်လာမယ်လို့ မမျှော့လင့်ထားခဲ့ပေ။

အပြင်ရှိ သရဲတစ္ဆေကိုအနီးကပ်သေချာကြည့်ပြီး နောက်ဆုံး ၎င်းပုံသဏ္ဍာန်ကိုမြင်နိုင်သွားသည်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်ပြီး အလွန်ပိန်ချုံးချည့်နဲ့ ပုံရသည်။

ဝတ်စုံမှာလည်း အရုပ်လေးကိုအဝတ်ခြုံထားသကဲ့သို့ လျော့တိလျော့ရဲကျနေကာ ခေါင်းမှာတော့ အနည်းငယ်ကြီးသည်။

ဖုန်းရှုကျွမ့်နှင့်ယင်းဇီတို့က သရဲကိုမမြင်ရပေမယ့် ထူးဆန်းတာတစ်ခုခု‌ရှိနေတယ်ဆိုတာတော့ ပြောနိုင်သည်။ သူတို့နှစ်ယောက်လုံး စုမင်ထံတပြိုင်နက်လှည့်ကြည့်ကြသည်။

ထိန်လင်းနေသောဆိုင်းဘုတ်ကို စုမင်ညွှန်ပြပြီး ခပ်တိုတိုသာပြောလိုက်တယ် .."အဲ့မှာသရဲရှိတယ်"

ထိုစကားလုံးများမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော်လည်း ပြောသည့်သူမှာ ဖြုံတောင်ဖြုံသည့်ပုံမပေါ်။

စုမင် တံခါးဖက်လှည့်၍ တီးတိုးပြောလိုက်သည် .."မီးအလင်းတွက် ကျေးဇူးတင်ပါတယ်"

ခေါင်းကြီးကြီးနဲ့သရဲမှာ အားမာန်ပါပါ ဆိုင်းဘုတ်ကိုခါယမ်းသည်။

စုမင် ရင်ဖိုသွားကာ .."စိတ်လျော့ စိတ်လျော့"

***************







Chapter 104: ေသာ့ဖြင့္ျခင္း

ဒီစကားလုံးေတြက အဓိပၸါယ္အေတာ္ေလး႐ွိသည္။

စုမင္ကိုယ္တိုင္က သူဘာေၾကာင့္ဒီလိုေျပာလဲဆိုတာကို မ႐ွင္းျပႏိုင္တာေၾကာင့္ သူ႕ကိုယ္သူ မ႐ွင္းျပဖို႔ ဆုံးျဖတ္လိုက္သည္။

သူ႕အခန္းကိုျပန္ၿပီးေနာက္ မၾကာခင္ညစာစားခ်ိန္ေရာက္လာေလသည္။

ညစာသည္ ေန႔လည္စာႏွင့္အတူတူပင္။ ေဆြးေႏြးမႈအမ်ားစုမွာ ယေန႔ဧည့္ေတြ႕ျခင္းႏွင့္သာ ပတ္သတ္ေနၿပီး တစ္ေယာက္ေယာက္က သူ႕ကိုျခံခုန္ခံလိုက္ရတယ္ဟု ေျပာလာ၍ ငိုေနတဲ့သူေတာင္႐ွိေသးသည္။

သက္ေသအေထာက္ထားမ႐ွိေသာ္လည္း သံသယ႐ွိ႐ုံနဲ႔ စိတ္မေကာင္းဝမ္းနည္းမႈသည္ လုံေလာက္၏။

တစ္ဖက္တြင္ စုမင္သည္ သူ႕အစာစားခ်င္စိတ္ေျပာင္းလဲမႈတစ္စုံတစ္ရာ မခံစားရေပ။ တစ္ခုတည္းေသာ ေျပာင္းလဲမႈမွာ သူ႕အနီးတြင္ထိုင္ေနေသာ အျခားသူမ်ားထက္ အစားအေသာက္သည္ သိသိသာသာ ပိုေကာင္းေနျခင္းျဖစ္သည္။ ဒါကို ျမင္တဲ့ သူေတြတိုင္း အထူးသျဖင့္ မနာလိုအားက်ၾကတယ္။

တစ္စုံတစ္ေယာက္သည္ မနာလိုဝန္တိုမႈမ်ားႏွင့္ မေပ်ာ္႐ႊင္စြာ ညည္းညဴလာ၏ .."သူက ဘာလို႔ဒီေလာက္ေကာင္းတဲ့ဟာရတာလဲ?"

အနီးအနား႐ွိ ေထာင္ေစာင့္သည္အမူအရာကင္းမဲ့စြာျဖင့္ .."မင္း သူ႕ထက္ေကာင္းေအာင္ အလုပ္လုပ္ႏိုင္လို႔လား?"

ေမးျမန္းခဲ့ေသာ အက်ဥ္းသားမွာ.. “………..”

ေမ့လိုက္ေတာ့ ... သူ႕မွာ စုမင္လိုျမက္ရိတ္စက္ကဲ့သို႔ အရည္ခ်င္းမ႐ွိေပ။

သူတို႔စားေနစဥ္ စုမင္က ေထာင္ေစာင့္ေတြကို တစ္ခ်ိန္‌လုံးေစာင့္ၾကည့္ေန၏။ သူတို႔သည္ အၿမဲလိုလို တစ္ေယာက္နဲ႔တစ္ေယာက္ေနရာေ႐ြ႕ေျပာင္းေစာင့္ၾကသလို ဒါမွမဟုတ္ တာဝန္က်သည့္အျခားေနရာမွအေစာင့္က ေရာက္လာတတ္သည္။

အစားစားခ်ိန္ အက်ဥ္းသားအားလုံး တစ္စုတစ္စည္း႐ွိေနတာေၾကာင့္လား မသိေပမဲ့ အခန္း၏ေထာင့္တိုင္းမွာ ေထာင္ေစာင့္ေတြ႐ွိေန၍ ထြက္ေျပးျခင္းမွာ ခက္ခဲသည့္စြမ္းေဆာင္မႈပင္။

အခန္းထဲျပန္ေရာက္ၿပီးေနာက္ စုမင္ မွတ္စုခ်ေရးျပန္၏။ တံခါးမွ ႏွစ္ေယာက္တည္းသာရပ္ေနၾကသည္။

ေထာင္ေစာင့္ႏွစ္ေယာက္ဆိုလွ်င္ အလြယ္တကူလြတ္ေျမာက္ႏိုင္သည္။

သူသာ တံခါးကိုဖြင့္ႏိုင္လွ်င္ ျပႆနာမဟုတ္ေပ။

ထိုကိစၥနဲ႔ပတ္သတ္ၿပီး ယင္းဇီက .."အဓိကက ငါတို႔အခန္းထဲကထြက္လို႔မရတာပဲ ... ထြက္လို႔ရရင္ေတာ့ ဒီ့ထက္ပိုၿပီးေတာင္လုပ္ႏိုင္ဦးမွာ"

အမွန္တကယ္ သူတို႔အခန္းထဲကထြက္ဖို႔သည္ အေရးႀကီးသည့္အခ်က္ပင္။

စုမင္ တံခါးထံေလွ်ာက္သြားၿပီး ေလာ့ကိုေသခ်ာစစ္ေဆးၾကည့္သည္။ ကေလာ္ဖြင့္ဟဖို႔မျဖစ္ႏိုင္တဲ့ အရာတစ္ခုေတာ့ မဟုတ္ေပ။ တစ္ခုတည္းေသာျပႆနာမွာ သူတို႔အတြက္ သင့္ေလ်ာ္ေသာကိရိယာမ်ား မ႐ွိျခင္းပင္ျဖစ္သည္။

မိဘမဲ့ေဂဟာမွာတုန္းက ႐ႊီရီေ႐ွာင္႐ွိေန၍ ကလပ္ကိုအသုံးျပဳရန္လြယ္ကူခဲ့သည္။ ဒီမွာက သုံးရန္ ေသးငယ္ၿပီး ခြၽန္ေသာအရာမ်ိဳးမ႐ွိေပ။

ဝါယာဆိုရင္ ႐ွာရတာပိုေတာင္ခဲယဥ္းေသး၏။

စုမင္ ေလာ့ခေလာက္ကိုခဏၾကာ စူးစိုက္ၾကည့္ေနခဲ့သည္။

သူ႕ရဲ႕ဒဏ္ရာရထားေသာလက္ကို ေထာက္ကူကာ ဖုန္း႐ႈကြၽမ့္ေလွ်ာက္လာသည္ .."မင္း ဒီေလာ့ကိုၾကည့္ေနတာ ကေလာ္ဖြင့္ခ်င္လို႔လား? သိပ္ေတာ့လက္ေတြ႕မက်ဘူးေနာ္"

ဒါ့အျပင္ ေလာ့ကိုအလြယ္တကူဖြင့္ႏိုင္ခဲ့ရင္ေတာင္ သူတို႔တြက္အခြင့္ေရး႐ွိမွာမဟုတ္ေပ။

စုမင္ ေလာ့ကိုၫႊန္ျပၿပီး .."ငါတစ္ခုေတြးမိၿပီ ... ဒါကိုဖြင့္ႏိုင္သင့္တယ္ျဖစ္ေပမဲ့ ငါတို႔လက္ေတြကတစ္ခုခုကိုေတာ့ ကိုင္ထားဖို႔သာလိုတယ္"

ဖုန္း႐ႈကြၽမ့္ေမး၏ .."ဘာလိုတာလဲ?"

စုမင္အသံနိမ့္နိမ့္ျဖင့္ .."သတၱဳျပား"

သတၱဳျပားကိုဘယ္မသိသူမ႐ွိစေလာက္ျဖစ္ေသာ္လည္း ထိုအရာနဲ႔ ေလာ့ဖြင့္ရတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားမသိၾကေပ။ သတၱဳျပား၏လကၡဏာေၾကာင့္ ေသာ့ခေလာပ္မ်ားကိုအသုံးျပဳၾကသည္။

သူ ဘာလို႔ ဤနည္းလမ္းကိုသိခဲ့လဲဆိုရင္ ယခင္က သတင္းေတြမွာၾကည့္ဖူးတာေၾကာင့္ျဖစ္သည္။

သတင္းေၾကညာခ်က္တြင္ တစ္ႀကိမ္ပင္မက ေဖာ္ျပထားၿပီး ရဲဌာနဆိုင္ရာေတြကပင္ အထူးသျဖင့္ထို႔ေသာ့အေၾကာင္းကို သတိေပးႏိႈးေဆာ္ခဲ့သည္။ ေလာ့အေဟာင္းမ်ား၌ ဤနည္းလမ္းသည္အလြန္အသုံးဝင္သည္။

သတၱဳျပားပုံစံအမ်ိဳးမ်ိဳး႐ွိၿပီး သာမန္တစ္ခုကိုသုံးမယ္ဆိုလွ်င္ အခ်ိန္ပိုၾကာႏိုင္သည္။ ဒီက အက်ဥ္းေထာင္သည္ ႐ုပ္႐ွင္ထဲကအက်ဥ္းေထာင္ျဖစ္၍ ဖြင့္ဖို႔သိပ္မခက္ခဲသင့္ေပ။

"ရႏိုင္မယ္လို႔ မင္းထင္လား?" ဖုန္း႐ႈကြၽမ့္ေျပာ၏ .."မင္းလုပ္ႏိုင္မယ္ဆိုရင္ အဲ့တစ္ခုကိုငါတို႔ဘယ္လို႐ွာရမလဲ စဥ္းစားၾကမယ္"

အေနာက္မွ ယင္းဇီေလွ်ာက္လာၿပီး .."ေထာင္ထဲမွာ သူတို႔သိပ္မသုံးၾကဘူး"

သတၱဳျပားသည္ ပုံမွန္သုံးေနက်အရာမဟုတ္၍ ထိုအရာကိုရ႐ွိရန္ ဘာလိုလုပ္ရမည္ကို သဘာဝက်က် မသိႏိုင္ေပ။

စုမင္လည္း တုန္႔ဆိုင္းမႈျဖစ္မိသည္။

သတၱဳျပားအလို႐ွိတာလည္း ဆံညႇပ္ကလပ္ကို႐ွာရသလိုပင္။ ထိုအရာေတြကို လြယ္လြယ္႐ွာမရေပ။

ဖုန္း႐ႈကြၽမ့္က .."အျခားနည္းလမ္းေရာ မ႐ွိေတာ့ဘူးလား?"

ယင္းဇီေခါင္းခါယမ္း၏။

ေသာ့ခေလာက္မ်ားကို အကဲခတ္မ ကလိၾကည့္ရေသး၍ သာမာန္ေသာ့ကို ဘယ္လိုစစ္ေဆးရမည္ကိုပင္ မသိခဲ့ၾကေပ။ ဖြင့္ရန္ ေသာ့လိုအပ္ၿပီး ေသာ့မပိုင္ဆိုင္ထားေသာေၾကာင့္ သူတို႔ထိုကိစၥကို ေမ့ထားသည္ပင္။

"ငါတို႔ပုံမွန္ဆို ဘယ္မွာသတၱဳျပား႐ွိတတ္လဲ? ငါတို႔ႀကိဳးစားၿပီး သြယ္ဝိုက္နည္းနဲ႔ယူလို႔ရတယ္ေလ" ဖုန္း႐ႈကြၽမ့္‌တဖန္ေမးျပန္၏။

သူထိုသို႔ေမးလာေတာ့ စုမင္႐ုတ္တရက္တစ္စုံတစ္ခုကိုေတြးမိသြားသည္။

သူေမာ့ၾကည့္လာကာ .."ငါအၾကံရၿပီ"

တံခါးနဲ႔ျပတင္းေပါက္မ်ားက လုံးဝအပိတ္မဟုတ္ဘဲ သံတိုင္ေခ်ာင္းျဖင့္သာ ကာရံတားဆီးထားတာမို႔ သူတို႔သုံးေယာက္စလုံး ထိုေနရာမွခပ္ခြာခြာေ႐ြ႕သြားသည္။

"မင္းအရင္က ႏို႔ေသာက္ဖူးလား?" စုမင္ေမးတယ္။

ယင္းဇီက .."ဒါေပါ့ ... အရင္က ဘယ္ႏို႔မဆိုေသာက္ဖူးတာေပါ့"

"‌ဒါဆို မင္းအံ့ဩစရာေကာင္းသြားၿပီ" ဖုန္း႐ႈကြၽမ့္သာမန္ကာလွ်ံကာ ေျပာလိုက္သည္ .."မင္း ဖန္ပုလင္းနဲ႔ကိုေျပာတာလား ဒါမွမဟုတ္ သီးျခားတံဆိပ္လား"

"ကတ္ထူနဲ႔ထည့္တဲ့ႏို႔ဗူး" စုမင္က .."ပုံမွန္ဆိုရင္ အထဲမွာ ႏို႔ေတြလတ္ဆတ္ေအာင္ထိန္းသိမ္းတဲ့ သတၱဳျပားအလႊာပါတတ္တယ္"

ဖုန္း႐ႈကြၽမ့္တခဏေတြးေတာၿပီး .."မင္းမွန္တယ္လို႔ ငါထင္တယ္"

ထိုကတ္ထူဗူး၌ အေပါက္ေဖာက္ရာတြင္ စုပ္တံကိုအသုံးျပဳမယ့္အစား ေထာင့္ကတစ္ေနရာကို ညႇပ္လိုက္ၿပီးေသာက္ေလ့႐ွိသည္။ ထိုအေပါက္ေနရာမွ အတြင္းထဲ၌ သတၱဳျပားအလႊာျမင္ေနရသည္ကို သူမွတ္မိသြားခဲ့သည္။

ယင္းဇီလည္း မွတ္မိသည္ .."မင္းဒီလိုေတြးမိလိမ့္မယ္လို႔ ငါမထင္မိပါလား"

စုမင္လည္းထပ္ေပါင္းေျပာ၏ .."ဒါ‌မယ့္ ငါတို႔မွာႏို႔ဗူးမ႐ွိဘူးေလ"

ထို႔ေၾကာင့္ သူတို႔တဖန္ ဆုတ္မသာတိုးမသာေသာအေျခေနကိုျပန္ေရာက္သြားသည္။

ယင္းဇီ႐ုတ္တရက္ေျပာလာ၏ .."ဘယ္လိုယူရမလဲ ငါသိၿပီ ... အရင္ အကိုေဟာင္ေသာက္တာျမင္ဖူးတယ္ ... မင္းတို႔ႏွစ္ေယာက္မလာခင္ကပဲ ငါေတြ႕လိုက္တာ"

ဒါကိုၾကားေတာ့ စုမင္ျပဳံးသြား၍ .."ဒါဆို ပိုလြယ္သြားတာေပါ့"

ဒါ့အျပင္ သူကိုယ္တိုင္က သူ႕(အကိုေဟာင္)ရဲ႕ အသက္သခင္ေက်းဇူး႐ွင္ျဖစ္ေနေလသည္။

ညအခ်ိန္မွ စလႈပ္႐ွားတာအေကာင္းဆုံးပင္။ ေနာက္ထပ္အက္ဆီးဒင့္‌ျဖစ္မယ့္ပုံေပၚတာ‌မို႔ စုမင္‌ဒီ့ထက္ပိုၿပီး အခ်ိန္မေႏွာင့္ေႏွးေစလိုေတာ့။ သံပူေနတုန္း ထု႐ိုက္တာအေကာင္းဆုံးျဖစ္သည္။

ေထာင္ေစာင့္ကို သူေခၚလိုက္၏။ ယခင္က အကိုေဟာင္နဲ႔ လူမႈေတြ႕ဆုံမႈ အ‌ျဖစ္အပ်က္ေတြေၾကာင့္ ေထာင္ေစာင့္မွာ သူ႕ကိုေခၚသြားဖို႔ မတုန္႔ဆုတ္ခဲ့ေပ။

လီေဟာင္သည္ ကုတင္၌လွဲေလွာင္းေနကာ သူ႕ကိုျမင္သည္ႏွင့္ ျပဳတ္က်မတတ္ျဖစ္သြားရသည္။

ေက်ာင့္က်န္အျမန္ သူ႕ကို ထူမေပးၿပီး .."အကိုေဟာင္ ... ၄၈၈ သူ႕ဘာသူတံခါးဝေရာက္လာတယ္ ... ဒီေလာက္ ညအခ်ိန္မေတာ္လာမွေတာ့ ၾကည့္ရတာေပ်ာ္စရာလာ႐ွာတာျဖစ္မယ္"

လီေဟာင္ သူ႕ကိုခ်က္ခ်င္း႐ိုက္ခ်လိုက္၏။

ေထာင္ေစာင့္ထြက္သြားတဲ့အခ်ိန္ စုမင္ခ်ည္းကပ္ကာ .."အစ္ကိုေဟာင္ ... ဒီည ကြၽန္ေတာ္ ခင္ဗ်ားကိုအကူညီတစ္ခုေတာင္းခ်င္လို႔"

ေက်ာင့္က်န္စိတ္အတြင္း၌ 'ထင္တဲ့အတိုင္းပဲ' ဟု ေတြးလိုက္သည္။

လီေဟာင္ သူ႕ထံေရာက္လာၿပီး မသကၤာစြာေမး၏ .."ဘာကိစၥလဲ?"

စုမင္ကိုယ္တိုင္ေရာက္လာၿပီး အကူညီေတာင္းရတဲ့အေၾကာင္းအရာကို သူဘာမွေတြးလို႔မရေပ။

အခန္းထဲ႐ွိအျခားသူမ်ားၾကားမည္စိုး၍ စုမင္အသံနိမ့္လိုက္ၿပီး .."အစ္ကိုေဟာင္ ... ႏြားႏို႔ကိုရဖို႔ နည္းလမ္း႐ွိလား? ဖန္ပုလင္းနဲ႔မဟုတ္ဘဲ ကေလးေတြေသာက္တဲ့ ကတ္ထူဗူးလိုမ်ိဳး"

လီေဟာင္စိတ္ဝင္တစား စပ္စပ္စုစုေမးလိုက္၏ .."ဘာအတြက္ လိုခ်င္ရတာလဲ?"

"ေသာက္ဖို႔ပဲေပါ့ ... ကြၽန္ေတာ့္အခန္းေဖာ္က ဒဏ္ရာရထားတယ္ေလ ... အဲ့ဒါသူအားျပန္ျပည့္ဖို႔တြက္ သူ႕ကိုကူညီေပးခ်င္တာပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္းေသာက္ခ်င္ေနလို႔ ဒါေပမယ့္ အက်ဥ္းေထာင္က ဒါေတြမေပးဘူးေလ" စုမင္လိမ္ေျပာလိုက္သည္။

သူ႕ေ႐ွ႕႐ွိလူသည္ ေနာက္ဆုံးတေခါက္က သူ႕အသက္ကယ္တင္ခဲ့သည္ကိုသတိရကာ သူ႕(စုမင္)ကို အေႂကြးဆပ္ဖို႔အခြင့္ေရးမရခဲ့ေပ။ အခု သူ႕အတြက္ ကတ္ထူႏို႔ဗူးတစ္ဘူး ယူေပး႐ုံျဖစ္၍ ျပႆနာႀကီးႀကီးမားမားမ႐ွိဟု လီေဟာင္ခံစားမိသည္။

သူေတြးၿပီးေနာက္ .."ဒါဆိုေကာင္းၿပီ။ ေနာက္မွ က်ဳပ္‌ေတာင္းလိုက္မယ္"

စုမင္မ်က္ဝန္းလင္းလတ္သြားၿပီး .."ေကာင္းၿပီ"

ဒီအတိုင္းဆို သူတို႔ေနာက္ဆုံးအခန္းထဲကထြက္ဖို႔ အခြင့္ေရးရမည္ပင္။

စုမင္လည္း သူ႕အခန္းထဲျပန္ဝင္ဖို႔ ေတာင္းဆိုလိုက္သည္။ ေထာင္ေစာင့္ စိတ္ပ်က္သြားတယ္။ လီေဟာင္ကိုၾကည့္ရင္း သူ႕မ်က္လုံးအၾကည့္ေတြေျပာင္းသြားၿပီး အခု သူ႕ကို Flash လို႔ မွတ္ယူလိုက္သည္။

လီေဟာင္အေတာ္ေလး မွားသလိုခံစားမိသည္။

သူျမန္ျမန္လႈပ္႐ွားကာ မၾကာ ေထာင္ေစာင့္ကိုလွမ္းေခၚလိုက္သည္။ သူ႕အတိတ္ကို ထည့္သြင္းစဥ္းစားခဲ့တာေၾကာင့္ အခ်ိဳ႕ညႇိႏိႈင္းမႈျပဳၿပီးေနာက္ လက္ထဲ၌ႏို႔ဗူးႏွစ္ဗူးရ႐ွိခဲ့သည္။

ထို႔ေနာက္ အခန္းနံပါတ္႐ွစ္ကို ပို႔ေပးလိုက္သည္။

၄၈၈သည္ အစ္ကိုေဟာင္ကို အလြန္ေကာင္းမြန္ေသာ ပစၥည္းေတြ‌ေပးပို႔ေစရန္ လုပ္ႏိုင္ခဲ့သည္ကို ေထာင္ေစာင့္စိတ္ထဲ၌ အံ့အားသင့္ခဲ့သည္။

ထိုသို႔လုပ္ႏိုင္ရန္ သူ ေသခ်ာေပါက္အျခားျဖစ္ႏိုင္‌ေခ်ကို ေတြေဝမစဥ္းစားခဲ့ေတာ့ေပ။

သူထြက္သြားေတာ့ ႏို႔‌ေသာက္ရန္ဖုန္း႐ႈကြၽမ့္ေရာက္လာသည္။ တစ္ဗူးလုံးကုန္ရန္ မိနစ္အနည္းငယ္သာၾကာလိုက္၏။ အကုန္ေသာက္ၿပီးေနာက္ သူက .."အခုငါတို႔ဖြင့္လို႔ရၿပီ ... ညေရာက္ရင္ တစ္ခုအရင္သုံးၾကည့္ၾကမယ္ ... မရေတာ့မွ ႏွစ္ခုေပါင္းႀကိဳးစားၾကည့္မယ္"

စုမင္ေခါင္းၿငိမ့္၍ .."အင္း"

အၾကည့္မ်ားစြာက သူတို႔ထံ႐ွိေန၍ အခုအခ်ိန္ဘာမွလုပ္လို႔မရေပ။ သူတို႔ကိုေတြ႕သြားပါက သူတို႔ႀကိဳးစားထားသမွ် အခ်ည္းႏွီးသာျဖစ္သြားလိမ့္မည္။

°°°°°

ညဘက္ေနာက္က်ေသာအခ်ိန္၌ စုမင္ တစ္ခ်ိန္လုံးမအိပ္ဘဲ ႏိုးေနသည္။

ခ်န္စုလည္း မလာခဲ့ေပ။ ဘာလို႔ဆိုသူသည္ လူခႏၶာကိုယ္ျဖစ္ေန၍ ဘယ္ေနရာမဆိုေပၚလာလို႔မရေပ။ ထို႔ေၾကာင့္သာ နာခံစြာ ပုံမွန္လူတစ္ေယာက္ကဲ့သို႔ ေနခဲ့တာေၾကာင့္ျဖစ္ႏိုင္သည္။

ခဏတာမွ် စုမင္မ်က္လုံးက်ယ္က်ယ္ဖြင့္ထားၿပီးေနာက္ တံခါးေလာ့ထံခ်ည္းကပ္ကာ အရင္ဆုံးႀကိဳးစားၾကည့္ၿပီးမွ အဆင္ေျပတာကိုသိလိုက္သည္။ ထို႔ေနာက္ သူ႕လႈပ္႐ွားမႈကိုရပ္လိုက္၍ ဖုန္း႐ႈကြၽမ့္ကုတင္ဆီေလွ်ာက္သြားသည္။

အေၾကာင္းအခ်ိဳ႕ေၾကာင့္ တဖန္သူတို႔ႏွစ္ဦးသား အေပၚထပ္အိပ္ယာတြင္ အတူတူျပန္အိပ္ေနၾကသည္။

စုမင္သည္ သူမျမင္သင့္ေသာအရာကို မေတာ္တဆေတြ႕ျမင္ရမွာကိုပင္ ေၾကာက္ေနမိသည္။

ကံေကာင္းစြာပင္ ယင္းဇီသည္ ဖုန္း႐ႈကြၽမ့္၏ဒဏ္ရာရထားေသာလက္ေမာင္းထက္၌ မွီလ်က္ ႏွစ္ဦးသားႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ေနၾကသည္။

အျပင္ဘက္ျခမ္းမွာ အိပ္ေနတဲ့ယင္းဇီကို စုမင္ တို႔ထိ၍ႏိႈးလိုက္သည္။

ယင္းဇီ အိပ္ခ်င္မူးတူးႏွင့္ႏိုးလာသည္ .."ဘာျဖစ္လို႔လဲ?"

စုမင္က .."ငါတို႔လုပ္ငန္းစဖို႔အခ်ိန္က်ၿပီ"

ထိုသို႔ေျပာအၿပီး ယင္းဇီလ်င္ျမန္စြာပင္ အသိဝင္လာသည္။ သူ ထထိုင္ဖို႔လုပ္လိုက္စဥ္ ဖုန္း႐ႈကြၽမ့္၏လက္ေမာင္းတစ္ဖက္က သူ႕ကိုဖက္ထားလ်က္႐ွိေနေသးသည္ကို သတိရသြား၍ သူ႕ကိုပါ လႈပ္ႏိႈးလိုက္သည္။

ဖုန္း႐ႈကြၽမ့္အျမန္ႏိုးလာၿပီး ခ်က္ခ်င္းထထိုင္သည္။

စုမင္တဖန္ထပ္ေျပာ၏ .."ငါႀကိဳးစားၾကည့္ၿပီးၿပီ ... အဆင္ေျပတယ္"

"အိုေခ ငါတို႔အခုဆင္းလာခဲ့မယ္" ဖုန္း႐ႈကြၽမ့္စိတ္လႈပ္႐ွားမႈက ဖုံးကြယ္လို႔ပင္ မရေတာ့။
ဒီလို အက်ဥ္းေထာင္က ထြက္ေျပးတဲ့ျမင္ကြင္းမ်ိဳးဟာ စိတ္လႈပ္႐ွားစရာေကာင္းလြန္းၿပီး ဒါ သူအရင္က မလုပ္ဖူးတဲ့အရာတစ္ခုပင္။

သူတို႔ႏွစ္ေယာက္လုံး အဆင္သင့္ျဖစ္တဲ့အခါ စုမင္ထပ္ၿပီး တံခါးဖြင့္ရန္ႀကိဳးစားသည္။

အေစာက သူလုပ္ၾကည့္တုန္းက အလြယ္ေလးလုပ္လို႔ရသြားေသာ္လည္း အခုသူထပ္ႀကိဳးစားၾကည့္ေတာ့ ျပႆနာျဖစ္ေနသည္။ အလြန္ေမွာင္ေနတာေၾကာင့္လည္း ျဖစ္သည္။

ေကာ္ရစ္ဒါစၾကၤ့လမ္းဟာ ေမွာင္မိုက္ေနၿပီး အခန္းထဲတြင္အလင္းေရာင္တစ္စိုးတစ္စဥ္မွ်မ႐ွိေခ်။ ျပတင္းေပါက္အျပင္ဘက္႐ွိ လေရာင္တန္းသည္လည္း အခန္း႐ွိဤေနရာကို ဝင္ေရာက္မထိုးေဖာက္ႏိုင္ေပ။ ျမင္ရသည္ဆိုလို႔ ေလာ့၏ပုံရိပ္ေဘာင္ၿပိန္းေၾကာင္းသာ ျမင္ႏိုင္သည္။

စုမင္ သုန္မႈန္စြာ .."အလင္းမ႐ွိလို႔ ေသခ်ာမျမင္ရဘူး"

ဒါကိုေတြ႕ေတာ့ ဖုန္း႐ႈကြၽမ့္အၾကံျပဳ၏ .."ငါတို႔ ဘာလို႔ေန႔ဘက္မွ မႀကိဳစားၾကည့္တာလဲ ၿပီးမွ ေလာ့ခတ္ထားသလို ဟန္ေဆာင္ေနလိုက္မယ္ေလ?"

ၾကည့္ရသည္မွာ သူတို႔အတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္မႈျဖစ္ေနၿပီျဖစ္သည္။

စုမင္ အနည္းငယ္စိတ္ပ်က္သြားသည္။ သူ မေနႏိုင္စြာ သက္ျပင္းခ်မိသည္။

ေကာ္ရစ္ဒါတစ္ေလွ်ာက္တြင္ အက်ဥ္းသားမ်ား၏ ေဟာက္သံမ်ားသာ ျပည့္ႏွက္ေနကာ ေလးလံေသာ အသက္႐ွဴသံမ်ားႏွင့္ ေဟာက္သံမ်ားကို ၾကားလိုက္ရသည္ႏွင့္ ပို၍ပင္ စိတ္အေႏွာင့္ယွက္ျဖစ္လာသည္။

ထိုအခိုက္တန္႔ ေကာ္ရစ္ဒါ‌အ‌ေပၚ႐ွိ အစိမ္းေရာင္သတိေပးအခ်က္ျပသည့္မီးသည္ ႐ုတ္တရက္ လွ်ပ္တျပတ္ စတင္လင္းလာသည္။

စုမင္တုန္လႈပ္သြားၿပီး အျမန္အေပၚေမာ့ၾကည့္လိုက္၏။

မသိရင္ လိုင္းမေကာင္းသကဲ့သို႔ မီးစိမ္းမွာ တလက္လက္ပိတ္လိုက္ ဖြင့္လိုက္ျဖစ္ေနၿပီး မၾကာ အသံတစ္ခုထြက္လာသည္။

"အျပင္မွာ ဘာေတြျဖစ္ေနတာလဲ?" ယင္းဇီေမး၏။

ထိုအသံမွာ ပုံမွန္အသံႏွင့္မတူဘဲ အနည္းငယ္ကြဲျပားေနသည္။

စုမင္ မီးစိမ္း ဆိုင္းဘုတ္သေကၤတကိုၫႊန္ျပၿပီး တစ္ခုခုမေျပာခင္မွာပဲ ထိုဆိုင္းဘုတ္ျပဳတ္က်သြားသည္။

စုမင္: “…………”

အဲ့ဒါ ႐ုတ္တရက္ပ်က္သြားတာလား?

မီးစိမ္းဆိုင္းဘုတ္သည္ ျဖည္းညႇင္းစြာက်လာၿပီး ႐ုတ္ျခည္း ေလထဲမွာရပ္သြားသည္။

စုမင္ေစာင့္ၾကည့္ေနကာ သရဲတေစၧေၾကာင့္ဆိုတာ သတိထားမိသြား၏။ သို႔ေသာ္ ထိုသရဲကို ဆိုင္းဘုတ္က ဖုံးကာေနတာျဖစ္၍ ထိုသရဲ ဘယ္လိုပုံသ႑ာန္လဲဆိုသည္ကိုေတာ့ စုမင္မျမင္ႏိုင္ေပ။

ထိုအရာသည္ သရဲဆိုတာ သူ႕ခန္႔မွန္းရသည့္အေၾကာင္းရင္းမွာ သူေအးစိမ့္စိမ့္ခံစားခ်က္ကို ခံစားေနရတာေၾကာင့္ပင္။ ဒါ့အျပင္ ထိုကဲ့သို႔ေပၚလာဖို႔ကလည္း ႐ိုး႐ိုးသာမန္လူမျဖစ္ႏိုင္ေခ်။

ေကာ္ရစ္ဒါကအဆုံးဖက္မွာ တံခါး႐ွိသည္။ တံခါးအျပင္၌ ေစာင့္ေနတဲ့ေထာင္ေစာင့္ေတြက ထိုတံခါးဖြင့္ ဝင္မလာမခ်င္း အထဲမွာဘာျဖစ္ေနလဲ မေတြ႕ႏိုင္ေပ။

ဖုန္း႐ႈကြၽမ့္တုန္လႈပ္သြားတယ္ .."အဲ့ဒါဘာႀကီးလဲ?"

ယင္းဇီမ်က္ေမွာင္က်ံဳ႕ကာ .."ဒါက ႐ုပ္ပိုင္းဆိုင္ရာ ဥပေဒေတြကို မလိုက္နာေနဘူး"

စုမင္ျမင္ရတာက ဆိုင္းဘုတ္ကိုေျမေပၚမခ်ခင္ အခန္း႐ွစ္ထံ ဆိုင္းဘုတ္ကိုင္ထားရင္း ေျပးလာတဲ့ သရဲတေစၧတစ္ေကာင္ျဖစ္သည္။ ဆိုင္းဘုတ္ေနာက္မွာ ေကဘယ္ႀကိဳးေတြနဲ႔ဝိုင္ယာႀကိဳးေတြေတာင္ တန္းလန္း႐ွိေနေသးသသည္။ ဆိုင္းဘုတ္မွာ ျပႆနာတစ္ခု႐ွိခဲ့ၿပီး မပိတ္ခင္၌ အႀကိမ္အနည္းငယ္ မီးလင္းသြားတယ္။

႐ုတ္တရက္ ေလာ့ကို မီးထြန္းေပးသကဲ့သို႔ အစိမ္းေရာင္မီးလင္းထိန္သြားသည္။

မီးလုံးအႀကီးစားပဲ!

စုမင္ေ႐ွာ့ခ္ရသြားသည္။ ထိုသို႔ျဖစ္လာမယ္လို႔ မေမွ်ာ့လင့္ထားခဲ့ေပ။

အျပင္႐ွိ သရဲတေစၧကိုအနီးကပ္ေသခ်ာၾကည့္ၿပီး ေနာက္ဆုံး ၎ပုံသ႑ာန္ကိုျမင္ႏိုင္သြားသည္။ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး အလြန္ပိန္ခ်ံဳးခ်ည့္နဲ႔ ပုံရသည္။

ဝတ္စုံမွာလည္း အ႐ုပ္ေလးကိုအဝတ္ျခဳံထားသကဲ့သို႔ ေလ်ာ့တိေလ်ာ့ရဲက်ေနကာ ေခါင္းမွာေတာ့ အနည္းငယ္ႀကီးသည္။

ဖုန္း႐ႈကြၽမ့္ႏွင့္ယင္းဇီတို႔က သရဲကိုမျမင္ရေပမယ့္ ထူးဆန္းတာတစ္ခုခု‌႐ွိေနတယ္ဆိုတာေတာ့ ေျပာႏိုင္သည္။ သူတို႔ႏွစ္ေယာက္လုံး စုမင္ထံတၿပိဳင္နက္လွည့္ၾကည့္ၾကသည္။

ထိန္လင္းေနေသာဆိုင္းဘုတ္ကို စုမင္ၫႊန္ျပၿပီး ခပ္တိုတိုသာေျပာလိုက္တယ္ .."အဲ့မွာသရဲ႐ွိတယ္"

ထိုစကားလုံးမ်ားမွာ ေၾကာက္႐ြံ႕ထိတ္လန္႔ဖြယ္ေကာင္းေသာ္လည္း ေျပာသည့္သူမွာ ျဖဳံေတာင္ျဖဳံသည့္ပုံမေပၚ။

စုမင္ တံခါးဖက္လွည့္၍ တီးတိုးေျပာလိုက္သည္ .."မီးအလင္းတြက္ ေက်းဇူးတင္ပါတယ္"

ေခါင္းႀကီးႀကီးနဲ႔သရဲမွာ အားမာန္ပါပါ ဆိုင္းဘုတ္ကိုခါယမ္းသည္။

စုမင္ ရင္ဖိုသြားကာ .."စိတ္ေလ်ာ့ စိတ္ေလ်ာ့"

***************

Continue Reading

You'll Also Like

86.5K 3.3K 55
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...
1.3M 28.2K 96
"Ian like these other niggas shawty, ion think you can handle a nigga like me". "This ain't no Fairytale love story shawty, everything don't just fa...
12K 862 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
35.1K 907 7
مافيا - حب - قسوه - غيره renad231_5